သွေးနိယာမကို သုံးပြီး သွေးဝိညာဥ်အစီအရင်ကို သိမ်းမယ်
Vol. 23 Ch. 328
နောက်ရက်များတွင်လည်း ကျန်းဟိုင်မြို့ထဲ ငြိမ်သက်နေခဲ့သည်။ အစည်းအဝေး အပြီးတွင် လောင်လီနှင့် သူ၏အဖွဲ့သည် အကြိတ်အနယ် ပြင်ဆင်မှုများကို တိတ်တိတ်ဆိတ်ဆိတ်ဖြင့် စတင်ခဲ့၏။
လီရွှေရေကန်၏ အပြင်ဘက်တွင် ကြယ်သိုင်းရဲစခန်းသည် ယာယီအကာအကွယ် နံရံများ တည်ဆောက်နေပြီး နှစ်ကီလိုမီတာ အချင်းဝက်အတွင်းရှိ လူနေအဆောက်အအုံ အားလုံးကို ရှင်းလင်းခဲ့ကြသည်။
ရေကန်ကြီးသည်လည်း ညဘက်တွင် တိတ်ဆိတ်နေခဲ့ပေသည်။ အမှောင်ထဲ၌ အိမ်တစ်လုံးမျှ မမြင်ရဘဲ ပိုးစုန်းကြူးလေးများသာ ပျံဝဲနေသည့် အလင်းစများကိုသာ မှိတ်တုတ်မှိတ်တုတ် မြင်နေရ၏။
တစ်ချိန်တည်းတွင်ပင် လီမိသားစု၏ သိုလှောင်အားထုတ်မှုများကလည်း အားသွန်ခွန်စိုက် လုပ်ဆောင်နေကြသည်။ အစီအရင် ပစ္စည်းများနှင့် သံနက်များကို ချင်းယန် သတ်မှတ်ထားသော ဂိုဒေါင်ထဲသို့ ပို့ဆောင်ပေးခဲ့ပြီး ချက်ချင်းတပ်ဖြန့်ရန်လည်း အဆင်သင့် ဖြစ်နေကြသည်။
လောင်လီသည် အွန်လိုင်းဖိုရမ်များမှတစ်ဆင့် သွေးအနှစ်သာရ လှူဒါန်းမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ရာ မရေမတွက်နိုင်သော လူများက တုံ့ပြန်ခဲ့သည်။
………..
နေလုံးကြီး အနောက်ဘက်သို့ ဝင်သွားပြီးနောက် ဖုဟိုင်လူနေအိမ်ရာ အပြင်ဘက်တွင် လင်မော့ဖုန်း ကောင်းကင်မှ ဖြည်းညင်းစွာ ဆင်းသက်လာ၏။ သူသည် အဖြူရောင် ၀တ်စုံဖြင့် ကန့်လန့်ကာဘေးသို့ ပေါ့ပါးစွာ ဆင်းသက်လာခဲ့သည်။
အဝင်ဝတွင် ချင်းယန်က အချိန်အတော်ကြာအောင် စောင့်နေခဲ့သည်။
"စီနီယာလင်!"
ချင်းယန် သူ့အား လက်ပြနှုတ်ဆက်လိုက်ပြီး :"မတွေ့တာ ကြာပြီ ခင်ဗျားလာမယ်လို့တော့ လောင်လီ ပြောထားတယ်။"
"ခင်ဗျားက နှိမ့်ချနေတာပဲ ကောင်းကင်အရှင်ချင်း"
လင်မော့ဖုန်းသည် လေးလေးစားစား ဦးညွှတ်ကာ အနည်းငယ်လေး စိတ်လှုပ်ရှားသွားသည်။
တစ်ချိန်တုန်းက သူသည် ချင်းယန်ကို ကျင့်ကြံနည်းစနစ်များကို သင်ကြားရန် သူ၏ ဂိုဏ်းဆရာ နယ်ပယ်ကို အားကိုးအားထား ပြုခဲ့သော်လည်း မထင်မှတ်ဘဲ လအနည်းငယ်အကြာတွင် ချင်းယန်က ကောင်းကင်အရှင်သို့ ရောက်ရှိနေချေပြီ။
နယ်ပယ်နှစ်ခုကြား ခြားနားချက်မှာ အမှန်တကယ့် ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခုပင်။
တစ်ခါတရံ ဧကရာဇ်မြို့တော်တွင် မနေဘဲ ကျန်းဟိုင်မြို့တွင် တည်းခိုခဲ့မိပါက အဓိပတိခန္ဓာ၏ ကောင်းချီးများကို ခံစားရလေမလားဟုပါ တွေးထင်မိ၏။ ယခုတော့ နှမြောစရာ ကောင်းလေသည်။
"လာပါ စီနီယာလင် အထဲမှာ စကားပြောရအောင်"
ချင်းယန် ပြုံးပြပြီး သူ့အမူအယာကို ထိန်းသိမ်းကာ လင်မော့ဖုန်းကို အိမ်ကြီးထဲသို့ ဖိတ်ခေါ်လိုက်သည်။ ရှောင်ပိုင်သည် ပန်းလက်ဖက်ရည်ကို ချက်ပြီးသားဖြစ်သဖြင့် သစ်သီးလင်ပန်းတစ်လုံးနှင့် ကိတ်မုန့်များစွာအား သယ်လာနေ၏။
လင်မော့ဖုန်းမှာ ဆိုဖာပေါ်တွင်ထိုင်ကာ ဗီလာတစ်ဝိုက်ကို ကြည့်ကာ သူ့နှလုံးသားက ပို၍ပင် ရှုပ်ထွေးသော ခံစားချက်များ တိုးဝင်လာတော့သည်။ ချင်းယန်နှင့် စတွေ့စဥ်က တစ်ဖက်လူသည် နိမ့်ကျသော စာကြည့်တိုက်မှူး တစ်ယောက်သာ ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဗီလာမှာတောင် နေထိုင်နိုင်ခဲ့ပြီ။
"စီနီယာလင်က မြို့တော်ကနေ အထူးခရီးထွက်လာတယ်လို့ လောင်လီဆီက ကြားတယ်။ ပြောစရာ အရေးကြီးကိစ္စများ ရှိလို့လား"
ချင်းယန် သူ့အတွက် လက်ဖက်ရည်တစ်ခွက် ကမ်းပေးကာ မေးလိုက်သည်။
"..."
ထိုစကားကို ကြားသောအခါ လင်မော့ဖုန်းသည် မှန်ကန်သော စကားလုံးများကို ရှာဖွေရန် ရုန်းကန်နေပုံရပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
"ငါ မင်းကို အကြောင်းကြားစရာ တစ်ခုတော့ရှိတယ်"
ခဏရပ်ပြီးနောက် သူက ဖြည်းညင်းစွာပြောသည်
"မုန့်ထျန်းရွှမ် သေပြီ"
"?"
ထိုသတင်းကို ကြားတော့ ချင်းယန်၏လက်ပင် လေထဲ၌ပင် အေးခဲသွားပြီး ချက်ချင်း စိတ်မသက်မသာ ဖြစ်သွားလေ၏။
"မုန့်ထျန်းရွှမ် သေသွားပြီလား။ သေချာလား"
"ဟုတ်တယ် ငါတို့မြို့တော်ကလည်း သတင်းကို အခုပဲ လက်ခံမိတာ။ အဓိပတိ မဟာမိတ်အဖွဲ့က အဲဒါကို မဖုံးကွယ်နိုင်တော့ဘူးလေ။ မကြာသေးခင်အထိ ဖုံးထားခဲ့တာ နှိမ်နှင်းခဲ့ပြီး နောက်ဆုံးတော့ နာရေးကြော်ငြာကို ထုတ်ပြန်ခဲ့တာ။"
လင်မော့ဖုန်း၏ မျက်ခုံးတို့ အနည်းငယ် ဖြေလျှော့သွားသည်။ သူက လက်ဖက်ရည် မော့သောက်ပြီး ဖြည်းညင်းစွာ စကားဆက်လာသည်။
"မုန့်ထျန်းရွှမ်ရဲ့ အသက်မီးအိမ်က လွန်ခဲ့တဲ့ ရက်သတ္တပတ်ပေါင်း များစွာကတည်းက ကွဲအက်သွားတာတဲ့..."
"..."
ချင်းယန်သည် တစ်ဖက်ရှိ လင်မော့ဖုန်းကို မယုံနိုင်သည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။
"သူသေပြီလား။"
စင်စစ်အားဖြင့် ထိုသူသည် ကောင်းကင်အရှင် နယ်ပယ်ရှိ ကျွမ်းကျင်သူဖြစ်သည်။ သူ အနှစ်တစ်ထောင် မရှင်သန်ခဲ့ဘူး ဆိုလျှင်တောင် ၌ကမ္ဘာကြီးမှာ ထိပ်တန်းအဆင့် ရှိနေဆဲပင်။ သို့ဖြစ်ပါက နန်းကုန်းလီအပြင် အခြားမည်မျှ လုပ်နိုင်ဦးမည်နည်း။
ပိုအရေးကြီးသည့် အချက်မှာ မုန့်ထျန်းရွှမ်၏ လျှို့ဝှက်သော သဘောသဘာဝအရ ဆိုလျှင် ဤမျှတိတ်ဆိတ်သော သေခြင်းမျိုးကို သူမည်သို့ ရွေးချယ်နိုင်မည်နည်း။
ထိုလူ လုပ်ကြံခံရကြောင်း သေချာနေပြီ။
"လူသတ်သမားကို ဖော်ထုတ်ပြီးပြီလား သားရဲနတ်အရှင်ဂိုဏ်းက တစ်ယောက်လား”
“အင်း အဲဒါက စုံစမ်းစစ်ဆေးဖို့ လိုနေသေးတယ်။ မြို့တော်မှာရှိတဲ့ ငါတို့ရဲ့ အရင်းအမြစ်တွေက အကန့်အသတ်ရှိတော့ အခုလောလောဆယ် ငါတို့ သိထားတာ ဒီလောက်ပဲ။” လင်မော့ဖုန်း သက်ပြင်းချလိုက်ပြီး :"ဒါကို အဓိပတိ မဟာမိတ်အဖွဲ့ကနေ ထွက်သွားတဲ့ အကြီးတန်းတစ်ယောက်က ငါတို့ကို ပြောပြတာ။"
"ထွက်သွားတဲ့ လူကြီး?" ချင်းယန် အံ့အားသင့်ပြီး :"အဓိပတိ မဟာမိတ် ပြိုကွဲသွားပြီလား?"
"ဟုတ်တယ် မုန့်ထျန်းရွှမ် ကွယ်လွန်ပြီးကတည်းက မဟာမိတ်အဖွဲ့ဟာ ခေါင်းဆောင်မဲ့သွားပြီ နှမြောစရာက တကယ်တော့ အထဲမှာ အကြီးတန်းကောင်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့က မကောင်းတဲ့ လူနောက်ကို လိုက်သွားပြီး မှားယွင်းတဲ့ ခြေလှမ်းကို လှမ်းမိသွားတယ်..."
"ဟုတ်လား..."
ဤသည်ကို ကြားသောအခါ ချင်းယန်၏ အတွေးများ လွင့်ပျံသွားသည်။ အဓိပတိမဟာမိတ်သည် အနှစ်တစ်ထောင်သမိုင်းရှိပြီး ၎င်း၏အဓိပတိအများစုသည် အဆုံးအထိ ခေါင်းမာသော လျိုဝူရွှမ်း ကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးများကို မျှဝေထားသော်လည်း နောက်ဆုံးတွင် လူသားမျိုးနွယ်၏ အနာဂတ်ကို မတွေးတောခဲ့။
ယခုမူ မုန့်ထျန်းရွှမ် ကွယ်လွန်သွားသောကြောင့် ပြိုကျသွားခဲ့သည်။ တကယ့်ကို ကြေကွဲစရာ ကောင်းပေ၏။ ချင်းယန် အမြင်၌ မုန့်ထျန်းရွှမ်၏ သေဆုံးမှုက သူတို့နှင့် သေချာပေါက် ဆက်စပ်နေနိုင်သည်။ အာဏာလုယူခြင်းအတွက် သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့အပြင် အစာအဖြစ် မျိုချခံရသည်လည်း ဖြစ်နိုင်၏။
လင်မော့ဖုန်းသည် သူ၏သတင်းစကားကို ပေးပို့ပြီးနောက် ဖုဟိုင်လူနေအိမ်ရာမှ ထွက်ခွာသွားခဲ့သည်။ မုန့်ထျန်းရွှမ် သေဆုံးသွားခြင်း၏ ဆွဲငင်အားကြောင့်သာ မဟုတ်ရင် သူ လူကိုယ်တိုင် ရောက်လာမိမှာ မဟုတ်ချေ။
"ဟူး တကယ့်ကို တုန်လှုပ်စရာကောင်းတဲ့ အချိန်ပဲ။"
ချင်းယန်သည် တံခါးဝတွင်ရပ်ကာ ထွက်ခွာသွားသောရုပ်ကို ကြည့်ကာ ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
သူသည် မုန့်ထျန်းရွှမ်၏ အသက် သို့မဟုတ် သေခြင်းတရားကို စိတ်မဝင်စားပါ။ နှမြောမိသည်မှာ ထိုအဘိုးကြီး လဲကျသွားတာတောင် ၎င်းထံမှ မည်သည့် ဆုလာဘ်မျှ မရိတ်သိမ်းလိုက်ရ၍ပင်။
"အဲဒါကို လုပ်ခဲ့တဲ့သူက သားရဲနတ်အရှင်ပဲ ဖြစ်နိုင်တယ်။"
ချင်းယန်သည် အဝေးမှ စိမ်းလန်းသော တောင်တန်းများနှင့် နေရောင်ကို ခေတ္တ ငေးကြည့်ပြီးနောက် အိမ်သို့ ပြန်လှည့်သွားခဲ့သည်။
"ငါ့ရဲ့ ကျင့်ကြံမှုကို အရှိန်မြှင့်ဖို့ လိုတယ်။"
……
……
ညရောက်လာသောအခါ နေလုံး နေရာတွင် လတစ်စင်း ထွက်ပေါ်လာသည်။
အေးမြသော လေနုအေးသည် လူနေရပ်ကွက်များကြား ဖြတ်သန်းတိုက်ခတ်လာ၏။ ကြောက်စရာကောင်းသော ကြက်သွေးရောင် မီးလုံးများ အစီအရီ လင်းလက်လာသည်။
ချင်းယန်သည် လသာဆောင်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိပြီး ထူးဆန်းသော အနီရောင်အလင်းတန်းတစ်ခုက သူ့ပတ်ဝန်းကျင်၌ လှည့်ပတ်နေသည်။ သွေးနိယာမ၏ စွမ်းအားသည် လေထဲသို့ စိမ့်ဝင်သွား၏။ ထိုအခိုက် သူ၏ လက်ချောင်းထိပ်များသည် သွေးချည်မျှင်များနှင့် ချိတ်ထားပုံရသည်။
"နည်းနည်း လိုသေးတယ်။"
ချင်းယန် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ့ဘေးတွင် ရပ်နေသော ကိုယ်ပွားကို စိုက်ကြည့်လိုက်သည်။ ၎င်း၏မျက်လုံးများသည် သွေးထွက်နေပြီး ၎င်း၏မျက်နှာပေါ်ရှိ သွေးပြန်ကြောများမှာ အနည်းငယ် ဖောင်းထွက်နေသဖြင့် တစ္ဆေတစ်ကောင် အတိုင်းပင်။
သွေးဝိညာဥ်အစီအရင်ကို ဆက်လက် လေ့လာရန်အတွက် သူသည် သွေးနိယာမစွမ်းအင်ကို ကိုယ်ပွားထဲတွင် တမင်တကာ ထည့်သွင်းခဲ့သည်။ ယခု ကြည့်ရသလောက် ဆိုလျှင် အကျိုးသက်ရောက်မှုက အံ့အားသင့်စရာ ကောင်းနေ၏။
"စမ်းကြည့်ရအောင်။"
"ပြန်ယူလို့တော့ ရလောက်ပါတယ်။"
ချင်းယန်သည် သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းထိပ်အား အတင်းဖိချေလိုက်သည်။ နောက်အခိုက်၌ သွေးမြူမှုန်များက လေထုထဲ ပြည့်လျှံသွားသည်။
ဝုန်း!
ကိုယ်ပွားက ကွဲအက်သွားပြီး သူ၏အနှစ်သာရသွေးက သူ၏မူလခန္ဓာကိုယ်ဆီ ပြန်ရောက်လာ၏။ ထို့နောက် ချင်းယမ် ချက်ချင်းပင် အနှစ်သာရသွေးကို ထပ်မံထုတ်လွှတ်ကာ ကိုယ်ပွားတစ်ခုအဖြစ် ပြန်လည် ဖန်တီးခဲ့သည်။ ကိုယ်ပွား မွေးထုတ်ခြင်းမှာ လျင်မြန်စွာပင် ပုံထွက်လာလေသည်။
သို့သော် သွေးကိုယ်ပွားက ထပ်မံ ပေါက်ကွဲသွားပြန်၏။
ချင်းယန်သည် ပေါက်ကွဲသွားသည့် ကိုယ်ပွားများကို ပြန်လည် ဖန်တီးနေသည့် စက်ဝန်းကို နာရီဝက်ကြာသည်အထိ ထပ်ခါတလဲလဲ လုပ်နေခဲ့သည်။
"?"
ထို့နောက်တွင် သူ၏သွေးနိယာမ စွမ်းအင်များ လျင်မြန်စွာ တိုးလာသည်ကို ခံစားလိုက်ရသည်သာမက သူ၏နားလည်နိုင်စွမ်းဟာလည်း အဆင့်အသစ်သို့ ရောက်ရှိသွားပေ၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ အနှစ်သာရသွေးများ ပြန်လည် ကောင်းမွန်လာပြီးနောက် လုံးဝ မပေါက်ကွဲတော့ချေ။
"ဒါကို ပြန်လည်အသုံးပြုခြင်းလို့ ယူဆလို့ရလား။"
……..
ညသန်းခေါင်။
နက်ရှိုင်းသော တလီတောင်များ အတွင်း၌ ထူထပ်သော အနက်ရောင် မြူမှုန်များက လေထုထဲ စိမ့်ဝင်လာသည်။
ဝမ်းနည်းဖွယ် ဟောက်သံများ အစီအရီ ပဲ့တင်ထပ်နေ၏။ လမင်းသည် သစ်တောကြီးပေါ်သို့ အဖြူရောင် အလင်းများဖြင့် ဖုံးအုပ်ထားကာ တောထဲတွင် ပေါ်နေသော အရိုးများ၊ ကြယ်သားရဲများ၏ အကြွင်းအကျန်များပေါ် ဖြာကျနေသည်။
သေမင်း၏ အရိပ်တစ်ခု ပေါ်လာသည့်အတိုင်း သစ်ပင်ပန်းနွယ်များ ညှိုးနွမ်းသွားသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် မြူခိုးများက တောင်စောင်းတစ်လျှောက် ပျံ့နှံ့သွားလေ၏။
မြူခိုးများအတွင်းတွင် သွေးနီနီပုံသဏ္ဌာန်တစ်ခု မတ်တတ်ရပ်နေကာ မြို့ဘက်သို့ ဂရုမစိုက်သည့် အထားဖြင့် ငေးကြည့်နေမိသည်။ မြေပြင်ပေါ်ရှိ သွေးများသည် ပင့်ကူမျှင်ကဲ့သို့ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသည်။
“ကျန်းဟိုင်မြို့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်း…”
"မင်းတို့ ဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့!"