← Chapters

ဒီတစ်ခါတော့ ငါတစ်ယောက်တည်း ရင်ဆိုင်မယ်!

Vol. 23 Ch. 331

ဒီတစ်ခါတော့ ငါတစ်ယောက်တည်း ရင်ဆိုင်မယ်!

Vol. 23 Ch. 331

[ပြီးပြီ၊ ဒီဘလော့ဂါ ပြီးသွားပြီ။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုအတွက် သူ့အသက်ကို စွန့်စားခဲ့တယ်။]

[အတုလား? သေချာပေါက် ဇာတ်ညွှန်းရေးထားတာပဲ ဖြစ်မယ်။]

[မဖြစ်နိုင်ပါဘူး၊ ဒါက တိုက်ရိုက် ထုတ်လွှင့်မှုအပိုင်းသာ ဆိုရင် အဲဒါအတွက် ဘယ်သူက ကိုယ့်အသက်ကို စွန့်မှာလဲ။]

[ကျွန်တော့်အဖွားရဲ့အိမ်က ကျန်းဟိုင်နယ်စပ်မှာ ရှိတယ်။ နီရဲနေတဲ့ မြူခိုးတွေကို သူမလည်း တွေ့တယ်တဲ့။]

[အဲဒီမှာ အသိ ဒေသခံတစ်ယောက်ရှိတယ်။ ရိုးရိုးသားသား ပြောရရင် ရဲဌာနရဲ့ ရဟတ်ယာဉ်တွေတောင် ပျံသွားကြတယ်တဲ့။ ကိုယ့်မျက်စိနဲ့ မြင်တာတဲ့နော်။]

[ဒါတင်မကသေးဘူး၊ ငါက တောင်ပိုင်းခရိုင်မှာ။ လောင်လီကိုလည်း သိတယ်။ ကျန်းဟိုင် မြို့တံခါးတွေမှာဆို မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေ အပြည့်ပဲ။]

[ကျန်းဟိုင်တော့ သွားပြီ။ နိုင်ငံသားတွေတောင် မလွတ်မြောက်နိုင်ဘူး ထင်တယ်။]

[ဟုတ်တယ်။ နယ်စပ်က အဝေးပြေး တံတားကြီး ပြိုကျသွားတယ်လို့ ကြားတယ်။]

အင်တာနက်တွင် အလွန်အမင်း ဗလောင်ဆူနေကြသည်။

ထိတ်လန့်မှုများသည်လည်း လျင်မြန်စွာ ပျံ့နှံ့နေခဲ့ရာ ရှောင်ပိုင်သည် မှတ်ချက်များကို ဖတ်ပြီး ရုတ်တရက် ချင်းယန်ကို သတိရကာ စိတ်ပူမပင်ဘဲ မနေနိုင်တော့ပေ။

"သခင် အခု ပြန်ရောက်နေလောက်ပြီ။"

စိတ်ရှုပ်စွာဖြင့် သော့ကိုထုတ်ကာ တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခိုက် ခြံဝင်းထဲတွင် ရပ်နေသည့် ရင်းနှီးသော အသွင်အပြင်ကို သူမ တွေ့လိုက်ရ၏။

"အိုး သခင် ပြန်လာပြီ!"

တစ်ဖက်လူကို ဖမ်းမိလိုက်သည်နှင့် ရှောင်ပိုင် ခဏလောက် ထိတ်လန့်သွားသည်။ သို့သော် စိတ်လှုပ်ရှားလွန်းသဖြင့် ချင်းယန်ကို ပွေ့ဖက်ရန် လက်နှစ်ဖက်ဆန့်၍ အမြန် ပြေးသွားခဲ့သည်။ ထိုအခိုက် ဘေးကို မော့ကြည့်မိခိုက် ခြေလှမ်းတို့က ရုတ်တရက် ရပ်တန့်သွားလေ၏။

ယခုအချိန်တွင် ချင်းယန်သည် ခြံဝင်းထဲတွင် တစ်ယောက်တည်း ရပ်နေခြင်း မဟုတ်ကြောင်း သူမ သတိပြုမိလိုက်သည်။ ပို၍ တိတိကျကျ ပြောရလျှင် ချင်းယန် ၁၈ ယောက်ပင်။ ချင်းယန်၏ကိုယ်ပွား ဆယ့်ရှစ်ယောက်သည် ခြံထောင့်အမျိုးမျိုးတွင် ရပ်နေကာ အရေးကြီးသည့် အရာတစ်ခုကို ဆွေးနွေးနေပုံသည့်အလား သူတို့၏ အမူအရာမှာ ကြမ်းတမ်းလှသည်။

"ကိုယ်ပွားတွေ အများကြီးပဲ။ သခင် ဘာလုပ်နေတာလဲ။"

ရှောင်ပိုင်သည် ချင်းယန်ဆီသို့ ခြေဖျားထောက်ကာ ပြေးထွက်သွား၏။

"သခင် စိန်ခေါ်ဖို့ သွားပြီထင်နေလို့ ဒီနတ်သမီး သေလောက်အောင် လန့်သွားတာ..."

"မလန့်ပါနဲ့ ငါအဲ့လောက် မလောဘူး"

ချင်းယန်သည် ရှောင်ပိုင်၏ အဖြူရောင် ဆံပင်များကို ပွတ်သပ်ရင်း ဖွဖွလေး ဆိုလိုက်သည်။

"နောက်နှစ်ရက်လောက် အထိ အိမ်မှာပဲနေ။ လှည့်ပတ်မပြေးနဲ့။ အပြင်ထွက်လို့ခင် အေးအေးဆေးဆေး နေဦး! နားလည်လား"

“အိုး… သခင် မြို့အပြင်သွားမလို့လား”

ရှောင်ပိုင်၏ မြေခွေးနားရွက်များ ညွတ်ကျသွားသည်။ သူမသည် ချင်းယန်၏ ကိုယ်ပွား ၁၈ ယောက်ကို ကြည့်ကာ သူမ မြင်ဖူးခဲ့သည့် မြင်ကွင်းကို ပြန်သတိရသွားပြီး စိုးရိမ်လာသည်။

"အဲဒီသားရဲနတ်အရှင်က အသေးအဖွဲ့တော့ မဟုတ်ဘူး။ သခင်သွားရင် သခင် ခြောက်ကပ်သွားမှာတောင် ကြောက်တယ်။"

“…”

ချင်းယန် မျက်လုံးပြူးသွားသည်။

"ငါက အားနည်းတယ်လို့ မင်း ထင်နေတာလား။ ဒီလို ကိုယ်ပွားတွေနဲ့တောင် ငါတို့က အနိုင်မယူနိုင်ဘူးပေါ့"

“…”

ရှောင်ပိုင်လေး တိတ်ကျသွားသည်။ ပြီးနောက် သူမက ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်၏။

"ယုံချင်ယုံ မယုံချင်နေ။ သားရဲနတ်အရှင်က သွေးဝိညာဉ်အစီအရင်ရဲ့ နောက်မှာ ရှိနေတယ်။"

ချင်းယန်သည် အတွေးတစ်ခုနှင့်အတူ အခြားဆယ့်ရှစ်ယောက်နှင့် အပြန်အလှန် အကြည့်ချင်း ဖလှယ်လိုက်သည်။

ဤကိုယ်ပွားများ အားလုံးသည် မြေအဓိပတိ၏ အထွတ်အထိပ်တွင် ရှိကြသော်လည်း ၎င်းတို့သည် ကျန်းဟိုင်မြို့တံခါးများသို့ မသွားရောက်ခဲ့ကြပေ။ သူတို့သည် သွေးဝိညာဉ်အစီအရင်ကို စောင့်ကြပ်ရန် ကန်အောက်ခြေသို့ သွားကာ သားရဲနတ်အရှင်ဘက်က အားသာချက်ကို ထိန်းသိမ်းထားရမည်။

အဆိုးဆုံး အခြေအနေသို့ အမှန်တကယ် ရောက်လာပါက အစီအရင်နှလုံးသားသည် ထိုအစီအရင်ကို ဖျက်စီးရမည်။ ဤသည်ကလည်း ဆိုးရွားသော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။

"လုံလောက်ပြီ။ ပြင်ဆင်မှုတွေလည်း ပြီးသွားပြီ။"

ချင်းယန်သည် သူ၏ကိုယ်ပွားများကို အသက်ဝင်စေရန် လက်ညှိုးကို ပွတ်သပ်လိုက်သည်။

နောက်အခိုက်၌ ကိုယ်ပွားများအားလုံး လီရွှေ ရေကန်ဆီသို့ ဦးတည် ပျံသန်းသွားကြကုန်၏။ ၎င်းတို့ အဝေးရောက်၍ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ချင်းယန်သည်လည်း ထကာ မြို့တံခါးဆီသို့ ပြေးသွားပြီး အပြင်ဘက် အခြေအနေကို စူးစမ်းရန် ပြင်လိုက်သည်။

မြို့ရိုး၏ အလွန်၌ အနီရောင် မြူခိုးများ လွင့်ပျံလာပြီး ၎င်း၏ ကြီးမားလှသော သွေးနိယာမ စွမ်းအင်များက ကောင်းကင်အထက်သို့ လွင့်ပျံတက်လာသည်။

……

…….

ကျန်းဟိုင်မြို့ဂိတ်၌။

ဗုန်း! ဗုန်း! ဗုန်း!

ဒုံးပျံများ၏ ကျယ်လောင်စွာ ဟိန်းဟောက်သံများ ပေါက်ကွဲထွက်လာသည်။ ထိုအသံများသည် မိုးခြိမ်းသံကြီးများအလား ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားကာ ကျန်းဟိုင်မြို့အပြင်ဘက် မြေမျက်နှာသွင်ပြင်တစ်လျှောက် မီးတောက်များ ပျံ့နှံ့သွားခဲ့သည်။

လေတစ်ချက် ဝေ့ဝဲတိုက်သွားသဖြင့် ခမ်းနားသွားသော ခံစစ်မီးလိုင်းတစ်ခု လျင်မြန်စွာပင် ပေါ်ထွက်လာ၏။

သို့သော် ကြာရှည်စွာ မလောင်ကျွမ်းနိုင်ခဲ့ချေ။

အကွာအဝေး တစ်ခုတွင် အနီရောင် မြူခိုးများက နယ်ခြားကိုဖြတ်၍ ပျံ့လွင့်လာကာ သက်ရှိသတ္တဝါအားလုံးကို ဝါးမျိုနေခဲ့ပေပြီ။ မီးတောက်များသည် ဆူနာမီရေလှိုင်းဖြင့် ဖုံးအုပ်ခံလိုက်ရသကဲ့သို့ ချက်ချင်း ငြိမ်းသွားပြီး မှော်လက်နက်မျိုးစုံ၏ တိုက်ခိုက်မှုများပင် လုံးလုံးလျားလျား ချုပ်ငြိမ်းသွားခဲ့သည်။

"ခေါင်းဆောင်! မြူနီတွေ ဆက်ပျံ့နေပြီ ပစ်မှတ်တွေ အားလုံး မအောင်မြင်ဘူး!"

အထူးတပ်ဖွဲ့မှူး တစ်ဦးသည် မြို့ရိုးပေါ်တွင် ရပ်ကာ အရာအားလုံးကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့သည်။ ကျယ်လောင်သော အမြောက်မီးဟုန်းသံများကြားတွင် သူက ဦးစီးချုပ်ဘက် လှည့်အော်လိုက်၏။

"ငါတို့ ရွေးချယ်စရာ မရှိတော့ဘူး! တခြားနည်းလမ်းတွေနဲ့ ဆက်ထိန်းထားရမယ်! ဖောက်ခွဲကောင်းကင်ဂိုဏ်း ရောက်လာခါနီးနေပြီ!!"

မြို့ရိုးအောက်၌ မြူခိုးများ အလွန်အမင်း ထူထပ်လာသည်။ နာရီဝက်သာကြာသေးသော်လည်း ကျန်းဟိုင်၏ စစ်အုပ်ချုပ်ရေးမျဉ်းကို ရောက်လာချေပြီ။ ၎င်းဖြတ်ကျော်လာစဥ် သစ်ပင်ကြီးများ ညှိုးနွမ်းခြောက်သွေ့ကုန်သည်။

ကြယ်သားရဲများသည် ဘေးကင်းရာသို့ ထွက်ပြေးရန် ကြိုးစားသော်လည်း ဘေးကင်းနိုင်သော အကွာအဝေးသို့ပင် မလှမ်းမီတွင်ပင် ၎င်းတို့အားလုံး ဝါးမျိုခံလိုက်ရ၏။ ကြယ်စစ်သည်များ အဖွဲ့သည် ဤမြင်ကွင်းကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြသည်။ သူတို့သည် ဤမျှထိတ်လန့်ဖွယ် ကောင်းသော မြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် စိတ်ပျက်အားငယ်မှုများသည် သူတို့၏ နှလုံးသားထဲ ပြည့်နှက်လာသည်။

"သူ ရောက်လာပြီ!"

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် ဟစ်အော်လိုက်၏။

လူတိုင်းလည်း သူညွှန်ပြနေသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ချင်းယန်သည် အဖြူရောင်ဝတ်စုံကို ဝတ်ကာ မြို့အစွန်ဘက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာပြီးနောက် မတ်တတ်ရပ်ကြည့်နေ၏။ အဝေးက စစ်မြေပြင်ကို မျက်မှောင်ကြုတ်လျက် ငေးကြည့်ရင်း နောက်ဆုံး ကျန်းဟိုင်မြို့တံခါးဆီအထိ ရောက်ရှိသွားသည်။

"ဟင်? ဘာလို့ သူတစ်ယောက်တည်းလဲ။"

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက တခြားအဖွဲ့ဝင်တွေ ဘယ်မှာလဲ"

"နည်းလွန်းတယ်။ တစ်ခုခုတော့ မူမမှန်ဘူး။"

"သူတို့ မရောက်သေးတာလား"

လူအုပ်ကြီးသည် ချင်းယန် တစ်ယောက်တည်း ဆင်းသက်လာခြင်းကို ငေးကြည့်ရင်း အတန်ငယ် အံ့သြသွားကြသည်။ ဤသည်က သူတို့ မျှော်လင့်ထားသည့် အနေအထားနှင့် မတူချေ။ ဖောက်ခွဲကောင်းကင်ဂိုဏ်းက အပြည့်အ၀ စည်းရုံးပြီးပြီ မဟုတ်ပါလား။

လူတစ်ယောက်တည်း ရောက်လာခြင်းက အဘယ့်ကြောင့်နည်။

"..."

"ဆရာတူအစ်ကို အကြီးအကဲတွေရော?"

လီကျစ်ရွှမ်းက ပထမဆုံး ချဉ်းကပ်သွားခဲ့ပြီး သူမ၏ နူးညံ့သော မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ သူမ၏အကြည့်များသည် ချင်းယန်၏ပခုံးပေါ်သို့ ပျံ့လွင့်သွားကာ သူ့နောက်ကွယ်ရှိ နေရာလွတ်ဆီသို့ လှမ်းကြည့်လိုက်၏။

"မလိုဘူး။"

ချင်းယန်က ခေါင်းကို အနည်းငယ်ခါယမ်းကာ တလီတောင်တန်းများဆီသို့ မျှော်ကြည့်နေသည်။ ထိုနေရာက ကောင်ကင်အထက်၌ တိမ်မည်းများ စုဝေးနေကာ တောင်တန်းကြီးများကို အုံ့မှိုင်းနေအောင် ဖုံးအုပ်ထားသည်။

သွေးအခိုးအငွေ့များသည် မိုးကုတ်စက်ဝိုင်းတစ်လျှောက် ပျံ့နှံ့သွားကာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမြိုသွားပြီး အသွေးအသားတို့ကို စုတ်ဖြဲကာ အရိုးဗလာများသာ ချန်ထားခဲ့၏။ သားရဲနတ်အရှင်၏ စွမ်းအားသည် နန်းကုန်းလီနှင့် မုန့်ထျန်းရွှမ်တို့ထက် အလွန်ကြောက်စရာ ကောင်းလှသည်။

သို့သော် သူ၏ကိုယ်ပွားကို ဖျက်ဆီးခြင်းအပေါ် ရိုးရှင်းစွာ အားကိုးခြင်းသည် ဤတွင်းနက်ပညာရှင်ကို လုံးလုံးလျားလျား ထိရောက်မှု မရှိနိုင်ပေ။ မကြာခင်မှာပင် သူသည်လည်း အနီရောင် အခိုးအငွေ့အောက် ဝါးမြိုခံလိုက်ရလိမ့်မည်။

ထိုသို့တွေးရင်း ချင်းယန်က ဆိုလိုက်သည်။

"ဒီတစ်ခါတော့ ငါတစ်ယောက်တည်းနဲ့ လုံလောက်ပြီ"

"တစ်ယောက်ထဲလား?!"

လီကျစ်ရွှမ်း၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားသည်။ သူမ ချင်းယန်ဘက်သို့ အလျင်အမြန် တိုးလာခဲ့ကာ ချင်းယန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်သည်။

"ဒါက အန္တရာယ်များလွန်းတယ်! ညီမတို့ရဲ့ ဦးလေးတွေကို ထပ်ပြီး မဆက်သွယ်သင့်ဘူးလား။ ဒီအတိုင်း သွားရင် သတ်သေတာနဲ့ ဘာကွာတော့မှာလဲ!"

ထိုအခိုက် လက်တစ်ဖက်က သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာ၏။

“လွှတ်လိုက်ပါ ညီမလေး”

လင်မော့ဖုန်းသည် လီကျစ်ရွှမ်း၏ လက်ကို ဆုပ်ကိုင်ထားပြီး သူ့မျက်နှာပေါ်တွင် အားကိုးရာမဲ့ ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ သူသည်လည်း အဝေးက အနီရောင် အခိုးအငွေ့များကို စိုက်ကြည့်နေ၏။

"ကောင်းကင်အရှင်ချင်း ပြောတာ မှန်ပါတယ်။ ငါတို့က ကောင်းကင်အရှင်နယ်ပယ်ကို မရောက်သေးဘူး၊ ရှေ့တက်ရတာ ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ၊ ငါတို့ သူ့ကို ဘေးကနေ ထောက်ပံ့ပေးထားသင့်တယ်"

All Chapters