← Chapters

ကြီးမားတဲ့ အမြတ်အစွန်း

Vol. 5 Ch. 43

ကြီးမားတဲ့ အမြတ်အစွန်း

Vol. 5 Ch. 43

နံနက် ၅ နာရီ ၃၀ မိနစ်အထိ ရွှေစျေးနှုန်းမှာ အနည်းငယ် ပြန်လည်နှေးကွေးသွားသည့် လက္ခဏာပြလာသည်။

"၂၂၁၉..... ၂၂၁၈.၇၈......"

စျေးနှုန်းမှာ အမှတ်အနည်းငယ် ပြန်ကျသွားခဲ့သည်။

အမှန်တကယ်တော့ မာကျန့်နှင့် အခြားဘဏ္ဍာရေးဝန်ထမ်း အဖွဲ့ ၄ ဖွဲ့စလုံးအပါအဝင် မည်သူမျှ နိုင်ငံတကာ ရွှေစျေးကွက်၏ အပြောင်းအလဲကို နားမလည်နိုင်ကြပေ။

မိနစ်အနည်းငယ်အတွင်းမှာပင် ရွှေစျေးနှုန်းမှာ တစ်ဟုန်ထိုး ပြန်လည်မြင့်တက်လာပြန်သည်။

စျေးနှုန်းမှာ အတက်အကျ အနိမ့်အမြင့်များဖြင့် လွှစက်သွားကဲ့သို့ စခရင်ကြီးပေါ်တွင် ပေါ်နေတော့သည်။

"သူဌေး... သတင်းရထားပါတယ်"

ထိုစဉ် မိုရှင်းယာက တက်ဘလက်တစ်လုံးကို ကိုင်ကာ အလျင်အမြန် လျှောက်လာသည်။

လင်းဖန် ၎င်းကို လှမ်းယူကြည့်လိုက်ရာ နိုင်ငံတကာသတင်းများတွင် ဒေါ်နယ်ထရမ့် (Trump) က အရှေ့အလယ်ပိုင်းရှိ စစ်အင်အားများကို လျှော့ချပြီး ထိရောက်စွာ ဆုတ်ခွာတော့မည့်အကြောင်း ထုတ်ပြန်ချက်ကို တွေ့လိုက်ရသည်။

"ဟင်းးး"

လင်းဖန် သက်ပြင်းချလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဤသတင်းထွက်ပေါ်လာသည်နှင့် အရှေ့အလယ်ပိုင်း ရေနံစျေးကွက်မှာ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု ကာလတစ်ခုသို့ ရောက်ရှိတော့မည်ဖြစ်သည်။ သို့သော် ထိုသို့မဖြစ်မီ လူတိုင်းက ရေနံများကို အလုအယက် ပြန်လည်ရောင်းချကြမည်ဖြစ်ရာ ရေနံစျေးနှုန်း တဟုန်ထိုး ကျဆင်းသွားတော့မည်မှာ သေချာသလောက် ရှိနေပြီဖြစ်သည်။

"အို... ဘုရားရေ"

ဘေးနားရှိ မာကျန်းထံမှ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

စခရင်ကြီးပေါ်တွင် အရောင်းအော်ဒါများ အဆက်မပြတ် ပေါ်လာနေပြီး၊ ရန်ပုံငွေအဖွဲ့များစွာနှင့် တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများမှာ ရွှေများကို အလုအယက် ပြန်လည်ရောင်းချနေကြသည်ကို သူမြင်လိုက်ရသည်။

မူလက တည်ငြိမ်နေခဲ့သော နိုင်ငံတကာ ရွှေစျေးနှုန်းမှာ ယခုအခါ ပိုမိုရူးသွပ်ဖွယ်ကောင်းလာပြီး တဟုန်ထိုး ကျဆင်းလာတော့သည်။ ဤကဲ့သို့ စျေးနှုန်းကျဆင်းမှုမျိုးမှာ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးပေ။

"၂၁၀၀...... ၂၀၂၀...... ၁၉၈၀.......... ၁၈၅၀"

မိနစ်အနည်းငယ်အတွင်းမှာပင် ရွှေစျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၈၀၀ အောက်သို့ တိုက်ရိုက်ကျဆင်းသွားခဲ့သည်။

စျေးကွက်အတွင်းရှိ လူတိုင်းနီးပါးသည် မိမိတို့၏ အရှုံးများကို ပြန်လည်ကုစားနိုင်ရန်အတွက် ရူးသွပ်စွာဖြင့် ရွှေများကို စျေးကွက်ထဲသို့ အတင်းအဓမ္မ ထိုးရောင်းနေကြတော့သည်။

"ငါတို့ရဲ့ အော်ဒါတွေ ဘယ်လိုအခြေအနေရှိလဲ

"

ထိုစဉ် လင်းဖန်ကလှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

"သူဌေးကို အစီရင်ခံပါတယ်... ပစ္စည်းအားလုံးကို ရောင်းချပြီးပါပြီ။ အခု နောက်ဆုံးရရှိမယ့် ပမာဏကို စာရင်းတွက်ချက်နေပါတယ်"

စျေးကွက်ဖွင့်သည်နှင့် ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက ရွှေအရောင်းအော်ဒါများကို ချက်ချင်းတင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်တွင် ရွှေစျေးမှာ မြင့်တက်နေဆဲဖြစ်သဖြင့် ရန်ပုံငွေအဖွဲ့များနှင့် လူပုဂ္ဂိုလ်အများအပြားမှာ ထိုအော်ဒါများကို အလုအယက် ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

နံနက် ၅ နာရီ ၄၀ မိနစ်..

ရွှေစျေးနှုန်းမှာ တရားဝင် ပြိုလဲသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၁,၆၀၀ အောက်သို့ပင် ရောက်ရှိသွားခဲ့သည်။

နံနက် ၆ နာရီထိုးသည့်အခါတွင်မူ ရွှေစျေးမှာ လွန်ခဲ့သော တစ်နှစ်က စျေးနှုန်းဖြစ်သည့် တစ်အောင်စလျှင် ၁,၄၄၀ ဒေါ်လာအထိ ပြန်လည်ကျဆင်းသွားတော့သည်။

ဤအချိန်တွင်တော့ ရွှေစျေးကျဆင်းမှုမှာ ယခင်ကလောက် မကြောက်စရာတော့ဘဲ တစ်နာရီလျှင် ၄ ဒေါ်လာ သို့မဟုတ် ၅ ဒေါ်လာခန့်သာ အတက်အကျ ရှိတော့သည်။

စျေးကွက်အတွင်းရှိ စျေးနှုန်းများ ရုတ်တရက် ထိုးဆင်းသွားမှုမှာ လင်းဖန်ကိုပင် ချွေးစေးများ ထွက်လာသည်အထိ ထိတ်လန့်သွားစေခဲ့သည်။ အကယ်၍သာ သူ အချိန်မီ ကြိုတင်မရပ်တန့်ခဲ့ပါက ယခုတစ်ကြိမ်တွင် အကြီးအကျယ် အရှုံးပေါ်မည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့ စတင်ဝယ်ယူစဉ်က အဖွင့်စျေးမှာ ၁,၆၂၀ ဖြစ်သော်လည်း ယခုအခါ တစ်နာရီအတွင်းမှာပင် ၁,၄၄၀ ထိ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ရွှေကို ကစားနေကြသည့် ရန်ပုံငွေအဖွဲ့များနှင့် တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူ အများစုမှာ ယခုအခါ အဆောက်အဦးပေါ်မှ ခုန်ချချင်စိတ် ပေါက်သွားလောက်အောင်ပင် အခြေအနေမှာ အလွန်ဆိုးရွားနေတော့သည်။

"ဟားဟား... ပြီးသွားပြီဟေ့"

အနီးနားရှိ ဘဏ္ဍာရေးဝန်ထမ်းများမှာ စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဝန်းရယ်မောလိုက်ကြသည်။

သူတို့ရောင်းချခဲ့သည့် အော်ဒါများအားလုံးကို လွှဲပြောင်းပေးပြီးသွားပြီဖြစ်ကာ ငွေကြေးပမာဏ အားလုံးကိုလည်း စာရင်းအပြီးသတ် တွက်ချက်ပြီးဖြစ်သည်။

ထိုအချိန်တွင် လင်းဖန် ရရှိခဲ့သည့် အမြတ်အစွန်းများမှာ စခရင်ကြီးပေါ်တွင် ထင်ထင်ရှားရှား ပေါ်ထွက်လာတော့သည်...။

၁၇၄ ဘီလီယံ

ဤကိန်းဂဏန်းကို မြင်လိုက်ရချိန် လူတိုင်းမှာ တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။

အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့် စျေးကွက်ထဲသို့ ဝင်ရောက်ခဲ့ပြီးနောက်၊ နာရီဝက်ခန့်အတွင်းမှာပင် အမြတ်အစွန်းမှာ ၁၇ ဆအထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ "ဓနနတ်မင်းကြီး" ကိုယ်တိုင်ဝင်စားပြီး ဖန်တီးလိုက်သည့် ရလဒ်မျိုးပင် ဖြစ်သည်။

တရုတ်ယွမ်ငွေ (RMB) နှင့် ပြန်လည်တွက်ချက်ကြည့်ပါက ယွမ် ၁၀,၄၄၀ ဘီလီယံကျော်ပင် ဖြစ်သည်။

ယခုအခါ လင်းဖန်မှာ ထရီလီယံနာတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။ သူက လူမသိသေးသည့် တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီဖြစ်သော်လည်း ၎င်းအချက်ကို လူအများက မသိရှိကြသေးပေ။

နောက်တစ်ရက်မတိုင်မီမှာပင် ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့အမည်မှာ တရုတ်တစ်နိုင်ငံလုံးတွင် အကြီးအကျယ် ကျော်ကြားသွားတော့မည်ဖြစ်သည်။

နည်းနည်းဖြင့် အများကြီးအမြတ်ထွက်အောင် လုပ်ဆောင်နိုင်ခဲ့သည့် ဤ "ထရီလီယံတန် စစ်ဆင်ရေး" သည် ဘဏ္ဍာရေးဆိုင်ရာ သတင်းစာမျက်နှာများ၏ ခေါင်းကြီးပိုင်းများတွင် နေရာယူတော့မည်ဖြစ်သည်။

"သူဌေး... ပိုက်ဆံတွေအားလုံးကို ဟွားရှကို လွှဲလိုက်ရမလား၊ ဒါမှမဟုတ် သီးခြားဘဏ်ကတ်တစ်ခု ထပ်ဖွင့်ရမလားရှင့်"

မိုရှင်းယာက မေးမြန်းလိုက်သည်။

"၁၄ ဘီလီယံကိုတော့ ယွမ်ငွေပြောင်းပြီး ငါတို့ပိုင်ဆိုင်တဲ့ ဘဏ်ကြီးလေးခုရဲ့ အကောင့်တွေထဲကို အပိုင်းလိုက် ခွဲထည့်လိုက်ပါ။ နောက်ထပ် ၁၀ ဘီလီယံကိုတော့ သူတို့ရဲ့ နောင်လာမယ့် လုပ်ငန်းတွေအတွက် အရင်းအနှီးအဖြစ် ဖန်ထန်းရင်းနှီးမြှုပ်နှံမှုရဲ့ အကောင့်ထဲကိုပဲ ပြန်လွှဲပေးလိုက်ပါ"

ခေတ္တမျှ စဉ်းစားပြီးနောက် လင်းဖန်က ဆက်လက်ညွှန်ကြားလိုက်သည်။

"ကျန်တဲ့ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံကိုတော့ ဆွတ်ဇာလန်ဘဏ်မှာပဲ အပ်နှံထားလိုက်ပါ"

အကယ်၍ ဒေါ်လာ ၁ ထရီလီယံကျော် တန်ဖိုးရှိသော ငွေကြေးအားလုံးကို တရုတ်နိုင်ငံသို့ တစ်ပြိုင်နက်တည်း ပြန်လည်လွှဲပြောင်းမည်ဆိုပါက ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည်။

ထို့အပြင် လင်းဖန်က တရုတ်နိုင်ငံတွင် ရှိနေသော်လည်း လက်ရှိအချိန်၌ ထိုမျှလောက်သော ငွေကြေးပမာဏကို အသုံးချရန် မလိုအပ်သေးပေ။

နောင်လာမည့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ထိုငွေများကို နိုင်ငံခြားဘဏ်အကောင့်တစ်ခုတွင် ထိန်းသိမ်းထားခြင်းက ပိုမိုကောင်းမွန်သည်။

"ဒါနဲ့... ဒီစစ်ဆင်ရေးအတွက် ဆုကြေးအဖြစ် ဒေါ်လာ သန်း ၅၀၀ သီးသန့်ဖယ်ထားပြီး အဖွဲ့လေးဖွဲ့စလုံးကို ခွဲဝေပေးလိုက်ပါ။ မနက်ဖြန်ကစပြီး သူတို့ဟာ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့ ပထမဆုံးသော အဓိက အမာခံအဖွဲ့ဝင်တွေ ဖြစ်လာလိမ့်မယ်"

"ဟုတ်ကဲ့"

မိုရှင်းယာက ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။

ထိုသို့ပြောပြီးနောက် လင်းဖန်က စခရင်ကြီးကို တစ်ချက်ကြည့်ကာ ဗီလာအမှတ် (၂) အတွင်းမှ မရပ်မနားဘဲ လျှောက်လှမ်းထွက်ခွာသွားတော့သည်။

ယခုဆိုလျှင် နံနက် ၇ နာရီနီးပါး ရှိနေပြီဖြစ်ပြီး သူသည် အနည်းငယ် ဗိုက်ဆာနေခဲ့ပြီဖြစ်သည်။

ထွက်ခွာသွားသော လင်းဖန်ရဲ့ ကျောပြင်ကို ကြည့်ရင်း ဗီလာအမှတ် (၂) ရှိ လူတိုင်း၏ မျက်ဝန်းများမှာ လေးစားအားကျမှုများဖြင့် ပြည့်နှက်နေတော့သည်။

မိုရှင်းယာက ဘဏ္ဍာရေးအဖွဲ့နှင့်အတူ ဘဏ်ကြီးလေးခုသို့ တိုက်ရိုက်သွားရောက်ခဲ့သည်။

ထိုအချိန် ဘဏ်ဝန်ထမ်းများ အလုပ်မဝင်သေးသော်လည်း သူမ ဖုန်းဆက်လိုက်သည်နှင့် ကျန်းခန်းလမ်းမပေါ်ရှိ ထိုဘဏ်ခွဲလေးခု၏ မန်နေဂျာများမှာ မရပ်မနားဘဲ ဘဏ်သို့ အပြေးအလွှား ရောက်ရှိလာကြသည်။

သင်သိထားရမည်မှာ ယွမ် ၁၄ ဘီလီယံကို စုငွေအကောင့် လေးခုထဲသို့ ခွဲထည့်လိုက်ခြင်းဖြစ်ရာ အပ်နှံငွေများ ရရှိသွားခြင်းပင် ဖြစ်သည်။

ဤပမာဏမှာ ထိုဘဏ်ခွဲများမှ တာဝန်ရှိသူများကို အကြီးအကျယ် တုန်လှုပ်သွားစေရန် လုံလောက်သော ပမာဏပင် ဖြစ်သည်။

All Chapters