← Chapters

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

(154) ပွဲအတွက် ..ကြီးကြပ်တော့မယ်

ဖယ် တစ်ယောက် လုံးဝပီတီဖြာကာပြုံးပျော်နေ၏။အကြောင်း ကား ဂျိတ်ထံမှ စာအုပ်တစ်အုပ်ကိုရရှိလိုက်သောကြောင့် ဖြစ်၏။အင်းပညာအခြေ ခံများစုစည်းမှုစာအုပ်က သူ၏မျက်လုံးထဲတွင် ရွှေရောင်တဖိတ်ဖိတ်တောက်ပနေ၏။ထို စာအုပ်ကိုဖတ်ရင်းဖတ်ရင်းနဲ့အလွန်ပင်သဘောတွေ့နေ၏။ သူသည်အင်းပညာ၌အဆင့်နှစ်သို့ ရောက်ရှိသွားပြီဖြစ် သော်လည်း ထိုစာအုပ်ကိုအလွန်နှစ်သက်ကျေနပ်ပုံရသည်။ထို စာအုပ်ကြောင့် သူ၏မသိနားမလည်ရသေးသော အခြေခံ မြောက်များစွာကို အသေချာအသေးစိတ်မှန်ကန်စွာ သိရှိ နားလည်ခွင့်ရရှိလာသောကြောင့်ဖြစ်သည်။ထိုစာအုပ်က သူ၏အင်းပညာကိုနားလည်မှုအားနောက်ထပ်သောအဆင့်တစ် ခုသို့ တိုးတက်စေနိုင်ကြောင်း သူသဘောပေါက်လေသည်။ "အတိုင်ပင်ခံ အတိုင်ပင်ခံ " ထိုသို့ ခေါ်လိုက်သောအသံကြောင့် စာအုပ်ထဲအာရုံရောက်နေမှု မှာပျောက်ကွယ်သွားရ၏။ထိုအသံပိုင်ရှင်ကို ဖယ်မကျေနပ်စွာ ကြည့်လိုက်၏။ "ငါ့ကိုဘာလို့ ခေါ်ရတာလဲ" အတိုင်ပင်ခံ သူအား ခေါ်နေသော ဂရိတ်ဘုရင်၏ကိုယ်ရံတော် ကိုမေးလိုက်၏။ "ကျနော်ခေါ်ရတာအကြောင်းရှိလို့ ပါဗျ....ဘုရင်ကြီးအမိန့် ပေးလိုက်လို့ ပါ" ဘုရင်ကြီး၏အမိန့်ကြောင့် ဖယ်၏မကျေနပ်စိတ်များလည်း ပြန်လည်ပျောက်ကွယ်သွား၏။ "ဒါဆိုဘာလဲပြော" "ကျနော်တို့ စွန်ရဲအင်ပါယာမှာ ထပ်ပြိုင်ဖို့ နီးလာကြောင်း သံတမန်ရောက်ရှိလာပါပြီ " ထိုစကားကြောင့် ဖယ်၏မျက်နှာမှာတည်ကြည်လာသည်။ထို ပြိုင်ပွဲ၌မိမိတို့ ရှုံး၍မရတော့ကြောင်း ကိုပါ အမှတ်ရမိလာ၏။ မိမိတို့ တိုင်းပြည်သည် ယခုတစ်ခေါက်မှာဆက်လက်ဆုံးရှုံးပါက အဆင့်လေးတိုင်းပြည်မှအဆင့်သုံးတိုင်းပြည်သို့ ကျဆင်းသွား မည်ဖြစ်ကာ တိုင်းပြည်လည်း နိမ့်ကျသွားမည်ဖြစ်၏။ အဆင့်သုံးတိုင်းပြည်သို့ ကျဆင်းသွားပါက အဆင့်လေး တိုင်းပြည်တုန်းက ရရှိခံစားရရှိသောအကျိုးမြတ်များကိုရရှိ ခြင်းမှာ လုံးဝပျောက်ကွယ်သွားမည်ဖြစ်ပြီးယခင်ထက် လက်ဆောင်ပဏ္ဏာများပိုမိုဆက်သရမည်ဖြစ်သည်။ထို့ အပြင် တိုင်းပြည်၏စစ်တပ်အင်အားမှာလည်း သတ်မှတ်သောအရေ တွက်တစ်ခုထိရောက်အောင် လျော့ချခံရနိုင်သည်။ အဆိုးဝါးဆုံးကတော့ အဆင့်သုံးအဖြစ်ကျဆင်းသွားသော တိုင်းပြည်ကို ကျန်ရှိနေသောအဆင့်သုံးနိုင်ငံများကလည်း လာ ရောက်တိုက်ခိုက်နိုင်သောကြောင့်ဖြစ်၏။ထိိုသို့ တိုက်ခိုက်ခံရ မည်ဆိုပါက ဂရိတ်တိုင်းပြည်မှာ ပြန်လည်ထူထောင်ရန်လုံးဝ ခက်ခဲတော့မည်ဖြစ်သည်။ "ငါတို့ အချိန်ဘယ်လောက်ကျန်သေးလဲ" "နောက်ခုနှစ်လဆိုရင် ပြိုင်ပွဲစမယ်ဆိုပါတယ်" ထိုစကားကြောင့် ဖယ်၏မျက်နှာတစ်ချက်ပျက်သွား၏။ ("ဟ ဘယ်လိုလုပ်ရမှာလဲ") ဂရိတ်တိုင်းပြည်၏စစ်သည်တော်များကို အကောင်းဆုံးသော အဆင့်တစ်ခုအထိရောက်အောင်လေ့ကျင့်သင်ကြားပေးထားခဲ့ သော်လည်း ပြိုင်ပွဲအတွက်မှု လိုအပ်နေသေး၏။ (."လေ့ကျင့်ရေးကာလ လေးလ.... ခရီးသွားတာကသုံးလ ဘယ်လိုလုပ်လောက်မှာလဲ") ဖယ်၏မျက်နှာမကောင်းတော့ပေ။သူအားကိုးရန်တစ်ခုခုကြံရှာ လိုက်၏။ကြံစည်လိုက်ရာ သူ၏အတွေး၌ ဂျိတ်ကိုသာမြင် ယောင်မိ၏။ ("အင်း...ဆရာဆိုရင်တတ်နိုင်မယ်ထင်တယ်") "ဟုတ်ပြီ ငါတို့ သွားကြစို့ " "အတိုင်ပင်ခံ ဘယ်သွားမလို့ လဲ" "ငါတို့ ကိုအနိုင်ဖန်တီးပေးမဲ့လူဆီပေါ့" ဖယ် ဂျိတ်ထံရောက်တော့ ဂျိတ်တို့ ကမနက်စားသုံးဆောင်ပြီး သွားပြီဖြစ်၏။လွင့်ပျံလာသောအနံက ဖယ်အား ခွန်အားပြည့်ဝ စေသည့်အလားပင်။ အတိုင်ပင်ခံကတော့ အနံကိုချုပ်တီးကာ သည်းခံနိုင်သော်လည်း ကိုယ်ရံတော်ကတော့ သားရေပင်ကျမိသောကြောင့် ရှက်ကိုးရှက်ကန်းနဲ့ဖြစ်နေပြီဖြစ်၏။ "ဖယ် ဘာကြောင့် ဒီရောက်လာရတာလဲ" "ဘာလို့ အတိုင်ပင်ခံကို အဲ့လိုခေါ်ရတာလဲ မိုက်ရိုင်းလိုက်တာ" ကိုယ်ရံတော်မှ ပြောလိုက်၏။သူ၏အမူရာမှာ သူအလွန် လေးစားကိုးစားရသောအတိုင်ပင်ခံအား သူ့ထက်ပင်ငယ်မည့်ပုံ ရှိသောလူက နာမည်ရင်းခေါ်လိုက်သောကြောင့် ဒေါသထွက် သွားခြင်းဖြစ်သည်။ ထိုအခိုက်၌သူ၏ခေါင်းအထုခံလိုက်ရသလို ခံစားရ၏။ကြည့် လိုက်ရာ အတိုင်ပင်ခံမှ ထုလိုက်ခြင်းဖြစ်ကြောင်း တွေ့ရ၏။ "ဘာလို့ ကျနော်ကိုလုပ်ရတာလဲ" "သူကငါ့ဆရာကွ ပြီးတော့ ငါအကူညီတောင်းရမှာကသူ့ဆီမှာ" ထိုစကားများက ကိုယ်ရံတော်ကို ကြောက်လန့်သွားစေ၏။ထို လူငယ်လေးက အတိုင်ပင်ခံ၏ဆရာပြီးတော့ အနိုင်ရအောင် လုပ်ပေးမည့် စသောကြောင့် ကိုယ်ရံတောက်ချက်ချင်း ပင် ဒူး ထောက်တောင်းပန်လိုက်၏။ "ကျနော်မသိပဲ ပြစ်မှားမိပါတယ် ကျနော်လိုအမိုက်မဲကိုခွင့်လွတ် ပေးပါ" ဂျိတ်လည်း ကိုယ်ရံတော်၏အပြုမှုကြောင့် ခွင့်လွတ် ပေးလိုက်၏။ထို့ နောက် ဖယ်အားကြည့်လိုက်၏။ဖယ်ကလည်း နားလည်လိုက်၏။အဘယ်ကြောင့်သူဒီကိုလာရသနည်းဟု ကြ ည့်လိုက်မှန်းသိလိုက်ပြီဖြစ်သည်။ "ဆရာ ကျနော်ဒီကိုလာရတာက စွန်ရဲအင်ပါယာမှပြိုင်ပွဲပြိုင်တာ ကို ကူညီပေးစေချင်လို့ ပါဗျ" တစ်ဆက်တည်းပင် ဂျိတ်အား ပြိုင်ပွဲ၏အကြောင်းရာနဲ့မိမိ တို့ ၏တိုင်းပြည်အကြောင်းများကိုပါရှင်းပြလိုက်၏။ထို့ ကြောင့် ဂျိတ်သည် မိမိရောက်ရှိနေသော နေရာသည် ကြီးမားပြီးကျယ် ပြန့်သော စွန်ရဲအင်ပါယာနယ်မြေတွင်ဖြစ်ကြောင်းသိရှိ လိုက်၏။ စွန်ရဲအင်ပါယာ စွန်ရဲအင်ပါယာတွင် လက်အောက်ခံတိုင်းပြည်များစွာရှိ၏။ထို တိုင်းပြည်များသည် ဆယ်နှစ်လျှင်တစ်ကြိမ် စွန်ရဲအင်ပါ ယာ၌လာရောက် စစ်ရေးပြိုင်လေ့ရှိကြရ၏။ထို ပြိုင်ပွဲ၌အောင်မြင်မှုများစွာရသောတိူင်းပြည်သည် စွန်ရဲအင်ပါ ယာ ၏ကောင်းချီးပေးခြင်းကိုခံစားရမည်ဖြစ်သည်။ အင်ပါယာတစ်ခု၏လက်အောက်တွင်ရှိသောတိုင်းပြည်များကို အဆင့်များသတ်မှတ်ထား၏။အဆင့်တစ်မှ အဆင့်ခုနှစ်အထိရှိ သော တိုင်းပြည်များသည် အင်ပါယာ၏လက်အောက်ခံဒေသ ဖြစ်ကာ အင်ပါယာသည် အဆင့်ရှစ်ရှိသော တိုင်းပြည်ဟုလည်း ဆိုနိုင်သည်။ လက်အောက်ခံ အဆင့်တစ်မှအဆင့်ခုနှစ်ထိရှိသောတိုင်းပြည် များကို အုပ်စိုးနိုင်ရခြင်းမှာ..စစ်သည်တော်တို့ ၏စွမ်းအား သာလွန်မှု၊တခြားတခြားသောပညာရပ်များ၌လည်း တိုးတက် ကာလက်အောက်ခံတိုင်းပြည်များ၏ပညာရပ်များအစွမ်းများကို အတိုင်းတာတစ်ခုထိကန့်သတ်ထိန်းချုပ်ထားသောကြောင့် လည်း အစိုးရနိုင်နေခြင်းလည်းဖြစ်သည်။ နောက်တစ်​ကြိမ်ရှုံးပါက အဆင့်ကျမည့်အပြင် သက်ရောက်မှု များစွာရှိသောကြောင့် အကူညီလာ​တောင်းနေမှန်း ဂျိတ်သိ လိုက်၏။ဂျိတ်အနေနဲ့လည်း ထိုပြိုင်ပွဲကိုစိတ်ဝင်စား၏။ လူဝင်စားပြီးကတည်းမှ အပြောင်းလဲ များစွာကိုတွေ့ဖူးခဲ့ပြီး နောက်ထပ်သောအရာသစ်များကိုလည်း မြင်တွေ့လို၏။ "ဒါဆိုမှတော့ ကျုပ်ကူညီမယ်" ထိုစကားကြောင့် ဖယ်လုံးဝပျော်ရွှင်သွား၏။ဂျိတ်သာကူညီပါ က အောင်မြင်မည်ဖြစ်သည်သူခံစားမိသောကြောင့်ဖြစ်၏။ ဖယ်လည်း ဂျိတ်၏စကားကြောင့် ဂျိတ်ကိုနန်းတော်ထဲသို့ ခေါ် ဆောင်သွား၏။ဂျိတ်လည်း နန်းတော်ထဲသို့ လိုက်သွားလိုက် လေ၏။ နောက်တစ်နေ့မနက်သို့ ရောက်သောအခါ "အတိုင်ပင်ခံ အခြေနေဘယ်လိုလဲ" "စိတ်မပူပါနဲ့တော့ မင်းကြီး ကျုပ်တို့ ဒီတစ်ခါနိုင်မှာသေချာတယ် ဆရာဂျိတ်ကိုယ်တိုင်သင်ပေးမှာ" ထိုစကား​ကြောင့် ဂရိတ်ဘုရင်စိတ်ချမ်းသာရာရသွား၏။ဂျိတ် မည်မျှစွမ်းကြောင်း သူကိုယ်တိုင်ခံဖူးသည့်အပြင် အတိုင်ပင်ခံ ကပါ ထောက်ခံနေသောကြောင့် ယုံကြည်စိတ်ချသည်။ နန်းတော်၏လေ့ကျင့်ရေးကွင်း၌ ဂျိတ်သည် လူအယောက်နှစ်ရာ၏ရှေ့၌ တည်ကြည်စွာရပ်တန့် နေ၏။သူ၏အမူရာမှာ တည်ငြိမ်လွန်းသောသူတစ်ယောက်ပမာ ပင်ဖြစ်သည်။မည်သည့်အရာကိုမှ ဂရုမစိုက်ဟန်အသွင်လည်းရှိ သည်။ ဂျိတ်သည်သူ၏ရှေ့၌ရှိနေသောစစ်သည် နှစ်ရာအား ကြည့်ကာ "မင်းတို့ နောက်ခုနှစ်လကျရင် ပြိုင်ပွဲဝင်ကြရမဲ့သူတွေပဲ ဒါကြော င့် အတိုင်ပင်ခံက ဒီကိစ္စကိုငါ့ကိုပြောတယ် ဒါကြောင့်မို့ ငါဒီကို ရောက်လာခဲ့ပြီ " စစ်သည်တော်များလည်း ဂျိတ်ပြောနေသည်ကိုနားထောင်နေ ကြ၏။ "မင်းတို့ မှာခရီးသွားချိန်နှုတ်ရင်အချိန်လေးလရှိတယ် ဒီလေးလ လုံးကို အပြင်းထန်လေ့ကျင့်ကြရမှာဖြစ်တယ် အဲ့လေးလလုံးမှာ မင်းတို့ ကိုလေ့ကျင့်ပေးမှာကတော့ ဘယ်သူမှမဟုတ်ဘူး ငါပဲ ငါ ကပဲပွဲအတွက်အသေချာကိုင်တွယ်ကြီးကြပ်မယ်" ဂျိတ်၏အသံကားလေ့ကျင့်ကွင်း၌ဟိန်းထွက်လာခဲ့လေ တော့၏။

(155) ပြင်းထန်သောလေ့ကျင့်ခန်းများ(1)

စစ်သည်တော်များသည် ဂျိတ်၏အစွမ်းစကိုမမြင်ဖူးသောကြော င့် အနည်းငယ်အထင်သေးနေကြ၏။ထို့ အပြင် ဂျိတ်၏တိုက် ရည်ခိုက်ရည်ကိုမမြင်ဖူးသည့်အပြင် ဂျိတ်စစ်ပြိုင်ပွဲတုန်း၌ ပြသ သောစွမ်းရည်များကိုပါ ကောလဟာလအနေဖြင့်သာ ယုံကြည်နေကြ၏။ ထိုစစ်သည်နှစ်ရာသည် အထူးဖွဲ့စည်းထားသောတပ်ဖြစ်၏။ အထူးတပ်များသည် အမြဲတမ်းသွားလာလှုပ်ရှားနေကြရာ ဂျိတ် ကိုယခင်ကမမြင်မိကြခြင်းဖြစ်သည်။ သို့ ရာတွင် အတိုင်ပင်ခံ မှခေါ်လာသည်ဆိုသောကြောင့် သူတို့ ပေါ်တင်မလုပ်ရဲပေ။သို့ သော်လည်း ဂျိတ်သည်သူတို့ ၏အကြ ည့်၌အထင်မြင်သေးမှု များပေါ်နေကြောင်း ဂျိတ်မြင်ရ၏။သူတို့ အထင်သေးရအောင်လည်း ဂျိတ်၏အဆင့်ကိုသူတို့ မမြင်သည့် အပြင် သူတို့ အယောက်နှစ်ရာလုံးကလည်း အနည်းဆုံးငွေအဆ င့်ကိုး ရှိကြသောကြောင့်ဖြစ်၏။ "ကြည့်ရတာမင်းတို့ က ငါကြီးကြပ်မယ်ဆိုတော့ သိပ်ပြီးဘဝမ ကျဘူးလို့ ငါခံစားနေရတယ် ဒီတော့မင်းတို့ ကဘယ်လိုဆိုရင် သဘောကျမှာလဲ" ဂျိတ်က စစ်သည်တော်များကို တိုက်ရိုက်ပင်ကြည့်ကာ ပြော လိုက်၏။တစ်ယောက်မှ တုပ်တုပ်လှုပ်ပင်မလုပ်ကြသော်လည်း သွက်လှသော တစ်ယောက်မှထုတ်ပြောလိုက်၏။ "ဆရာရဲ့ အစွမ်းစကိုထုတ်ပြသပါလားဗျ.." ကျန်ရှိနေသောစစ်သည်တော်များကလည်း ထိုသူ၏စကားကို ထောက်ခံကြောင်း ခေါင်းညိတ်​လိုက်ကြ၏။ "ကောင်းပြီ ငါဘယ်လိုပြသရမှာလဲ" "ဆရာရဲ့ခွန်အားကိုပြသပါ" "ကောင်းပြီ " ထိုပြောသူ၏စကားကို ဂျိတ်လက်ခံခေါင်းညိတ်လိုက်၏။ဟုတ် ပေသည်။မိမိရှေ့၌ရှိနေသောလူများသည် အထူးတပ်မှဖြစ်ရာ လက်တွေ့ကိုသာအယုံကြည်ရှိကြလေသည်။ခွန်အားကြီးမားသူ တွေကိုသာ သူတို့ ကအလေးအစားရှိကြသောကြောင့်ဖြစ်၏။ ဂျိတ်လည်း စစ်သည်တော်များ၏ရှေ့၌ပင် တစ်နေရာသို့ ဦး တည်သွားနေ၏။စစ်သည်တော်များကလည်း ဂျိတ်သွားသော နေရာကို သေချာစူးစမ်းစိုက်ကြည့်နေကြ၏။အတိုင်ပင်ခံနဲ့ ကိုယ်ရံတော်ကလည်း အသေချာစိုက်ကြည့်နေကြ၏။သူတို့ လည်း ဂျိတ်၏အစွမ်းစကို မြင်တွေ့လိုကြသောကြောင့်ဖြစ်၏။ ဂျိတ်သွားသည့်နောက်ဆုံးနေရာကို စစ်သည်တော်များ၊ အတိုင်ပင်ခံနဲ့ကိုယ်ရံတော်တို့ သိရှိလိုက်ကြပြီဖြစ်သည်။သူသွား နေသောနေရာကား စစ်သည်တော်များလေ့ကျင့်ရန် တီးခတ်နိူး ဆော်ရသော လူနှစ်ရပ်စာမျှကြီးမားမြင့်မားသော ခေါင်းဆောင် ကြီးဖြစ်၏။ထိုခေါင်းလောင်းသည် များစွာသောကြေးသံသတ္ထု ပေါင်းများစွာအမျိုးမျိုးဖြင့် ရောစပ်သွန်းလုပ်ထားကာ အင်မတန်ခိုင်မာသောခေါင်းဆောင်ကြီးဖြစ်၏။ "သူဘာလုပ်ဖို့ ကြံနေတာလဲ" "ခေါင်းလောင်းကြီးကို ခွဲဖို့ ကြံနေတာလား" "ရူးနေလား ငါတို့ အားကုန်အောင်သုံးမှ အသံလေးတစ်ခုထွက် တာကို" စစ်သည်တော်များငြင်းခုန်နေကြ၏။အမှန်ပင်ထိုခေါင်းလောင်း ကြီးသည် စစ်သည်တော်ခြောက်ယောက်လုံး အစွမ်းကုန်ထုတ် သုံးပြီးထုမှသာ အသံထွက်ပေါ်လာခြင်းဖြစ်သည်။ထို ခေါင်းလောင်းကြီးကို သူတို့ ၏လေ့ကျင့်တစ်ခုအဖြစ်လည်းသူ တို့ သတ်မှတ်ထားခြင်းဖြစ်သည်။ ဂျိတ်သည်ထိုခေါင်းလောင်းအနီးသို့ ရောက်သည်နဲ့ ခေါင်းလောင်းအားသေချာကြည့်လိုက်၏။ထို့ နောက် သူ၏လက် ညိုးတစ်ချောင်းဖြင့် ခေါင်းလောင်းကြီးအားထိုးချလိုက်၏။ စစ်သည်တော်များ၏စိတ်ထဲ၌လည်း တုန်လှုပ်နေ၏။ သူ၏လက်ညိုးတစ်ချောင်းတည်းဖြင့် ခေါင်းလောင်းကြီးအသံ မည်လာတော့မည်လား။လက်ညိုးဖြင့်အသံထွက်စေမည်ဆိုပါ က အလွန်မင်းခွန်အားကြီးကြောင်း ဖော်ပြသည်ဖြစ်သည်။ အဖြစ်ပျက်များကား ထင်သလိုမဟုတ်ပေ။ ဂျွတ်.... "ဟာ..." စစ်သည်တော်များလန့်သွားကြ၏။ဂျိတ်၏လက်ညိုးသည် ခေါင်းလောင်းတီးခတ်ရန်မဟုတ်သည့်အပြင် သူ၏လက်ညိုး သည် ခေါင်းလောင်းကြီးအား ပေါက်ထွက်သွားစေ၏။ဂျိတ် လက်ညိုးပြန်လည်ရုတ်သိမ်းလိုက်၏။ခေါင်းလောင်းကြီးတွင် ကား လက်ညိုးတစ်ပေါက်စာ အပေါက်ကလေးရှိနေပြီ ဖြစ်သည်။ ထိုအခြင်းရာကြောင့် စစ်သည်တော်များတူန်လှုပ်ကြ ကုန်၏။ ဘေးတွင်ရှိနေသော အတိုင်ပင်ခံနဲ့ကိုယ်ရံတော်တို့ ပါ အံအားသင့်နေ ကြ၏။ အတိုင်ပင်ခံ၏မျက်လုံးကား ပိုမို​တောက်ပလာသလို ဂျိ တ်၏အစွမ်းစကို မျက်မြင်တွေ့လိုက်ရရာ လေးစားမိလာသည်။ ကိုယ်ရံတော်ကတော့ ဂျိတ်၏ခွန်အားကိုကြည့်ကာ မိမိကိုပင် အလွယ်တကူအနိုင်ယူနိုင်ကြောင်းသိရှိသွားတော့၏။ "ဒါဆိုရင် လုံလောက်ပြီလား" "လုံလောက်ပါပြီ " စစ်သည်တော်များ၏သံသယများကင်းရှင်းသွားပြီဖြစ်၏။ဂျိတ် ကို ယုံကြည်မှုများစွာရှိနေကြပြီဖြစ်သည်။ "ဒါဆိုရင် လေ့ကျင့်ခန်းစလိုက်ကြတာပေါ့ ပထမဆုံးလေ့ကျင့် ခန်းက အပြေးလေ့ကျင့်ခန်းပဲ ဒီလေ့ကျင့်ရေးတစ်ပတ် ပတ်ရ မယ်" ထိုစကားကြောင့် စစ်သည်တော်များသည် လုပ်နိုင်ကြောင်း ဝင့် ကြွားလိုက်ကြ၏။ထို့ နောက်ချက်ချင်းပင်ပြေးကြရန်ကြံရွယ် လိုက်ကြ၏။ "ပြောလို့ မပြီးသေးဘူးလေ ဒါလေးတွေပတ်ပြီးပြေးရမှာ လာယူ ကြ" ဂျိတ်ပြသသောလက်ကောက်လေးများကို စစ်သည်တော်တို့ ယူ လိုက်ကြ၏။လက်ကောက်လေးများသည် သာမန်သံဖြင့်ဖန်တီး ထားသော ပုံစံသာဖြစ်၏။ထိုလက်ကောက်များကိုစစ်သည် တော်တို့ ဝတ်လိုက်ကြ၏။သူတို့ လက်ကောက်ကိုဝတ်ပြီးကြောင်း ဂျိတ်သိသောအခါ ခေါင်းညိတ်ပြ၏။ "ကဲ စပြေးလို့ ရပြီ " ထိုစကားကြောင့် စစ်သည်တော်နှစ်ရာလုံးစပြေးလိုက်ကြ၏။ "ဘာများလဲလို့ ပြေးတာလေးများကို" စစ်သည်တော်များ၏အတွေးများကား ထိုလေ့ကျင့်ခန်းသည် အလွန်ရိုးရှင်းသည်ဟုထင်မိ၏။ထိိုသို့ ထင်သည်ကို အတိုင်ပင်ခံ လည်းထင်မိခြင်းဖြစ်ကာ ဂျိတ်အားပြောပြ၏။ ဂျိတ်လည်းပြုံးပြကာ "ခဏလေးပဲစောင့်လိုက် ဖယ် သူတို့ အတွေးတွေဇောက်ထိုးဖြစ် စေရမယ် ကျုပ်ကအလကားပြေးခိုင်းနေတယ်မဟုတ်ဘူးဆိုတာ သူတို့ သိလာလိမ့်မယ်" ထိုအခါမှ ဂျိတ်ပြောသည့်အကြောင်းရာကိုစစ်သည်တော်များ အားကြည့်ရင်းနားလည်လာ၏။စစ်သည်တော်များသည် ငွေအ ဆင့်ကိုးဖြစ်သည့်အတွက် သူတို့ အတွက် ပြေးရသည်မှာ အလွယ်တကူပင်ဖြစ်သော်လည်း ဆယ်လှမ်းကျော်ပြေးပြီး သောအခါ သက်ရောက်မှုအား စတင်ခံစားလိုက်ရ၏။ "ဘာလဲဟ လေးလာသလိုပဲ " လေးလံလာသောအတွေးဖြင့် လက်ကောက်အားကြည့်ကာ လက်ကောက်မှ အလင်းတန်းတစ်ခုတောက်ပလာကြောင်းတွေ့ လိုက်ရလေ၏။ထိုအခါမှ လက်ကောက်များပတ်ပြီးပြေး ခိုင်းသည်ကသာ တကယ့်လေ့ကျင့်ခန်းဖြစ်ကြောင်း သိလိုက်ကြ လေတော့၏။ စစ်သည်တော်များသည် စတင်သက်ရောက်လာသောဖိအား သည် သေးငယ်သောပမာဏလေးတစ်ခုသာဖြစ်ရာ အလွယ်တကူပင်ခုခံကာ ဆက်လက်ပြေးလွှားလိုက်ကြ၏။ သို့ ရာတွင် သူတို့ နောက်ထပ်ခြေတစ်လှမ်း လှမ်းပြီးတိုင်း လက်ကောက်မှအရောင်တောက်ပမူပိုမိုလာသလို သူတို့ အပေါ် ကျရောက်သောဖိအားများလည်း တဖြေးဖြေးတိုးလာကြောင်း သိရှိလိုက်ရတော့၏။ "ဒီလေ့ကျင့်ခန်းမှ မအောင်ရင် ​မင်းတို့ သွားပြိုင်ဖို့ စိတ်မကူးနဲ့" ဂျိတ်၏စကားကသူတို့ အား တူဖြင့်ထုနှက်လိုက်သည့်နှယ်ခံစား လိုက်ရ၏။ထို့ ကြောင့် မခံချင်သောစိတ်ဖြင့် ဆက်လက် အားတင်းကာ ပြေးလွှားကြ၏။ စစ်သည်တော်များပြေးလွှားသည်မှ တဖြေးဖြေးနှေးကွေးလာ ကြောင်းအတိုင်ပင်ခံမြင်လိုက်ရ၏။လက်ကောက်များလည်း တ ဖြေးဖြေးတောက်ပလာရာ လက်ကောက်၏သက်ရောက်မှုကြော င့် သူတို့ နှေးကွေးသွားကြောင်းရိပ်စားမိ၏။နောက်ကွယ်၌ ဘုရင် ကြီးသည် စစ်သည်တော်တို့ ၏လေ့ကျင့်ခန်းများကို စောင့်ကြည့် နေ၏။ဂျိတ်၏လေ့ကျင့်ခန်းကသာမန်ထက်မည်သိူ့မျှရိုးရှင်း မည်မဟုတ်ကြောင်း သူသိရှိပြီးဖြစ်၏။ "ကြိုးစားထား ငါဆက်သွားနိုင်ရမယ်" စစ်သည်တော်များသည် လေ့ကျင့်ကွင်း၏တစ်ဝက်တိတိသို့ ရောက်ရှိနေပြီဖြစ်၏။သို့ ရာတွင် ဆက်လက်တစ်လှမ်းလှမ်းပါ က ပိုမိုကြီးသောဖိအားကြီးကျရောက်လာသောကြောင့် နာကျင် လုမတတ်သေလုမတတ်ခံစားနေကြရ၏။ ခံစားရသောပြင်းထန်မှုနာကျင်မှုများကြောင့် အလျော့ပေးရန် ပင် ကြံရွယ်သော်လည်းဂျိတ်၏စကားကြောင့် အံကြိတ်ကာ ဆက်လက်ပြေးလွှားနေကြသည်။ပြေးလွှားသည်ဟုသာဆို သော်လည်း တစ်လှမ်းခြင်းလှမ်းရာ၌ ချွေးများစွာကာဆင်း နေကာ တစ်ကိုယ်လုံးတုန်လှုပ်နေလျက်အံကြိတ်နေသည်ကိုသာ တွေ့မြင်ရမည်ဖြစ်၏။ "ဆက်​ပြေးရမယ်ဆက်ပြေးရမယ်" စစ်သည်တော်တစ်ချို့ကတော့အဆုံးထိလက်မလျော့ပဲ အားတင်းကာ ရှိသမျှသောအစွမ်းကုန်ထုတ်ကာပြေးလွှား ကြ၏။သူတို့ ဆက်ပြေးလေ လက်ကောက်မှအလင်းများ တောက်ပလာပြီး ဖိအားတက်လာလေဖြစ်၏။ "ငါထင်ထားသလိုပဲမဆိုးဘူး" ဂျိတ်ပြောလိုက်၏။စစ်သည်တော်နှစ်ရာအနက်သုံးဆယ်သည် သူတို့ ၏ဖိအားသက်ရောက်မှုကို အဆုံးစွန်ခုခံကာ တစ်ပတ်ပြည့် အောင်ပြေးလွှားနိုင်ခဲ့ကြ၏။အစက ဆယ်ယောက်ပင် ကျော် မည်လားဟုထင်နေရာမှာ သုံးဆယ်ထိရောက်ရှိရာ မဆိုးလှသော အခြေနေဖြစ်၏။ "ဟောဟဲ... ဟောဟဲ" ပြည့်အောင်ပတ်ပြီးသော စစ်သည်တော်များသည် ဝမ်းသာ အားရလေကိုတဝကြီးရူရှိုက်လိုက်ကြ၏။ဖိအားများပိ ​နေရာမှ ပန်းဝင်လိုက်သောအခါပျောက်ကွယ်သွားသောကြောင့် ခံစား ချက်ပိုမိုကောင်းမွန်လာ၏။ ကျန်ရှိနေသောစစ်သည်တော်များကတော့ လမ်းတစ်ဝက်မျှ၌ လဲကျကာ မေ့ပန်းနေကြပြီဖြစ်သည်။ "ဒါဆိုရပြီ မင်းတို့ ကမဆိုးဘူးပဲ ..နာရီဝက်နားကြ ပြီးရင် ပြန်စ လေ့ကျင့်မယ်" ထိုစကားကြောင့် စစ်သည်တော်နှစ်ရာလုံးဝတုန်လှုပ်သွားကြရ ပြန်၏။သူတို့ ၏စိတ်ထဲ၌ငရဲလေ့ကျင့်ရေးမှူးကြီးသည် သူတို့ အားစိုက်ကြည့်နေသလို ခံစားလိုက်ရကာကြက်သီးမွှေးညင်း များထသွားကြလေသည်။

(156) ပြင်းထန်သောလေ့ကျင့်ခန်းများ(2)

ဂျိတ်၏နောက်ထပ်သောလေ့ကျင့်ခန်းဟူသည်ကို သူတို့ စဥ်းစား မိပြီးကြောက်လန့်တုန်လှုပ်သွားလေ၏။ "သူတို့ ကို ဒီရေလေးသွားတိုက်ချေ" ဘေးတွင်ရှိနေသောအစေခံများအား ရေခွက်များကိုင်ဆောင်စေ ကာ စစ်သည်တော်များအားတိုက်စေ၏။စစ်သည်တော်များက လည်း ပင်ပန်းနေပြီဖြစ်သောကြောင့် ထိုရေခွက်များကို ဝမ်းသာ အားရသောက်လိုက်ကြ၏။ "ဘာဖြစ်လို့ လဲ.. ငါ့ကိုယ်က. ရေကိုသောက်သုံးပြီးသောစစ်သည်တော်အားလုံး သူတို့ ၏ကိုယ် မှ ပြောင်းလဲ နေကြောင်းသတိထားမိလာကြ၏။သူတို့ ကိုယ်မှ အရေပြားများကျွတ်ကျလာကာ အမဲရောင်ချေးများလည်းထွက် လာကြောင်းတွေ့ရ၏။ ထို့ ပြင် သူတို့ ကိုယ်မှပိုမိုနံလာကြောင်းလည်း သိရ၏။ "ဒါက" စစ်သည်တော်များသိရှိလိုက်ပြီဖြစ်၏။မိမိတို့သောက်သုံး လိုက်သောရေကြောင့် သူတို့ ၏ကိုယ်တွင်းမှအညစ်ကြေးများ သည် ထွက်လာခြင်းဖြစ်ကြောင်းပင်။ထိုကြောင့် သူတို့ အလွန် ပျော်ရွှင်သွား၏။ "ကဲဒီတိုင်း နေမနေနဲ့နာရီဝက်ကြာရင် စမှာနော် " ဂျိတ်၏သတိပေးမှုကြောင့် စစ်သည်တော်နှစ်ရာလုံး လျင်မြန်စွာ ပင် ရေချိုးသန့်စင်ရန်ထွက်သွားကြလေ၏။ပြန်ရောက် သောအခါ သူတို့ ၏ကိုယ်ခန္ဓာကြံခိုင်မှုသည် နောက်တစ်ဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။သူတို့ သည် နောက်ထပ်သောလေ့ကျင့်ခန်း ကို လုပ်ရန်ပါခွန်အားအပြည့်ဖြစ်နေကြောင်း တွေ့ရလေသည်။ "မဆိုးဘူးငါမင်းတို့ ကိုလေးလ လေ့ကျင့်ပေးမယ် ငါ့ဖက်ကမင်း တို့ ကို သေချာလေ့ကျင့်ပေးမဲ့အပြင် အစားသောက်လည်း သေချာကြွေးမွေးမှာဖြစ်တယ် မင်းတို့ ဘယ်လောက်တိုးတက် လာမယ်ဆိုတာကတော့မင်းတို့ ကိုယ်တိုင်အပေါ်မူတည်မယ်" "ဟုတ်ကဲ့ပါ" စစ်သည်တော်နှစ်ရာ၏အသံကဟိန်းထွက်သွား၏။ဂျိ တ်၏အစွမ်းထက်ရေကြောင့် သူတို့ လည်းနောက်ထပ်သောလေ့ ကျင့်ခန်းကို လုပ်ဆောင်ရန်တောင့်တနေကြပြီဖြစ်သည်။ "ဒီတစ်ခေါက်လေ့ကျင့်ရမှာကဒိုက်ထိုးတစ်ထောင် ပြီးရင် အိပ် ထ တစ်ထောင် ပြီးရင်ပြေးခုန်တစ်ထောင်စမယ်" အရင်ဆုံး အဲ့ဒါတွေကဘယ်လိုလုပ်ရမယ်ဆိုတာ ငါပြသပေး မယ် နောက်ပြီးရင် မင်းတို့ လုပ်ကြ" ဂျိတ်သူ၏မည်သို့ လုပ်ဆောင်သည်ကိုပြသပေး၏။စစ်သည် တော်များကလည်း သေချာစိုက်ကြည့်ကြ၏။ "ဒါဆိုရင် ရပြီထင်တယ်" ထိုအသံကြောင့် တက်ကြွနေသောသူတို့ ၏စိတ်ထဲအနည်းငယ် ခြောက်ခြားသွားသေး၏။သို့ ရာတွင် သူတို့ နှစ်ရာလုံးလုံးဝတုံ ဆိုင်းခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်ကြသည်။ "ကဲ စမယ်တစ် ...နှစ် ....." စစ်သည်တော်နှစ်ရာလုံး စတင်ဒိုက်ထိုးလိုက်ကြ၏။သူတို့ တစ် ခေါက်ထိုးပြီးတိုင်း လက်တွင်ပတ်ထားသော လက်ကောက် လေး၏အလင်းကတော့တဖြေးဖြေးတောက်ပလာလေပြီ ဖြစ်သည်။ "ကောင်းတယ် ဆက်လုပ် ....." စစ်သည်တော်များလည်း ဆက်လက်လုပ်ဆောင်ကြ၏။ပထမ ဆုံးပြေးသည်ထက်စာလျှင် သူတို့ အယောက်နှစ်ရာ လုံး၏သက်လုံနဲ့ခံနိုင်ရည်မှာပိုမိုတိုးတက်လာပြီဖြစ်သည်။ ဒိုက်ထိုးပါများလေ သူတို့ ၏လက်၌ရှိသော လက်ကောက်၏အလင်းရောင်ကပိုမိုတောက်ပလာလေဖြစ်၏။ ထိုသို့ တောက်ပလာလေသူတို့ ၏ ခံနိုင်ရည်မှာအကန့်သတ်သို့ ရောက်ရှိလာလေသည်။ "ဟုတ်ပြီ ကိုးရာ့ကိုးဆယ့်ကိုး.....တစ်ထောင်ပါရပြီ " ထိုပြီးဆုံးပြီးဖြစ်သောအသံကြောင့် ဒိုက်ထိုးလိုက်သောစစ်သည် တော်များ၏စိတ်များလျော့ချလိုက်ကြ၏။ဒိုက်တစ် ထောင်၏ပြင်းထန်သော သက်ရောက်မှုကြောင့် သူတို့ ၏ကိုယ် မှာ အလွန်မင်းနာကျင်နေပြီဖြစ်၏။ "ဟုတ်ပြီ ငါးမိနစ်နား ရေသောက်လိုက်ပြီးရင်အိပ်ထတစ်ထောင် လုပ်မယ်ဟေ့" စစ်သည်တော်များလည်း ရေသောက်ပြီး သည်နဲ့သူ တို့ ၏နာကျင်မှုများကလည်း သက်သာလာသလို သူ တို့ ၏မောပန်းမှုများကလည်း ပျောက်ကင်းသွားကြောင်း ခံစား လိုက်ကြသည်။ "ကဲ အချိန်စေ့ပြီ စမယ် အိပ်ထ....တစ် ....နှစ် " အကြိမ်အရေတွက်ဆိုပေးသောဂျိတ်၏အသံကထွက်ပေါ်လာ လေသည်။သူ၏အသံနောက်၌ စစ်သည်တော်နှစ်ရာ၏သံပြိုင် အကြိမ်ရေလိုက်ဆိုသော အသံကထွက်ပေါ်လာလေသည်။ "ကဲ ပြေးခုန် ပြန်စမယ်" ထိုတစ်နေ့လုံးတော့ ဂျိတ်၏အသံကလေ့ကျင့်ရေးကွင်း၌ ပျံလွင့် နေတော့၏။စစ်သည်တော်များကလည်း သူတို့ ၏အသံများကို နောက်မှလိုက်ဆိုကာ လေ့ကျင့်ခန်းများလုပ်ဆောင်နေကြဆဲ ဖြစ်၏။ နေပင်ဝင်ကာ ညနေစောင်းလာပြီဖြစ်၏။ "ဟုတ်ပြီ ကဲနားမယ် နောက်နေ့မှစကြတာပေါ့" ဂျိတ်လည်းပြောဆိုပြီးပြန်သွားတော့၏။ထိုအခါမှ စစ်သည် တော်တို့ သည်သူတို့ ၏စိတ်ကိုလျော့ချလိုက်ကြ၏။ "တကယ်ပင်ပန်းတာဟ ငါတောင်သေပြီထင်နေတာ" "ငါကောပဲ တစ်ခါမှမခံစားဖူးဘူး" စစ်သည်တော်များ၏မျက်လုံးထဲ တုန်လှုပ်မှူကိုမြင်နိုင်သည် ဖြစ်သည်။လေ့ကျင့်ရေးကွင်း၌ စစ်သည်တော်များ ဒီအတိုင်းပင် ပစ်လဲကာ လှုပ်ရှားခြင်းမရှိပဲ အနားယူနေကြ၏။ အတိုင်ပင်ခံကတော့ ဂျိတ်၏လုပ်ဆောင်မှုကို နားလည်၏။ ဂျိတ်သည် စစ်သည်နှစ်ရာအား ဖိအားပေးကာ အတင်းကြပ် လုပ်ဆောင်နေခြင်းဖြစ်​ကြောင်းသိသည်။စစ်သည်တော်များ အား ဖိအားတိုးလာသောလက်ကောက်ဖြင့် လေ့ကျင့်ခန်းလုပ်ပြီး သူတို့ ၏ခံနိုင်ရည်အကန့်သတ်ကိုဖောက်ထွက်စေကာ သန်မာ လာအောင်လုပ်ပေးနေခြင်းဖြစ်သည်။လေ့ကျင့်ခန်းကာလဆိုနေ သည့်အချိန်၌ ဤလေ့ကျင့်ခန်းကသာ အထိရောက်ဆုံးဖြစ်ပေ သည်။ နောက်နေ့များတွင်လည်း ဂျိတ်သည် ထိုအ​ခြေ ခံလေ့ကျင့်ခန်း များကို အဆက်မပြတ်လုပ်စေ၏။စစ်သည်တော်များလည်း လိုက်လုပ်ကြရပြန်၏။တစ်ရက်ပြီးသောအခါ သူ တို့ ၏ကိုယ်ခန္ဓာများသည်မနေ့ကထက်ပိုမိုသန်မာလာကြောင်း တွေ့ရသောအခါ စိတ်လှုပ်ရှားလာကြ၏။လေ့ကျင့်ခန်းမှန်သမျှ ကို မညီးညူပဲလုပ်ဆောင်နေကြသည်။တိုးတက်ဖို့ လမ်းစကိုတွေ့ နေပြီဖြစ်ရာ လိုက်ရန်သာကျန်တော့သည်ဖြစ်သည်။ တစ်လမျှကြာသောအခါ စစ်သည်တော်များ၏အခြေ ခံ လှုပ်ရှားမှုများသည် တိကျမြန်ဆန်​နေပြီဖြစ်၏။စစ်သည်တော် တိူင်း၏ကိုယ်ခန္ဓာကလည်း အဆီပိုမရှိကျစ်လစ်သန်မာနေပြီ ဖြစ်သည်။ယခုအချိန်၌သူတို့ ၏အဆင့်တူများကို အပြင်အား သက်သက်ဖြင့် အနိုင်ယူနိုင်မည်ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်နေကြသောသူတို့ ကိုသေချာကျင့်မည်ဆိုပါက သူတို့ ၏လက်နှစ်ဖက်နဲ့​ခြေ နှစ်ဖက်တွင် ငွေရောင်လက်ကောက် များဝတ်ဆင်ထားသည်ကိူတွေ့ရမည်ဖြစ်သည်။ထို လက်ကောက်များသည် ကျားရိုင်းကြီးနှစ်ကောင်စွာမျှ လေးလံ၏။ ထိုလက်ကောက်များကို လက်ခြေများတွင်တပ်ဆင်ကာ သွားလာလေ့ကျင့်ကြသည်ဖြစ်ကာ မည်မျှခက်ခဲကြောင်း သိနိုင် ပေသည်။သိူ့ရာတွင် သူတို့ သည် ချွတ်ချမည်ပုံမရှိသည့်အပြင် နောက်ထပ်သောဖိအားကိုချိုးဖြတ်ရန်ထက်သန်သောစိတ်များရှိ နေကြ၏။ အစက လက်ကောက်တစ်ခုဖြင့်ပင်ခက်ခဲနေသူများကယခုအခါ သာမန်ကဲ့သို့ ပင် ဝတ်ဆင်ကာသွားလာလှုပ်ရှားနေကြ၏။တစ် ချို့ဆိုလျှင် လက်၌ပင် လက်ကောက်သုံးကွင်းပတ်ထားကြနေပြီ ဖြစ်သည်။ တစ်လတည်းဖြင့် မည်မျှလေ့ကျင့်ခဲ့ရကြောင်းပြောစရာပင်မလို တော့ပေ။ ယနေ့လည်း သူတို့ စိတ်တက်ကြွနေ၏။လေ့ကျင့်ရေးကွင်းထဲသို့ ရောက်နေကြကာ ဂျိတ်အားစောင့်မျှော်နေကြ၏။ အကြောင်းကား လက်နက်အသစ်ကိုသင်ပေးမည်ဆိုသောကြော င့်ဖြစ်၏။ဂျိတ်ကိုမြင်လိုက်သည်နဲ့သူတို့ အားလုံးတက်ကြွစွာ အော်လိုက်၏။ "ကြိုဆိုပါတယ် လေ့ကျင့်ရေးမှူး"

All Chapters