← Chapters

လင်းဖန်ရဲ့နောက်ကြောင်း

Vol. 5 Ch. 46

လင်းဖန်ရဲ့နောက်ကြောင်း

Vol. 5 Ch. 46

ယန်ကျင်းတက္ကသိုလ်ရဲ့ ဒဿနိကဗေဒဌာနက ကျောင်းတစ်ခုလုံးမှာ အထူးခြားဆုံးဌာနဖြစ်ပြီး၊ သူ့ရဲ့ဂုဏ်သိက္ခာဟာ တခြားသော သီးခြားကောလိပ်တွေထက် မနိမ့်ချေ။

အဘယ့်ကြောင့်ဆိုသော် သမိုင်းတစ်လျှောက် နာမည်ကျော်ပညာရှင်တွေဖြစ်သည့် ချိုင်ယွမ်ဖေးနဲ့ ဟူရှီး တို့မှာ ဒီနေရာ၌ စာသင်ကြားခဲ့ဖူး၍ ဖြစ်သည်။ ကျူးဇီချင် ၊ မောင်ကျုံးဆန်း ၊ ဟယ်ချီဖန်းနဲ့ တခြားသော ဒဿနိကဗေဒဌာနက ဆင်းသက်လာသူတွေဟာလည်း နာမည်ကြီး ပညာရှင်တွေနဲ့ တော်လှန်ရေးနယ်ပယ်က ထင်ရှားကျော်ကြားသူတွေ ဖြစ်ကြသေးသည်။

အခုအခါမှာတော့ ယန်တရဲ့ ဒဿနိကဗေဒဌာနနဲ့ ဘာသာရေးဆိုင်ရာ လေ့လာရေးဌာနတို့ဟာ ကျောင်းသားလက်ခံမှုကို ပူးပေါင်းလိုက်ပြီး ကျောင်းသားတွေကို အတူတူ လေ့ကျင့်ပျိုးထောင်ပေးနေလေသည်။

ဒါကြောင့်လည်း ဌာနမှူးရဲ့ လုပ်ပိုင်ခွင့်ဟာ တခြားကောလိပ်တစ်ခုရဲ့ ဒင်းနဲ့ မခြား တန်ခိုးထွားသည်ဟု ဆိုနိုင်သည်။

"ဌာနမှူးခင်ဗျာ... ဒါက လင်းဖန် ပါ၊ သူက..."

လမ်းညွှန်ဆရာက လင်းဖန် ကို ဌာနမှူး ရန်ဟိုင်ဖုန်းရဲ့ ရုံးခန်းထဲ ခေါ်လာပြီး တစ်ခုခုပြောဖို့ ပြင်လိုက်သည်။

မမျှော်လင့်ဘဲ ဒဿနိကဗေဒဌာနရဲ့ အကြီးအကဲက နားတောင်မထောင်တော့ဘဲ လက်ဝေ့ယမ်းပြီး သူ့ကို ပြန်လွှတ်လိုက်သည်။

"ကောင်းပြီ၊ ငါသိပြီ၊ မင်း အရင်ဆင်းသွားတော့"

"ဟုတ်ကဲ့"

လမ်းညွှန်ဆရာက ဘာမှထပ်မပြောတော့ဘဲ ချက်ချင်း ထွက်သွားသည်။ သူ့ရှေ့က လူငယ်လေးကို ခဏလောက် တိတ်တဆိတ် အကဲခတ်ပြီးနောက် ရန်ဟိုင်ဖုန်းက အဓိပ္ပာယ်ပါပါနဲ့ ပြောလိုက်သည်။

"နိုင်ငံတော်အဆင့် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဝိဇ္ဇာဘာသာတွဲနဲ့ အမှတ်အများဆုံးရပြီး စံချိန်ချိုးခဲ့တဲ့သူက စစ်ပညာသင်တန်း ကင်းလွတ်ခွင့် လျှောက်ထားတယ်ပေါ့... တကယ့်ကို ထူးခြားတဲ့သူပဲ"

"ကျောင်းသား လင်းဖန်၊ မင်း ဒီကိုရောက်နေပြီပဲ၊ အရင်ထိုင်ပါဦး။ ဘာသောက်မလဲ... ကော်ဖီလား ဒါမှမဟုတ် လက်ဖက်ရည်လား"

"ဌာနမှူးခင်ဗျာ၊ ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်"

လင်းဖန် က ပြောပြောဆိုဆိုနဲ့ ရေသန့်တစ်ခွက်ယူပြီး ရန်ဟိုင်ဖုန်းရဲ့ လက်ဖက်ရည်ခွက်ထဲကို ရေနွေးအနည်းငယ် ထည့်ပေးလိုက်သည်။

ဆရာသမားကို အရိုအသေပေးရမယ်ဆိုတဲ့ စည်းကမ်းကိုတော့ သူ နားလည်ပါသေးသည်။

"ဟားဟား ပြောရရင် ငါတို့က ရေစက်ရှိတယ်လို့တောင် ဆိုရမယ်၊ ဘာလို့လဲဆိုတော့ ဒီတစ်ခေါက် ကျင်းလင်းမှာ ကျောင်းသားလက်ခံရေး တာဝန်ယူခဲ့တဲ့သူက ငါတို့ ဒဿနိကဗေဒဌာနက ဆရာတစ်ယောက်ပဲလေ"

"မင်းက ကိုယ့်ဘာသာကိုယ် သင်ခန်းစာတွေ သတ်မှတ်ပြီး ကျောင်းကိုလည်း စိတ်ကြိုက် အဝင်အထွက် လုပ်ချင်တယ်လို့ မင်းရဲ့ လမ်းညွှန်ဆရာဆီက ကြားတယ်။ ကျောင်းမှာက သူ့စည်းကမ်းနဲ့သူ ရှိတာဆိုတော့ မင်းဘာသာမင်း အဲဒီလို ဆုံးဖြတ်ချက်ချတာက ကလေးကလား ဆန်လွန်းတယ်လို့ မထင်ဘူးလား"

မျက်လုံးတွေက စူးရှတောက်ပနေတဲ့ ဌာနမှူးရန်က လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ဆက်ပြောပါတယ်။ "ဒါပေမဲ့ မင်းကို ရှင်းပြဖို့ အခွင့်အရေးတစ်ခုတော့ ပေးမယ်၊ နားလည်လား"

ရန်ဟိုင်ဖုန်းက ယန်တတက္ကသိုလ်ရဲ့ ဒဿနိကဗေဒဌာနမှူးသာမက ကျင်းလင်းတက္ကသိုလ်က နာမည်ကြီး ဒေါက်တာဘွဲ့ရတစ်ဦးဖြစ်သလို 'ရန်ဇီမြစ်ဝှမ်း ပညာရှင်' လို့ တင်စားရတဲ့ ထူးချွန်ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ သူက စာသင်ကြားတဲ့နေရာ၌ ဘယ်တုန်းကမှ ပုံသေနည်းတွေအတိုင်း မလုပ်တတ်ချေ။

ယန်တတက္ကသိုလ်ရဲ့ ဒဿနိကဗေဒဌာနဟာ နှစ်တွေကြာလာတာနဲ့အမျှ တိုးတက်လာခဲ့ပြီး ထူးချွန်တဲ့ ပါရမီရှင်တွေလည်း အစဉ်အဆက် ပေါ်ထွက်ခဲ့သည်။

လင်းဖန်က ကျောင်းစတက်ကာစပဲ ရှိသေးပေမဲ့ ဌာနမှူးကတော့ သူ့ကို အခွင့်အရေးတစ်ခု ပေးချင်နေတုန်းပါပဲ။

"ဌာနမှူးခင်ဗျာ... ကျွန်တော်က ဖန်ထန်း အမည်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု ဖွင့်ထားတာမို့လို့ ပုံမှန်အတိုင်း အတန်းတက်ဖို့ အချိန်မပေးနိုင်လို့ပါ"

လို့ လင်းဖန် က အားနာသလို လက်ကာပြရင်း တဲ့တိုးပဲ ပြောလိုက်သည်။

ဒါကို ကြားလိုက်ရတဲ့အခါ ရန်ဟိုင်ဖုန်းရဲ့ မျက်လုံးတွေက အရောင်တောက်သွားသည်။ သူ မှတ်မိသလောက်ဆိုရင် လင်းဖန် ဟာ ဒီနှစ်မှ အသက် ၁၈ နှစ်ပဲ ရှိသေးပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ပြီးကာစပဲ ရှိပါသေးသည် မဟုတ်လော။

ဒီအရွယ်နဲ့ ကုမ္ပဏီတစ်ခု၊ အဲဒီထဲမှာမှ ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီတစ်ခု ဖွင့်ထားတယ်ဆိုတာက ယုံရခက်လွန်းနေသည်။

သူဟာ ရှေ့က လူငယ်လေးကို အကြာကြီး ငေးကြည့်နေမိပြီးမှ သတိပြန်ဝင်လာပြီး ဖုန်းထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

"ဟဲလို ဝမ်ကြီး... ငါ တစ်ခုလောက် မေးပါရစေ။ မင်း ဖန်ထန်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအကြောင်း သိလား"

"ဖန်ထန်း ရင်းနှီးမြှုပ်နှံမှု ပါမောက္ခရန်ကြီးက ဘယ်တုန်းကနေစပြီး ငွေနံ့နံတဲ့ ဒီလိုအရာတွေကို စိတ်ဝင်စားသွားတာလဲ"

လို့ တစ်ဖက်က ပြန်မေးလာသည်။

ဖုန်းရဲ့ တစ်ဖက်ခြမ်းမှာတော့ ယန်တက္ကသိုလ် စီးပွားရေးစီမံခန့်ခွဲမှုကောလိပ်ရဲ့ ဘဏ္ဍာရေးဌာနမှူး ဝမ်ရိမင်က ဟာသလုပ်ပြီး ပြောနေခဲ့သည်။

ဒါကိုကြားတော့ ရန်ဟိုင်ဖုန်းက မျက်မှောင်ကြုတ်ပြီး အသံခပ်အုပ်အုပ်နဲ့ ပြောလိုက်သည်။

"မင်း မပြောဘူးဆိုရင် နောက်ခါ ဘဏ္ဍာရေးဌာနဘက်ကို လာမရှာနဲ့တော့၊ ငါ့ရဲ့ ဒဿနိကဗေဒဌာနကပဲ မင်းကို ကူညီပေးလိမ့်မယ်"

"အေးအေး၊ ပြောမယ် ပြောမယ်... ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုက ဒီနှစ် ဇူလိုင်လမှာ ကျင်းလင်းမှာ မှတ်ပုံတင်ခဲ့တာ။ ကုမ္ပဏီအသစ်ဆိုပေမဲ့ သူတို့ရဲ့ မှတ်တမ်းကတော့ အံ့မခန်းပဲ။ ဇူလိုင်လတုန်းကပဲ ရင်းနှီးငွေ ယွမ် ၁.၂ ဘီလီယံနဲ့ ပဲနို့ဈေးကွက်မှာ ကစားခဲ့ပြီး အမြတ်ငွေ ဘီလီယံ ၃၀ ကျော် ရခဲ့တာ"

"ဩဂုတ်လ အစောပိုင်းမှာတော့ ရေနံအနာဂတ် ဈေးကွက်ထဲ ဝင်သွားပြီး အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါး အမြတ်ထပ်ရခဲ့တယ်။ နောက်ဆုံးအကြိမ်ကတော့ မနေ့တစ်နေ့ကပဲ၊ နိုင်ငံတကာ ရွှေဈေး မကျခင်မှာ သူတို့ အချိန်မီ အရေးယူဆောင်ရွက်ခဲ့တယ်။ အမြတ်က ဘယ်လောက်လဲဆိုတာတော့ အတိအကျ မသိရသေးဘူး"

"ဟေ့... မင်းကို ဒီကုမ္ပဏီအကြောင်း ဘယ်သူပြောတာလဲ ဖန်ထန်း အကြောင်းကို လူအများကြီး မသိကြသေးဘူးလေ... တူ"

ဝမ်ရိမင် စကားမဆုံးခင်မှာပဲ ရန်ဟိုင်ဖုန်းက ဖုန်းချလိုက်သည်။

အဲဒီအချိန်မှာ သူက လင်းဖန် ကို ကြောင်အမ်းအမ်းနဲ့ ကြည့်နေမိသည်။ ဒီကောင်လေးကတော့ နတ်ဘုရား ဖြစ်တော့မှာပဲ။ ပဲနို့နဲ့ ရေနံ အရောင်းအဝယ် နှစ်ခုတည်းနဲ့တင် သူရလိုက်တဲ့ အမြတ်က ယွမ် ၁၀ ဘီလီယံမက။

(မှတ်ချက်။ ။ စာသားထဲတွင် ဒေါ်လာ ၆ ဘီလီယံဟု ဖော်ပြထားရာ ယွမ်ငွေဖြင့်တွက်လျှင် အလွန်များပြားသည်ကို ဆိုလိုခြင်းဖြစ်သည်)

၂၀၁၈ ခုနှစ် ဖော့ဘ်စ်အပြင် တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းမှာ တာ့လီကို ပိုင်ဆိုင်တဲ့ ရှုရှီးဟွေမိသားစုဟာ အသားတင်ပိုင်ဆိုင်မှု ၆၂.၇၉ ဘီလီယံနဲ့ အဆင့် ၁၆ မှာ ရှိနေတာပါ။

တစ်နည်းအားဖြင့် ပြောရရင် လင်းဖန် ရဲ့ လက်ရှိပိုင်ဆိုင်မှုဟာ ရှုရှီးဟွေ မိသားစုကို ကျော်လွန်သွားပြီး နိုင်ငံလုံးဆိုင်ရာ အချမ်းသာဆုံးစာရင်းမှာ ထိပ်တန်း ၁၆ ယောက်ထဲ ပါဝင်သွားပြီ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို ယုံနိုင်စရာ မရှိချေ။

ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုက တကယ်ရှိမရှိဆိုတာကိုတော့ ရန်ဟိုင်ဖုန်းက လုံးဝ သံသယမရှိခဲ့။ ဘာလို့လဲဆိုတော့ ဒီလိုအရာမျိုးက ရှာကြည့်လိုက်ရင် အလွယ်လေး သိနိုင်တာမို့ လင်းဖန် အနေနဲ့ ကုမ္ပဏီပိုင်ရှင်က ဘယ်သူလဲဆိုတာကို လိမ်ပြောစရာ အကြောင်းမရှိလို့ပါပဲ။

ဒါ့အပြင် ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုကို ဇူလိုင်လမှာ မှတ်ပုံတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးဆုံးချိန်နဲ့ တိုက်ဆိုင်နေသည်။ မနေ့တစ်နေ့ကမှ နိုင်ငံတကာ ရွှေဈေးကွက်မှာ အရောင်းအဝယ် လုပ်ခဲ့တာဖြစ်ပြီး လင်းဖန် ကလည်း မနေ့ကမှ ကျင်းလင်းကနေ ယန်ကျင်းကို ရောက်လာတာပါ။

အချက်အလက်အားလုံးက ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုနဲ့ လင်းဖန်တို့က နီးကပ်စွာ ပတ်သက်နေတယ်ဆိုတာကို ပြနေသည်။

ဒီသတင်းသာ ပျံ့နှံ့သွားမယ်ဆိုရင် လင်းဖန်က တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင်တွေထဲမှာ အသက်အငယ်ဆုံးသူ ဖြစ်လာမှာ အသေအချာပါပဲ။ ပြီးတော့ သူ့ရဲ့ အဆင့်အတန်းကလည်း တော်တော်လေး မြင့်မားနေမှာပါ။

All Chapters