Chapters

မှင်သက်သွားကြသည့် ပွဲတက်ပရိတ်သက်များ

Vol. 5 Ch. 49

မှင်သက်သွားကြသည့် ပွဲတက်ပရိတ်သက်များ

Vol. 5 Ch. 49

ဤသတင်းက သတင်းစာရှင်းလင်းပွဲတစ်ခုလုံးကို ဗုံးတစ်လုံးကဲ့သို့ အုံးအုံးကြွက်ကြွက် ဖြစ်သွားစေခဲ့သည်။

ခေတ္တခဏမျှ လူတိုင်း မှင်သက်သွားကြပြီး ဘာတုံ့ပြန်ရမှန်းပင် မသိဖြစ်နေကြသည်။

လူတိုင်းက မျက်နှာပြင်ကြီးပေါ်ရှိ စာလုံးကြီးနှစ်လုံးကိုသာ ငေးကြည့်နေမိကြသည်။

"ပြည်တွင်းဖြစ် စမတ်ဖုန်း Operating System အစအဆုံး ကိုယ်ပိုင်နည်းပညာနဲ့ ဖန်တီးထားတာလား"

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ စင်ပေါ်ရှိ ကျန်းဖုန်းက စကားပြောပြီးနောက် တည်ငြိမ်တဲ့အပြုံးတစ်ခုဖြင့် ပရိသတ်ကို ရင်ဆိုင်နေသည်။

မိနစ်အနည်းငယ်အကြာတွင်မှ လူတိုင်း သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားသွားကြသည်။

တရုတ်နိုင်ငံကဲ့သို့ နိုင်ငံကြီးတစ်ခုတွင် ယခင်က ပြည်တွင်းဖြစ်ဟု သတ်မှတ်နိုင်သော စနစ်မှာ Ali မှ ထုတ်လုပ်သည့် YUNOS တစ်ခုတည်းသာ ရှိခဲ့ဖူးသည်။

၎င်းမှာ Linux ကို အခြေခံထားပြီး Cloud စနစ်ကို အဓိကထားသော OS ဖြစ်သည်။ သို့သော် YUNOS သည် သုံးစွဲသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိသဖြင့် ပြည်တွင်း၌ အောင်မြင်မှုမရရှိခဲ့ပေ။

ယခု လုံထန်းမှ ထုတ်လုပ်လိုက်သည့် တန်ရွမ်စနစ်ကမူ ထိုအရာများနှင့် လုံးဝမတူပေ။

သတင်းထောက်များမှာ သတင်းထူးကို လက်လွတ်မခံစေရန် ၎င်းတို့၏ အသံဖမ်းစက်များကို အမြန်ဖွင့်လိုက်ကြသည်။

ကင်မရာများနှင့် ဖုန်းများအားလုံးက စင်ပေါ်ရှိ မျက်နှာပြင်ကြီးဆီသို့သာ ဦးတည်နေကြသည်။

ကျန်းဖန်က ဆက်လက်၍

"တန်ရွမ်က Linux ဒါမှမဟုတ် Android ကို အခြေခံထားတဲ့ စနစ်တစ်ခုမဟုတ်ပါဘူး ဒီဇိုင်းကစလို့ Architecture အထိ လုံးဝလွတ်လပ်တဲ့ ကိုယ်ပိုင်ဖန်တီးမှု ဖြစ်ပါတယ် လက်ရှိစျေးကွက်မှာ ဒါနဲ့ဆင်တူတဲ့ ထုတ်ကုန်မျိုး လုံးဝမရှိသေးပါဘူး"

ဟု ပြောလိုက်သည်။

ထိုအချိန်တွင် မျက်နှာပြင်ကြီးပေါ်၌ ဖုန်းရဲ့ အသုံးပြုပုံစနစ်ပေါ်လာသည်။ ၎င်းရဲ့ ပုံစံနှင့် လုပ်ဆောင်ချက်များက လူတိုင်းအတွက် ထူးဆန်းပြီး ဆန်းသစ်နေသည်။

ကျန်းဖန်က ထူးဆန်းသော အပြုံးတစ်ခုဖြင့်

"ကျွန်တော့်ရဲ့သူဌေးက ပြောပါတယ်။ ဒီတစ်ခါတော့ တရုတ်နိုင်ငံဟာ သူများဆီက ကူးချတာမျိုး လုံးဝမလုပ်ထားပါဘူးတဲ့"

ဟု ပြောလိုက်ရာ ပရိသတ်များမှာ ရယ်မောကုန်ကြသည်။

အမှန်တကယ်တွင် တရုတ်နိုင်ငံသည် ကူးချတတ်သည်ဟု နာမည်ကြီးနေသဖြင့် ထိုစကားမှာ လူတိုင်းကို ရယ်မောစေခြင်းဖြစ်သည်။

သို့သော် ကျန်းဖန်က ဆက်လက်၍

"တန်ရွမ် စနစ်အတွက် ကျွန်တော်တို့က ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်အားလုံးကို မှတ်ပုံတင်ထားပြီးသား ဖြစ်ပါတယ်"

ဟု ပြောကာ မျက်နှာပြင်ပေါ်တွင် မူပိုင်ခွင့်စာရင်းများကို ပြသလိုက်သည့် အခါမှာတော့ လူတိုင်းရဲ့ အပြုံးများ အေးခဲသွားရသည်။

ကျွမ်းကျင်သူအချို့က ၎င်းတို့၏ ဖုန်းများဖြင့် ထိုမူပိုင်ခွင့်ကုဒ်များကို ချက်ချင်းစစ်ဆေးကြည့်ရာ အံ့အားသင့်စရာကောင်းလောက်အောင် မှန်ကန်နေသည်။ လုံထန်းတွင် မူပိုင်ခွင့်ပေါင်း သောင်းနှင့်ချီ ရှိနေပြီး လူအများ တစ်ခါမှပင် မကြားဖူးသော နည်းပညာများစွာ ပါဝင်နေသည်။

ထိုမူပိုင်ခွင့်များ မှတ်ပုံတင်ရန်အတွက်ပင် ဒေါ်လာသန်းနှင့်ချီ အကုန်အကျခံထားပုံရသည်။

ကျန်းဖန်က နောက်ဆုံးအချက်နှစ်ချက်ကို ထပ်မံရှင်းပြသည်။

• တန်ရွမ်စနစ်သည် Semi-closed တစ်ပိုင်းတစ်စ ပိတ်ထားသောစနစ်ဖြစ်သည်။

• လုံထန်းဂရုက တန်ရွမ်စနစ်သုံး ကိုယ်ပိုင်စမတ်ဖုန်းများကိုပါ ထုတ်လုပ်နေပြီဖြစ်သည်။

လက်ရှိ၌ Android သည် အဖွင့်စနစ်ဖြစ်သော်လည်း လုံခြုံရေးအားနည်းပြီး၊ Apple ၏ iOS မှာ အပိတ်စနစ်ဖြစ်သဖြင့် အခြား App များနှင့် လိုက်လျောညီထွေဖြစ်ရန် ခက်ခဲသည်။

လင်းဖန် ရွေးချယ်လိုက်သည့် စနစ်မှာမူ ကုမ္ပဏီ၏ ခွင့်ပြုချက်ရလျှင် App များ ထည့်သွင်းနိုင်သဖြင့် လုံခြုံရေးလည်း စိတ်ချရပြီး စနစ်တကျလည်း ရှိစေမည်ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲအပြီး၌ လူတိုင်းမှာ မေးခွန်းမေးခွင့်ပင် မရလိုက်ဘဲ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။

တစ်ဖက်တွင်မူ လူမသိအောင် တိတ်တဆိတ် ထွက်ခွာသွားသည့် လင်းဖန် နှင့် မိုရှင်းယာတို့ ရှိနေသည်။

ဤပွဲရဲ့ နောက်ကွယ်မှ အစစ်အမှန် ခေါင်းဆောင်မှာ လင်းဖန်ပင် ဖြစ်သည်။

သူရဲ့ ရည်မှန်းချက်မှာ အားလုံးအတူတူ အကျိုးအမြတ်ရရှိရန်နှင့် နည်းပညာလောကကို တော်လှန်ရန်ပင် ဖြစ်သည်။