← Chapters

ဆုတ်ခွာရန် တောင်းဆိုခြင်း

Vol. 27 Ch. 405

ဆုတ်ခွာရန် တောင်းဆိုခြင်း

Vol. 27 Ch. 405

"ငါတို့ ဆုတ်ခွါမယ်”

ပိုင်ထျန်းဟမ်က ကြေညာလိုက်သည်။

သူနှင့် ပိုင်မျိုးနွယ်စုသည် တိုက်ပွဲကွင်းပြင်မှ ထွက်ခွာတော့မည်ဟု ပြောလိုက်သော်လည်း မည်သူမျှ ချက်ချင်း ထွက်မကန့်ကွက်ရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ထိုသို့မပြောမီကပင် ပိုင်ထျန်းဟမ်သည် မဟာမိတ်ဆိုသူများမှ သူတို့၏ တာဝန်ဝတ္တရားများကို မည်သို့ ပျက်ကွက်ခဲ့ကြသည်ဆိုသည်ကို ထောက်ပြပြီး ဖြစ်သောကြောင့်ပင်။

လီမျိုးနွယ်စု၊ ကျောက်မျိုးနွယ်စုနှင့် မြစိမ်းရောင်နေမင်းဂိုဏ်းတို့သည် ပိုင်ကျီဟန်ကို တမင်တကာ ပစ်မှတ်ထားနေကြသည်ကို မျက်စိရှိသူတိုင်း မြင်နိုင်ကြ၏

ထို့ပြင် အရေးကြုံလာချိန်တွင် သူတို့သည် ကူညီမည့်အစား ဝန်ထုပ်ဝန်ပိုးဖြစ်အောင်သာ လုပ်ဆောင်ခဲ့ကြသည်။

ဤသို့သော အခြေအနေမျိုးတွင် ပိုင်ထျန်းဟမ်အနေဖြင့် ထွက်ခွာရန် တောင်းဆိုခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ အမှန်စင်စစ် ၎င်းကို ခွင့်မပြုနိုင်ပေ။

အကယ်၍ ချီလင်းတစ်ပိုင်း သားရဲကြီးသာ ပြန်လာခဲ့မည်ဆိုလျှင် ပိုင်ရမ် (သို့မဟုတ်) သူတော်စင်အဆင့်ဓား မရှိဘဲ ၎င်းကို ရင်ဆိုင်

နိုင်မည့်သူ မရှိပေ။

ထို့ပြင် မိုကျွင်းကို တစ်ယောက်ချင်း ယှဉ်နိုင်သူမှာလည်း ပိုင်ချူ တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

အခြား ပိုင်မျိုးနွယ်စုဝင်များသည်လည်း အင်အားအကောင်းဆုံး ပါဝင်ကူညီနေကြသူများ ဖြစ်သဖြင့် သူတို့သာ မရှိတော့ပါက စစ်မျက်နှာအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။

သို့သော် ပိုင်ထျန်းဟမ်ကမူ ထွက်ခွာရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။

"ငါတို့က အများဆုံး ပါဝင်ကူညီပေးခဲ့ပြီးပြီ။"

၎င်းမှာ မုသားမဟုတ်ပေ။

ပိုင်ကျီဟန်ကိုယ်တိုင်ပင် အဆင့်-၉ မိစ္ဆာသားရဲ အမြောက်အမြားနှင့် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲများကို သုတ်သင်ခဲ့သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိသူများပင်လျှင် သူတို့၏ ကျင့်စဉ်အဆင့်ထက် သာလွန်သော စွမ်းဆောင်ရည်များကို ပြသခဲ့ကြသည်။

ထို့နောက် ပိုင်ရမ်ကလည်း ကုံးယောင်ကို သတ်ဖြတ်ကာ ချီလင်းတစ်ပိုင်း သားရဲကြီးကို ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ပါဝင်ကူညီမှုနှင့် ပတ်သက်လာလျှင် မည်သူမျှ ပိုင်မျိုးနွယ်စုကို မမီကြပေ။

"ဘာတွေ လျှောက်ပြောနေတာလဲ”

လီကျန်းဟုန်က ဒေါသတကြီး ကြားဖြတ်ပြောလိုက်သည်။

"ငါတို့ရဲ့ မဟာအကြီးအကဲကို ဆုံးရှုံးလိုက်ရတာ။ မင်းက ဘယ်လိုများ ပြန်ပြီး အပြစ်တင်ရဲတာလဲ?"

အခြားသူများလည်း ခေါင်းညိတ်ကြသည်။ ပိုင်မျိုးနွယ်စုက အများဆုံး ကူညီခဲ့သည်မှာ မှန်သော်လည်း အထိနာဆုံးမှာ လီမျိုးနွယ်စုဖြစ်သည်မှာ သိသာလှသည်။

ယခင် ထိပ်တိုက်တွေ့မှုအတွင်း မိစ္ဆာကျင့်ကြံသူများ၏ ရုတ်တရက် ကျူးကျော်မှုကြောင့် သူတို့၏ အင်အားအများအပြား အသတ်ခံခဲ့ရရုံသာမက၊ ယနေ့တွင်လည်း သူတို့၏ အမာခံတိုင်ကြီးတစ်တိုင်ဖြစ်သော လီကျန်းဟယ်ကို ဆုံးရှုံးခဲ့ရသည်။

"ဟွန်း၊ အဲဒါက သူက အစွမ်းမရှိလို့ပဲ" ပိုင်ထျန်းဟမ်က ပြန်ပြောလိုက်သည်။

လီကျန်းဟုန်း၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်သွားပြီး နားထင်မှ အကြောများပင် ထောင်ထလာသည်။

"မင်း ဘာပြောလိုက်တယ်? မင်းတို့က သူတော်စင်အဆင့်ဓားကို ဝှက်ထားလို့သာမဟုတ်ရင် အကြီးအကဲ ကျန်ဟယ် သေမှာမဟုတ်ဘူ”

သူက စူးရှသော အသံဖြင့် အပြစ်တင် စွပ်စွဲလိုက်သည်။

ပိုင်ထျန်းဟမ်၏ မျက်နှာအမူအရာ တင်းမာသွားကာ မျက်လုံးများကို မှေးစင်းလိုက်သည်။

"ဟွန်း၊ ငါတို့က သူငယ်ချင်းတွေမှ မဟုတ်တာ။ ငါတို့မှာရှိတဲ့ ဝှက်ဖဲတိုင်းကို မင်းတို့ကို ဘာလို့ ပြောပြနေရမှာလဲ? မင်းတို့ရော အကုန်ပြောပြလို့လား?"

လီကျန်းဟုန်သည် ထိုစကားကြောင့် ခေတ္တမျှ ဆွံ့အသွားသော်လည်း သူ၏ စူးစိုက်ကြည့်နေမှုမှာ ပို၍ပင် ပြင်းထန်လာသည်။

"မင်း... ငါတို့မှာ လူတွေအများကြီး ဆုံးရှုံးခဲ့ရတာ၊ မင်းတို့ ပိုင်မျိုးနွယ်စုကတော့ ဘာမှတောင် မဖြစ်သလောက်ပဲ။ ဒါကို ငါတို့ရဲ့ စွမ်းဆောင်ရည်လေး နည်းနည်း လျော့သွားတာနဲ့ပဲ မင်းက အပြစ်တင်နေတာလား?"

"ငါ့ကို ဆုံးရှုံးမှုတွေအကြောင်း လာပြီး ဆရာမလုပ်နဲ့၊ မျိုးနွယ်စုတိုင်းမှာ ကိုယ့်ဘာသာကိုယ် ရှင်သန်နိုင်ဖို့ တာဝန်ရှိတယ်။ ဒီနေ့မှာ သစ္စာဖောက်မှုတွေနဲ့ ပေါ့ဆမှုတွေကို ငါ အလုံအလောက် မြင်ခဲ့ပြီးပြီ။"

သူ ဂရုစိုက်သည်မှာ မိစ္ဆာသားရဲများနှင့် မိစ္ဆာကျင့်ကြံသူများအပြင် မဟာမိတ်ဆိုသူများ၏ သစ္စာဖောက်မှုကိုပါ စိုးရိမ်နေရခြင်းပင်။

၎င်းမှာ လွန်လွန်းလှသည်။ သူတို့သည် ယခင် ထိပ်တိုက်တွေ့မှု နှစ်ကြိမ်စလုံးကို သည်းခံခဲ့ကြသော်လည်း ယနေ့တွင်မူ အဆုံးသတ်သွားပြီဖြစ်သည်။

သူ၏ သားဖြစ်သူသည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ သုံးဦးနှင့် တစ်ယောက်တည်း တိုက်ခိုက်နေရစဉ် အကယ်၍ ပိုင်ကျီဟန်သာ အစွမ်းမထက်ခဲ့ပါက သူ သေဆုံးသွားပေလိမ့်မည်။

ထိုသူယုတ်မာများသည် ပိုင်ကျီဟန်ကို ကူညီမည့်အစား ဘေးမှရပ်ကြည့်နေကြရုံသာမက သူ့ကို သွားရောက်ကူညီရန် ကြိုးစားသူများကိုပင် တားဆီးခဲ့ကြသည်ကို သူ မြင်တွေ့ခဲ့ရသည်။

"ပိုင်ထျန်းဟမ်... ကျေးဇူးပြုပြီး ငါတို့ကို ဒီလောက်အထိ ပြင်းပြင်းထန်ထန် အပြစ်မတင်ပါနဲ့။ ငါတို့လည်း ဒီလို ခက်ခဲတဲ့ အခြေအနေအောက်မှာ အစွမ်းကုန် ကြိုးစားခဲ့ကြတာပါပဲ။"

ကျောက်ဝူထျန်းက အခြေအနေကို ပြေလည်အောင် ပြောဆိုရန် ကြိုးစားလိုက်

သည်။

ပိုင်ထျန်းဟမ်၏ မျက်လုံးများ မှေးစင်းသွားပြီး ခနဲ့တဲ့တဲ့ နှာခေါင်းရှုံ့လိုက်သည်။

"အစွမ်းကုန် ကြိုးစားတယ် ဟုတ်လား? အစွမ်းကုန် ကြိုးစားတယ်ဆိုတာ ငါ့သားကို မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ သုံးယောက် ဝိုင်းထားတုန်းက ကယ်တာကို ပြောတာ၊ ဒဏ်ရာရဟန်ဆောင်ပြီး ဘေးကနေ ရပ်ကြည့်နေတာကို ပြောတာ မဟုတ်ဘူး”

ကျောက်ဝူထျန်း ပြန်မပြောနိုင်မီမှာပင် စစ်သူကြီး ရှုယုချန်းသည် တည်ငြိမ်သောအသံဖြင့် ကြားဝင်ဖြန်ဖြေလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင် ပိုင်... ကျေးဇူးပြုပြီး ရှေ့ရေးကို ထောက်ထားပေးပါ။ စစ်ပွဲက ပြီးဖို့ ဝေးပါသေးတယ်။ အခုလို တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြမယ်ဆိုရင် မဟာမိတ်တွေကြားမှာ အက်ကြောင်းထရုံပဲ ရှိမှာ—"

ပိုင်ကျီဟန်သည် သူ၏ ခြေထောက်များ တုန်ယင်နေသော်လည်း ရှေ့သို့ တိုးထွက်ကာ စကားကို ဖြတ်လိုက်သည်။ "မျက်မမြင်

တစ်ယောက်တောင် ဘာဖြစ်နေလဲဆိုတာ မြင်

နိုင်တယ်” သူက စူးရှသော အကြည့်ဖြင့် ပြောလိုက်သည်။

"ဒီမဟာမိတ်ဆိုသူတွေက ဘာမှမလုပ်ဘဲ ဘေးကနေ ထိုင်ကြည့်နေကြတာကို ငါက အပြစ်တင်တယ်လို့ မင်းက ဘယ်လိုများ ပြောရဲတာလဲ”

ပိုင်ထျန်းဟမ်၏ မျက်နှာသည် ဒေါသကြောင့် ပြာနှမ်းသွားပြီး လက်သီးများကို တင်းတင်းဆုပ်ထားကာ နားထင်မှ အကြောများမှာလည်း တဒုတ်ဒုတ် ခုန်နေတော့သည်။

"မင်းတို့ ဘယ်လိုတောင် ပြောရဲရတာလဲ”

ပိုင်ထျန်းဟမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ အသံမှာ ပေါက်ကွဲထွက်လုမတတ် တုန်ယင်နေသည်။

"မင်းတို့အားလုံးက 'ရှေ့ရေးကို ထောက်ထားပါ' ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဒီနေ့ဖြစ်ခဲ့တာတွေကို အလွယ်တကူ လျစ်လျူရှုလို့ရမယ်လို့ ထင်နေကြတာလား… စစ်သူကြီးရှု... ခင်ဗျားကို ကျွန်တော် တကယ်ပဲ စိတ်ပျက်မိတယ်”

စစ်သူကြီးရှုသည် ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းငုံ့ထားရုံသာ တတ်နိုင်တော့သည်။

အမှန်စင်စစ် ပိုင်ကျီဟန် အသက်အန္တရာယ်နှင့် ကြုံတွေ့နေရချိန်တွင် လီမျိုးနွယ်စု၊ ကျောက်မျိုးနွယ်စုနှင့် အခြားသူအချို့မှာ တမင်တကာ လက်တွန့်နေခဲ့ကြသည်ကို မည်သူမဆို မြင်နိုင်သည်။

သူတို့သည် မဟာမိတ်ကို ကူညီမည့်အစား မိစ္ဆာကျင့်ကြံသူများက သူ့ကို သတ်နိုင်ရန် တမင်တကာ လမ်းဖွင့်ပေးခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ လူတိုင်းကို စီမံခန့်ခွဲပြီး ပြစ်တင်ဝေဖန်ရမည့်သူက အမှန်တကယ် ဒေါသထွက်နေရသောသူကိုသာ နှစ်သိမ့်ရန် ကြိုးစားနေသည်မှာ လွဲချော်နေပေသည်။

နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များကို ဆွေးနွေးရမည့် အစည်းအဝေးတွင် ပိုင်ထျန်းဟမ်သည် လူတိုင်းကို ဆူပူကြိမ်းမောင်းပြီး ထွက်ခွာရန် တောင်းဆိုနေသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

စစ်သူကြီး ရှုယုချန်းသည် နောက်ဆုံးတွင် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။

ထို့နောက်— မမျှော်လင့်ဘဲသူသည် လက်ဝါးချင်းထပ်ကာ ဦးညွှတ်လိုက်သည် “ မျိုးနွယ်စုခေါင်းဆောင် ပိုင်"

သူက တည်ကြည်စွာ ဆိုသည်။ "ဒီစစ်သူကြီးကပဲ တောင်းပန်ပါတယ်ခင်ဗျာ။"

စစ်သူကြီးရှုသည် ကိုယ်ကိုပြန်မတ်လိုက်ချိန်တွင် သူ၏ မျက်ဝန်းထဲမှ နွေးထွေးမှုများ ကွယ်ပျောက်သွားပြီး အေးစက်သော အာဏာစက်များဖြင့် အစားထိုးလိုက်သည်။

သူသည် အခြားသူများဘက်သို့ လှည့်လိုက်ရာ သူ၏ အကြည့်မှာ လီကျန်းဟုန်နှင့် ကျောက်ဝူထျန်းတို့ထံ၌ ရပ်တန့်သွားသည်။

"လီမျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုက ပိုင်မျိုးနွယ်စုနဲ့ မသင့်မြတ်ဘူးဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်"

စစ်သူကြီးရှုက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"မျိုးရိုးစဉ်ဆက် ရန်ငြိုးတွေ၊ မုန်းတီးမှုတွေနဲ့ အာဃာတတွေ... ကျွန်တော် ဒါတွေကို မျက်ကွယ်ပြုထားမှာ မဟုတ်ဘူး။"

သူ ခေတ္တရပ်လိုက်ပြီး သူ၏ အင်္ကျီလက်ဖြင့် လက်တင်ခုံကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဒါပေမဲ့ ဒီနေရာက အဲဒီအာဃာတတွေကို ထုတ်ပြရမယ့် နေရာမဟုတ်ဘူး”

ခန်းမအတွင်းရှိ ဖိအားများမှာ ရုတ်ချည်း မြင့်တက်လာသည်။

"ဒီတိုက်ပွဲအတွင်းမှာ ခင်ဗျားတို့ရဲ့ မျိုးနွယ်စုတွေက ပိုင်မျိုးနွယ်စုဘက်ကို တမင်တကာ ပစ်ပယ်ထားခဲ့ကြတယ်" သူက အေးစက်စွာ ဆိုသည်။ "သူတို့ရဲ့ အင်အားတွေ ဝိုင်းရံခံထားရချိန်၊ ပိုင်ကျီဟန် အသက်လုတိုက်ပွဲဝင်နေရချိန်မှာ ခင်ဗျားတို့လူတွေက အလုပ်ရှုပ်နေကြတယ်၊ ဒဏ်ရာရနေကြတယ်၊ နှောင့်နှေးနေကြတယ်။"

လီကျန်းဟုန်၏ မျက်နှာ ပျက်သွားသည်။ ကျောက်ဝူထျန်းသည် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း စစ်သူကြီးရှုက ခွင့်မပြုခဲ့ပေ။

"ပိုင်မျိုးနွယ်စုက ခင်ဗျားတို့ ရှုပ်ခဲ့သမျှကို ရှင်းလင်းပေးနေရသလို၊ အန္တရာယ်အရှိဆုံး ရှေ့တန်းစစ်မျက်နှာတွေကိုလည်း တာဝန်ယူထားရတယ်။ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲတွေကို ကိုင်တွယ်ရတယ်၊ ချီလင်းတစ်ပိုင်း သားရဲကြီးကို ဟန့်တားရတယ်၊ မိုကျွင်းကိုလည်း ထိန်းချုပ်ထားရတယ်။"

သူ၏ အကြည့်မှာ ပို၍ ထက်ရှလာသည်။

"ဒါတောင်မှ သူတို့ အကူအညီ လိုအပ်ချိန်မှာ ခင်ဗျားတို့က ဘေးကနေ ကြည့်နေဖို့ ရွေးချယ်ခဲ့ကြတယ်”

တစ်ခန်းမလုံး တိတ်ဆိတ်သွား၏။

ဤစကားများသည် မျိုးနွယ်စုကြီးနှစ်ခုလုံးကို စော်ကားရာ ရောက်မည်ကို စစ်သူကြီးရှု သိသော်လည်း ၎င်းကို ပြောကိုပြောရမည်ဟု သူ ဆုံးဖြတ်ထားသည်။

ထို့နောက်မှသာ စစ်သူကြီးရှုသည် ပိုင်ထျန်းဟမ်ဘက်သို့ ပြန်လှည့်လိုက်သည်။ သူ၏ အသံမှာ ပိုမို ပျော့ပြောင်းသွားသော်လည်း တည်ကြည်မှုမှာ လျော့ပါးမသွားပေ။

"မျိုးနွယ်စုခေါင်းဆောင် ပိုင်... ကျွန်တော်တို့ကို နောက်ဆုံးတစ်ကြိမ်အနေနဲ့ ထပ်ပြီး ယုံကြည်ပေးပါ" စစ်သူကြီးရှုက ဆက်ပြောသည်။

သူ အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"အကယ်၍ ဒီအကြပ်အတည်းကို အခု ချက်ချင်း ဒီမှာတင် မဖြေရှင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ သိထားတဲ့ ကောင်းကင်အင်ပါယာဆိုတာ ရှိတော့မှာ မဟုတ်ဘူး။"

သူက ဖြည်းညှင်းစွာ ဆိုသည်။

သူ၏ အကြည့်က ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။

"ကျွန်တော်တို့မှာရှိတဲ့ အင်အားအစအနလေးကိုတောင် လိုအပ်ပါတယ်။ မျိုးနွယ်စုတိုင်း၊ ကျင့်ကြံသူတိုင်းကို လိုအပ်ပါတယ်။"

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေဆဲပင်။

ဆုံးဖြတ်ချက်သည် ပိုင်ထျန်းဟမ် တစ်ဦးတည်းအပေါ်၌သာ မူတည်တော့သည်။

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ပိုင်ထျန်းဟမ်သည် ဘာမှမပြောဘဲ တည်ငြိမ်နေသော်လည်း ကြီးမားလှသော အခြေအနေအရပ်ရပ်ကို ချိန်ဆနေပုံရသည်။ နောက်ဆုံးတွင် သူ သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်ကာ ခေါင်းကို ပြတ်ပြတ်သားသား ညိတ်လိုက်သည်။

"ကောင်းပြီ" ပိုင်ထျန်းဟမ်က အေးစက်တည်ငြိမ်သော အသံဖြင့် ဆိုလိုက်သည်။ "ငါတို့ မထွက်သွားတော့ဘူး။"

မည်သို့ပင်ဆိုစေ ပိုင်မျိုးနွယ်စုမှာလည်း ကောင်းကင်အင်ပါယာအတွင်း၌ပင် ရှိနေသည် မဟုတ်ပါလော။ အကယ်၍ မြောက်ဘက် ကာကွယ်ရေးစစ်ကြောင်းသာ ကျိုးပေါက်သွားလျှင် ပိုင်မျိုးနွယ်စုသည်လည်း အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ခန်းမအတွင်း၌ စိတ်သက်သာရာရမှုနှင့် စိုးရိမ်မှုများ ရောယှက်နေသော တိုးတိုးသာသာ ရေရွတ်သံများ ထွက်ပေါ်လာသည်။ သို့သော် ပိုင်ထျန်းဟမ်၏ မျက်လုံးများမှာမူ လျော့ပါးမသွားပေ။ သူသည် လီကျန်းဟုန်နှင့် ကျောက်ဝူထျန်းတို့ဘက်သို့ ဒေါသတကြီး လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ဓားတစ်စင်းကဲ့သို့ ထက်ရှလှသည်။

"တစ်ခုတော့ မှတ်ထားလိုက်ကြ" သူက နိမ့်ပါးသော်လည်း သေလောက်အောင် တည်ကြည်သော အသံဖြင့် ဆက်ပြောလိုက်သည်။ "အကယ်၍ ဘယ်မျိုးနွယ်စုမဆို— အထူးသဖြင့် လီ ဒါမှမဟုတ် ကျောက်မျိုးနွယ်စု— ဒီနေ့လိုမျိုး လုပ်ရပ်မျိုးကို ထပ်လုပ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင်၊ ငါကိုယ်တိုင် သူတို့ကို ပြန်ပေးဆပ်ခိုင်းမယ်”

ပိုင်ထျန်းဟမ်၏ မျက်ဝန်းထဲတွင် အမှန်တကယ် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည်။ "ပိုင်မျိုးနွယ်စုကို လာကစားရင် ဘာဖြစ်မလဲဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိစေရမယ်”

All Chapters