← Chapters

မတော်တဆ

Vol. 11 Ch. 105

မတော်တဆ

Vol. 11 Ch. 105

ပိုင်ချူးရန်က ဆေဘာဓားအား ကျောက်တိုင်အနီးသို့ ကပ်သွားစေကာ တပတ်လှည့်၍ ကြည့်လိုက်သည်။

"ကျောက်စာတွေတော့ မပြောင်းသွားဘူး အရွယ်ပဲ ကြီးလာကြတာ…"

ပိုင်ချူးရန်က ခဏကြာ သုံးသပ်ပြီးနောက်တွင် ကောက်ချက်ချလာသည်။

ဟွမ်ဖုဖိန်က ချီစွမ်းအင် အသုံးပြု၍ မီတာနှစ်ဆယ်ခန့် အရွယ်အစားရှိသည့် ခွေးကိုယ်ဖြင့် ငါးတကောင်အား ဖမ်းဆီးလိုက်၏ ။ ထို့နေုက် ကျောက်တိုင်ဆီသို့ ပစ်လိုက်သည်။

‌ထိုငါးက ကျောက်တိုင်ဖြင့် တိုက်မိကာ မြေသို့ကျသွား၍ နာကျင်စွာ ညည်းညူသံအား ကြားနေရသည်။ ထို့နောက်တွင် အမြှီးအား ဝေ့ယမ်း၍ မြစ်အတွင်းသို့ ပြန်လည်ခုန်ဝင်သည်။ တမိနစ်ခန့် ကြာပြီးနောက်တွင် ဘဲနှုတ်သီးဖြင့် ငါးတကောင် ပေါ်လာကာ ရေထဲသို့ ခုန်ဝင်လာသည့် ငါးအား ဝါးမြိုပစ်သည်။

ပိုင်ချူးရန်တို့က ကျောက်တိုင်အား အာရုံစိုက်နေကြသော်လည်း ထူးခြားမှု မြင်နေရပေ။

"ဘာမှလည်း ဖြစ်မလာဘူး…"

ဟွမ်ဖုဖိန်က တီတိုးရေရွတ်လိုက်သည်။

"သတိမလွတ်နဲ့ဦး…"

ပိုင်ချူးရန်က သတိပေးစကားဆိုမိသည်။

"အရင်ခေတ်က မြေအင်မော်တယ် မဟုတ်ရင်တောင် ကျောက်စိမ်းဧကရာဇ်ဆိုတဲ့သူတွေ ချန်ခဲ့တာ… ငါ့အမြင်တော့ ဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူး…"

ပိုင်ချူးရန်၏ စကားအဆုံး၌ ကျောက်တိုင်ထက်တွင် အလင်းရောင် လက်သွားကာ စာလုံးများမှာ အပြာရောင် အလင်းများ ပေါ်လာသည်။ ထို့နောက် လေထဲသို့ ပျံတက်လာ၏ ။

"ဘယ်ကို သွားမို့ပါလိမ့်…'

ဟွမ်ဖုဖိန်က ဆေဘာဓားအား အသုံးပြု၍ ဓားအလင်းဖြင့် ကွန်ယက်တခု ဖန်တီးသည်။ ပိုင်ချူးရန်ကလည်း ချီအသုံးပြုကာ နေရာတခုလုံးအား ဖုံးလွှမ်းထားသည်။ သို့ရာတွင် အလင်းပျောက်များက အတားအဆီးများအား ဖောက်ဝင်သွားပြန်သည်။

"ဒါက ဒြပ်မဟုတ်သလို စွမ်းအင်လည်း မဟုတ်ပြန်ဘူး…'

ပိုင်ချူးရန်က ချက်ချင်းပင် ကောက်ချက်ချမိသည်။

"နောက်က‌ လိုက်သွားကြတာပေါ့…"

"ပြည်နယ်ကိုးခုဆီ ဦးတည်နေတာပဲ…"

ဟွမ်ဖျိုန်က ဆေဘာဓားအား ငါးဖြူအဖြစ်သို့ ပြောင်းလဲက စီးနင်းလိုက်သည်။ ထို့နောက် ပိုင်ချူးရန်အား ခေါ်ဆောင်ကာ…

"ဓားခေါင်းဆောင် လိုက်ကြတာပေါ့…"

နှစ်ဦးသားက ပျံသန်းနေသည့် အက္ခရာများ၏ ဦးတည်ရာသို့ လိုက်နေကြစဉ်တွင် ကျောက်တိုင်မှ တဖန်လင်းလက်လာပြီး ကိုယ်တခု ထွက်လာသည်။ ထိုအရာမှာ ဦးခေါင်းသုံးလုံးရှိကာ ခန္ဓာကိုယ် လင်းလက်နေသည့် ကြိုးကြာပင်။ ထိုသားရဲက ပိုင်ချူးရန်တို့အား ကိုက်ဖြတ်ရန် ပါးစပ်ဟကာ ပျံသန်းလာသည်။

ခေါင်းသုံးလုံး ကြိုးကြား၏ အင်အားမှာ ချီမင်ဓားဂိုဏ်းအား တိုက်ခိုက်ဖူးသည့် မိုးကြိုးသားရဲဖြင့်ပင် အင်အားတူညီသေးသည်။ ဟွမ်ဖုဖိန်က သားရဲအား အထင်မသေးဝံ့တော့ပေ။ ထို့ကြောင့် ငါးဖြူအား ဆေဘာဓားအဖြစ်သို့ ပြန်ပြောင်းကာ ကြိုးကြာအား ခုတ်ပိုင်းပစ်သည်။

သို့ရာတွင် ဟွမ်ဖုဖိန်က ငါးဖြူထက်မှ ပိုင်ချူးရန်အား မေ့သွားခဲ့သည်။ သို့ဖြစ်ရာ ချူးရန်က ခြေချစရာ ပျောက်ဆုံးသွားသည့်အတွက် ဝိညာဉ်ပျက်မြစ်အတွင်းသို့ ပြုတ်ကျသွားရသည်။ မြစ်ထဲမှ ရေသတ္တဝါများစွာက ကောင်းကင်မှ ပြုတ်ကျလာသည့် လူသားအား စောင့်မျှော်နေကြသည်။

သို့သော်လည်း ပိုင်ချူးရန်က လက်ဝါးချက်တခု ပို့လွှတ်လိုက်သည်။ ရေမျက်နှာပြင်သို့ လက်ဝါးချက် ရောက်ရှိချိန်၌ လှိုင်းဂယက်များပင် ထသွားတော့သည်။ ထိုခဏ၌ မရေမတွက်နိုင်သည့် သားရဲများ သေဆုံးသွားကြရသည်။

ပိုင်ချူးရန်သည်လည်း လက်ဝါးချက်အား အားယူ၍ ဟန်ချက်ထိန်းကာ ကျောက်တိုင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ကျောက်တိုင်ဖြင့် ထိမိချိန်၌ ဟွမ်ဖုဖိန်အား တိုက်ခိုက်နေသည့် ခေါင်းသုံးလုံး ကြိုးကြာက ပိုင်ချူးရန်ရှိရာသို့ ခေါင်းလှည့်လာသည်။ သို့သော်လည်း ဟွမ်ဖုဖိန်က ရုတ်ချည်း လမ်းပိတ်သည်။ သားရဲနှင့် လူသားတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြန်သည်။

"ငှက်ကို မင်းတာဝန်ထားလိုက်ပြီ…"

ပိုင်ချူးရန်က အော်ပြောနေသည်။ ထို့နောက် လက်ဆန့်တန်းကာ ကျောက်တိုင်အား ဖမ်းဆုပ်လိုက်၏ ။ ထိုသို့ ဆုပ်ကိုင်ထားရာမှ တဖြေးဖြေးချင်း ကြိုးကြာပေါ်လာသည့် နေရာသို့ ရောက်သွားသည်။ ထိုခဏ၌ သိုလှောင်အိတ်အတွင်းမှ ပုံရိပ်ဖမ်းကျောက်တုံးအား ယူလိုက်ကာ အစီအရင်အား ဘက်ပေါင်းစုံမှ မှတ်တမ်းရယူသည်။ ထို့အပြင် ဗလာစိတ်ဝိညာဉ်ကျောက် တုံးအား ထုဝ်ယူ၍ အစီအရင်၏ စွမ်းအားကို ဖမ်းယူလိုက်သည်။

ဟွမ်ဖုဖိန်က အားကုန်သုံး၍ တိုက်ပွဲဆင်နွှဲနေသည်။ ထို့ကြောင့် သူ၏ အနောက်၌ ကောင်းကင်နတ်ဆိုး ပုံရိပ်ပေါ်လာ၏ ။ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပေါ်လာကာ ဓားနှစ်လက်ကိုလည်း ကိုင်ဆောင်ထားသေးသည်။ ထိုခဏတွင် ခေါင်းသုံးလုံး ကြိုးကြာငှက်မှာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။

"ဟားဟား ငှက်ကလေး တကောင်ပါပဲ…"

ဟွမ်ဖုဖိန်၏ စကားမဆုံးမီ၌ ပျက်စီးသွားသည့် သားရဲငှက်မှာ ပြည်လည်ဖွဲ့စည်းသွားပြန်သည်။ ကြိုးကြာငှက်က ဟွမ်ဖုဖိန်အား လျစ်လျူရှု၍ ပိုင်ချူးရန်ထံသို့ ဦးတည်နေလေသည်။

"မင်းက ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ မဟာအကြီးအကဲ ဖြစ်နေတာတောင် အစီအရင်ကနေ ဖြစ်လာတဲ့ ငှက်တကောင်ကို မနိုင်တာလား…"

ပိုင်ချူးရန်က နောက်လှည့်မကြည့်ဘဲ ပြောနေခြင်း ဖြစ်သည်။

ဟွမ်ဖုဖိန်က မျက်နှာထား တည်သွားကာ ဓားကိုင်ဆွဲ၍ ဆက်လက် တိုက်ခိုက်ပြန်သည်။

ကြိုးကြာငှက်ဖြင့် အချိန်တခုကြာ တိုက်ခိုက်၍ ကြိမ်ဖန်များစွာ သတ်ပစ်နိုင်သည်။ ဟွမ်ဖုဖိန်အနေဖြင့် မောပန်းလာသည်အထိ တိုက်ခိုက်နေသော်လည်း ကြိုးကြာငှက်မှာ ပျက်စီးသည့်တိုင် အသစ်တဖန် ပြန်ဖြစ်နေသေးသည်။ ကြိုးကြာငှက်၏ ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်ပစ်ခြင်းသည်ပင် အသုံးမဝင်နေပေ။

"ဟုတ်ပြီလေ…"

ဟွမ်ဖုဖိန်က မောပန်းလာသည်ဟု ခံစားရချိန်တွင် ပိုင်ချူးရန်၏ စကားသံအား ကြားလိုက်ရသည်။

"ပြီးပြီ လုပ်ငန်းစတော့…"

"ဒီစကားကို စောင့်နေတာကြာပေါ့…"

All Chapters