← Chapters

စစ်မှန်သော နဂါး၏ အနှစ်သာရသွေး

Vol. 23 Ch. 339

စစ်မှန်သော နဂါး၏ အနှစ်သာရသွေး

Vol. 23 Ch. 339

"တင်း! Host ဧကရာဇ်နယ်ပယ်က ကျွမ်းကျင်သူတစ်ယောက်ကို တွန်းလှန်ခဲ့တာကို တွေ့လိုက်ရတဲ့အတွက် ဆုလာဘ် အဆ ၁၀၀ မြှင့်တင်လိုက်ပါပြီ!"

"ဂုဏ်ယူပါတယ် host! တကယ့် နဂါးအနှစ်သာရသွေးကို ရသွားရှိပါတယ်!"

ထိုသို့ ပြောပြီးနောက် စနစ်၏ အသံက တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

လူစုလူဝေး၏ အလယ်တွင် ရပ်နေသော ချင်းယန်တစ်ယောက် သူ၏ကြယ်လက်စွပ်ထဲတွင် တစ်စုံတစ်ရာ ပေါ်လာသည်ကို ခံစားလိုက်ရသည့်အခိုက် သက်ပြင်းတစ်ချက် ချလိုက်သည်။

“နောက်ဆုံးတော့ ရသွားပြီ။”

သူသည် သူ၏ဝှက်ဖဲများကို ကိုင်ဆောင်ကာ သားရဲနတ်အရှင်နှင့် ထိတွေ့ရသည့် အကြောင်းရင်း နှစ်ခုရှိလေသည်။

ပထမဦးစွာ ဆိုရလျှင် သူသည် ရန်သူ၏ သဘောသဘာဝကို သိရန်နှင့် တတ်နိုင်သမျှ သားရဲနတ်အရှင်၏ ခွန်အားကို စူးစမ်းချင်ခဲ့သည်။ ဤမှတစ်ဆင့် နောက်တိုက်ပွဲအတွက် ပြင်ဆင်ရမည်။

ယခုရလဒ်ကို သုံးသပ်ကြည့်ပါက စင်မြင့်ထက်က ကောင်းကင်အရှင်အဆင့်ဖြင့် သားရဲနတ်အရှင်ကို မသတ်နိုင်သေးသော်လည်း ဒဏ်ရာရအောင်တော့ လုပ်နိုင်မည်ဟု ရှေးရိုးစွဲထင်မြင် ယူဆခဲ့သည်။

"မဆိုးဘူး"

ထိုသို့တွေးရင်း ချင်းယန်၏ အတွေးတို့ နှေးကွေးသွားပြီး ကြယ်လက်စွပ်ကို တစ်ချက် လှမ်းရိုက်လိုက်သည်။

ဒုတိယ အကြောင်းအရင်းကတော့ ထုံးစံအတိုင်း စနစ်ဆုလာဘ်များကို ရယူရန်ဖြစ်သည်။

ဆုလာဘ်များ လက်ထဲရောက်နေပြီဖြစ်၍ စည်းစိမ် ခံစားရမည့်အချိန်ကို ရောက်ပေတော့မည်။ ချင်းယန် ရှေ့ကိုလှမ်းပြီး လူစုလူဝေးကို တွန်းထုတ်ကာ လူနေအိမ်ရာဘက်ပြန်ရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ၏ ကြယ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် ခေါင်းတစ်ခုလုံး မူးဝေးလာကာ သူ့ခြေထောက်များလည်း အားနည်းသွားပြီး ရှေ့သို့ လဲကျသွားတော့သည်။

ထို့အပြင် သူ၏အသိစိတ်များလည်း နှေးကွေးလာ၏။

"ဟင်? ဒါဘာလဲ?!"

ချင်းယန် လန့်သွားသည်။ သူသည် တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန် အသည်းအသန် ကြိုးစားနေပါသော်လည်း သူ၏ကြယ်စွမ်းအင်များ ပျောက်ကွယ်သွားလေပြီ။ သူ လဲကျသွားသည်နှင့် အရာအားလုံးလည်း နှေးကွေးသွားပုံရသည်။

"ဆရာတူအကိုကြီး!!"

လီကျစ်ရွှမ်း လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချင်းယန်ကို ဖမ်းကာ သူမလက်ထဲသို့ ဆွဲသွင်းလိုက်သည်။

"ဘာဖြစ်သွားတာလဲ။"

သို့သော်လည်း ချင်းယန် မတုံ့ပြန်လာခဲ့ပေ။ စကား မပြောနိုင်လောက်အောင်ပင် ပင်ပန်းလွန်း၍ အနားယူချင်လှသည်။ သူ၏မျက်ခွံများသည် ပေါင်တစ်ထောင်ရှိ ကျောက်တုံးကြီး တင်ထားရသည့်အလား လေးလံနေ၏။

ရုတ်တရက် အဖြစ်အပျက်၏ အလှည့်အပြောင်းသည် အနီးနား၌ ရှိနေသူအားလုံးကို ထိတ်လန့်သွားစေကာ မရေမတွက်နိုင်သော အကြည့်များလည်း သူ့ဆီသို့ လှည့်လာခဲ့သည်။

နဂါးသိုင်းနတ်ဘုရား ဘယ်လိုလုပ် ရုတ်တရက်ကြီး ပြိုလဲသွားတာလဲ။

လီကျစ်ရွှမ်း၏ ရင်ခွင်ထဲရှိ ချင်းယန်မှာတော့ မျက်လုံးများ မှေးသွားပေပြီ။ သူ၏မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့ပြီး အလွန်အားနည်းသွားသောကြောင့် နှုတ်ခမ်းများကို လှုပ်ကာ တိုးညင်းသော ညည်းညူသံပင် မထုတ်နိုင်တော့ချေ။

သူ လျင်မြန်စွာ သတိလစ်သွားသည်။

တစ်ခဏအတွင်းမှာပင် လူအုပ်ကြီးသည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။

"မိတ်ဆွေလေးချင်း!"

လောင်လီနှင့် ဦးစီးချုပ်တို့ ပြေးလာကြသည်။ ရှောင်ပိုင်လည်း နောက်မှ အတူပါလာသည်။

"သခင်!"

တစ်ခဏချင်းမှာပင် အခင်းဖြစ်ပွားရာ နေရာ၌ ပရမ်းပတာ ဖြစ်သွားတော့သည်။

ပါဝင်ဆင်နွဲခဲ့သော ကြယ်စစ်သည်များ အားလုံးသည် ချင်းယန်၏ အခြေအနေကို စစ်ဆေးလိုသောကြောင့် အနီးဝန်းကျင်တွင် ဝန်းရံထား၏။ ကျယ်လောင်သော အော်သံများက လေထဲတွင် ပြည့်သွားကာ လူအုပ်ကြီးသည် ပခုံးချင်း၍ တိုးဝှေ့နေကြသည်။

"မင်းတို့အားလုံး ငါ့လမ်းက ဖယ်ကြ!"

ထိုအချိန်တွင် လျိုဝူရွှမ်းက လူအုပ်ကြားထဲ တိုးဝင်ကာ ဟောက်လိုက်သည်။ သူသည် ချင်းယန်ရှေ့သို့ အပြေးအလွှား ရောက်လာကာ စစ်ဆေးရန် သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ကြယ်စွမ်းအင်များကို ချင်းယန်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် တွန်းပေးပို့လိုက်သည်။

လျိုဝူရွှမ်းသည် ချင်းယန်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးခဲ့စဥ် သူ့အမူအရာမှာ အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့သဖြင့် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းအား အသက်ရှူကျပ်သွားစေခဲ့သည်။

"ဘာဖြစ်တာလဲဟင်"

လီကျစ်ရွှမ်းသည် ချင်းယန်ကို ညင်သာစွာ ဆုပ်ကိုင်ထားရင်း စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ဆရာတူအစ်ကိုက ဘာလို့ ရုတ်တရက်ကြီး မူးလဲသွားတာလဲ၊ သားရဲနတ်အရှင်က သူ့ကို တစ်ခုခုလုပ်လိုက်တာလား။"

"ဟူး..."

တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လျိုဝူရွှမ်းလည်း သူ့လက်ကို လွှတ်လိုက်ပြီး အိပ်ပျော်နေသော ချင်းယန်ကို ကြည့်လိုက်၏။ ထို့နောက် လီကျစ်ရွှမ်းဆီသို့ အကြည့်တစ်ချက် ပေး၍ တိတ်တိတ်လေး ခေါင်းညိတ်ပြသည်။

……

တစ်ချိန်တည်းတွင်။

အင်တာနက်ပေါ်၌ ချင်းယန်သည် သားရဲနတ်အရှင်ကို အနိုင်ယူပြီး ရန်သူကို ချေမှုန်းခဲ့ကြောင်း သတင်းများက ပျံ့နှံ့ခဲ့သည်။

ကျန်းဟိုင်မြို့ရှိ "ဓားတောင်ကြား" ဖိုရမ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ပြီး သတင်းများက လျင်မြန်စွာ ပျံ့နှံ့ခဲ့သည်။ တစ်ရက်ခွဲအတွင်း အင်တာနက်တွင် #ကျန်းဟိုင်၊ #နဂါးသိုင်းနတ်ဘုရား နှင့် #ဖောက်ခွဲကောင်းကင်ဂိုဏ်း ကဲ့သို့သော အရာများအပါအဝင် အခြား ကောလာဟလများလည်း ပျံ့သွား၏။

ချင်းယန် မူးမေ့လဲသွားကြောင်း သိရသည်နှင့် မရေမတွက်နိုင်သော ပြည်သူများသည် ချင်းယန်အတွက် အလိုအလျောက်ဆန္ဒပြုကာ အပြင်ထွက် ဆုတောင်းခဲ့ကြသည်။ တစ်ရက်တည်းမှာပင် တာအိုဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာ ဘုရားကျောင်းများတွင် နံ့သာပေါင်းနှင့် ပူဇော်မှုများ တိုးလာသည်။

…

အချိန်များ တရွေ့ရွေ့နှင့် ကုန်ဆုံးသွားသည်။

ညမိုးချုပ်သည်နှင့် တောက်ပသော လမင်းသည် ကောင်းကင်အထက်၌ ပေါ်ထွက်လာ၏။

ပုရစ်များ၏ တေးဆိုသံသည် ညနေခင်းလေနုအေးနှင့် ရောနှောကာ အခန်းထဲသို့ ပျံ့လွင့်သွားကာ အဖြူရောင် ကန့်လန့်ကာများ ညင်သာစွာ ဝဲလွင့်သွားသည်။

“…”

ချင်းယန်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့ပတ်ဝန်းကျင်ကို ချက်ချင်း စစ်ကြည့်သည်။ သူ၏ ဝိညာဉ်စွမ်းအင်သည် ရေစီးကြောင်းလေးများပမာ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေ၏။

သူမြင်လိုက်ရသည်က အကျွမ်းတဝင်ရှိသော အခန်းအပြင်အဆင်ပင်။

"ငါ အိမ်မှာလား?"

ချင်းယန် ခေတ္တရပ်ပြီး ခုတင်ဘေးကို မော့ကြည့်လိုက်သည်။

လက်ရှိအချိန်တွင် လီကျစ်ရွှမ်းတစ်ယောက် စားပွဲပေါ်တွင် အိပ်ပျော်နေ၏။ အေးမြသော လရောင်သည် သူမ၏ နူးညံ့သော မျက်နှာလေးပေါ် ဖြာကျနေသည်။ စားပွဲထောင့်တွင် အေးစက်သွားသော ယာဂုတစ်ပန်းကန်ကို ချထားကာ သူနိုးလာလျှင် အားဖြည့်နိုင်ရန် ရည်ရွယ်သည်။

သူမ ဘယ်လောက်ကြာကြာ စောင့်နေခဲ့သလဲတော့ မသိနိုင်။

"ဒီမိုက်မဲတဲ့ ကောင်မလေးတော့... သူဒီမှာ တချိန်လုံး အိပ်နေတာလား။"

ချင်းယန် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်ပြီး လက်ကိုယမ်းကာ ညင်သာစွာ လှုပ်နှိုးလိုက်သည်။

"ဆရာတူညီမလေး!"

“အိုး…”

လီကျစ်ရွှမ်းသည် အိပ်ငိုက်နေသော မျက်လုံးများကို ချက်ချင်းဖွင့်ကာ ပါးစပ်ထောင့်မှာ မရှိသော တံတွေးများကို ကမန်းကတန်း သုတ်လိုက်၏။ ချင်းယန်ကို ကြည့်ကာ အနည်းငယ် မှိန်းနေသေးသော်လည်း သေချာ မြင်လိုက်သည်နှင့် သူမ၏ မျက်လုံးများ ရုတ်ခြည်း တောက်ပလာသည်။

သူမ အံသြသွားသည်။

"အစ်ကိုကြီး နိုးပြီလား?"

လီကျစ်ရွှမ်းသည် သူမ၏ အေးမြသော လက်ကလေးကို ဆန့်ထုတ်ကာ ချင်းယန်၏ နဖူးပေါ် တင်လိုက်၏။

"အခု ဘယ်လိုနေသေးလဲ? ညီမ အနှောင့်အယှက် ပေးမိသွားလား။"

"ငါအဆင်ပြေပါတယ်။ မင်းဒီမှာရှိနေတာ ဘယ်လောက်ကြာပြီလဲ။"

ချင်းယန်က သူမလက်ကိုလည်း ဖယ်လိုက်သည်။

"ငါ သတိလစ်နေတာ ဘယ်လောက်ကြာပြီလဲ"

"တစ်ရက်နဲ့တစ်ည။"

ထိုသို့ ပြောပြီးနောက် သူမ၏ မျက်လုံးများသည် မျက်ရည်စများဖြင့် ပြည့်လျှံလာ၏။ ချင်းယန်၏ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ ပြောလေသည်။

"ဆရာတူအစ်ကို အိပ်ရာထဲမှာ တစ်ရက်နဲ့တစ်ည အိပ်နေခဲ့တာ။ အကြီးအကဲ လျိုဝူရွှမ်းက အစ်ကိုပင်ပန်းနေပြီလို့ပြောပြီး မနှောင့်ယှက်ဖို့ ညီမတို့ကို ပြောခဲ့ပါတယ်၊ ဒါပေမဲ့ ညီမ စိတ်ပူနေတာနဲ့...."

"ကောင်းပြီ အားလုံးပြီးသွားပါပြီ။"

ချင်းယန် သူမခေါင်းကို ညင်သာစွာ ပွတ်သပ်ရင်း နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။ ။

"မလန့်ပါနဲ့၊ ငါ့ကိုကြည့် အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။"

သူသည် မသေနိုင်သော ကောင်းချီးကို ရရှိခဲ့သည်။ သူ့အမည်ကို လောကီဘဝနှင့် မရဏကျမ်းတွင် ရေးထားသည်။ အဖြူအမည်းတမန် ရောက်လာခဲ့လျှင်ပင် သူ့ခေါင်းကို မကိုင်ရဲလောက်ချေ။ ထို့ကြောင့် အနည်းငယ် ပင်ပန်းနွမ်းနယ်မှုမှာ ကြောက်စရာမရှိပေ။

လီကျစ်ရွှမ်းကို နှစ်သိမ့်ပေးရင်း သူ၏ အတွင်းပိုင်း အခြေအနေကိုလည်း စစ်ဆေးခဲ့သည်။ နေ့ရောညပါ အနားယူပြီးနောက် အပြည့်အဝ ပြန်လည်ကျန်းမာလာခဲ့ပြီ ဖြစ်သည်။

"ငါ အခုအဆင်ပြေပါတယ်။"

ချင်းယန်သည် လီကျစ်ရွှမ်း၏ ခေါင်းကို ပွတ်သပ်ကာ ပြတင်းပေါက် အပြင်ဘက်က လရောင်ကို လှည့်ကြည့်လိုက်သည်။

"နောက်ကျနေပြီ မင်းလည်းပြန်ပြီး အနားယူသင့်တယ်"

"ဟုတ်ကဲ့ပါ။ တစ်ခုခုလိုရင် ညီမကိုပြောပါနော်။"

………..

လီကျစ်ရွှမ်း ထွက်သွားပြီးနောက် အခန်းထဲလည်း တိတ်ဆိတ်သွားခဲ့သည်။

ချင်းယန်ခမျာ သူ၏လက်များကို ပွတ်သပ်ကာ စနစ်၏ဆုလာဘ်ကို ရယူလိုစိတ် ပြင်းပြလာ၏။

သူ့လက်ချောင်းထိပ်ကို လှန်လိုက်သည်နှင့် လက်ချောင်းထိပ်တွင် အခိုးအငွေ့များ ဝဲပျံကာ အတွင်းထဲမှာ ကြက်သွေးရောင် အနှစ်သာရ သွေးတစ်စက် ပေါ်လာသည်။ အတွင်းထဲမှ နဂါးဟောက်သံ အစစ်အမှန်ကို မြင်နိုင်လုနီးပါးပင်။

"တကယ်က နဂါးအနှစ်သာရသွေးပဲ..."

အနှစ်သာရသွေးကို မြင်လိုက်သည့်အခိုက် ချင်းယန်၏ မျက်လုံးများက ချက်ချင်း ပူလောင်လာတော့သည်။ နားလည်ထားရမည်မှာ စစ်မှန်သည့် နဂါးအသွင်ကို ပြုစုပျိုးထောင်ပြီးနောက် တကယ့်နဂါးကြီး၏ အသား၊ အကြေးခွံနှင့် အရိုးများကို တည်ဆောက်ရ၏။ ၎င်းမှာ ကောင်းကင်အရှင်နယ်ပယ်၏ ကနဦးအဆင့်ကိုသာ မြှင့်တင်နိုင်သည်။

သို့သော် အတုခိုးခြင်းသည် နောက်ဆုံးအထိ အတုခိုးခြင်းသာ ဖြစ်သည်။ မည်မျှပင် အစစ်နှင့်တူသည်ဖြစ်စေ တံလျှပ်မျှင်မျှသာဖြစ်ပြီး နာမ်ဝိညာဉ် ပိုင်ဆိုင်သော်လည်း အမှန်တကယ် ရုပ်ခန္ဓာမရှိပေ။

ယခုကဲ့သို့ တကယ့် နဂါးသွေး ရှိထားလျှင်တော့ မတူတော့ချေ။ စိတ်ထဲ တွေးတောရင်း ချင်းယန်၏ မျက်လုံးအရောင်တို့ ပို၍ပို၍ တောက်ပလာ၏။

"တကယ်လို့ ငါသာ ဒီအနှစ်သာရသွေးနဲ့ ပေါင်းစပ်နိုင်ရင် ငါ့ရဲ့ နဂါးရုပ်အသွင်က ကောင်းကင်အရှင် အလယ်အလတ် အဆင့်လောက်ကို ရောက်နိုင်တော့မှာပဲ။"

All Chapters