← Chapters

မကောင်းဆိုးဝါး

Vol. 11 Ch. 109

မကောင်းဆိုးဝါး

Vol. 11 Ch. 109

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဌာနချုပ်တွင် ဖြစ်သည်။ ဟွမ်ဖုဖိန်က ပုံရိပ် ကျောက်တုံးနှင့် စွမ်းအင် ကျောက်တုံးအား ယူဆောင်ကာ ကောင်းကင် နတ်ဆိုးဂိုဏ်း၏ ဂိတ်တံခါးသို့ ဝင်ရောက်လာသည်။

ဟွမ်ဖုဖိန်၏ အမြန်နှုန်းက ပိုင်ချူးရန်၏ အမြန်နှုန်းထက် နှေးကွေးသော်လည်း လျင်မြန်လွန်းသည်ဟု ဆိုနိုင်သည်။ ပိုင်ချူးရန်က ဆန်းကြယ် ကျောင်းတော်သို့ သွားရောက်ချိန်၌ ဟွမ်ဖုဖိန် သည်လည်း ကောင်းကင် နတ်ဆိုးဂိုဏ်း၏ ဌာနချုပ်သို့ ပြန်နေပြီ ဖြစ်၏ ။

ဂိုဏ်းခေါင်းဆောင်ဟောင်း တဖြစ်လဲ မဟာအကြီးအကဲ ဟွမ်ဖုဖိန်မှု ဂိုဏ်းအတွင်း၌ ဂုဏ်သတင်းကြီးလှသည်။ ဟွမ်ဖုဖိန်က တပည့်များဖြင့် ကျိလင်ယွမ်အား ဆင့်ခေါ်လိုက်သည်။

"လင်ယွမ် မိစ္ဆာ မဟာမိတ် အဖွဲ့အစည်းထဲမှာ ဘယ်ဂိုဏ်းက အစီအရင်နဲ့ စွမ်းအင်အပိုင်း လေ့လာမှု အားသာလဲ…"

ကျိလင်ယွမ်က ခဏကြာ၏ စဉ်းစားလိုက်ကာ ပြန်ဖြေပေးလာ၏ ။

"ဒီအပိုင်းတွေကို လေ့လာတဲ့သူတော့ နည်းတယ် အဲ့တာကြောင့်မို့ မိစ္ဆာမဟာမိတ် အဖွဲ့အစည်းမှာ ဒီအပိုင်းတွေ အထူးပြုလေ့လာတဲ့ဂိုဏ်း မရှိနေဘူး… အကုန်လုံးက ဂိုဏ်းရဲ့ မှော်စွမ်းရည်နဲ့ အစီအရင်ကိုပဲ သီးခြားလေ့ကျင့်ကြတာလေ… ဆရာလည်း သိမှာပါပဲ… မိစ္ဆာ မဟာမိတ်အဖွဲ့အစည်းရဲ့ ဂိုဏ်းတွေက မဟာမိတ်ဆိုပေမယ့် တယောက်ကိုတယောက် သတိထားနေရတာ… တခြားဂိုဏ်းအတွက် အစီအရင်ကို လေ့လာဖို့ ဘယ်ဖြစ်နိုင်မလဲ…"

"ဒါပဲ…"

ဟွမ်ဖုဖိန်က ခဏကြာ ကြောင်ငေးသွားကာ ပြောလာပြန်သည်။

"လင်ယွမ် ငါတို့အဖွဲ့အစည်းက ဒီနှစ်သုံးထောင်မှ နာမည်မကျော်ကြားရတဲ့ အကြောင်းအရင်းကို ပြန်သုံးသပ်ရမယ်… ချီမင်ဓားခေါင်းဆောင်က တခုခုရတာနဲ့ ဆန်းကြယ်ကျောင်းတော်ဆီ ချက်ချင်းသွားတယ်…"

နှစ်ဦးသားက ခဏတာ ငြိမ်ကျသွားကြသည်။ ထို့နောက်တွင် ဟွမ်ဖုဖိန်က သတိပြန်ဝင်သွားကာ…

"လင်ယွမ် ငါတို့ဂိုဏ်းရဲ့ ပါရမီရှင်တွေကို စုထား… ပြီးရင် ကာမသုတြာဂိုဏ်းနဲ့ ဝိညယဉ်ဂိုဏ်းဆီ လူလွှတ်လိုက်… စုရှန်းရွှယ်ကို ဒီလူအိုကြီးဆီမှာ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေအတွက် အရေးကြီးကိစ္စ ဆွေးနွေးစရာရှိတယ်လို့ ပြောထား… ပြီးရင်တော့ စူးစမ်းလေ့လာမှု အားကောင်စတဲ့သူတွေကို ငါတို့ဂိုဏ်းဆီ လွှတ်ခိုင်း… အတူတူ ပူးပေါင်းပြီး လေ့လာမှ ရတော့မယ်…"

………

ချင်ပြည်နယ်ရှိ ရှီလင်နိုင်ငံတွင် ဖြစ်၏ ။

‌ပုံသွင်း ကောင်းကင်ရဲတိုက်မှ အကြီးအကဲလျိုနှင့် တပည့်များက တောင်တခုပေါ်၌ ပေါ်လာကြသည်။

ထိုသူများမှာ ဂိုဏ်းခေါင်းဆောင် ယွဲပချန်လျန်၏ညအမိန့်အရ တုန်လင်နိုင်ငံ၏ ရှေးဟောင်းမြို့တော် ပေါ်လာမှုနှင့် ပျောက်ကွယ်သွားခြင်းတို့အား လေ့လာရန် ရောက်လာကြသူများ ဖြစ်သည်။ သို့သော်လည်း အခင်းဖြစ်ရာနေရာသို့ ရောက်သွားချိန်၌ ရှီလင်နိုင်ငံ၌ ရှေးဟောင်းမြို့ ပေါ်လာပြန်သည်ဟူသော သတင်းရရှိလိုက်သည်။

တုန်လင်နှင့် ရှီလင်နိုင်ငံကြား၌ ချင်လင်ဟူသည့် နိုင်ငံတခု ခြားနေသည်။ နိုင်ငံနှစ်ခုက ကာလရှည်ကြာ စစ်ပွဲဖြစ်ပွားဖူးသည်။ညသို့ရာတွင် လက်တလောကာလ၌ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာပြီ ဖြစ်၏ ။ မျက်မှောက်ကာလတွင် ရှီလင်နိုင်ငံ၏ ဘုရင်မှာ တုန်လင်နိုင်ငံ၏ သမက် ဖြစ်သည်။

နိုငံနှစ်ခု၏ ဆက်ဆံရေးမှာ ရိုးရှင်းသည်ဟု မဆိုနိုင်ပေ။ သံတမန်ရေးရာ ဆက်ဆံမှုများ ပြီးဆုံးပြီးနောက်တွင် တုန်လင်ပြည့်ရှင်က ရှီလင်ဘုရင်အား ယုံကြည်စိတ်ချထားခြင်း မရှိဘဲ သတိကပ်ထားဆဲသာ ဖြစ်သည်။ သာမန် အခြေအနေဆိုပါက သမက်ဖြစ်သူ၏ တပ်သားများ ပိတ်မိစေရန် လုပ်ဆောင်မိပေလိမ့်မည်။

သို့သော်လည်း ရှေးဟောင်းမြို့၏ မတော်တဆမှု၌ ရွှေအမြုတေအဆင့်ပင် ပျောက်ဆုံးနေသည် မဟုတ်လော။ သို့ဖြစ်ရာ သာမန်အခြေအနေ မဟုတ်သည်က မြင်သာလှသည်။ သတိကြီးသူ ဖြစ်သော တုန်လင် ပြည့်ရှင်မင်းက ယခုအရေးအား ပုံသွင်းကောင်းကင်အား ကိုင်တွယ်ရန် လက်လွှဲပေးထားသည်။ တချိန်တည်းတွင် ရှီလင်ဘုရင်ကိုလည်း သတိပေးထားခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းမြိူ့တော် ပေါ်လာချိန်၌ အနီးမှ ကျင့်ကြံသူများ ချဉ်းကပ်မှု မပြုနိုင်ရန် စစ်တပ်စေလွှတ်၍ ထိန်းချုပ်ထားသည်။ ထို့အပြင် ယောက္ခထီး ဖြစ်သော တုန်လင်ပြည့်ရှင်မင်းမှတဆင့် ပုံသွင်းကောင်းကင် ရဲတိုက်ကိုလည်း သတိပေးနိုင်ခဲ့သည်။

သတင်းရပြီးနောက်တွင် အကြီးအကဲလျိုက တပည့်တဦးအား ဂိုဏ်းပြန်၍ သတင်းပို့စေသည်။ ထိူ့နောက် ကျန်နေသည့် တပည့်များဖြင့် ရှေးဟောင်းမြို့တော် ပေါ်လာသည့်နေရာသို့ သွားရောက်သည်။

"အကြီးအကဲ ရှေးဟောင်းမြို့က ဟိုမှာပါပဲ…'

တပည့်တဦးက တောင်၏ ဘေးသို့ ညွှန်ပြကာ တင်ပြသည်။ အကြီးအကဲလျိုက ထိုနေရာသို့ ကြည့်လိုက်ရာ သစ်ပင်များကြားမှ ထင်သာမြင်သာ ရှိလှသည့် မြို့ကြီးတခုအား မြင်မိသွားသည်။

"ရုပ်သေးထုတ်လိုက် ပြီးရင် သေချာပြင်ဆင်ထားကြ…"

အကြီးအကဲလျိုက ညွှန်ကြားမှုပြုသည်။

"စိတ်ဝိညာဉ် အဆင့်အောက်က တပည့်အကုန်လုံး ရုက်သေးတွေ ထိန်းချုပ်ပြီး နေခဲ့ကြ… စိတ်ဝိညာဉ်အဆင့်နဲ့ အထက်တွေကတော့ ငါ့နောက်လိုက်ရမယ်… အခြေအနေမဟန်ဘူးဆိုတာနဲ့ ချက်ချင်းနောက်ဆုတ်ကြ…'

ညွှန်ကြားမှု ပြီးဆုံးချိန်၌ တပည့်အများစုက အိတ်အတွငိးမှ လူပုံသဏ္ဍာန် ရုပ်သေးများအား ထုတ်လာကြသည်။ ထိုရုပ်သေးများမှာ ဆန်းကြယ်ကျောင်းတော်မှ ပုံစံဆွဲထားသည့် အရာများပင်။ အဖိုးအခ ကြီးမြင့်လှသော်လည်း တိုက်ခိုက်နိုင်စွမ်း ကောင်းမွန်သည်။ ထိန်းချုပ်မှုအား သင်ယူပြီးနောက်တွင် ရုပ်သေးအား ထိန်းချုပ်သူမှာ လက်ရှိအဆင့်ထက် ကျော်လွန်သည့် စွမ်းအား ထုတ်သုံးနိုင်မည် ဖြစ်၏ ။

အကြီးအကဲလျိုနှင့်အတူ ပါလာသည့် တပည့်များမှာ ပုံသွင်းကောင်းကင် ရဲတိုက်၏ နောက်ခံအင်အားဟု ဆိုရလောက်သည်။ ရုပ်သေးတခုစီ၏ တိုက်ခိုက်နိုင်စွမ်းမှာ ထိပ်သီး စိတ်ဝိညာဉ်အဆင့်ဖြင့် ညီမျှသည်။ ထိုအဆင့် ကျင့်ကြံသူများမှာ ဂိုဏ်းအများစု၌ အကြီးအကဲအဆင့်များ ဖြစ်ကြသည်။

All Chapters