← Chapters

သားရဲနတ်အရှင်နှင့် အပေးအယူ။

Vol. 23 Ch. 337

သားရဲနတ်အရှင်နှင့် အပေးအယူ။

Vol. 23 Ch. 337

လီရွှေရေကန်၏ မျက်နှာပြင်ပေါ်တွင် ကောင်းကင်သို့ ရောင်ဝါဆယ့်နှစ်စင်း လွင့်စင်ကာ ပြင်းထန်သော မုန်တိုင်းကြီးကို လှုံ့ဆော်နေခဲ့သည်။ ထို့ကြောင့် ကောင်းကင်မှ ရေမှုန်ရေမွှားလေးများ ကျန်းဟိုင်မြို့တစ်ခုလုံး အပေါ် ပျံ့နှံ့သွား၏။

မြူခိုးများမှတစ်ဆင့် အလင်းပြန်နေသော နေရောင်ခြည်၊ ဟိန်းဟောက်သော မိုးကြိုးများနှင့်အတူ ကြီးကျယ်ခမ်းနားသော သက်တန့်များကို ဖန်တီးကာ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဖြစ်စဉ် တစ်ခုအဖြစ် ဖြစ်ပေါ်လာစေခဲ့သည်။

"အတင့်ရဲလိုက်တာ!"

ရုန်းရင်းဆန်ခတ် ဖြစ်လာနိုင်သော အခြေအနေအား မျက်မြင်တွေ့လိုက်ရသူ သားရဲနတ်အရှင်ခမျာ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်တော့သည်။

သူအရာရာကို တွက်ချက်ထားပြီး အောင်ပွဲက သူ့လက်ထဲ၌သာ ရှိမည်ဟု ထင်ခဲ့၏။ ဤသည်ကို အရေးကြီးသည့် အခိုက်အတန့်ရောက်မှ ခြုံခိုတိုက်ခိုက်ခံရခြင်းဟု ဆိုရမည်လော။ သူက ယခုလေးတင် ချင်းယန်ကိုသတ်ရန် အလွန် နီးစပ်နေခဲ့ပေပြီ။

"မင်း...မင်း...မင်းလောက် အရှက်မဲ့တဲ့လူသားကို တစ်ခါမှ မတွေ့ဖူးဘူး!"

သားရဲနတ်အရှင်သည် ဒေါသအမြတ်ထွက်ကာ ချင်းယန်၏ ရင်ဘတ်ကို အထပ်ထပ်အခါခါ ညွှန်ပြနေသော်လည်း မည်သို့ ကျိန်ဆဲရမည်ကို မသိတော့ဘဲ ဖြစ်နေ၏။ သွေးဝိညာဉ်အစီအရင်သည် ကြယ်စစ်သည်များအားလုံး၏ အသက်သွေးကြော ဖြစ်ပြီး အထက်ကမ္ဘာနှင့် ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်လေသည်။

အစီအရင်သာ ဖျက်ဆီးခံရလျှင် တစ်ခုတည်းသော သော့ကို ဆုံးရှုံးသွားရသကဲ့သို့ ဖြစ်သွားလိမ့်မည်။ ထိုအခါ အထက်ကမ္ဘာကို မည်သို့ ပြန်သွားရမည်နည်း။

ထို့ထက် ပိုအရေးကြီးသည်မှာ သွေးဝိညာဥ်အစီအရင် ဖျက်ဆီးခံရပါက ကြယ်စွမ်းအင်များ ပျက်စီးသွားမည် ဖြစ်သည်။ သို့ဖြစ်ပါက သူ၏ ကျင့်ကြံမှုမှာ အကျိုးရှိနိုင်တော့မည် မဟုတ်ချေ။ သားရဲနတ်အရှင် သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ မျက်နှာပေါ်တွင် သူ့အရေပြားသည် ပျော့ပျောင်းနေဆဲဖြစ်ပြီး သူ့နှလုံးသည် ပြင်းပြင်းထန်ထန် ခုန်နေသေးသော်လည်း လက်တွေ့တွင်မူ မျက်နှာစာတစ်ခုမျှသာ အပေါက်များနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။

နောက်ဆုံးတွင်တော့ သူ့ခန္ဓာကိုယ် အစစ်သည် နှစ်ရာနှင့်ချီ တံဆိပ်ခတ်ခြင်းများကြောင့် ပျက်စီးသွားခဲ့ချေပြီ။

ဤခန္ဓာကိုယ်သည် အမှန်တကယ်ပင် လုံးဝပျက်စီးသွားပြီပင်။ ၎င်း၏အသိစိတ်မှာ မတည်မငြိမ် ဖြစ်ပြီး တခြားကြယ်စစ်သည်များ၏ ကြယ်စွမ်းအင်ဖြင့် သူ၏အသက်ကို တွယ်ကပ်ရုံသာရှိခဲ့သည်။

အထက်ဘုံသို့ ပြန်သွားမှသာလျှင် သူ၏ဒဏ်ရာများကို အမှန်တကယ် ကုသနိုင်မည် ဖြစ်သည်။

…

"သားရဲနတ်အရှင် ဘာဖြစ်နေတာလဲ"

လောင်လီက မျက်ခုံးပင့်လိုက်ပြီး သားရဲနတ်အရှင်၏ ဒေါသအမျက်ထွက်နေသည့် အခြေအနေကို ကြည့်ကာ အခြားသူများနှင့် အကြည့်များ ဖလှယ်လိုက်သည်။

"ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်လာတာလဲ"

ထိုစကားကြောင့် အခြားသူများသည်လည်း အပေါ်က သားရဲနတ်အရှင်၏ ဒေါသပေါက်ကွဲသံကို နားစွင့်ကာ အံ့ဩသွားကြသည်။ လေပြင်း တိုက်ခတ်မှုများကြောင့် ထိုစကားဝိုင်းထဲက အရာအားလုံး နစ်မြုပ်သွားပြီး သဲသဲကွဲကွဲ မကြားလိုက်ကြချေ။

သို့သော် ယင်းအခြေအနေမှ သုံးသပ်ကြည့်လျှင်တော့ ချင်းယန်ဟာ သားရဲနတ်အရှင်ကို တိုက်ရိုက် မတိုက်ခိုက်ဘဲ ထိန်းချုပ်ဖို့ နည်းလမ်းရှာတွေ့ခဲ့ပုံပင်။

ရုတ်တရက်။

"ဟားဟားဟား!"

အားရပါးရ ရယ်မောသံကြီး ထွက်ပေါ်လာ၏။

ထောင့်စွန်းတွင်ရှိ လျိုဝူရွှမ်းသည် စကားဝိုင်းတစ်ခုလုံးကို ဖမ်းဆုပ်မိ၍ အကြောင်းပြချက် အားလုံးကို နားလည်သွားရာ မထိန်းနိုင်ဘဲ ရယ်ချလိုက်တော့သည်။

"မိုက်တယ်! ဂိုဏ်းချုပ်လေးရဲ့ အစီအစဉ်က အရမ်းကောင်းတယ်!"

သွေးဝိညာဥ်အစီအရင်ကို သိမ်းပိုက်ခြင်းဖြင့် သားရဲနတ်အရှင်သည် ချင်းယန်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ မလှုပ်ရှားနိုင်အောင် ဖြစ်သွားခဲ့သည်။

ထိုရယ်မောသံက မြို့ရိုးမှ အရပ်ရပ်သို့ ပဲ့တင်ထပ်သွားခဲ့ရာ ချက်ချင်းဆိုသလို လူအများ၏အာရုံကို စွဲဆောင်ပစ်ခဲ့၏။ သို့သော် သူတို့သည် ပျော်ရွှင်မှုကို လျှို့ဝှက်စွာ ခံစားနေသော လျိုဝူရွှမ်းအား လုံး၀ အံ့သြသွားစွာ စိုက်ကြည့်နေကြသည်။

"ကျစ်! ဒီလျိုမျိုးရိုးက ဘာဖြစ်နေတာလဲ... သူဘာလို့ ရုတ်တရက်ကြီး ထရယ်နေတာလဲ"

လီချင်းဟဲလည်း မျက်မှောင်ကြုတ်ပြီး ကြည့်နေ၏။

"ဒီမိန်းကလေးက လူမိုက်တွေနဲ့ မပေါင်းနိုင်ဘူးနော်။"

"ဒီနတ်သမီးကိုလည်း နင်နဲ့အတူ ခေါ်သွားပေး။"

ရှောင်ပိုင်သည်လည်း လီချင်းဟဲအနားသို့ လိုက်၍ ရွံရှာစွာ ဆုတ်သွားခဲ့သည်။ သူမက ရယ်မောနေသော လျိုဝူရွှမ်းကို ပြန်ကြည့်ကာ မထီမဲ့မြင်ပြုစွာ ပြောလေ၏။

"သခင်က ပြောတယ် 'ဒီနတ်သမီးက အရူးတွေနဲ့ မကစားသင့်ဘူးတဲ့..."

"..."

ထိုအခါ လျိုဝူရွှမ်း၏ အပြုံးက အေးခဲသွားပြီး အကြည့်စူးစူးတစ်ချက် ပေးလာ၏။

သူမ၏ နှုတ်ခမ်းများ တဖြည်းဖြည်း တင်းမာလာပြီး လှောင်ပြောင်နေချင်သော အရိပ်အယောင်တို့ ပျောက်ကွယ်သွားခဲ့သည်။

လျိုဝူရွှမ်းလည်း အနည်းငယ် ရှက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သွေးဝိညာဥ်အစီအရင်ဟာ အရေးကြီးဆုံး ဖြစ်ပြီး ကြယ်စစ်သည် အများအပြားက ၎င်းကို သတိမပြုမိကြသေးချေ။ မလိုလားအပ်သော အထိတ်တလန့်များ ဖြစ်စေမည်ကို စိုးရိမ်ရ၍ ၎င်းကို မထုတ်ဖော်နိုင်ပေ။

ဤနည်းအားဖြင့် ချင်းယန်၏ ထက်မြက်သော ချုပ်နှောင်မှု နည်းလမ်းက်ု လျှို့ဝှက်ထားနိုင်မည်ပင်။

"အဟမ်း။"

လျိုဝူရွှမ်းသည် သူ၏ အရှက်ကို ဖုံးကွယ်ရန် နှစ်ကြိမ် ချောင်းဆိုးလိုက်ပြီး အထက်တိုက်ပွဲကို စောင့်ကြည့်ဟန်ဆောင်ကာ မြို့ရိုးဆီသို့ တစ်ယောက်တည်း လျှောက်သွားခဲ့သည်။ သူ့ခမျာ ရင်တွင်း၌သာ ကြည်နူးနိုင်၏။

"ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ လုံခြုံသွားပြီ။"

သွေးဝိညာဉ်အစီအရင် တည်ရှိနေသရွေ့ သားရဲနတ်အရှင်သည် ကမူးရှူးထိုးပြုမူရန် ချီတုံချတုံဖြစ်သွားမည်။ ဂိုဏ်းချုပ်လေးကိုလည်း သတ်ရဲတော့မည် မဟုတ်ချေ။

"ကျန်းဟိုင် နောက်ဆုံးတော့ လုံခြုံသွားပြီ။"

………

ကောင်းကင်ယံ၌မူ ပြင်းထန်စွာ ရုန်းရင်းဆန်ခတ် ဖြစ်နေဆဲပင်။

"ချင်းယန် မင်းကို ငါမသတ်ရဲဘူးလို့ မင်းတကယ် ထင်နေတာလား!"

သားရဲနတ်အရှင်၏ ဆံပင်နှင့် မုတ်ဆိတ်တို့သည် မှင်ကဲ့သို့ အနက်ရောင်ဖြစ်၍ သူ၏ သူငယ်အိမ်များသည် သွေးထွက်သံယို အပေါက်များပမာ ဖြစ်နေသည်။ သူသည် သူ့ရှေ့မှ ချင်းယန်ကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြင်းထန်သော ဟောက်သံသည် သူ့သွားများကြားမှ ထွက်လာသည်။

"သတ္တိရှိရင် လာခဲ့လေ!"

ချင်းယန်က သူ့လက်ညှိုးဖြင့် ပြောင်ပြောင်တင်းတင်း ကွေးပြလိုက်သည်။

"ငါ့ကို တို့ထိကြည့်စမ်းပါ!"

ဗုန်း!

စွမ်းအင်တိုင် ၁၂ တိုင်သည် အလင်း ၁၂ ခုကို ကောင်းကင်သို့ ပစ်လွှတ်လိုက်ပြန်၏။ လီရွှေရေကန်၏ ဦးတည်ရာဆီမှ ဆူညံသော မိုးခြိမ်းသံများ တစ်ဟုန်ထိုး မြည်သံကို ထင်ထင်ရှားရှား ကြားရသည်။

"မင်းငါ့ကိုထိရဲလား?!"

ချင်းယန် သူ့လက်ကို ဝှေ့ယမ်းကာ အခြေအနေကို ပေါ့ပေါ့ပါးပါး ကိုင်တွယ်လိုက်သည်။

"..."

ဤအခိုက်၌ သားရဲနတ်အရှင်၏ မျက်နှာသည် ကြောက်စရာ ကောင်းလောက်အောင် ရုပ်ဆိုးနေပြီး လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထား၏။ သို့သော်လည်း သူ ချင်းယန်ကို မည်မျှ မုန်းတီးနေပါစေ ယခုအချိန်၌ လုံးဝ အားကိုးရာမဲ့နေသည်။

ဖောက်ခွဲကောင်းကင်ဂိုဏ်း ဟူသည်မှာ နာမည်ဆိုးဖြင့် ရူးသွပ်ကြသည့် အုပ်စုဖြစ်သည်။ နန်းကုန်းလီသည် မသေဆုံးမီ ချိုင့်ဝှမ်းတွင် ဤအချက်ကို အကြိမ်ရာနှင့်ချီ၍ အလေးပေးဖော်ပြခဲ့သည်။ အမှန်တကယ် ရက်စက်ကြမ်းကြုတ်ကြလျှင် သားရဲနတ်အရှင် ဂိုးဏ်းထက်တောင် ပိုရူးသွပ်ပြီး ကိုယ့်ကိုယ်ကို ဖျက်ဆီးရန်ပင် လုပ်ကြလိမ့်မည်။

သားရဲနတ်အရှင်သည် ရေကန်၏ ဦးတည်ရာဆီသို့ စူးစိုက်ကြည့်လိုက်သည်။

သွေးဝိညာဥ်အစီအရင်ကို အမှန်တကယ် ဖျက်ဆီးခဲ့လျှင်ကော။

ကမ္ဘာကြီးတစ်ခုလုံး စွမ်းအင်မရှိသည့် ခေတ်သို့ ပြန်ရောက်သွားလိမ့်မည်။

လူတိုင်းသည် သာမန်လူတစ်ယောက်မျှသာ ဖြစ်လိမ့်မည်။

သူ့ထံ၌ရော ဘာအားသာချက် ရှိနိုင်မည်နည်း။

သူ မြို့ရိုးပေါ်ရှိ လူများကို ငုံ့ကြည့်လိုက်ပြန်သည်။ အရေအတွက်ကို အားကိုးပြီး တပ်စွဲထားတဲ့ ဤစစ်သည်များက သူ့ကို အရှင်လတ်လတ် အလွယ်တကူ ဝါးမြိုသွားနိုင်၏။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်၊

"မင်း…."

သားရဲနတ်အရှင်၏ မူလ အကြံအစည်များ လွင့်စင်သွားကာ နောက်ဆုံးတွင်တော့ သူသည် ခေါင်းကို ဖြည်းညင်းစွာ မြှောက်ကာ ချင်းယန်ကို စိုက်ကြည့်လိုက်၏။

"မင်း ဘာလိုချင်တာလဲ"

"နောက်ဆုံးတော့ လက်လျှော့လိုက်ပြီလား"

ချင်းယန်၏ အေးစက်သော အရိပ်အယောင်များလည်း ရပ်တန့်သွားခဲ့သည်။

"မင်းရဲ့ ရက်စက်တဲ့ သဘောထားကို သဘောကျနေတဲ့ဟာ။"

"ဟမ့် မင်း ပါးစပ်က တော်တော်ချွန်သားပဲ။"

သားရဲနတ်အရှင်သည် လူသတ်လိုစိတ် အပြည့်ဖြင့် လီရွှေရေကန်ဆီသို့ လှည့်ကြည့်လိုက်သည်။

"သွေးဝိညာဉ်အစီအရင်ကို တကယ် အသက်သွင်းရဲလို့ကတော့ မင်းရဲ့ ကျန်းဟိုင်မြို့တစ်ခုလုံးကို မင်းနဲ့အတူ မြှုပ်ပစ်မယ်!"

ချင်းယန် မျက်ခုံးပင့်လိုက်သည်။

"ကြယ်တွေရဲ့ စွမ်းအားမရှိရင် ငါတို့အားလုံးက သာမန်လူတွေပဲ၊ မင်းမှာ ဘယ်လိုထူးခြားတဲ့နည်းလမ်းတွေ ရှိနိုင်ဦးမှာလဲ...?"

"ဟားဟားဟား နုံအလိုက်တာ! သွေးဝိညာဉ်အစီအရင်ကို ဖျက်ဆီးလိုက်ရုံနဲ့ အရာအားလုံးကို ချက်ချင်း အဆုံးသတ်နိုင်လိမ့်မယ် မထင်လိုက်နဲ့... ကောင်းကင်နဲ့ မြေကြီးရဲ့ ကြယ်စွမ်းအင်တွေ ပျောက်ကွယ်ဖို့ အနည်းဆုံး နာရီပေါင်းများစွာ အချိန်ယူရလိမ့်မယ်"

ထိုစကား ပြောနေစဉ်တွင် ခေတ္တရပ်ကာ သူ့လက်ထဲရှိ ကြယ်စွမ်းအင်ကို ထုတ်လွှတ်ပြလိုက်သည်။

"အဲဒီအချိန်ကျရင် ငါ ကျန်းဟိုင်မြို့တစ်ခုလုံးကို သတ်နိုင်ပြီ!"

ချင်းယန်: "ဒါပဲလား? လွယ်ပါတယ်... ငါ သွေးဝိညာဉ်အစီအရင်ကို နဂိုအတိုင်း ထားခဲ့ပေးလို့ရတယ်။"

ချင်းယန်သည်လည်း သူ့လက်ကို ဝှေ့ယမ်းကာ တလီတောင်များဘက် လက်ညှိုး ထိုးပြလိုက်သည်။

"မင်း အခု လစ်လို့ရပြီ!"

All Chapters