← Chapters

ကောင်းကင်ဘုံအမိန့်တော်ကို ပြောင်းပြန်လှန်ခြင်း

Vol. 27 Ch. 400

ကောင်းကင်ဘုံအမိန့်တော်ကို ပြောင်းပြန်လှန်ခြင်း

Vol. 27 Ch. 400

ပိုင်ကျီဟန်၏ အကြည့်များ မှေးမှိန်သွားသည်။

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ရှိသော မိစ္ဆာအကြီးအကဲ တစ်ဦးတည်းနှင့် တိုက်ခိုက်ရသည်မှာပင် သူ့အတွက် အစွမ်းကုန် ရုန်းကန်နေရပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။

ယခုမူ... နောက်ထပ် နှစ်ဦး တိုက်ပွဲထဲသို့ ထပ်မံဝင်ရောက်လာလေပြီ။

ထို့ထက် ပိုဆိုးသည်မှာ သူ သတ်လုနီးပါး ဖြစ်သွားခဲ့သော အကြီးအကဲသည် ပြန်လည် ကုသခံနေရခြင်းပင်။

မိစ္ဆာချီများ လှိုင်းထလာပြီး ရောက်ရှိလာသော လူသစ်နှစ်ဦးသည် ဒဏ်ရာရနေသော အကြီးအကဲ၏ ကျောပြင်ပေါ်သို့ လက်ဝါးများတင်ကာ ပျက်စီးသွားသော အကြောများကို တည်ငြိမ်အောင် ကူညီပေးနေကြသည်။

ထိုအကြီးအကဲသည်လည်း ကုသရေးဆေးလုံး အချို့ကို မျိုချလိုက်ရာ သူ၏အခြေအနေမှာ အတိုင်းအတာတစ်ခုအထိ မြန်မြန်ဆန်ဆန် ပြန်လည် တည်ငြိမ်လာခဲ့သည်။

သို့သော်လည်း သူတို့ မည်သို့ပင် ကြိုးစားစေကာမူ ၊ ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်ကြောင့် ရရှိခဲ့သော ဒဏ်ရာမှာမူ လုံးဝ ပျောက်ကင်းသွားခြင်း မရှိပေ။

၎င်းမှာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသစ် တစ်ခုကဲ့သို့ လက်ခံလိုက်ရသော အမြဲတမ်း ဒဏ်ရာတစ်ခု ဖြစ်နေပုံရသည်။

"တောက်…ဘာလို့ မပျောက်တာလဲ”

ထိုမိစ္ဆာအကြီးအကဲသည် မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။ သူ၏ ဘယ်ဘက်လက်မောင်းသည် တိုက်ရိုက် ထိမှန်ခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင်ဖြစ်စေ၊ ကျန်ရှိသော မဟာကောင်းကင်ဘုံတက်ခြင်း အဆင့် နှစ်ဦးမှဖြစ်စေ မည်သို့ပင် ကုသသော်လည်း ပုံမှန်

အတိုင်း ပြန်မဖြစ်လာခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ခွန်အားများ တဖြည်းဖြည်း ပြန်လည် ရရှိလာခဲ့သည်။

အစွမ်းကုန် မဟုတ်သော်ငြား

လုံလောက်သည်။

ပြန်လည် တိုက်ခိုက်နိုင်ရန် လုံလောက်သော အင်အားဖြစ်သည်။

ပိုင်ကျီဟန် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ သုံးဦး။

တစ်ဦးမှာ ဒဏ်ရာရထားသော်လည်း ဗလာသန့်စင်ခြင်း အဆင့်ရှိသော အကြီးအကဲ တစ်ဦးထက် များစွာ သန်မာနေဆဲ ဖြစ်သည်။

ကျန်ရှိသော နှစ်ဦးမှာမူ အတူတူပင် သန်မာသည်၊ သို့မဟုတ် ပို၍ပင် အစွမ်းထက်

နိုင်သည်။

သူ့အတွက်မူ ယခုအခြေအနေမှာ ကျွမ်းကျင်မှု သို့မဟုတ် ဗျူဟာတစ်ခုတည်းဖြင့် ဖြေရှင်း၍ ရနိုင်တော့သော အခြေအနေ မဟုတ်တော့ပေ။

အရေအတွက်နှင့် ကျင့်စဉ်အဆင့် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလွန်းလှသည်။

ထိုစဉ် သူ၏ ဝိညာဉ်အသိစိတ်ထဲ၌ ရှေးဟောင်းအသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်

(ငါ့အကူအညီ လိုသလား?)

အင်မော်တယ်ဧကရာဇ် ဖေးလိန်၏ ဝိညာဉ် လှုပ်ခတ်လာခြင်း ဖြစ်သည်။

ပိုင်ကျီဟန် ဆိတ်ဆိတ်သာ နေလိုက်သည်။

ခေတ္တမျှ သူ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏

ထို့နောက်

သူ ခေါင်းခါလိုက်သည်။

"မလိုဘူး”

သူ တုံးတိတိပင် ငြင်းပယ်လိုက်သဖြင့် ဖေးလိန်ပင် အံ့အားသင့်သွားရသည်။

(သူ့မှာ တခြား ဝှက်ဖဲတွေ ရှိနေသေးတာလား?)

သူမ သိချင်သွားသည်။

"မင်း အသက်အန္တရာယ် စိုးရိမ်ရရင်တော့ ချက်ချင်း အကူအညီတောင်းနော်။"

"စိတ်ချပါ”

ဖေးလိန်၏ အကူအညီဖြင့် ထိုသုံးဦးကို ဖြေရှင်းနိုင်သော်လည်း... ဤနေရာတွင် အင်မော်တယ်များစွာ ရှိနေသဖြင့် သူမ၏ တည်ရှိမှုကို သတိထားမိသွားမည့် အခွင့်အလမ်း အလွန်များနေသည်။

အကယ်၍ ထိုသို့သာ ဖြစ်သွားပါက အနာဂတ်တွင် အင်မော်တယ်အဆင့် ကျင့်ကြံသူများက သူ့ကို လုပ်ကြံရန် စေလွှတ်လာနိုင်ပေသည်။

ထို့ပြင် အကူအညီပေးခြင်းသည် ဖေးလိန်၏ ဝိညာဉ်စွမ်းအားကို ကုန်ဆုံးစေမည်ဖြစ်ပြီး သူမ၏ နာလန်ထူမှုကို နှောင့်နှေးစေလိမ့်မည်။

ယခုတစ်ကြိမ် သူမ ကူညီပေးနိုင်သော်လည်း နောက်တစ်ကြိမ် ထိုသို့သော အခြေအနေမျိုး မည်သည့်အချိန်တွင် ထပ်ကြုံရမည်ကို မည်သူ သိနိုင်မည်နည်း?

သူ့အနေဖြင့် ယခုရော အနာဂတ်အတွက်ပါ အသုံးဝင်မည့် နည်းလမ်းတစ်ခု လိုအပ်သည်။

(စနစ်အမှတ်တွေကို သုံးရမယ့်အချိန် ရောက်ပြီထင်တယ်)

ကံကောင်းထောက်မစွာပင် အဖြေက ရှိပြီးသားဖြစ်သည်။

သူ့တွင် စနစ်အမှတ် တစ်သိန်းနီးပါး စုဆောင်းထားပြီး ဖြစ်ရာ အလွန်အစွမ်းထက်သော ကျင့်စဉ်တစ်ခုကို ဝယ်ယူရန် လုံလောက်လှသည်။

"စနစ် “

သူ ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် စနစ်အရောင်းဆိုင် ပွင့်လာသည်။

သူ ဘာလိုချင်သည်ကို ကြိုတင် သိရှိပြီးသားဖြစ်သည်။

ဝတ္ထုများထဲမှ ဇာတ်လိုက်များကဲ့သို့ပင်— သူ၏ ကျင့်စဉ်အဆင့် သို့မဟုတ် တိုက်ခိုက်ရေးစွမ်းအားကို ခေတ္တမျှ မြင့်

တက်စေမည့် နည်းစနစ်တစ်ခု။

သူသည် ကောင်းကင်ဘုံအဆင့်အောက်ရှိ အရာအားလုံးကို လျစ်လျူရှုကာ သူတော်စင်အဆင့်ကျင့်စဉ်များဆီသို့ တိုက်ရိုက်သွားလိုက်သည်။

အကောင်းဆုံးကို ဂရုတစိုက် နှိုင်းယှဉ်

ရွေးချယ်နေရန် အချိန်မရှိတော့ပေ။

မိစ္ဆာအကြီးအကဲများ ကုသမှု ပြီးဆုံးသွားပြီဖြစ်ပြီး သုံးဦးသားသည် သူ့ထံသို့ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ဦးတည်လာနေကြပြီ ဖြစ်သည်။

ပိုင်ကျီဟန်၏ မျက်လုံးများမှာ ခေတ္တမျှ ကျင့်စဉ်အဆင့် မြှင့်တင်ပေးသော အမျိုးအစားထဲတွင် ဈေးအကြီးဆုံး ကျင့်စဉ်တစ်ခုပေါ်၌ ရပ်တန့်သွားသည်။

"ကောင်းကင်ဘုံအမိန့်တော် ပြောင်းပြန်လှန်ခြင်း ကျင့်စဉ်”

ဈေးနှုန်း - စနစ်မှတ် ၅၀,၀၀၀ ဖြစ်ရာ ပုံမှန် သူတော်စင်အဆင့် ကျင့်စဉ်များအတွက် လိုအပ်သော အမှတ်၄၀,၀၀၀ ထက် များစွာ မြင့်မားနေသည်။

သို့သော် ၎င်းမှာ အဆင့်မြင့်အတတ်ပညာတစ်ခု ဖြစ်သည်မှာ သိသာလှပြီး သူတော်စင်အဆင့် ကျင့်စဉ်များထဲတွင် အားအကောင်းဆုံး တစ်ခု ဖြစ်ပေလိမ့်မည်။

ဖော်ပြချက်မှာ ကျစ်လျစ်လှသည်။

ကောင်းကင်ဘုံအမိန့်တော် ပြောင်းပြန်လှန်ခြင်း ကျင့်စဉ်သည် ကောင်းကင်ဘုံကိုယ်တိုင်က သတ်မှတ်ထားသော ကန့်သတ်ချက်များကို အတင်းအဓမ္မ ပြောင်းပြန်လှန်ပစ်သည့် အစွန်းရောက် ကံကြမ္မာကို ဆန့်ကျင်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။

၎င်းကို အသုံးပြုရန်အတွက် ကျင့်ကြံသူသည် အလွန်အမင်း သန်မာသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် ကြီးမားသော ချီစွမ်းအား သိုလှောင်မှု ရှိထားရမည်။

ဤကြိုတင် လိုအပ်ချက်များနှင့် မပြည့်စုံပါက ဤကျင့်စဉ်သည် ကောင်းမွန်စွာ အလုပ်လုပ်မည် မဟုတ်ဘဲ အန္တရာယ်ရှိနိုင်သည်။

အားနည်းသော ခန္ဓာကိုယ်သည် ပြင်းထန်သော စွမ်းအားများကြောင့် စုတ်ပြတ်သွားလိမ့်မည် - အကြောများ ပြတ်တောက်ကာ အရိုးများ ကြေမွသွားနိုင်သည်။

ချီစွမ်းအား မလုံလောက်ပါက ကျင့်စဉ်

အဆင့်သည် တစ်စိတ်တစ်ပိုင်းသာ တိုးတက်လာမည်၊ သို့မဟုတ် စွမ်းအားပမာဏပေါ် မူတည်၍ လုံးဝ တိုးတက်လာမည် မဟုတ်ပေ။

ဤကျင့်စဉ်သည် စွမ်းအားကို ညင်သာစွာ ပေးအပ်ခြင်း မဟုတ်ပေ။

၎င်းသည် ခန္ဓာကိုယ်နှင့် ကျင့်စဉ်အဆင့် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း မြင့်တက်လာစေရန် အတင်းအဓမ္မ ဖိအားပေးပြီး ကျင့်ကြံသူ မရောက်ရှိနိုင်သေးသော အမြင့်တစ်ခုဆီသို့ ဆွဲတင်သွားခြင်း ဖြစ်သည်။

သို့သော် သာမန်တားမြစ်ထားသော ကျင့်စဉ်များနှင့်မတူဘဲ ကောင်းကင်ဘုံအမိန့်တော် ပြောင်းပြန်လှန်ခြင်း ကျင့်စဉ်တွင် သတ်မှတ်ထားသော အကန့်အသတ်ဟူ၍ မရှိပေ။

ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ထိုဖိအားကို ခံနိုင်ရည်ရှိသရွေ့နှင့် ချီစွမ်းအား ထောက်ပံ့မှု မပြတ်တောက်သရွေ့ ဤအခြေအနေကို အကန့်အသတ်မရှိ ထိန်းထားနိုင်ပြီး ကျင့်ကြံသူ၏ အဆင့်သည်လည်း အတားအဆီးမရှိ ဆက်လက် မြင့်တက်နေပေလိမ့်မည်။

မည်သည့် အမြင့်ဆုံး အမိုးအကာမှ ကြိုတင်သတ်မှတ်ထားခြင်း မရှိပေ။

တစ်ခုတည်းသော တကယ့်အကန့်အသတ်မှာ ကျင့်ကြံသူကိုယ်တိုင်သာ ဖြစ်သည်။

ကောင်းကင်ဘုံ၏ ပြောင်းပြန်လှန်ထားသော အမိန့်တော်ကို မခံရပ်နိုင်သူများသည် ၎င်း၏ ဖိသိပ်မှုအောက်တွင် ကြေမွသွားကြပေလိမ့်မည်။

ခံနိုင်ရည်ရှိသူများမှာမူ— ကံကြမ္မာ၏ အထက်တွင် ရပ်တည်နိုင်မည် ဖြစ်သည်။

ဤကျင့်စဉ်ကိုယ်တိုင်မှာ ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်ကဲ့သို့ ရှုပ်ထွေးခြင်းမရှိဘဲ လိုအပ်ချက်များမှာလည်း ပိုင်ကျီဟန်နှင့် အကွက်ကျကျ ကိုက်ညီနေသည်။

ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်ကြောင့် သူ၏ ခန္ဓာကိုယ်သည် အသန်မာဆုံးများထဲတွင်မှ အသန်မာဆုံး ဖြစ်နေသင့်ထသည်။

၎င်းသည် အလုပ်ဖြစ်မည်၊ မဖြစ်မည်ကိုမူ ဝယ်ယူပြီး အသုံးပြုကြည့်မှသာ သိနိုင်မည်ဖြစ်သည်။

အကယ်၍ ကျရှုံးခဲ့ပါက သူ၏ ကံကြမ္မာကိုသာ ကျိန်ဆဲရုံရှိတော့သည်။

"တကယ်လို့ အဆိုးဆုံးအခြေအနေ ရောက်လာရင်လည်း ဖေးလိန်ကို အကူအညီတောင်းလို့ ရသေးတာပဲ"

ပိုင်ကျီဟန် တိုးတိုးလေး ရေရွတ်လိုက်သည်။

အရိုးစုနှင့်တူသော မိစ္ဆာအကြီးအကဲက စူးရှပြီး နားမခံသာသော ရယ်သံတစ်ခုကို ထုတ်ဖော်လိုက်သည်။

"ဟဲဟဲ... ဒါက ဘာလဲ?"

သူသည် သူ၏ ဦးခေါင်းခွံနှင့်တူသော ခေါင်းကို စောင်းလိုက်ရာ ဟောင်းလောင်းပေါက် မျက်တွင်းများထဲတွင် ကြောက်မက်ဖွယ် စိမ်းဖန့်ဖန့် မီးတောက်များ တဖျတ်ဖျတ် တောက်လောင်နေသည်။

"ကြောက်လွန်းလို့ တောင့်တောင့်ကြီး ဖြစ်သွားတာလား?"

ပိုင်ကျီဟန်သည် ဓားကိုနှိမ့်ကာ ငြိမ်သက်စွာ ရပ်နေပြီး သူ၏ အရှိန်အဝါမှာလည်း တည်ငြိမ်နေပုံရသည်။

မိစ္ဆာအကြီးအကဲ သုံးဦးအဖို့မူ အခြေအနေမှာ ရှင်းလင်းလှသည်။

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ရှိသော လူငယ်လေး တစ်ယောက်သည် မဟာကောင်းကင်ဘုံ တက်ခြင်းအဆင့် ပညာရှင်သုံးဦး၏ ဝိုင်းရံခြင်းကို ခံထားရသည်။ ထိုသုံးဦးထဲမှ တစ်ဦးကိုပင် သူ မနည်းတိုက်ခိုက်ခဲ့ရသည်ဖြစ်ရာ ယခုအခါ သူ၏ ကံကြမ္မာသည် မျှော်လင့်ချက်ကင်းမဲ့နေပြီဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခြင်း ဖြစ်ပေလိမ့်မည်။

၎င်းမှာ သဘာဝကျလှသည်။ မည်သူကမှ ဤသို့သော အခြေအနေတွင် စိတ်ဓာတ်မကျဘဲ နေနိုင်မည်နည်း?

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများပင် ဤအခြေအနေမျိုး၌ ဖိအားကို ခံစားရမည်ဖြစ်ရာ ဗလာသန့်စင်ခြင်းအဆင့်သို့ပင် ခြေမလှမ်းရသေးသော မျိုးဆက်သစ် လူငယ်လေးတစ်ဦးအဖို့ ပြောနေရန်ပင် မလိုတော့ပေ။

အရပ်ရှည်ရှည် မိစ္ဆာအကြီးအကဲသည် လှောင်ပြုံးပြုံးလိုက်သည်။

"မင်း ထွက်ပြေးရင်တောင် ရလဒ်ကတော့ အတူတူပဲ ဖြစ်မှာပါ။ အခုတော့ ငါတို့ကို လိုက်ဖမ်းရတဲ့ ဒုက္ခ သက်သာသွားတာပေါ့"

ဒဏ်ရာရနေသော အကြီးအကဲသည် ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး သူ၏ အကြည့်များမှာ အဆိပ်အတောက်ကဲ့သို့ ပြင်းထန်နေသည်။

"မင်း ဂုဏ်ယူသင့်ပါတယ်။ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ သုံးဦးကမင်းရဲ့ အသက်ကို ကိုယ်တိုင် အဆုံးစီရင်ပေးရမှာမို့လို့ပဲ။"

သူတို့ တစ်လှမ်းချင်း ရှေ့သို့ တိုးလာကြသည်။

ဖိနှိပ်ထားသော သတ်ဖြတ်လိုသည့် အရှိန်အဝါမှာ တောင်တန်းများကိုပင် ချေဖျက်နိုင်လောက်သည်။

ထိုစဉ်

ပိုင်ကျီဟန် မျက်လုံးများကို ဖွင့်လိုက်သည်။

"ဟွန်း..." သူက ခပ်ပေါ့ပေါ့ပင် ဆိုလိုက်သည်။ "ဒါကို မင်းတို့အတွက် ဂုဏ်ယူစရာလို့ပဲ မှတ်ယူလိုက်ကြပါ။"

သူသည် ခေါင်းကို မော့လိုက်ပြီး သိသာထင်ရှားသော မာန်မာနများဖြင့် အကြီးအကဲ သုံးဦးလုံးကို ဝေ့ဝဲကြည့်လိုက်သည်။

"မင်းတို့က ငါ့ရဲ့ လေ့ကျင့်ရေး ရုပ်သေးရုပ်တွေ ဖြစ်လာတော့မှာမို့လို့လေ။"

ရယ်သံများ ပွင့်ထွက်လာခဲ့သည်။

"ဟားဟားဟား”

"ဟားဟား... ဒါက သေခါနီး လူတစ်ယောက်ရဲ့ နောက်ဆုံး ကြွားဝါမှုပဲ”

"ရူးသွားပြီလား?"

သို့သော် ထိုလှောင်ပြောင်မှုများ မဆုံးခင်မှာပင်—

"ကောင်းကင်ဘုံအမိန့်တော် ပြောင်းပြန်လှန်

ခြင်း”

ဝုန်း

ပိုင်ကျီဟန်၏ ပတ်ဝန်းကျင်ရှိ လေထုမှာ အတွင်းဘက်သို့ ပြိုကွဲဝင်သွားသည်။

သူ၏ ချီ စွမ်းအားများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေခြင်း မဟုတ်တော့ဘဲ အထိန်းအကွပ်မဲ့ သောင်းကျန်းနေသော ပင်လယ်ပြင်ကဲ့သို့ ပြင်းထန်စွာ လှိုင်းထလာသည်။

သူ၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ ချက်ချင်းပင် အက်ကွဲသွားခဲ့သည်။

"ဘာ...?"

အရိုးစုနှင့်တူသော အကြီးအကဲ၏ ရယ်သံ ရပ်တန့်သွားသည်။

ပိုင်ကျီဟန်၏ အရှိန်အဝါ ပေါက်ကွဲထွက်လာသည်။ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် အစောပိုင်း— ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း နှောင်းပိုင်း အဆင့်

သူ၏ ကျင့်စဉ်အဆင့်သည် တစ်ခဏအတွင်း မြင့်တက်လာပြီး အဟန့်အတား များကို မရှိသကဲ့သို့ ချိုးဖျက်ပစ်လိုက်သည်။

သူ၏ အကြောများမှာ ဟိန်းဟောက်နေသည်။

သူ၏ စွမ်းအင်စုရပ်မှာလည်း ပြင်းထန်စွာ ကျယ်ပြန့်လာသည်။

ဝုန်း

ဗလာသန့်စင်ခြင်းအဆင့်

ဒီရေလှိုင်းကဲ့သို့ ပြင်းထန်သော ဖိအားသည် အပြင်ဘက်သို့ တိုးထွက်လာသဖြင့် မိစ္ဆာအကြီးအကဲ သုံးဦးလုံး ခြေလှမ်းများ ရပ်တန့်သွားရသည်။

သူတို့၏ မျက်နှာအမူအရာများသည် နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့သည်။

တုန်လှုပ်ခြင်း။

မယုံကြည်နိုင်ခြင်း။

သူ၏ ချီစွမ်းအားမှာ ဆက်လက် မြင့်တက်နေဆဲပင်။

တရိပ်ရိပ် တက်နေဆဲဖြစ်ပြီး ရပ်တန့်မည့် အရိပ်အယောင်လည်း မရှိပေ။

"ဒီနေ့ ဘယ်သူ သေမလဲဆိုတာ ကြည့်ကြတာပေါ့”

All Chapters