အခန်း (၁၅၁-၁၅၃)
Vol. 11 Ch. 151-153
Book11( 151to165)
(151) သားရဲသခင်ကိုယ်ခန္ဓာစတင်နိုးထခြင်း (a)
"လာ" ဂျိတ်လည်းထန်ဟောက်အား ခေါ်ဆောင်ကာ အိမ်ထဲသို့ ဝင် လိုက်၏။ထန်ဟောက်လည်း ဂျိတ်ခေါ်ဆောင်ရာနောက်သို့ ပါသွားလေ၏။ "အဲ ပြောဖို့ မေ့နေတာ ငါ့ဆီမှာပညာသင်မဲ့နှစ်ယောက်ရှိတယ် တစ်ယောက်က တာနာရှာတဲ့ သူကလက်နက်အတတ်ပညာကို သင်နေတယ် နောက်တစ်ယောက်ကဖယ်တဲ့ သူကျတော့ အင်း ပညာသင်ချင်တာ " ဂျိတ်လည်း သူ၏ပညာသင်နေသောနှစ်ယောက်ကိုထန်ဟောက် အားပြော၏။သူတို့ နှစ်ယောက်သည် တရားဝင်တပည့်အဆင့်မ ရောက်သေးသော်လည်း ပညာသင်နေသူမို့ ပြောခြင်းဖြစ်သည်။ ဖယ်သည် ပညာပင်မသင်ယူရသေး ဆွေးနွေးသောအဆင့်သာရှိ သည်ဖြစ်သည်။ "ဒါဆို ကျနော်ကအရင်တပည့်ဖြစ်လာတာပေါ့" "အေးပေါ့" ထန်ဟောက်လည်း ဂျိတ်၏အပြောကြောင့် ဝမ်းသာသွားသည်။ ယခုမြင်နေရသောအိမ် ဆရာပြောသောစကားများအရ ဆရာ၌သင်ယူနေသောတပည့်မျာယရှိကြောင်းနဲ့ဆရာ၏နေရာ အတည်တကျရှိခြင်းက သူ့အားဝမ်းသာစေသည်။ "ဟာ ဆရာရောက်ပြီလား ရော့ဆရာဟာတွေ" ဖယ်(ဂရိတ်အတိုင်ပင်ခံ )သည် သေတ္တာတစ်ခုဖြင့် ဂျိတ် အားပေး၏။ "ဘာတွေလဲ" "ဆရာမေ့နေတယ်ထင်တယ် ဒါကဆရာ့ဟာတွေလေ" ဂျိတ်လည်း သေတ္တာအားဖွင့်ကြည့်၏။သေတ္တာထဲတွင် တံဆိပ် ပြားများ များစွာရှိနေကြောင်းတွေ့လိုက်ရလေသည်။ ("နေပါဦးဒါတွေက") ချက်ချင်းဆိုသလိုပင် သူ၏ဦးနောက်ထိသို့ အချက် လက်များဝင်ရောက်လာ၏။ ("ကတောက် မထင်ရဘူးဟ") ဂျိတ်အကြောင်းရင်းသိလိုက်ရပြီဖြစ်၏။သူသိုင်းဝိညာဥ်ကမ္ဘာ သွားနေတုန်း သူ၏ကိုယ်စားနေရာယူထားသော ဂျိတ်တစ် သည် ရှိသမျှသောပညာရပ်များကိုဝင်ရောက်ဖြေဆိုထားခြင်း ဖြစ်သည်။ထို့ ကြောင့်သေတ္တာထဲ၌ အသိမှတ်ပြုတံဆိပ်များက ပုံ လျက်ရှိနေခြင်းဖြစ်သည်။ "ဝိုး ဆရာက ဒါတွေလည်းတတ်တာလား" ထန်ဟောက်မျက်လုံးများတောက်ပနေသည်။သေတ္တာထဲ၌ရှိနေ သော တံဆိပ်များကိုသူမြင်လိုက်ရသောကြောင့်ဖြစ်၏။ဆေး ပညာ ပန်းတိမ် ပန်းပဲ စုံလင်လှသောတံဆိပ်များက သေတ္တာထဲ၌ရှိ နေ၏။ "ဆရာက အကုန်တတ်တယ် ဒါနဲ့မောင်ရင်လေးက " ဖယ်လည်း ထန်ဟောက်ကိုမြင်သည်နဲ့မေး၏။ "ကျနေနာ်လား ထန်ဟောက်ပါ ဆရာရဲ့ပထမတပည့်ပေါ့" ထိုစကားကြောင့် ဖယ်၏မျက်လုံးများတောက်ပသွားသည်။ ပထမတပည့်ဆိုပါလား သူစိတ်ဝင်စားသွားသည်။ဂျိတ်၏တပ ည့်ဆိုကတည်းက တစ်ခုခုတော့ထူးခြားမည်ဟုထင်လိုက်သည်။ "ဒါဆိုလည်း ငါ့ညီ ကိုကြီးကဖယ်ဂရိတ်တိုင်းပြည်ရဲ့ အတိုင်ပင်ခံပါ" ဂျိတ် ရေသောက်နေရင်းသီးခါနီးဖြစ်သွား၏။သူ၏အသက် သည်ရှစ်ဆယ်နှစ်ဖြစ်ကာ သူမြေးအရွယ်လေးအား ညီဟုခေါ်နေ သောကြောင့်ဖြစ်၏။ ဂျိတ်သည် တာနာရှာနဲ့ဖယ်အား ပညာတစ်ပိုင်းသာသင်ကြားပေး မည်ဖြစ်သောကြောင့် အမည်ခံတပည့်ဟုခေါ် နိုင်သည်။ထန် ဟောက်ကား သူ၏ဘဝတစ်လျှောက်လုံး၏တပည့်ဖြစ်မည်ဖြစ် သလို ထန်ဟောက်၏ဘဝအတွက်လည်း ဂျိတ်ကသာဆရာဖြစ် နေတော့မည်ဖြစ်သောကြောင့် တရားဝင်တပည့်ဟုခေါ် နိုင်သည်။ "ကိုကြီးက အင်းပညာသင်ဖို့ လေ ညီငယ်ကကောဘာသင်တာ လဲ" ဖယ်၏စကားကြောင့်ထန်ဟောက်လည်း "ကျနော်က သိုင်းဝိညာဥ်သင်မှာလေ ပြီးတော့တိုက်ခိုက်တာ ပေါ့" ဖယ်သည် သိုင်းဝိညာဥ်အားမကြားဖူးသော်လည်း ဂျိတ်၏များ စွာသောအတတ်များမှတစ်ခုဖြစ်မည်ဟုယုံကြည်သည်။ "ကောင်းပြီ ဖယ် ခင်ဗျား ဘာသင်မယ်ဆုံးဖြတ်ပြီးပြီလား" ဂျိတ်သည် ဖယ်အားမေးမြန်း၏။ဖယ်သည် တာနာရှာထံမှ ကျောက်ပြားရရှိကာ အတတ်ပညာများအကြောင်းသိနေပြီး ဖြစ်ကြောင်း ဂျိတ်လည်းသိနေသောကြောင့်ဖြစ်၏။ "ကျနော်လား အင်းပညာတတ်ဖို့ ပဲ ဆုံးဖြတ်ထားတာပါ ပြီးတော့ သူ့နဲ့ဆက်စပ်တာလေးတွေကော နည်းပါးသင်လို့ ရမလား" "ရတယ်" ဖယ်အတွက် သင်ပေးရမယ်က ပြသနာမရှိပေ။ "ခင်ဗျား ကြိုက်တဲ့နှစ်နည်းသင်လို့ ရတယ် တစ်နည်းက ကျုပ်ရဲ့ အဖွဲ့ထဲဝင်ပြီးပညာသင်တာ " "အဲ့တာဆို ဘာဖြစ်မလဲဗျ" ဖယ်မှကြားဖြတ်မေး၏။ " ကျုပ်အဖွဲ့ထဲဝင်ပြီးပညာသင်မယ်ဆိုရင် ပညာလည်းသင်ရ မယ် ဒါပေမဲ့ ကျုပ်ရဲ့လက်အောက်မှာနေပြီးကျုပ်ခိုင်းတာလုပ်ရ မယ်ပေါ့ " "နောက်တစ်ခုကကော" ."ထန်ဟောက်လိုပေါ့ သူလိုကျုပ်ရဲ့တရားဝင်တပည့်ဖြစ်လာပြီး ပညာသင်ရမယ် " ဂျိတ်မှနည်းနည်းသာပြောသော်လည်း ဖယ်သဘောပေါက်၏။ တပည့်ကို အမည်ခံနဲ့တရားဝင်ဟူကာ ဂျိတ်မှသတ်မှတ်ထား ကြောင်း နားလည်သည်။ဒါကလည်း ဖြစ်သင့်သည်ဟု ဖယ် ယူဆသည်။အလွန်တန်ဖိုးကြီးသော ပညာများကို သင်ကြားခွင့် ရသည်ကပင်အလွန်မင်းတန်နေပြီဖြစ်၏။ တရားဝင်တပည့်ဆိုသည်ကပိုမိုလေးနက်သလို အဆင့်တန်းတစ် ခုရှိ၏။ဆရာသည် သူ၏ဘဝတစ်လျှောက်လုံး၏သေခြင်းရှင် ခြင်းကိုဆုံးဖြတ်ရာ အလွန်အရေးကြီး၏။ဆရာမှ ဖြစ်စေ တပ ည့်မှဖြစ်စေ သေချာဆုံးဖြတ်ပြီးမှ ထိုအဆင့်တန်းကိုလက်ခံကြ သည်ဖြစ်၏။ "ကောင်းပြီ ဒါဆို ဆရာ ကျနော် ဆရာ့အဖွဲ့ထဲဝင်ပါမယ်" ဖယ်သည် သူ၏ဆုံးဖြတ်ချက်ကိုချလိုက်၏။ "ဟုတ်ပြီ ဒါဆိုဒါကိုယူလိုက် မင်းကအဖွဲ့ထဲမှာနှစ်ယောက် မြောက်လူပဲ " ဂျိတ်ပေးသောအရာကို ဖယ်ယူလိုက်၏။ဤအရာသည် ယုန်ပုံစံ ရှိသော ကျောက်စိမ်းပြားတစ်ခုဖြစ်၏။ထိုအရာကို ဖယ် သူ၏သွေးတစ်စက်ချကာအမှတ်သားပြုလိုက်သည်။ထိုသို့ ပြုလုပ်လိုက်သည်နဲ့သူသည်ထိုကျောက်စိမ်းပြားနဲ့ဆက်စပ် သွားကြောင်း ခံစားမိသည်။ "ဟုတ်ပြီ ရော့ ဒါဆိုဒါကိုယူပြီး လေ့လာချေ တစ်လနေရင် ပြန်လာပါ စစ်ဆေးမယ်" ဂျိတ်ပေးသောအရာကို ဖယ်အမြတ်တနိုးယူလာကာ ပြန်သွား၏။ဖယ်တစ်ယောက်အလွန်မင်းပျော်ရွှင်နေသည် ဂျိတ် သည်သူ့အားအလွန်အရေးကြီးသောအရာဖြစ်သည့် အင်းပညာ အကြောင်းရာစာအုပ်ကိုပေးလိုက်သောကြောင့်ဖြစ်၏။ "ကဲ ထန်ဟောက် မင်းလည်း မြင်နေရတဲ့အိမ်တွေ့လား အဲ့မှာနေ ပြီးအနားယူတော့ နေ့လည်ကျရင် ဒီအိမ်လာခဲ့" "ဟုတ်" ထန်ဟောက်လည်း ဂျိတ်ပြသောအိမ်သို့ သွားကာအနားယူ၏။ဇို က်သာမြင်ပါက ထိုအိမ်သည် အသစ်ဖြစ်ပေါ်လာပြန်သောအိမ် ဟုသိမည်ဖြစ်သည်။ "ကဲ ငါ့သမီးကို တွေ့ရတာပေါ့" ဂျိတ်သည် သူ၏အိမ်ပေါ်ထပ်သို့ တက်သွားလိုက်သည်။
သားရဲသခင်ကိုယ်ခန္ဓာနိုးထခြင်း(b)
အိမ်ပေါ်တက်လိုက်သည်နဲ့ပုံပြင်ဖတ်နေသောသူ၏သမီးလေး ကို ဂျိတ်မြင်တွေ့လိုက်ရသည်။သူ၏သမီးကိုမြင်လိုက်သည်နဲ့ သူ၏စိတ်ထဲလန်းဆန်းသွားလေသည်။သားသမီးဆိုသည်မှာ မိဘတို့ ၏အမောပြေပင်ဖြစ်၏။ ("စနစ် အသိပေးချက် နောက်ငါးမိနစ်အတွင်း အယ်မလီလေးမှာ နိုးထလာပါတော့မယ်") ထိုအသိပေးချက်ကြောင့် ဂျိတ်၏အမူရာပြောင်းလဲသွား၏။ သမီးလေးဖြစ်သူကတော့ သိမယ်မထင် ယခုထိ သူမှာပုံပြင် စာအုပ်ဖတ်လို့ ကောင်းနေတုန်းဖြစ်၏။ငယ်ငယ်ရွယ်ရွယ်လေးနဲ့ စာဖတ်ဝါသနာပါသောသမီးလေးဖြစ်သောကြောင့် ဂျိတ် ဝမ်းသာခဲ့ရသည်ဖြစ်သည်။ ("ဘာလို့ စောစောနိုးထရတာလဲ ပြောပါဦး") ("သူမစားသုံးသောအစားစာများသည် အလွန်ကောင်းမွန်ပြီး စွမ်းအားများပြည့်ဝနေသောကြောင့် သူမ၏ကိုယ်ခန္ဓာနိူးထမှု ဖြစ်စဥ်ကိုစောစီးစွာဖြစ်ပေါ်စေလာခြင်းဖြစ်သည်") "သမီးလေး လာဦး" ဂျိတ်သည် သမီးလေးအားပွေ့ချီလိုက်သည်။ "ဘာလုပ်မို့ လဲ ဖီဖီ " "ဖေဖေ တစ်နေရာခေါ်သွားမို့ " ဂျိတ်ပြောရင်း သမီးဖြစ်သူအား ဒီယေဂိုမြို့နဲ့ဝေးကွာသော နေရာသို့ ခေါ်ဆောင်သွား၏။ခေါ်ဆောင်သွားရာ၌ တယ်လီပို့ နည်းဖြင့် ချက်ချင်းရောက်စေလိုက်သည်ဖြစ်သည်။ "သမီး ဒါလေးစားနော် " အယ်မလီပါးစပ်ထဲသို့ ဆေးလုံးတစ်ခုထည့်ကျွေးလိုက်၏။ "ဖီဖီ ချိုလိုက်တာ စားကောင်းတယ်" ဂျိတ်ကျွေးလိုက်သောဆေးလုံးသည် သကြားလုံးအရသာပါ သောဆေးဖြစ်ကာ အယ်မလီလေး၏ကိုယ်ခန္ဓာအောင်မြင်စွာနိူး ထလာအောင်ကူညီပေးမည်ဖြစ်သည်။ "သမီး ငြိမ်ငြိမ်လေးနေ သမီးကိုယ်ကနေအစွမ်းနိူးထလာမယ်လို့ အဖေထင်တယ်" "ဒါဆိုရင်သမီးကအစွမ်းရှိလာမှာပေါ့" "ဒါပေါ့" ပုံပြင်များစွာကိုဖတ်ဖူးသောကြောင့် သမီးလေးသည်ဂျိ တ်၏စကားများကိုကောင်းစွာသဘောပေါက်၏။ထိုကြောင့် ငြိမ် ငြိမ်လေးနေနေလိုက်သည်။ထို့ နောက်သူ၏လက်တွင်ပါလာ သောပုံပြင်စာအုပ်အားအသံထွက်ကာ ဖတ်ရှုနေသည်။ ဂျိတ်လည်း သမီးဖြစ်သူနဲ့အနည်းငယ်ဝေးကွာသောနေရာသို့ နေလိုက်၏။ထို့ နောက်သမီးဖြစ်သူကို အလေးနက်ထားကာကြ ည့်လိုက်သည်။ သမီးလေး၏ကိုယ်ခန္ဓာနိုးထမှုသည် ထူးခြား၏။ထို့ ကြောင့်စနစ် ကိုမေးမြန်းသည်။ ("နိူထခြင်းများစွာရှိ၏။ မွေးကတည်းကနိူးထလာသူများသည် အစွမ်းထက်ကြသည်။သူတို့ နိူးထလာသောအစွမ်းများကို လေ့လာသင်ယူပြီးထိန်းချုပ်ကြရ၏။နောက်တစ်မျိုးမှာ အကြောင်းတစ်ခုခုကြောင့် ငြိမ်နေရာမှအသက်ဝင်နိူးထလာ ခြင်း ထိုအကြောင်းရာနိူးထမှုသည် မနိူးထသည်လည်းဖြစ်နိုင် သလို နိူးထပါကလည်း ပိုမိုအစွမ်းထက်လာနိုင်သည်။") "သမီးလေးနိူးထမှုကရော" "လောကဆန့်ကျင်နိူးထမှု ရှားပါးနိူးထမှုဖြစ်၏။ထိုဖြစ်ရပ်ဖြစ် ပေါ်ပါက မိုးကြိုးပြစ်ဒဏ်ကိုရင်ဆိုင် ရ၏။အနိုင်ယူနိုင်မှသာ နိူး ထမည်ဖြစ်သည်။ထိုနိူးထမှုသည်အစွမ်းဆုံးဖြစ်၏" ဂျိတ်၏မျက်နှာပြောင်းသွားသည်။သူ၏သမီးလေးသည် အစွမ်းထက်သောကိုယ်အဖြစ်ကိုနိူးထနိုင်ခြင်းကိုသာအလိုရှိ၏။ ထို့ ကြောင့် အောင်မြင်စေရန် ဂျိတ်အစွမ်းကုန်လုပ်ဆောင်ပေး မည်ဖြစ်သည်။ထို့ ကြောင့် စနစ်မှအစွမ်းများစွာကို ဂျိတ်သုံး လိုက်သည်။ သမီးလေး၏ပတ်ဝန်းကျင်ကို အရင်ဆုံး အတားဆီးအရင်ချ၏။ အတားဆီးချထားခြင်းသည် အပြင်မှအနှောင့်ယှက်များမဝင်စေ ရန်ဖြစ်သည်။မိုးကြိုးပြစ်ဒဏ်ရင်ဆိုင်ချိန်၌ အနှောင့်ယှက် ပေါ်လာပါက သမီးဖြစ်သူသည်မိုးကြိုးပြင်းအားနှစ်ဆခံစားရ မည်ကိုစိုးရိမ်သောကြောင့် လုပ်ထားခြင်းဖြစ်သည်။အသံလုံ အောင်ဖန်တီး၏။မိုးကြိုးသံကြောင့် သူ၏သမီးလန့်သွားမည်စိုး သောကြောင့်ဖြစ်သည်။မိုးကြိုးကိုမြင်ပြီးမလန့်စေအောင်ပါ မ မြင်စေရန်ကိုပါ ဂျိတ်ဖန်တီးလိုက်သည်။ သမီးဖြစ်သူနေသောနေရာအား အကာကွယ်အစီရင် တန်ပြန် အစီရင် တိုက်ခိုက်အစီရင်များဖြင့်ဖြည့်လိုက်၏။ထိုအစီရင်များ ကို အားဖြည့်တင်းပေးသောအဖြည့်အစီရင်အပါဝင်သမီးလေး ဒဏ်ရာရမည်စိုးသောကြောင့် အမြန်ဆုံးကုသစွမ်းရည် အစီရင် ပါထည့်သွင်းထား၏။ "ဟူးဒီလောက်ဆို တော်ပြီထင်တယ် သခင်" စနစ်မှအသိပေးချက်ထွက်ပေါ်လာ၏။ "ဟီး ဟီး ငါ့သမီးလုံခြုံရမယ်လေ" "သခင်ပြောတာနားလည်ပါတယ် ဒါပေမဲ့အစီရင်တစ်မျိုးကို သခင်က အခုနှစ်ထောင်ချထားတာနော် " စနစ်အသိပေးမှ ဂျိတ်လည်းပြန်သတိထားမိ၏။သူသည်အမျိုး စားငါးမျိုးထည့်သွင်းကာ အခုပေါင်းတစ်သောင်းအထိ လုပ် ဆောင်ထားခြင်းဖြစ်သည်။ ("ထားပါတော့ သမီးလေးရဲ့ကိုယ်ခန္ဓာနိုးထခြင်းအချိန်စပြီ ") အချိန်စသည်နဲ့သူ၏သမီးကိုယ်မှ အငွေ့သက်များပြောင်းလဲ သွားကြောင့် ဂျိတ်တွေ့လိုက်ရ၏။သူ၏အငွေ့သက်များ ပြောင်းလဲနေသည်ကိုတော့ သူ၏သမီးလေးတော့သိပုံမပေါ်ပေ။ သူ၏ကိုယ်နိူးထမှုနဲ့အတူကောင်းကင်မှ ပြောင်းလဲလား။တစ် နေရာတည်းကွက်၍ တိမ်သားသည်ထူပြီးမဲသဲလာသည်။ ထို့ နောက်အလင်းတစ်ခုတောက်ပလာပြီး အောက်သို့ အရာတစ်ခု ချဆင်းလာ၏။ဤသည်ကားမိုးကြိုးပင်ဖြစ်၏။ ဂျိန်း ပထမအချက်ပင်ကျယ်လောင်စွာမြည်နေသော်လည်း အသံလုံ အောင်လုပ်ထားခြင်းကြောင့် အယ်မလီလေးမှာ မကြားရပေ။ ကျဆင်းလာသောမိုးကြိုးကိုလည်း ဂျိတ်၏အစီရင်များက ခံယူ၏။အကာကွယ်အစီရင်က မိုးကြိုးအားခုခံ၏။တစ်ခု ပျက်စီးခါနီးဖြစ်ပါက ဖြည့်တင်းအစီရင်က ဝင်ရောက်အားဖြ ည့်၏။တန်ပြန်အစီရင်နဲ့တိုက်ခိုက်အစီရင်က မိုးကြိုး၏ကျ ဆင်းလာသောပြင်းအားကို ပေါ်မူတည်ကာ ထူနေသောတိမ်ထူ သို့ တူညီသော အားဖြင့်ပစ်ခတ်၏။ မိုးကြိုးသည် အယ်မလီအားပစ်ခတ်သော်ငြားလည်း အစီရင် များ၏အစွမ်းကြောင့် သန့်စင်သောစွမ်းအားမျှင်လေးကသာ အယ်မလီကိုယ်ပေါ်သို့ ကျဆင်း၏။ထိုသို့ ကျဆင်းသည်နဲ့အယ် မလီ၏ကိုယ်ခန္ဓာနိူးထမှုမှာ စတင်အစွမ်းပြလာပြီဖြစ်သည်။ ("စနစ်အသိပေးချက်... အယ်မလီလေးသည် သားရဲသခင် ကိုယ်ခန္ဓာကို နိူးထနေပြီဖြစ်သည်။") စနစ်၏အသိပေးမှုကြောင့် သူ၏သမီးသည် သားရဲသခင် ကိုယ်ခန္ဓာကို နိူးထမှန်း ဂျိတ်သိရှိလိုက်ရပြီဖြစ်သည်။
(152) သားရဲသခင်ကိုယ်ခန္ဓာ ဖြစ်ပေါ်လာပြီ
ပထမဆုံးအကြိမ်မိုးကြိုးပစ်ခတ်ပြီးနောက် အယ်မလီ၏သားရဲ သခင်ကိုယ်ခန္ဓာနိူးထမှုမှာ ငါး ရာခိုင်နှုန်းတိုးလာကြောင်း တွေ့ရ လေသည်။ထိုအခိုက်၌ နောက်ထပ်သောမိုးကြိုးတစ်ချက်ထပ်မံ ပစ်ချလိုက်ပြန်သည်။ဒီတစ်ခါတော့ မိုးကြိုးကနှစ်စင်းဖြစ်၏။ ဂျိန််းးး.. နောက်ထပ်ရောက်လာသောမိုးကြိုးသည် ပထမတစ်ချက်ထက် ပိုမိုပြင်းထန်ကြောင်းတွေ့ရ၏။ထိုမိုးကြိုးသည်လည်း အယ်မလီ ကိုကာရံထားသော အကာအရံများကိုပစ်ခွင်းလိုက်သည်။ ခွမ်း အစီရင်တစ်ခု ချက်ချင်းပင်အက်ကွဲကြောင်းကြီးများထ သွား၏။သို့ ရာတွင် ချက်ချင်းပင်ပြန်လည်ဖြည့်တင်းသော အစီရင်က အားဖြည့်ပေးလိုက်ရာ ချက်ချင်းပြန်လည်အပြည့်ဝ ကောင်းမွန်လာလေသည်။ ထိုပစ်ချလိုက်သောမိုးကြိုး၏သန့်စင်သောအမျှင်လေးတစ်မျှင် မှ အယ်မလီကိုယ်ထဲရောက်သွားသည်နဲ့သားရဲသခင်ကိုယ်ခန္ဓာ နိူးထမှုက ပိုမိုတိုးတက်လာသည်။ ("ဆယ်ရာခိုင်နှုန်း...ဒါဆို တစ်ကြိမ် မှာငါးရာခိုင်နှုန်းပေါ့") ဂျိတ်တွေးထင်သလိုပင် မိုးကြိုးအခါနှစ်ဆယ်အပစ်ခံခြင်းကို အောင်မြင်မှသာ နိူးထခြင်းပြီးမြောက်မည်ဖြစ်သည်။ တိမ်ထူကြီးကလည်း နှစ်ချက်ပစ်ပြီးသောအခါ ပိုမိုကြီးမား လာ၏။ဂျိတ်အစီရင်များကြောင့် မိုးကြိုးများမထိရောက်မှန်း တိမ်ထူကြီးကပိုမိုသိပ်သည်းကြီးထွားလာပြန်သည်။ ဂျိန်းးးးဂျိန်း ဒီတစ်ခါ ခရမ်းရောင်ရှိသောပြင်းအားများသောမိုးကြိုးသုံးစင်း က ဆင်းသက်ပြန်သည်။ကြည့်ရသည်မှာ ကိုယ်ခန္ဓာနိူးထမှုမ အောင်မြင်စေရန် တားဆီးမည့်ပုံရှိသည်။ ဒီတစ်ခါမိုးကြိုးကတော့ ဂျိတ်၏အစီရင်တစ်ခုကိုလုံးဝပျက်စီး သွားအောင်လုပ်ဆောင်နိုင်သည်။သို့ ရာတွင်ဂျိတ်လုံးဝမစိုးရိမ် ပေ။သူ၏အစီရင်က ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးခုတိတိကျန် ရှိနေသေးသောကြောင့်ဖြစ်၏။ မိုးကြိုးများလည်း ထပ်မံစောင့်ဆိုင်းနေခြင်းမရှိတော့ဆက်တိုက် ဆိုသလို ကျဆင်းလာတော့၏။တစ်ခါကျလေလေ မိုးကြိုးပစ်ချ သောမိုးကြိုးများ၏အရေတွက်များက ပိုမိုကျဆင်းလာလေ ဖြစ်သည်။ "ဘာတွေဖြစ်နေကြတာလဲ ဟ. ဘာတွေဖြစ်နေကြတာလဲ" တောထဲရှိ သစ်ခုတ်သမားများနဲ့ဆေးဥလာတူးသော လူများ ကြောက်လန့်တုန်လှုပ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူ တို့ နဲ့အနည်းငယ်သာဝေးကွာသောနေရာ၌ တိမ်မဲမဲတူတူကြီးက စုရုံးနေ၏။ထို့ အပြင်ထိုတိမ်မဲကြီးမှ မိုးကြိုးများကို ဆက်တိုက် ဆိုသလိုသဲကြီးမဲ ကြီးပစ်ခတ်နေသောကြောင့်ဖြစ်၏။ မိုးကြိုးပစ်ခတ်မှုသည် ယခင်တစ်ချက်တိုင်းထကိပိုမိုအားပြင်း အားကောင်းလာသလို ကျဆင်းလာသောမိုးကြိုးအချက်ရေများ ကလည်း ပိုမိုများပြားလာကြောင်း သူတို့ တွေ့မြင်နေရသည်။ "ဘယ် ကောင်ကိုတောင် ကောင်းကင်ဘုံက ဒေါသတကြီး ပစ်ခတ်နေရတာလဲ" သူတို့ လုံးဝကြောက်လန့်တုန်လှုပ်နေကြသည်။မိုးကြိုးအချက် ရေများစွာကျဆင်းလာသည်နဲ့အမျှ ကြောက်မက်ဖွယ်ကောင်း လှသောအသံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။ "ဒါဆိုရင် ဆယ်ကြိမ်မြောက်ရှိပြီ " ဆယ်ကြိမ်မြောက်ဖြစ်ရာ အယ်မလီလေး၏ကိုယ်ခန္ဓာနိူးထမှုမှာ ငါးဆယ် ရာခိုင်နှုန်းအထိရောက်ရှိလာပြီဖြစ်သည်။နိူးထမှု တိုးတက်လာသည်နဲ့အမျှ အယ်မလီလေးသည်လည်း အနည်းငယ်ယားယံလာသည်။ဤသည်မှာအစွမ်းထက်လှသော မိုးကြိုးမှသန့်စင်အမျှင်လေးများနဲ့ဂျိတ်၏ဆေးမှ သူ့၏ကိုယ်ခန္ဓာကိုအဆက်မပြတ်သန့်စင် တိုးတက်လာစေ အောင်လုပ်ဆောင်နေသောကြောင့်ဖြစ်သည်။ ဂျိန်း ဂျိန်း...ဂျိန်း.... မိုးကြိုးဆယ့်နှစ်ကြိမ်မြောက်အထိပစ်ချပြီးသောအခါ တိမ် ထုသည်အရောင်ပြောင်းလဲသွားပြန်၏။ယခင်ကမဲထူသည် ဆိုသည်ထက်လုံးဝဆိုးဝါးစွာ အဆများစွာဆိုးဝါးသောအရောင် ရှိသော တိမ်ထုကြီးဖြစ်ပေါ်လာလေသည်။ ("စနစ်အသိပေးချက်....မိုးကြိုးပစ်ဒဏ်ပြောင်းလဲသွားသည်။ ကျန်ရှိနေသောရှစ်ကြိမ်အစား တစ်ကြိမ်တည်းဖြင့် အပြီးသတ် စေရန်ကြံရွယ်နေသည်။) စနစ်အသိပေးချက်ကြောင့် ဂျိတ်မျက်မှောင်ကြုံသွားသည်။ကြ ည့်ရသည်မှာ ကောင်းကင်ဘုံသည် သူ၏သမီးလေးအောင်မြင် သွားမည်ကိုလုံးဝမလိုလားဟန်ရှိလေသည်။ "ဘာ....ဘဘာ....ဘာကြီးလဲဟ." တောထဲရောက်နေသော သစ်ခုတ်သမား ဆေးဥတူး လူများထိတ်လန့်တုန်လှုပ်နေကြသည်။တိမ်ထုကြီးမှ ရွှေရောင် တဖြောက်ဖြောက်တောက်ပနေသော ရွှေရောင်မိုးကြိုးစုကြီးကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ("အတည်ပြုပြီးပါပြီ ....ယခုမိုးကြိုးသည် အလွန်အဆင့်မြင့် ရွှေရောင်မိုးကြိုးတစ်ထောင်ဖြစ်သည်။ထိုမိုးကြိုးဖြင့် အပြီးသတ်သုတ်သင်နိုင်ရန်ကြံရွယ်နေသည်။ ဂျိတ်ဒေါသထွက်သွား၏။သူ၏သမီးကိုလာထိသောသူတိုင်း သူ၏ဒေါသကိုခံစားကြရမည်ဖြစ်သည်။ "မင်းလာစမှတော့ ငါလည်းပြန်ပညာပေးရတာပေါ့" ဂျိတ်ဂါထာမန္တန်တစ်ပုဒ်ရွတ်လိုက်သည်။ထိုသို့ ရွတ်လိုက်သည်နဲ့ အယ်မလီလေးကိုဝန်းရံထားသော အစီရင်များကတောက်ပလာ သည်။ဤသည်မှာအစီရင်များ၏အစွမ်းများကို တစ်ခါတည်း အစွမ်းကုန်ထုတ်လိုက်ခြင်းဖြစ်သည်။အစီရင်တိုင်း၏အစွမ်း များတစ်ခုတည်းအဖြစ်ပြောင်းလဲစေလိုက်ပြိး ကြီးမားသော အစီရင်ကြီးတစ်ခုသဖွယ်ဖြစ်ပေါ်စေသည်။ "ဝေါ....ဝေါရော....ဂျိန်း းးး းးးးးးးးး. ရွှေရောင်မိုးကြိုးတစ်ထောင်က ကောင်းကင်ထံမှကျဆင်းလာ သည်။ထိုမိုးကြိုးအစင်းတစ်ထောင်သည် အယ်မလီလေးထံသို့ ဆင်းသက်၏။ ထိုသို့ ဆင်းသက်သည်နဲ့အစီရင်ကလည်းကြိီးမားလာကာအသွင် ပြောင်းသွား၏။ "ဟဘာကြီးလဲဟ" သစ်ခုတ်သမားများလန့်သွားကြသည်။ "ဖြောင်း.......ဝုန်း......ဝေါရော" အသံများကဆက်တိုက်သလိုထွက်ပေါ်လာသည်။ထို့ နောက် ညစ်မဲနေသောတိမ်တိုက်ကြီး မိုးကြိုးပစ်မှုများလည်းလုံးဝ ပျောက်ကွယ်သွား၏။ ကောင်းကင်မှ တိမ်မဲကြီးကလုံးဝကင်းစင်ကာ ပျောက်ကင်း သွားသော်လည်း သူတို့ ကကြောင်ကာငေးမောနေလျက်ရှိ သေး၏။ အစောပိုင်း၌ ရွှေရောင်မိုးကြိုးအုပ်ကြီးကျလာသည်ကိုမြင်လိုက် ရသည်။ထိုအခိုက်၌မြေပြင်မှ အရာတစ်ခုကလည်းကြီးမား အသွင်ပြောင်းလာသည်ကိုလည်း မြင်ကြလိုက်ရ၏။ထိုအသွင် ပြောင်းအရာမှာ ကြီးမားလှသောလက်ကြီးတစ်ဖက်က ညပ်ဖိနပ် ကြီးကိုင်ဆောင်ထားခြင်းပင်ဖြစ်သည်။ ထိုလက်ကြီးကညပ်ဖိနပ်ကြီးဖြင့်ကျဆင်းလာသောမိုးကြိုးအုပ် ကြီး ကိုပိတ်ရိုက်ပစ်၏။ရိုက်ချက်ကြောင့် မိုးကြိုးအုပ်ကြီးမှာ လွင့်စင်ကာ လားရာ တိမ်မဲထဲပြန်လည်ဝင်ရောက်သွား၏။ထိုအခါ ဝေါရောဟူသော ငိုသံကြီးမည်ကာ တိမ်ကြီးပျောက်ကွယ်သွားခြင်းဖြစ်သည်။ ("အောင်မြင်သွားပါပြီ ") မိုးကြိုးပစ်ဒဏ်ကိုကျော်ဖြတ်နိုင်ခြင်းကြောင့် အယ်မလီ လေး၏ကိုယ်ခန္ဓာမှာ တစ်ရာရာခိုင်နှုန်းအထိတိုးတက်သွား၏။ ထို့ နောက် သာယာနာပျော်ဖွယ်အသံကြီးက နေရာအနှံထွက်ပေါ် ရိုက်ခတ်သွား၏။ "ငါ့သမီးလေးအောင်မြင်သွားပြီ " ဂျိတ်သမီးဖြစ်သူအောင်မြင်သွားသောကြောင့်ပျော်ရွှင်နေသည်။ အယ်မလီလေး၏ကိုယ်ခန္ဓာသည် သားရဲသခင်ကိုယ်ခန္ဓာအဖြစ် သို့ အောင်မြင်စွာပြောင်းလဲပြီးစီးသွားခဲ့ပြီဖြစ်သည်။
(153) ဂိုဏ်းများလှုပ်ရှားကြပြီ
အယ်မလီလေး၏ ကိုယ်ခန္ဓာနိူးထမှုမှလုံးဝပြည့်စုံသွားပြီ ဖြစ်သည်။ထိုအခါ အယ်မလီလေးသည် အေးမြသောခံစားကို ရရှိလိုက်၏။ "ဖီဖီ ...ကျွေးတာလေးက စားကောင်းလိုက်တာ" အယ်မလီလေးသည် သူမဖတ်လက်စ စာအုပ်လေးကိုသိမ်းကာ ဂျိတ်ထံလမ်းလျှောက်လာသည်။အယ်မလီလေးသည် ဂျိ တ်၏လုပ်ဆောင်မှုကြောင့် သူမသည် မိုးကြိုးပစ်ဒဏ်ကိုရင်ဆိုင် ခဲ့ရမှန်းပင် မသိလိုက်ပေ။ "လာအိမ်ပြန်ကြမယ်" ဂျိတ်လည်း အယ်မလီကိုပွေ့ချီကာ အိမ်ကိုပြန်လာခဲ့သည်။သူ သမီးကိုပွေ့ချီရင်း စနစ်မှအသိပေးချက်ကိုကြည့်ရှုနေသည်။ ("သားရဲသခင်ကိုယ်ခန္ဓာအောင်မြင်ပါပြီ ....ထို ခန္ဓာကိုယ်၏အစွမ်းများ...ရှိသမျှသောသားရဲများကို မိမိအလိုရှိ သလို စိတ်ကြိုက်စေခိုင်းစေနိုင်သည်။သားရဲများသည်လည်း အမိန့်ပေးသည့်အတိုင်းလုပ်ဆောင်ကြမည်ဖြစ်ပြီး လိုအပ်လျှင် အသက်ပင်ပေးမည်အထိ လုပ်ဆောင်ကြမည်ဖြစ်သည်။") ဒီအသိပေးချက်ကြောင့် ဂျိတ် ဝမ်းသာရသည်။အယ်မလီလေး ထိုခန္ဓာကိုယ်ရရှိသွားသောကြောင့် သားရဲများကိုအလိုလိုနေရင်းအပိုင်စားရပြီဖြစ်သည်။ အိမ်ပြန်ရောက်တော့ နေ့လည်ရောက်ရှိနေပြီဖြစ်သည်။ဂျိတ် လည်း ထန်ဟောက်ကိုခေါ်ကာ သူ၏နေ့လည်စာစားသုံး စေသည်။နေ့လည်စာစားသုံးစေရင်း ကျန်သောသူများကို ထန် ဟောက်အားမိတ်ဆက်ပေး၏။တာနာရှာ ဇိုက် တို့ ကလည်း ဂျိတ်၏တရားဝင်တပည့်ရင်းမှန်းသိသောအခါ အံသြကြရ၏။ "ရှင်ဘာလို့ဒီကလေးကို ခေါ်လာရတာလဲ" နေ့လည်စာစားသောက်ပြီးသောအခါ၌ အယ်လီနာ ဂျိတ်ကိုမေးမြန်း၏။ "ဘာကြောင့်လဲဆိုတော့ သူက အရည်ချင်းရှိလို့ ပဲ သူအစွမ်းတွေ ရှိလာရင် ကိုယ့်မိသားစုကိုကာကွယ်ပေးလိမ့်မယ်" "ခစ် ခစ် ...ရှင်ကတော့နော် " အယ်လီနာအနေဖြင့် ဂျိတ်ထိုသို့ လုပ်ခြင်းကို ငြင်းပယ်ခြင်းမရှိ သလို ကန့်ကွက်ခြင်းလည်းမရှိပေ။ အယ်လီနာလည်း ဂျိတ်၏အဖြေကိုသဘောကျသောကြောင့် ရယ်၏။ဂျိတ်ကတော့ အယ်လီနာ၏ရယ်မောဟန်ကြောင့် နှလုံးသားထဲပျော်ရွှင်သွားရသည်။သူမ၏အပြုံးကား ဘယ် အချိန်ကြည့်ကြည့်ရှုမဝပင်။ "သူ့ရဲ့အကြောင်းလေးလည်း ပြောပြပါဦး" ဂျိတ်လည်းထန်ဟောက်၏ဘဝဇာတ်ကြောင်းကိုပြောလိုက်၏။ အကြောင်းစုံကိုသိရှိသွားသောအခါ အယ်လီနာသည် ထန် ဟောက်ကိုပင်သနားမိ၏။ထိုအတူ ဂျိတ်အားသူမ၏ချစ်စိတ် များကပိုမိုလာလေသည်။ ဂရိတ်နိုင်ငံနဲ့အလွန်ဝေးကွာသောနေရာမှ မြင်းစီးသူတစ်ယောက် သည် သွားလာနေ၏။သူစီးလာသောမြင်းသည် အလွန်မြန်ဆန် ကြောင်း မြင်သူတိုင်းတွေ့မြင်နိုင်မည်ဖြစ်သည်။အနက်ရောင် တောက်ပြောင်နေကာ အလွန်သန်မာလှသောမြင်းကြီးက သူ၏ကျောပေါ်မှ စီးနှင်းသူ၏သဘောအတိုင်း ပြေးလွှားနေလေ သည်။ မြင်းပေါ်ရှိလူကလည်းတောက်ပြောင်နေသောစစ်သည်တော် အဝတ်စားကိုဝတ်ဆင်ထား၏။ထိုအဝတ်စားသည် အလွန်ပင် ခိုင်ခံကာ သံချပ်ဝတ်တန်ဆာအမျိုးစား၌ပါသောကြောင့် တိုက်ခိုက်မှုကိုခုခံနိုင်စွမ်းရှိ၏။အထူးခြားဆုံးက သူ၏နောက်တွင်လွယ်ထားသောစာလိပ်များပင်ဖြစ်သည်။ သူ၏ချပ်ဝတ်တန်ဆာ၏အထင်ရှားဆုံးကတော့ စွန်ရဲကြီးတစ် ကောင်ပုံဟုဆိုရမည်ဖြစ်သည်။ တဖြေးဖြေးနဲ့ပင်....ဂရိတ်တိုင်းပြည်တံခါးဝသို့ ပင်ရောက်ရှိ လာ၏။ "စွန်ရဲအင်ပါယာမှ သံတမန်တော်လာတယ်" ထိုအသံက ဂရိတ်တံခါးဝအထိဟိန်းထွက်သွား၏။စွန်ရဲအင်ပါ ယာမှဟူသောစကားကြောင့် တံခါးစောင့်များသည် ထိုမြင်းစီး နှင်းသူအား တားခြင်းပင်မရှိပဲ ရှောင်တိမ်းပေးလိုက်ကြ၏။ မြင်းစီးသူလည်းမြို့ထဲသို့ ဒုန်းစိုင်းပြေးဝင်ကာနန်းတော်သိူ့ဆက် လက်ဦးတည်နေ၏။ "စွန်ရဲအင်ပါယာသံတမန်လာတယ်" ဂရိတ်နန်းတော်တစ်ခုလုံး ထိုအသံကြားလိုက်ကြရ၏။ထိုအခါ တုန်လှုပ်သွားကြရလေသည်။ဂရိတ်ဘုရင်ကြီးလည်း ထိုအသံ ကြောင့် အနားယူနေရာမှ ထွက်ကာကြိုရလေ၏။ "သံတမန်တော်ကြွပါ....ကြွပါ..." ဂရိတ်ဘုရင်ကိုယ်တိုင်ကကြိုဆိုဧည့်ခံရသောကြောင့် သူ၏အ ဆင့်တန်းမည်မျှမြင့်မားကြောင်း သိရှိနိုင်သည်။ "ဂရိတ်ဘုရင် ကျုပ်လာရတာက ထုံးစံအတိုင်း အဆင့်သတ်မှတ် ရေးပြိုင်ပွဲကြောင့်ပဲ ဒါဆိုရင်ခင်ဗျားလည်းသိပါတယ်" ထိုစကားကြောင့် ဂရိတ်ဘုရင် လည်းသံတမန်လာရသည့် အကြောင်းရင်းကို သတိရလိုက်ပြီဖြစ်သည်။အဆင့်သတ်မှတ် ရေးပြိုင်ပွဲသည် ဆယ်နှစ်လျှင်တစ်ကြိမ်ကျင်းပသည်ဖြစ်ရာ ယခုနှစ်သည်လည်း ကျင်းပမည့်အချိန်ရောက်ရှိလာပြန်ပြီ ဖြစ်သည်။ "ရော့ ဒါဆိုရင် ဒီကကျုပ်ရဲ့စာလိပ်ကို ခင်ဗျားယူလိုက်တော့ ဒါ ပါမှဝင်ခွင့်ရမယ်ဆိုတာလဲ ခင်ဗျားသိပါတယ် " ဘုရင်လည်း သံတမန်ပေးသောစာလိပ်ကိုယူလိုက်သည်။စာလိပ် သည် ကြီးမားသောစွန်ရဲပုံပါရှိကာ အထဲ၌ ဂရိတ်နိုင်ငံဝင်ခွင့်ရ ကြောင်း ရေးသားထား၏။ဤစာလိပ်သည်ကပင် ဝင်ခွင့်တစ်ခု ပင်ဖြစ်၏။ "ဒါဆိုပြီးပြီ ကျုပ်ဒီမှာတစ်ရက်အနားယူမယ် ဒါပြီးရင်ကျုပ် တာဝန်ရှိသေးတာဆက်လုပ်ရဦးမယ်" "ဟုတ်ကဲ့ပါ သံတမန်တော်ကြီးကိုအနားယူမဲ့နေရာဆီပို့ ပေးလိုက်ကြစမ်း" ဘုရင်ကြီးကလည်း အစေခံများကို တမန်တော်အားခေါ်ဆောင် ကာ အနားယူစေ၏။ထို့ နောက်သူ၏ခေါင်းမှာချွေးစေးများ ပြန်လာတော့၏။ထိုပြိင်ပွဲသို့ မတက်ရောက်၍မရသောကြောင့် ဖြစ်၏။ဂရိတ်တိုင်းပြည်သည်လည်း စွန်ရဲအင်ပါ ယာ၏လက်အောက်မှဖြစ်သောကြောင့်ဖြစ်၏။ထို့ ကြောင့် စွန်ရဲ အင်ပါယာမှသံတမန်ကို ဂရိတ်ဘုရင်ရိုရိုသေသေဆက်ဆံနေရ ခြင်းလည်းဖြစ်သည်။ အဆင့်သတ်မှတ်ရေးပြိုင်ပွဲသည် အမှန်တော့ စွန်ရဲအင်ပါယာမှ လုပ်ပေးသော တိုင်းပြည်တိုက်ခိုက်ရေးပြိုင်ပွဲတစ်ခုပင် ဖြစ်သည်။စွန်ရဲအင်ပါယာ၏လက်အောက်မှ တိုင်းပြည်များက စွန်ရဲအင်ပါယာထံဆယ်နှစ်တစ်ကြိမ်လာရောက်ယှဥ်ပြိုင်ကြရ သည်။ ထိုသို့ ယှဥ်ပြိုင်တိုက်ခိုက်ရာ၌ ပထမရသောနိုင်ငံသည် အင်ပါ ယာ၏အထောက်ပံများစွာရရှိမည်ဖြစ်ပြီး စွန်ရဲအင်ပါယာကို အခွန်ဆက်သရမှုမှ နည်းပါးသွားမည်ဖြစ်သည်။ရရှိသောအဆင့် အလိုက်သတ်မှတ်ကာ ရရှိသောအထောက်အပံနဲ့အကောက် အခွန်ပေးရနှုန်းက ပြောင်းလဲသတ်မှတ်ထားသည်။ တိုင်းပြည်တစ်ခုသည်သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်နေပါက အဆ င့်ကျဆင်းမည်ဖြစ်သည်။ဂရိတ်နိုင်ငံသည် နှစ်ကြိမ်ကျရှုံးပြီး ဖြစ်သောကြောင့် ဂရိတ်ဘုရင်ချွေးစေးပြန်နေခြင်းဖြစ်၏။အဆ င့်ကျဆင်း သည်နဲ့မိမိတိုင်းပြည်၏တစိတ်တပိုင်းသည်လည်း ဆုံးရှုံးမည်ဖြစ်သည်။ထို့ ကြောင့် အဆင့်မကျရေးအတွက် ဂရိတ် ဘုရင်သည်ပညာရှိနဲ့တိုင်ပင်ရန် စစ်သည်တစ်ယောက်အားစေ လွတ်လိုက်လေတော့၏။ ရှေးကျပြီးကြီးမားသောအဆောက်ဦးအတွင်း၌.. လူအိုကြီးတစ်ယောက်သည် ငြိမ်သက်စွာတရားထိုင်နေ၏။ထို အခိုက်၌ သူ၏ရှေ့မှ ကျောက်တိုင်တုန်လှုပ်ကာအရောင်များ တောက်ပလာမှုကြောင့် တရားထိုင်ရာမှရပ်တန့်ကာ ကြည့်ရှု လိုက်၏။ထို့ နောက်သူ၏အမူရာများပြောင်းလဲကာ အံသြ သွား၏။ "အကြီးအကဲတို့ ချက်ချင်းစုဝေးစမ်း ငါတို့ မြန်မြန်လေးလှုပ်ရှား မှရမယ် ဆန်းကြယ်ကိုယ်ခန္ဓာပေါ်လာပြီ " သူ၏အော်သံက ဂိုဏ်းတစ်ခုလုံးတုန်လှုပ်သွား၏။သူ၏ကျင့် ကြံမှုမြင်မားရာသူအော်သံကိုတစ်ဂိုဏ်းလုံး ပြတ်သားစွာ ကြားလိုက်ရ၏။ ထိုလူအိုကြီးအသံကြောင့် အကြီးကဲများလည်း ချက်ချင်းပင် စုဝေးလိုက်ကြ၏။ကျန်သောနောက်နေရာသုံးခု၌လည်း ထိုသို့ အရေးကြီးအမိန့်ထုတ်ကာ စုဝေးစုဝေးနေကြကုန်၏။ သူတို့ စုဝေးရသည့်အကြောင်းမှာလည်း ဆန်းကြယ်ကိုယ်ခန္ဓာ ပေါ်လာသည်ဟူသော နမိတ်ကိုရရှိကြသောကြောင့်ဖြစ်၏။ထို သို့ နဲ့ဂိုဏ်းကြီးများသည် ချက်ချင်းဆိုသလိုစတင်လှုပ်ရှားနေ ကြပြီဖြစ်သည်။