← Chapters

သားရဲနတ်အရှင်၏ နှစ်သက်မှု

Vol. 23 Ch. 332

သားရဲနတ်အရှင်၏ နှစ်သက်မှု

Vol. 23 Ch. 332

ကျန်းဟိုင် မြို့တံခါးများ ပေါ်တွင် ကြယ်စစ်သည် အဖွဲ့တစ်ဖွဲ့သည် လှံများနှင့် ဓားများကို ဆွဲယူကာ စောင့်ဆိုင်းနေကြပြီး သတ်ဖြတ်ချင်နေသော အငွေ့အသက်များကို ထုတ်လွှတ်ထားကြသည်။ ချင်းယန်သည် မြို့ရိုး၏ ရှေ့ဆုံးတွင် ရပ်ကာ လူတိုင်းကို အမိန့်ပေးဖို့ ပြင်ဆင်နေ၏။ မျက်လုံးများက အဝေးကို စိုက်ကြည့်ရင်း သူ၏ မျက်နှာထားမှာ တင်းမာနေခဲ့သည်။

"အနီရောင်အခိုးအငွေ့က မျှော်လင့်ထားတာထက် အများကြီး ပိုမြန်နေတယ်။"

မူလ၌ တလီတောင်တန်းများ၏ နယ်နိမိတ်၌သာ ရှိသေးသည်။ သို့သော် စက္ကန့်အနည်းငယ် အတွင်းမှာပင် မီတာရာပေါင်းများစွာ ချဲ့ထွင်လာခဲ့ပြီး သိပ်မကြာခင်မှာပင် ကျန်းဟိုင် မြို့တံခါးများဆီသို့ ရောက်ရှိလာတော့မည်။

အခြေအနေက အလွန်စိုးရိမ်ရသည်။

"အကိုကြီး အသက်ရှင်လျက် ပြန်လာရမယ်နော်!"

လီကျစ်ရွှမ်းသည် ချင်းယန်၏ အင်္ကျီလက်ကို ဆုပ်ကိုင်ထားမိရာ သူမ၏နှုတ်ခမ်းများကို ဖိကိုက်မိ၏။ နောက်ဆုံးတွင်တော့ တုံ့ဆိုင်းစွာ လွှတ်ချလိုက်ကာ တားဆီးရန် မကြိုးစားတော့ဘဲ အကြံဉာဏ်တစ်ခုသာ ပေးလိုက်သည်။

လင်မော့ဖုန်း ပြောတာ မှန်ပေသည်။ သားရဲနတ်အရှင်ကို တစ်ဦးချင်း တိုက်ခိုက်ခြင်းက အလွန်အမင်း အန္တရာယ်များလှသည်။ အမှားတစ်ခုက ချက်ချင်းပင် သေခြင်းတရားဆီသို့ ဦးတည်သွားလိမ့်မည်။ ထို့ကြောင့်

သူမ ယခုပါဝင်ရန် ပြောဆိုနေခြင်းက ချင်းယန်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာလိမ့်မည်။

"စိတ်မပူပါနဲ့ ညီမလေး။ ငါကံကောင်းပြီး လွယ်လွယ်နဲ့ မသေဘူး။ ငါ မနိုင်ရင် ထွက်ပြေးမယ်"

"အင်း"

ထိုအခါ လီကျစ်ရွှမ်းသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြကာ နားရွက်နောက်မှ ဆံပင်များကို သပ်တင်လိုက်သည်။ လေပြည်လေးက သူမ၏ လှပသော မျက်နှာလေးကို တိုက်ခတ်သွား၏။

"အကိုကြီး ညီမ ဒီမှာစောင့်နေမယ်။ အစ်ကို ပြန်လာတဲ့အခါ အစ်ကိုနဲ့အတူ ညီမကိုခေါ်သွားပေးပါ။ ကမ္ဘာကြီးက ကျယ်ပြောလှပါတယ်။ ညီမတို့နှစ်ယောက်အတွက် နေရာတစ်ခုတော့ ရှိမှာပါ!"

"စိတ်မပူပါနဲ့ ညီမလေး။ ငါ ပြန်လာရင်..."

ချင်းယန် မျက်မှောင်ကြုတ်ကာ ရုတ်တရက် ရပ်လိုက်သည်။

ဟမ်?

? ? ?

ပြေးမယ်။ အတူတူ ထွက်ပြေးဖို့ ပြောနေတာလား?"

"ညီမလေး မင်းဘာပြောလိုက်တယ်?"

ချင်းယန် တအံ့တသြဖြင့် လှည့်ကြည့်လိုက်သည်။ သို့သော်လည်း လီကျစ်ရွှမ်းခမျာ ဆက်မဆိုဝံ့တော့ပေ။

နားရွက်များ နီရဲလာကာ သူမ၏မျက်နှာသည်လည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားကာ မြို့ရိုးပေါ်သို့ ပြေးထွက်သွားပြီး ချင်းယန်ကို တစ်ယောက်တည်းထားခဲ့သည်။

အေးစက်သော လေတစ်ချက်သည် မြို့ရိုးကို ဖြတ်၍ သူ့နှလုံးသားကို လှုပ်ခတ်သွားစေခဲ့၏။

မလှမ်းမကမ်းတွင်ရှိ လောင်လီနှင့် အခြားလူများကို ကြည့်လိုက်သောအခါ ၎င်းတို့သည် အလိုက်သိစွာ အကြည့်ချင်းဖလှယ်ကြပြီး အဝေးသို့သာ အကြည့်လွှဲသွားကြသည်။

"..."

"???"

ချင်းယန် ရှင်းပြချင်သော်လည်း ဤရှင်းပြခြင်းက ပိုဆိုးလာမည်ကို သိလာသောကြောင့် လက်လျှော့ကာ လက်သီးကို တင်းတင်းဆုပ်၍ နှစ်ကြိမ် ချောင်းဆိုးလိုက်သည်။

"သားရဲနတ်အရှင် ရောက်လာပြီ။ အားလုံးပဲ ကျွန်တော့်နောက်က လိုက်ပြီး စစ်တိုက်ဖို့ ပြင်ကြပါ!"

သူ့အသံ ဆုံးသွားသည့်အခိုက်

အဝေးမှ အနီရောင် မြူမှုန်များသည် ကောင်းကင်ယံတွင် ပျံ့လွင့်လာချေပြီ။ ၎င်းတို့သည် မိုးကုပ်စက်ဝိုင်းကို ဖြတ်ကာ ကျန်းဟိုင်မြို့ဆီသို့ ပျံ့နှံ့လာခဲ့သည်။ ထူထဲသော သွေးညှီနံ့များက လေထဲအပြည့်ပင်။ အနီရောင် မြူမှုန်များ နီးကပ်လာသည်နှင့်အမျှ မျက်လုံးစူးရှသော ကြယ်စစ်သည် အချို့သည် မြူခိုးများ၏ မျက်နှာပြင်သည် သာမန်မြူများလို မဟုတ်ကြောင်း သဘောပေါက်သွားကြသည်။

ထင်ရှားပေါ်လွင်သော လူ၏ဦးခေါင်းများစွာက ထိုမြူခိုးများထဲ၌ စုစည်း ယိမ်းနွဲ့နေကြပုံရပြီး အလောင်းပုံသဏ္ဌာန်နှင့် တူသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

"ဝေါ့!!!"

သည်းခံနိုင်မှု နည်းသည့် ကြယ်စစ်သည်များခမျာ အထိန်းအကွပ်မရှိ အော့အန်လာကြသည်။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမှာ သူတို့၏ အိပ်မက်ဆိုးများတွင်သာ ပေါ်လာနိုင်ခြင်းပင်။

ဗုန်း! ဗုန်း!

မြူခိုး အစုအဝေးသည် ကျယ်လောင်သောဟောက်သံများဖြင့် ပေါက်ကွဲသွားပြီး သွေးအခိုးအငွေ့များအား ပြင်းထန်စွာ ကြဲဖြန့်ပစ်လိုက်သည်။ လက်နက်မျိုးစုံ၏ ပေါက်ကွဲနေသော မီးပွားများ ပျံသွားသော်လည်း မြူခိုးများ ဆင်းသက်လာသောအခါ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

လက်နက်တို့၏ အစွမ်းအစက လုံးဝ အသုံးမဝင်သဖြင့် ကြယ်စစ်သည်များခမျာ စိတ်ပျက်အားငယ်မှုများ စတင် ပေါက်ဖွားလာတော့၏။ အကယ်၍ အနီရောင် မြူမှုန်များ ပျံ့လွင့်လာမည်ကိုသာ စောင့်မျှော်နေမည် ဆိုလျှင်ပင် သူတို့သည်လည်း ထို “မြူခိုးထဲက လူသေကောင်များ” အဖွဲ့ဝင်များ ဖြစ်ကောင်းဖြစ်နိုင်သည်။

"အားလုံး ရပ်လိုက်!"

ချင်းယန် လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည့်အသံမှာ ကျန်းဟိုင်မြို့ရိုး တစ်ခုလုံးအပေါ် ပဲ့တင်ထပ်သွားခဲ့၏။ ထို့နောက် သူသည် အနီရောင် အခိုးအငွေ့၏ ဦးတည်ရာဆီသို့ ပျံသန်းသွားကာ လေထဲတွင် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။

နောက်အခိုက်အတန့်၌ မြို့တော်တံတိုင်း အရှေ့ မီတာရာနှင့်ချီရှိသော နေရာတစ်နေရာက ရုတ်တရက် ကွဲအက်ပြီး ပြိုကျသွားတော့သည်။

တစ်ခဏချင်း ဖြစ်ပေါ်လာသော အာကာသ အတားအဆီးတစ်ခုပင်။

ဖုန်း!

ကြီးမားသော အနီရောင် အခိုးအငွေ့များသည် လျင်မြန်စွာ ပျံ့နှံ့နေသေးသော်လည်း လေထုအတားအဆီးကို ထိလိုက်သည်နှင့် ရုတ်တရက် ရပ်တန့်သွားကြသည်။

တစ်လက်မပင် တိုး၍ မရတော့ပေ။

"ဟေး!"

"ကောင်းလိုက်တာ! အနီရောင် မြူခိုးတွေ ပိတ်ဆို့နေပြီ!"

"ဂိုဏ်းချုပ်လေးကတော့ ထင်ထားတဲ့အတိုင်း ကျန်းဟိုင်မြို့ကို ကယ်တင်လိုက်ပြီ!"

လူတို့ လှိုက်လှိုက်လှဲလှဲ အော်ဟစ်နေကြသော်လည်း သူတို့၏ ပျော်ရွှင်မှုများမှာ စက္ကန့်အနည်းငယ်ကြာအောင် မခံလိုက်ပေ။ မကြာလိုက်ခင်မှာပင် မြူခိုးထဲမှ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"အိုး!?"

"ဒီသေးငယ်တဲ့ နယ်ပယ်က လူတစ်ယောက်က အာကာသနိယာမကို ကျွမ်းကျင်လိမ့်မယ်လို့တောင် မမျှော်လင့်ထားခဲ့ဘူး"

နက်နဲပြီး အစွမ်းထက်သော အမျိုးသားအသံသည် အနီရောင် အခိုးအငွေ့များကြားမှ ရုတ်တရက် ထွက်ပေါ်လာကာ ကမ္ဘာကြီးအပေါ်သို့ ဆင်းသက်လာသော ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီး တစ်ခုအတိုင်းပင်။

"ဘယ်သူလဲ?!"

အားလုံးက အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ထူထပ်သော အနီရောင် အခိုးအငွေ့ သွေးပင်လယ်မှ အရိပ်တစ်ခု တက်လာသည်ကို မြင်လိုက်ရသည်။ သူ၏ ကြီးကျယ်ခမ်းနားသော ရုပ်သွင်သည် ကောင်းကင်နှင့် မြေကြီး အလယ်၌ ပြည့်နေကာ သူ၏ ၀တ်ရုံများသည် အောက်ခြေမရှိ၊ အဆုံးမရှိသော သွေးနီရောင်များဖြင့် တန်ဆာဆင်ထားပြီး ကြောက်မက်ဖွယ်ရာ ဖိအားများ ဖြာထွက်နေသည်။ သူ၏ဆံပင်များက မှင်များ ဖိတ်ကျနေသကဲ့သို့ပင်။

နောက်အခိုက်၌ အခိုးအငွေ့များ ကောင်းကင်ပေါ်သို့ ထိုးတက်လာပြီး အဖြူရောင် တိမ်တိုက်ဟာ သွေးတိမ်များအဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် သွေးမိုးများ သဲသဲမဲမဲ ရွာချလာတော့၏။

"ဒါက သားရဲနတ်အရှင်လား?"

ကျန်းဟိုင်မြို့ တံတိုင်းများပေါ်ရှိ လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းအား ထိတ်လန့်စွာ စိုက်ကြည့်နေကြပြီး ခြေလက်များ အေးစက်လာကုန်သည်။ သားရဲနတ်အရှင်၏ အကြည့်အောက်၌ လူသားတိုင်း ပုရွက်ဆိတ်များပမာ ဖြစ်သွားခဲ့သည်။

နောက်ဆုံး ချင်းယန်ဆီ ရောက်သွားမှသာလျှင် သူ၏မျက်လုံးသည် လေးနက်မှုအချို့ကို စတင်ပြသလေ၏။

"မင်းက ချင်းယန်လား"

မိုးခြိမ်းသံကဲ့သို့ သားရဲနတ်အရှင်၏ အသံသည် မြို့ရိုးများအထက်တွင် လေလှိုင်းကြီးပမာ ပဲ့တင်ထပ်သွားခဲ့သည်။

"ဒီနေရာတကို ပိတ်ဆို့ထားတာ မင်းမလား။"

"အဲဒါဟုတ်ပါတယ်။"

ချင်းယန် အလွယ်တကူသာ ဝန်ခံလိုက်ပြီး လုံးဝ မအံ့သြသွားပေ။

"ဒါဆို နန်းကုန်းလီက ငါ့အချက်အလက် အားလုံးကို မင်းဆီ ဖွင့်ပြလိုက်ပြီထင်တယ်"

"နန်းကုန်းလီ?"

သားရဲနတ်အရှင်သည် ရယ်စရာတစ်ခုခုကို ကြားလိုက်ရသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ရယ်မောသံနှင့်အတူ အနီရောင် မြူခိုးများသည်လည်း ပင်လယ်လှိုင်းအလား တုန်ခါသွားခဲ့သည်။

"အမှိုက်တစ်စလေးပါ။ ငါ သူ့ကို သတ်ခဲ့တာ ရက်ပိုင်းပဲရှိသေးတယ်!"

"ဘာ!?"

မြို့ရိုးပေါ်ရှိလူများ ထိတ်လန့်တုန်လှုပ်သွားကြသည်။ နန်းကုန်းလီသည် သားရဲနတ်အရှင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်ဖြစ်သည်။ ဤသားရဲနတ်အရှင်သည် သူ၏ လူများကိုပင် သတ်ပစ်ရလောက်အောင် ရက်စက်လွန်းပေ၏။

'ကျားတောင်မှ သားပေါက်တွေကို မစားဘူး။'

"နန်းကုန်းလီက သူ့ဂိုဏ်းအတွက် နှစ်ပေါင်းများစွာ သူ့ကိုယ်သူ မြှုပ်နှံထားပေမယ့် သူဒီလိုအဆုံးသတ်ကို ကြုံခဲ့ရတာတော့ တကယ့်ကို ဝမ်းနည်းစရာပဲ။ ဟူး..."

ဤသတင်းကို ကြားလိုက်သောအခါ ချင်းယန်ခမျာ အားကိုးရာမဲ့ ဖြစ်သွားသည်။ နန်းကုန်းလီ သေသွားချေပြီ။ သို့ရာတွင် ပြဿနာတစ်ခုမှာ ထိုလူ့ထံမှ စနစ်၏ ဆုလာဘ်များကို မသိမ်းပိုက်ရသေးချေ။

"ချင်းယန် မင်းက တော်တော်လေး ပါရမီပါတယ်။"

သားရဲနတ်အရှင်သည် ချင်းယန်ကို စူးစိုက်စိုက်ကြည့်နေသည်။ သူက ချစ်ခင်ကြင်နာမှု အရိပ်အမြွက်ပြနေသည့် အမူအရာဖြင့် ကြည့်နေသော်ငြားလည်း အာကာသ၏ ကွဲအက်နေသော နေရာ၏ မြင်ကွင်းကတော့ သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေ၏။

ချင်းယန်၏ ပင်ကိုယ်စွမ်းရည်မှာ အထက်ကမ္ဘာတွင်ပင် အလွန်ရှားပါးသော တည်ရှိမှု တစ်ခုဖြစ်လေသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် တုနှိုင်းမယှဉ်နိုင်သော ပါရမီရှင် ဖြစ်ရာ သူသာ လွတ်လွတ်လပ်လပ် ရှင်သန်နေမည်ဆိုလျှင် ဧကရာဇ်နယ်ပယ် ရောက်ရန် အတားအဆီး မရှိလောက်ပေ။

'ဒီလို ထူးခြားတဲ့ အရည်အချင်းတွေနဲ့ ဒီမှာသေရမှာ တကယ်ကို သနားစရာပဲ!'

"ချင်းယန် ငါ မင်းကို အခွင့်အရေး ပေးမယ်"

သားရဲနတ်အရှင်သည် ချင်းယန်နောက်ကွယ်ရှိ ကျန်းဟိုင်မြို့ကို ကြည့်လိုက်သည်။

"မင်းသဘောတူရင် ကျန်းဟိုင်မြို့က လူတိုင်းကို လွှတ်ပေးမယ်"

"ဘာလဲ?"

ချင်းယန် မျက်မှောင်ကြုတ်ကာ သတိကပ်ထားလိုက်သည်။

"အဲဒါက ငါ့ကို အရှုံးပေးဖို့ပဲ"

သားရဲနတ်အရှင်သည် အထက်ကောင်းကင်ရှိ တွင်းနက်ကြီးများကို စူးစိုက်ကြည့်ကာ ဖြည်းညင်းစွာ ပြောလာသည်။

"ကမ္ဘာနှစ်ခုကြားက လမ်းကြောင်း ပွင့်လာတဲ့အခါကျရင် ငါ မင်းကို သေချာပေါက် မတရား မလုပ်ဘူး!"

All Chapters