ကောင်းကင်နှင့် မြေကမ္ဘာကို ချေမှုန်းခြင်း
Vol. 27 Ch. 393
မိုင်တစ်ထောင် လှံတော်
ပိုင်မျိုးနွယ်စုသည် အဘက်ဘက်က သာလွန်နေသော်လည်း အခြေအနေမှာ စိတ်အေးရမည့် အနေအထားနှင့် များစွာ ဝေးကွာနေသေးသည်။
အကြောင်းမှာ အဆုံးအဖြတ်ပေးမည့် အရေးအကြီးဆုံး စစ်မြေပြင်မှာ ယခုအထိ အဖြေမထွက်သေးသောကြောင့် ဖြစ်သည်။
ဘုန်း
မြေပြင်ကြီး အက်ကွဲသွားသည်။
ကောင်းကင်ယံသည် တုန်ခါသွား၏။
ချီလင်းတပိုင်းသားရဲသည် ဟိန်းဟောက်လိုက်ရာ ၎င်း၏ အသံတွင် ရှေးဟောင်းသွေးမျိုးဆက်၏ ဖိအားနှင့် အကြွင်းမဲ့ အာဏာစက်များ ပါဝင်နေသည်။
မြေကမ္ဘာအင်မော်တယ်ကျင့်ကြံသူ သုံးဦးဖြစ်သည့် လီမျိုးနွယ်စု အကြီးအကဲ၊ ကျောက်မျိုးနွယ်စု အကြီးအကဲနှင့် အင်ပါယာ ဘိုးဘေးတို့ ရင်ဆိုင်နေရသော်လည်း ၎င်းမှာ မတုန်မလှုပ် ရပ်တည်နေဆဲ ဖြစ်သည်။
အမှန်စင်စစ်... ရုန်းကန်နေရသူများမှာ ထိုကျင့်ကြံသူ သုံးဦးသာ ဖြစ်သည်။
အပြန်အလှန် တိုက်ခိုက်မှုတိုင်းသည် စစ်မြေပြင်ကို တုန်ခါစေသော တုန်ခါမှုလှိုင်းများကို ထုတ်လွှတ်နေသည်။ အင်မော်တယ် နည်းဗျူဟာများသည် ၎င်း၏ အကြေးခွံများပေါ်တွင် အစအနပင် မကျန်ဘဲ ကွဲအက်ကုန်ကြသည်။
သွေးညှီနံ့များက လေထုထဲတွင် ပျံ့လွင့်နေ၏။
"သူက သိပ်သန်မာလွန်းတယ်”
ကျောက်မျိုးနွယ်စု အကြီးအကဲ ကျောက်ဝူကျင်းသည် နောက်သို့ ဆုတ်ခွာရင်း သွားကြိတ်ကာ ပြောလိုက်သည်။
မြေကမ္ဘာအင်မော်တယ်အဆင့် သုံးဦး ပူးပေါင်းထားသည့်တိုင် အသာစီးရရန် မလွယ်ကူလှပေ။
ချီလင်း၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုမှုများ တောက်လောင်နေသည်။
"ဒါက မင်းတို့ ပေးနိုင်တဲ့ အကောင်းဆုံး အစွမ်းပဲလား?"
၎င်း၏ အသံမှာ ရှေးဟောင်းဆန်ပြီး မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်လာသည်။
"မင်းတို့ ငါ့ကို စိတ်ပျက်စေတာပဲ။"
စကားဆုံးသည်နှင့် ချီလင်းတပိုင်းသာရရဲသည် နောက်သို့ အားယူလိုက်သည်။
၎င်း၏ ရင်ဘတ်အတွင်းတွင် အင်မော်တယ်ချီများ ပြင်းထန်စွာ သိပ်သည်းလာပြီး ရဲရဲနီသော ရွှေရောင်အလင်းတန်း လုံးကြီးတစ်ခုအဖြစ် စုစည်းသွားသည်။
ထို့နောက်
ဘုန်းးး
တိုက်ကွက်မှာ နတ်ဘုရားမြောက်မြားစွာ၏ အမြောက်ဆန်သဖွယ် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံကို ဖြတ်သန်းကာ မြေကမ္ဘာအင်မော်တယ် သုံးဦးထံသို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။
"ခုခံကြ”
လီကျန်းဟယ်က ပြောလိုက်သည်။
သုံးဦးသားသည် ချက်ချင်းပင် ခုခံရေးစစ်ဗျူဟာကို ဖော်ဆောင်လိုက်ပြီး အင်မော်တယ်ချီများကို အပြင်သို့ ထုတ်လွှတ်ကာ အစွမ်းကုန် တောင့်ခံလိုက်ကြသည်။
သို့သော်လည်း
ဖြောင်း
၎င်းတို့၏ ခုခံမှုများမှာ ကွဲအက်သွားသည်။
လီကျန်းဟုယ်၊ ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ်တို့မှာ သစ်ရွက်ခြောက်များကဲ့သို့ လွင့်စင်သွားကာ မိုင်ပေါင်းများစွာ ဝေးကွာသော မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကြသည်။
၎င်းတို့ ကျရောက်သည့် နေရာရှိ မြေပြင်မှာ အက်ကွဲသွား၏။
ဖုန်မှုန့်နှင့် ကျောက်ခဲများသည် ကောင်းကင်သို့ လွင့်တက်သွားသည်။
"တောက်”
လီကျန်းဟုယ်သည် အတင်းအကျပ် ပြန်လည်ထရပ်ရင်း ပြင်းထန်စွာ ချောင်းဆိုးလိုက်ရာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
သူ၏ လက်မောင်းသည် ထိန်းမနိုင်သိမ်းမရ တုန်ခါနေပြီး တိုက်ခိုက်မှုကို တိုက်ရိုက် ခုခံလိုက်ရခြင်းကြောင့် ကိုယ်တွင်းရှိ ချီများမှာလည်း ကမောက်ကမ ဖြစ်ကုန်သည်။
ယခုအထိပင် သူ၏ အကြောအခြင်များအတွင်း ထုံကျင်မှုများက ပျံ့နှံ့နေဆဲ ဖြစ်သည်။
(ဒီတစ်ချက်တည်းနဲ့တင်... ငါ့လက်မောင်းကို ကြေမွသွားစေလုနီးပါးပဲ။)
သူသည် တုန်ခါနေသော လက်မောင်းကို အတင်းအကျပ် ထိန်းချုပ်ရင်း သွားကို ကြိတ်လိုက်သည်။
အနီးအနားတွင် ကျောက်ဝူကျင်းသည် အသက်ကို ပြင်းပြင်းရှူရင်း ယိုင်တိုင်တိုင်ဖြင့် ပြန်ထလာကာ ယုရွှမ်းသယ်မှာမူ ၎င်း၏ဓားကို မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်စေပြီး အားပြုရပ်တည်ရင်း သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် တင်းမာခက်ထန်နေ၏။
လီကျန်းဟယ်သည် တောင်ကြီးတစ်လုံးပမာ မြင့်မားလှသော ချီလင်းထံသို့ အကြည့်ကို မြှင့်လိုက်သည်။
၎င်း၏ အကြေးခွံများသည် ပွန်းပဲ့ရာ တစ်ချက်ကလေးမျှ မရှိချေ။
ခြစ်ရာလေးတစ်ခုပင် မထင်ခဲ့ပေ
ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ ခါးသီးသော အတွေးတစ်ခု ပေါ်လာသည်။
(ဖြစ်နိုင်တာက... ငါ မိုကျွင်းကိုပဲ ရွေးချယ်ပြီး တိုက်ခိုက်ခဲ့သင့်တာ။)
မူလကမူ ဤရွေးချယ်မှုသည် ပို၍ ဘေးကင်းလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။
မိစ္ဆာကျင့်ကြံသူများ၏ အရှင်သခင်ကို တစ်ဦးတည်း ရင်ဆိုင်ရသည်ထက် အခြားသော မြေကမ္ဘာအင်မော်တယ် နှစ်ဦးနှင့် ပူးပေါင်းပြီး မိစ္ဆာသားရဲတစ်ကောင်ကို နှိမ်နင်းရသည်မှာ ပို၍ လွယ်ကူလိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုမူ?
ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းမှာ ရယ်ချင်စရာကောင်းလောက်အောင်ပင် နုနယ်လွန်းခဲ့ကြောင်း ခံစားနေရသည်။
စစ်မှန်သော ချီလင်း သွေးစစ်စစ် မဟုတ်သည့်တိုင်အောင် ဤမိစ္ဆာသားရဲသည် ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
၎င်းတို့၏ ပူးပေါင်းတိုက်ကွက်များမှာ ၎င်းအပေါ်တွင် အမှတ်အသားပင် မကျန်ခဲ့ချေ။
ထို့ပြင် ခုနက အမြောက်ဆန်သဖွယ် တိုက်ကွက်မှာလည်း ၎င်းတို့၏ အသက်ရှင်သန်နိုင်စွမ်း အားလုံးကို အသုံးချပြီးမှသာ ခက်ခဲစွာ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
လီကျန်းဟုယ်၏ အကြည့်များ မှောင်မဲ သွား၏။
(ဒီအတိုင်းသာ ဆက်သွားရင်... ငါ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။)
လီကျန်းဟုယ်သည် သူ၏ အသက်ရှူနှုန်းကို အတင်းအကျပ် ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်သည်။
သူသည် မြေကမ္ဘာအင်မော်တယ်တစ်ဦးဖြစ်သည်။
လီမျိုးနွယ်စု၏ အကြီးအကဲ တစ်ဦးလည်း ဖြစ်သည်။
ကောင်းကင်အင်ပါယာ၏ ထိပ်သီးနေရာတွင် နှစ်ပေါင်း ရာနှင့်ချီ၍ ရပ်တည်ခဲ့သူ ဖြစ်သည်။
သို့သော်လည်း အင်မော်တယ်အဆင့်သို့ တက်လှမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူ၏နှလုံးသားထဲတွင် အားကိုးရာမဲ့သည့် ခံစားချက်မျိုး စိမ့်ဝင်လာသည်။
"ငါတို့ သူ့ကို ထိပ်တိုက် မရင်ဆိုင်နိုင်တော့ဘူး" ယုရွှမ်သယ်က သူ၏ နှုတ်ခမ်းမှ သွေးများကို သုတ်ရင်း ခက်ထန်စွာ ပြောလိုက်သည်။
"သူ့ရဲ့ ခန္ဓာကိုယ်က သိပ်ကို သန်မာလွန်းတယ်”
ကျောက်ဝူကျင်းကလည်း ဖြူဖျော့သော မျက်နှာဖြင့် ခေါင်းညိတ်ထောက်ခံသည်။
"ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ တစ်ယောက်ပြီးတစ်ယောက် အင်အားကုန်ခမ်းပြီး ကျရှုံးသွားလိမ့်မယ်။"
လီကျန်းဟုယ် မျက်လုံးများက တင်းမာသွားသည်။
"ဒါဆိုရင် ငါတို့ နည်းဗျူဟာ ပြောင်းရမယ်။"
လီကျန်းဟုယ်က ဆက်ပြောသည်။
"ငါ့ရဲ့ လီမျိုးနွယ်စု ကျင့်စဉ်ပဲ"
သူက ဆိုသည်။
"ကောင်းကင်နှင့် မြေကမ္ဘာကို ချေမှုန်းမဲ့ မိုင်တစ်ထောင် လှံတော် ။ ဒါက ငါ့မှာရှိတဲ့ အစွမ်းအားလုံးနီးပါးကို လောင်မြိုက်စေမှာ ဖြစ်ပေမဲ့ တကယ်လို့ တည့်တည့်မတ်မတ်သာ ထိမှန်သွားရင်တော့ အဲဒီ ချီလင်းတောင်မှ အနာအဆာ မရှိဘဲ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
ကျောက်ဝူကျင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"အဲဒီ နည်းဗျူဟာက... မင်း တကယ်ပဲ သေချာလို့လား?"
ကျောက်ဝူကျင်းသည် လီကျန်းဟယ် ပြောနေသည့် နည်းဗျူဟာအကြောင်းကို သိရှိသည်။
၎င်းမှာ ကောင်းကင်အင်ပါယာ၏ ဖျက်ဆီးအား အကောင်းဆုံး နည်းဗျူဟာ ဖြစ်သော်လည်း အားဖြည့်ပြင်ဆင်ရန် အချိန်ယူရသည့် ချီပမာဏ အမြောက်အမြားလည်း လိုအပ်သောကြောင့် ဖြစ်သည်။
"ငါတို့မှာ ရွေးချယ်စရာ သိပ်မရှိတော့ဘူး"
လီကျန်းဟုယ်က ယုံကြည်မှုအပြည့်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
ထို့နောက်တွင်မူ မည်သည့် တွေဝေမှုမျှ မရှိတော့ချေ။
"ကျောက်ဝူကျင်း၊ ယုရွှမ်သယ်- မင်းတို့ သူ့ကို ဟန့်တားထားပေးကြ။ ငါ့ကို လာပြီး မနှောင့်ယှက်နိုင်အောင် လုပ်ထားပေး။ ငါ့အတွက် အချိန်နည်းနည်းပဲ ယူပေးကြပါ"
ကျောက်ဝူကျင်းသည် သူ၏ လက်နက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ယုရွှမ်သယ်၏ ဓားမှာလည်း မြှောက်လိုက်သည့်အခါ သာယာသော အသံတစ်ခု ထွက်ပေါ်လာ၏။
"သူ မင်းဆီကို ရောက်မလာစေရဘူး"
သုံးဦးသား တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
ကျောက်ဝူကျင်းသည် ထိပ်တိုက် တိုးဝင်သွားပြီး အင်မော်တယ်ချီများကို ပြင်းထန်စွာ ထုတ်လွှတ်ကာ နည်းဗျူဟာများကို မုန်တိုင်းသဖွယ် ဆက်တိုက် ပစ်လွှတ်လိုက်သည်။
တိုက်ကွက်တစ်ခုစီသည် ဒဏ်ရာရစေရန်ထက် ချီလင်း၏ အာရုံကို ဆွဲထားရန်သာ ရည်ရွယ်သည်။
ယုရွှမ်သယ်မှာလည်း နောက်မှ ကပ်လျက် လိုက်ပါလာပြီး သူ၏ ဓားသည် လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားကာ ချီလင်း ချဉ်းကပ်နိုင်မည့် လမ်းကြောင်းများကို ပိတ်ဆို့ပြီး ၎င်းကို တုံ့ပြန်မှုများ ပြုလုပ်လာစေရန် ဖိအားပေးလိုက်သည်။
၎င်းတို့ အံ့ဩသွားရသည်မှာ... ထိုနည်းလမ်းက အလုပ်ဖြစ်နေခြင်းပင်။
ချီလင်းသည် ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။
၎င်း၏ ကြီးမားလှသော လက်သည်းများသည် တိုက်ကွက်များကို ကာကွယ်နေသော်လည်း လှုပ်ရှားမှုများမှာ တိကျနေသော်လည်း တစ်စုံတစ်ခုကို ... ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေသည်။
ကျောက်ဝူကျင်း၏ မျက်လုံးများ အရောင်တောက်သွား၏။
(ဘာလို့ ဒါက လွယ်နေရတာလဲ?)
ချီလင်း၏ အကြည့်သည် လီကျန်းဟယ်ထံမှ
တစ်ချက်ကလေးမျှ မခွာပေ။
လီကျန်းဟယ် ခန္ဓာကိုယ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သိပ်သည်းလှသော ချီများ စုစည်းနေသည်ကို ၎င်းက တည်ငြိမ်စွာ စောင့်ကြည့်နေသည်။
(နောက်ထပ် နည်းနည်းလေးပဲ...)
လီကျန်းဟယ် နောက်ကွယ်တွင် ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ်တို့သည် ချီလင်းကို အဝေးတွင် ထားနိုင်ရန် အစွမ်းကုန် အားစိုက်ထုတ်ကာ တိုက်ခိုက်နေကြသည်။
သို့သော်လည်း ထိုသားရဲသည် ၎င်းတို့ကို ပြန်လည် ဖိအားပေးခြင်း မရှိသေးပေ။
၎င်းက အောင့်ခံနေရုံသာ ဖြစ်သည်။
ထို့နောက်
လီကျန်းဟယ် မျက်လုံးများ ပွင့်လာသည်။
"အခုပဲ”
သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ လက်ဖဝါးနှစ်ဖက်လုံးကို ချီလင်းထံသို့ ပစ်
လွှတ်လိုက်သည်။
"ကောင်းကင်နှင့် မြေကမ္ဘာကို ချေမှုန်းမည့် မိုင်တစ်ထောင် လှံတော်”
ထိုလှံတော်သည် တောက်ပပြီး ပြင်းထန်သော အလင်းတန်းများနှင့်အတူ စစ်မြေပြင်ကို ဖြတ်သန်းသွားသည့် ကြယ်တံခွန်တစ်ခုကဲ့သို့ ဆန့်ထွက်သွားသည်။
လီကျန်းဟယ် ပုံရိပ်သည် ဝေဝါးသွားပြီး သူ၏ ချီ အားလုံးမှာ ထိုတိုက်ကွက်တစ်ခုတည်းအတွင်းသို့ စီးဝင်သွားသည်။
တိုက်ကွက်သည် ချီလင်းသို့ တည့်တည့်မတ်မတ် ထိမှန်သွားလေတော့သည်။
ဘုန်းးးးးး
ပေါက်ကွဲမှုကြီးသည် ချီလင်းတစ်ကောင်လုံးကို ဝါးမြိုသွားလေသည်။ ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများသည် မိုင်ပေါင်းများစွာအတွင်းရှိ အရာအားလုံးကို ပြားပြားဝပ်သွားစေသည်။
ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ်တို့သည် နောက်သို့ လွင့်စင်သွားကြပြီး ပေါက်ကွဲမှု ဗဟိုချက်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း ဟန်ချက်ကို ခက်ခဲစွာ ပြန်လည်ထိန်းလိုက်ကြရသည်။
"ဟားဟား... ငါ့ကို အထင်သေးရင် ဘာဖြစ်မလဲဆိုတာ ဒါပဲ”
လီကျန်းဟယ်မှာမူ အောင်ပွဲခံရန် ပြင်ဆင်နေပြီဖြစ်သည်။ အကြောင်းမှာ သူ၏ တိုက်ကွက်သည် တည့်တည့်မတ်မတ် ထိမှန်သွားခဲ့ပြီး သူ၏ ချီ အမြောက်အမြားကိုလည်း အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။
ဖုန်လုံးကြီးများ လွင့်စင်သွားသောအခါ
ချီလင်းသည် ထိုနေရာ၌ပင် ရပ်မြဲအတိုင်း ရှိနေဆဲ။
၎င်း၏ ရင်ဘတ်ပေါ်ရှိ တိမ်မြုတ်သော ဒဏ်ရာတစ်ခုမှ သွေးများ တဖြည်းဖြည်း စီးကျလာသည်။
(ဒါပဲလား?)
လီကျန်းဟယ်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ဤတိုက်ကွက်သည် သူ၏ အစွမ်းကုန်၊ နောက်ဆုံး တိုက်ကွက် ဖြစ်သည်။
၎င်းသည် ချီလင်းကို အစအနမကျန် ပျောက်ကွယ်သွားစေသင့်သည် မဟုတ်ပါလော။
သို့သော် ဤမျှပြင်းထန်လှသော တိုက်ကွက်
သည် ချီလင်းတပိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာလေးတစ်ခုသာ ဖြစ်စေခဲ့သည်လား။
ချီလင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဒေါသကြောင့် မဟုတ်ဘဲ စိတ်ပျက်မှုကြောင့် ဖြစ်သည်။
"ငါ မင်းကို အခွင့်အရေး ပေးခဲ့တယ်" ၎င်းက တည်ငြိမ်စွာ ပြောလိုက်သည်။
၎င်း၏ အကြည့်က ထိုသုံးဦးလုံးအပေါ်သို့ ဝှေ့ယမ်းသွားသည်။
"ဒါပေမဲ့... မင်းတို့ဆီမှာ ရှိတာ ဒါအကုန်ပဲလား?"
ကျောက်ဝူကျင်း၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်။ ထိုအခိုက်အတန့်တွင် သိမြင်မှုတစ်ခုက လျှပ်စီးကဲ့သို့ သူ့ဦးနှောက်ကို ရိုက်ခတ်သွားလေသည်။
(သူက ခုနက ရုန်းကန်နေခဲ့တာ မဟုတ်ဘူး... သူက လီကျန်းဟယ်ကို နှောင့်ယှက်ဖို့ အစကတည်းက ရည်ရွယ်ချက် မရှိခဲ့တာ)
ချီလင်းသည် ခေါင်းကို မော့လိုက်သည်။လေထုထဲတွင် အော်ဟစ်သံများ ထွက်ပေါ်လာ၏။
အင်မော်တယ်ချီနှင့် သားရဲအစွမ်းများသည် ၎င်း၏ ရင်ဘတ်အတွင်း၌ ယခင်ကထက် ပိုမိုသိပ်သည်းပြီး ပြင်းထန်စွာ ပြန်လည်စုစည်းလာသည်။
လီကျန်းဟယ် မျက်ဆန်းများ ပြူးကျယ်သွားသည်။
"မဖြစ်နိုင်တာ—“
ချီလင်းက မှုတ်ထုတ်လိုက်သည်။
ဘုန်းးးးးး
အရာအားလုံးကို ချေမှုန်းမည့် အမြောက်ဆန်သဖွယ် အလင်းတန်းကြီး ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လီကျန်းဟယ်ကို တစ်ကိုယ်လုံး ဝါးမြိုသွားတော့သည်။
အော်ဟစ်သံပင် မထွက်နိုင်ခဲ့ပေ
ခုခံမှုလည်း မရှိခဲ့ပေ
လီကျန်းဟယ် ခန္ဓာကိုယ်မှာ ခဏချင်းအတွင်း ပျောက်ကွယ်သွားရသည်— အင်မော်တယ်ချီ၊ အသွေးအသားနှင့် ဝိညာဉ်တို့သည် တစ်သက်အတွင်းမှာပင် ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
ထိုအလင်းတန်းကြီးသည် ရှေ့သို့ ဆက်လက်ပြေးဝင်သွားပြီး မြေပြင်ကြီးကို လျှိုမြောင်ကြီးတစ်ခု ဖြစ်သွားစေသည်အထိ ထွင်းဖောက်သွားပြီးနောက်မှသာ ပျောက်ကွယ်သွားတော့သည်။
တစ်လောကလုံး တိတ်ဆိတ်သွား၏။
ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ်တို့သည် သွေးပျက်မတတ် ကြောက်လန့်တကြားဖြင့် ကျောက်ရုပ်ကဲ့သို့ အေးခဲနေကြသည်။ လီကျန်းဟုန်ရပ်နေခဲ့သည့်နေရာတွင်— ဘာတစ်ခုမှ မကျန်တော့ချေ။
ချီလင်းသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး အေးစက်သော လေသံဖြင့် ဆိုသည်။
"စိတ်ပျက်ဖို့ ကောင်းလိုက်တာ”
၎င်း၏ အကြည့်သည် ကျန်ရှိနေသော စစ်မြေပြင်ဆီသို့ လှည့်သွားသောအခါ
စစ်မှန်သော မျှော်လင့်ချက်မဲ့ခြင်းများက အမြစ်တွယ်သွားလေတော့သည်။