← Chapters

ပျောက်ဆုံးနေသည့်မြို့

Vol. 11 Ch. 107

ပျောက်ဆုံးနေသည့်မြို့

Vol. 11 Ch. 107

ခဏကြာပြီးနောက်တွင် မတူညီသည့် အင်အားစုများမှ အင်အားမတူညီသူများက တဖြည်းဖြည်းချင်း လျှောက်လှမ်းသွားကြသည်။ အကုန်လုံးက စီတန်းညီညာစွာဖြင့် ရှေးဟောင်းမြို့ ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်သွား၏ ။ ထို့နောက် အမှောင်ထုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။

လူစုလူတန်းမှ နောက်ဆုံးသောသူ ဝင်ရောက်ပြီးချိန်၌ မြိုတံခါးသည်လည်း ဖြေးညှင်းစွာ ပိတ်သွားသည်။ ထို့နောက် ထူထပ်လှသည့် မြူများ ပေါ်လာကာ မြို့အား လွှမ်းခြုံသွားပြန်သည်။ သိပ်သည်းထူထပ်သည့် မြူများကြား၌ မြို့ကြီသည်လည်း ဖြေးဖြေးချင်း ပျောက်ကွယိသွားတော့သည်။

နေ့တဝက်ခန့် ကြာပြီးနောက်တွင် မြူထုကြီး ကွယ်ပျောက်သွားတော့သည်။ သို့သော်လည်း ရှေးဟောင်းမြို့ကြီးမှာ အစအနပင် ရှာမရတော့ချေ။ ပေါ်ပေါက်လာခြင်းကပင် အိပ်မက်တခုပမာ ထင်နေရသည်။

………

"ဂိုဏ်းခေါင်းဆောင် မင်္ဂလာပါ…"

ယွဲ့ချန်းလျန် လမ်းလျှောက်နေစဉ်တွင် တပည့်များစွာက ရပ်တန့်၌ ပရိုအသေပေးကြသည်။ သို့သော်လည်း တခြားသော တပည့်များက ကိုယ်စီ သက်ဆိုင်ရာ လုပ်ငန်းများဖြစ်သည့် မီးထိန်းချုပ်ခြင်းနှင့် မီးဖိုပေါ်၌ လက်နက် ပုံသွင်း သွန်းလောင်းခြင်းတို့အား လုပ်ဆောင်နေသည်။

ပုံသွင်းကောင်းကင် ရဲတိုက်၏ စည်းမျဉ်းမှာ တပည့်များ အလုပ်လုပ်နေစဉ်၌ အကြီးအကဲများ ရောက်လာပါက အရိုအသေပေးရန် မလိုအပ်ပေ။ ဂိုဏ်းခေါင်းဆောင်ပင် ချွင်းချက် မဟုတ်နေချေ။

"ကိုယ့်အလုပ်ကို အာရုံစိုက်… အာရုံမလွင့်စေနဲ့…"

ယွဲ့ချန်းလျန်က ပြော‌နေသည်။

"မင်းတို့ ဘေးက နှုတ်ဆက်မလာတဲ့ အပေါင်းအဖော်တွေကို အတုယူကြ… ငါက မင်းတို့ အရိုသေပေး မပေးကို ဂရုမစိုက်ဘူး… အလုပ်ရုံမှာ အရို‌အသေပေးတာထက် လက်နက်ရဲ့ အဆင့်အတန်းကပဲ အရေးကြီးတယ်…"

'ဂိုဏ်းခေါင်းဆောင်က သန့်စင်မှု လမ်းကြောင်းရဲ့ ခေါင်းဝောင် ပီသပါပေတယ်… တကယ့်ကို ထူးခြားတဲ့ စိတ်သဘော ရှိနေတာပဲ…"

"ဒါ… ငါကြားဖူးတာတော့ ဂိုဏ်းခေါင်းဆောင် အရက်မူးပြီး မြစ်ကမ်းပါးမှာ အဝတ်ချွတ်နဲ့ ပြေးတတ်တယ်ဆို… အခုတော့ အဲ့တာက ကောလဟလဖြစ်ပုံပဲ… ဒီလို ခေါင်းဆောင်က ဘယ်လိုလုပ်မှာတုံး…"

ယွဲ့ချန်းလျန် ဖြတ်လျှောက်သွားချိန်၌ တပည့်များစွာက လေးစားအားကျစွာဖြင့် တီတိုးပြောနေကြသည်။

ယွဲ့ချန်းလျန်က အလုပ်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီးနောက်တွင် စာကြည့်ခန်းသို့ ပြန်သွားကာ စာရွက်စာတမ်းများအား ကိုင်တွယ် ဖြေရှင်းရန် ပြင်ဆင်သည်။ သို့သော်လည်း ထိုအချိန်၌ တပည့်တဦး ရောက်လာကာ အလောတကြီး တင်ပြမှုပြုသည်။

"ဂိုဏ်းခေါင်းဆောင် မူမမှန်တာ တခုခု ရှိနေပါတယ်… တုန်လင်နိုင်ငံတော်ရဲ့ ဧကရာဇ်က အကူအညီတောင်းလာတာပါ… ‌မနေ့က တုန်လင်နိုင်ငံ မြောက်ပိုင်းမှာ ရှေးဟောင်းမြို့တခု ပေါ်လာပါတယ်… ဧကရာဇ်က စောင့်ရှောက်သူရဲ့ တပ်သားထောင်ချီကို စစ်ဆေးဖို့ လွှတ်ခဲ့မိတယ်… ဒါပေမယ့် စစ်ဆေးဖို့ လွှတ်လိုက်တဲ့ လူအကုန်လုံးလည်း ပျောက်နေကြပါပြီ… ထူးဆန်းတာကတော့ ရှေးဟောင်းမြို့ပါ မရှိတော့တာပါပဲ…"

"အို…"

ယွဲ့ချန်းလျန်က မျက်မှောင်ကြုံ့ကာ မေးခွန်းထုတ်သည်။

"သေသေချာချာပြောဦး စောင့်ရှောက်သူ အကုန်လုံးနဲ့ စစ်သည်တွေ ပျောက်သွားတာလား…"

"ဟုတ်ပါတယ်…"

တပည့်ဖြစ်သူက တင်ပြပေးလာသည်။

"သူတို့တင် မကပါဘူး နိုင်ငံထဲက ကျင့်ကြံသူနဲ့ ပြည်သူတချို့ကောပါ… အဲ့အချိန်တဝိုက် အခင်းဖြစ်တဲ့နေရာမှာ ရှိနေတဲ့သူ အကုန်လုံး ရှေးဟောင်းမြို့နဲ့အတူ ပျောက်သွားကြတာ…"

ယွဲ့လင်းချန်က ခဏကြာ စဉ်းစားသုံးသပ်လိုက်သည်။

"အကြီးအကဲလျိုဆီ သွားလိုက် ပြီးတော့ မျက်စိလျင်တဲ့ တပည့်တွေနဲ့ အခင်းဖြစ်တဲ့နေရာကို သွားတော့… နောက်ပြီး အမှန်တရား မဟာမိတ်အဖွဲ့ကိုပါ ဒီအကြောင်း တင်ပြဦး…"

"ဟုတ်ကဲ့ပါ…"

ပုံသွင်းကောင်းကင် ရဲတိုက်က ယခုကဲ့သို့သော အရေးအခင်းများအား ဝင်ရောက်စွက်ဖက်မှု မပြုတတ်ပေ။ ပြည်နယ်ကိုးခု၏ နယ်မြေက ကျယ်ပြန့်လွန်းလှပြီး အင်မော်တယ်များနှင့် နတ်ဆိုးများ ချန်ရစ်သည့် အမွေအနှစ် အပျက်အစီးများက နေရာတိုင်းတွင် တည်ရှိသည်ဟု ဆိုရပေလိမ့်မည်။ လူအများစုက ထိုကဲ့သို့သော အရာများအား ရှာဖွေရန်ပင် တူးဆွ ဖော်ထုတ်မှုများ ပြုလုပ်ကြသေးသည်။

သို့သော်လည်း တုန်လင်နိုင်ငံမှာ ပုံသွင်းကောင်းကင် ရဲတိုက်၏ ကာကွယ်မှုအောက် ရှိနေသည်။ နိုင်ငံ စောင့်ရှောက်သူများတွင်လည်း ဂိုဏ်းမှ တပည့်များစွာ ပါဝင်သည်။ ထို့ကြောင့် ဧကရာဇ်ကိုယ်တိုင်မှ အကူအညီ တောင်းခံလာချိန်တွင် ယွဲ့ချန်းလျန် အနေဖြင့် လျစ်လျူရှုမထားနိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် အမှန်တရား မဟာမိတ် အဖွဲ့အစည်းအား မတော်တဆမှု တင်ပြချိန်၌ စစ်ဆေးမှုပြုလုပ်ရန် လူလွှတ်ထားခြင်းလည်း ဖြစ်သေးသည်။ လက်နက်သန့်စင်သည့် ဂိုဏ်းတခုအနေဖြင့် လက်နက်သန့်စင်ရာတွင်သာ ထူးချွန်ကြသည်။ ထို့ကြောင့် မဟာမိတ် အဖွဲ့အစည်းသို့ တင်ပြခြင်းက အကောင်းဆုံး ရွေးချယ်မှုတည်း။

သို့သော်လည်း ယွဒ့ချန်းလျန်၏ စိတ်၌ ခံစားချက် မကောင်းနေပေ။ ဆိုးဝါးသည့် ဖြစ်ရပ်များဖြင့် ကြုံရမည်ဟု စိတ်ထင့်နေသည်။ သို့သော်လည်း အကြောင်းပြချက် ရေရာစွာ ရှိနေခြင်းမျိုးလည်း မဟုတ်ချေ။

All Chapters