← Chapters

သူငယ်ချင်း အသစ်များ

Vol. 5 Ch. 44

သူငယ်ချင်း အသစ်များ

Vol. 5 Ch. 44

စက်တင်ဘာလ (၁) ရက်နေ့

ယန်ကျင်းတက္ကသိုလ်သို့ ကျောင်းသားအသစ်များ စတင်စာရင်းပေးသွင်းရမည့် နေ့ဖြစ်သည်။

ထိုနေ့၌ လင်းဖန်က အိပ်ရာမှ စောစောထကာ ခေါင်းလျှော်၊ ရေချိုးပြီးနောက် သန့်ရှင်းသပ်ရပ်သော ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။

သူက ကျောပိုးအိတ်တစ်လုံးကိုသာ လွယ်ထားပြီး အခြားမည်သည့် ခရီးဆောင်အိတ်မှ ယူဆောင်မသွားခဲ့ပေ။

သူ့အတွက် လိုအပ်သည့် ပစ္စည်းမှန်သမျှကို ယန်ကျင်းသို့ ရောက်ရှိသည့်အခါမှသာ အသစ်ဝယ်ယူရန် ဆုံးဖြတ်ထားသောကြောင့် ဖြစ်သည်။

"သူဌေး... အကုန်အဆင်သင့် ဖြစ်ပါပြီ"

ဗီလာ၏ ဧည့်ခန်းအတွင်း၌ မိုရှင်းယာမဗာ ယနေ့တွင် ပို၍ပင် လှပနေပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက် အလှတရားကို ပေါ်လွင်စေသည့် အဝတ်အစားများကို ဆင်မြန်းထားသည်။

"သွားကြစို့"

လင်းဖန်က သူမကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။

ခြံဝန်းအတွင်း၌ Rolls-Royce Phantom ကားတစ်စီးမှာ အသင့်စောင့်ကြိုနေပြီး၊ ရှေ့ဆုံးနှင့် နောက်ဆုံးတွင်မူ နက်မှောင်ပြောင်လက်နေသော Mercedes-Benz S-Class ကား ခြောက်စီးက ခြံရံထားသည်။

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ၏ နောက်ဆုံးနေ့တွင် ယန်ကျင်းတက္ကသိုလ်ရဲ့ စစ်ပညာသင်တန်းများ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ကျောင်းသားသစ်အများစုသည် ကျောင်းဝင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြပြီဖြစ်သလို၊ ကျောင်းသားဟောင်းများမှာလည်း ကျောင်းဝင်းအတွင်းသို့ အဆက်မပြတ် ပြန်လည်ရောက်ရှိလာနေကြပြီဖြစ်သည်။

ဤအချိန် လင်းဖန်မှာ Maserati Levante ကားကို တစ်ယောက်တည်း အေးအေးလူလူ မောင်းနှင်ကာ ကျောင်းဝင်းဆီသို့ ဦးတည်လာခဲ့သည်။

ယန်ကျင်းသည် နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး၊ ယန်တာသည်လည်း နိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်ဖြစ်သည်။

ဤနေရာသို့ တက်ရောက်ခွင့်ရသူများသည် ဂုဏ်ယူထိုက်သူများပင် ဖြစ်သည်။ ထိုသူတို့သည် ကားအမျိုးမျိုးကို မြင်ဖူးထားကြသူများဖြစ်ရာ Maserati Levante ကားတစ်စီးတည်းနှင့်တော့ ကျောင်းအတွင်း အုတ်အော်သောင်းနင်း ဖြစ်သွားစေရန် မစွမ်းသာပေ။

သူက ကျောင်းသို့လာရာ လမ်းတစ်လျှောက်တွင် Porsche ကားအချို့ကိုပင် တွေ့ခဲ့ရသေးသည်။

အမှန်စင်စစ် ယန်တာတက္ကသိုလ်ရှိ ထိပ်တန်းပညာရှင် အများအပြားမှာ လင်းဖန်ကဲ့သို့ပင် ချမ်းသာကြွယ်ဝရုံသာမက ရုပ်ရည်လည်း ချောမောကြသူများ ဖြစ်ကြသည်။

သို့သော် ယခုအကြိမ် ယန်တာကျောင်းဝင်းသို့ သူလာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းအပ်ရန်မဟုတ်ဘဲ ကျောင်းတက်ကြောင်း လက်မှတ်ထိုးရန်သာ ဖြစ်သည်။

သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးရရှိခဲ့သူ ဖြစ်သောကြောင့် ကျောင်းဝင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို လွန်ခဲ့သော အချိန်ကတည်းက အပြီးသတ်လုပ်ဆောင်ထားပြီးဖြစ်ကာ၊ အဆောင်နေထိုင်ခွင့်ကဲ့သို့သော အရာများကိုလည်း သူ့အတွက် သီးသန့်စီစဉ်ပေးထားပြီးသား ဖြစ်သည်။

"ကြည့်စမ်း ဟိုမှာ လင်းဖန် မဟုတ်လား"

ကားပေါ်မှ ဆင်းပြီး အဆောင်ဧရိယာထဲသို့ ဝင်လိုက်သည်နှင့် ကျောင်းသားများမှာ နေရာအနှံ့ ရှိနေကြသည်။

သူတို့ထဲမှ အများစုမှာ တစ်နိုင်ငံလုံး၌ ကျော်ကြားခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရဲ့ အမှတ်အများဆုံးရရှိသူ လင်းဖန်ကို မှတ်မိကြသည်။

အချို့သူများမှာလည်း သူတို့၏ မိုဘိုင်းလ်ဖုန်းများကို ထုတ်ကာ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်သို့ တင်နေကြတော့သည်။

လင်းဖန်ကတော့ ထိုအခြေအနေများကို လျစ်လျူရှုကာ သူ၏ ကျောင်းသားအဆောင်ထဲသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားခဲ့သည်။

ယန်တာရဲ့ အဆောင်အဆောက်အဦးမှာ အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။ အခန်းတစ်ခန်းတွင် လူလေးယောက် နေထိုင်ရပြီး အများသုံးရေချိုးခန်းအပြင် လူ ၆ ယောက် သို့မဟုတ် ၇ ယောက်ခန့် အတူတကွ ထိုင်ပြီး စကားပြောနိုင်သည့် ကျယ်ဝန်းသော ဧည့်ခန်းတစ်ခုလည်း ပါရှိသည်။

ကျောင်းမှာ ယခုမှ စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး မည်သူမျှ အခန်းကို အလှမပြင်ရသေးသောကြောင့် ဧည့်ခန်းမှာ အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေသည်။

သို့သော် ဤအရာများမဗာ လင်းဖန်နှင့် ဘာမှမသက်ဆိုင်ပေ။ သူက ယန်တာရဲ့ အဆောင်၌ ရံဖန်ရံခါမှသာ လာရောက်နေထိုင်မည်ဖြစ်သည်။

သူရဲ့ နေထိုင်မှု ဘဝအဆင်ပြေစေရန်အတွက် မိုရှင်းယာက ကျောင်းအနီးအနား၌ ဗီလာတစ်လုံးကို ဝယ်ယူထားပြီးဖြစ်ကာ လိုအပ်သည့် သက်တော်စောင့်များနှင့် စားဖိုမှူးများကိုလည်း အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။

"အို... ဘုရားရေ ငါ တကယ့် နတ်ဘုရားကို တွေ့လိုက်ရတာပဲ"

"ဝိုး သူဌေးကြီး ရောက်လာပြီဟေ့၊ မြန်မြန်သွားပြီး ပေါင်းထားကြရအောင်"

လင်းဖန် အဆောင်ထဲသို့ ဝင်လိုက်သည်နှင့် အခန်းဖော်နှစ်ယောက်မှာ မယုံနိုင်စရာတစ်ခုခုကို မြင်လိုက်ရသကဲ့သို့ သူ့ကို ကြည့်နေကြသည်။ ယန်တာမှာ ထိပ်တန်းကျောင်းသားများ၊ ပြည်နယ်အသီးသီးမှ အမှတ်အများဆုံးရသူများ စုဝေးရာနေရာ ဖြစ်သည်။

သို့သော်လည်း သမိုင်းဝင်အမှတ်ဖြင့် အမှတ်အပြည့်နီးပါး ရရှိခဲ့သူတစ်ဦးအနေဖြင့် လင်းဖန်ကတော့ အမှန်တကယ်ပင် လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသူဖြစ်သည်။

ထို့အပြင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအပြီးတွင် ကျင်းလင်းရုပ်သံလိုင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးဗီဒီယိုကြောင့်လည်း သူသည် အင်တာနက်တစ်ခွင်တွင် အကြီးအကျယ် ရေပန်းစားသွားခဲ့သည်။

ယန်တာတစ်ကျောင်းလုံးလည်း ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားခဲ့သည်။

"ဒါ ဘယ်လိုမျိုး အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်ရည်လဲ လူတိုင်းက ၉ နှစ်ကြာ မဖြစ်မနေသင်ကြားရတဲ့ အခြေခံပညာရေးကိုပဲ တက်ခဲ့ကြတာလေ။ မင်းကျမှ ဘာလို့ ဒီလောက်တောင် ထူးချွန်နေရတာလဲ တကယ်ကို တော်လွန်းတယ်"

"စာတော်တာက ထားပါတော့၊ ရုပ်ကလည်း ဘာလို့ ဒီလောက်တောင် ချောနေရတာလဲ ရုပ်ချောတာကလည်း ထားပါဦး၊ ဘာလို့ ငါတို့ကို လှောင်ပြောင်နေသလိုမျိုး အစစအရာရာ ပြည့်စုံလွန်းနေရတာလဲ တကယ်ကို အားကျစရာကြီးပဲ"

စစ်ပညာသင်တန်း မစတင်မီကပင် လူအများအပြားမဗာ ဤဒဏ္ဍာရီလာပုဂ္ဂိုလ်ကို တွေ့မြင်ခွင့်ရရန် မျှော်လင့်ခဲ့ကြသည်။

သို့သော် ကျောင်းသားအားလုံးမှာ ယန်ကျင်းစစ်ဒေသတွင် ချွေးတလုံးလုံးဖြင့် ပင်ပင်ပန်းပန်း လေ့ကျင့်နေရချိန်၌၊ လင်းဖန်မှာမူ သူ၏ နွေရာသီကျောင်းပိတ်ရက်ကို စိတ်အေးလက်အေးဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းနေခဲ့သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။

သူ၏ အခန်းဖော်များပင်လျှင် လင်းဖန်က အဆောင်တွင် လာနေမည်မဟုတ်ဟု ထင်ထားခဲ့ကြသော်လည်း ယခုတော့ သူ့ကို အမှတ်မထင် တွေ့လိုက်ရခြင်းဖြစ်သည်။

"မင်္ဂလာပါ... ကျွန်တော့်နာမည် လင်းဖန်ပါ၊ ကျင်းလင်းက လာတာပါ..."

လင်းဖန်က သူ့ရဲ့ အခန်းဖော်နှစ်ယောက်ကို ခေါင်းညိတ်ပြရင်း အကျဉ်းချုံး မိတ်ဆက်လိုက်သည်။

"ဟာ... နတ်ဘုရားကြီး ကျွန်တော်က ဘေးကုတင်က ချန်ဇီအန်ပါ၊ စူးရှီးက လာတာပါဗျ"

ပထမဆုံး စကားပြောလာသူမှာ ကမ်းခြေဝတ်စုံကို ဝတ်ထားသည့် အရပ်အလွန်ရှည်သော လူကောင်ကြီးကြီး တစ်ယောက်ဖြစ်သည်။ သူက အရပ် ၁.၉ မီတာ (၆ ပေ ၃ လက်မနီးပါး) ခန့် ရှိပြီး မုတ်ဆိတ်ဗရပွနှင့် ကြွက်သားများမှာလည်း ရှေးဦးလူသားတစ်ယောက်ကဲ့သို့ ကျစ်လျစ်သန်မာလှသည်။

"အဟမ်း"

ဒီလူကတော့ အရင်ကလည်း တစ်ခါမှမမြင်ဖူးသလို နောက်လည်း မြင်ရဖို့မလွယ်တဲ့ ချန်ဇီအန်ပဲ ဖြစ်သည်။ လင်းဖန်မှာမူ ထိုလူ့ကိုကြည့်ပြီး မယုံနိုင်သလို ဖြစ်နေရသည်။

"ဟေး... ဟေး!m ကျွန်တော့်နာမည်ကတော့ ကျန်းချန်းပါ ဟူနန်ပြည်နယ်က လာတာပါ"

အခြား အခန်းဖော်တစ်ယောက်မှာမူ ပို၍ ခေတ်မီပုံပေါ်ပြီး ရွှေရောင်မျက်မှန်ကို တပ်ထားကာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမွေးဖွားသူ တစ်ဦးဖြစ်သည်။

သို့သော် သူနှင့် ချန်ဇီအန်တို့တွင် တူညီသောအချက်တစ်ခု ရှိသည်။ ၎င်းမှာ သူတို့နှစ်ယောက်လုံး အသားညိုမည်းနေခြင်းပင်။ ပူပြင်းလှသော နွေရာသီတွင် စစ်ပညာသင်တန်းကို ပြင်းပြင်းထန်ထန် တက်ရောက်ခဲ့ကြရသဖြင့် နေလောင်ထားသည့် အမှတ်အသားများ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

"ငါတို့အဆောင်မှာ လူတစ်ယောက် လိုနေသေးတာလား"

လင်းဖန်က နှာခေါင်းထိပ်ကို အသာအယာထိရင်း အေးစက်သော လေသံဖြင့် မေးလိုက်သည်။

"အော်... ဟုတ်သားပဲ ဖန့်ချန်းကျင်းဆိုတဲ့ တစ်ယောက် ရှိသေးတယ်။ သူက ယန်ကျင်းဒေသခံလေ။ စစ်ပညာသင်တန်း ပြီးသွားတော့ အိမ်ပြန်သွားတာ။ မနက်ဖြန် အတန်းချိန်မှပဲ သူ့ကို တွေ့ရမယ် ထင်တယ်"

"ဒါနဲ့ ဆရာကြီး... ယန်တာကို လိုက်ကြည့်ချင်လား ကျွန်တော်တို့ လိုက်ပို့ပေးမယ်လေ"

ချန်ဇီအန်က တက်တက်ကြွကြွဖြင့် ပြောလိုက်သည်။

"အဟမ်း ငါ့ကို လင်းဖန် လို့ပဲ ခေါ်ပါ"

သူ့ရှေ့က ချန်ဇီအန်ကို ကြည့်ရင်း လင်းဖန် အနည်းငယ် အနေရခက်သလို ခံစားလိုက်ရသည်။

လင်းဖန်ကိုယ်တိုင်ကလည်း အရပ် ၁.၈ မီတာ (၅ ပေ ၁၁ လက်မနီးပါး) ခန့် ရှိသော်လည်း၊ ဤမျှလောက် ထွားကြိုင်းလှသော ကိုယ်လုံးကိုယ်ပေါက်ကြီး၏ အောက်တွင် ရပ်နေရသည်မှာ ချင်ပန်ဇီမျောက်ဝတ်တစ်ကောင်နှင့် ရင်ဆိုင်နေရသလို ခံစားရပြီး တစ်စုံတစ်ရာ မလုံလောက်သလို ဖြစ်နေရသည်။

အထူးသဖြင့် ချန်ဇီအန်က သူ့ကို "ဆရာကြီး" ဟု တစာစာ အော်ခေါ်နေသည့် စကားလုံးများကို နားထောင်ရသည်မှာ တကယ်ကို အရသာမရှိလှပေ။

"အိုကေလေ... လင်းဖန်"

All Chapters