ဌာနမှူးဆီမှ ခွင့်ပြုချက်ရပြီ
Vol. 5 Ch. 47
ဒဿနိကဗေဒဌာနက ကျောင်းသားသစ်တစ်ယောက် စာရေးဆရာ ဒါမှမဟုတ် ပညာရှင်တစ်ယောက် ဖြစ်မလာဘဲ နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လာတယ်ဆိုတာ ထူးဆန်းလှသည်။
ဒဿနိကဗေဒဌာန ဥက္ကဋ္ဌ ရန်ဟိုင်ဖုန်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာသည်။ လင်းဖန်က သူတို့ဌာနရဲ့ ထူးခြားပြီး အံ့ဩဖို့ကောင်းတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်သည် မဟုတ်လား။
"မင်းရဲ့ အချက်အလက်တွေကို ငါ အကြမ်းဖျင်း နားလည်ပါပြီ။ ဒါပေမဲ့ ဘယ်တက္ကသိုလ်မှာမဆို ဘာသာရပ်တွေကို ကိုယ့်စိတ်ကြိုက် လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဒါကိုကြားတော့ လင်းဖန် က တစ်ခုခုပြောဖို့ ပြင်လိုက်ပေမဲ့ ရန်ဟိုင်ဖုန်းရဲ့ လက်ဟန်နဲ့ တားလိုက်တာကို ခံလိုက်ရသည်။
"မပြောနဲ့ဦး၊ ငါပြောတာ အရင်နားထောင်"
"ကျောင်းသားတွေ ကိုယ်ပိုင်စီးပွားရေး လုပ်ဆောင်မှုအပေါ် ထားရှိတဲ့ ကျောင်းရဲ့ မူဝါဒနဲ့ မင်းရဲ့ လက်ရှိအခြေအနေအရ... မင်းကို အတန်းတက်စရာမလိုဘဲ ကင်းလွတ်ခွင့်ပေးဖို့ ငါ ဆုံးဖြတ်လိုက်တယ်။ မူအားဖြင့်တော့ စာမေးပွဲအောင်မြင်မယ်ဆိုရင် ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူခွင့် ပြုမယ်"
"ဒီနေရာမှာ မင်းနားလည်ထားရမှာက စာမေးပွဲကျခဲ့ရင်တော့ ကျောင်းက ပုံမှန်အတိုင်း ဘွဲ့ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဌာနမှူး ရန်ဟိုင်ဖုန်းရဲ့ အကြည့်ကို ရင်ဆိုင်ရင်း လင်းဖန်က ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ဌာနမှူး စိတ်မပူပါနဲ့၊ နောက်ဆုံးစာမေးပွဲမှာ ဘာသာရပ်တိုင်းကို အမှတ်အများဆုံး (ပထမ) ရအောင် ယူမယ်လို့ ကျွန်တော် ကတိပေးပါတယ်"
တကယ်တော့ ဒဿနိကဗေဒဌာနက သူ့အပေါ် အခုလို လိုက်လျောညီထွေရှိလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
အတန်းမတက်ဘဲ ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူတယ်ဆိုတာ ယန်တတက္ကသိုလ် သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မရှိခဲ့။
ဒါကြောင့်လည်း လင်းဖန် ရဲ့ စိတ်ထဲမှာ ယန်တရဲ့ ဒဿနိကဗေဒဌာနအပေါ် အသိအမှတ်ပြုမှုနဲ့ သံယောဇဉ်တွေ အများကြီး ဖြစ်ပေါ်လာမိသည်။
ရန်ဟိုင်ဖုန်းက ခေါင်းညိတ်ပြီး ပြုံးလျက် ပြောလိုက်သည်။
"အခု စီးပွားရေးအကြောင်း ပြောလို့ပြီးပြီဆိုတော့ ငါတို့ စကားစမြည်လေး ပြောရအောင်လား ကောလိပ်ဝင်ခွင့်မှာ အမှတ်အများဆုံးရခဲ့တဲ့ မင်းအကြောင်း ငါ သိချင်တာတွေ အများကြီး ရှိသေးတယ်"
"ဌာနမှူး မေးပါခင်ဗျာ၊ ကျွန်တော် သိသမျှ အကုန်လုံးကို အတည်အတကျ ဖြေကြားပေးပါ့မယ်"
လို့ လင်းဖန် က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
ဒီလို တည်ကြည်တဲ့ အမူအရာကြောင့် ရန်ဟိုင်ဖုန်းဟာ အော်ဟစ်ပြီး ရယ်မောလိုက်တော့သည်။
-"ဟားဟားဟား! အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ ငါ အဓိက မေးချင်တာက... ဒီလောက် ငွေအမြောက်အမြား ရှာပြီးတဲ့နောက် မင်းမှာ အနာဂတ်အတွက် ဘာအစီအစဉ်တွေ ရှိလဲ ဆက်ပြီး ရင်းနှီးမြှုပ်နှံသွားမှာလား ဒါမှမဟုတ် တခြား စိတ်ကူးတွေ ရှိသေးလား"
လင်းဖန်လို ထူးခြားတဲ့ ကျောင်းသားတစ်ယောက်အတွက်တော့ သူ့အကြောင်းကို သိတဲ့သူတိုင်းဟာ စူးစမ်းလိုစိတ်တွေ ရှိလာကြမှာ အသေအချာပါပဲ။
အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ အထက်တန်းအောင်ခါစ လူငယ်လေးတစ်ယောက်က အနာဂတ်ဈေးကွက်မှာ ယွမ် ၆၀ ဘီလီယံကျော်လောက်အထိ ချမ်းသာကြွယ်ဝအောင် လုပ်နိုင်တယ်ဆိုတာ ဘယ်သူကမှ လျစ်လျူမရှုနိုင်တဲ့ အချက်ပဲလေ။
"ဌာနမှူးကို မဖုံးကွယ်ပါဘူး..."
ခဏလောက် စဉ်းစားပြီးနောက် လင်းဖန် က ပြောလိုက်သည်။
"ငွေကြေးဆိုတာ အရာအားလုံးရဲ့ အခြေခံအုတ်မြစ်ပါ။ ကျွန်တော့်နိုင်ငံရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် တစ်ခုခုကို လုပ်ချင်လို့ ဖန်ထန်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို ဖွင့်ခဲ့တာပါ"
"နောင်အနာဂတ်မှာလည်း ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုကနေ တခြားသော လုပ်ငန်းတွေထဲကို အရင်းအနှီးတွေ ဆက်ပြီး ထည့်ဝင်သွားမှာပါ ဒါပေမဲ့ အဓိက အာရုံစိုက်မှုကိုတော့ စက်မှုလုပ်ငန်းဘက်ကို ပြောင်းလဲထားပါတယ် စကားပုံတစ်ခု ရှိသလိုပေါ့... စက်မှုလုပ်ငန်း ထွန်းကားမှ တိုင်းပြည် ဖွံ့ဖြိုးမှာပါ သူဌေးတစ်ယောက် ဖြစ်ရတာထက်စာရင် ကျွန်တော်က လုပ်ငန်းရှင် တစ်ယောက်ပဲ ဖြစ်ချင်ပါတယ်"
ဒါကို ကြားလိုက်ရတဲ့အခါမှာတော့ ရန်ဟိုင်ဖုန်းရဲ့ မျက်လုံးတွေထဲမှာ ချီးကျူးဂုဏ်ပြုတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။ ဒီလောက် အသက်အရွယ်လေးနဲ့ ဒီလောက် ချမ်းသာနေတာတောင် စည်းစိမ်ခံဖို့၊ ကားအကောင်းစားတွေ ဝယ်စီးဖို့၊ တိုက်ကြီးတွေနဲ့ နေပြီး ကမ္ဘာပတ်ဖို့ အရင်မစဉ်းစားခဲ့။
အဲဒီအစား သူ့ရဲ့ဘဝကို တိုင်းပြည် တိုးတက်ဖို့အတွက်ပဲ မြှုပ်နှံဖို့ စဉ်းစားနေသည်။ ဒီလို စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာမျိုးက တကယ့်ကို ရှားပါးပေသည်။
"ကောင်းပြီ၊ မင်းမှာ ဦးတည်ချက် ရှိနေပြီဆိုတော့ အကောင်အထည်ဖော်လိုက်ပါ ငါတို့ ဒဿနိကဗေဒဌာနနဲ့ ယန်ကျင်းတက္ကသိုလ် တစ်ခုလုံးက မင်းရဲ့ ခိုင်မာတဲ့ နောက်ခံတောင်ကြီး ဖြစ်ပေးမယ် လိုအပ်တာရှိရင် အချိန်မီပြောပါ ငါကိုယ်တိုင် မလုပ်ပေးနိုင်ရင်တောင် ကျောင်းအုပ်ကြီးဆီကို ငါကိုယ်တိုင် ဖုန်းဆက်ပေးမယ်"
ဒီလို အားတက်စရာ စကားလုံးတွေကြောင့် လင်းဖန်က ပိုပြီးတော့တောင် စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့ ဌာနမှူး၊ ဌာနမှူးရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော် အကောင်းဆုံး အကောင်အထည်ဖော်ပါ့မယ်"
ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ရှင်းမုန်တက္ကသိုလ် တောင် ယန်အန်းတက္ကသိုလ်ကို အနည်းငယ် မမီချေ။
ဒဿနိကဗေဒဌာနမှူး ရန်ဟိုင်ဖုန်းရဲ့ ဒီနေ့ပြောစကားတွေက လင်းဖန် ကို အပြည့်အဝ ထောက်ခံပေးလိုက်တာပဲ ဖြစ်သည်။
နောင်အနာဂတ်၌ တစ်ယောက်ယောက်ကသာ လင်းဖန်ကို ပြဿနာရှာဖို့ လုပ်လာမယ်ဆိုရင် ယန်တတက္ကသိုလ်ကတော့ အဲဒီလူကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ပေ။
လင်းဖန်ရဲ့ လက်ရှိအင်အားက ဘယ်သူ့ကိုမှ ကြောက်စရာမလိုပေမဲ့ တစ်ခါတစ်ရံမှာ နောက်ခံအင်အားဆိုတာ လူတစ်ယောက် တိုးတက်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်လိုအပ်သေးသည်ယ
လက်ရှိ လုံထန်းအုပ်စုမှာ နီဗားနား လို့ခေါ်တဲ့ စီမံကိန်းကို ဖော်ဆောင်ဖို့ ကြိုးစားနေသည်။
နောင်အနာဂတ်၌ လုံထန်းအုပ်စုက မိုဘိုင်းဖုန်းဈေးကွက်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ပြီး ကွန်ပျူတာနဲ့ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းတွေထဲ ဝင်ရောက်လာတဲ့အချိန် ယခုထက်ပိုတဲ့ သုတေသီတွေ လိုအပ်လာမှာပါ။
အရင်တုန်းကတော့ သူဟာ တစ်နိုင်ငံလုံးက တက္ကသိုလ်တွေမှာ ထူးချွန်သူတွေကို စုဆောင်းဖို့ စဉ်းစားခဲ့ပေမဲ့ သူကိုယ်တိုင်က လူသိမခံဘဲ နေချင်တာကြောင့် စည်းရုံးဖို့ ခက်ခဲခဲ့သည်။
ဒါပေမဲ့ အခုတော့ မတူတော့။ ရန်ဟိုင်ဖုန်းရဲ့ စကားတွေကြောင့် အနည်းဆုံးတော့ ယန်တက ထူးချွန်တဲ့ ပညာရှင်တွေဟာ တခြားကို ထွက်သွားစရာ မလိုတော့ပါဘူး။
"ကောင်းပြီ၊ မင်း လမ်းညွှန်ဆရာဆီကိုသွားပြီး လျှောက်လွှာပုံစံ ဖြည့်လိုက်၊ ပြီးမှ ငါ့ဆီ ပြန်လာပေး ဒီနေ့ကစပြီး မင်းက နောက်ဆုံးစာမေးပွဲဖြေဖို့ ကျောင်းပြန်လာရုံပဲ လိုတော့တယ် ကျန်တဲ့အချိန်တွေကိုတော့ မင်းဘာသာမင်း စီစဉ်နိုင်ပါတယ်"
ဒဿနိကဗေဒဌာန ဥက္ကဋ္ဌ ရန်ဟိုင်ဖုန်းက လက်ဝေ့ယမ်းရင်း ပြောလိုက်သည်။
"ဒါနဲ့ အဆောင်ကိစ္စအတွက်လည်း လမ်းညွှန်ဆရာကို မှတ်ချက်တစ်ခု ရေးခိုင်းလိုက်မယ် မင်း ယန်တကို ခဏခဏ ပြန်လာနေနိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်လေ"
လင်းဖန် ရဲ့ အခြေအနေအရပ်ရပ်ကို သိပြီးတဲ့နောက်မှာတော့ သူဟာ ဒီလို သေးငယ်တဲ့ ကိစ္စရပ်တွေကို အတားအဆီး မလုပ်တော့ချေ။
အတန်းတက်စရာ မလိုတဲ့ အခွင့်အရေးတောင် ပေးထားတာပဲ၊ အဆောင်မှာ နေစရာ မလိုတဲ့ အခွင့်အရေးကိုကော သူ ဂရုစိုက်နေဦးမှာလား
အစွမ်းကုန် ကူညီပေးမယ်ဆိုတဲ့ သဘောနဲ့ အားလုံးကို တစ်ခါတည်း ဖြေရှင်းပေးလိုက်တာပါ။
"ဟုတ်ကဲ့"
လင်းဖန်က ပြုံးလျက် လမ်းညွှန်ဆရာဆီကို လျှောက်လွှာဖြည့်ဖို့ အမြန်သွားလိုက်တော့သည်။