← Chapters

ဘက်စုံပြင်ဆင်ခြင်း

Vol. 38 Ch. 410

ဘက်စုံပြင်ဆင်ခြင်း

Vol. 38 Ch. 410

မိုရှောင်းရှောင်းနှင့် မိုရှုတို့၏ ပြောပြချက်အရ ထန်ထျန်းက ဤကိစ္စ၏ အစအဆုံးကို အကြမ်းဖျင်း နားလည်သွားခဲ့၏။

တိမ်တိုက် ထျန်းဖူနန်းတော်က နေလအင်မော်တယ်နန်းတော်ကို ဖြေရှင်းရန်မှာ ကြိုတင်စီမံထားပြီးသော ကိစ္စပင် ဖြစ်သည်။

ထိုအချိန်ကျလျှင် သူတို့က ထူးချွန်သော မျိုးဆက်သစ်တပည့်တစ်စုကို ခေါ်ဆောင်ကာ နေလအင်မော်တယ်နန်းတော်သို့ သွားရောက်ပြီး လူသိရှင်ကြား ချစ်ကြည်ရေးပွဲ ကျင်းပပေလိမ့်မည်။

အကယ်၍ ဤပွဲတွင် ထျန်းဖူနန်းတော်၏ တပည့်များက အလွန်ထူးချွန်သော ရလဒ်များကို ရယူနိုင်ခဲ့ပါက နောက်ပိုင်းတွင် ၎င်းတို့အား လက်အောက်ခံခိုင်းရန်မှာ ပို၍ လွယ်ကူသွားပေမည်။

မည်သို့ပင်ဆိုစေ ကျင့်ကြံသူများမှာ သူတို့၏ အနာဂတ်ကိုသာ အလေးထားကြသည် မဟုတ်ပါလား။

အကယ်၍ သူတို့နှင့် ရွယ်တူချင်းတွင် တစ်ဖက်လူက သူတို့ထက် အဆမတန် သာလွန်နေသည်ကို တွေ့ရှိပါက သေချာပေါက်ပင် အထင်ကြီး အားကျစိတ်များ ပေါ်ပေါက်လာပေလိမ့်မည်။

တိမ်တိုက်ထျန်းဖူနန်းတော်တွင်မူ ဤသို့သော ယုံကြည်ချက် အပြည့်ရှိနေ၏။

သူတို့အနေဖြင့် ရှန်းယွမ်စင်မြင့်မှ တပည့်များကို ထုတ်သုံးရန်ပင် မလိုဘဲ ကုံးချန်ခြံဝင်းမှ ပါရမီရှင် လူငယ်များဖြင့်တင် လုံလောက်လှပေသည်။

ယခုခရီးစဉ်တွင် တိမ်တိုက် ထျန်းဖူနန်းတော်က အသက် ၂၅ နှစ်အောက် ပါရမီရှင်တပည့် ၁၀ ဦးကိုသာ ခေါ်ဆောင်သွားရန် ပြင်ဆင်ထားပြီး ထန်ထျန်း၏ နာမည်မှာလည်း ထိုအထဲတွင် ပါဝင်နေ၏။

"ထွက်ခွာမယ့်အချိန်ကတော့ နောက်ထပ် နှစ်ပတ်လောက် ကြာဦးမှာပါ။"

"နေလအင်မော်တယ်နန်းတော်ကနေ ပြန်လာတဲ့အချိန်ဆိုရင် ထုန်းရှန့်ညီလာခံ ကျင်းပဖို့ အချိန်နဲ့ အတော်လေး နီးစပ်သွားပြီ"

မိုရှောင်းရှောင်းက ပြော သည်။

ထန်ထျန်းက ခေါင်းညိတ်လိုက်၏။

ဤခရီးစဉ်အပေါ် သူ အထူးတလည် ငြင်းဆန်လိုစိတ် မရှိပေ။

ပုံမှန် တပည့်တစ်ဦး၏ လှုပ်ရှားမှုသာ ဖြစ်၏။

ထျန်းယွမ်အင်မော်တယ်အရှင်၏ ပရိယာယ်နှင့် ပတ်သက်၍မူ...

လာစမ်းပါ၊ ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။

"ရပါတယ်၊ အကြောင်းကြားစာ အမှန်တကယ် ရောက်လာရင် ငါ သွားမှာပါ"

ထန်ထျန်းက ပြောလိုက်၏။

မိုရှောင်းရှောင်းက ခေါင်းညိတ်ကာ "သွားဖို့ပဲ ရှိတာပေါ့၊ ဒီစာရင်းက တခြား နန်းတော်သခင် တစ်ယောက်ရဲ့ အတည်ပြုချက်ကို ရထားပြီးသားပဲ။"

"ဒါပေမဲ့ စိတ်မပူပါနဲ့၊ ထျန်းယွမ်အင်မော်တယ်အရှင် တစ်ခုခု လုပ်မှာကို ကာကွယ်ဖို့ ကျွန်မ ပြင်ဆင်ထားတာတွေ ရှိပါတယ်။"

"မိုရှု ကလည်း ဒီတစ်ခါ သွားမယ့် ၁၀ ယောက်စာရင်းထဲမှာ ပါသလို သူမက အဖွဲ့ခေါင်းဆောင် အနေနဲ့ သွားမှာပါ။"

"အဲဒီအချိန်ကျရင် သူမကို မိုမိသားစုရဲ့ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့ ဧကရာဇ်လက်နက် တစ်ခု ယူသွားခိုင်းမယ်၊ အကယ်၍ ထျန်းယွမ်အင်မော်တယ်အရှင်က အင်မော်တယ်ဧကရာဇ် တစ်ဦးဦးကို ဖိတ်ခေါ်လာရင်တောင် အဲဒီလက်နက်က ရှင့်ကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်လိမ့်မယ်။"

ထန်ထျန်းမှာ ချက်ချင်းပင် အံ့အားသင့်သွား၏။

မိုရှောင်းရှောင်းက ယနေ့ မိုရှုကို အဘယ်ကြောင့် ခေါ်လာသနည်းဆိုသည်မှာ ဤအကြောင်းကြောင့်ပင်။

မျိုးဆက်လက်ဆင့်ကမ်း ဧကရာဇ်လက်နက် ဆိုသည်မှာ မိသားစုတစ်ခု၏ အခြေခံ အုတ်မြစ်နှင့် တူညီလှပေသည်။ သူမက ဤသို့သော အရာမျိုးကိုပင် ထုတ်ပေးခဲ့ခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ထန်ထျန်း စိတ်ထဲတွင် အတော်လေးပင် ကျေးဇူးတင်မိသွားသည်။

"ကျေးဇူးတင်ပါတယ်"

ထန်ထျန်းက ရိုးသားစွာ ပြော သည်။

မိုရှောင်းရှောင်းက လက်ကာပြလျက် "ကျွန်မတို့က အခု ဘက်စုံ မဟာဗျူဟာမြောက် မဟာမိတ်တွေ ဖြစ်နေပြီပဲ၊ ဒါတွေ ပြောနေဖို့ မလိုပါဘူး။"

"စိတ်ချပါ၊ ထျန်းယွမ်အင်မော်တယ်အရှင်ကို နောက်ကွယ်ကနေ ဒုက္ခပေးနေဖို့ ကျွန်မ လုံးဝ ခွင့်မပြုဘူး။"

"ရှင်ကတော့ ဒီခရီးစဉ်ကနေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ပဲ လိုတယ်၊ ကျန်တာကိုတော့ ကျွန်မကို လွှဲထားလိုက်ပါ။"

"ရှင် ပြန်မလာခင်မှာ သူ့ကို တိမ်တိုက် ထျန်းဖူနန်းတော်မှာ ဆက်မနေနိုင်အောင် လုပ်ပြီး ဒီကိစ္စကို အဆုံးသတ်ပစ်မယ်။"

ထန်ထျန်းက အသာအယာ ခေါင်းညိတ်ပြလိုက်၏။

သို့သော် အကယ်၍ ထျန်းယွမ်အင်မော်တယ်အရှင်က သူ့ကို ကိုယ်တိုင် ကိုယ်ကျ တိုက်ခိုက်လာဝံ့မည်ဆိုပါက...

သူသည်လည်း ထိုသူကို တိမ်တိုက် ထျန်းဖူနန်းတော်သို့ ပြန်ရောက်ခွင့် ပေးမည် မဟုတ်ပေ။

ထို့နောက် သူတို့နှစ်ဦးမှာ အခြားကိစ္စအချို့ကို ပြောဆိုပြီးနောက် မိုရှောင်းရှောင်းက နှုတ်ဆက်ကာ ပြန်သွား၏။

သူမက ကျင့်ကြံခြင်းမှ ထွက်လာကာစ ဖြစ်သဖြင့် အလုပ်များစွာ ရှိနေသေးပေသည်။

ထန်ထျန်းမှာမူ ထျန်းယွမ်အင်မော်တယ်အရှင်၏ ကိစ္စကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရုံသာမက အနည်းငယ်ပင် မျှော်လင့်နေမိ၏။

အင်မော်တယ်အရှင် တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းမှာ သူ၏ လက်ရှိ ခွန်အားက မည်သည့်အဆင့်အထိ ရောက်ရှိနေသည်ကို စမ်းသပ်ရန် အကောင်းဆုံး အခွင့်အရေးပင် မဟုတ်ပါလား။

....

နောက်ရက်များတွင် ထန်ထျန်းက ငြိမ်သက်အေးချမ်းစွာဖြင့် ဆက်လက် ကျင့်ကြံနေခဲ့သည်။

မြင့်မြတ်ရွှေ အင်မော်တယ် အဆင့် စဦးပိုင်း ကျင့်ကြံမှုမှာ လုံးဝ တည်ငြိမ်သွားခဲ့ပြီဖြစ်ကာ ပိုမိုမြင့်မားသော အဆင့်သို့ တစ်လှမ်းချင်း တက်လှမ်းနေ၏။

မိုမိသားစုနှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အစပျိုးနေခဲ့ပြီ။

မိုမိသားစု၏ ကျယ်ပြန့်လှသော အဆက်အသွယ် အရင်းအမြစ်များမှာ တိမ်တိုက် ထျန်းဖူနန်းတော်၏ နယ်ပယ်တစ်ခုလုံးသို့ ပြန့်နှံ့နေသဖြင့် ထျန်းရှထုန်ကုန်သွယ်ရေးအသင်း ၏ လုပ်ငန်းများ ချဲ့ထွင်ရန် အလွန်ပင် အထောက်အကူ ဖြစ်စေသည်။

တိမ်တိုက်ထျန်းဖူနန်းတော်၏ ကုန်သွယ်ရေးလောက တစ်ခုလုံးကို ဝါးမြိုမည့် စစ်ဆင်ရေးမှာ တဖြည်းဖြည်းနှင့် စတင်နေပြီ ဖြစ်၏။

ဤကိစ္စများကိုလည်း ထန်ထျန်းက ဝမ်ကန်းနှင့် လီဟုန်တို့ထံသို့သာ အလုံးစုံ လွှဲအပ်ထားခဲ့သည်။

ဤအတောအတွင်း ပူးပေါင်းဆောင်ရွက်မှုများကြောင့် သူတို့နှင့် မိုကျွင်း တို့မှာလည်း နားလည်မှု အပြည့်ဖြင့် လုပ်ဆောင်နိုင်နေကြသဖြင့် ကြီးမားသော ပြဿနာ ရှိမည် မဟုတ်ပေ။

အချိန်များ ကုန်လွန်သွားပြီး နေလအင်မော်တယ်နန်းတော်သို့ မထွက်ခွာမီ သုံးရက်အလိုတွင် ထန်ထျန်းက တိကျသော ညွှန်ကြားချက်ကို နောက်ဆုံးတွင် ရရှိခဲ့၏။

သူက တိမ်တိုက် ထျန်းဖူနန်းတော်၏ ပါရမီရှင်များထဲတွင် အဆင့် ၈ နေရာဖြင့် ဤခရီးစဉ်တွင် ပါဝင်ရမည် ဖြစ်သည်။

တိကျသော စာရင်းကို ကြည့်လိုက်သောအခါ သူ အဘယ်ကြောင့် အဆင့် ၈ ဖြစ်နေသည်ကို နားလည်သွား၏။

စာရင်း၏ ထိပ်ဆုံး သုံးဦးမှာ မြင့်မြတ်ရွှေ အင်မော်တယ် အဆင့်များ ဖြစ်ကြပြီး မိုရှုက အဆင့် ၁ နေရာဖြင့် အဖွဲ့ခေါင်းဆောင် အဖြစ် ပါဝင်သည်။

ကျန်ရှိသော တပည့်များမှာမူ ရွှေအင်မော်တယ် အဆင့်များသာ ဖြစ်ကြပြီး ထန်ထျန်းလည်း အပါအဝင် ဖြစ်၏။

သူ မြင့်မြတ်ရွှေ အင်မော်တယ် အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်ကို မည်သူမျှ မသိကြသေးပေ။

လူတိုင်း သိထားတာက သူသည် ရွှေအင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်သည်မှာ မကြာသေးသဖြင့် ရွှေအင်မော်တယ် စဦးပိုင်း အဆင့် တပည့် ၃ ဦးထဲတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။

အခြား တပည့်နှစ်ဦးထက် ရှေ့တွင် ရှိနေခြင်းမှာပင် သူ့ကို မျက်နှာသာ ပေးထားခြင်းဟု ဆိုနိုင်၏။

သို့သော် ထန်ထျန်းကမူ ဂရုမစိုက်ပေ၊ မည်သည့်အဆင့်တွင် ရှိနေသည်ဖြစ်စေ အရေးမကြီးပေ။

ညွှန်ကြားချက် ရရှိပြီး မကြာမီမှာပင် အရှင်ချီ က သူ့ထံသို့ သတင်း ပေးပို့လာခဲ့သည်။

"ထန်ထျန်း... နေလအင်မော်တယ်နန်းတော် သွားမယ့် စာရင်းကို မဆုံးဖြတ်ခင်မှာ တစ်စုံတစ်ယောက်က မင်းနဲ့ လာတိုင်ပင်ခဲ့တာမျိုး ရှိလား"

သူ၏ လေသံမှာ အနည်းငယ် လေးလံနေ၏။

ထန်ထျန်းက ခဏစဉ်းစားပြီး ပြန်ပြောလိုက်သည်။ "မရှိပါဘူး"

အရှင်ချီ၏ အသံမှာ ပို၍ လေးနက်သွားကာ "ဒုက္ခပဲ။"

"ဒီကိစ္စက ငါ တိုက်ရိုက် တာဝန်ယူရတာ မဟုတ်လို့ ငါ နည်းနည်း ပေါ့ဆမိသွားတယ်၊ မင်း ကြိုသိနေတယ်လို့ ငါ ထင်နေခဲ့တာ။"

"အကယ်၍ မင်းနဲ့ ဘယ်သူမှ လာမတိုင်ပင်ဘူးဆိုရင် ဒါက တစ်စုံတစ်ယောက်က မင်းကို တိမ်တိုက် ထျန်းဖူနန်းတော်ကနေ တမင် ထွက်သွားစေချင်လို့ပဲ။"

ထန်ထျန်းက ပြော သည်။ "ကျွန်တော်လည်း ဒီအတိုင်းပဲ ထင်ပါတယ်"

အရှင်ချီက သက်ပြင်းတစ်ချက်ချလျက် "ထျန်းဖူနန်းတော်ရဲ့ ပြင်ပရေးရာတွေကို တခြား နန်းတော်သခင် တစ်ယောက်က တာဝန်ယူထားတာဆိုတော့ ရှင်းဟယ်နန်းတော်သခင်လည်း နည်းနည်း လွတ်သွားပုံရတယ်။"

"အင်း... ငါ့အမှားလည်း ပါတာပေါ့၊ အဲဒီတုန်းက မင်းရဲ့ ပြစ်ဒဏ်ကို ငါက မဖြစ်မနေ ပယ်ဖျက်ပေးခဲ့မိတာကိုး။"

"မဟုတ်ရင်တော့ အဲဒီ စည်းကမ်းချက် ရှိနေသရွေ့ သူတို့တွေ ငါ့ကို ကျော်ပြီး ဘယ်လိုမှ လုပ်လို့ရမှာ မဟုတ်ဘူး။"

သူ ဆိုလိုသည်မှာ ထန်ထျန်း၏ အကြွေးကိစ္စပင်။

ထိုစဉ်က ပြစ်ဒဏ်မှာ အကြွေး ဘီလီယံ ၁၀၀ ကို မဆပ်ရသေးသရွေ့ ထန်ထျန်းအနေဖြင့် ထျန်းဖူနန်းတော်မှ ခြေတစ်လှမ်းမျှ မထွက်ရဟူ၍ ဖြစ်၏။

သို့သော် ထျန်းရှထုန်ကုန်သွယ်ရေးအသင်း ဖွင့်ပွဲနေ့တွင် အရှင်ချီက ထိုပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်။

အရှင်ချီ၏ စကားထဲတွင် နောင်တရသံများ ပါဝင်နေသည်ကို ကြားသောအခါ ထန်ထျန်းက ပြုံး၍ ပြောလိုက်၏။ "ရပါတယ်၊ ကျွန်တော် ပြင်ဆင်ထားတာတွေ ရှိပါတယ်။"

"မိုမိသားစုက မိုရှု လည်း စာရင်းထဲမှာ ပါသလို မိုရှောင်းရှောင်းကလည်း ပြီးခဲ့တဲ့ရက်ကပဲ ကျွန်တော့်ဆီ လာသွားပါတယ်။"

"စိတ်ချပါ၊ တစ်ဖက်လူက ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ ယုံကြည်ချက် ရှိပါတယ်။"

အရှင်ချီက အို ခနဲ ရေရွတ်လိုက်၏။

"မိုမိသားစုက အဲဒီ သမီးလေး ကျင့်ကြံခြင်းကနေ ထွက်လာပြီကိုး။"

"မင်းနဲ့ မိုမိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဆင့်တက်သွားပြီလို့ ကြားတာ ဒါကြောင့်ကိုး။"

"ကောင်းပြီလေ... မိုမိသားစုက ပါလာတယ်ဆိုရင်တော့ ငါလည်း စိတ်အေးရတာပေါ့။"

"ဒါပေမဲ့ သတိတော့ထားဦး၊ ငါနဲ့ ရှင်းဟယ်နန်းတော်သခင်ကိုတောင် ကျော်ပြီး လုပ်နိုင်တယ်ဆိုတာ သူတို့မှာ နည်းလမ်းတစ်ခုခု ရှိနေလို့ပဲ။"

ထန်ထျန်းကလည်း သူ့စိတ်ထဲတွင် နားလည်ထားကြောင်း အသိပေးလိုက်၏။

ထို့နောက် အရှင်ချီက ထန်ထျန်းအား အနည်းငယ် ထပ်မံ မှာကြားပြီး အမည်တစ်ခုကို ပေးခဲ့သည်။ ထိုသူမှာ နေလအင်မော်တယ်နန်းတော်သို့ တပည့်များကို ခေါ်ဆောင်သွားမည့် အကြီးအကဲများထဲမှ တစ်ဦးဖြစ်သော ရှုကျဲအင်မော်တယ်အရှင် ပင် ဖြစ်၏။

အကယ်၍ တစ်ခုခု ပုံမှန်မဟုတ်သည်ကို တွေ့ရှိပါက ထိုသူ့အား အကူအညီ တောင်းရန်နှင့် နောက်ကွယ်မှ လှည့်စားနေသူကို သူကိုယ်တိုင်လည်း ရှာဖွေသွားမည်ဖြစ်ကြောင်း အရှင်ချီက ပြော သည်။

ထန်ထျန်းက ဝမ်းမြောက်စွာ လက်ခံလိုက်၏။

ခဏအကြာတွင် အရှင်ချီနှင့် ဆက်သွယ်မှု ပြီးဆုံးသွားသည်။

ဝေးကွာလှသော ကောင်းကင်ကို ကြည့်ရင်း ထန်ထျန်း သက်ပြင်းအရှည်ကြီး ချလိုက်၏။

နေလအင်မော်တယ်နန်းတော်တဲ့လား...

ခရီးတစ်ခု ထွက်ရသလိုပဲ သဘောထားလိုက်ပါ့မယ်။

All Chapters