စစ်မှန်သော နဂါး၏ အနှစ်သာရသွေးကို ဝါးမြိုခြင်း။
Vol. 23 Ch. 341
အခန်းတွင်း၌။
ချင်းယန် နိယာမနှလုံးကို ပြန်လည် ထုတ်လိုက်သည့် အချိန်တွင် တောက်ပသော အလင်းရောင်များစွာ ထွက်ပေါ်လာခဲ့သည်။ အခန်းနံရံများသည် ရွှေရောင်တောက်တောက် အလင်းရောင်များဖြင့် ရောင်ပြန်ဟပ်နေ၏။
လေ၊ မိုးကြိုး၊ နေ၊ နှင်းခဲ၊ ရေ၊ မီး၊ သစ်သားတို့သည် ရာသီဥတုများ လှည့်ပတ်နေသကဲ့သို့ မရေမတွက်နိုင်သော မြင်ကွင်းများအား ပြောင်းလဲပြသနေလေသည်။ ဤသည်မှာ သဘာဝတရား၏ နိယာမများ မရေမတွက်နိုင်အောင် ရွေ့လျားနေသည့် အတိုင်းပင်။
“ဒီလောက် အစွမ်းထက်တဲ့ နိယာမစွမ်းအင်တွေက!”
လင်မော့ဖုန်းခမျာ အထိတ်တလန့်ဖြင့် ရပ်ကြည့်နေခဲ့ပြီး စကားပင် အဆုံးမသတ်နိုင်လိုက်ချေ။ သူ့နှလုံးသားမှာ တဆက်ဆက် တုန်လှုပ်နေ၏။ ထို့နောက် သူ့ကိုယ်တွင်းရှိ နိယာမစွမ်းအင် အနည်းငယ်ကို အာရုံခံလိုက်မိပုံရပြီး မှင်တက်စွာ အော်လိုက်သည်။
“ငါ့ရဲ့ နယ်ပယ် လှုပ်ရှားနေပြီ…”
ဤစက္ကန့်အနည်းငယ် အတွင်း၌ သူ လှမ်းကြည့်ရုံမျှသာ ဖြစ်သော်လည်း ခဏတာအခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်လိုက်သည်။
ဤအချက်က သူ့အား အလွန်အမင်း အံ့အားသင့်သွားစေ၏။
နာရီများစွာကြာအောင် နားလည်လျှင် နောက်ဆက်တွဲသော ကောင်းချီးများက မည်မျှလေးနက်လိုက်မည်နည်း။
"အားလုံး သတိထားကြ!"
လင်မော့ဖုန်းသည် လူများကို လျင်မြန်စွာ လှည့်ပတ်ကြည့်ကာ ဆိုလိုက်၏။
"မင်းတို့သာ နိယာမစွမ်းအင်တွေကို နားလည်နိုင်ရင် အနာဂတ်မှာ ဂိုဏ်းဆရာနယ်ပယ်ကို ချီတက်ဖို့ အခွင့်အလမ်းကောင်းတွေ ရလိမ့်မယ်!"
ထိုစကားကို ကြားသောအခါ လူတိုင်းသည် နိယာမနှလုံးကို စိုက်ကြည့်ရင်း လည်ချောင်းတို့ တဆတ်ဆတ် တုန်ကာ မသိစိတ်မှ တံတွေး မျိုချရင်း လောဘမီးများ တောက်လောင်လာတော့သည်။ သူတို့သည် ချင်းယန်၏လက်ရှိ ကြည်လင်သော နှလုံးသားကို ဝံပုလွေတစ်အုပ်ကဲ့သို့ စေ့စေ့ကြည့်နေကြသည်။
၎င်းထံမှ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာသည်။ အလင်းတန်း တစ်ခုစီသည် မတူညီသော နိယာမစွမ်းအင် ပုံစံကို ကိုယ်စားပြုလေ၏။ နားလည်အောင် လုပ်နိုင်ပါက ကြီးကြီးမားမား အားကောင်းလာလိမ့်မည်။
အကယ်၍ ဤအရာသည် အခြားဂိုဏ်းတစ်ခုတွင်ရှိလျှင် ၎င်းသည် ဂိုဏ်းခေါင်းဆောင်တစ်ဦးသာ ခံစားနိုင်သောအရာ ဖြစ်လိမ့်မည်။ ၎င်းကို ဂိုဏ်း၏ တန်ဖိုးအရှိဆုံး ရတနာဟု ခေါ်ဆိုခြင်းက ချဲ့ကားခြင်းမျိုး မဟုတ်ချေ။ ဤသည်ကို ချင်းယန်က သူတို့အား သုံးခွင့်ပေးလိုက်လေ၏။
"ဒါကို လူတိုင်း တကယ်နားလည်နိုင်ပါ့မလား"
လောင်လီသည် သူ၏ ရိုင်းစိုင်းသော အတွေးများကို ဖိနှိပ်ကာ စိတ်လှုပ်ရှားမှုများကို ငြိမ်သက်သွားအောင် ကြိုးစားရင်း သတိကြီးကြီးထားပြီး မေးလိုက်သည်။
"ဒါက နည်းနည်းတော့ အဖိုးတန်တယ် မဟုတ်ဘူးလား၊ ချင်... အဟမ့် ဂိုဏ်းချုပ်လေး။"
"ဟုတ်တယ်!!"
ထိုအခိုက် လျိုဝူရွှမ်းသည်လည်း နာကျင်စွာ အံကြိတ်ကာ တားဆီးရန် ရှေ့တိုးလာလေ၏။
"ဒါက အလျင်စလို ဖြစ်မသွားဘူးလား ဂိုဏ်းချုပ်လေး။ ဒါက ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ ရတနာတစ်ခုပါ။ ကျုပ်တို့ပြန်စဉ်းစားသင့်တယ် မဟုတ်လား။ လူတိုင်း အဟမ့် ပြတ်သားတဲ့ ဆုလာဘ်တွေ၊ ပြစ်ဒဏ်တွေ ပေးဆောင်ထားတဲ့ မဟာမိတ်အဖွဲ့လို ဖြစ်သင့်တယ်၊ အရည်အချင်းရှိတဲ့သူတွေကို ဆုချမယ့် အလုပ်စာရင်းကို ဖန်တီးသင့်ပါတယ်။"
"ဒါက ဘယ်လိုဖြစ်ရတာလဲ?"
"အဓိပတိမဟာမိတ်ကို အတုယူနေတာလား။ ဘာကိုဆိုလိုတာလဲ။"
တစ်ယောက်ပြီး တစ်ယောက် စတင် ဆွေးနွေးကြရာမှ အခန်းထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"ကောင်းပြီ အားလုံးပဲ စိတ်အေးအေးထားကြပါ!"
ဖရိုဖရဲ ဖြစ်နေသော အခြေအနေကို မြင်သောအခါ ချင်းယန် မျက်မှောင်ကြုတ်ပြီး ဝင်ပြောလိုက်သည်။
"ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ သိတယ်... အခု ခင်ဗျားတို့အားလုံး ဖောက်ခွဲ ကောင်းကင်ဂိုဏ်းထဲ ပါဝင်လာမှတော့ မတရားဆက်ဆံမှာ မဟုတ်ဘူး။ ဒီနိယာမနှလုံးက အစပဲရှိသေးတာ နောက်ထပ်လာဖို့လည်း ရှိသေးတယ်။"
သူ့စကားကြောင့် အားလုံး တိတ်သွားပြန်သည်။ တစ်ယောက်စီတိုင်းက သူ့ကိုသာ တအံ့တသြ စိုက်ကြည့်နေကြ၏။
'ဘာ?!
'နောက်ထပ်လာဖို့လည်း ရှိသေးတယ်လား။'
'ဖောက်ခွဲကောင်းကင်ဂိုဏ်းမှာ အရင်းအမြစ်တွေ ဘယ်လောက်တောင် ရှိနေတာလဲ။'
ဤစကားကို ကြားသောအခါ သူတို့အားလုံး ဘယ်လိုတုံ့ပြန်ရမှန်းမသိ ဖြစ်ကုန်ကြသည်။
"နောက်အနာဂတ်မှာလည်း အားလုံးက ကျွန်တော်နဲ့ အတူ ရှိနေမယ်လို့ မျှော်လင့်ပါတယ်"
ချင်းယန် ခုတင်မှထကာ လီကျစ်ရွှမ်း၏ လက်ဖဝါးထဲ နိယာမနှလုံးကို ထည့်ပေးလိုက်သည်။
“ခင်ဗျားတို့အားလပ်ချိန်မှာ ကျင့်ကြံသူမှုနဲ့ပတ်သက်ပြီး မေးစရာတွေရှိရင် မေးပါ။ အားလပ်တဲ့ အချိန်တိုင်း နိယာမစွမ်းအင်တွေကို နားလည်ဖို့ ကျွန်တော့် ဆရာတူညီမဆီ သွားလို့ရပါတယ်"
"ဟုတ်ကဲ့ပါ ဆရာတူအစ်ကိုကြီး ညီမ နားလည်ပါပြီ"
လီကျစ်ရွှမ်း ညင်သာစွာ ခေါင်းလေးညိတ်ရင်း ချင်းယန်ကို စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူက သူမအတွေးများကို နားလည်နေပြီမှန်း သဘောပေါက်သဖြင့် အမူအရာက ပျော့သွားခဲ့သည်။
ချင်းယန်သည် လူတိုင်း၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်ရန် ကြယ်တာရာအစီအရင်၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သည်။
"တကယ်ကို ဆရာတူအစ်ကို ဖြစ်ထိုက်တယ်!"
…
ခဏအကြာ၌။
လောင်လီနှင့် အခြားလူများ ထွက်ခွာသွားကြသည်။
ဤမျှော်လင့်မထားသော ပျော်ရွှင်မှုသည် လူတိုင်းကို ချင်းယန်နှင့် အတူနေနိုင်စေရန် ဆန္ဒပြင်းပြပြီး ယားယံလာစေ၏။ တဖြည်းဖြည်း ထွက်ခွာသွားကြပြီးနောက် လီကျစ်ရွှမ်းသာ ကျန်ခဲ့သည်။
ပြတင်းပေါက်မှ လေပြည်လေညင်းများ တိုက်ခတ်လာသဖြင့် အဖြူရောင် ပိတ်စ ကန့်လန့်ကာများက တဖျပ်ဖျပ်ခတ်ကာ လရောင်များ တိုးဝင်လာ ပျော့ပျောင်းပြီး ငြိမ်သက်နေ၏။
"အစ်ကိုကြီး ညီမကိုနေခဲ့ဖို့ ဘာလို့ ပြောတာလဲ။"
လီကျစ်ရွှမ်းသည် ဆံပင်များကို သပ်တင်ရင်း ခုတင်ဘေးတွင် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။
"လိုအပ်တာ တစ်ခုခုရှိလို့လား"
ချင်းယန် သူမကို တစ်ချက် ငုံ့ကြည့်ပြီး :"ညီမလေး မင်းရဲ့ ဓားပညာကို ဘယ်လောက်အထိ တိုးတက်နေပြီလဲ"
"...အဲဒါက ဂိုဏ်းဆရာအဆင့်လောက်မှာ ရှိနေပါပြီ။ စိတ်မပူပါနဲ့ ဆရာတူအစ်ကိုကြီး ဒီကပြန်ရင် သေချာလေ့ကျင်ဖို့ ဓားခန်းမကို ငါသွားလိုက်ဦးမယ်..."
"အင်း မင်းရဲ့ အရည်အချင်းက ထူးခြားတယ်။ ငါ မင်းကို ယုံပါတယ်။"
ချင်းယန်သည် ဤစကားကို ကြားသောအခါ စိတ်သက်သာရာ ရသွားပြီး ခရမ်းရောင် ကျစ်ဝေးနတ်ဓားကို ဆင့်ခေါ်လိုက်သည်။
"ဒီဓားကို ငါ အခုလောလောဆယ် မလိုသေးဘူး။ မင်းသုံးလို့ရတယ်။ မင်းနားမလည်တာရှိရင် လာမေး"
လီကျစ်ရွှမ်းသည် နောက်အနှစ်ငါးရာအတွင်း ဧကရာဇ်နယ်မြေသို့ ရောက်ရှိနိုင်မည်ဟု စနစ်က ညွှန်ပြထားသောကြောင့် သူမဟာ ဧကရီဖြစ်ရန် အလားအလာရှိကြောင်း သက်သေပြနေခြင်းပင်။
သူကိုယ်တိုင်လည်း သူ့အနာဂတ်ကို တွက်ချက်နေသည်။ မည်သို့ပင်ဆိုစေ ကြယ်တာရာအစီအရင်ပုံကြမ်း ပတ်ပတ်လည်မှာ ရှိနေသရွေ့ အထွတ်အထိပ်ကို ရောက်ရန် လမ်းစရှိပေ၏။ ထို့ကြောင့် ကမ္ဘာ့ထိပ်တန်း ပညာရှင်ထက် အနည်းငယ် အားကောင်းနေရုံဖြင့် လုံလောက်ပြီ။
လီကျစ်ရွှမ်း ဧကရာဇ်နယ်ပယ်ကို အောင်နိုင်ခဲ့လျှင် သူက အများကြီး သာလွန်နေလောက်ပြီ။
"နောက်ရက် အနည်းငယ်အထိ မင်းရဲ့အငယ်တန်း ညီမနဲ့ နီးနီးကပ်ကပ်နေ! လျှောက်မပြေးနဲ့ နားလည်လား"
ကျစ်ဝေးနတ်ဓားသည် ချင်းယန်ကို နှစ်ကြိမ် လှည့်ပတ်ကာ တွန့်ဆုတ်နေဟန် ပြလာခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ ခုတင်ဘေး ရပ်နေသည့် လီကျစ်ရွှမ်းဆီသို့ တိတ်တဆိတ် ပျံဝဲသွားခဲ့လေ၏။
"ဆရာတူအစ်ကိုကြီး…"
ခရမ်းရောင်အလင်းများ လှည့်ပတ်နေသည့် ခရမ်းရောင်ဓားကို ကြည့်ပြီး သူမ နှလုံးသားလေး လှုပ်ခတ်သွားသည်။ ဆရာတူအစ်ကိုက သူမ လေ့ကျင့်ရန် သူ့ဓားကိုတောင် ငှားပေးလိုက်သည်။ ဤသည်မှာ သေချာပေါက် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုပင်။
“ဆရာတူညီမလေး။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က…”
လီကျစ်ရွှမ်း ရုတ်တရက် မထင်မှတ်ပဲ ချဉ်းကပ်လာသောအခါ ချင်းယန် နောက်ထပ် ညွှန်ကြားချက် အနည်းငယ် ပေးတော့မည်။ မွှေးပျံ့သော လေနုအေးလေး သူ့နှာခေါင်းဆီသို့ တိုးဝင်လာကာ သူမ၏နှုတ်ခမ်းပါးလွှာများက သူ့အပေါ်ကို ဖိကပ်လိုက်ပြီးနောက် သူ့ပါးပြင်က နူးညံ့နွေးထွေးသွားသလို ခံစားလိုက်ရလေသည်။
သူ မတုံ့ပြန်နိုင်သေးခင် ချင်းယန် အံ့ဩစွာဖြင့် သူ့ပါးသူ ထိကြည့်လိုက်သည်။
သို့သော် လီကျစ်ရွှမ်းကတော့ ခေါင်းလေးငုံ့ကာ ကျစ်ဝေးကိုကိုင်လျက် အခန်းအပြင်သို့ ထွက်ပြေးသွားချေပြီ။
ချင်းယန် : “…”
"???"
…….
…….
အချိန်ကား မနက် ၅နာရီနှင့် ၇နာရီကြားပင်။
ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ကြီးသည် တဖြည်းဖြည်း တောက်ပလာကာ ပထမဦးဆုံး အလင်းရောင်လေး ပေါ်လာသည်။ သူ ပြန်ကောင်းလာပြီးနောက် လှုပ်ရှားနိုင်ရန် နာရီအတော်လေး ကြာခဲ့ပါပြီ။
"သက်သာသင့်သလောက် သက်သာနေပြီ"
ချင်းယန်သည် အနှစ်တစ်ထောင် သက်တမ်းရှိ နှင်းကြာပန်းကို နှစ်ချက်ကိုက်ကာ ခုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ထို့နောက် သူ့အရှေ့မှ နဂါးအနှစ်သာရသွေး အစစ်ကို စိုက်ကြည့်နေ၏။
သူ့အတွင်းပိုင်း ဒဏ်ရာများသည် လက်ဆောင်များစွာ စားသုံးပြီးနောက် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီပင်။
လာမည့် နဂါးသွေးက တကယ့်ပွဲဖြစ်သည်။
"ဟူး..."
ချင်းယန် ဖြည်းညင်းစွာ အသက်ရှူထုတ်လိုက်ပြီး ပါးစပ်ကို အနည်းငယ် ဖွင့်လိုက်သည်။ ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်ရုံဖြင့် လေထုက ကမောက်ကမ ဖြစ်ကာ နဂါးသွေးကို တိုက်ရိုက် မျိုချလိုက်တော့သည်။
နောက်အခိုက်အတန့်တွင်တော့ မီးတောက်ကြီးပမာ တောက်လောင်နေသော နဂါးသွေးသည် သူ၏ အစာအိမ်နံရံများပေါ်သို့ တိုးဝင်ကာ သူ၏ ခြေလက်နှင့် အရိုးများတစ်လျှောက် ပူပြင်းသော ရေစီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။
*ဗုန်း!*
တဟုန်းဟုန်း တောက်လောင်နေသော အပူများ ထွက်ပေါ်လာသည်။ ၎င်းသည် သူ၏ သွေးကြောများကို သန့်စင်သွားစေ၏။ ထို့အပြင် အားနည်းသော ကိုယ်လုံးကိုယ်ပေါက်ကို အခြေခံအားဖြင့် တိုးတက်လာစေပြီး သူ့ကို လုံးဝ ပြောင်းလဲလာစေသည်။
"ကျစ်! အဲ့လောက်တောင် နာရလား။"
ချင်းယန် အံကြိတ်ကာ တောင့်ခံထားသည်။ နဖူးပေါ်ရှိ သွေးကြောများသည် ဒေါသထွက်နေသော မြွေများကဲ့သို့ ကြွလာကာ ကြွက်သားများသည်လည်း ပွက်ပွက်ဆူနေသော ရေကဲ့သို့ ဖောင်းပွလာ၏။ ရွှေအကြေးခွံအလွှာများမှာ လည်ပင်းတစ်လျှောက် ပေါ်လာကာ တစ်ဖန် ပျောက်ကွယ်သွားခဲ့ပြန်သည်။
နဂါးသွေး၏ အသွင်ပြောင်းမှုက ထင်ထားသည်ထက် ပိုနာကျင်လှသည်။ သည်းမခံနိုင်သော ဝေဒနာသည် အသက်ရှင်လျက် အရေခွံ အခွာခံနေရသည့် ညှဉ်းပန်းနှိပ်စက်မှု တစ်ခုကဲ့သို့ပင်။
ဗုန်း!
နံရံများ ကွဲအက်ပြီး ပြတင်းပေါက်မှန်များ ကွဲကြေသွားခဲ့သည်။
ချင်းယန်ဆီမှ အပြင်သို့ လွင့်ထွက်နေသော နဂါးရုပ်သွင်ကြီးသည် တစ်ဟုန်ထိုး ပေါက်ကွဲသွားနိုင်သည့် အရှိန်အဝါကြီးဖြင့် ပြေးထွက်လာခဲ့သည်။
…
မိုင်ပေါင်းများစွာဝေးသည့် နေရာ၌ အိမ်မှာ သပ်သပ်ရပ်ရပ် ပြင်ဆင်နေသူ လောင်လီလည်း တစ်ခုခုကို ခံစားမိနေပုံရ၏။ သူ ဖုဟိုင်လူနေအိမ်ရာဆီသို့ ချာခနဲ မျှော်ကြည့်ရင်း ကျောရိုးအောက်က အေးစက်သွားသလို ခံစားလိုက်ရသည်။