← Chapters

သွေးဝိညာဉ်အစီအရင်ကို မဖျက်စီးချင်ဘူးမလား

Vol. 23 Ch. 336

သွေးဝိညာဉ်အစီအရင်ကို မဖျက်စီးချင်ဘူးမလား

Vol. 23 Ch. 336

"အစ်ကိုကြီး အဆင်ပြေရဲ့လား မသိဘူး။"

လီကျစ်ရွှမ်း အမြန်ပြေးသွားခဲ့၏။ ချင်းယန် လွင့်လာသည်ကို မြင်လိုက်ရသောအခါ သူမမျက်လုံးများ ချက်ချင်းပင် နီရဲလာသည်။

ချင်းယန်တစ်ယောက် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေရသည်။ အဝတ်အစားများ စုတ်ပြဲနေကာ ကျောက်စရစ်ခဲများက ရံဖန်ရံခါ သူ့အပေါ်သို့ ပြိုကျလာ၏။ ရင်ဘတ်အောက်က အရိုးများကို မြင်နိုင်လောက်သည့် ဒဏ်ရာများလည်း ရသွားခဲ့သည်။

"လာ ကျွန်မလက်ကို ဆွဲလိုက်! ဆရာတူအစ်ကိုကြီး..."

လီကျစ်ရွှမ်းခမျာ ချင်းယန်ကို ဂရုတစိုက် ကူညီပေးချင်ပေမယ့် သူမ တင်းကျပ်စွာ ဆုပ်ကိုင်မထားရသေးခင်မှာပင် အသံတစ်သံက ကောင်းကင်မှ ဆင်းသက်လာသည်။

"သခင် သခင်!"

ရှောင်ပိုင်သည် ချင်းယန်၏ ညာလက်မောင်းကို ဆုပ်ကိုင်ကာ အော်လိုက်သည်။

"သခင် မသေရဘူး! ကျွန်မသာ သခင့်ကို ဆုံးရှုံးလိုက်ရရင် ဘယ်သူမှ မလိုချင်တဲ့ မြေခွေးတစ်ကောင် ဖြစ်သွားလိမ့်မယ်..."

သူမ၏ ဝမ်းနည်းစွာ ငိုကြွေးနေသံက မြို့ရိုးပေါ်တွင် ပဲ့တင်ထပ်နေသည်။

ထိုအခိုက် အဖွဲ့ကို ဦးဆောင်လာသော ဦးစီးချုပ်သည် လူသားတံတိုင်းတစ်ခု ဖန်တီးကာ ချင်းယန်၏ရှေ့တွင် ရပ်လိုက်သည်။

"ဆရာ၊ မြန်မြန်စားလိုက်။"

လီချင်းဟဲသည်လည်း လျင်မြန်စွာ ချဉ်းကပ်လာကာ သူ၏ ကြယ်လက်စွပ်ထဲမှ အကျိုးသက်ရောက်နိုင်သော ဆေးမျိုးစုံကို လောင်းချကာ ချင်းယန်ပါးစပ်ထဲ ထိုးထည့်နေခဲ့၏။

"ဆရာ လုံးဝ မသေရဘူးနော်! တပည့်က အနာဂတ်မှာ ဂိုဏ်းချုပ် အမွေဆက်ခံဖို့ ဆရာ့ကို လိုနေသေးတယ်..."

ဆေးလုံးများ သူ့လည်ချောင်းထဲ ကျဆင်းသွားချိန်၌ ချင်းယန်သည်လည်း သူ့ခန္ဓာကိုယ်အတွင်းက ဖရိုဖရဲ စွမ်းအင်များကို ထိန်းညှိပေးရန် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ထို့နောက် ညစ်ညမ်းသော လေများကို ဖြည်းညင်းစွာ ရှုရှိုက်လိုက်ရာ သူ့မျက်နှာမှာ သွေးရောင် ပြန်လွှမ်းလာ၏။

ဤတော့မှ သူ့ဘေးနားက လူတို့မှာ ခေါင်းတညိတ်ညိတ်ဖြင့် သက်ပြင်းချနိုင်သွားသည်။

"စိတ်မပူပါနဲ့ သူ မသေသေးဘူး"

ထိုစကားကို မည်သူမျှ မတုံ့ပြန်နိုင်ပေ။ လူတိုင်း၏ မျက်နှာများတွင် ဝမ်းနည်း ပူဆွေးမှုများနှင့်သာ ပြည့်နှက်နေပြီး စိတ်နှလုံးများ လေးလံကာ စိတ်ပျက်အားငယ်နေကြသည်။ ချင်းယန် မသေသေးသော်လည်း ပြဿနာမှာ ပြင်းထန်စွာ ဒဏ်ရာရနေပေပြီ။ သူ့အခြေအနေက အထွတ်အထိပ် အရှင်အဖြစ် ပြန်ကောင်းလာရန် မဖြစ်နိုင်တော့ချေ။

ချင်းယန် မရှိတော့လျှင် သားရဲနတ်အရှင်၏ တိုက်ခိုက်မှုကို မည်သူက တားဆီးပေးမည်နည်း။

တိတ်တိတ်ဆိတ်ဆိတ် ပြန့်ကျဲနေသော လေထုတစ်ခုက လူတိုင်း၏ နှလုံးသားထဲသို့ စိမ့်ဝင်သွားခဲ့သည်။

ဗုန်း!

ထိုအခိုက် ကောင်းကင်အထက်ရှိ လေဖိအားများ ရုတ်တရက် ထပ်တိုးလာသည်။

"ချင်းယန် ငါမင်းကို နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ်။"

သားရဲနတ်အရှင်၏ အလွန် အေးစက်နေသော အသံသည် အထက်မှ ပဲ့တင်ထပ်လာ၏။ သူသည် အားနည်းနေသော ချင်းယန်ကို ငုံ့ကြည့်ကာ ကြင်နာစွာ ပြုံးပြနေလေသည်။

"မင်းငါ့ကို ဒူးထောက်ရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်။"

"မဟုတ်ရင်တော့...."

သူက ခေတ္တရပ်လိုက်ပြီး လီကျစ်ရွှမ်းနှင့် အခြားလူများကို ကြည့်လိုက်သည်။ သူသည် လက်ချောင်းထိပ်တစ်ခုကို မြှောက်လိုက်ရာ ကြယ်စွမ်းအင်များအား တစ်စုတစ်စည်းတည်း စုစည်းကာ တွင်းနက်ငယ်တစ်ခုအဖြစ် ဖန်တီးလိုက်သည်။ ပြီးနောက် ၎င်း၏စွမ်းအားကို ထုတ်လွှတ်ရန် အသင့်ပြင်လိုက်၏။

"မင်းကို မင်းညီမငယ်နဲ့ အတူ အခုပဲ ဖျက်စီးလိုက်ပစ်မယ်။ ပြီးရင် သူတို့အားလုံးကိုပါ မြေအောက်ကမ္ဘာထဲ ပို့ပေးလိုက်မယ်!"

ချင်းယန် ပြသခဲ့သော စွမ်းအားနှင့် လျှို့ဝှက်ချက်များသည် သူ့အတွက် မယုံနိုင်လောက်အောင် ဆွဲဆောင်မှု ရှိလေသည်။ ချင်းယန်ကိုသာ ခေါ်ယူနိုင်လျှင် ထိုအရာများကို စုဆောင်းရန် ချင်းယန်၏ဝိညာဥ်ကို ဝါးမြိုပစ်လိုက်မည်။

“ဟူး…”

ချင်းယန်သည် မျက်လုံးများကို မှိတ်ထားရာမှ သက်ပြင်းချကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါက ခွေးလုပ်တတ်တဲ့အကျင့် မရှိဘူးလို့ ပြောပြီးပြီလေ။"

"ဟမ့်!"

ဤစကားများကိုတော့ သားရဲနတ်အရှင် မအံ့သြတော့ပေ။ ယင်းအစား သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော အရိပ်တစ်ခု လင်းလက်လာ၏။

“သနားစရာပဲ။”

သူပြောပြီးသည်နှင့် သတ်ဖြတ်တော့မည့် အငွေ့အသက်များ တဖြည်းဖြည်း ပျံ့နှံ့လာသည်။ ၎င်းက ကျန်းဟိုင်မြို့ရိုးတစ်ခုလုံးကို မျက်စိတစ်မှိတ် အတွင်းမှာပင် လျင်မြန်စွာ ဖုံးအုပ်ပစ်လိုက်သည်။

သို့ရာတွင် ဤသို့ အရေးကြီးသော အခိုက်အတန့်တွင် ချင်းယန် လူတိုင်းကို ဘေးသို့တွန်းထုတ်ပြီး ကောင်းကင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ သူ၏ ရောင်ဝါများ တစ်ဟုန်ထိုး ပြည့်လျှံလာ၏။ လေလှိုင်းများသည် ပေါက်ကွဲတော့မည့် အမှုန့်ခွက်ကဲ့သို့ အပြင်ဘက်သို့ ပေါက်ကွဲထွက်နေကာ ကြယ်စွမ်းအင်က မညီမျှတော့ချေ။

"ဟမ်? ကိုယ့်ကိုကိုယ် ဖျက်စီးတာလား?!"

ဤသည်ကို မြင်သောအခါ သားရဲဘုရား၏ သူငယ်အိမ်တို့ ရုတ်တရက် ကျုံ့သွားပြီး နန်းကုန်းလီ ပြောခဲ့သည့်စကားကို ရုတ်ခြည်း သတိရသွား၏။ မိမိကိုယ်ကို ဖျက်ဆီးခြင်းသည် ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ အစဉ်အလာ တစ်ခုဖြစ်သည်။

လက်ရှိသူဟာ ခွန်အားအများစုကို ပြန်လည် ရရှိခဲ့သော်လည်း အောက်ကမ္ဘာ၏ နိယာမတရားများဖြင့် ကန့်သတ်ချုပ်ချယ် ခံထားရဆဲဖြစ်ပြီး ကောင်းကင်အရှင် နှောင်းပိုင်းအဆင့်၌သာ ရှိနေသူဖြစ်သည်။

အကယ်၍ ကောင်းကင်အရှင်တစ်ယောက် မိမိကိုယ်ကို ဖျက်ဆီးသည့် စွမ်းအားကို ခံလိုက်ရပါက မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာ ရသွားပေလိမ့်မည်။

"မဖြစ်ဘူး ငါရှောင်ရမယ်!"

သားရဲနတ်အရှင်သည် လွတ်နိုင်လောက်သည့် အကွာအဝေးသို့ လျင်မြန်စွာ ဆုတ်ခွာသွားပြီး ချင်းယန်အားလည်း ထိတ်လန့်နေသော ငှက်တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေ၏။ သူ၏မျက်လုံးများထဲတွင် မယိမ်းယိုင်သော ကြောက်ရွံ့မှုများက အပြည့်ပင်။

*ဗုန်း!*

အသံနက်ကြီးနှင့်အတူ ချင်းယန်၏ အရေပြားတို့ အက်ကွဲသွားလာသည်။ အနှီအက်ကွဲကြောင်းများမှ တောက်ပသော ကြယ်စွမ်းအင်များ ထွက်ပေါ်လာချေ၏။

မြင်သာထင်သာသော လှိုင်းလုံးများ အပြင်ဘက်သို့ ပျံ့နှံ့သွားသည့်အခိုက် လူအုပ်ကြီးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"ဆရာတူအစ်ကို မလုပ်နဲ့!"

"မိတ်ဆွေလေးချင်း ရပ်လိုက်!"

"သခင်!"

ရှောင်ပိုင်သည် သူမခေါင်းလေးကို ဆုပ်ကိုင်ထားပြီး ခြေထောက်တိုလေးများဖြင့် လှည့်ပတ်ပြေးနေ၏။

"သွားပြီ၊ သွားပြီ။ သခင် ဒီတစ်ခါတော့ တကယ်သွားပြီ!"

လူတိုင်းမှာ ကြောက်ရွံ့ ထိတ်လန့်နေကြသည့် စက္ကန့်အနည်းငယ် အကြာ၌။

*ဝူး!*

ချင်းယန်၏ အငွေ့အသက်များ ချက်ချင်း ရပ်တန့်သွားကာ ဖရိုဖရဲ ရုန်းရင်းဆန်ခတ် ဖြစ်နေသမျှ အရာအားလုံး ငြိမ်သက်သွားခဲ့သည်။

"ငါ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်မယ်လို့ မင်းတကယ် ထင်နေတယ်ပေါ့"

ချင်းယန်သည် လူရွှင်တော်တစ်ဦးကို ကြည့်နေသလိုမျိုး သားရဲနတ်အရှင်၏ ထိတ်လန့်တုန်လှုပ်နေသော အခြေအနေကို လှောင်ရယ်လိုက်လေသည်။

“ဒါဆို တန်ခိုးကြီး သားရဲနတ်အရှင်ကလည်း ဘာမှတောင် မဟုတ်ပါလား။ ငါ့လက်ကောက်ဝတ်ကို လှန်လိုက်ရုံနဲ့ မင်းက ဒီလောက်တောင် ကြောက်နေပြီ။"

ထိုစကားတို့ ဆုံးသည့်အခိုက် လေထုတစ်ခုလုံး လူသတ်ချင်နေသော အငွေ့အသက်များဖြင့် လေးလံလာတော့သည်။

“?!”

သားရဲနတ်အရှင်သည် အရှက်ခွဲခံလိုက်ရသဖြင့် မျက်လုံးများက ဒေါသအမျက်ကြောင့် နီရဲလာ၏။

“မင်း ငါ့ကို လှောင်နေတယ်?”

သူ ထိုသို့ စကားပြောနေစဉ်တွင် သူ၏ညာလက်ကို မြှောက်ကာ လီကျစ်ရွှမ်းဆီသို့ ထိုးညွှန်လိုက်သည်။

"မင်းတကယ်ပဲ ငါမလုပ်ရဲဘူးလို့ ထင်နေတာလား။"

ဗုန်း!

အကြိမ်ပေါင်းများစွာ နှိပ်ကွပ်ပြီးနောက် ၎င်း၏ ဖိအားသည်လည်း ပြင်းထန်လာ၏။

ချင်းယန်: "ဒီလောက်လည်း အလျင်မလိုပါနဲ့။"

ချင်းယန်က ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းကာ သားရဲနတ်အရှင်၏ ဖိအား တည်ဆောက်မှုကို ဝင်နှောင့်ယှက်လိုက်သည်။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ အကြီးအကဲတွေ ဘာလို့ ပေါ်မလာတာလဲ မသိချင်ဘူးလား"

"အိုး?"

ဤသည်ကို ကြားမှ သားရဲနတ်အရှင်လည်း ခေတ္တရပ်လိုက်ပြီး ကြယ်စွမ်းအင်များကို စုဆောင်းထားသော သူ့လက်ကို နှိမ့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို မသိစိတ်မှ ဝေ့ကြည့်လိုက်၏။

အခြေအနေကို သိပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

အမှန်ပင် ပတ်ဝန်းကျင်၌ ထိုအကြီးအကဲတို့၏ အရိပ်အယောင်များ မရှိချေ။ ချင်းယန်သည် ဤဆယ်မိုင် အကွာအဝေးအတွင်းက တစ်ဦးတည်းသော ကောင်းကင်အရှင်နယ်ပယ် ဖြစ်သည်။ သို့ဖြင့် တစ်ခုခုမှားနေမှန်း ရုတ်ခြည်း နားလည်သွားကာ နန်းကုန်းလီ၏ စကားတို့အား ပြန်သတိရသွား၏။

["...ဖောက်ခွဲ ကောင်းကင်ဂိုဏ်းမှာ ထိပ်တန်း ကျွမ်းကျင်သူတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ အရှင် အထူးသတိထားရမယ့် အရာတစ်ခုပဲ ရှိတယ်။ သူတို့တွေက သူတို့လူကို အရမ်း အကာအကွယ် ပေးတတ်ကြတယ်။

ပြင်ပလူတွေ ကျူးကျော်လာတဲ့အခါတိုင်း ဖောက်ခွဲကောင်းကင်ဂိုဏ်းက မညှာမတာ ပြန်တုံ့ပြန်တယ်။ သူတို့ကို တစ်လက်မလောက် မလေးစားရင် တစ်မိုင်လောက်အထိ ပို့ပေးလိမ့်မယ်"]

ယုတ္တိနည်းအရ ပြောရလျှင် ယနေ့၏ ရုန်းရင်းဆန်ခတ် တိုက်ပွဲဟာ အလွန်ပင် ကြီးမားလေသည်။ သူသည် ၎င်းတို့၏ ဂိုဏ်းခေါင်းဆောင်ငယ်ကို သတ်လုနီးပါး ဖြစ်ခဲ့သော်လည်း ၎င်းတို့ကို အရိပ်ပင် မတွေ့ရသေးချေ။

ပိုကြီးတဲ့ ခြိမ်းခြောက်မှု ရှိနေသေးခြင်းလား။

သူတို့ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးလော။

"မကောင်းတော့ဘူး!"

ဤသို့ တွေးမိလိုက်သောအခါ အေးစက်သော ချွေးသီးချွေးပေါက်များ ဝဲသီလာတော့သည်။ သူသည် တုန်လှုပ်ချောက်ချားစွာ လှည့်ပတ်ကြည့်ရင်း ကြောက်ရွံ့ထိတ်လန့်သော ငှက်တစ်ကောင် ဖြစ်လာပြန်သည်။

ချင်းယန်သည် သူ၏ ကြောက်ရွံ့မှုကို သတိပြုမိဟန်ဖြင့် ပြုံးကာ ပါးစပ်ထောင့်မှ သွေးများကို သုတ်ပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ငါတို့ရဲ့ ဂိုဏ်းချုပ်ကြီးက ဒီမှာမရှိဘူး"

သားရဲနတ်အရှင်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။

"ငါ့ကို အကြိမ်ကြိမ် အရူးလုပ်တယ်.. ငါ့ကို မျောက်တစ်ကောင်လို ဆက်ဆံနေတာလား။ သေချင်နေတာလား။"

သားရဲနတ်အရှင် ဒေါသထွက်ကာ သူ၏ ကြယ်စွမ်းအင်ကို စုဆောင်းလိုက်ပြန်သည်။

"ဂိုဏ်းချုပ်ကြီး မလာသေးပေမယ့်..."

လေပြင်း သူ၏မျက်နှာကို တိုက်ခတ်သွားသော်လည်း ချင်းယန်ကတော့ ငြိမ်သက်စွာ ရပ်နေ၏။

"ငါသေရင် မင်းရဲ့ချစ်လှစွာသော သွေးဝိညာဉ် အစီအရင်လည်း ပျက်စီးလိမ့်မယ်..."

"ဘာကိုဆိုလိုတာလဲ?"

သားရဲနတ်အရှင်ခမျာ ထိုစကားကြောင့် အံ့ဩသွားရပြန်သည်။ သို့သော် ချင်းယန်က သူ့အား အဖြေမပေးဘဲ လီရွှေရေကန်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်ကာ ထိုလမ်းကြောင်းကို ညွှန်ပြလိုက်သည်။

ဗုန်း!

စွမ်းအင်အလင်း တိုင် ၁၂ တိုင် ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ ရေကန်အထက် ကောင်းကင်ပြင်သည် ရုတ်တရက် မိုးခြိမ်းသံများ၊ တိမ်မည်းများ စုဝေးလာပြီး ကြီးမားသော ဖိအားတစ်ခု ကျဆင်းလာသကဲ့သို့ ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။

“သားရဲနတ်အရှင်…”

ချင်းယန်၏လေသံက နောက်ပြောင်ချင်နေသကဲ့သို့ ပြောင်းသွား၏။

"မင်းလည်း သွေးဝိညာဉ် အစီအရင်ကို မပျက်စီးစေချင်ဘူးမလား"

All Chapters