← Chapters

အကွက်ရွှေ့ပြီ

Vol. 5 Ch. 42

အကွက်ရွှေ့ပြီ

Vol. 5 Ch. 42

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့.......

ယန်ကျင်းတက္ကသိုလ် စာသင်နှစ်သစ်စတင်ရန် တစ်ရက်သာ လိုတော့သည်။

လင်းဖန်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ အမှတ်အများဆုံးရရှိခဲ့သူ ဖြစ်သောကြောင့် စစ်ပညာသင်တန်း တက်ရောက်ခြင်းမှ ကင်းလွတ်ခွင့် ရရှိထားခြင်းဖြစ်သည်။

ထိုသို့သာမဟုတ်ပါက သူ့အနေဖြင့် ဇူလိုင်လကတည်းက စစ်ပညာသင်တန်းသို့ သွားရောက်ခဲ့ရမည် ဖြစ်သည်။

ယခုအချိန်၌ လင်းဖန်မှာ ကျင်းလင်ရှိ ကျန်းခန်းယွမ် ဗီလာအိမ်ရာသို့ ပြန်ရောက်နေပြီဖြစ်သည်။ လုံထန်းဂရုရဲ့ လုပ်ငန်းဆောင်တာအားလုံးသည်လည်း လမ်းကြောင်းမှန်ပေါ်တွင် အောင်မြင်စွာ လည်ပတ်နေပြီဖြစ်သည်။

နံနက် ၄ နာရီအချိန်၊ ခန်းယွမ်ရှိ ဗီလာအမှတ် (၂) တွင် မီးရောင်များ လင်းထိန်နေဆဲဖြစ်သည်။

လင်းဖန်က မိုရှင်းယာနှင့်အတူ တံခါးကိုဖွင့်ကာ အထဲသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းဝင်လာခဲ့သည်။

"မင်္ဂလာနံနက်ခင်းပါ သူဌေး"

အလုပ်များနေကြသော ဘဏ္ဍာရေးဝန်ထမ်း အဖွဲ့လေးဖွဲ့စလုံးက သူ့ကို လှည့်ကြည့်ကာ ပြုံးရွှင်စွာ နှုတ်ဆက်ကြသည်။

"မင်္ဂလာပါ"

မျက်ကွင်းညိုနေကြသည့် မိမိရှေ့မှ ဘဏ္ဍာရေးဝန်ထမ်းများကို ကြည့်ရင်း လင်းဖန် အလျင်အမြန် ပြန်လည်နှုတ်ဆက်လိုက်ပြီး စိတ်ထဲတွင်လည်း အတော်လေး စိတ်မကောင်းဖြစ်သွားရသည်။ ဤလူများသည် လွန်ခဲ့သော ဆယ်ရက်တာကာလပတ်လုံး ကောင်းကောင်းအနားယူခဲ့ရပုံမပေါ်ပေ။

"စျေးကွက်ဖွင့်ဖို့ ပြင်ဆင်ကြတော့ အဝယ်အရောင်းစာရင်းတွေကို ပိတ်ဖို့ အချိန်တန်ပြီ"

လင်းဖန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ဘေးနားရှိ မိုရှင်းယာက သူမရဲ့ လက်ပတ်နာရီကို မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်သည်။

ယခုအချိန်က ယန်ကျင်းစံတော်ချိန် နံနက် ၄ နာရီ ၁၀ မိနစ် ရှိနေပြီဖြစ်ပြီး၊ အနာဂတ်ကုန်စည်စျေးကွက်တရားဝင်ဖွင့်လှစ်ရန် မိနစ် ၂၀ သာ လိုတော့သည်။

နိုင်ငံတကာ ရွှေအရောင်းအဝယ်စျေးကွက်သည် ၂၄ နာရီပတ်လုံး အရောင်းအဝယ်ရှိနေသော်လည်း ဒေသအသီးသီး၏ အချိန်ကွာခြားမှုများကြောင့် ကုန်သည်များသည် စျေးကွက်အတွင်းသို့ မတူညီသော အချိန်များတွင် ဝင်ရောက်ကြသည်။

အာရှ၊ ဥရောပနှင့် အမေရိက စျေးကွက်များသို့ ဝင်ရောက်သည့် အချိန်မတူညီမှုများအရ ၎င်းကို အာရှစျေးကွက်၊ ဥရောပစျေးကွက်နှင့် အမေရိကစျေးကွက်ဟူ၍ ခွဲခြားထားသည်။

ယခုအခါ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက အာရှစျေးကွက်အတွင်းရှိနေပြီး၊ ၎င်းစျေးကွက်မှာ နံနက် ၅ နာရီတိတိတွင် ဖွင့်လှစ်မည်ဖြစ်သည်။

ဥရောပနှင့် အမေရိက စျေးကွက်များနှင့် နှိုင်းယှဉ်ပါက ဤအချိန်သည် လူသူအရှင်းဆုံးအချိန်ဖြစ်ပြီး တစ်နေ့တာအတွင်း ရွှေစျေးနှုန်း အတည်ငြိမ်ဆုံးအချိန်လည်း ဖြစ်သည်။

ထို့ကြောင့်ပင် လင်းဖန်မဗာ ဤအချိန်၌ အဝယ်အရောင်းစာရင်းများကို ပိတ်သိမ်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူ့စကားဆုံးလျှင် ထိုနေရာရှိ ဘဏ္ဍာရေးဝန်ထမ်း အဖွဲ့လေးဖွဲ့စလုံး၏ မျက်နှာများမှာ ရုတ်ချည်းပင် ပျက်သွားကြတော့သည်။

"ဘာ... စာရင်းတွေ ပိတ်မယ် ဟုတ်လား"

ဤသတင်းမှာ သူတို့၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သွားသည်။

ရွှေစျေးမှာ ယခုအချိန်အထိ ဆက်တိုက်တက်နေဆဲဖြစ်ရာ၊ အကယ်၍ သူတို့သာ ဤအချိန်တွင် စာရင်းပိတ်လိုက်မည်ဆိုပါက ရရှိလာမည့် အမြတ်အစွန်းများမှာ ယခင်ထက် များစွာ လျော့နည်းသွားမည်ဖြစ်သည်။

ဤလူများသည် မိမိတို့၏ လက်ထဲမှ ငွေများ လွင့်ထွက်သွားမည်ကို ကြည့်နေရုံဖြင့် မည်သို့ စိတ်ချနိုင်ပါမည်နည်း။

"သူဌေး... ကျွန်တော်တို့ တကယ်ပဲ..."

ပထမအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ မာကျန်းက တစ်ခုခုကို ပြန်လည်တင်ပြရန် ကြိုးစားလိုက်သည်။

သို့သော် လင်းဖန်က သူ့စကားကို ကြားဖြတ်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်သောလေသံဖြင့် အော်ပြောလိုက်သည်။

"တရုတ်သမိုင်းမှာ ရှေးစကားပုံတစ်ခုရှိတယ်၊ 'လူ့လောဘ အတိုင်းအထက်အလွန်ဖြစ်ရင် မြွေက ဆင်ကို မျိုဖို့ ကြိုးစားတတ်တယ်' တဲ့ ခင်ဗျားတို့ ဒါကို နားလည်သင့်တယ်"

"ဟုတ်ကဲ့ပါ"

ထိုစကားကို ကြားလျင် မာကျန်းနှင့် အခြားသူများ၏ အမူအရာများ တောင့်တင်းသွားကြသည်။

သူတို့အနေဖြင့် အနည်းငယ် နှမြောတသဖြစ်နေကြသေးသော်လည်း လူတိုင်းက မိမိတို့၏ ကွန်ပျူတာများကို တစ်ဆင့်ချင်းစီ စတင်အသုံးပြုလိုက်ကြသည်။

လုပ်ဆောင်မှုများ ပြုလုပ်ပြီးနောက်၊ ယမန်နေ့က နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သော စျေးနှုန်းမှာ ကွန်ပျူတာစခရင်ပေါ်တွင် ပေါ်လာတော့သည်။

"တစ်အောင်စလျှင် ၂၂၂၀ အမေရိကန်ဒေါ်လာ"

ဤကိန်းဂဏန်းက လူတိုင်းကို သိသိသာသာ စိတ်လှုပ်ရှားသွားစေသည်။ လင်းဖန်၏ မျက်ဝန်းများပင်လျှင် အရောင်တောက်သွားခဲ့ရသည်။ စျေးကွက်အခြေအနေမှာ သူတွက်ချက်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေခဲ့သည်။

ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အရင်းအနှီး ယွမ် ၁၀ ဘီလီယံဖြင့် အဆ ၅၀ မြှောက် လီဗာရေ့ချ်ကို အသုံးပြုကာ ရွှေစျေးနှုန်း ၁၆၂၀ ရှိစဉ်ကတည်းက စျေးကွက်ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်အထိ လက်ဝယ်ရှိသော ရွှေစျေးနှုန်းမှာ တစ်အောင်စလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီဖြစ်သည်။

"ငါ အခုချက်ချင်း စာရင်းတွေ အကုန်ပိတ်လိုက်သင့်ပြီလား"

ရုတ်တရက်ဆိုသလို လင်းဖန်သည် အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။ သူ့ရဲ့ တွက်ချက်မှုများအရ ရွှေစျေးမှာ တစ်အောင်စလျှင် ဒေါ်လာ ၂၃၀၀ အထိ ရောက်ရှိနိုင်သဖြင့် အလောတကြီး ရပ်တန့်ရန် မလိုသေးဟု ယူဆခဲ့သည်။

သို့သော် ယခုအခါ ဖန်ထန်းရဲ့ စျေးကွက်အတွင်း ဝင်ရောက်လာမှုကြောင့် ရန်ပုံငွေရင်းနှီးမြှုပ်နှံသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး၊ ရွှေစျေးမှာ သူမျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာဖြင့် ဒေါ်လာ ၂၂၂၀ သို့ ရောက်ရှိသွားခဲ့သည်။

တစ်နည်းအားဖြင့်ဆိုသော် အခြေအနေများသည် တစ်စုံတစ်ရာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

"ဒေါ်လာ ၂၃၀၀ က နောက်ဆုံးစျေး ဖြစ်လာနိုင်မလား"

"Quantum Gene တွေလည်း အခုဆိုရင် အကုန်နီးပါး ရောင်းထွက်သွားပြီ။ အကယ်၍ ရေနံစျေးကွက်သာ ပြန်လည်တည်ငြိမ်သွားမယ်ဆိုရင် နောက်ဆုံးစျေးက ဖြစ်နိုင်ခြေရှိတာက..."

အချက်အလက်ပေါင်းစုံမှာ လင်းဖန်ရဲ့ ဦးနှောက်ထဲတွင် တရစပ်လှုပ်ရှားနေသည်။ သူက ရေနံစျေးနှုန်းကို တွက်ချက်ရင်း ရွှေစျေးဆက်တက်နိုင်မလားဆိုသည်ကိုပါ အပူတပြင်း စဉ်းစားနေတော့သည်။

"မဖြစ်နိုင်ဘူး... အကယ်၍ Quantum Fund သာ ရပ်တန့်သွားရင် စျေးကွက်ထဲကို ဝင်ရောက်လာတဲ့ အရင်းအနှီးတွေ အရမ်းများနေတာကြောင့် ရွှေစျေးက အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် လှုပ်ခတ်လာလိမ့်မယ် တစ်နည်းအားဖြင့် စျေးပြန်ကျမယ့် အလှည့်အပြောင်းက စောစောရောက်လာလိမ့်မယ်"

ဆယ်မိနစ်ခန့်အကြာ၌ လင်းဖန်က အခြေအနေကို အသေအချာ တွက်ချက်ပြီးသွားကာ သူ၏ နဖူးပေါ်တွင်လည်း ချွေးစေးအချို့ ထွက်လာခဲ့သည်။

"သူဌေး... စျေးကွက်ပွင့်ပြီ"

ထိုစဉ် မိုရှင်းယာရဲ့ အသံထွက်ပေါ်လာပြီး လင်းဖန်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

"မြန်မြန်... အခုချက်ချင်း စာရင်းတွေ အကုန်ပိတ်လိုက်တော့"

"ဟုတ်ကဲ့"

မာကျန်းနှင့် အခြားသူများက လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ရွှေအရောင်းအဝယ် စာရင်းအားလုံးကို ပိတ်သိမ်းရန် အမိန့်စာများ တင်လိုက်ကြသည်။

ထိုအချိန်တွင် ရွှေစျေးမှာ တစ်အောင်စလျှင် ၂၂၂၀ မှ ၂၂၂၀.၅၈၁ ဒေါ်လာအထိ ဖြည်းညှင်းစွာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

စျေးကွက်ထဲတွင် ရွှေကို ဆက်လက်ဝယ်ယူနေကြသော လက်လီရင်းနှီးမြှုပ်နှံသူများစွာ ရှိနေသေးသည်။

၎င်းတို့မှာ နောက်ကျမှ ရောက်လာသူများဖြစ်ပြီး၊ စျေးနှုန်းသက်သာချိန်တွင် မမီလိုက်ဘဲ ရွှေစျေးနှုန်း အရှိန်အဟုန်ဖြင့် တက်လာသည်ကို မြင်မှသာ လိုက်လံဝယ်ယူနေကြခြင်း ဖြစ်သည်။

သို့သော်လည်း လင်းဖန်က အရောင်းအဝယ်များကို ရပ်တန့်လိုက်ခြင်းမရှိဘဲ စခရင်ကြီးကိုသာ အကြည့်မပြတ် စိုက်ကြည့်နေခဲ့သည်။

ဗီလာအမှတ် (၁) ရှိ ဘဏ္ဍာရေးဝန်ထမ်းအားလုံးသည် လင်းဖန်၏ ထူးခြားပြောင်မြောက်လှသော အရည်အချင်းကို မချီးကျူးဘဲမနေနိုင် ဖြစ်ကြရသည်။

ယခုကဲ့သို့ စျေးနှုန်းများ တဟုန်ထိုး တက်နေချိန်မျိုးတွင် အမြတ်အစွန်းထက် မိမိ၏ ဆုံးဖြတ်ချက်ကိုသာ ဦးစားပေးပြီး ပြတ်ပြတ်သားသား စာရင်းပိတ်ဝံ့သူမှာ သူတစ်ယောက်တည်းသာ ရှိပေသည်။

ဤကဲ့သို့ ရပ်တန့်နိုင်ရန်အတွက် မည်မျှအထိ ပြင်းထန်သော စိတ်ဓာတ်ထိန်းချုပ်နိုင်စွမ်းမျိုး လိုအပ်မည်နည်း။

တစ်လောကလုံးက နိုင်ငံတကာ ရွှေစျေးနှုန်းများ ဆက်လက်မြင့်တက်နေဦးမည်ဟု ယုံကြည်နေကြချိန်တွင်၊ တကယ့်လက်တွေ့ စျေးကွက်အတွင်း၌ ရွှေများကို အကြီးအကျယ် ပြန်လည်ရောင်းချနေသည်မှာ ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုတည်းသာ ရှိလိမ့်မည်ဟု ခန့်မှန်းရပေသည်။

All Chapters