ပိုင်ကျီဟန် နှင့် မဟာကောင်းကင်ဘုံ တက်လှမ်းခြင်းအဆင့် မိစ္ဆာအကြီးအကဲတို့၏ တိုက်ပွဲ
Vol. 27 Ch. 399
ချွမ် ချွမ် ချွမ်
ဓားနှင့် လက်ဝါးတို့ ထပ်တလဲလဲ ရိုက်ခတ်မိသံမှာ နတ်ဘုရားခေါင်းလောင်းကို အကြိမ်ကြိမ် ထိုးနှက်နေသကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
ရိုက်ခတ်မှုတိုင်းသည် ဟင်းလင်းပြင်ကို ဆွဲဖြဲပစ်နေပြီး ထွက်ပေါ်လာသော နောက်ဆက်တွဲ လှိုင်းဒဏ်များကြောင့် မီတာတစ်ရာအတွင်းရှိ အရာအားလုံး မြေပြန့် ဖြစ်သွားရသည်။
အနီးအနားတွင် ရှိနေသော မိစ္ဆာကျင့်ကြံသူများသည် အော်ဟစ်ချိန်ပင်မရဘဲ မြူမှုန်များအဖြစ် အမှုန့်ခြေခြင်း ခံလိုက်ရသည်။
ပိုင်ကျီဟန်သည် မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် မိစ္ဆာအကြီးအကဲနှင့် တိုက်ခိုက်နေသည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သည်။
မိစ္ဆာအကြီးအကဲ၏ အမူအရာမှာ တင်းမာခက်ထန်လာသည်။
"အရမ်းမြန်တာပဲ”
၎င်းသည် ကဏ္ဍတိုင်းနီးပါးတွင် အသာစီးရနေသည်မှာ ထင်ရှားသော်လည်း ပိုင်ကျီဟန်၏ မြန်နှုန်းမှာမူ ၎င်းကိုယ်တိုင်ပင် ထင်မှတ်မထားလောက်အောင် ခေါင်းခဲစရာ ဖြစ်နေသည်။
သို့သော်လည်း ၎င်း လက်မခံနိုင်လောက်သော အခြေအနေမျိုးတော့ မဟုတ်ပေ။
"သွေးလောက ပျက်သုဉ်းခြင်း လက်ဝါး”
၎င်းသည် ၎င်း၏ မြေကမ္ဘာအဆင့် နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
ကြီးမားလှသော လက်ဝါးရိပ်ကြီးတစ်ခုသည် မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အကြွင်းမဲ့သော၊ အာဏာရှင်ဆန်သော၊ ဖိနှိပ်ချုပ်ချယ်သော စွမ်းအားများဖြင့် ကျဆင်းလာသည်။
ပိုင်ကျီဟန်၏ သူငယ်အိမ်များ ကျုံ့သွားသည်။
"ထာဝရ စီးဆင်းနေသော ရေဓား”
ဝုန်းးးး
ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် ပိုင်ကျီဟန်မှာ နောက်သို့ လွင့်ထွက်သွားသည်။ သူ၏ခြေထောက်များသည် မြေပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းကြီးနှစ်ခု ဖြစ်သွားသည်အထိ နောက်သို့ ရောက်သွားပြီးမှ အနိုင်နိုင် ကိုယ်ကို ထိန်းလိုက်နိုင်သည်။
သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
သို့သော်ငြားလည်း ပိုင်ကျီဟန်မှာ အံ့အားသင့်ခြင်း မရှိပေ။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် မိစ္ဆာအကြီးအကဲ တစ်ဦးကို ရင်ဆိုင်ရသည်မှာ မလွယ်ကူမှန်း သူကနဦးကတည်းက သိထားပြီးသား ဖြစ်သည်။
ဤမျှလောက်သာ ဒဏ်ရာရခြင်းသည်ပင် အတော်လေး ကောင်းမွန်နေပြီဟု ဆိုနိုင်သည်။
မိစ္ဆာအကြီးအကဲက ရိုင်းစိုင်းစွာ ရယ်မောလိုက်သည်။
"ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။ မင်းက ငါ့ရဲ့ သွေးလောက ပျက်သုဉ်းခြင်း လက်ဝါးဒဏ်ကနေ အသက်ရှင်ကျန်ခဲ့တာပဲ”
၎င်းသည် ရှေ့သို့ ထပ်မံ တိုးလာပြန်ရာ ခြေလှမ်းတိုင်းတွင် ဖိအားများမှာ တိုး၍ တိုး၍ လာသည်။
"ဒါပေမဲ့ မင်း ဘယ်နှချက်အထိ ထပ်ခံနိုင်ဦးမလဲ?"
ချူမျိုးနွယ်စုဝင်များသည် ထိတ်လန့်တကြား ကြည့်နေကြသည်။
"သူ အစွမ်းကုန် ထုတ်သုံးနေပြီ”
"ငါတို့ဘက်က မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ဘာလို့ ကူညီဖို့ ရောက်မလာသေးတာလဲ?”
ချူကျီယန်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မိစ္ဆာကျင့်ကြံသူများကို တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း ပိုင်ကျီဟန်အတွက်
စိုးရိမ်စိတ်ကို မထိန်းနိုင်ဘဲ ဖြစ်နေသည်။
သူမ ကူညီချင်သော်လည်း သူမ၏ အခြေအနေကို သူမ သိသည်။ သူမသည် မိုထျန်းကျီကိုပင် ကောင်းကောင်း မရင်ဆိုင်နိုင်သေးရာ
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ကျင့်ကြံသူများပင်လျှင် ဤအဆင့်ရှိ တိုက်ပွဲတွင် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်ပေလိမ့်မည်။
ပိုင်ကျီဟန်ကဲ့သို့ ထူးခြားသည့် သူမျိုးသာ ဖြစ်လျှင် ဖြစ်နိုင်ကောင်းပါရဲ့—
သို့သော် သူကဲ့သို့သော မိစ္ဆာကောင်မျိုးနှင့် ထပ်မံ ဆုံတွေ့နိုင်မည့် အခွင့်အရေးမှာ သုညနီးပါးပင်။
ပိုင်ကျီဟန် ယိုင်နဲ့သွားသည်ကို မြင်သောအခါ မိစ္ဆာအကြီးအကဲမှာ ၎င်း အသာစီးရပြီဟု ထင်မှတ်လိုက်သည်။
(ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်လေးကို သတ်ဖို့ ဒီလောက်ထိ ခက်ခဲလိမ့်မယ်လို့ ထင်မထားမိဘူး... သူက သတ်ကိုသတ်ရမယ့် ဦးစားပေးစာရင်းထဲ ပါနေတာ မဆန်းပါဘူး။)
၎င်းက မောက်မာနေပုံ ပေါ်သော်လည်း အမှန်တရားကိုမူ ကောင်းစွာ သတိပြုမိသည်။
၎င်းကို ဤအဆင့်ထိ တိုက်ခိုက်နိုင်ရန်မှာ ပိုင်ကျီဟန်သည် ကျိုးကြောင်းဆီလျော်မှု မရှိသည့် မိစ္ဆာကောင် ဖြစ်နေ၍ပင်။
ထို့အပြင် သွေးလောက ပျက်သုဉ်းခြင်း လက်ဝါးသည် အကြိမ်ကြိမ် အသုံးပြု၍ရသော နည်းစနစ် မဟုတ်ပေ။ ၎င်းသည် ချီစွမ်းအား အမြောက်အမြားကို စားသုံးသလို ပြင်ဆင်မှုလည်း လိုအပ်သည်။
အကယ်၍ ဤတိုက်ပွဲက ကြာရှည်သွားမည်ဆိုလျှင် ၎င်းကိုယ်တိုင်ပင် ပင်ပန်းနွမ်းနယ်သွားနိုင်သည်။
မိစ္ဆာအကြီးအကဲက ထပ်မံ၍ အသည်းအသန် တိုးဝင်လာသည်။
ချွမ်
ဓားနှင့် လက်ဝါးသည် နောက်တစ်ကြိမ် ရိုက်ခတ်မိပြန်ရာ မိစ္ဆာချီစွမ်းအားများနှင့် ဓားရည်ရွယ်ချက်သည် ပြင်းထန်လှသော ဝဲဂယက်အသွင်ဖြင့် အပြင်သို့ ပေါက်ကွဲထွက်သွားသည်။
ပြိုကျနေသော တောင်တန်းများကဲ့သို့ လက်ဝါးချက်များမှာ တစ်ခုပြီးတစ်ခု ကျဆင်းလာသည်။ ရိုက်ချက်တိုင်းသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို အမှုန့်ခြေပစ်ရန် လုံလောက်သော အလေးချိန် ရှိသည်။
သူတို့အောက်ရှိ မြေပြင်မှာလည်း ထိုဖိအားဒဏ်ကို မခံနိုင်တော့ဘဲ အက်ကွဲခြင်း၊ နိမ့်ဆင်းခြင်းနှင့် ပြိုကျခြင်းများ ဖြစ်ပေါ်နေသည်။
သို့သော်လည်း ပိုင်ကျီဟန်မှာ ထပ်မံ နောက်ဆုတ်မသွားတော့ပေ။
သူသည် ပိတ်ဆို့သည်၊ ဖယ်ထုတ်သည်၊ ထို့နောက် ပြန်လည် တိုက်စစ်ဆင်သည်။
ချွမ် ချွမ် ချွမ်
သူ၏ ဝတ်ရုံများတွင် သွေးများ စွန်းထင်နေသော်လည်း ပိုင်ကျီဟန်၏ လှုပ်ရှားမှုများသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တည်ငြိမ်နေဆဲ ဖြစ်သည်။
မိစ္ဆာအကြီးအကဲ မျက်မှောင်ကြုတ်လိုက်မိသည်။
၎င်းသည် ပါရမီရှင်များစွာကို တွေ့ဖူးခဲ့သည်။
မိစ္ဆာကောင်ဟု အမည်တွင်သော သူများစွာကိုလည်း မရင့်ကျက်သေးမီ ၎င်းက ခြေမှုန်းခဲ့ဖူးသည်။
သို့သော် ဤအခြေအနေမှာ... လုံးဝ ကျိုးကြောင်းဆီလျော်မှု မရှိပေ။
၎င်းသည် ပိုင်ကျီဟန်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။
သို့သော် ပိုင်ကျီဟန်မှာ ဘာမှမဖြစ်ခဲ့သလို နာကျင်မှုဟူသည်မှာလည်း မရှိတော့သလိုမျိုး ဆက်လက် တိုက်ခိုက်နေသည်။
ထို့ထက်ပို၍ ထူးဆန်းသည်မှာ စောစောက ပိုင်ကျီဟန် ရရှိခဲ့သော ဒဏ်ရာများသည် မည်သည့်အခါကမျှ မရှိခဲ့ဖူးသည့်အလား ပြန်လည် ပျောက်ကွယ်သွားသည်ကို ၎င်း သတိပြုမိလိုက်သည်။
"ဒါက ဘယ်လိုမျိုး ခန္ဓာကိုယ်လဲ...?"
မိစ္ဆာအကြီးအကဲသည် မယုံကြည်နိုင်မှုနှင့်အတူ စိတ်တိုဒေါသထွက်စွာဖြင့် ရေရွတ်လိုက်မိသည်။
ပိုင်ကျီဟန်သည် နောက်ဆုတ်မည့်အစား ရှေ့သို့ တစ်လှမ်း တိုးလာသည်။
သူ၏ ဓားအလင်း လက်ခနဲ ဖြစ်သွားသည်။
ရွှမ်
မိစ္ဆာအကြီးအကဲသည် နောက်သို့ အတင်းဆုတ်လိုက်ရပြီး ၎င်း၏ လက်မောင်းပေါ်တွင် သွေးစင်းကြောင်း ပါးပါးလေးတစ်ခု ပေါ်လာသောအခါ မိစ္ဆာချီများကို အသည်းအသန် ထုတ်သုံး၍ ကာကွယ်လိုက်ရသည်။
ပိုင်ကျီဟန်သည် အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပြီး သူ၏ အကြည့်များမှာ စူးရှကာ တည်ငြိမ်နေသည်။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် မိစ္ဆာအကြီးအကဲနှင့် တိုက်ခိုက်နေရသော်လည်း သူ၏ အာရုံမှာ ၎င်းတစ်ဦးတည်းအပေါ်တွင်သာ ရှိနေသည်မဟုတ်။
ပိုင်ရမ်သည် ချီလင်းနှင့် တိုက်ခိုက်နေသည်ကို ပိုင်ကျီဟန် ခံစားမိသည်။ ထိုအချက်ကပင် စစ်မြေပြင်၏ အခြေအနေကို သူ့အား အလုံးစုံ နားလည်စေသည်။
(စစ်မြေပြင်က အဆုံးအဖြတ်ပေးရမယ့် အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီ။)
ပိုင်ရမ်သည် သူတော်စင်အဆင့်ဓားကို အသုံးပြု၍ မိစ္ဆာသားရဲများ၏ ခေါင်းဆောင်ကို ရင်ဆိုင်နေရသည်ကို သူ နားလည်လိုက်သည်။
(ငါလည်း ဒါကို မြန်မြန် အဆုံးသတ်ချင်ပေမဲ့... အဲဒါက မလွယ်ဘူး။)
မိစ္ဆာသားရဲများနှင့်မတူဘဲ မိစ္ဆာအကြီးအကဲသည် မဆင်မခြင် တိုးဝင်ခြင်းမရှိပေ။
၎င်းသည် မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသော်လည်း အမှားအယွင်းမရှိအောင် သတိကြီးစွာ ထားနေဆဲ ဖြစ်သည်။
အမှန်တကယ်တော့ မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးကို ကိုင်တွယ်ရသည်မှာ ဗလာခြေလှမ်း ဦးချိုသားရဲနှင့် တိုက်ခိုက်ရသည်ထက်ပင် ပို၍ ခေါင်းခဲစရာ ကောင်းသည်။
သို့သော်
၎င်းသည် မမြန်ပေ။ ဗလာခြေလှမ်း ဦးချိုလောက် မမြန်ပေ။
ထို့ကြောင့် ၎င်းကို ထိချက်မိအောင် တိုက်ခိုက်ရန်မှာ ဗလာခြေလှမ်း ဦးချိုကို တိုက်ခိုက်ရသည်လောက် မခက်ခဲလှပေ။
ပိုင်ကျီဟန်အနေဖြင့် ချီစွမ်းအားများကို စုစည်းပြီး ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်ကို ထုတ်ဖော်ရန်အတွက် ဟာကွက် အနည်းငယ် သို့မဟုတ် အခွင့်အရေး တစ်ခုသာ လိုအပ်
သည်။
"မင်း ဘယ်ကို ကြည့်နေတာလဲ?”
ပိုင်ကျီဟန်၏ အာရုံ လွင့်ပျံ့သွားသည်ကို သတိပြုမိသည်နှင့် မိစ္ဆာအကြီးအကဲသည် သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာဖြင့် ရှေ့သို့ တိုးဝင်လာသည်။
၎င်းသည် အညှိုးတကြီး ဆက်တိုက် တိုက်ခိုက်တော့သည်။
လက်ဝါးရိပ်များသည် မနားတမ်း ကျဆင်းလာကာ လေးလံ ကြမ်းတမ်းပြီး ညှာတာမှု ကင်းမဲ့လှသည်။ ရိုက်ချက်တစ်ခုနှင့် တစ်ခုမှာ ချောမွေ့စွာ ဆက်စပ်နေသည်။
ဝုန်း ဝုန်း ဝုန်း
တောင်တန်းတစ်ခုလုံး မြေပြင်ထဲသို့ ထပ်တလဲလဲ ရိုက်သွင်းခြင်း ခံနေရသကဲ့သို့ စစ်မြေပြင်တစ်ခုလုံး တုန်ခါနေသည်။
ဖိအားများသညိ အသက်ရှူရကျပ်လောက်အောင် ပြင်းထန်လှသည်။
မိစ္ဆာအကြီးအကဲသည် ပိုင်ကျီဟန်ကို အသက်ရှူချောင်ရန် နေရာပင် မပေးချေ။
"သေစမ်း”
၎င်းသည် ပိုမိုနီးကပ်စွာ၊ ပိုမိုမြန်ဆန်စွာ တိုးဝင်လာပြီး ပိုင်ကျီဟန်ကို ခြေတစ်လှမ်းချင်း နောက်ဆုတ်သွားအောင် ဖိအားပေး တိုက်ခိုက်လာသည်။
"ထာဝရ စီးဆင်းသော ရေဓား”
ပိုင်ကျီဟန်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
ဓားရည်ရွယ်ချက်သည် အဆုံးအမရှိသော မြစ်တစ်စင်းကဲ့သို့ စီးဆင်းလာပြီး ရိုက်ချက်တိုင်းကို စုပ်ယူကာ လမ်းကြောင်းလွဲစေပြီး အားပျော့သွားအောင် လုပ်ဆောင်သည်။
ချွမ်
တွန်းကန်အားများသည် ပေါက်ကွဲထွက်သွားပြီးမှ ပြန့်ကျဲသွားသည်။
နောက်ထပ် လက်ဝါးချက်တစ်ခု ကျဆင်းလာပြန်သည်။
ချွမ်
ရိုက်ခတ်မှုများသည် မြေပြင်ထဲသို့၊ လေထဲသို့၊ ဟင်းလင်းပြင်ထဲသို့ လမ်းကြောင်းပြောင်းသွားပြီး ပျောက်ကွယ်သွားပြန်သည်။
မည်မျှပင် ပြင်းထန်သော တိုက်ခိုက်မှုဖြစ်ပါစေ ပိုင်ကျီဟန်ကို ဖြိုလဲနိုင်ခြင်း မရှိပေ။
မိစ္ဆာအကြီးအကဲ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
(သူ ဘာလို့ လဲမကျသေးတာလဲ)
ပိုင်ကျီဟန်သည် ၎င်း၏ အကန့်အသတ်သို့ ရောက်နေပြီဟု ယူဆကာ ၎င်းက ပို၍ ပြင်းထန်စွာ ဖိအားပေးသည်။
၎င်းသည် မိမိကိုယ်တိုင် ခံစားရမည့် ဝန်ထုပ်ဝန်ပိုးနှင့် တန်ပြန်သက်ရောက်မှုများကို ဂရုမစိုက်တော့ဘဲ ရိုက်ချက်များတွင် စွမ်းအားကို ပို၍ ထည့်သွင်းလိုက်သည်။
"ကျိုးပျက်သွားစမ်း”
ချွမ်
ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် နှစ်ဦးစလုံး တုန်ခါသွားကြသည်။
ပထမဆုံးအကြိမ်အဖြစ်—
မိစ္ဆာအကြီးအကဲ၏ အသက်ရှူသံမှာ အနည်းငယ် ဟန်ချက်ပျက်သွားသည်။
အနည်းငယ်မျှသာ ဖြစ်သည်။
ပြင်းထန်လှသော ဝန်ထုပ်ဝန်ပိုးကြောင့် ၎င်း၏ ချီစွမ်းအား စီးဆင်းမှုသည် ခဏတာ ထစ်ငေါ့သွားခဲ့သည်။
ထိုအရာကို ပိုင်ကျီဟန် မြင်လိုက်သည်။
"အခွင့်အရေးပဲ”
ပိုင်ကျီဟန်၏ မျက်လုံးများ စူးရှသွားသည်။
"အရိပ်ကိုးပါး စီးဆင်းနေတဲ့ အလင်းဓား”
သူ၏ ခန္ဓာကိုယ်သည် ကိုးခုအဖြစ် ကွဲထွက်သွားသည်။
အရိပ်ကိုးခုသည် ပေါ်ထွက်လာပြီး တစ်ခုချင်းစီတွင် စစ်မှန်သော ဓားအသိများ ကိန်းအောင်းနေကာ လှုပ်ရှားမှုတိုင်းသည်
တစ်သားတည်းကျနေသော်လည်း သိသိသာသာ ကွဲပြားနေသည်။
ခဏချင်းပင် စစ်မြေပြင်တစ်ခုလုံးတွင် တဖျပ်ဖျပ် တောက်နေသော ဓားသွားများဖြင့် ပြည့်နှက်သွားသည်။
ပိုင်ကျီဟန် ကိုးဦးသည် အထက်၊ အောက်၊ ဘယ်၊ ညာ ဘက်ပေါင်းစုံမှ တိုက်ခိုက်လာကြရာ ဓားအလင်းတန်းများသည် အသက်ရှူရကျပ်လောက်အောင် ရက်ယှက်သွားသည်။
မိစ္ဆာအကြီးအကဲက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဟင်း”
မိစ္ဆာချီများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
"မင်းရဲ့ ဒီနည်းစနစ်ကို ငါ အစောကြီးကတည်းက မြင်တယ် " ၎င်းက အထင်အမြင်သေးစွာ ပြောလိုက်သည်။
"ပိုင်ကျီဟန်၊ မင်းက မလွဲမသွေ သေရမဲ့အချိန်ကို အချိန်ဆွဲနေရုံပဲ ရှိတာ။"
၎င်း၏ မျက်လုံးများက အရိပ်များကြားတွင် လျင်မြန်စွာ လှုပ်ရှားနေပြီး မျက်သူငယ်အိမ်ထဲတွင် မိစ္ဆာချီများ ပြန့်နှံ့သွားကာ အာရုံခံနိုင်စွမ်းကို မြှင့်တင်လိုက်သည်။
လက်ဝါးချက်များမှာ ပစ်လွှတ်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း
အရိပ်တစ်ခု ကြွေလွင့်သွားသည်။
ထို့နောက် နောက်ထပ် တစ်ခု။
မိစ္ဆာချီများသည် ဓားအလင်းများကို ထိုးဖောက်သွားပြီး ရိပ်ယောင်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်သည်။
သို့သော်—
မိစ္ဆာအကြီးအကဲ၏ မျက်မှောင်များ ကြုတ်သွားသည်။
(သူ ဘယ်မှာလဲ?)
ထိုအရိပ်များသည် အစစ်အမှန်နှင့် တူလွန်းလှသည်။
တစ်ခုချင်းစီတွင် ၎င်းကို အလေးအနက်ထား တုံ့ပြန်ရန် ဖိအားပေးနိုင်သော တည်ရှိမှုများ ပါဝင်နေသည်။ ထိုအရိပ်များကို ဖျက်ဆီးရန်ပင် အားထုတ်မှုများစွာ လိုအပ်ရာ ၎င်းအတွက် အားအင်ဖြုန်းတီးရာ ရောက်နေသည်။
ထိုအချိန်တွင်
ပြိုကွဲနေသော အရိပ်များ၏ နောက်ကွယ်၌
ပိုင်ကျီဟန်သည် ငြိမ်သက်စွာ ရပ်နေသည်။
လုံးဝကို လှုပ်ရှားမှု မရှိပေ။
သူ၏ ဓားကို နောက်သို့ ဆွဲယူထားပြီးဖြစ်သည်။
ချီစွမ်းအားများသည် ပေါက်ကွဲထွက်တော့မည့်အလား စုစည်းနေသည်။
ချီစွမ်းအားတိုင်း၊ ဓားရည်ရွယ်ချက် အစအနတိုင်းနှင့် စိတ်ဆန္ဒ အမှုန်အမွှားတိုင်းကို စုစည်းလိုက်သည်။
ကမ္ဘာကြီးမှာ နှေးကွေးသွားသကဲ့သို့ ခံစားရသည်။
ပိုင်ကျီဟန်၏ အကြည့်သည် အကြီးအကဲ၏ ကျောပြင်ပေါ်တွင် စူးစိုက်ကျရောက်နေသည်။
"ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်”
ဓားသည် အောက်သို့ စိုက်ဆင်းသွားသည်။
ထို့နောက်—
ဝုန်းးးးးးးးး
လေထုကြီးမှာ နှစ်ခြမ်းကွဲသွားသည်။
ဟင်းလင်းပြင်ကြီးကိုယ်တိုင်ကပင် အော်ဟစ်နေသယောင် ရှိသည်။
စစ်မြေပြင်ကို ဖြတ်ကျော်ကာ လုံးဝဥဿုံ ကျကျနနရှိလှသော မျဉ်းတစ်ကြောင်းသည် ၎င်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
မိစ္ဆာအကြီးအကဲ၏ မျက်လုံးများသည် ထိတ်လန့်တကြား ပြူးကျယ်သွားသည်။
"ဘာ”
၎င်းသည် မိစ္ဆာချီများကို အပြင်ဘက်သို့ ပေါက်ကွဲထုတ်ရင်း ဟိန်းဟောက်လိုက်သည်။
ကောင်းကင်အဆင့်ကာကွယ်ရေး လက်နက်များမှာလည်း အသည်းအသန် တစ်ခုပြီးတစ်ခု ပွင့်ထွက်လာခဲ့သည်။
ကာကွယ်ရေး အလွှာပေါင်းစုံသည် ပွင့်ထွက်လာသည်။
အတားအဆီးတစ်ခု ပျက်စီးသွားသည်။
ထို့နောက် နောက်ထပ်တစ်ခု။
၎င်းသည် အသက်ရှင်ကျန်ရစ်ရန်အတွက် အရာအားလုံးကို စတေးပြီး ချီစွမ်းအားများကို အပြင်းအထန် လောင်ကျွမ်းစေကာ နောက်ဆုံး ကာကွယ်ရေးအဖြစ် လက်ဝါးကို မြှောက်လိုက်သည်။
ဂျွတ်
ဓားချက်က ထိမှန်သွားသည်။
သွေးများ ပေါက်ကွဲထွက်သွားသည်။
မိစ္ဆာအကြီးအကဲသည် ကြိုးပြတ်သွားသော ရုပ်သေးရုပ်ကဲ့သို့ လွင့်ထွက်သွားပြီး မိုင်ပေါင်းများစွာ ဝေးကွာသော မြေပြင်သို့ အရှိန်ဖြင့် ကျဆင်းသွားသည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ— မိစ္ဆာအကြီးအကဲသည် ကြီးမားလှသော ကျင်းကြီးထဲတွင် လဲလျောင်းနေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ တွန့်လိမ်နေပြီး ချပ်ဝတ်တန်ဆာမှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးနေကာ ပါးစပ်နှင့် ရင်ဘတ်တို့မှ သွေးများမှာလည်း မထိန်းနိုင်အောင် စီးကျနေသည်။
၎င်း၏ မိစ္ဆာချီစွမ်းအားများသည်လည်း ဖရိုဖရဲ ဖြစ်နေသည်။
၎င်း၏ အရှိန်အဝါသည် တုန်ရီမှေးမှိန်နေသည်။
လက်တစ်ဖက်မှာ ပျော့ခွေကျနေသည်။
ရင်ဘတ်သည် နှစ်ခြမ်းကွဲနေပြီး ပြန်လည် ကုသရန် ငြင်းဆန်နေသည့် ကြောက်မက်ဖွယ် ဒဏ်ရာကြီးသည် ဟောင်းလောင်းကြီး ဖြစ်နေသည်— ကံကြမ္မာကိုယ်တိုင်ကပင် ၎င်း၏ ပြန်လည်ကုသနိုင်စွမ်းကို ဆန့်ကျင်နေသည့်အလား။
တုန်လှုပ်ခြင်း
ထိတ်လန့်ခြင်း
ကြောက်ရွံ့ခြင်း
ထိုခံစားချက်အားလုံးသည် ၎င်း၏ မျက်နှာတွင် တစ်ပြိုင်နက် ပေါ်လာသည်။
(ငါ... ငါ သေတော့မလို့ပဲ။)
အကယ်၍ ၎င်း၏ ကောင်းကင်အဆင့် လက်နက်များသာ မရှိလျှင်
အကယ်၍ ထိုနောက်ဆုံး အသည်းအသန် ကာကွယ်မှုသာ မရှိလျှင်
၎င်းသည် လုံးဝဥဿုံ ချေမှုန်းခံလိုက်ရမည် ဖြစ်သည်။
၎င်း၏ အသက်ရှူသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။
သွေးများက ဆက်လက် စီးကျနေဆဲပင်။
၎င်းသည် အပေါ်သို့ မော့ကြည့်လိုက်သည်။ ပိုင်ကျီဟန်သည် ကျင်းကြီး၏ အစွန်းတွင် ဓားကို အောက်ချလျက် ရပ်နေသည်။ အသက်ရှူသံ အနည်းငယ် ပြင်းနေသော်လည်း သူ၏ မျက်လုံးများမှာမူ တည်ငြိမ်နေဆဲဖြစ်သည်။
မိစ္ဆာအကြီးအကဲ၏ နှလုံးသားသည် နစ်မြုပ်သွားသည်။
စစ်မြေပြင်သို့ ခြေချကတည်းက ပထမဆုံးအကြိမ်အဖြစ်
၎င်းသည် စစ်မှန်သော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
ပိုင်ကျီဟန်သည် ရှေ့သို့ တစ်လှမ်း တိုးလိုက်
သည်။
ခြေလှမ်းတိုင်းသည် သေမင်း၏ ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်နေသည်။
မိစ္ဆာအကြီးအကဲသည် ထရန် ကြိုးစားနေသော်လည်း၊ ပါးစပ်မှ သွေးများ ဆက်တိုက် ထွက်နေကာ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ရီနေသည်။
ပိုင်ကျီဟန်သည် ဓားကို မြှောက်လိုက်သည်။
"ဒီမှာတင် အဆုံးသတ်ရအောင်”
ကြောက်ရွံ့စိတ်သည် မိစ္ဆာအကြီးအကဲ၏ မျက်လုံးများတွင် အထင်းသား ပေါ်လာသည်။
"နေ- နေဦး—“
ဓားက အောက်သို့ မကျဆင်းမီမှာပင်
"ခဲခဲခဲ..."
ခြောက်ကပ်ပြီး အေးစက်စက် ရယ်မောသံတစ်ခု စစ်မြေပြင်တွင် ပဲ့တင်ထပ်သွားသည်။
လေထုကြီးမှာ တွန့်လိမ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ နှစ်ခုမှာ တစ်ပြိုင်နက်တည်း ကျဆင်းလာသည်။
ဝုန်း ဝုန်း
ကျင်းကြီး၏ ဘေးတွင် လူရိပ်နှစ်ခု ပေါ်လာသည်နှင့်အမျှ မိစ္ဆာချီများသည် ဒီရေလှိုင်းများကဲ့သို့ ပေါက်ကွဲထွက်လာပြီး မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် မိစ္ဆာအကြီးအကဲ နှစ်ဦး ထပ်မံ ရောက်ရှိလာခြင်း ဖြစ်သည်။
တစ်ဦးမှာ အရေခွံနှင့် အရိုးသာ ကျန်တော့သည့် ပုံစံရှိပြီး မျက်လုံးများသည် ထူးဆန်းသော အစိမ်းရောင် အလင်းများ တောက်နေသည်။ အခြားတစ်ဦးမှာမူ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် သက်ရှိသွေးကြောများကဲ့သို့ တုန်ခါနေသော မိစ္ဆာအင်းကွက်များ ပတ်ထားသည်။
"ဟဲဟဲ.. မျှော်လင့်မထားတဲ့ ရိတ်သိမ်းမှုပဲ" အရိုးစိမ်းအကြီးအကဲက ပိုင်ကျီဟန်ကို စိုက်ကြည့်ရင်း အသံဩဩဖြင့် ပြောလိုက်သည်။
"လူငယ် သားကောင်လေးပဲ" ဒုတိယ အကြီးအကဲကလည်း ဓားသွားကဲ့သို့ စူးရှသော အကြည့်ဖြင့် အေးစက်စွာ ထပ်ပြောသည်။ “ မင်းက ငါတို့ထဲက တစ်ယောက်ကို ဒီအခြေအနေထိ ရောက်အောင် တွန်းပို့နိုင်လိမ့်
မယ်လို့ ဘယ်သူ ထင်ထားမှာလဲ?"
ဒဏ်ရာရနေသော မိစ္ဆာအကြီးအကဲ၏ မျက်နှာမှာ စိတ်သက်သာရာ ရမှုနှင့် အရှက်ရမှုတို့ကြောင့် တွန့်လိမ်သွားသည်။
"ငါ့ကို... ငါ့ကို ကယ်ကြပါဦး”
ပိုင်ကျီဟန် ရပ်လိုက်သည်။
(ဒါကတော့ တကယ်ကို ခေါင်းခဲစရာပဲ)