အတင်းအဓမ္မ ပွေ့ချီသွားခြင်း (တကယ့်ကိုပဲ)
Vol. 27 Ch. 403
ချလွမ် ချလွမ်
မိုကျွင်း၏ အကြည့်များမှာ တဖြည်းဖြည်း ချင်းပြောင်းလဲသွားသည်။
၎င်းအကြည့်သည် ပိုင်ကျီဟန်ထံသို့ ကျရောက်သွား၏။
မယုံကြည်နိုင်မှုများ ပျောက်ကွယ်သွားချေပြီ။
ခဏတာ တုန်လှုပ်မှုများလည်း မရှိတော့ပေ။
ထိုအရာများ၏ အစားထိုးမှုမှာ ပို၍ ယုတ်မာကောက်ကျစ်သော အရာတစ်ခု ဖြစ်သည်။
သတိမထားမိဘဲ အပြင်သို့ လျှံထွက်လာသော သတ်ဖြတ်လိုသည့် အရှိန်အဝါမှာ အလွန်ပင် သိပ်သည်းလှသည်။
ပိုင်ကျီဟန်သည် ပါရမီရှင်တစ်ယောက်အဆင့်မျှသာ မဟုတ်တော့ဘဲ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။
ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်၌ပင် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်မိစ္ဆာအကြီးအကဲ သုံးဦးကို သုတ်သင်နိုင်ခဲ့သည်။
(သူ့ကို ဆက်ပြီး ကြီးထွားခွင့် ပေးလိုက်မယ်ဆိုရင်...)
မိုကျွင်း၏ မျက်လုံးများသည် မှေးစင်းသွားသည်။
သူနှင့် အခြားသော မိစ္ဆာအင်မော်တယ်များပင်လျှင် မကိုင်တွယ်နိုင်လောက်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည်မှာ တစ်ရာရာခိုင်နှုန်း အသေအချာပင်။
ထိုခဏ၌ပင် မိုကျွင်း ဆုံးဖြတ်ချက် ချလိုက်သည်။
ပိုင်ကျီဟန်ကို သတ်ရန်မှာ ရွေးချယ်စရာ မဟုတ်တော့ပေ။
၎င်းမှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်။
သူ၏ ဓားထံမှ တိုးညှင်းသော အသံ ထွက်ပေါ်လာပြီး သူ၏ ခြေဖဝါးအောက်တွင် မိစ္ဆာချီများ စုစည်းလာသည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာလည်း ပုံပျက်ရှုံ့တွလာ၏။
ထို့နောက်
သူ ရှေ့သို့ တစ်လှမ်း တက်လိုက်သည်။
ထိုလှုပ်ရှားမှုမှာ သိမ်မွေ့လှသော်လည်း၊ ပိုင်ချူက ချက်ချင်း သတိပြုမိသွားသည်။
"ငါ မြင်မှာမဟုတ်ဘူးလို့ မင်း ထင်နေတာလား?"
ပိုင်ချူ၏ ဓားရည်ရွယ်ချက်သည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ထက်ရှကာ ပြတ်သားလှသော စွမ်းအားများဖြင့် မိုကျွင်း၏ လမ်းကြောင်းကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။
လေထုထဲတွင် စူးရှသော အသံများ မြည်ဟည်းသွားပြီး ပိုင်ချူသည် မိုကျွင်းနှင့် ပိုင်ကျီဟန်တို့၏ ကြားထဲတွင် တည့်တည့်မတ်မတ် ရပ်လိုက်သည်။
သူ၏ မျက်နှာအမူအရာစည် အေးစက်နေ၏။
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကိုလည်း မထိန်းချုပ်ထားတော့ပေ။
"ဘယ်ကို သွားမလို့လဲ?"
ပိုင်ချူက အေးစက်စွာ မေးလိုက်သည်။
မိုကျွင်း ရပ်တန့်သွားသည်။
သူသည် ပိုင်ချူ၏ အကြည့်ကို ဆုံရန် သူ၏ အကြည့်ကို ဖြည်းဖြည်းချင်း မြှင့်လိုက်သည်။
(ဒါက လွယ်လွယ်ကူကူ ဖြစ်မှာမဟုတ်ဘူးပဲ။)
ပိုင်ချူက သူ့ကို စောင့်ကြည့်နေသရွေ့ ပိုင်ကျီဟန်ထံသို့ ချဉ်းကပ်ရန်မှာ မဖြစ်နိုင်ပေ။
အဆင့်မြင့် အဆင့်-၆ ချီစွမ်းအား ပြန်လည်ဖြည့်တင်းရေး ဆေးလုံးကို တိုက်ကျွေးပြီးနောက် ချူကျီယန်သည် မဆိုင်းမတွတော့ပေ။
ပိုင်ကျီဟန်ထံသို့ ချီစွမ်းအားများ ပြန်လည် ရောက်ရှိလာသော်လည်း သူ ပြန်လည် မတ်တတ်ရပ်နိုင်သည့် အခြေအနေသို့ ရောက်ရန် အချိန်ယူရဦးမည်ဖြစ်သည်။
ထို့ပြင် ဤနေရာမှာ ဘေးကင်းသည် မဟုတ်ပေ။
"အားလုံးပဲ" သူမက အရေးကြီးနေသော်လည်း တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။ "ငါတို့ တိုက်ပွဲကွင်းပြင်ကနေ ထွက်ခွာကြမယ်။ အခုပဲ”
ချူမျိုးနွယ်စုဝင်များသည် ဝန်လေးခြင်းမရှိဘဲ ခေါင်းညိတ်လိုက်ကြသည်။
ပိုင်ကျီဟန်သည် လုံလောက်သည်ထက် ပို၍ လုပ်ဆောင်ခဲ့ပြီး ဖြစ်ရာ သူ ယခု တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွားခြင်းက ပို၍ ကောင်းပေလိမ့်မည်။
"ကျွန်တော်တို့လည်း ကူညီပါ့မယ်”
ဗလာသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ အချို့မှာ ပိုင်ကျီဟန်ကို လိုက်ပါစောင့်ရှောက်ရန် ရှေ့သို့ ထွက်လာကြသည်။
ချူကျီယန်က အရင်ဆုံး လှုပ်ရှားလိုက်သည်။
သူမသည် ငုံ့လိုက်ပြီး သူ့ကို မြေပြင်မှ မလိုက်သည်။
လက်တစ်ဖက်က သူ၏ ဒူးအောက်တွင်။
အခြား လက်တစ်ဖက်က သူ၏ ကျောပြင်ကို ထောက်ထားသည်။
မင်းသမီး ပွေ့ချီနည်းပင် ဖြစ်သည်။
ပိုင်ကျီဟန်၏ ဦးနှောက်မှာ ဗလာဖြစ်သွား၏။
သူ၏ အမြင်အာရုံများမှာ ဝေဝါးသွားသည်— ၎င်းမှာ မူးဝေခြင်းကြောင့် မဟုတ်ဘဲ အလွန်အမင်း ရှက်ရွံ့သွားခြင်းကြောင့် ဖြစ်သည်။
"မ-မင်း ဘာလုပ်နေတာလဲ”
သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အသံသည် တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံးလည်း ရှက်သွေးဖြာသွားတော့သည်။
သူ မည်မျှပင် ဒဏ်ရာရထားပါစေ...
မည်မျှပင် အားအင်ကုန်ခမ်းနေပါစေ...
ဤအခြေအနေမှာ လုံးဝ လက်ခံနိုင်စရာ မရှိပေ။
"ငါ့ကို အခုချက်ချင်း ချပေးစမ်း”
ပိုင်ကျီဟန်က အမိန့်ပေးသည့် အသံဖြင့် တောင်းဆိုလိုက်သည်။
ချူကျီယန်ကမူ အရှိန်ပင် မလျှော့ပေ။
"နင်မတ်တတ်တောင် မရပ်နိုင်ဘူးလေ" သူမက တည်ငြိမ်စွာ ဆိုသည်။ "ငြိမ်ငြိမ်နေစမ်းပါ၊ ငါ့ကို အလုပ်မရှုပ်စေနဲ့”
"ချူကျီယန်၊ ငါ့ကို ဒီမှာပဲ အခုချက်ချင်း ချပေးဖို့ ငါ အမိန့်ပေးတယ်။"
ပိုင်ကျီဟန်က တင်းမာသော အသံဖြင့် အမိန့်ပေးလိုက်ပြန်သည်။
ယခုအချိန်သည် သူ၏ ဘဝတွင် အရှက်ရဆုံး အခိုက်အတန့်ကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
သူသည် ချူကျီယန်၏ လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း၊ သူ၏ ခန္ဓာကိုယ်မှာ မည်မျှပင် အားထုတ်စေကာမူ လှုပ်ရှား၍ မရပေ။
သူ၏ ခန္ဓာကိုယ်က သူ့ကို သစ္စာဖောက်နေခြင်းပင်။
ချူကျီယန်သညခ သူ၏ ကန့်ကွက်မှုများကို လုံးဝ လျစ်လျူရှုကာ သူ့ကို ပို၍ တင်းတင်းကြပ်ကြပ် ပွေ့ထားလိုက်သည်။
"ကြည့်ရတာ နင့်မှာ ရွေးချယ်စရာ မရှိတော့ဘူးထင်တယ်"
ချူကျီယန်က ပြုံးလျက် နောက်ပြောင်သလို ပြောလိုက်သည်။
ပိုင်ကျီဟန် သွားကြိတ်လိုက်မိသည်။ ချူကျီယန်မှာ မည်သို့သော မိန်းကလေးမျိုး ဖြစ်သည်ကို သူ မေ့နေခဲ့မိသည်။
သူမက သူ့စကားကို နားထောင်မည့်သူမဟုတ်ပေ
သူတို့ ပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများမှာ ပိုင်ကျီဟန်၏ အခြေအနေကို သတိပြုမိသွားကြသည်။
သူတို့၏ မျက်လုံးများမှာ တောက်ပလာ၏။
"သူ ဒဏ်ရာရနေပြီ”
"ငါတို့ သူ့ကို သတ်လို့ရတယ်။ သူ လှုပ်တောင် မလှုပ်နိုင်တော့ဘူး။"
"ဟဲဟဲ... ပိုင်ကျီဟန်ကို သတ်နိုင်ရင် ရမယ့် ဆုလာဘ်က နည်းမှာမဟုတ်ဘူး မဟုတ်လား?"
သတ်ဖြတ်လိုသော အရှိန်အဝါများမှာ အရပ်မျက်နှာ အနှံ့မှ ထွက်ပေါ်လာသည်။
ဗလာသန့်စင်ခြင်းအဆင့် ရှိသူများ အပါအဝင် ချူမျိုးနွယ်စုဝင်များသည် ရှေ့သို့ တိုးထွက်လိုက်ကြသည်။
"ပိုင်ကျီဟန်ကို သတ်ဖို့က လွယ်လိမ့်မယ်လို့ မထင်နဲ့”
သူတို့၏ ခြေဖဝါးအောက်တွင် မြေပြင်များ အက်ကွဲသွားသည်။
ဗလာသန့်စင်ခြင်းအဆင့်၏ ဖိအားများသည် အပြင်ဘက်သို့ ရိုက်ခတ်သွား၏
ချူကျီယန် မဆိုင်းတွတော့ပေ။
"သွားမယ်”
ချူမျိုးနွယ်စုဝင်များ ချက်ချင်း တုံ့ပြန်
လိုက်ကြသည်။
ဝုန်း
ချူကျီယန်နှင့် ပိုင်ကျီဟန်တို့ကို ဗဟိုပြု၍ ကျစ်လျစ်ခိုင်မာသော ကာကွယ်ရေးစစ်ကြောင်းတစ်ခုကို တည်ဆောက်လိုက်စဉ် ဖိအားလှိုင်းအမြောက်အမြားသည် အပြင်ဘက်သို့ ပွင့်ထွက်သွားသည်။
ပိုင်ကျီဟန်နှင့် ချူကျီယန်၏ ပတ်ပတ်လည်တွင် မှန်ချပ်များ ထပ်ထားသကဲ့သို့ အလွှာလိုက် အလွှာလိုက် အကာအကွယ်
အတားအဆီးများပေါ်ပေါက်လာသည်။
သူတို့သည် အမြန်ဆုံးနှင့် ပြတ်ပြတ်သားသားပင် စတင် ဆုတ်ခွာကြတော့သည်။
သို့သော် မိစ္ဆာကျင့်ကြံသူများကမူ လက်မလျှော့ကြပေ။
ခေတ္တခဏမျှပင် ရပ်တန့်ခြင်း မရှိကြပေ
"သူတို့ ထွက်ပြေးနေကြပြီ”
"သူတို့ကို တားကြ”
"ပိုင်ကျီဟန်ကို အခုချက်ချင်း သတ်ပစ်”
သူတို့၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများဖြင့် တောက်ပနေသည်။
အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများပင်လျှင် သူတို့အပေါ် ကျရောက်နေသော ပြင်းထန်လှသည့် ဗလာသန့်စင်ခြင်းအဆင့် ဖိအားများကို ဂရုမစိုက်ဘဲ ဝန်လေးခြင်းမရှိဘဲ ရှေ့သို့ တိုးဝင်လာကြသည်။
အချို့မှာ မိမိကိုယ်ကိုယ် အတင်းအဓမ္မ ရှေ့သို့ တွန်းပို့နေသဖြင့် သွေးများပင် အန်နေရသော်လည်း သူတို့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ် တစ်ခုတည်းသာ တောက်လောင်နေ၏။
ပိုင်ကျီဟန်ကို ကာကွယ်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ သူတို့ ဂရုမစိုက်ပေ
ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲများ လမ်းပိတ်ထားသည်ကိုလည်း သူတို့ ဂရုမစိုက်ပေ
ပိုင်ကျီဟန်သာ ဤနေရာ၌ သေဆုံးသွားခဲ့လျှင် ၎င်းမှာ အရာရာအတွက် တန်ဖိုးရှိလှသည်။
ချူကျီယန်၏ အကြည့်များ တင်းမာသွားသည်။ ယနေ့တွင် မိစ္ဆာကျင့်ကြံသူများသည် သူမ၏ ခင်ပွန်းကို သတ်ရန် အသေအလဲ ဆုံးဖြတ်ထားပုံရသည်။
သူမသည် ပိုင်ကျီဟန်ကို ပို၍ တင်းတင်းကြပ်ကြပ် ပွေ့ထားလိုက်ကာ အရှိန်ကို မြှင့်လိုက်သည်။
ဝူး
ပိုင်ကျီဟန် အရာအားလုံးကို ခံစားနေရသည်။
တိုးဝှေ့တိုက်ခတ်နေသော လေတိုးသံ။
ချီစွမ်းအားများ ပြင်းထန်စွာ လှုပ်ခတ်နေမှု။
သူတို့ ပတ်ပတ်လည်တွင် ပေါက်ကွဲထွက်နေသော တိုက်ပွဲသံများ။
ပြီးတော့ အဆိုးဆုံးကတော့
သူတစ်ပါး၏ ပွေ့ချီခြင်းကို ခံထားရသည့် ခံစားချက်ပင်။
သူ့မျက်နှာတစ်ခုလုံး ပူထူနေတော့သည်။
သူ၏ လက်သီးများကို ချူကျီယန်၏ အင်္ကျီလက်ပေါ်တွင် အားကိုးရာမဲ့စွာ တင်းတင်းဆုပ်ထားမိသည်။
(ငါ ဒါကို မှတ်ထားမယ်...)
ဒေါသနှင့် အရှက်ရမှုများက သူ၏ ရင်ထဲတွင် ပြင်းထန်စွာ လှိုင်းထနေသည်။
(ငါ ပြန်ကျန်းမာလာတာနဲ့ မင်းတို့ အားလုံးကို တစ်ယောက်မကျန် သတ်ပစ်မယ်)
ပိုင်ကျီဟန်သည် မိစ္ဆာကျင့်ကြံသူများကို စိုက်ကြည့်ရင်း သူ့ဘာသာ ကျိန်ဆိုလိုက်သည်။
သူ ယခုကဲ့သို့ သနားစဖွယ် အခြေအနေသို့ ရောက်ရှိသွားခြင်းမှာ သူတို့ကြောင့်ဟု အပြစ်ပုံချလိုက်တော့သည်။
အမှန်စင်စစ် ကောင်းကင်ဘုံအမိန့်တော် ပြောင်းပြန်လှန်ခြင်း ကျင့်စဉ်ကို အသုံးပြုရန် ရွေးချယ်ခဲ့ပြီး ယခုကဲ့သို့ ဖြစ်သွားသည်မှာ သူကိုယ်တိုင်၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။
သို့သော်လည်း အကယ်၍ မိစ္ဆာကျင့်ကြံသူများသာ သူ့ကို တိုက်ခိုက်ခြင်း မရှိခဲ့ပါက သူ ဆုတ်ခွာစရာ မလိုသလို၊ တိုက်ပွဲကွင်းပြင်မှ ထွက်ခွာစရာလည်း လုံးဝ အကြောင်းမရှိဟု ဆင်ခြေပေးနေသည်။
ယခုမူ သူသည် လူအများရှေ့တွင် မင်းသမီးလေး ပွေ့ချီနည်းဖြင့် အချီခံထားရသည်။
၎င်းမှာ သူတို့၏ အပြစ် လုံးလုံးလျားလျား မဟုတ်ပါစေဦး
ပိုင်ကျီဟန်ကတော့ သူတို့ကိုသာ အပြစ်တင်နေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ သူ၏ ပင်ကိုယ်စရိုက် မဟုတ်ပါလော
ဝုန်း
အခြေတည်ဝိညာဉ်အဆင့်မိစ္ဆာကျင့်ကြံသူတစ်ဦးသည် မီးခိုးများထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ရူးသွပ်နေသော မျက်ဝန်းများဖြင့် ပိုင်ကျီဟန်၏ အကာအကွယ်မဲ့နေသော ဘေးဘက်သို့ ဓားဖြင့် တိုက်ရိုက်ခုတ်ပိုင်းလိုက်
သည်။
"သေစမ်း”
ဓားချက် မထိမှန်ခင်မှာပင်
ရွှမ်
အေးစက်သော ဓားအလင်းတန်းတစ်ခုသည် ချူကျီယန်၏ ပုခုံးပေါ်မှ ဖြတ်သန်းသွားသည်။
ထိုမိစ္ဆာကျင့်ကြံသူ၏ ခေါင်းမှာ ပြတ်
ထွက်သွားတော့သည်။
သွေးများ လေထဲတွင် လွင့်စင်သွား၏။
"ငါတို့ သခင်လေးကို ထိရဲတယ်ပေါ့လေ?"
ပိုင်မျိုးနွယ်စုမှ ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲတစ်ဦးသည် အေးစက်သော မျက်နှာထားဖြင့် ရှေ့သို့ တက်လာသည်။
"ငါတို့ အသက်ရှိသရွေ့တော့ မရဘူး”
နောက်ထပ် ပုံရိပ်များစွာ သူတို့နှင့် လာရောက်ပူးပေါင်းကြသည်။
ပိုင်မျိုးနွယ်စုဝင်များ ရောက်ရှိလာပြီး ပိုင်ကျီဟန်ကို ဘေးကင်းရာသို့ ပို့ဆောင်ရန်အတွက် ချူမျိုးနွယ်စုဝင်များကို ဝိုင်းဝန်းကူညီပေးကြသည်။
"အားလုံး အတူတူ ရှေ့တိုးကြ”
"နောက်ပိုင်းကို ကာကွယ်”
"သူတို့ကို ဖိနှိပ်ထားစမ်း”
ဝုန်း ဝုန်း ဝုန်း
ဗလာသန့်စင်ခြင်းအဆင့် ဖိအားများ တစ်ခုပေါ်တစ်ခု ထပ်ဆင့်လာကာ တိုးဝင်လာသော မိစ္ဆာကျင့်ကြံသူများကို နောက်သို့ ပြန်လည်
လွင့်စင်သွားစေသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် ထိုအောက်ရှိ ကျင့်ကြံသူများသည် မုန်တိုင်းထဲမှ သစ်ရွက်များကဲ့သို့ လွင့်ထွက်သွားပြီး လေထဲတွင်ပင် ခန္ဓာကိုယ်များ ကြေမွကုန်ကြသည်။
သို့သော် ထိုသို့ဖြစ်နေသည့်တိုင်—
နောက်ထပ် လူများစွာ ထပ်မံရောက်ရှိလာကြသည်။
မရပ်မနားပင်
ရူးသွပ်စွာပင်
ချူကျီယန် သွားကြိတ်လိုက်သည်။ "သူတို့တွေ ရူးနေကြပြီ”
ဆုတ်ခွာမှုမှာ ဆက်လက်ဖြစ်ပွားနေသည်။
တစ်လှမ်းချင်းစီ။
သူတို့နောက်ကွယ်ရှိ မြေပြင်ပေါ်တွင် သွေးများ စွန်းထင်ကျန်ရစ်ခဲ့သည်။
နောက်ဆုံးတွင် ထာဝရကာလတစ်ခုကဲ့သို့ ကြာရှည်ပြီးနောက်၌ ဖိအားများ လျော့ပါးသွားခဲ့သည်။
မိစ္ဆာကျင့်ကြံသူများသည် ပိုင်မျိုးနွယ်စုနှင့် ချူမျိုးနွယ်စုတို့၏ ပေါင်းစပ်အင်အားကို မကျော်ဖြတ်နိုင်ဘဲ မကျေမနပ်ဖြင့် နောက်သို့ ဆုတ်သွားရတော့သည်။
ထိုအခါမှသာ ချူကျီယန် အနည်းငယ် အရှိန်လျှော့လိုက်သည်။
ပိုင်ကျီဟန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းပင်
"ငါ့ကို ချပေးတော့”
သူက ထပ်မံ တောင်းဆိုလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အသံမှာ တည်ငြိမ်နေ၏။
ချူကျီယန် ခေတ္တရပ်လိုက်သည်။
သူမက သူ့ကို ငုံ့ကြည့်လိုက်ပြီး
"နင်မတ်တတ်ရပ်နိုင်လို့လား?"
"...မနည်း ရပ်ရမှာပေါ့" သူက သွားကြိတ်ပြီး ပြန်ဖြေလိုက်သည်။ "ဒါပေမဲ့ အခုလို အနေအထားက ပိုဆိုးတယ်။"
ချူကျီယန်၏ နှုတ်ခမ်းအစွန်းများ တွန့်သွားသည်။
ထို့နောက် သူမသည် သူ့ကို ဖြည်းဖြည်းချင်း အောက်ချပေးလိုက်ပြီး သူ၏ ခြေထောက်များ မြေပြင်နှင့် ထိချိန်တွင် ဝန်ကို ကူညီထိန်းပေးထားသည်။
ပိုင်ကျီဟန်သည် သူ၏ ခြေထောက်များ တုန်ယင်နေသော်လည်း ခါးကို မတ်အောင် အားတင်း၍ ရပ်လိုက်သည်။
သူသည် သူတို့နောက်ကွယ်ရှိ တိုက်ပွဲကွင်းပြင်ကို အကဲခတ်ကြည့်လိုက်သည်။
"ငါ ပွေ့ချီတာကို အဲဒီလောက်တောင် မုန်းတာလား?"
ချူကျီယန်က မေးလိုက်သည်။
"သေရတာကမှ ပိုကောင်းဦးမယ်လို့ ထင်ရတဲ့အထိပဲ။"
ပိုင်ကျီဟန်က ဝန်လေးခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"ဟွန်း..နောက်တစ်ခါကျရင်တော့ နင့်ကို သေဖို့ပဲ ပစ်ထားခဲ့တော့မယ်။"
"ကျေးဇူးပဲ၊ အဲဒါကမှ ပိုကောင်းဦးမယ်”