← Chapters

တောအုပ်အတွင်းသို့

Vol. 11 Ch. 104

တောအုပ်အတွင်းသို့

Vol. 11 Ch. 104

ပိုင်ချူးရန်က လက်ဝါးချက် တခုထုတ်သုံးသည်။ သို့ဖြစ်ရာ ချီများဖြင့် လက်ဝါးချက် ပေါင်စပ်သွားပြီး ကောင်းကင်ကိုပင် ဖုံးအုပ်နိုင်လောက်သည့် လက်ဝါးချက်တခုက ဦးတည်လာနေသည့် သားရဲများထံသို့ ရောက်သွားသည်။ လက်ဝါးချက်ဖြင့် ရင်ဆိုင်ရချိန်၌ သားရဲမတားက ရေမြှုပ်ပမာ ဖိကြေသွား၏ ။ ထို့အပြင် မြေပြင်တွင်လည်း လက်ဝါးရာပင် ထင်ကျန်နေလေသည်။

"ဓားခေါင်းဆောင်က အရင်ကထက်ကို စွမ်းအားတိုးလာပြီကိုး…"

ဟွမ်ဖုဖိန်က ချီးကျူးစကားဆိုမိသည်။

ပိုင်ချူးရန်က တဖက်သူအား သုန်မှုန်စွာဖြင့် စိုက်ကြည့်၍ သာမန်သာ ပြောလိုက်သည်။

"ငါက အဆင့်တက်မှာကို ဖိနှိပ်ထားလို့ အခုစွမ်းအားက ပုံမှန်ရဲ့ ဆယ့်ပုံတပုံပဲ ရှိတယ်…"

"…"

ဟွမ်ဖုဖိန်က မင်သေသွားကာ ခေတ္တခဏ ကြောင်သွားသည်။

ထို့နောက် ရယ်လိုက်ကာ စကားဆိုပြန်သည်။

"ဟားဟား ဒါဆိုရင် ဓားခေါင်းဆောင် ရှိနေသ၍ လူသားတွေအတွက် ရန်သူပေါ်လာမှာကို ပူစရာမလိုတော့ဘူးဘဲ…'

အဝေးတနေရာ၌ သားရဲကြီးများစွာ ပေါ်လာနေသည်။ ထိုသားရဲများ၏ အရေအတွက်မှာ များပြားလွန်းသည့်အတွက် အဆုံးမဲ့သည်ဟုပင် ထင်ရလောက်သည်။ ထိုမြင်ကွင်းအား သတိပြုမိသည့် ဟွမ်ဖုဖိန်က စိတ်အားထက်သန်စွာဖြင့် ရေရွတ်လာ၏ ။

"ဓားခေါင်းဆောင်…"

ဟွမ်ဖုဖိန်က ပြော‌ေပြာဆိုဆိုဖြင့် ရယ်သွားသေးသည်။

"ဒီနေ့ ပြိုင်ကြမလား…"

သို့သော်လည်း ပိုင်ချူးရန်က ထိုသူအား အရူးတယောက်ပမာ ကြည့်လိုက်သည်။

"ရူးနေလို့ ပြိုင်မှာဘား ဝိညာဉ်ပျက်မြစ်ဆီ မြန်မြန်လမ်းပြ…"

ပိုင်ချူးရန်၏ အဖြေကြောင့် ဟွမ်ဖုဖိန်က စိတ်ထိခိုက်မိသွားခြင်း မရှိပေ။ ထို့ကြောင့် မာန်ဖီကာ ဆေဘာဓားထုတ်၍ စဝင်တိုက်ခိုက်သည်။ ဓားချက်မှာ မိုင်ထောင်ချီသို့ ‌လွင့်ပျံသွားကာ သားရဲများအား အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။

ပိုင်ချူးရန်ကလည်း ချီအား ဓားဖြင့် ပေါင်းစပ်ကာ စတင်တိုက်ခိုက်သည်။ နှစ်ဦးသားက သားရဲများအား ကွေ့ရှောင်သွားရန် စိတ်ကူးမရှိကြချေ။ ထို့အစား သားရဲများအား သတ်ဖြတ်ကာ ဝိညာဉ်ပျက်မြစ်ဆီသို့ သွားကြမည် ဖြစ်၏ ။

ဝိညာဉ်ပျက်မြစ်မှာ တောအုပ်၏ အတွင်းပိုင်း၌ တည်ရှိသည်။ မိုင်ထောင်ချီကျယ်သည့်မြစ်တစ်စင်းလည်း ဖြစ်သေးသည်။ ကျင့်ကြံသူများအနေဖြင့်ပင် မြစ်တဖက်ကမ်းအား တချက်ကြည့်ရုံဖြင့် မနိုင်ကြပေ။ ရွှမ်ဖကျောင်းတော်၏ သုံးသပ်မှုအရ ဝိညာဉ်ပျက်မြစ်မှာ တောအုပ်ကြီး၏ အလယ်ဗဟိုတွင် ရှိနေပြီး မြောက်မှတောင်သို့ နှစ်ခြမ်းခွဲထားသည်။

နှစ်သုံးထောင်ကာလ၌ မြစ်၏ တဖက်ကမ်းသို့ ရောက်ဖူးသည့် တဦးတည်းသောသူမှာ ပိုင်ချူးရန်သာ ဖြစ်သည်။ တခြားသော စွန့်စားဖူးသူများလည်း ရှိခဲ့သည်။ သို့သော်လည်း မဟာဝက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများပင် ပြန်ရောက်မလာနိုင်ကြချေ။

ထိုသူများအနေဖြင်ဘ မည်သို့ဖြစ်သွားသည်ကို သေချမသိရပေ။ တောအုပ်အတွင်း၌ သေဆုံးသွားသည်လော။ သို့မဟုတ်ပါက တောအုပ်အတွင်းမှ လွတ်မြောက်ရန် အင်မော်တယ် လောကသို့ တက်လှမ်းသွားခြင်းပင်လော။

ပိုင်ချူးရန်သည်လည်း မြစ်၏ တဖက်ကမ်း၌ ခရီးမလွန်ရဲခဲ့ချေ။ သူ့အနေဖြင့် မြစ်၏ တဖက်ကမ်း၌ မိုင်ငါးသို့သာ သွားနိုင်ခဲ့သည်။ ထိုနေရာ၌ လေထု၏ တိုက်စားမှု ပိုမိုပြင်းထန်ကာ သားရဲအရေအတွက်လည်း အဆမတန် များပြားလွန်းသည်။

လက်တလောတွင် ပိုင်ချူးရန်က ဝိညာဉ်ပျက်မြစ်သို့ ဒုတိယအကြိမ်မြောက် ရောက်လာသည် မဟုတ်လော။ ချူးရန်နှင့် ဟွမ်ဖုဖိန်တို့က မြစ်အပေါ်၌ ပျံသန်းနေသည်။ မြေပြင် ရှိမနေသည့်အတွက် ပိုင်ချူးရန်အနေဖြင့် ဟွမ်ဖုဖိန်၏ နတ်ဘုရားသတ်ဓားပေါ်တွင် ရပ်၍ လိုက်ပါနေရသည်။ ဟွမ်ဖုဖိန်၏ ထိန်းချုပ်မှု၌ ဆေဘာဓားမှာ ငါးဖြူတကောင်အလား လေထုအား ထိုးဖောက်၍ ခရီးနှင်နေသည်။

ပိုင်ချူးရန်က အောက်သို့ ငုံ့ကြည့်လိုက်ရာ ရေထုအတွင်း၌ ကြီးမားသည့် ရေသတ္တဝါများက တကောင်နှင့်တကောင် ဝါးမြိုနေသည်ကို မြင်နေရသည်။ ရံဖန်ရံခါ၌ ထိုရေသတ္တဝါများက ရေအပြင်သို့ ခုန်ထွက်ကယာ ပိုင်ချူးရန်တို့အား တိုက်ခိုက်လာသေးသည်။ သို့သော်လည်း အချည်းအနှီးသာတည်း။ ပိုင်ချူးရန် အနေဖြင့် ဟွမ်ဖုဖိန်၏ ပျံသန်းမှု ထိန်းချုပ်နိုင်စွမ်းကိုသာ အားကျနေမိသည်။

"အာ ငါလည်း ဘယ်အချိန်မှ ဓားပျံကို ထိန်းချုပ်နိုင်မှာပါလိမ့်…"

ပိုင်ချူးရန်က အတွေးဝင်နေမိသည်။ ထို့ကြောင့် လက်ဝါးချက်ဖြင့် ငါးတကောင်အား နှစ်ခြမ်းကွဲထွက်သွားစေသည်။ ထို့နေုက် အကြောင်းပြချက်မရှိဘဲ သက်ပြင်းရှိုက်နေတော့၏ ။

"…"

ဟွမ်ဖုဖိန်၏ မသိစိတ်မှ ခရီးဆက်ရန်သာ သတိပေးနေသည်။ ထို့ကြောင့် စကားမဆို‌လိုက်ပေ။

မြစ်အပေါ်၌ တရက်ကြာ ပျံသန်းပြီးချိန်၌ ကျောက်စာများ ရှာတွေ့ခဲ့သည့် နေရာသို့ ရောက်သွားသည်။ အဝေးမှ ကြည့်ပါက မြစ်အောက်ခြေအတွင်း၌ ကျောက်တိုင်တခု ရှိနေသည်ကို မြင်နေရ၏ ။ ထိုကျောက်တိုင်မှာ မီတာ ရာဂဏန်း အနည်းငယ် မြင့်မားပုံရသည်။ ထို့အပြင် ကျောက်တိုင်ထက်၌ ရှေးကျကာ ထူးဆန်းသည့် အက္ခရာများ ရေထွင်းထား၏ ။ ကျောက်တိုင်၏ အောက်ခြေတွင်လည်း မှိန်ပျပျ အပြာရောင် အလင်းပေါ်‌ထွက်နေသည်။

"ဘယ်လိုတောင်လဲ…"

ဟွမ်ဖုဖိန်က ကျောက်တိုင်အား ကြည့်၍ အံ့အားသင့်မိသွားသည်။

"ဘာဖြစ်တာတုံး…"

ပိုင်ချူးရန်က မေးကြည့်သည်။

"ဓားခေါင်းဆောင် ကျွန်တော် မြင်တုန်းက ဒီကျောက်တိုင် မီတာဘယ်လောက်မှ မရှိဘူး… ပြီးတော့ အောက်မှလည်း အလင်းမရှိဘူးလေ…"

ဟွမ်ဖုဖိန်က လေးနက်စွာဖြင့် ပြောလာသည်။

"ဒီကျောက်တိုင်က ပိုကြီးလာတာပဲ…"

All Chapters