← Chapters

ပိုင်မျိုးနွယ်စု အကြီးအကဲ၏ မမျှော်လင့်ထားသော အစွမ်း

Vol. 27 Ch. 392

ပိုင်မျိုးနွယ်စု အကြီးအကဲ၏ မမျှော်လင့်ထားသော အစွမ်း

Vol. 27 Ch. 392

ပိုင်ရမ်သည် ကုံးယောင်အပေါ် အစွမ်းကုန် တိုက်ခိုက်လေသည်။ လွန်ခဲ့သော နှစ်နှစ်က သူပြုလုပ်ခဲ့သည့် လုပ်ရပ်များအတွက် ပြန်

ပေးဆပ်စေရန်သာ ရည်ရွယ်ထား၏။

ထိုစဉ်က မိမိ၏ ပေါ့ဆမှုအပေါ် နောင်တရမိခြင်းကြောင့် ဖြစ်နိုင်သော်လည်း၊ ကုံးယောင် ပိုင်ကျီဟန်ကို တိုက်ခိုက်ခဲ့သည့် ထိုအဖြစ်အပျက်မှာ အချိန်မည်မျှပင် ကုန်လွန်ပါစေ ပိုင်ရမ်၏ စိတ်ထဲတွင် ဖျောက်ဖျက်မရအောင် စွဲထင်နေခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ ကုံးယောင်ကို မဖြစ်မနေ ပြန်လည်ပေးဆပ်စေမည်ဟု ပိုင်ရမ် သစ္စာဆိုထားသည်။

ကြည့်ရှုနေသူအများစုကမူ ရလဒ်သည် လွန်ခဲ့သော နှစ်နှစ်ကကဲ့သို့ပင် အချိန်အတော်ကြာအောင် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် အခြေအနေမျိုး ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

အကြောင်းမှာ အင်မော်တယ်အဆင့် ကျင့်ကြံသူအချင်းချင်း တိုက်ခိုက်ရာတွင် အစွမ်းချင်း သိသိသာသာ ကွာခြားမှုမရှိပါက တိုက်ပွဲသည် ရက်ပေါင်းများစွာ၊ တစ်ခါတစ်ရံ ရက်သတ္တပတ်များစွာအထိ ကြာမြင့်တတ်သောကြောင့် ဖြစ်သည်။

ချလွမ်း! ချလွမ်း

၎င်းတို့၏ လက်နက်များ ထိတွေ့လိုက်သည်နှင့် ပထမဆုံး အပြန်အလှန် ထိုးနှက်မှုက ပေါက်ကွဲထွက်လာသည်။

အင်မော်တယ်ချီနှင့် မိစ္ဆာချီတို့ တိုက်ရိုက်ထိကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။

ထွက်ပေါ်လာသော နောက်ဆက်တွဲ တုန်ခါမှုလှိုင်းများကြောင့် အနီးအနားရှိ အင်မော်တယ်အဆင့် ကျင့်ကြံသူများပင် ဗီဇအရ နောက်သို့ ဆုတ်ခွာလိုက်ကြရသည်။

သို့သော် ကုံးယောင် ခြေလှမ်းမတည်ငြိမ်မီမှာပင်

ချလွမ်း

ပိုင်ရမ်က နောက်ထပ်တစ်ကြိမ် ချဉ်းကပ်လာပြန်သည်။

သူ့ဓားသည် တိကျသေချာသော အကွေးအဝိုက်ဖြင့် ကျဆင်းလာရာ ကုံးယောင်သည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။

ထို့နောက် နောက်ထပ် တိုက်ကွက်တစ်ခုက ချက်ချင်းဆိုသလို ထပ်မံရောက်ရှိလာပြီး တစ်ခုနှင့်တစ်ခု အချိတ်အဆက် မိနေကာ အသက်ရှူချောင်ရုံမျှ အချိန်ပင် မပေးချေ။

ချလွမ်း ချလွမ်း ချလွမ်း

ကုံးယောင်သည် လေထဲတွင် နောက်သို့ ဆုတ်ခွာနေရစဉ် မီးပွားများ တဖျတ်ဖျတ် လွင့်စင်နေသည်။

သူ့မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွား၏။

တိုက်ကွက်တိုင်းတွင် ဖိအားပေးနိုင်သော အလေးချိန်များ ပါဝင်နေပြီး ၎င်းတို့အတွင်းရှိ အင်မော်တယ်ချီများမှာ သိပ်သည်း ဆန်းကြယ်လွန်းလှသဖြင့် သူ့အပေါ်သို့ မမြင်ရသော တောင်ကြီးတစ်လုံးကဲ့သို့ ဖိနှိပ်ထားသကဲ့သို့ ခံစားနေရသည်။

အခြားတစ်ဖက်တွင်မူ ပိုင်ရမ်သည် အေးဆေးတည်ငြိမ်နေပုံရသည်။

သူ့လှုပ်ရှားမှုများသည် ချောမွေ့ကာ အားစိုက်ထုတ်ရန်ပင် မလိုသကဲ့သို့ ရှိနေပြီး ခြေလှမ်းတိုင်း၊ ဓားအဝှေ့တိုင်းက ထိန်းချုပ်မှုအပြည့် ရှိနေသည်။ တိုက်ပွဲ၏ စည်းချက်တစ်ခုလုံးကို သူကပင် ဦးဆောင်နေသည့်

အလားပင်

ချလွမ်း

ကုံးယောင်သည် နောက်ထပ် တိုက်ကွက်တစ်ခုကို တားဆီးရင်း ညည်းတွားလိုက်ကာ ထိမှန်မှုကြောင့် သူ့လက်မောင်းသည် ပြင်းထန်စွာ တုန်ခါသွား၏။

သူသည် သင့်တော်သော တန်ပြန်တိုက်စစ်ကိုပင် မစတင်နိုင်သေးချေ။

ပိုင်ရမ်သည် ဓားအလင်းတန်းများနှင့်အတူ ရှေ့သို့ ထပ်မံတိုးဝင်လာပြန်သည်။

ချလွမ်း

ယခုတစ်ကြိမ်တွင်မူ ကုံးယောင်သည် ဟန်ချက်ညီအောင် ခက်ခဲစွာ ကြိုးစားရင်း လေထဲတွင် မီတာအတော်ကြာ နောက်သို့ လွင့်

ထွက်သွားရသည်။

ထိုအခါမှသာ ပိုင်ရမ်က ရယ်မောလိုက်သည်။

"ဟားဟား.. နှစ်နှစ်တောင် ကြာသွားပြီ၊ မင်းရဲ့ အရည်အချင်းက ဒီအဆင့်မှာပဲ ရပ်နေတုန်းပါလား”

သူ့လေသံက ပေါ့ပါးပြီး ကျီစယ်နေသကဲ့သို့ ရှိသော်လည်း နောက်ကွယ်ရှိ မထီမဲ့မြင်ပြုမှုမှာမူ ထင်ရှားလှသည်။

ကုံးယောင်၏ မျက်နှာသည် ပျက်သွားသည်။

သူ ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။

သူသိသည်မှာ ပိုင်ရမ်နှင့် နောက်ဆုံးတွေ့ခဲ့သည့် နှစ်နှစ်အတွင်း ပိုင်ရမ်သည် ပုံမှန်ထက် များစွာပို၍ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

သူ ခံစားနေရသည်။

သူသည် အားနည်းချက် ရှိနေပြီဖြစ်သည်။

(ဘယ်လိုဖြစ်လို့လဲ? သူ လွန်ခဲ့တဲ့ နှစ်နှစ်က အစွမ်းတွေကို ဖုံးကွယ်ထားခဲ့တာလား?)

ထိုအချက်ကသာ ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်သည်။

မဟုတ်ပါက ၎င်းတို့ကဲ့သို့ အဆင့်မျိုးတွင် သိသာထင်ရှားသော တိုးတက်မှုရရှိရန်မှာ အလွန်ခက်ခဲလှပြီး ပြိုင်ဘက်ကို ယခုကဲ့သို့ ဖိနှိပ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

လွန်ခဲ့သော နှစ်နှစ်က ရှေးဟောင်းအပျက်အစီးနေရာတွင် ပိုင်ရမ်နှင့် အညီအမျှ ယှဉ်ပြိုင်နိုင်ခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

သို့သော် ယခုမူ သိသာလှသည်။

သူ အရှုံးပေးနေရပြီ။

ပိုင်ရမ်သည် စိတ်လှုပ်ရှားစွာဖြင့် နောက်ထပ် တိုက်ကွက်တစ်ခုကို ပစ်လွှတ်လိုက်သည်။

ရွှမ်

ကုံးယောင်သည် ခက်ခဲစွာ ခုခံရင်း နောက်ထပ် သုံးမီတာခန့် ဆုတ်ခွာသွားရသည်။

ပိုင်ရမ်၏ အစွမ်းများ ရုတ်တရက် တိုးတက်လာရခြင်း အကြောင်းရင်းမှာ ရိုးရှင်းပါသည်။

၎င်းမှာ ပိုင်ကျီဟန် သူတို့အား ပေးခဲ့သည့် ကောင်းကင်အဆင့် ကျင့်စဉ်ကြောင့်ပင် ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးသည် သူ၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ ကန့်သတ်ချက်များနှင့် မလွဲမသွေ ရင်ဆိုင်ရစမြဲ ဖြစ်သည်။

အထူးသဖြင့် မြေကမ္ဘာအဆင့် ကျင့်စဉ်များ သည် အင်မော်တယ်အဆင့်အတွင်း တိုးတက်မှုကို အလွန်ခက်ခဲစေသည်။

သို့သော် ကောင်းကင်အဆင့် ကျင့်စဉ်ဖြင့် ကျင့်ကြံရာတွင်မူ စစ်ထုတ်လိုက်သော ချီများသည် ပိုမိုစင်ကြယ်ပြီး သိပ်သည်းလှသည်။

ပိုင်ရမ်၏ ကျင့်ကြံမှုအဆင့်ကိုယ်တိုင်သည် များစွာ မပြောင်းလဲသော်လည်း၊ သူ၏ ချီ အရည်အသွေးမှာမူ ကြီးမားသော အသွင်ကူးပြောင်းမှု တစ်ခုကို ခံယူခဲ့ပြီးဖြစ်သည်။

ယခု သူထုတ်ဖော်လိုက်သော တိုက်ကွက်တိုင်းသည် ယခင်ကထက် များစွာ သာလွန်သော အစွမ်းများကို သယ်ဆောင်ထားသည်။

ထို့ကြောင့် ကနဦးက ယုံကြည်မှုအပြည့် ရှိနေခဲ့သော ကုံးယောင်သည် ယခုအခါ ပိုင်ရမ်ကို ရင်ဆိုင်မိသည့် သူ၏ ဆုံးဖြတ်ချက်အပေါ် နောင်တရစပြုလာပြီ ဖြစ်သည်။

ချလွမ်း ချလွမ်း

ပိုင်ရမ်သည် ကုံးယောင်ကို လေ့ကျင့်ရေးပစ်မှတ်တစ်ခုကဲ့သို့ သဘောထားကာ ပေါ့ပေါ့ပါးပါးပင် တိုက်ခိုက်နေသည်။

ကုံးယောင်သည် ၎င်းကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ပိုင်ရမ်သည် သူ့ကို ဗြောင်ကျကျ အထင်သေးနေခြင်းပင်။

သူ့ကိုလား?

မိစ္ဆာကျင့်ကြံသူများ၏ တတိယမြောက် စစ်သေနာပတိကိုလား?

"ပိုင်ရမ်..မင်း ငါ့ကို ဒီလောက် လွယ်လွယ်နဲ့ အနိုင်ယူနိုင်မယ်လို့ မထင်နဲ့”

ကုံးယောင်သည် ဟိန်းဟောက်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်တွင် မိစ္ဆာချီများ ပြင်းထန်စွာ မြင့်တက်လာသည်။ သူ၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာစဉ် လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

"မိစ္ဆာ ကောင်းကင်ဖြိုခွင်းဓားချက်”

သိပ်သည်းလှသော မိစ္ဆာချီများသည် လခြမ်းကွေးသဏ္ဌာန်ဖြင့် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ တောင်တန်းများကိုပင် ဖြိုခွဲနိုင်သည့် ဖျက်ဆီးအားများဖြင့် ပြေးဝင်သွားသည်။

အနီးအနားရှိ အင်မော်တယ်ကျင့်ကြံသူများပင် ထိုလမ်းကြောင်းတွင် မပါဝင်စေရန် ဗီဇအရ နောက်သို့ ဆုတ်ခွာသွားကြသည်။

ကုံးယောင်၏ မျက်လုံးများတွင် ရက်စက်သော ယုံကြည်မှုများ တောက်လောင်နေသည်။

ဤသည်မှာ သူ၏ အပြင်းထန်ဆုံးသော သတ်ဖြတ်ကွက်များထဲမှ တစ်ခုဖြစ်သည်။

သို့သော်လည်း

ပိုင်ရမ်၏မျက်နှာအမူအရာ မပြောင်းလဲဘဲ ဓားကို မြှောက်လိုက်ရုံသာ ရှိသေးသည်။

ချလွမ်း

မိစ္ဆာဓားချက်သည် ဖန်သားကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။

၎င်း၏ ကြွင်းကျန်ရစ်သော အစအနများသည် လေထဲတွင် အန္တရာယ်မရှိဘဲ ပျံ့လွင့်သွားပြီး မီတာဝက်မျှပင် ရှေ့သို့ မတိုးနိုင်ခဲ့ချေ။

ကုံးယောင်၏ မျက်ဆန်းများ ပြူးကျယ်သွားသည်။

"ဘာ...”

ပိုင်ရမ်က အားရပါးရ ရယ်မောလိုက်သည်။

"ဟားဟား၊ ပိုင်ကျီဟန် ပြောတာ မှန်တာပဲ”

သူသည် ဓားကို ပခုံးပေါ် ထမ်းကာ အေးအေးလူလူ ရှေ့သို့ တိုးလာသည်။

"မင်းရဲ့ တိုက်ကွက်တွေက နှိပ်နယ်ပေးနေသလိုပဲကွ”

ကုံးယောင်သည် ပိုင်ကျီဟန်၏ စကားများကို ပြန်လည်သတိရသွား၏ သူ၏ လုပ်ကြံမှုမှ လွတ်မြောက်ပြီးနောက် ပိုင်ကျီဟန် သူ့ကို ပြောခဲ့သည့် စကားများပင် ဖြစ်သည်။

သူ၏ မျက်နှာမှာ အရှက်ရမှုနှင့် ဒေါသတို့ကြောင့် တွန့်လိမ်သွားသည်။

မိစ္ဆာကျင့်ကြံသူများ၏ တတိယမြောက် စစ်သေနာပတိမှာ ရယ်စရာတစ်ခုသဖွယ် ဖြစ်သွားရချေပြီ။

အခြားတစ်နေရာတွင်

အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ၏ တိုက်ခိုက်မှုက ကောင်းကင်ကြီးကို တုန်ခါစေသည်။

ပိုင်ချူသည် မိုကျွင်းကို ရင်ဆိုင်ကာ ခိုင်မာစွာ ရပ်တည်နေပြီး သူ၏ အင်မော်တယ်ချီများသညါ မမှိန်မသုန်သော လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်နေသည်။

အပြန်အလှန် တိုက်ခိုက်မှုတိုင်းက ဟင်းလင်းပြင်ကို ပုံပျက်သွားစေသော်လည်း မည်သည့်ဘက်ကမျှ သိသာသော အသာစီးကို မရရှိသေးပေ

သို့သော် တစ်ခုခုတော့ မှားနေသည်။

အလွန် မှားနေသည်။

မိုကျွင်းသည် သူ၏ တိုက်ကွက်တစ်ခု ထပ်မံခြေဖျက် ခံလိုက်ရပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ပိုင်ချူသည် သူ့ထက် နိမ့်ပါးခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

သို့သော် ယခုမူ?

၎င်းတို့မှာ အဆင့်တူဖြစ်နေသည်။

အချို့သော အချိန်များတွင် ပိုင်ချူက သူ့ကိုပင် ပြန်လည်ဖိနှိပ်နေသေးသည်။

မိုကျွင်း၏ အကြည့်များက စစ်မြေပြင်တစ်ခုလုံးကို ဝှေ့ယမ်းကြည့်လိုက်သည်။

ပိုင်ရမ်သည် ကုံးယောင်ကို လွှမ်းမိုးထားသည်။

အခြားသော ပိုင်မျိုးနွယ်စု အင်မော်တယ်များမှာလည်း ၎င်းတို့၏ ပြိုင်ဘက်များကို အသာစီးရနေကြသည်— တစ်ဦးချင်းစီမှာ ယခင်ကထက် များစွာ သန်မာလာကြသည်။

ဤသည်မှာ တိုက်ဆိုင်မှု မဟုတ်နိုင်ပေ။

"ဒီလို တိုးတက်လာမှုမျိုးက..."

မိုကျွင်းက အေးစက်စွာ ပြောလိုက်သည်။ သူ၏ တည်ငြိမ်သော အသွင်အပြင်အောက်တွင် မိစ္ဆာချီများ ဆူပွက်နေသည်။

"ဒါက ရိုးရိုးရှင်းရှင်း ကျင့်ကြံမှု နိုးကြားလာတာမျိုးနဲ့ ရှင်းပြလို့ မရဘူး။"

သူ၏ အကြည့်များသည် ပိုင်ချူအပေါ်တွင် စွဲမြဲနေသည်။

"မင်းတို့ ဘာတွေလုပ်ထားကြတာလဲ?"ပိုင်ချူက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အင်မော်တယ်ချီများသည် သူ့ပတ်ဝန်းကျင်တွင် မလျော့သော ဒီရေများကဲ့သို့ ဝန်းရံနေ၏။

"ငါက မင်းကို ပြောပြလိမ့်မယ်လို့ ထင်နေတာလား။"

သူသည် ဖိအားများကို မြှင့်တင်ရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

"မင်းတို့ မိစ္ဆာကျင့်ကြံသူတွေ အမြဲလုပ်နေကျအတိုင်း... ငါ့ဆီကနေ အတင်းအကျပ် မေးယူကြည့်ပါလား?"

မိုကျွင်း၏ မျက်နှာ အမူအရာ မှောင်မိုက်သွားသည်။

(ပိုင်မျိုးနွယ်စုက တစ်စုံတစ်ရာသော ရတနာကို ရရှိထားတာ သေချာတယ်။)

သူ နိဂုံးချုပ်လိုက်သည်။

(အဲဒါ ဘာပဲဖြစ်ဖြစ်— အဲဒါ ငါ့အပိုင် ဖြစ်ရမယ်)

ချလွမ်း

သို့သော် ထိုသို့ဖြစ်လာရန်မှာ သူသည် ပထမဦးစွာ ပိုင်ချူကို သတ်ရမည်ဖြစ်ပြီး ကောင်းကင်အင်ပါယာကို ဖျက်ဆီးရမည် ဖြစ်သည်။

၎င်းမှာ သူ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုခက်ခဲနေကြောင်း သက်သေပြနေလေသည်။

All Chapters