တန်ရွန်စနစ်ကို မိတ်ဆက်မည့် အစီအစဥ်
Vol. 5 Ch. 41
လင်းဖန်က တန်ရွန်စနစ်သုံး ဖုန်းအသစ်ကို လက်ဝယ်ရရှိပြီးနောက် ဆယ်မိနစ်ကျော်ကြာ စမ်းသပ်အသုံးပြုကြည့်လိုက်ရာ သူ့ရဲ့ နောက်ဆုံးကျန်ရှိနေသည့် စိုးရိမ်ပူပန်မှုများပါ အကုန်အစင် ပျောက်ကွယ်သွားတော့သည်။
ကမ္ဘာပေါ်ရှိ မည်သည့်မိုဘိုင်းလ်ဖုန်းမဆို အသုံးပြုရင်း ထစ်ငေါ့တုံ့ဆိုင်းမှုများ ရှိတတ်ကြပြီး Apple ကဲ့သို့ အစွမ်းထက်သော iPhone များပင် ထိုပြဿနာမှ ကင်းလွတ်ခြင်းမရှိပေ။
၎င်းမှာ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲတို့အကြား ကိုက်ညီမှုကြောင့် ဖြစ်ပေါ်လာရသည့် ရှောင်လွှဲမရနိုင်သော သဘာဝပင် ဖြစ်သည်။
အထူးထုတ်လုပ်ထားသည့် မိုဘိုင်းလ်ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ရာ၌ အရေးကြီးဆုံးမှာ အသုံးပြုရ ချောမွေ့မှုပင် ဖြစ်သည်။
၎င်းအချက်ကိုပင် လင်းဖန် ယခုလေးတင် သက်သေပြခဲ့ပြီးဖြစ်သည်။ သာမန်အဆင့်မြင့် ကျင်းလီမိုဘိုင်းလ်ဖုန်းတစ်လုံး၌ တန်ရွန်စနစ်ကို ထည့်သွင်းအသုံးပြုလိုက်ရုံဖြင့်ပင် စျေးကွက်အတွင်းရှိ အခြားမည်သည့်ဖုန်းကိုမဆို ကျော်ဖြတ်နိုင်လောက်သည့် ချောမွေ့မှုမျိုးကို ရရှိစေနိုင်သည်။
၎င်းအပြင် သူတို့တွင် လက်ရှိ ကမ္ဘာပေါ်၌ အကောင်းဆုံးဟု ဆိုနိုင်သော 'Nirvana X' ဟာ့ဒ်ဝဲလည်း ရှိနေသေးသည်။ ထိုနှစ်ခုကို ပေါင်းစပ်လိုက်ပါက ကမ္ဘာ့မိုဘိုင်းလ်ဖုန်းစျေးကွက်ကို အကြီးအကျယ် တုန်လှုပ်စေမည်မှာ ဧကန်မလွဲပင်...။
ခဏအကြာ.....
"သူဌေး..... R&D ဌာနရဲ့ အထွေထွေမန်နေဂျာ ယွီလီ ရောက်လာပါပြီ"
လုံထန်းရဲ့ရုံးခန်းအတွင်း၌ မိုရှင်းယာက အစီရင်ခံစာကို လေသံတိုးတိုးဖြင့် တင်ပြနေသည်။
"အင်း သူ့ကို ဝင်ခိုင်းလိုက်လေ"
လင်းဖန်က လေသံအေးအေးဖြင့် ပြောပြီးနောက် အခြားဖုန်းတစ်လုံးထဲသို့ တန်ရွနစနစ်ကို ကူးယူနေဆဲဖြစ်သဖြင့် ခေါင်းပင် မော့မကြည့်နိုင်သေးပေ။
"ဥက္ကဋ္ဌ..."
ခဏအကြာ လုံထန်ဂရု၏ သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D) ဌာန အထွေထွေမန်နေဂျာ ယွီလီက မိုရှင်းယာနှင့်အတူ လင်းဖန်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
ယွီလီရဲ့ မျက်ဝန်းများထဲ၌ လင်းဖန်အပေါ် အလွန်အမင်း ကြည်ညိုလေးစားနေသည့် အရိပ်အယောင်များ အထင်အရှား မြင်တွေ့နေရသည်။
ထိုစဉ် လင်းဖန်က သူ့ကို မော့ကြည့်လိုက်ပြီး လက်ထဲရှိ ဖုန်းကို ချက်ချင်းပင် ကမ်းပေးလိုက်ကာ
"ပါဝါဖွင့်ကြည့်လိုက်ဦး"
ဟု ပြောလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ"
ယွီလီတစ်ယောက် တခဏကြာ မှင်သက်သွားပြီးနောက် ဖုန်းကို အမြန်လှမ်းယူကာ ပါဝါဖွင့်လိုက်သည်။ ဖုန်းစခရင်ပေါ်၌ ပေါ်လာသည့် ရွှေနဂါးလေးတစ်ကောင်ရဲ့ ပုံရိပ်က သူ့အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားတော့သည်။
လက်ရှိရှိနေသည့် မိုဘိုင်းလ်ဖုန်း များထဲ၌ ပါဝါဖွင့်လိုက်ချိန် ယခုကဲ့သို့ လှုပ်ရှားမှုပုံရိပ်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။
ထို့နောက်တွင်တော့ သူက ပြင်ပလောကကိုပင် သတိမထားမိတော့ဘဲ ဖုန်းကို စမ်းသပ်အသုံးပြုခြင်းထဲ၌ အလုံးစုံ စိတ်ရောက်သွားတော့သည်။
"ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ဒီဖုန်းက ကျင်းလီရဲ့ ရိုးရိုးတန်းတန်း S10 အမျိုးအစားပါပဲ ဒါပေမဲ့ သူ့ထဲမှာ ထည့်ထားတဲ့ စနစ်ကတော့ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ တစ်ခါမှ မပေါ်ဖူးသေးတဲ့ စမတ်ကျတဲ့ စနစ်တစ်ခုပဲ အဲဒါကို ကျတော်က တန်ရွန် စနစ်လို့ အမည်ပေးထားတယ်"
လင်းဖန်က နက်ရှိုင်းသည့် အမူအရာဖြင့် လေသံခပ်ပြတ်ပြတ် ပြောလိုက်သည် -
"ကျုပ်တို့ရဲ့ Nirvana X မှာ ဒီတန်ရွန်စနစ်ကိုသာ တပ်ဆင်လိုက်ရင်တော့ ကောင်းကင်ယံကို ပျံတက်သွားသလိုမျိုး (စျေးကွက်မှာ အရှိန်အဟုန်နဲ့ အောင်မြင်သွား) တော့မှာပဲ"
R&D ဌာန၏ အထွေထွေမန်နေဂျာတစ်ဦးအဖြစ်လည်းကောင်း၊ ဝါရင့်မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ဦးအဖြစ်လည်းကောင်း ရှိနေသည့် ယွီလီပ ဤစနစ်သစ်မှာ ယခင်ရှိပြီးသားကို အခြေခံ၍ တည်ဆောက်ထားခြင်းမျိုး လုံးဝမဟုတ်သည်ကို သဘာဝအတိုင်း ရိပ်မိလိုက်သည်။
အကြောင်းမှာ ၎င်း၏ ပရိုဂရမ်မင်းဘာသာစကားမှာ ကမ္ဘာပေါ်ရှိ အခြားမည်သည့်ဘာသာစကားနှင့်မျှ လုံးဝမတူညီသောကြောင့်ဖြစ်သည်။ ပရိုဂရမ်မင်းဘာသာစကား ကွဲပြားသည်ဆိုသည်မှာ ၎င်း၏ ရင်းမြစ်ကုဒ်များသည်လည်း Android နှင့် Apple တို့ထက် သဘာဝအတိုင်း ကွဲပြားနေမည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
ထိုအချက်ကြောင့်ပင် သူက အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကာ မျက်နှာတွင်လည်း မယုံကြည်နိုင်လောက်သည့် အမူအရာများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။
လူအများအပြား အိပ်မက်မက်ခဲ့ကြရသည့်ဉာဏ်ရည်တုစနစ်တစ်ခုမှာ လင်းဖန်၏ လက်ထဲ၌ ယခုကဲ့သို့ ပေါ်ထွက်လာခြင်းမှာ တကယ်ပင် မယုံနိုင်စရာပင် ဖြစ်သည်။
"မလိုအပ်တာတွေကိုတော့ ကျုပ်မပြောတော့ဘူး ဒါက မိုဘိုင်းလ်ဖုန်းရဲ့ စမတ်ကျတဲ့ စနစ် အကြောင်း အသေးစိတ် အချက်အလက်တွေပဲတန်ရွန် စနစ်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် Nirvana X ကို ဖန်တီးဖို့ သုတေသနဌာနကို လူချက်ချင်းလွှတ်ပြီး ခိုင်းလိုက်ပါ"
လင်းဖန်က ထိုသို့ပြောရင်း ရှုလီအား USB Stick တစ်ခု ကမ်းပေးလိုက်သည်။
ယွီလီက USB Stick ကို လက်ခံရရှိပြီးနောက် ချက်ချင်းထွက်မသွားသေးဘဲ လင်းဖန်ကို ကြည့်ကာ အကြံပြုစကား ဆိုလိုက်သည်။
"ဥက္ကဋ္ဌ... ကျွန်တော်တို့ ဒီနည်းပညာအတွက် ပြည်တွင်းရော ပြည်ပမှာပါ မူပိုင်ခွင့်တွေ ချက်ချင်းလျှောက်ထားသင့်တယ်လို့ ထင်ပါတယ်"
ထိုစကားကိုကြားလျင် လင်းဖန်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ... ဒီကိစ္စကို ခင်ဗျားလက်ထဲပဲ အပ်လိုက်မယ်"
ယွမ်ကျင်းလီမှာ ပြည်တွင်းပြည်ပ အရောင်းကွန်ရက် အားကောင်းသည့်အပြင် မိုဘိုင်းလ်ဖုန်းဆိုင်ရာ မူပိုင်ခွင့်များ လျှောက်ထားရာတွင်လည်း အခြားသူများထက် များစွာ အခွင့်သာသည်။
လင်းဖန်ရဲ့ ကိုယ်ပိုင်အဖွဲ့ငယ်လေးမှာမူ ထိုကဲ့သို့သော အားသာချက်မျိုး မရှိပေ။
သို့သော် အဓိကအကြောင်းရင်းမှာ လင်းဖန်အနေဖြင့် ဤစနစ်ကို မည်သူမျှ ခိုးယူကူးချနိုင်မည်မဟုတ်ကြောင်း အပြည့်အဝ ယုံကြည်မှုရှိနေခြင်းကြောင့်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ ရင်းမြစ်ကုဒ် ကို မည်သူမျှ မသိရှိနိုင်သောကြောင့် ဖြစ်သည်။
"ဟုတ်ကဲ့"
ယွီလီမှ ချက်ချင်းပြန်ဖြေသည်။
ထို့နောက် သူက နောက်ထပ်မေးခွန်းတစ်ခု မေးမြန်းလိုက်ပြန်သည်။
"ဥက္ကဋ္ဌ... ကျွန်တော်တို့ရဲ့ Nirvana X ကို စျေးကွက်တင်ပြီးတဲ့အခါ ရင်းမြစ်ကုဒ်ကို အများပြည်သူ သိအောင် ချပြဖို့ လိုအပ်မလားခင်ဗျာ"
"မလိုဘူး... လုံးဝ ချမပြဘူ"
ရှုလီ စကားပင် မဆုံးသေးမီမှာပင် လင်းဖန်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်တော့သည်။
လင်းဖန်ဟာ အစကတည်းက တန်ရွန်စနစ်ကို လုံးဝပိတ်ပင်ထားတဲ့စနစ်အဖြစ် ဖန်တီးဖို့ စီစဉ်ထားတာပါ။
အတိတ်က သင်ခန်းစာတွေက မျက်ဝါးထင်ထင် ရှိနေခဲ့သည်လေ။
အရင်တုန်းက Umbrella ကုမ္ပဏီဟာ Android စနစ်ရဲ့ ရင်းမြစ်ကုဒ်ကို အများပြည်သူသုံးဖို့ ဖွင့်ပေးခဲ့ပေမဲ့၊ Open Source ဆိုင်ရာ သဘောတူညီချက်တွေကြောင့် Android စနစ်အပေါ် ထိန်းချုပ်နိုင်စွမ်းတွေ တဖြည်းဖြည်း ဆုံးရှုံးခဲ့ရပါတယ်။
ဥပမာအားဖြင့် တရုတ်ပြည်တွင်းက မိုဘိုင်းလ်ဖုန်းထုတ်လုပ်သူတွေဟာ Android စနစ်ကို အခြေခံပြီး သူတို့စိတ်ကြိုက် ပြုပြင်မွမ်းမံမှုတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့ကြသလို၊ ပြင်ပအဖွဲ့အစည်းတွေရဲ့ ကိုယ်ပိုင်စနစ်တွေကြောင့် Android ဂေဟစနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။
အခြားတစ်ဖက်မှာတော့ Apple ဟာ သူတို့ရဲ့ ကိုယ်ပိုင်စနစ်နဲ့ ငွေကြေးအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။
တကယ်တော့ လင်းဖန်ရဲ့ စိတ်ထဲမှာ ဒီထက်ကြီးမားတဲ့ အကြံအစည်တစ်ခု ရှိသေးသည်။
တန်ရွန်ဟာ စမတ်ဖုန်းသုံးစနစ်တစ်ခု ဖြစ်ပေမဲ့၊ အနာဂတ်မှာ ကွန်ပျူတာ Operating System တစ်ခုအဖြစ် ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်တာမျိုးတော့ မဟုတ်ချေ။
ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သူဟာ အဲဒီအဆင့်ကို အမွေမဆက်ခံရသေးပါဘူး။ တန်ရွန်စနစ်ရဲ့ ပရိုဂရမ်မင်းဘာသာစကားနဲ့ ရင်းမြစ်ကုဒ်ကို သုံးပြီး ကွန်ပျူတာမှာ တပ်ဆင်အသုံးပြုနိုင်တဲ့ Operating System အဖြစ် ပြောင်းလဲဖို့ကတော့ လက်ရှိမှာ မဖြစ်နိုင်သေး။
လင်းဖန်က Android ရဲ့ အမှားမျိုး မဖြစ်အောင် သူ့စနစ်ကို သေသေချာချာ ထိန်းချုပ်ထားချင်တာဖြစ်ပြီး ရှေ့လျှောက် ကွန်ပျူတာလောကအထိ ခြေဆန့်ဖို့ ရည်မှန်းချက် ရှိနေတာပါ။
သို့သော် အနာဂတ်၌ ထိုသို့ဖြစ်လာရန် မဖြစ်နိုင်ဟု မဆိုလိုပေ။ ထို့ကြောင့်ပင် လင်းဖန်က ကွန်ပျူတာနှင့် သက်ဆိုင်သည့် အပိုင်းကို သီးခြားခေတ္တပိတ်ထားပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည့် အချိန်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်မတိုင်မီအထိ တန်ရွန်စနစ်၏ ထူးခြားသည့် တည်ဆောက်ပုံကို အခြေခံပြီး ကွန်ပျူတာ Operating System တစ်ခုကို မည်သူမျှ မတီထွင်နိုင်ခဲ့ကြသေးပေ။
"နားလည်ပါပြီ"
လင်းဖန်၏ အဖြေကို ကြားပြီးနောက် ယွီလီမှချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"ကျွန်တော် အခုချက်ချင်းပဲ Nirvana X ဟာ့ဒ်ဝဲအတွက် သုတေသနလုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ စီစဉ်လိုက်ပါမယ်။ အမြန်ဆုံး ထုတ်လုပ်နိုင်အောင်လည်း အစွမ်းကုန် ကြိုးစားသွားမှာပါ"
"အင်း"
ထိုစကားကို ကြားလျင် လင်းဖန်က သူ့ကိုတစ်ချက်ကြည့်ပြီး လက်ကာပြလိုက်သည်။ ယွီလီသည်လည်း ဥက္ကဋ္ဌ၏ ရုံးခန်းအတွင်းမှ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။