← Chapters

ဂိုဏ်းနှစ်ဂိုဏ်းကြားက အဆုံးအဖြတ်စစ်ပွဲ

Vol. 25 Ch. 266

ဂိုဏ်းနှစ်ဂိုဏ်းကြားက အဆုံးအဖြတ်စစ်ပွဲ

Vol. 25 Ch. 266

ချင်းယွင်ကျိ စိတ်ညစ်‌ေနခဲ့သည်။ အစီအစဉ်အရတော့ သူတို့သည် ၀မ်လင်းဂိုဏ်းအတွက် လျော်ကြေးကို လျှော့ပေးရမည် ဖြစ်၏။

သို့သော် ထိုညှိနှိုင်းသည့် ခွေးကောင်က ထိုအကြောင်းလုံး၀မပြောလေရာ သူကဘာကိုလျှော့ပေးဖို့ သဘောတူရပါမည်နည်း။

လုံလောက်သောအကြောင်းပြချက်မရှိဘဲ သူတို့ဘက်က လျှော့ပေး၍ မဖြစ်မှန်း သူကောင်းကောင်းကြီး သိပေသည်။

ထိုကဲ့သို့သော အခြေအနေတွင် ကျင်းတောက်ဘက်က သက်ရှိများအကြောင်းထုတ်ပြောလာလေရာ ချင်းယွင်ကျိ သူထွက်လာရမည့်အချိန်သို့ ရောက်ရှိလာမှန်း နားလည်သွားခဲ့၏။

သူချက်ချင်းခန်းမထဲတွင်ပေါ်လာကာ ကျင်းတောက်ကို အေးစက်စက်ပြောလိုက်သည်။

“မင်းက ကုန်းမြေတိုက်ကြီးပေါ်က သက်ရှိတွေရဲ့အသက်နဲ့ ငါ့ကိုခြိမ်းခြောက်ချင်တာလား”

“ဆရာ ဆရာသဘောတူလို့မဖြစ်ဘူး” ကျန်းယန် အလောတကြီး အော်ပြောလိုက်သည်။

“အခုက ၀မ်လင်းဂိုဏ်းကိုရှင်းပစ်ရမယ့် အချိန်ပဲ သူတို့ကို ဘာမျှော်လင့်ချက်မှမပေးနဲ့ ကျွန်တော်တို့က ကျင့်ကြံသူတွေလေ ဘာလို့ သာမန်လူတွေရဲ့အသက်တွေကို ဂရုစိုက်နေမှာလဲ ကျွန်တော်တို့ ၀မ်လင်းဂိုဏ်းကို ကျိန်းသေပေါက် ရှင်းပစ်ရမယ်”

ထိုအခိုက်တွင် ချင်းယွင်ကျိ လက်မြှောက်ကာ ကျန်းယန်ကို ရပ်လိုက်ဖို့ အချက်ပြလိုက်ပြီး ကျင်းတောက်ကိုကြည့်၍ မေးလိုက်သည်။

“မင်းငါ့မေးခွန်းကိုမဖြေရသေးဘူးနော်”

၀မ်လင်းဂိုဏ်းသည် တကယ်ကြီး ဘာမှမပေးဘဲ ဒီတိုင်းခြိမ်းခြောက်ရုံဖြင့် လွတ်သွားမည်ဟု ထင်နေခြင်းပေလော။

နှစ်တစ်ထောင်ကြာ ရန်ငြှိုးကို ငါတို့ကဒီတိုင်းလွှတ်ပေးလိုက်မယ်လို့ ထင်နေတာလား!

ကျင်းတောက် အမြန်ပြန်ပြောလိုက်၏။

“စီနီယာ ကျွန်တော်ခုနက ပြောခဲ့သလိုပဲ ၀မ်လင်းဂိုဏ်းဘက်ကလည်း စိတ်ရင်းအမှန်ကို ပြသမှာပါ”

“ဘာစိတ်ရင်းအမှန်လဲ” ချင်းယွင်ကျိ ဖိပြောလိုက်သည်။

ကျင်း‌ေတာက် ကျန်းချမ်ချိုး အကြံကို ပြန်ပြောပြလိုက်၏။

“ကောင်စုတ်လေး…ဒါကအလုပ်ဖြစ်လောက်တယ်မလား” ချင်းယွင်ကျိ ကျန်းယန်ကို နတ်အာရုံဖြင့် ဆက်သွယ်၍ မေးလိုက်လေသည်။

ထိုအကြံက ကျန်းယန်ပြောခဲ့သော အကြံနှင့်ထပ်တူကျနေခဲ့၏။

ထိုအစီအစဉ်ထဲတွင် အဇူရာတိမ်ဂိုဏ်းအနေနှင့် ကျိန်းသေပေါက် အနိုင်ယူနိုင်မည့် တိုက်ပွဲများ ပါ၀င်နေခဲ့သည်။

တစ်ပွဲက ကျန်းယန်၏ပွဲဖြစ်၏။ သူသည် တိုက်ပွဲကွင်းပြင်ထဲတွင် ပါရမီရှင်ပေါင်းများစွာကို အနိုင်ယူထားသူဖြစ်လေရာ သူနှင့်အဆင့်တူတွင် သူ့ကိုနိုင်မည့်သူ ရှ်ိမည် မဟုတ်ပေ။

နောက်တစ်ယောက်က လင်းယွင်ကျိ ဖြစ်သည်။ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သော သူ့ခွန်အားက ကြောက်စရာကောင်းလွန်းလှ၏။

အားလုံးခြုံပြီး တွက်ချက်ကြည့်လိုက်လျှင် သူတို့အနေနှင့် အနည်းဆုံး ၁၀ဘီလီယံကတော့ ကျိန်းသေပေါက် ရရှိနိုင်ပေသည်။

ထိုပမာဏနှင့် အခြားဂိုဏ်းကြီးများပေးသော ပမာဏပေါင်းလိုက်လျှင် အဇူရာတိမ်ဂိုဏ်းက ဘာမကျေနပ်စရာ ရှိပါတော့မည်နည်း။

ကျန်းယန်ကလည်း ထိုပမာဏက လုံလောက်သည်ဟု ေတွးနေခဲ့၏။

သို့သော် သူ၀မ်လင်းဂိုဏ်းကို အလွယ်တကူ အလွှတ်ပေးမည်မဟုတ်ပေ။

ကျန်းယန် ကျင်းတောက်ကို လှောင်ပြောင်လိုက်လေသည်။

“ဘာလို့အရမ်းရှုပ်ထွေးအောင်လုပ်နေတာလဲ ဆရာနဲ့မိစ္ဆာ ၁၅ကောင် ၀မ်လင်းကုန်းမြေတိုက်ကြီးထဲသွားပြီး ယူစရာရှိတာကို ယူလိုက်ရင် ပြီးတာပဲမဟုတ်လား”

ကျင်းတောက် ကြောက်လန့်သွားခဲ့၏။ ထိုခွေးကောင်လေးသည် တကယ်ကြီး ၀မ်လင်းဂိုဏ်းကိုရှင်းပစ်ဖို့ ကြံနေပုံပင်။

သူအမြန်ချင်းယွင်ကျိကိုကြည့်ကာ ပြောလိုက်သည်။

“စီနီယာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီကုန်းမြေတိုက်ကြီးနှစ်ခုပေါ်က ဘီလီယံနဲ့ချီတဲ့သက်ရှိတွေကို လျစ်လျူရှုထားလို့ မဖြစ်ဘူးမလား”

ချင်းယွင်ကျိ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကာ ကျန်းယန်ကို ပြောလိုက်၏။

“ကောင်းပြီ သူတို့တောင်းဆိုချက်ကို သဘောတူလိုက်”

“ဆရာက ပြောနေမှတော့ ဒီတပည့်မှာလည်း ငြင်းနေစရာမရှိတော့ပါဘူး” ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်သည်။

“ဒါပေမယ့် ဒီပြိုင်ပွဲမှာ ဆရာကိုယ်တိုင် ၀င်ပါစရာမလိုဘူး

ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် နှစ်ယောက်တိုက်ခိုက်ရင် အကျိုးသက်ရောက်မှုက သေးမှာမဟုတ်ဘူး ထိန်းချုပ်လို့မရတဲ့ သက်ရောက်မှုတွေရှိလာလိမ့်မယ်

အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းက တိုက်ခိုက်ရေးသမား ဆယ်ယောက်လွှတ်မယ်

တာအိုပေါင်းစည်းခြင်းအဆင့် ၁ယောက် နတ်ဝိညာဉ်အဆင့် ၆ယောက်နဲ့ ဝိညာဉ်အခြေတည်အဆင့် ၃ယောက်ပဲ

အားလုံးပေါင်း တိုက်ပွဲ ၁၀ပွဲ

တစ်ပွဲကို စိတ်ဝိညာဉ်ကျောက်တုံး ၅ဘီလီယံကြေး

၀မ်လင်းဂိုဏ်း မင်းတို့မှာ အထွန့်တက်စရာမရှိတော့ဘူးမလား”

“ပြဿနာမရှိပါဘူး” ကျင်းတောက် အမြန်ခေါင်းညိတ်ပြလိုက်၏။

၀မ်လင်းဂိုဏ်း၏အစီအစဉ်က အထမြောက်သွားခဲ့ချေပြီ။

ကျန်းယန်လည်း ခေါင်းညိတ်ပြလိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။

“၀မ်လင်းဂိုဏ်း သဘောတူကိုတူရမယ့် နောက်ထပ်အခြေအနေတစ်ခုတော့ရှိတယ် ကျန်းချမ်ချိုးက အဇူရာတိမ်ဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်ပဲ

ငါတို့ဂိုဏ်းက အဲ့လိုသစ္စာဖောက်မျိုးကိုဂရုမစိုက်ဘူး

ဒါပေမယ့် သူကအဇူရာတိမ်ဂိုဏ်းရဲ့ရတနာတစ်ခုကို ယူသွားတယ် အဲ့ဒီရတနာကို အဇူရာတိမ်ဂိုဏ်းဆီ ကျိန်းသေပေါက် ပြန်ပေးရမယ်

၀မ်လင်းဂိုဏ်းက ငြင်းရင် ငါတို့ကိုယ်တိုင်လာယူမယ်”

ကျင်းတောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်မိသည်။ အဇူရာတိမ်ဂိုဏ်းထဲတွင် ဒုက္ခအပေးနိုင်ဆုံးသူက ကျန်းယန်မှန်း သူကောင်းကောင်းကြီး သိရှိသွားခဲ့ဧ။်။ အစက ထိုကောင်သည် ၀မ်လင်းဂိုဏ်းကိုရှင်းပစ်ဖို့သာ ပြောနေပြီး အခုလည်း ရတနာကိုလိုချင်နေခဲ့ပြန်ချေပြီ။

တခဏတွေးပြီးနောက် သူခေါင်းညိတ်ပြလိုက်သည်။

“ငါတို့ သဘောတူတယ်”

ကျင်းတောက်ကို ပြန်ပို့ပြီးနောက် အဇူရာတိမ်ဂိုဏ်းသားများ ပင်မခန်းမထဲတွင် စုဝေးလိုက်ကြ၏။

သူတို့၏ မပျော်မရွှင်ဖြစ်နေသော အမူအရာများကိုကြည့်ပြီး ကျန်းယန် ရယ်မောလိုက်လေသည်။

“ဒီကိစ္စကို အလုံးစုံ ဖြေရှင်းပြီးသွားပြီလေ လူတိုင်းပျော်နေသင့်တာ အခုအဇူရာတိမ်ဂိုဏ်းမှာ နှစ် ၂၀ အချိန်ရှိသွားပြီ အဲ့ဒီအချိန်ရောက်သွားရင်လည်း ကမ္ဘာပေါ်က ဘယ်သူကမှ အဇူရာတိမ်ဂိုဏ်းကို အထင်သေးရဲကြတော့မှာ မဟုတ်ဘူး”

“ဆရာဦးလေး ၃ ဆေးလုံးတွေ ဘယ်လိုအခြေအနေရှိလဲ

ဘယ်အချိန်ကျစပြီး သန့်စင်တော့မှာလဲ” ကျန်းယန် တန်ချန်ကျိကို မေးလိုက်၏။

တန်ချန်ကျိ သက်ပြင်းချလိုက်သည်။

“ငါအခု‌ေတာင် သန့်စင်လို့ရနေပါပြီ ဒါပေမယ့် မင်းကငါ့ကိုတိုက်ခိုက်ဖို့ လွှတ်မယ်ဆိုမှတော့ ငါ့မှာဘယိလိုလုပ် အချိန်ရှိတော့မှာလဲ”

“ဆရာဦးလေး သွားဖို့မလိုပါဘူး အခုစသန့်စင်တော့” ကျန်းယန် ပြတ်ပြတ်သားသား ပြောလိုက်၏။

“ဒီကိစ္စပြီးသွားရင် ဆရာဦးလေးတို့အားလုံး ချက်ချင်းဆေးသောက်ပြီး အဆင့်ချိုးဖြတ်ရမယ် ဆရာဦးလေးတို့ တာအိုပေါင်းစည်းခြင်းအဆင့်ကိုရောက်သွားရင် အဇူရာတိမ်ဂိုဏ်းရဲ့ အုတ်မြစ်က သိသိသာသာပိုပြီး အားကောင်းလာလိမ့်မယ်”

“ကောင်းပြီလေ ဒါဆို ငါစသန့်စင်တော့မယ်”

ထို့နောက် တန်ချန်ကျိ လှည့်ထွက်သွားခဲ့လေသည်။

“ငါလည်း မသွားလို့ရလား” ဟော်လင်းကျိ ကျန်းယန်ကိုကြည့်ကာ မေးလိုက်၏။

သူသည် လက်နက်သန့်စင်သူတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ဖို့သွားလျှင်တောင် နိုင်နိုင်မည့်သူ မဟုတ်ပေ။

ကျန်းယန် ရယ်မောလိုက်သည်။

“ကောင်းပြီ ကောင်းပြီ ဆရာဦးလေး ၆လည်း တိုက်ခိုက်ဖို့ သွားစရာမလိုပါဘူး”

“ငါလည်းမသွားဘူး” သူ့တိုက်ခိုက်ရေးစွမ်းအားက မသန်မာသောကြောင့် ချင်းရှု ပြတ်ပြတ်သားသား ထပြောလိုက်၏။

ကျန်းယန် ခေါင်းခါပြလိုက်သည်။

“မရဘူး မင်းကတော့ သွားရမယ်”

“အာ”

လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။ ဘာလို့ ဟော်လင်းကျိက သွားစရာမလိုဘဲ ချင်းရှုက သွားစရာလိုနေပါသနည်း။

ကျန်းယန် အမူအရာက လေးနက်သွားခဲ့၏။

“မင်းကငယ်သေးတယ် မင်းကကြံ့ခိုင်ဖြတ်လတ်နေဖို့ လိုတယ် အနာဂတ်မှာလည်း ကိစ္စကြီးတွေအများကြီးနဲ့ ကြုံတွေ့ရဦးမှာ ရှို့ယိဘုရားကျောင်းမှာတုန်းက မင်းက ပစ်ပယ်ခံထားရပြီး ကမ္ဘာကြီးအကြောင်းအများကြီး မသိခဲ့ဘူး အခု ပြိုင်ပွဲမှာက ပညာရှင်တွေအများကြီးပေါ်လာမှာ ဒါက မင်းအတွက် အတွေ့အကြုံရှာဖို့ ရှားပါးတဲ့ အခွင့်အလမ်းတစ်ခုပဲ

မင်းလို့ လူငယ်တွေ ပိုပြီးသန်မာလာမှသာ ငါတို့အဇူရာတိမ်ဂိုဏ်းအနာဂတ်က ပိုပြီး တောက်ပလာမှာ”

သူ့အသံကိုနှိမ့်ပြီး ဆက်ပြောလိုက်၏။

“အကြီးအကဲတွေက အိုနေပြီ သူတို့မှာ ဦးဆောင်နိုင်စွမ်းလည်းမရှိတော့ဘူး အနာဂတ်က ငါတို့လိုလူငယ်တွေလက်ထဲမှာ နားလည်လား”

ကျန်းယန် အသံကိုနှိမ့်ပြောလိုက်သော်လည်း သူ့အသံကို ခန်းမတစ်ခုလုံး ကြားနေခဲ့ရသည်။

“ခွေးကောင်လေး မင်းဘယ်သူ့အ‌ေကြာင်းပြောနေတာလဲ” ဟွာလင်းကျိ ထဆူလိုက်၏။

သူအစကမသွားဖို့ ကြံထားသော်လည်း ကျန်းယန်စကားကြောင့် ပြောမထွက်တော့ပေ။

ပိလင်းကျိလည်း ကျန်းယန်ကို မျက်စောင်းတစ်ချက်ထိုးလိုက်လေသည်။

ဒီကောင်လေး ဘယ်လိုဖြစ်ပြီး ငါ့ကိုအိုတယ်လို့ ပြောရဲတာလဲ!

စန်းစုန့်ကတော့ ဆွံ့အနေခဲ့၏။ သူသည် တာအိုပေါင်းစည်းခြင်း အလယ်အဆင့်သာရှိသေးသောကြောင့် တာအိုပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်များကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သို့သော် အခုတော့ သူလည်း ရှောင်နိုင်တော့မည် မဟုတ်ပေ။

“ဒါဆို ငါသွားရမှာလား မသွားရဘူးလား” ဟော်လင်းကျိ ကျန်းယန်ကို ခပ်ကြမ်းကြမ်းကြည့်၍ မကျေမနပ်ပြောလိုက်၏။

ကျန်းယန် ပြန်ပြောလိုက်သည်။

“ဆရာဦးလေး ၃တောင် ဆေးလုံးသန့်စင်ဖို့ ထွက်သွားပြီ ဆရာဦးလေး ၆ က ဘာလို့လက်နက်သွားမသန့်စင်သေးတာလဲ”

ဟော်လင်းကျိ ဆွံ့အသွားခဲ့ပြီး ခန်းမထဲမှ ပျံသန်းထွက်ခွာသွားခဲ့‌ေလသည်။

All Chapters