← Chapters

ပရိယာယ်သုံးစစ်ပွဲ

Vol. 27 Ch. 398

ပရိယာယ်သုံးစစ်ပွဲ

Vol. 27 Ch. 398

ပိုင်ရမ် မျှော်လင့်ထားသည့်အတိုင်းပင် ဤတိုက်ပွဲသည် ဖြောင့်မတ်သောကျင့်ကြံသူများ တောင့်တခဲ့ကြသလို ချီလင်းကို အသာစီးဖြင့် အနိုင်ယူနိုင်သည့် တိုက်ပွဲမျိုး ဖြစ်မလာခဲ့ပေ။

ယင်းအစား တိုက်ပွဲမှာ ကြာရှည်လာခဲ့သည်။

နှစ်ဖက်စလုံးသည် မဆင်မခြင် လှုပ်ရှား၍မရသော ပြင်းထန်ပြီး ပင်ပန်းဆင်းရဲလှသည့် အပြန်အလှန် တိုက်ခိုက်မှုကြီး ဖြစ်လာသည်။

ချီလင်းက ထပ်မံတိုက်ခိုက်လာပြန်သည်။

၎င်း၏ လှုပ်ရှားမှုများမှာ လွှမ်းမိုးမှုရှိနေဆဲပင် — ခြေလှမ်းတိုင်းသည် မြေပြင်ကို အက်ကွဲစေပြီး လက်ဝှေ့ယမ်းလိုက်တိုင်း တောင်တန်းများကို ဖြိုခွဲနိုင်လောက်သည့် စွမ်းအားများ ပါဝင်နေသည်။ သို့သော် ၎င်းသည် အရင်ကကဲ့သို့ အထိန်းအကွပ်မရှိသော အသာစီးဖြင့် ရှေ့သို့ မတိုးလာတော့ပေ။

၎င်း၏မျက်လုံးများသည် ပိုင်ရမ်၏ဓားထံမှ တစ်ဖန်မျှ မခွာတော့ချေ။

၎င်းထုတ်ဖော်လိုက်သော တိုက်ကွက်တိုင်းတွင် ပိုင်ရမ်၏ဓားနှင့် အထိမခံမိစေရန် ထိန်းချုပ်ထားမှုများ ပါဝင်နေသည်။

၎င်းသည် သူတော်စင်အဆင့်ဓား၏ တည့်တည့်ထိမှန်မှုကို ခံရမည်စိုးသဖြင့် အားကုန်

သုံး၍ တိုက်ခိုက်ခြင်းကို ရှောင်ကြဉ်နေသည်။

မည်သို့ပင်ဖြစ်စေ ၎င်း၏ဒဏ်ရာများမှာ ယခုထိ ပြန်မကောင်းသေးပေ။

အဘယ်ကြောင့်ဆိုသည်ကို နားမလည်သော်လည်း ဤဓားတွင် ၎င်း၏ ပြန်လည်ကုသနိုင်စွမ်းကို တားဆီးထားသည့် စွမ်းရည်တစ်ခုခု ရှိနေကြောင်း ၎င်းသိရှိသွားပြီဖြစ်သည်။

သို့သော်လည်း ချီလင်းသည် သူတို့သုံးဦးကို ဖိအားပေးထားနိုင်ဆဲပင်။

ဖိအားမှာ အလွန်ကြီးမားလှသည်။

သူတော်စင်အဆင့်ဓားနှင့်မဟာကောင်းကင်ဘုံအဆင့်လက်နက်များစွာ တပ်ဆင်ထားသည့်တိုင်အောင် သွယ်ဝိုက်သော တုန်ခါလှိုင်းများကို တားဆီးရုံမျှဖြင့် ပိုင်ရမ်၏ လက်မောင်းများနှင့် အကြောများဆီသို့ နာကျင်မှုများ စီးဆင်းသွားစေသည်။

သူသည် မိမိကိုယ်ကို တည်ငြိမ်အောင် အတင်းအကျပ် ထိန်းထားရင်း နှုတ်ခမ်းမှ သွေးများ ထပ်ခါထပ်ခါ စီးကျလာသည်။

သူ၏နောက်တွင်ရှိသော ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ်တို့မှာမူ ပို၍ပင် ဆိုးဝါးနေသည်။

သူတို့၏ အရှိန်အဝါများသည် ပြင်းထန်စွာ တုန်လှုပ်နေပြီး တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် ဒဏ်ရာများမှာ ပိုမိုနက်ရှိုင်းလာသည်။

ကျောက်ဝူကျင်းသည် မဟာကောင်းကင်ဘုံအဆင့် နည်းစနစ်များကို အကြိမ်ကြိမ် သုံးစွဲခဲ့ရသဖြင့် သူ၏ ချီများသည် ကုန်ခန်းလုနီးပါး ဖြစ်နေပြီဖြစ်ကာ ချီလင်းကို ခဏတာမျှ နှေးကွေးသွားစေရန် ဖိနှိပ်မှုအတတ်များကို အတင်းအကျပ် အားဖြည့်နေရသဖြင့် သူ၏မျက်နှာမှာ သေလုမတတ် ဖြူလျော့နေသည်။

ယုရွှမ်သယ်သည်လည်း သူ၏ မဟာကောင်းကင်ဘုံအဆင့် အကာအကွယ် လက်နက်အများစု ပျက်စီးသွားပြီဖြစ်၍ အစောပိုင်းကကဲ့သို့ တက်တက်ကြွကြွ မကူညီနိုင်တော့ပေ။

ပြင်းထန်သော တိုက်ကွက်တစ်ခုသာ ထပ်မံထိမှန်ပါက သူ သေသွားနိုင်သည်။ သို့သော်လည်း သူသည် ပိုင်ရမ်အား ကူညီပံ့ပိုးပေးနေခြင်းကိုမူ မရပ်တန့်ခဲ့ပေ။

သူတို့မှာ အပြင်းအထန် ခံစားနေကြရသည်။

သို့သော်လည်း ချီလင်းသည် ၎င်းရှိသင့်သည့် စွမ်းအားအတိုင်း သူတို့ကို အပြတ်အသတ် မနှိမ်နင်းနိုင်သေးပေ။

၎င်းရှေ့သို့ တိုးလာတိုင်း ပိုင်ရမ်က ထိုနေရာတွင် ရှိနေသည်။

သူတော်စင်အဆင့်ဓားသည် တိကျပြတ်သားပြီး မနားမနေသော ဓားချက်များဖြင့် အကြိမ်ကြိမ် လင်းလက်သွားသည်။

ဓားချက်အားလုံးက တည့်တည့်မထိမှန်သော်လည်း

ဓားသွားက အသားထဲသို့ နစ်ဝင်သွားသည့် အကြိမ်တိုင်းတွင်

ဒဏ်ရာက ကျန်ရစ်ခဲ့သည်။

ဒဏ်ရာအသေးအဖွဲများ စုပုံလာသည်။

မနက်ရှိုင်းသော အနာများသည် ပြန်လည်ပိတ်ရန် ငြင်းဆန်နေကြသည်။

ချီလင်းသည် ၎င်း၏ ချီများကို အတင်းအကျပ် လည်ပတ်စေကာ ပြန်လည်ကုသရန် ကြိုးစားသည့်တိုင်အောင် ဓားမှချန်ရစ်ခဲ့သော အမာရွတ်များက တားဆီးနေပြီး ၎င်း၏ခန္ဓာကိုယ်အတွင်း စွမ်းအင်စီးဆင်းမှုကို နှောင့်ယှက်နေသည်။

၎င်း၏ အသက်ရှူသံများ ပိုမိုလေးလံလာသည်။

တစ်ချိန်က ကျယ်ပြောပြီး အသက်ရှူကျပ်လောက်သော ၎င်း၏ အရှိန်အဝါမှာ တုန်လှုပ်လာခဲ့သည်။

ကျဆင်းလာမှုမှာ သိမ်မွေ့လှသော်လည်း

ငြင်းဆန်၍မရပေ။

ချီလင်းသည်လည်း ၎င်းကို သတိပြုမိသွားသည်။

ပြန်လည်ကုသမှု မအောင်မြင်သည့်အကြိမ်

တိုင်းတွင် ၎င်း၏မျက်နှာ အမူအရာသည် ပို၍ မှောင်မိုက်လာသည်။

ဒဏ်ရာတစ်ခုစီတိုင်းက ၎င်း၏အင်အားကို တဖြည်းဖြည်းချင်း ဆွဲချနေသည်။

တစ်ချိန်တည်းမှာပင် ပိုင်ရမ်သည်လည်း သူ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ လှုပ်ရှားမှုများ နှေးကွေးလာသည်။

သူ၏ လက်ချောင်းဆစ်များ ဖြူလာသည်အထိ ဓားကို တင်းတင်းဆုပ်ထားသည်။

လွှဲလိုက်သော ဓားချက်တိုင်းက သူ၏လက်မောင်းများကို တုန်ခါသွားစေသော်လည်း သူ မရပ်တန့်ခဲ့ပေ။

သူ မရပ်တန့်နိုင်ပေ

သူ ဓားကို ကိုင်ထားသရွေ့

ချီလင်းသည် လွတ်လပ်စွာ လှုပ်ရှားနိုင်မည် မဟုတ်ပေ။

၎င်းမှာ ချိန်ခွင်လျှာတစ်ခုပင်။

အလွန်ကျိုးလွယ်သော ချိန်ခွင်လျှာတစ်ခု။

စစ်မြေပြင်မှာ အင်အားကုန်ခမ်းစေသည့် စစ်ပွဲတစ်ခု ဖြစ်လာသည်။

ပိုင်ရမ်၏ အဖွဲ့မှာ ဒဏ်ရာဗရပွဖြင့် သွေးများစိုရွှဲကာ မနည်းတောင့်ခံနေရသည်။

သို့သော် ချီလင်းသည်လည်း မအောင်မြင်

နိုင်သော တည်ရှိမှု မဟုတ်တော့ပေ။

၎င်း၏ အင်အားမှာ တဖြည်းဖြည်း ကျဆင်းလာနေပြီဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် —

အချိန်မှာ ၎င်းဘက်တွင် မရှိတော့ပေ။

ပိုင်ရမ်နှင့် သူ၏အဖွဲ့သည် ချီလင်းကို ကိုင်တွယ်နေစဉ်၊ အလားတူပင် အရေးကြီးပြီး အဆုံးအဖြတ်ပေးမည့် တိုက်ပွဲတစ်ခုလည်း ဖြစ်ပွားနေသည်။

ချွမ် ချွမ်

"မင်းတို့ ပိုင်မျိုးနွယ်စုက ဒုက္ခပေးမယ့် လက်နက်တစ်ခုကို ရအောင်ယူထားနိုင်တာပဲ" မိစ္ဆာအရှင် မိုကျွင်းက ပြောလိုက်သည်။

အလွယ်တကူ အနိုင်ရလိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း အခြေအနေမှာ သူထင်ထားသည်ထက် ပို၍ခက်ခဲနေသည်။

ပထမဦးစွာ ပိုင်မျိုးနွယ်စု၏ အင်အားသည် ရှင်းပြ၍မရအောင် တိုးတက်လာခြင်းပင်

ယခုမူ သူတို့သည် ချီလင်းကို အမြဲတမ်း ဒဏ်ရာရစေနိုင်သည့် သူတော်စင်အဆင့်ဓားကိုတောင် ပိုင်ဆိုင်ထားကြချေပြီ။

၎င်းသည် သူ မျှော်လင့်ထားသလို အခြေအနေကောင်းတစ်ခု မဟုတ်တော့ပေ။

ပိုင်ချူက ရယ်မောလိုက်သည်။

၎င်းမှာ တည်ငြိမ်ပြီး အေးဆေးကာ ယုံကြည်မှုအပြည့်ရှိသော ရယ်မောသံဖြစ်သည်။

"ငါတို့ ပိုင်မျိုးနွယ်စုက ကောင်းချီးပေးခံရတယ်လို့ ပြောလို့ရတာပေါ့" ပိုင်ချူက မိစ္ဆာအရှင်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်

သည်။

ထို့နောက် သူက ဆက်လက်ပြော၏

"ဒါပေမဲ့ ငါ ပိုပြီး သိချင်တာက ဒါပဲ" သူက မိစ္ဆာအရှင် မိုကျွင်းဘက်သို့ အကြည့်ကို အပြည့်အဝလှည့်လိုက်ရင်း ပြောလိုက်သည်။

"မင်းက ချီလင်းနဲ့ ဘယ်လိုလုပ်ပြီး ပူးပေါင်းနိုင်ခဲ့တာလဲ?"

တိတ်ဆိတ်နေ၏

အောက်ဘက်မှ တိုက်ပွဲသံများသည် ထိုတိတ်ဆိတ်မှုကို ဖြည့်ဆည်းပေးနေသည်။

"မင်းလည်း သိပါတယ်" သူက တည်ငြိမ်သော်လည်း စူးရှသောလေသံဖြင့် ဆက်ပြောသည်။

"မင်း ဒီမှာ ဘယ်လိုပဲ အနိုင်ရပါစေ — ငါတို့ကို တကယ်ပဲ အမြစ်ပြတ်အောင် သုတ်သင်နိုင်ခဲ့ရင်တောင် — ပြီးရင် ဘာဖြစ်မှာလဲ?"

သူသည် ချီလင်းရှိရာဘက်သို့ သိမ်မွေ့စွာ ညွှန်ပြလိုက်သည်။

"မိစ္ဆာသားရဲတွေက အင်ပါယာတွေ မတည်ထောင်ဘူး။ သူတို့က နယ်မြေတွေကိုလည်း ခွဲဝေမပေးဘူး။"

သူ၏မျက်လုံးများက မိစ္ဆာအရှင်ကို စိုက်ကြည့်လိုက်သည်။

"နောက်ဆုံးမှာတော့၊ မင်းတို့ မိစ္ဆာကျင့်ကြံသူတွေလည်း အသတ်ခံရမှာပဲ”

လေထုမှာ ပို၍ လေးလံလာသည်။

သို့သော်လည်း မိုကျွင်းက ဘာမှမပြောပေ။

ပိုင်ချူက သရော်သလိုမျိုး အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။

"ဒါကြောင့် ငါ တကယ်ကို နားမလည်နိုင်တာ" သူက ပြောလိုက်သည်။

"မိစ္ဆာသားရဲတွေကို ဘာလို့ ကူညီပေးနေရတာလဲ?"

"..."

မိုကျွင်းသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြုံးလိုက်သည်။

"ပိုင်ချူ” သူက အေးဆေးနေသော်လည်း အကြွင်းမဲ့ ယုံကြည်ချက်အပြည့်ဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မင်း ဘာမှမသိပါဘူး။"

ပိုင်ချူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

မိုကျွင်းသည် သူ၏ အေးစက်ပြီး ခိုင်မာသော အကြည့်ဖြင့် ဆက်ပြောသည်။

"မင်း ဒီမှာ သေရလိမ့်မယ်" သူက ပြတ်သားစွာ ပြောလိုက်သည်။

"အဲဒီနောက်မှာ ငါက ကောင်းကင်အင်ပါယာကို ပြန်လည် တည်ထောင်မယ်။"

ထိုစကားလုံးများတွင် လေးနက်မှုရှိနေသည်။

ဒေါသကြောင့် မဟုတ်ပေ။

မျှော်လင့်ချက်မဲ့ခြင်းကြောင့်လည်း မဟုတ်ပေ။

သေချာရေရာမှုကြောင့်သာ ဖြစ်သည်။

ထို့နောက် မိုကျွင်းသည် အဝေးမှ စစ်မြေပြင်ဆီသို့ လှည့်ကြည့်လိုက်ကာ ထိုနေရာတွင် ပိုင်ရမ်၏ သူတော်စင်အဆင့်ဓားသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ် ဒဏ်ရာတစ်ခု ထပ်မံထွင်းထုလိုက်သဖြင့် ချီလင်းက ဟိန်းဟောင်းနေလေသည်။

"ဟွန့်”

သူက နှာခေါင်းရှုံ့လိုက်သည်။

"အဲဒီ သားရဲတွေအတွက်တော့" မိုကျွင်းသည် မထီမဲ့မြင်ပြုသလို ပြောလိုက်၏ "မင်း စိတ်ပူစရာမလိုပါဘူး။"

မိုကျွင်း၏ မျက်လုံးများမှာ မှိန်ဖျော့စွာ လင်းလက်သွားသည်။

"သူတို့က မင်းတို့ကို အကုန်သတ်ပြီးတာနဲ့" သူက ဆက်ပြောသည် - "ငါကိုယ်တိုင် သူတို့ကို ကိုင်တွယ်ဖြေရှင်းမှာပါ။"

ပိုင်ချူသည် သူ့ကို စိုက်ကြည့်နေမိပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ရိပ်ယောင်သွားသည်။

(သူတို့ကို... ကိုယ်တိုင် ကိုင်တွယ်မယ် ဟုတ်လား?)

သူ၏အကြည့်မှာ ဗီဇအရ ချီလင်းဆီသို့ ပြန်ရောက်သွားသည်။

အထက်တန်းစား မိစ္ဆာသားရဲတစ်ကောင်။

ခန္ဓာကိုယ်သည် မဟာကောင်းကင်ဘုံအဆင့် အကာအကွယ် လက်နက်များထက်ပင် ပိုမိုမာကျောသော တည်ရှိမှု။

ပြန်လည်ကုသနိုင်စွမ်းမှာလည်း ယုတ္တိမရှိလောက်အောင်ပင် - သေလုမျောပါး ဒဏ်ရာများမှပင် ခဏချင်း ပြန်လည်သက်သာလာနိုင်သည့် သတ္တဝါ။

ယခုအချိန်အထိ သူတော်စင်အဆင့်ဓား တစ်ခုတည်းသာလျှင် ၎င်းကို အမြဲတမ်းဒဏ်ရာရအောင် လုပ်နိုင်စွမ်းရှိသေးသည်။

ထိုကဲ့သို့သော လက်နက်မျိုးမရှိဘဲ ချီလင်းကို သတ်ဖို့ဆိုသည်မှာ လက်တွေ့တွင် လုံးဝမဖြစ်နိုင်ပေ။

ပိုင်ချူ၏ အတွေးများ မြန်ဆန်လာသည်။

အကယ်၍ သူကိုယ်တိုင် သို့မဟုတ် မိုကျွင်းသာ ချီလင်းနှင့် စစ်မြေပြင်တွင် ရင်ဆိုင်ရလျှင် အနိုင်ရနိုင်ခြေမှာ အလွန်နည်းပါးလှသည်။

၂၀ ရာခိုင်နှုန်းအောက်သာ ရှိပေလိမ့်မည်။

၎င်းမှာပင် အကောင်းဆုံး တွက်ချက်ထားခြင်း ဖြစ်သည်။

၎င်း၏ ပြန်လည်ကုသနိုင်စွမ်းကို ဖိနှိပ်ပေးမည့် သူတော်စင်အဆင့်လက်နက် မရှိလျှင် -

အနိုင်ရနိုင်ခြေမှာ သုညနီးပါးအထိ ကျဆင်းသွားပေလိမ့်မည်။

သို့ဆိုလျှင် မိုကျွင်းသည် ဤမျှ ယုံကြည်မှုမျိုးကို ဘယ်က ရနေသနည်း?

ပိုင်ချူသည် သူ့ကို ဂရုတစိုက် ပြန်ကြည့်လိုက်သည်။

မိုကျွင်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးဆေးစွာ ရပ်နေပြီး စစ်မြေပြင်မှ ရုန်းရင်းဆန်ခတ်မှုများက သူ့ကို လုံးဝ မလှုပ်ခတ်နိုင်ပေ။

သူ့မျက်လုံးထဲတွင် အပိုပြောနေသည့် အရိပ်အယောင်လည်း မရှိပေ

(သူ တစ်ခုခုကို ဖုံးကွယ်ထားတာပဲ။)

ပိုင်ချူက လေးနက်စွာ တွေးလိုက်သည်။

ထို့နောက် ပိုင်ချူသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်၏

"ကောင်းပြီ" သူက ပြတ်သားသော လေသံ၊ မမှားနိုင်သော ယုံကြည်မှုဖြင့် ပြောလိုက်သည် "ဒါက အရေးမကြီးပါဘူး။"

မိုကျွင်းအဖို့ ချီလင်းကို ဘာလုပ်ဖို့ ကြံစည်

ထားသည်ဖြစ်စေ အရေးမကြီးပေ။

အဘယ်ကြောင့်ဆိုသော် ပိုင်ချူသည် မိုကျွင်းကို ဤနေရာမှ အသက်ရှင်လျက် ထွက်သွားခွင့်ပေးရန် အစီအစဉ်မရှိသောကြောင့်ဖြစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်း အနိုင်ရမှာ မဟုတ်ဘူး" ပိုင်ချူက ကြေညာလိုက်သည်။

မိုကျွင်းသည် ရုတ်တရက် ရယ်မောလိုက်

သည်။

၎င်းမှာ လှောင်ပြောင်မှုများ ပြည့်နှက်နေသော အသံကျယ်ကြီးဖြစ်သည်။

"အနိုင်ရမှာ မဟုတ်ဘူး ဟုတ်လား?"

သူက ခေါင်းခါရင်း ထပ်မံပြောလိုက်သည်။

"ပိုင်ချူ... မင်းရဲ့ မောက်မာမှုကတော့ တစ်စက်ကလေးမှ မလျော့သွားသေးပါလား။"

ရွှမ် ရွှမ်

မိုကျွင်းသည် သူ၏ဓားကို ရက်စက်သော တိကျမှုဖြင့် ဝေ့ယမ်းပြီး ထပ်မံတိုက်ခိုက်လိုက်ရာ အနက်ရောင် မိစ္ဆာအလင်းတန်းများ လေထုကို ဖြတ်သန်းသွားသည်။

တိုက်ကွက်တစ်ခုစီတိုင်းတွင် ဝိညာဉ်ကို အေးစိမ့်သွားစေလောက်သည့် သတ်ဖြတ်လိုသော အရှိန်အဝါများ ပါဝင်နေသဖြင့် ပိုင်ချူသည် ချက်ချင်း ပြန်လည်တုံ့ပြန်လိုက်ရသည်။

ပိုင်ချူ၏ မျက်နှာအမူအရာ တင်းမာသွားသည်။

သူ၏ဓားသည် ရှေ့သို့ ဝေ့ယမ်းထွက်သွားပြီး တိုက်ကွက်များကို ထိပ်တိုက် တားဆီးလိုက်ရာ တုန်ခါလှိုင်းများက တိမ်တိုက်များကိုပင် ဆွဲဖြဲပစ်တော့သည်။

"မောက်မာတာ ဟုတ်လား?"

ပိုင်ချူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ဒီတိုက်ပွဲက မင်းအတွက် ကောင်းကောင်း အဆုံးသတ်လိမ့်မယ်လို့ ထင်နေတာကမှ တကယ့် အိပ်မက်မက်နေတာပဲ။"

သူတို့၏ လက်နက်များ ထပ်မံထိတွေ့မိကာ သူတို့ကြားတွင် မီးပွားများ ပေါက်ကွဲထွက်နေစဉ် မိစ္ဆာအရှင်က ပြုံးလိုက်သည်။

"မင်း နားလည်မှု လွဲနေပြီ" သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ မင်းကို သတ်နိုင်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။"

မိုကျွင်း၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာသည်။

"ဒါပေမဲ့ ငါက မင်းကို မသတ်နိုင်ရုံနဲ့..." သူက ဆက်ပြောပြီး သူ၏အသံမှာ နိမ့်ဆင်းသွားပြီး စူးရှရက်စက်လာသည် - "မင်းရဲ့ ပိုင်မျိုးနွယ်စုက တခြားလူတွေအတွက်လည်း အဲဒီလိုပဲလို့ မဆိုလိုဘူးလေ။"

ပိုင်ချူ၏ နှလုံးခုန်သံသည် တစ်ချက်မျှ တုံ့ဆိုင်းသွားသော်လည်း သူ၏မျက်နှာတွင်မူ အရိပ်အယောင်မပြခဲ့ပေ။

"ဟွန့်… မိုကျွင်း၊ ငါ့ရဲ့ ပိုင်မျိုးနွယ်စုက အဲဒီလောက် အသတ်ရလွယ်တယ်လို့ မင်းထင်နေတာလား? မင်းရဲ့ မိစ္ဆာကျင့်ကြံသူတွေ သူတို့လက်ချက်နဲ့ အသတ်ခံနေရတာကိုပဲ မင်း ပိုပြီး စိုးရိမ်သင့်ပါတယ်”

အတိအကျပင် ထိုအချိန်၌

ဘုန်း

ဝေးကွာသော တစ်နေရာမှ ကြောက်မက်ဖွယ်ကောင်းသော လှုပ်ခတ်မှုတစ်ခု ပေါက်ကွဲထွက်လာသည်။

ကောင်းကင်ယံကြီး တုန်ခါသွား၏။

စိမ်းသက်သော်လည်း လွှမ်းမိုးမှုရှိသော အရှိန်အဝါတစ်ခု တဟုန်ထိုးထွက်ပေါ်လာပြီး ချီ များသည် ပြင်းထန်စွာ လှိုင်းထလာကာ ၎င်းနှင့်အတူ ပါရှိလာသော ဖိအားမှာ အင်မော်တယ်များကိုပင် အာရုံပျံ့လွင့်သွားစေလောက်သည်။

ပိုင်ချူသည် ထိုစွမ်းအင်ထွက်ပေါ်ရာအရပ်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။

"အဲဒီနည်းစနစ်က...”

၎င်းမှာ ပိုင်ကျီဟန် အရင်က အသုံးပြုခဲ့သော နည်းစနစ်နှင့် အတူတူပင် ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ — ၎င်းမှာ ပို၍ပင် သန်မာနေသည်။

ပိုင်ကျီဟန်မှာမူ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်တွင်သာ ရှိနေသေးသည်။

သူနှင့် မျက်နှာချင်းဆိုင်ရှိ မိုကျွင်းသည်လည်း တုန့်ခနဲ ဖြစ်သွားသည်။

သူ၏ဓားလွှဲနေမှုသည် လေထဲတွင် နှေးကွေးသွားပြီး ဝေးကွာသော စစ်မြေပြင်ဆီသို့ အကြည့်လွှဲလိုက်ရာ သူ၏မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ဒုက္ခပေးမယ့်လူ နောက်တစ်ယောက်ပေါ့" မိုကျွင်းက ခပ်တိုးတိုး ပြောလိုက်သည်။

ထို့နောက်

မိုကျွင်းသည် နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် သရော်လိုသော အရိပ်အယောင်များ လင်းလက်လာသည်။

"ပိုင်ချူ၊ ငါ သိချင်မိတယ်" သူက ပေါ့ပေါ့ပါးပါး ဆက်ပြောလိုက်သည် - "မင်း အခုလို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်နေနိုင်ပါဦးမလားဆိုတာ —"

သူ၏အပြုံးမှာ ရက်စက်မှုအဖြစ် ပြောင်းလဲသွားသည်။

" ပိုင်ကျီဟန် သေသွားပြီးတဲ့နောက်မှာပေါ့။"

ပိုင်ချူ၏ မျက်လုံးများ ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။

ထိုခဏ၌ပင် သူ ခေါင်းလှည့်ကြည့်လိုက်သည်။

ပိုင်ကျီဟန်ရှိရာ ဘက်အခြမ်းတွင်

ဘုန်း ဘုန်း ဘုန်း

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာသည်။

မိစ္ဆာချီများသည် မှောင်မိုက်သော တိုင်ကြီးများကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။

တစ်ခု။

နှစ်ခု။

မဟုတ်ပေ

အများကြီးပင်

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ အများအပြား၏ ဖိနှိပ်သော ဖိအားများသည် ပိုင်ကျီဟန်ရှိရာ အရပ်မျက်နှာမှ စစ်မြေပြင်တစ်ခုလုံးသို့ လွှမ်းမိုးလာသည်။

ပိုင်ချူ၏ သွေးများ အေးစိမ့်သွားသည်။

မိစ္ဆာကျင့်ကြံသူများသည် ယနေ့တွင် ပိုင်ကျီဟန်ကို အသေသတ်ရန် ဆုံးဖြတ်ထားပုံရသည်။

သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသနှင့် ထိတ်လန့်မှုများက မျက်နှာပေါ်တွင် ရိပ်ယောင်လာသည်။

"မင်းတို့ ရဲလှချည်လား”

ပိုင်ချူသည် ဟိန်းဟောက်လိုက်ရာ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ထိန်းမရအောင် ပေါက်ကွဲထွက်လာပြီး မိုကျွင်းကို ပြန်လည်စိုက်ကြည့်လိုက်သည်။

"အကယ်၍ ပိုင်ကျီဟန်သာ အသတ်ခံရရင်" သူက ဖိနှိပ်ထားသော ဒေါသများဖြင့် တုန်ရီနေသော အသံဖြင့် ပြောလိုက်သည် - "ငါ့ရဲ့ ကျင့်စဉ်လမ်း ကို တိုင်တည်ပြီး ကျိန်ဆိုတယ် “

"ငါ မိစ္ဆာကျင့်ကြံသူ တစ်ယောက်မကျန်ကို လိုက်လံသုတ်သင်မယ်”

"မင်းတို့ရဲ့ ဂိုဏ်းတွေ၊ မင်းတို့ရဲ့ သွေးမျိုးဆက်တွေ ဘာမှမကျန်တော့တဲ့အထိ ငါတို့ အမြစ်ပြတ် ချေမှုန်းပစ်မယ်”

သူ့စကားထဲမှ သတ်ဖြတ်လိုသော ဆန္ဒမှာ ပြင်းထန်လွန်းလှသဖြင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင် တုန်ခါသွားရသည်။

မိုကျွင်းသည် တဟားဟား အော်ရယ်တော့သည်။

"ဟားဟားဟား”

သူ၏ ရယ်မောသံမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်လျက် စစ်မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

"လုပ်လေ" သူက သရော်သလို ပြောလိုက်သည်။ "စမ်းကြည့်လို့ ရတာပဲ။"

သူက အနည်းငယ် ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး သူ၏မျက်လုံးများမှာ စူးရှကာ ကရုဏာကင်းမဲ့နေသည်။

"ဒါပေမဲ့ မင်းသာ အဲဒီလိုလုပ်ရင်" မိစ္ဆာအရှင်က အေးစက်စွာ ဆက်ပြောသည်

"ပိုင်မျိုးနွယ်စုကရော တကယ်ပဲ ရှင်သန်နိုင်မယ်လို့ မင်းထင်နေတာလား?"

ပိုင်ချူသည် တောင့်တောင့်ကြီး ရပ်နေမိပြီး သူ၏ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ပိုင်ကျီဟန်ရှိရာ အရပ်သို့ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အရှိန်အဝါများစွာ။

အဆင့် ၁၀ မိစ္ဆာသားရဲများကို သတ်နိုင်ခဲ့သည့် ပိုင်ကျီဟန်အတွက်တောင် ရှင်သန်ရန်မှာ ခက်ခဲပေလိမ့်မည်။

All Chapters