Chapters

လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာကြပြီ

Vol. 5 Ch. 50

လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာကြပြီ

Vol. 5 Ch. 50

လုံထန်အုပ်စုက ဦးစီးကျင်းပတဲ့ ပွဲအခမ်းအနား ပြီးဆုံးသွားတဲ့အခါမှာတော့ သတင်းထောက်တွေနဲ့ ပညာရှင်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

မျက်နှာပေါ်မှာတော့ အေးဆေးတည်ငြိမ်နေပုံရပြီး အတွင်းထဲ၌ မုန်တိုင်းထန်နေသည်။

စစ်ပွဲတစ်ခုရဲ့ အငွေ့အသက်တွေ စတင်နေပြီး တန်ရွမ်စနစ်က အဲ့ဒီစစ်ပွဲရဲ့ မီးစပွား ဖြစ်လာခဲ့သည်။

ပြည်တွင်းဖြစ် စမတ်ဖုန်း Operating System နဲ့ ပြည်တွင်းမှာ နံပါတ် (၁) ဖြစ်တဲ့ ဖုန်းအမှတ်တံဆိပ်တို့ ပေါင်းစပ်လိုက်တဲ့ သတင်းဟာ လူအများကြားမှာ အကြီးအကျယ် ရေပန်းစားသွားခဲ့သည်။

ဘယ်မီဒီယာမဆို ဒီသတင်းကို အမြန်ဆုံး ဖော်ပြချင်နေခဲ့ကြသည်။

အွန်လိုင်းသတင်းများ အရင်ဆုံး ထွက်ပေါ်လာပြီး Penguin Portal နဲ့ Xinlang Portal တို့က လုံထန်းဂရုရဲ့ ပြည်တွင်းဖြစ် စနစ်အကြောင်းကို အလုအယက် ရေးသားလာသည်။

ရှန်ကျန်း ရုပ်သံလိုင်းကလည်း မမီမှာစိုး၍ထင် နေ့လယ်သတင်းမှာတင် ချက်ချင်း ထုတ်လွှင့်လာပြန်သည်။

"ဒီနေ့ မနက် ၁၀ နာရီမှာ ကျွန်ုပ်တို့မြို့ရဲ့ နာမည်ကျော် လုံထန်းဂရုက Atour S ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး၊ သူတို့ရဲ့ ကိုယ်ပိုင်ဖန်တီးထားတဲ့ တန်ရွမ် စမတ်ဖုန်းစနစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်..."

ရှန်ကျန်းတီဗီကို ကြည့်နေတဲ့သူတိုင်းဟာ အက်ပဲလ် နဲ့ အန်ဒရွိုက်ကို ယှဉ်ပြိုင်နိုင်တဲ့ ကုမ္ပဏီတစ်ခု တရုတ်နိုင်ငံမှာ ပေါ်ပေါက်လာပြီဆိုတာ သိသွားကြသည်။

အင်တာနက်ပေါ်မှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပြန်သည်။

တချို့က ပြည်တွင်းဖြစ်ကို အားပေးကြသလို၊ တချို့ကလည်း ဒါဟာ သူများဆီက ခိုးချထားတာဖြစ်နိုင်တယ်လို့ သံသယဝင်နေကြသေးသည်။

ဒီသတင်းက အင်တာနက် ကုမ္ပဏီကြီးတွေကိုပါ လှုပ်ခတ်သွားစေခဲ့သည်။

Baidu ဌာနချုပ်မှာတော့ CEO ဖြစ်သူ လီယန်ဟုန်တစ်ယောက် တည်ငြိမ်စွာပဲ ရှိနေသည်။

CTO ဖြစ်သူ ဝမ်ဟိုင်ဖုန်းကတော့ "Interface ပိုင်းက ကြည့်ရင် တန်ရွမ်က Apple ထက် မနိမ့်ပါဘူး။ ပိုထူးခြားတာက သူ့ရဲ့စနစ်တည်ဆောက်ပုံကို ကိုယ်ပိုင် Programming Language နဲ့ ရေးထားတာပါ ဘယ်သူမှ လိုဟာချက် ရှာမတွေ့သေးဘူး"

လို့ သုံးသပ်ပြလာသည်။

Baidu ရဲ့ CEO က

"လုံထန်အုပ်စုဆီကို လူလွှတ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ချက်ချင်း ဆွေးနွေးခိုင်းပါ"

လို့ အမိန့်ပေးလိုက်သည်။

Baidu သာမက Yi, Penguin, Ahri, 360 စတဲ့ ကုမ္ပဏီကြီးတွေ အားလုံးကလည်း ဒီအခွင့်အရေးကို အရယူဖို့ ပြင်ဆင်လာကြတော့သည်။

လုံထန်းအဆောက်အအုံရဲ့ အပေါ်ဆုံးထပ် ရုံးခန်းထဲမှာတော့ လင်းဖန် တစ်ယောက် စိတ်ကျေနပ်စွာ ပြုံးနေလေသည်။

ရလာဒ်များက သူတွက်ဆထားသည့်အတိုင်း ဖြစ်ပေါ်လာခဲ့ပြီး မကြာခင် စမတ်ဖုန်းစျေးကွက်အား ချုပ်ကိုင်နိုင်တော့မည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သည်။

"သူဌေး ကျွန်တော်တို့ အောင်မြင်ပြီ"

လို့ ကျန်းဖန်က ဝမ်းသာအားရ ပြောလာသည်။

လင်းဖန်က

"ဟုတ်တယ်၊ ဒီပွဲက မကြုံစဖူး အောင်မြင်ခဲ့တာပဲ။ 'Nirvana X' အတွက် အုတ်မြစ်ကောင်း ချနိုင်ခဲ့ပြီ။ အခု သုတေသနဌာနက အချက်အလက်တွေကို အချောသတ်ပြီးတာနဲ့ အမြောက်အမြား ထုတ်လုပ်ဖို့ပဲ ကျန်တော့တယ်။ ကျွန်တော်တို့ရဲ့ မုန်တိုင်းက တစ်နိုင်ငံလုံးတင်မက ကမ္ဘာအထိပါ တိုက်ခတ်တော့မှာပါ"

လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်သည်။

လင်းဖန်က ဒီစနစ်ကို ရဖို့အတွက် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရတာပါ။ အခုတော့ သူက စမတ်ဖုန်းလောကရဲ့ နောက်ဆုံး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဒါက အနာဂတ်ပြောင်းလဲမှုရဲ့ အစတစ်ခုမျှသာ ဖြစ်သေးသော်လည်း ပထမခြေလှမ်းက အရေးကြီးဆုံးဖြစ်ပြီး ကောင်မွန်သည့် အစခရီးက နောက်ထပ် ကောင်းမွန်သည့် လမ်းကြောင်းရှည်ကြီးအား ဖြစ်ပေါ်စေမည်မှာ မလွဲဧကန်ပင် မဟုတ်လော။

တရုတ်နိုင်ငံ၏ ထိပ်တန်းလိုအင်တစ်ခုဖြစ်သည့် နည်းပညာအားနည်းချက်များကို ဖြည့်ဆည်းရင်း တဖက်တွင်လည်း လင်းဖန်အနေဖြင့် ပို၍ ထူးကဲသာလွန်သည့် အခြားနည်းပညာများကိုလည်း ထပ်မံ ဖန်တီးရန် မစောင့်ဆိုင်းနိုင်တော့ချေ။