← Chapters

တောအုပ်အတွင်းသို့

Vol. 11 Ch. 103

တောအုပ်အတွင်းသို့

Vol. 11 Ch. 103

ပိုင်ချူး‌ရန် ရောက်လာချိန်၌ ဟွမ်ဖုဖိန်က နှုတ်ဆက်စကား ဆိုလာသည်။

"ဓားခေါင်းဆောင် စာလိပ်က ဘာသာပြန်ပြီးပြီလား…"

"ကိုယ်တိုင်သာ ကြည့်တော့…"

ပိုင်ချူးရန်က စာလိပ်အား ပစ်ပေးသည်။

ဟွမ်ဖုဖိန်က စာလိပ်အား တချက်ကြည့်သည်။ ဟွမ်ဖုဖိန်မှာ အသိစိတ်ကင်းလွတ်သည့် အခြေအနေသို့ မရောက်သေးပေ။ ထို့ကြောင့် စာ၏ ဆိုလိုရင်းအား သိသွားကာ မျက်မှောင်ကြုံ့သွားမိသည်။

"ဒါ…"

ခဏကြာပြီးချိန်၌ စာလိပ်အား ဘေးချကာ ပိုင်ချူးရန်အား ကြည့်၍ မေးတော့သည်။

"ဓားခေါင်းဆောင်က ကျွန်တော့်ကို လမ်းပြစေချင်တာလား…"

"ငါလည်း တွေးနေတာ…"

ပိုင်ချူးရန်က ခေါင်းညိမ့်လိုက်ကာ…

"တောအုပ်ထဲ သွားကြစို့…"

ကျယ်ပြန့်လှသည့် မြေနေရာများတွင် လူသားမျိုးနွယ်စုက အကြီးမားဆုံးသော ကုန်းမြေအား ပိုင်ဆိုင်ထားသည်။ ပထဝီ မြေမျက်နှာသွသ်ပြင် အနေအထားအရ စိုက်ပျိုးရေးအတွက် သင့်လျော်သည့် မြေနေရာများအား ပြည်နယ်ကိုးခုနှင့် ကုန်းမြေဆယ်ခုအဖြစ် ပိုင်းခြားထား၏ ။ အသေးဆုံးသော နယ်မြေသည်ပင် မိုင်ထောင်ချီ ပမာဏရှိသည်။

ပြည်နယ်ကိုးခုနှင့် ကုန်းမြေဆယ်ခု၏ အနောက်ဘက်နှင့် အရှေ့အရပ်တို့တွင် တန်းတူညီမျှ ကျယ်ဝန်းသည့် မြေနေရာကြီး ရှိနေသေးသည်။

အရှေ့အရပ်တွင် လေဟာနယ် ခြားနားသည့် နတ်ဆိုးလောက ရှိ၏ ။ တကယ်တမ်းတွင် ပထမနတ်ဆိုး ဧကရာဇ်က မူလပြည်နယ်ကိုးခုနှင့် ကုန်းမြေဆယ်ခုအား စွမ်းအားဖြင့် မြေပိုင်းခြားကာ မတူညီသည့် လေဟာနယ်သို့ ပြောင်းရွှေ့ထားခြင်း ဖြစ်သည်။ နတ်ဆိုးလောကမှာ ပြည်နယ်ကိုးခုနှင့် ကုန်းမြေဆယ်ခုဖြင့် ထိစပ်မှု မရှိသော်လည်း လူသားနယ်မြေများအား အရှေ့အရပ်မှ လမ်းပိတ်ထားသည်ဟု ဆိုနိုင်သည်။ ပြည်နယ်ကိုးခုနှင့် နယ်မြေဆယ်ခုမှ ကျင့်ကြံသူများ အနေဖြင့် အရှေ့အရပ်မှ ပင်လယ်သို့ သွားလိုပါက မြောက်ဘက်နှင့် တောင်ဘက်အရပ်တို့မှသာ သွားလာနိုင်ကြသည်။

အနောက်ဘက် အရပ်၌ တောအုပ်ကြီး သို့မဟုတ် တောရိုင်းဟု အမည်ရသည့် နေရာ ဖြစ်သည်။ ထိုနေရာမှာ ကြှးမား ကျယ်ပြန့်လှသော်လည်း ဘေးအန္တရာယ် ပေါများကာ ဆန်းကြယ်မှုများလည်း ရှိနေသည်။ အရေးအကြီးဆုံး အချက်မှာ လူသားများ၏ ရန်သူတော်များဖြစ်သည့် မိစ္ဆာများ ပေါ်ထွက်ရာနေရာ ဖြစ်နေခြင်းတည်း။

လွန်ခဲ့ပြီးသည့် ခေတ်ကာလ၌ မိစ္ဆာများက တောအုပ်အတွင်းသို့ ဆုတ်ခွာသွားခဲ့သည်။ လူသားများက တောအုပ်အတွင်း ဆက်လက်ရှာဖွေနေကြသေးသည်။ ထိုနည်းတူပင် နတ်ဆိုးမျိုးနွယ်စုသည်လည်းး ပေါ်လာကာ လေထဲ၌ ကွယ်ပျောက်သွားသည် မဟုတ်လော။ ထိုနတ်ဆိုးနှင့် မိစ္ဆာများအား တောအုပ်အတွင်း၌ မြင်တွေ့ရခြင်းလည်း မရှိနေသေးပေ။

သို့သော်လည်း နှစ်ဆထာင်ပေါင်းများစွာ ကြာပြီးသည်အထိ လူသားများက တောအုပ်နေရာအား တားမြစ်နေရာအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။ မဟာမိတ်နှင့် မိစ္ဆာအဖွဲ့အစည်း နှစ်ခုစလုံးက တောအုပ်ဖြင့် နယ်နိမိတ် ထိစပ်ရာဖြစ်သည့် အနောက်အရပ်၌ ခံတပ်များ တည်ဆောက်ထားဆဲ ဖြစ်သည်။ ကျင့်ကြံသူများအနေဖြင့် မိစ္ဆာများမှာ တောအုပ်အတွင်း နေရာတခု၌ ပုန်းခိုနေကြကာ တစ်နေ့နေ့တချိန်ချိန်တွင် ပြန်ထွက်လာမည်ဟု ယုံကြည်ထားသည်။

တောအုပ်၏ အနေအထားမှာ မိစ္ဆာများ ရှိမနေလျှင်ပင် ဘေးများလှသည့် နေရာဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း၌ တောအုပ်အတွင်းမှ သားရဲများ ထွက်လာကာ အနောက်အရပ်မှ စိုက်ပျိုးမြေများအား ဖက်ဆီးလေ့ရှိသည်။

ပိုင်ချူးရန်နှင့် ဟွမ်ဖုဖိန်တို့က ညအချိန်ဖြစ်သော်လည်း ခရီးဆက်နေကြသည်။ ပိုင်ချူးရန်၏ ခရီးသွားလာနှုန်းမှာ လျင်မြန်သော်လည်း ကျင့်ကြံခြင်းလောက၏ ထိပ်သီးစာရင်းဝင်သည့် ဟွမ်ဖိန်၏ အမြန်နှုန်းအား မီရုံသာ ဖြစ်နေသည်။ နှစ်ဦးသားက ကုပြည်နယ်မှ တခြားသော ပြည်နယ်များစွာအား ဖြတ်သန်းကာ အနောက်အရပ်သို့ ရောက်ရှိရန် ရက်အနည်းငယ် ခရီးနှင်ခဲ့ရသည်။ နောက်ဆုံးတွင် တားမြစ်နေရာသို့ ရောက်ရှိသွားကြသည်။

တောအုပ်အတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် ကောင်းကင်ပင် မှိန်ဖျော့သွား၏ ။ နေအလင်းရောင်အား မြင်နေရသော်လည်း တောအုပ်အတွင်း၌ နေ့ခင်းကာလသည် ညနေနေဝင်ရီတရော ကာလဖြင့်ပင် ဆင်တူသေးသည်။ မိစ္ဆာများ၏ အုပ်စိုးမှုကာသို့ ရောက်ရှိသွားသကြ့သို့ပင် ထင်မှတ်ရလောက်သည်။

လေထုအတွင်း၌ လူသားများအတွက် ဘေးကြုံရလောက်သည့် အဆိပ်ဓာတ်များ ပါနေသေးသည်။ ကျင့်ကြံမှုနိမ့်သူများ ရောက်လာပါက အဆိပ်ငွေ့များ၏ တိုက်စားမှုကြောင့် အရိုးသာကျန်မည် ဖြစ်၏ ။ ပိုင်ချူးရန်တို့က ခန္ဓာကိုယ်အား စွမ်းအားသုံး၍ ကာကွယ်ထားကြသည်။ တောနက်အတွင်းသို့ ဝင်ရောက်ချိန်၌ ကြောက်မက်ဖွယ် အသံများပင် ကြားနေရသေးသည်။

ကြောက်မက်ဖွယ် သားရဲအုပ်ကြီးသည်လည်း မြေပြင်မှ ကောင်းကင်သို့ ပျံတက်သွားသည်။ သားရဲများ၏ အရွယ်အစားမှာ ကြီးမားကြသည်။ အကောင်အသေးဆုံးသည်ပင် ဆယ်မီတာခန့် ရှိ၏ ။ ပုံစဏ္ဍာန်အားဖြင့် လူ့လောကအတွင်းမှ တိရစ္ဆာန်ပေါင်းစုံ ပေါင်းစပ်ထားခြင်းဖြင့် ဆင်တူသည်။ သားရဲများအား ကြည့်ရုံဖြင့်ပင် ကျောစိမ့်သွားရလောက်သည်။

ထိုသားရဲများက လူသားနံ့အား ရနေသည့်အတွက် ပိုင်ချူးရန်နှင့် ဟွမ်ဖုဖိန်တို့အား ဆုတ်ဖြဲပစ်ကာ ဝါးမြိုစားသောက်ရန် ဦးတည်လာနေသည်။

All Chapters