← Chapters

သွေးအခိုးအငွေ့ လွှမ်းမိုးလို့ အကျပ်အတည်းက နီးလာပြီ။

Vol. 23 Ch. 330

သွေးအခိုးအငွေ့ လွှမ်းမိုးလို့ အကျပ်အတည်းက နီးလာပြီ။

Vol. 23 Ch. 330

"ဧကရာဇ်နယ်ပယ်?!"

စနစ်၏အသံကြောင့် ချင်းယန် အံ့အားသင့်သွားသည်။

ထိုနယ်ပယ်သည် နှစ်ငါးရာ ကြာပြီးနောက်ပိုင်း လီကျစ်ရွှမ်း တက်နိုင်မည့် နယ်ပယ်ဖြစ်သင့်သည် မဟုတ်လော။ စနစ်က ဘာကြောင့် ဤကဲ့သို့ ပြလေသနည်း။ ထို့အပြင် ဧကရာဇ်နယ်ပယ် ဟူသည့်အရာက အဘယ်အရာနည်း။

"ဒါဆို နတ်အရှင်နယ်ပယ်က ဧကရာဇ်နယ်ပယ်ထက် နိမ့်တာကိုး...."

ချင်းယန်၏ အတွေးများ တုန်လှုပ်သွားသည်။ ဖန်သားပြင်ပေါ်ရှိ မှုန်အမွှားကို ကြည့်ရင်း သူ့မျက်ခုံးတို့ တွန့်သွားကာ တစ်ခုခုလွဲနေမှန်း ရုတ်ခြည်း သဘောပေါက်လိုက်၏။ နန်းကုန်းလီသည် မူလ၌ ယခုမှစပြီး နှစ်ပေါင်းငါးရာကြာလျှင် နတ်အရှင်နယ်ပယ်ထဲ ဝင်ရောက်မည်ပင်။

သို့သော် စနစ်က ဤအခိုးအငွေ့မျာဟာ အခုမှစပြီး အနှစ်ငါးရာ ကြာပြီးလျှင် ဧကရာဇ်နယ်ပယ်ကို ရောက်နိုင်မည်ဟု ညွှန်ပြနေခဲ့သည်။ ထိုသူ၏ ခွန်အားသည် နန်းကုန်းလီ၏ အထက်တွင်ပင် ရှိနေကြောင်း သက်သေပြနေပေပြီ။

သို့ဆိုလျှင် သားရဲနတ်အရှင်မှတစ်ပါး အခြားမည်သူဖြစ်နိုင်မည်နည်း။

"ဂိုဏ်းချုပ်လေး?"

ဘေးတွင်ထိုင်နေသော လျိုဝူရွှမ်းသည် ချင်းယန်၏ ခပ်ကြမ်းကြမ်း အမူအရာကို သတိပြုလေသည်။

"တစ်ခုခု တွေးမိလို့လား။"

ထိုစကားက သူ၏နှုတ်ဖျားမှ ထွက်သွားသည်နှင့် အစည်းအဝေးခန်းက ချက်ချင်းဆိုသလို တိတ်ဆိတ်သွား၏။ အားလုံး၏ မျက်လုံးများက သူ့ဘက်ကို ဆတ်ခနဲ လှည့်လာကြသည်။

မမြင်နိုင်သော ဝန်ထုပ်ဝန်ပိုးကို သူ့အပေါ်၌ ချထားသည့်အလား သူ့အဖြေကို စောင့်မျှော်ရင်း အာရုံစိုက်နေကြသည်။ ယခု ချင်းယန်သည် ကောင်းကင်အရှင်သို့ ရောက်သွားပြီ ဖြစ်သောကြောင့် သူသည် လူတိုင်း၏ ပံ့ပိုးကူညီမှု မဏ္ဍိုင် ဖြစ်လာချေပြီ။ စကားလုံးနှင့် လုပ်ဆောင်ချက်တိုင်းက လက်ရှိလူတိုင်းအပေါ် သက်ရောက်မှု ရှိသည်။

"လူကြီးမင်းတို့... အခု တိုက်ပွဲကြီးတစ်ခု စတင်ရတော့မှာကိုပဲ ကြောက်ရတယ်"

ချင်းယန်၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားကာ လောင်လီနှင့် တခြားသူများကို ဖြည်းညင်းစွာ ပြောပြလိုက်သည်။

“ဒီအနီရောင်မြူတွေ ဖြတ်ကျော်လာတဲ့အခါ အဆိုးဆုံးအတွက် ပြင်ဆင်ရလိမ့်မယ် မြို့တည်သရွေ့ လူတွေ ရပ်တည်နေမှာ ဟုတ်ပေမဲ့ တကယ်ဖြစ်လာရင် လူတိုင်း ထွက်ခွာသင့်တယ်၊ အားနည်းပြီး ထိခိုက်လွယ်တဲ့ နိုင်ငံသားတွေကို ဦးစားပေးပြီး နေရာရွှေ့ပြောင်းဖို့ ဦးစားပေးသင့်တယ်။”

သူ့အသံ ဆုံးသွားသည်နှင့် တိတ်ဆိတ်နေသော လူတိုင်းက တစ်ဖန် နိုးကြားလာကြသည်။

"တလီတောင်တွေဘက်က အဖြစ်ကြောင့်လား"

ဤအခိုက်အတန့်၌ လောင်လီက တုန်တုန်ယင်ယင် အသံဖြင့်: "ဒီအခိုးအငွေ့တွေ နီရဲလာတာက ဘာဖြစ်လာတာလဲ?"

ချင်းယန် ခဏစဉ်းစားပြီး လျိုဝူရွှမ်းဘက် လှည့်ပြောလိုက်သည်။

"ကျွန်တော်သာ မမှားရင် ဒီအနီရောင် အခိုးအငွေ့က သားရဲနတ်ဘုရားရဲ့ နိုးထမှုကို ကိုယ်စားပြုနေတာ။ သူ့ရဲ့ ပျံ့နှံ့မှုလမ်းကြောင်းကို ကြည့်ရရင် နေ့တစ်ဝက်မပြည့်ခင် ရောက်လာနိုင်တယ်"

"ဘာ?!"

ထိုစကားကြောင့် လူတိုင်းသည် သူတို့၏ ကျောရိုးအောက်သို့ အအေးဓာတ်ကြီးတစ်ခု ပြေးဆင်းသွားသကဲ့သို့ ခံစားရပြီး ခန္ဓာကိုယ်များက ကြောက်ရွံ့မှုကြောင့် တုန်လှုပ်လာကြလေ၏။

မြန်လွန်းလှသည်။

သားရဲနတ်အရှင်၏ ခြေရာလက်ရာများကို မနေ့ညအစောပိုင်း၌သာ ရှာဖွေတွေ့ရှိခဲ့သေးသည်။ ယခု ဆယ့်နှစ်နာရီသာ ရှိသေးရာ ကျန်းဟိုင် မြို့တော်သည် ၎င်း၏တပ်များကို မည်မျှပင် လျင်မြန်စွာ စည်းရုံးနေပါစေ ခုခံရန် မလုံလောက်ချေ။ သားရဲနတ်အရှင်သည် နယ်စပ်ကိုဖြတ်၍ အနီရောင်အမှုန်အမွှားကို ပို့ဆောင်လိုက်သည်နှင့် နောက်ဆက်တွဲဆိုးကျိုးများက အပျက်အစီးများပင် ဖြစ်လာလိမ့်မည်။

မူလသားရဲဒီရေ ကျူးကျော်မှုထက် အဆပေါင်းများစွာ သာလွန်နေပေပြီ။

“တကယ် နိုးလာပြီ…”

ထိုအခိုက် လျိုဝူရွှမ်းလည်း ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ သူ့မျက်နှာမှာ ကောင်းကင်ကြီး ပြိုလဲလာသကဲ့သို့ မယုံကြည်နိုင်မှုများနှင့်သာ ပြည့်နေ၏။ သားရဲနတ်အရှင် အမှန်တကယ် အသက်ရှင်နေသေးသည်။

သားရဲနတ်အရှင်သည် တွင်းနက်နောက်ကွယ်ရှိ အထက်ပိုင်းကမ္ဘာမှ အားကောင်းသည့် သတ္တဝါကို ကိုယ်စားပြုလေသည်။ လွန်ခဲ့သော နှစ်ပေါင်းငါးရာခန့်က လူသားဘိုးဘေးများက ၎င်းကို ချိတ်ပိတ်နိုင်ခဲ့ကြသည်။

ယခုမူကား လူသားတို့သည် အားနည်းလွန်းလှကာ သူတို့၏ အထွတ်အထိပ်ကပင် ကောင်းကင်အရှင်နယ်ပယ်၌သာ ရှိကြသဖြင့် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကို လုံးဝ ခုခံနိုင်စွမ်း မရှိပေ။

အကယ်၍ ကျန်းဟိုင်မြို့လယ်ခေါင်တွင် ဆင်းသက်ခဲ့မည်ဆိုလျှင် တစ်မြို့လုံး ပြာကျသွားလိမ့်မည်။ ထိုမြင်ကွင်းမှာ တွေးကြည့်ရုံဖြင့်ပင် ကြောက်စရာ ကောင်းလှ၏။

အစည်းအဝေးခန်းသည် သေမင်းတမန်၏ နယ်မြေတစ်ခုပမာ တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်း အကြည့်ချင်းဖလှယ်နေကြကာ အကြောက်တရားက သူတို့၏ နှလုံးသားထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

"အားလုံး မထိတ်လန့်ပါနဲ့!"

စားပွဲထိပ်တွင် ထိုင်နေသော ချင်းယန်က ရုတ်တရက် စကားပြန်စလိုက်သည်။ ခေါင်းလောင်းကြီးတစ်လုံး တီးခတ်လိုက်အလား ထွက်ပေါ်လာသော အသံက လူတိုင်း၏ ဒေါသနှင့် စိတ်ကူးယဉ်မှုများအား ချက်ချင်း ငြိမ်သက်သွားစေခဲ့သည်။

အားလုံး၏ စိတ်အခြေအနေ တည်ငြိမ်သွားသည့်အခါ ဖန်သားပြင်ပေါ်ရှိ တောင်စောင်းနေရာက အနီရောင် မြူခိုးများကို စေ့စေ့ကြည့်ရင်း ဆိုလာ၏။

"စိတ်ချပါ။ ဖောက်ခွဲ ကောင်းကင်ဂိုဏ်း မြို့ထဲမှာ ရှိနေသရွေ့ ကျန်းဟိုင်မြို့က အမြဲတမ်း လုံခြုံနေမှာပါ။ အခု အရေးအကြီးဆုံး အလုပ်က ချက်ချင်း စည်းရုံးဖို့ပဲ”

လောင်လီက အမြန်ခေါင်းညိတ်ပြီး :" ဂိုဏ်းချုပ်လေး ပြောတာမှန်တယ်။ အခု သားရဲနတ်အရှင် နီးလာပြီဆိုတော့ ငါတို့ တစ်သားတည်း ဖြစ်နေအောင် ပေါင်းစည်းထားရမယ်"

"ဟုတ်တယ် လောင်လီရဲ့စကားတွေက အဓိပ္ပာယ်ရှိတယ်။"

ဦးစီးချုပ်သည် ချင်းယန်ဘက်သို့ လှည့်ကာ :"အရှင်ချင်း နောက်ထပ် ညွှန်ကြားချက်များ ရှိရင် ကျေးဇူးပြုပြီး ကျုပ်တို့ကို အသိပေးပါဦး။ ကြယ်သိုင်းရဲစခန်းရဲ့ ရဲအုပ်ကြီး ကျုပ်က အပြည့်အ၀ ဆောင်ရွက်ပေးမှာပါ။"

"အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အရင်ဆုံး ပြင်ဆင်ပါ။ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါ။ အခု နတ်အရှင်နယ်ပယ်က တစ်ယောက် ရောက်လာပြီး စစ်တကယ်ဖြစ်လာရင် ကျန်းဟိုင်မြို့တစ်ခုလုံး ထိခိုက်သွားလိမ့်မယ်။ ပြည်သူတွေက နောက်ဆက်တွဲဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အားလုံး ဘေးကင်းတဲ့ ဇုန်တွေဆီ ရွှေ့ပြောင်းရမယ်"

"နားလည်ပါပြီ။"

ဦးစီးချုပ်က ခေါင်းညိတ်ပြပြီး သူ၏ဖုန်းကို အမြန်ထုတ်ကာ စခရင်ကို တောက်လိုက်သည်။

"ကျန်းဟိုင်လေကြောင်း တိုက်ခိုက်ရေးစခန်းတွေကို ဖွင့်လှစ်ဖို့နဲ့ အများသူငှာ ကြေငြာချက်တစ်ခု ထုတ်ပြန်ဖို့ ချက်ချင်း စီစဉ်လိုက်ပါ့မယ်။"

ချင်းယန်မှ အမိန့်တစ်ခု ထုတ်လိုက်သည်နှင့် အစည်းအဝေးခန်းတွင်းရှိ လေထုကြီးက ရုတ်ခြည်း တင်းမာလာတော့သည်။ ကျန်းဟိုင်မြို့ တစ်ခုလုံး၏ အနာဂတ်က ဤအရာပေါ်တွင် တည်နေပါပြီ။

ဤအချိန်သည် သမိုင်းတွင် မှတ်တမ်းတင်ထိုက်သော အခိုက်အတန့် ဖြစ်လာပေလိမ့်မည်။

"ဒါဆို ကျွန်တော် ခင်ဗျားတို့အားလုံးကို ဒုက္ခပေးရလိမ့်မယ်။"

ချင်းယန်၏ အမူအရာမှာလည်း လေးနက်လာသည်။

"ဒီတိုက်ပွဲမှာ အနိုင်ရဖို့ အလားအလာက နည်းလွန်းတယ်။ ကျွန်တော် တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။ လူတိုင်းကို စည်းရုံးထားဖို့ လိုမယ်။ ကျန်းဟိုင်က မွေးရာပါနယ်ပယ်နဲ့ အထက်ရှိတဲ့ ကျွမ်းကျင်သူတွေ အားလုံး အတူတိုက်ခိုက်ကြဖို့ စည်းရုံးပေးပါ!"

လောင်လီ: "ကောင်းပါပြီ။ ဒါက ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ကျန်တာကို ငါ့လက်ထဲ အက်ထားခဲ့လိုက်ပါ။"

ညွှန်ကြားချက်များ ပေးပြီးနောက် ချင်းယန် အိမ်သို့အပြေးအလွှား သွားနေစဉ် လူတိုင်းသည်လည်း အမိန့်ကိုလက်ခံပြီး လုပ်ငန်းစကြတော့သည်။

...

...

ဖုဟိုင်လူနေအိမ်ရာ။

အင်တာနက်ပေါ်တွင် ကျန်းဟိုင် နယ်စပ်တစ်ဝိုက်ရှိ ဧရိယာ၏ဗီဒီယိုများက ပျံ့နှံ့နေခဲ့ချေပြီ။ မြူနီများ ဖြတ်ကျော်လာသည်နှင့်အမျှ နယ်စပ်အနီးနေထိုင်သူ အများအပြားသည် ဤမြင်ကွင်းကို မျှော်ကြည့်ရင်း ဤပုံမှန်မဟုတ်သော ဖြစ်စဉ်ကို ပိုမိုများပြားစွာ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ၎င်းတို့၏ သူငယ်ချင်းများနှင့် မိသားစုများကို မျှဝေခဲ့သည်။ မိနစ်အနည်းငယ် အတွင်းမှာပင် ဗီဒီယိုဖိုင်များသည် အမျိုးမျိုးသော အွန်လိုင်းချတ်အဖွဲ့များထဲ ပျံ့နှံ့သွားကာ သတင်းအပိုင်းအစများသည်လည်း ဖိုရမ်တွင် တောမီးကဲ့သို့ လောင်ကျွမ်းသွား၏။

ကျယ်ပြန့်သော ကောလဟာလများကြားတွင် ဆွေးနွေးမှုများသည်လည်း ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

"ဒါဆို ဒါက သားရဲနတ်အရှင်လား"

လူနေရပ်ကွက်ရှိ လမ်းပေါ်တွင် အိတ်များစွာကို ကိုင်ဆောင်ထားသော ရှောင်ပိုင်တစ်ယောက် ခေတ်စားနေသည့် အကြောင်းအရာများကို စူးစူးစိုက်စိုက် ကြည့်ရင်း လမ်းလျှောက်လာခဲ့သည်။

စျေးမှ ပြန်လာသည်ကို အခွင့်ကောင်းယူပြီး သူမသည် ဖုန်းကို ပေါ့ပေါ့ပါးပါး ပွတ်ဆွဲပြီး ဗီဒီယိုခေါင်းစဉ်များထဲမှ တစ်ခုကို နှိပ်လိုက်သည်။

【စခန်းမှ ရရှိထားသော သတင်း】

【အချိန် - မနက် ၃ နာရီ】

【တည်နေရာ- တလီတောင်များမြောက်ဘက်】

ဗီဒီယိုထဲတွင်တော့ ကောင်းကင်အထက်ရှိ ကြယ်အနည်းငယ် တောက်ပနေကာ တောင်တန်းများတစ်လျှောက် လေပြင်းများ တဝွီးဝွီး တိုက်ခတ်နေသောကြောင့် စခန်းချတဲများ တလှုပ်လှုပ် ဖြစ်လာခဲ့သည်။

လျှိုမြောင်များတစ်လျှောက် ကြက်သွေးရောင် မြူခိုးများ ပျံ့နှံ့လာနေ၏။ ၎င်းသည် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို လွှမ်းခြုံထားသည်။ အသီးအရွက်များ သွေ့ခြောက်သွားကာ ဘုရင်အဆင့် ကြယ်သားရဲများသည်ပင် ကမ္ဘာတစ်ခုလုံး ပြိုပျက်သွားသကဲ့သို့ အဖြူရောင် အရိုးစုများသာ ကျန်ခဲ့သည်။

ချက်ချင်း အဖြတ်မခံရမီ စက္ကန့်အနည်းငယ်ကြာသည့် ဗီဒီယိုကို ဆက်လက် ရိုက်ကူးခဲ့၏။ ထိုအခိုက် ဗီဒီယိုသည် ထူးဆန်းသော အမျိုးသားတစ်ဦး၏ မျက်နှာဆီသို့ ပြောင်းသွားသည်။ သူ၏ မျက်နှာအရိုးများပေါ်တွင် ခြောက်သွေ့နေသော အရေပြား ရှိသည်။ လည်ချောင်းက လုံးဝ ခြောက်လာပြီး မည်သို့မျှ အသံမထွက်နိုင်ပေ။

ထိုသူသည် သူ၏ ကျယ်လောင်သော ငိုသံများကိုသာ ချန်ထားခဲ့နိုင်၏။ တစ်စုံတစ်ခုကို ပြောရန် အသည်းအသန် ကြိုးစားနေသည့်ပုံမှာ လူတိုင်းကို ထွက်ပြေးရန် တိုက်တွန်းချင်နေပုံပင်။

သို့သော် စကားအနည်းငယ်မျှ မပြောနိုင်မီတွင် သူ၏အနောက်မှ အနီရောင်အမှုန်အမွှားများက ပျံ့နှံ့သွားကာ ကြောက်မက်ဖွယ်ကောင်းသော မြူခိုးနီများအောက် ပေါက်ကွဲထွက်သွားတော့သည်။ သူ၏ အရိုးများ ပြိုကျသွားစဥ် ဗီဒီယိုလည်း ပြီးဆုံးသွား၏။

"ကျစ်! ရက်စက်လိုက်တာ!"

ရှောင်ပိုင် မျက်မှောင်ကြုတ်ကာ ဗီဒီယို၏ အောက်ခြေရှိ မှတ်ချက်များကို နှိပ်ကာ အောက်သို့ ဆက်လက်ဆင်းသွားသည်။

အင်တာနက်သုံးစွဲသူများမှာ ထုံးစံအတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်နေပြီးပေပြီ။

All Chapters