အခန်း (၁၅၇-၁၅၉)
Vol. 11 Ch. 157-159
(157) အစွမ်းထက်သောလက်နက်များ
ဂျိတ်သည် သည်နေ့တွင်လည်း ရိုးရိုးပင်ဝတ်စားလာခဲ့၏။ သို့ သော်လည်း သူ၏သန်မာထွားကြိုင်းလှသော ကိုယ်ခန္ဓာ အချိုးစားက ထင်သာမြင်သာရှိလှ၏။ကြည့်မိသောသူတိုင်း လေးနက်ပြီးတည်ကြည်သောယောကျာ်းပီသကာ ခန့်ညားသော လူဟု ထင်မှတ်ကြလေသည်။ သူ၏လက်တွင်လည်း လက်စွပ်ကိုဝတ်ဆင်ထား၏။ထိုလက်စွပ် သည် မည်သည့်အရာမျှမပါပဲရိုးရှင်းလွန်းလှ၏။သို့ ရာတွင် အရည်သွေးမြင့်များလှပြီး သိုလှောင်လက်စွပ်မှန်း လူတိုင်းသိရှိ နိုင်၏။ထိုလက်စွပ်ကို ကြည့်မိသော စစ်သည်တော်တိုင်း အလွန် မင်း အားကျနေကြ၏။သိုလှောင်လက်စွပ်များသည် အလွန်မင်း ရှားပါးလှသည်မဟုတ်ပါလား။ ဂျိတ်သည် စစ်သည်တော်တို့ ရှေ့ရောက်သည်နဲ့စစ်သည်တော် အားလုံးကား ခြုံကြည့်လိုက်၏။ထို့ နောက် ဂျိတ်စကားတစ်ခွန်း ဆိုလိုက်၏။ "မင်းတို့ ကိုဒီနေ့လက်နက်အသစ်ပေးပြီးလေ့ကျင့်ပေးမယ်ဆို တာ ပြောခဲ့ပြီးပြီ အဲ့အတိုင်း ငါလုပ်ပေးမှာဖြစ်တယ်" စစ်သည်တော်များလည်း လက်နက်အသစ်ဆိုသောကြောင့် အသေချာအာရုံစိုက်နေကြ၏။သူတို့ သည် အခြေ ခံလေ့ကျင့် ခန်းများကို တစ်လမျှ ဂျိတ်နဲ့အတူအပြင်းထန်လုပ်ဆောင်ခဲ့ကြရ သောကြောင့် ယခင်ထက်သန်မာသောအော်ရာများထွက်ပေါ်လာ သည်။ "မင်းတို့ ကို ရွေးချယ်စရာသုံးခုချပေးမယ် လက်နက်အမျိုးစား သုံးခုထဲကတစ်ခုရွေးချယ်ရမှာဖြစ်တယ်" ဂျိတ်ပြောရင်းဆိုရင်း သူ၏လက်စွပ်ကိုပွတ်သပ်လိုက်သည်။ဂျိ တ်၏ရှေ့၌ရှိသောခုံ၌ လက်နက်အမျိုးစားသုံးခုရောက်ရှိနေ ကြောင်းတွေ့လိုက်ရ၏။ "ဘာတွေလဲ ဒါတွေက " "မသိဘူး ငါလဲတစ်ခါမှမမြင်ဖူးဘူး" သူတို့ စိတ်လှုပ်ရှားနေကြ၏။ခုံပေါ်၌ သံများသစ်သားဖြင့် ရောစပ်ပြုလုပ်ထားသော သစ်သားတုတ်ချောင်းပုံစံအရာ ၊ သစ်သားဖြင့်လုပ်ထားသော ပထမသစ်သားတုတ်ချောင်းထက် ရှည်လျားသော အရာ တစ်ချောင်းဖြစ်ပြီးသူ၏အပေါ်၌အမဲရောင်ပစ္စည်းတစ်ခုရှိပြီး နောက်ဆုံးတစ်ခုမှာ တုတ်ခိုင်သည့်ပုံစံရှိသောတုတ်သဖွယ်တို့ ပင်ဖြစ်၏။ "ငါလည်းဘာမှန်းတော့မသိပင်မဲ့ အန္တရာယ်ရှိတယ်လို့ ငါခံစားနေ ရတယ် " "ငါကောပဲ " ထိုလက်နက်သုံးမျိုးကို ကြည့်ကာစစ်သည်တော်အချင်းချင်း တီးတိုးပြောဆိုနေကြ၏။သူတို့ ပြောသလိုပင် ဂျိတ်ပြသထား သောလက်နက်များက အန္တရာယ်အငွေ့သက်များထွက်ပေါ် နေ၏။ "ဒါတွေက မင်းတို့ လေ့ကျင့်ရမဲ့လက်နက်တွေပဲ ဖြစ်တယ် မင်း တို့ ကြိုက်နှစ်သက်ရာရွေးချယ်ပြီးကိုင်လို့ ရတယ် ဒါတွေက ဘယ်လိုအသုံးဝင်တယ်ဆိုတာ ငါအရင်ပြသပေးမယ်" ထိုသို့ ဆိုသည်နဲ့အစေခံများက လေ့ကျင့်ရေးကွင်း အဆုံး၌သစ်သားရုပ်ကိုထောင်ပေးလိုက်ကြ၏။ "မင်းတို့ သေချာနားထောင်ပါ ဒါတွေကို သေနတ်လို့ ခေါ်တယ် ဒါ တွေကမင်းတို့ ရဲ့အောင်မြင်မှုကို ယူပေးနိုင်တဲ့အရာလို့ လည်းဆို နိုင်တယ် " ထိုစကားကြောင့် ထိုအရာများသည်သေနတ်ဟုခေါ်ကြောင်းနဲ့ အစွမ်းထက်မှန်းသိရှိလိုက်ကြ၏။ "ဒါက ချာကရာအစွမ်းဖြည့်ပြီးသုံးဖို့ လိုအပ်လားဗျ" "ဟုတ်တယ်" စစ်သည်တော်များမေးမြန်းလိုက်ကြ၏။လက်နက်များကို ချာ ကရာအစွမ်းဖြည့်လိုက်မှပိုမိုအစွမ်းထက်ကာသုံး၍ရသောကြော င့်ဖြစ်သည်။သို့ ရာတွင် ချာကရာကုန်ခမ်းမှုကြောင့် စစ်သည် တော်များ သည် ထိုသို့ သော လက်နက်များအစား တခြားသော လက်နက်များကိုရွေးချယ်ကြမည်ဖြစ်သည်။ "မလိုဘူး မင်းတို့ လုပ်ရမှာက ဒီသေနတ်အကြောင်းကိုနားလည် ပြီးသေနတ်အသုံးပြုပုံကိုသိရင်လုံလောက်ပြီ " ထိုစကားကြောင့်ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။ချာကရာအစွမ်း မလိုအပ်ပဲ အစွမ်းထက်လက်နက်ကိုမမြင်ဖူးသောကြောင့် ဖြစ်၏။ "သေချာကြည့် ငါဒါကိုအရင်ရှင်းပြမယ် ဒါကအေကေသေနတ် လို့ ခေါ်တယ်အပြည့်စုံခေါ်ရရင် ak-47ပေါ့..ဒါကလက်ကိုင် ဒါက မောင်းတံ ဒါကကျည်အိမ်...ဒါက...... " ဂျိတ် ပထမဆုံးသောအေကေသေနတ်ကို ကိုင်ကာ အကြောင်းရင်းရှင်းပြ၏။ထိုရှင်းပြမှုကို စစ်သည်တော်များ ပြူး ကြည့်နေကြ၏။တုတ်ချောင်းပုံစံလက်နက်က သေနတ်ဟုခေါ်ရုံ သာမက အသေးစိတ်နာမည်ရှိသည့်အပြင် အစိတ်ပိုင်းများစွာ ပါရှိကြောင်း ထိုအစိတ်ပိုင်းများကလည်း နာမည်များဖြင့်ရှိရာ အသေးစိတ်လက်ရာမြောက်ကြောင်းသိရှိလိုက်ကြ၏။ "ကဲ ပြောပြပြီးပြီဆိုတော့ လက်တွေ့ပြမယ်" ဂျိတ် အေကေသေနတ်ကို မောင်းတံတစ်ချက်ဆွဲလိုက်၏။ ထို့ နောက် ထောင်ထားသော ပစ်မှတ်ကိုချိန်ကာ လိုက်၏။ ထို့ နောက် လက်ညှိးလေးကွေးကာ စတင်ပစ်ချလိုက်တော့၏။ "ဒိုင်း...ဒိုင်း....." ထွက်ပေါ်လာသောသေနတ်သံကြောင့် စစ်သည်များအတွက် အထူးဆန်းဖြစ်နေကြ၏။ထိုအသံကြောင့် လာရောက်စူးစမ်း သောသူများပင်ရှိ၏။ ဂျိတ်လည်း ကျည်ကုန်သည်အထိ အားရအောင်ပစ်ချလိုက်၏။ သေနတ်၏ပြောင်းဝဟုခေါ်သောနေရာမှ မီးခိုးငွေ့လေးထွက်လာ သည်ဟုပင် မြင်မိသည်။ ဂျိတ်ပစ်ပြီးသောအခါ အေကေသေနတ်ကို ခုံပေါ် ပြန်တင် လိုက်၏။ဂျိတ်ပစ်လိုက်သော ပစ်မှတ်ကိုကြည့်ပြီး စစ်သည် တော်များ၏ခေါင်းနပန်းကြီးသွား၏။ပစ်မှတ်ဖြစ်သောသစ်သား ရုပ်သည် အပေါက်ရာများစွာဖြင့်ဖွာကျဲပျက်စီးနေကြောင်း တွေ့ လိုက်ရ၏။ "အဲ့လောက် အစွမ်းထက်လား" စစ်သည်တော်များလန့်ဖြတ်နေကြ၏။ဂျိတ်ကိုင်ထားသော အေ ကေခေါ်သေနတ်သည် ရန်သူကိုပစ်ခတ်ပါက ရှောင်တိမ်းရန်ပင် မဖြစ်နိုင်ပဲ တစ်ကိုယ်လုံးအပေါက်ရာဖြစ်သည်အထိ ပစ်ခတ်ခံရ ပြီးသေဆုံးရမည်ဖြစ်သည်။ကျည်ထွက်နှုန်းမှာ လေးမှပစ်လိူက် သောမြှားထက်အဆများစွာ မြန်ဆန်ကြောင်းတွေ့ရှိလိုက်ကြ၏။ ထို့ ကြောင့် ထိုလက်နက်အပေါ် အာရုံများရောက်ရှိလာကြ၏။ "ဒါနောက်တစ်ခုပြမယ်" ဂျိတ်နောက်ထပ်သောအရာတစ်ခုကို ကိုင်လိုက်၏။ "ဒါကတော့ kar98လို့ ခေါ် ကြတယ် ကျည်ကတော့အများကြီးမ ဆန့်ပါဘူး သူကတစ်ချက်ပစ်ပြီးတိုင်းမောင်းပြန်တင်ပေးရမယ်" ဂျိတ်kar98အကြောင်းရှင်းပြ၏။သိူ့ရာတွင် စစ်သည် များ၏အာရုံသည် အေကေသေနတ်ထံသို့ သာ ရောက်ရှိနေ ကြ၏။တစ်ချက်ပစ်တိုင်းတစ်ခေါက်မောင်းတင်ရပြီး ကျည်ဆံ အနည်းငယ်သာပါသည်ဆိုသောကြောင့် တစ်ချက်မောင်းဆွဲ ပြီး ကျည်အတောင့်များစွာပစ်၍ရသော အေကေ သေနတ်ကိုသာ သူတို့ စွဲလမ်းနေကြသည်ဖြစ်သည်။ ဂျိတ်လည်းရှင်းပြပြီးသည်နဲ့ပစ်ခတ်ပြရန်စီစဥ်လိုက်၏။ ထိုအခါ အစေခံများကလည်း နောက်ထပ်ပစ်မှတ်သစ်သားရုပ် ကိုထောင်ပေးလိုက်ကြ၏။ "ဟ ငါတို့ အမြင်မှားနေတာလား အဝေးကြီးပဲ " "မင်းတို့ မမှားဘူး တမင်တကာကိုဝေးအောင် ငါထောင်ခိုင်းလိုက် တာ" ဂျိတ်လည်း ပြောပြီးသူ၏kar98ကို ပစ်ခတ်ရန်အသင့်အနေ ထားဖြင့်ယူလိုက်၏။ထို့ နောက်သေနတ်အပေါ်တွင် တင်ထား သော (scpoe ×4)မှန်ဘီလူးမှတစ်ဆင့်ပစ်မှတ်အား ချိန်ရွယ် လိုက်ကာလက်ညှိးကွေးလိုက်၏။ "ဒိုင်း" တစ်ချက်သောပစ်သံထွက်ပေါ်လာ၏။တစ်ချက်သာထွက် သော်လည်း အေကေကျည်ပစ်ခတ်သံထက် အနည်းငယ် ပြင်းထန်ကြောင်း စစ်သည်တော်များရိပ်မိ၏။သို့ ရာတွင် စစ်သည်တော် များသည် ဆက်တိုက်ပစ်နိုင်သောအေကေသေနတ်ကိုသာ မျက်စိကျနေဆဲ ဖြစ်၏။ "ဒိုင်း..ဒိုင်း..ဒိုင်း..ဒိုင်း" ဂျိတ် နောက်ထပ်လေးချက်ဆက်လက်ပစ်ခတ်လိုက်၏။ပစ်ခတ် ပြီးသောအခါ ထိုပစ်မှတ်အား စစ်သည်တော်များထံယူဆောင် လာရန် ညွှန်ကြားလိုက်၏။ထိုအခါအစေခံများသည် ဂျိတ်ပစ်ခဲ့ လိုက်သောသစ်သားရုပ်ကိုပစ်မှတ်အား ယူဆောင်လာကြ၏။ စစ်သည်တော်များအနီးရကပ်မြင်သောအခါ လန့်သွားကြ၏။ "ဟ...ကြမ်းလိုက်တာဟ.." "ငါတော့ အဲ့သေနတ်ကိုကြွေသွားပြီ " အကြောင်းကား ပစ်မှတ်သစ်သားရုပ်၏ဦးခေါင်းနေရာ၌ ထုတ် ခြင်းပေါက်နေသော အပေါက်ကြီးငါးပေါက်ရှိနေသောကြောင့် ဖြစ်၏။ အဝေးရှိပစ်မှတ်ကို တိကျစွာပစ်မှတ်ထားတိုက်နိုင်မှု ထုတ်ခြင်း ပေါက်စေနိုင်မှုများက kar98၏အားသာချက်များပင်ဖြစ်၏။ သေနတ်နှစ်လက်ကိုကြည့်ပြီးသောအခါ စစ်သည်တော် များ၏အာရုံသည် နောက်ဆုံးသောလက်နက်သို့ ကျရောက်လာ ကြ ကုန်၏။ "ကျနော်တို့ က်ိုရှင်းပြပါတော့ ဒီအကြောင်းကို" စစ်သည်တော်များ၏စိတ်အားထက်သန်မှုကြောင့် ဂျိတ်လည်း ထိုသေနတ်ကိုကိုင်ဆောင်ကာ ပြောပြရ၏။ "ဒီသေနတ်က shotgunလို့ ခေါ်တယ် သူကရှေ့ကသေနတ်နှစ်ခု လုံးနဲ့ကွဲပြားခြားနားတယ် သုံးရတဲ့ကျည်ကလည်း ကြီးမားတယ် ပြီးတော့သူက ရှေ့ကနှစ်လက်ကို အဝေးကိုမပစ်ခတ်နိုင်ဘူး" ထိုစကားကြောင့် စစ်သည်များ၏အာရုံများလျော့ကြသွား၏။ ထိုအခြင်းရာကို ဂျိတ်ကလည်းသိ၏။ "ဒါပေမဲ့သူက အနီးကပ်မှာဆရာတစ်ဆူပဲ " ပြောရင်း မောင်းတစ်ချက်တင်လိုက်ပြီး kar98အပစ်ခံထားရသော သစ်သားရုပ်အနီးသွားကာ ပစ်ထည့် လိုက်၏။ ဒိန်း ပြင်းထန်လှသောပေါက်ကွဲမှုသည် ထိုသေနတ်မှထွက်လာကာ ပစ်မှတ်သစ်သားရုပ်သည် ရစရာမရှိအောင်ဖွာထွက်သွားသည် ကိုတွေ့လိုက်ရ၏။ "ဘာ" "ပြီးတော့သူက တစ်ချက်တည်းနဲ့နော် ....အေးဟ" ထိုမျှသာထွက်နိုင်ကြတော့၏။ထိုသေနတ်သည် စောပိုင်းက သေနတ်များလို အဝေးမပစ်နိုင်သော်လည်း မိမိသာထိုသေနတ်နဲ့ အနီးကပ်ရင်ဆိုင်ရပါက မိမိကိုယ်ခန္ဓာကြီးဖွာကျဲသွားမည်ကို တွေးကာ အံသြတုန်လှုပ်နေကြ၏။ "ကဲ ငါသုံးခုလုံးပြပြီးပြီ မင်းတို့ ကြိုက်တဲ့တစ်လက်ရွေးပြီးငါ့ကို ပြောတော့" ဂျိတ်၏စကားကြောင့် စစ်သည်တော်နှစ်ရာ၏မျက်လုံးများ တောက်ပလာကာ မိမိအလိုရှိသော သေနတ်အမျိုးစားကို စတင် ပြောကြလေတော့၏။
(158) သေနတ်များလေ့ကျင့်သင်ကြားပေးခြင်း
စစ်သည်တော်များ၏စာရင်းသွင်းမှုများကို ဂျိတ်လည်းစာရင်း ကောက်ယူလိုက်၏။ထို့ နောက် လောလောဆယ်တွင် သုံး လက်သာရှိကြောင်းနဲ့မနက်ဖြန် ယူခဲ့မည်ဖြစ်ကြောင်း ပြောဆို လိုက်၏။ထိုအခါစစ်သည်တော်များ၏စိတ်အားထက်သန်မှုနဲ့ အတူ စိတ်လှုပ်ရှားနေကြသည်ကို ဂျိတ်တွေ့မြင်ရ၏။ထို့ နောက် ဂျိတ်လည်းထုံးစံအတိုင်း ညနေအထိလေ့ကျင့်ပေးလိုက်ပြီး အိမ် ပြန်ခဲ့လိုက်၏။ အတိုင်ပင်ခံဖယ်ကလည်း စာအုပ်ရထားသောကြောင့်မလာ သလို တာနာရှာကလည်း သူ၏လေ့လာမှု၌အသီးသီးအာရုံစိုက် နေကြ၏။အိမ်၌အားသောသူဆို၍ အားနေတိုင်းအိပ်နေသော ခွေးမိုက်ကယ်နဲ့သူ၏သမီးလေးသာရှိ၏။ဒါ.တောင်သူ့သမီး လေးက စာဖတ်ရာ၌လုံးဝစွဲမက်နေပြီဖြစ်၏။ လူအားလုံးဆုံချိန်မှာ ညစာစားသည့်အချိန်၌သာဆုံကြလေ သည်။ညစာစားတိုင်း သူတို့ ဘယ်တော့မှဟင်းလျာများကိုငြီးငွေ့ သွားခြင်းမရှိပေ။ညစာစားပွဲမှ ဟင်းလျာများသည် စားကောင်း ရုံသာမက အစွမ်းများကိုပါတိုးတက်စေသည်ဖြစ်၏။ ညစာစားပြီးနောက်အယ်မလီနဲ့အယ်လီနာကလည်း တီးတိုးတီး တိုးနေသည်ကိုလည်း ဂျိတ်သတိထားမိ၏။ "နှစ်ယောက်သားဘာကြံနေကြတာလဲ" "မီမီကပြောတယ် ဖီဖီကိုပြောရဘူးတဲ့" ပြောဆိုရင်းလျှာလေးတစ်လစ်ထုတ်ပြပြီး မိခင်ဖြစ်သူနဲ့အတူ အိမ်ပေါ်ထပ်သို့ တက်သွားကြ၏။သူတို့ နှစ်ယောက်ကို မြင်လိုက် တိုင်း ဂျိတ်၏စိတ်များအေးချမ်းသွားရလေ၏။ယခုလိုဘဝရရှိ မိသည်ကိုပင်ကျေနပ်မိလာ၏။ "ကဲ မနက်ဖြန်အတွက် လက်နက်တွေယူပေးရဦးမှာပဲ " ဂျိတ်သူ၏စနစ်ဆိုင်ခန်းမှ ပထမဆုံး သေနတ်များယူငင်လိုက်၏။သေနတ်အလက်နှစ်ရာနဲ့သေနတ် သုံးမျိုးအတွက် လုံလောက်နိုင်သောကျည်သေတ္တာများကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ပြောင်းလဲလိုက်၏။ ထိုကျည်များနဲ့သေနတ်များသည် စနစ်ဆိုင်မှလာရာ အရည်သွေးကောင်းသည်ကတော့ပြောရန်မလိုအပ်ပေ။ထို လက်နက်များသည် ယခုနေရာ၌ခေတ်မှီနည်းပညာမတိုးတက်မ ထွန်းကာသေးသောနေရာ၌ အလွန်ကြမ်းတမ်းသော သားရဲကြီး များပင်ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။ အထူးတပ်များ၏အိပ်ဆောင် အိပ်ဆောင်၌ညရောက်ပြီဖြစ်သောကြောင့် ဆီမီးများထွန်းညှိ ထား၏။အိပ်ချိန်ရောက်၍အိပ်သင့်သော် လည်း ဒီညတွင်တော့ စစ်သည် အများစုကလုံးဝမအိပ်နိုင်ကြချေ။ "မနက်ဖြန်ကျရင် ငါတော့အေကေကြီးကိုင်ပြီး ကြမ်းရတော့ မယ်" "ငါပဲ ကာkar98ကိုင်ပြီး ကြမ်းမှာကွ" "ငါပဲ shotgunကိုင်ပြီးဖွာကျဲအောင်ပစ်မှာကွ" အတွေးကိုယ်စီနဲ့ကျေနပ်နေကြ၏။ညမှမနက်ရောက်ရရန်ပင် တောင့်တနေကြ၏။အစောပိုင်းလများက မနက်မရောက်ရန် ဆုတောင်းနေကြသော်လည်း ယခုအခါအမြန်ရောက်ရန် ပြောင်းပြန်ဆုတောင်းနေကြ၏။ မနက်ခင်းရောက်သောအခါ..... လေ့ကျင့်ရေးကွင်း၌စစ်သည်များသည် ဂနာမငြိမ်ဖြစ်နေကြ၏။ လေ့ကျင့်ချိန်ထက်တစ်နာရီစောစွာ ရောက်ရှိနေကြ၏။ လက်နက်ကိုင်ချင်လွန်း၌ လက်ယားမတတ်ဖြစ်နေကြ၏။ ဂျိတ်ကတော့ထုံးစံပုံမှန်အချိန်တိုင်း ရောက်ရှိလာ၏။သူရောက် သည်နဲ့ဂနာမငြိမ်ဖြစ်နေကြသော စစ်သည်တော်များကိုတွေ့ရာ ပြုံးမိ၏။ထိုသူများသည် မိမိ၏လက်နက်များ၏ဖမ်းစားခြင်း ကိုခံလိုက်ကြရပြီဖြစ်၏။ "ကဲ ကဲ စာရင်းတိုင်းလက်နက်တွေလာယူမယ်" ပြောရင်း ဂျိတ်သူ၏သိုလှောင်လက်စွပ်ကိုဝေ့ယမ်းလိုက်သည်နဲ့ သေတ္တာကြီးခြောက်ခုအပြင်သို့ ထွက်ကြလာ၏။ထိုသေတ္တာများ ကို ဂျိတ်ဖွင့်လိုက်၏။ "ဝိုး......" စစ်သည်တော်များ၏အော်သံများ ထွက်ပေါ်လာ၏။ သေတ္တာများကို ဖွင့်သည်နဲ့အရည်သွေးကောင်းလှသော သေနတ်များက သူတို့ ၏အာရုံက်ိုဖမ်းစားသွား၏။ "အေကေ ကိုင်မှာတစ်ရာ့ငါးဆယ် kar98က ဆယ့်ငါးယောက် ပြီးတော့shot gunကသုံးဆယ့်ငါး ယောက် ဟုတ်တယ်နော် " "ဟုတ်...." စစ်သည်တော်အသီးသီး သူတို့ စာရင်းသွင်းသည့်အတိုင်း သေနတ်များကို ရွေးချယ်ယူလိုက်ကြ၏။ထို့ နောက် တရိုတသေ ကိုင်တွယ်လိုက်ကြ၏။စစ်သည်တော်များ၏အမူရာမှာ သူ တို့ ၏မိန်းကလေးများကို ချစ်မြတ်နိုးသည့်ပမာ တယုတရကိုင် တွယ်သည့်ပုံဖြစ်၏။ "ကဲသေနတ်ယူပြီးရင် သက်ဆိုင်တဲ့ကျည်အမျိုးစားကိုထပ်ယူ ကြပါ" ဂျိတ်ပြောဆိုရင်း မိမိကိုင်တွယ်သောသေနတ်နဲ့ကိုက်ညီသော ကျည်အမျိုးစားများကိုပြောပြလိုက်၏။ အေကေ47သည် 7.62×39မီလီမီတာရှိသော ကျည်အမျိုးစားကို အသုံးပြုကာ ကျည်အိမ်မှာ အတောင့်လေးဆယ်ဆန့်၏။ထိ ရောက်နိုင်သောပစ်ကွင်းမှာ350မီတာဖြစ်၏။ပစ်မှတ်ချိန် ရာ၌800မီတာထိဖြစ်ကာ ဝေးလေရမ်းခါလေဖြစ်သည်။ shotgunမှာ mossberg500မျိုးဆက်ကို သုံးစွဲထား၏။အရှည် မှာ91.7cmရှိမည်ဖြစ်ကာ 3.2ကီလိုဂရမ်လေး၏။ကျည်တောင့် မှာ 3လက်မပတ်လည်ကြီးမားသောအမျိုးစားကိုသုံးထား၏။ ဆယ်တောင့်အထိ ထည့်သွင်းပစ်ခတ်နိုင်မည်ဖြစ်သည်။ထိ ရောက်မှုပစ်ကွင်းမှာ35မီတာဖြစ်သည်။ kar98သည် ကျည်ငါးထောင့်ထိသာဆန့်မည်ဖြစ်၏။ကျည် တောင့်သည် 7.92×57mmအမျိုးစားဖြစ်၏။သေနတ်အရှည် မှာ43.7လက်မဖြစ်၏။ထိရောက်မှူအကွာဝေးမှာ760မီတာဖြစ် ကာ scopeမြင်ကွင်း(သေနတ်တွင်ပါသောအသေမြင်ကွင်းသည် 1000မီတာထိဖြစ်၏။အထူးကျွမ်းကျင်သူများနေဖြင့် 4700မီတာအထိပင် ပစ်မှတ်အားထိမှန်အောင်ပစ်ခတ်နိုင်၏။ သေနတ်ပုံတွေကို အောက်မှာပြထားပေးပါတယ်။ သေနတ်များကို စစ်သည်တော်များကအသီးသီးယူငင်၍ပြီးသွား ကြ၏။ယူငင်ပြီးကြသည်နဲ့ဂျိတ်က သေနတ်တစ်မျိုး ခြင်း၏ကျည်ဖြည့်ပုံများကို ရှေ့မှနေ၍သရုပ်ပြသပေး၏။ စစ်သည်တော်များကလည်း ခေသူများမဟုတ်ရာ ခဏအတွင်း၌ ကျွမ်းကျင်ပိုင်ဆိုင်သွားကြပြီဖြစ်၏။ ကျည်ဖြည့်ပုံပြီးသည်နဲ့အေကေသေနတ်များ၏ကိုင်ဆောင် သူများကို ပစ်ခတ်နည်းကိုသင်ကြားပေး၏။ထိုအခါ၌ အေကေ သေနတ်သမားများ၏ရုပ်များကရွှေတုံးပေါ်ဖင်ခုထိုင်သည့်ပမာ ပင် ပျော်ရွှင်နေ၏။ အေကေသေနတ်၏ပစ်ချက်များ ပစ်ခတ်ရာ၌အားသာချက် များ မဘ်သည့်အထိပစ်ခတ်၍ရကြောင်းကိုနာရီဝက်ခန့်ကြာ သင်ကြားပေးရ၏။နာရီဝက်ပြီးသောအခါ "ဒိုင်း...ဒိုင်း" အေကေသေနတ်သံများလေ့ကျင့်ရေးကွင်းထဲစတင်ဆူညံလာပြီ ဖြစ်၏။အေကေလေ့ကျင့်သူများ၏ရုပ်များကအလွန်မင်းပျော် ရွှင်နေကြ၏။သေနတ်သံတစ်ချက်ထွက်သွားတိုင်း သူ တို့ ၏တက်ကြွမှုများကတိုးပွားလာလေဖြစ်၏။သူတို့ သည် ထောင်ထားသောပစ်မှတ်များကိုချိန်ကာ ပစ်ခတ်နေကြ၏။ သူတို့ ၏စိတ်ခံစားချက်များက ထိုသေနတ်များအပေါ်လုံးဝကျ ရောက်သွားပြီဖြစ်၏။သေနတ်ပစ်ခတ်ခြင်းကျည်ဖြည့်ခြင်း မောင်းပြန်တင်ကာ ဆက်ပစ်ချက်ခြင်းများက သူ တို့ ၏သွေးသားထဲထိပါလာသော ဝါသနာတစ်ခုပမာစွဲလမ်း နှစ်သက်သွားကြပြီဖြစ်၏။ သူတို့ ၏အေကေသေနတ်ကျည်ကပ် 15ထိပစ်ခတ်ပြီးမှရပ်နား လိုက်ကြ၏။ဒါတောင် နားချင်၍နားသည်မဟုတ် မနားတန်း ပစ်လိုက်သောကြောင့် ပြောင်းဝမှပူလာသည်ဖြစ်သောကြောင့် ဖြစ်၏။ shotgounသမားများကိုလည်း ဂျိတ်သင်ကြားပေးလိုက်၏။ shot gunသည် အဝေးမရောက်သော်လည်းပြင်းထန်မှုများ သောသေနတ်ဖြစ်ကြောင်းနဲ့အနီးကပ်တိုက်ပွဲ၌ဘုရင်တစ်ပါး ဖြစ်ကြောင်းရှင်းပြ၏။မည်သို့ မြန်ဆန်စွာကျည်ထည့်ရမည် နဲ့ သေနတ်ကိုင်ဆောင်ပုံကိုပါသင်ကြားပေးလိုက်၏။ထိိုသို့ အသေးစိတ်သင်ကြရခြင်းမှာ shotgunသည် ပစ်ခတ်ရာ၌ ပြင်းထန်သောပေါက်ကွဲအားနဲ့အတူ သေနတ်သမားကို တုန်ုခါမှု ဖြစ်စေနိုင်သောကြောင့်ဖြစ်၏။ထိုအခါ သေနတ်သမားသည် သေနတ်ကိုမနိုင်ပါက ပြန်ကန်ခြင်းကိုခံရမည်ဖြစ်၏။ ဂျိတ်သင်ကြားပြီးသောအခါ လေ့ကျင့်ကွင်း၌shotgunသံများ ဆူညံလာ၏။ "ဒိန်း....ဒိန်း...." shotgunသံများကပိုမိုအနည်းငယ်ကျယ်ရာ ကိုင်ဆောင်မှုများ က အေကေသေနတ်များကိုင်သူဖက်အား ကြွားပြ၏။နောက်ထပ်တူညီမှုမှာသူတို့ ၏ပစ်မှတ်အရုပ် သည်shotgunပြင်းအားကြောင့် ဖွဲကျဲပေါက်ကွဲရာ အသစ်သစ် ထပ်ပြီးထားပေးရခြင်းဖြစ်၏။သူတို့ ၏ပုံစံကလည်း ထိုသေနတ် နဲ့အသားကျနေစေရန်ကျိုးပမ်းပုံရှိ၏။ "karသမားတွေကတော့ မနက်မှသင်မယ် မင်းတို့ ကသီးသန့်လေ့ ကျင့်ရမယ်အထဲပါတယ် မနက်ဖြန်ကျရင် အေကေသေနတ် နဲ့shot gunသမားက နားနေကြ ကြားလားkarသမားတွေရော့ဒီ နေ့တော့ဒါလေးတွေကျင့်ကြံခဲ့ကြ" karသမားများအား စာအုပ်များဂျိတ်ပေးကမ်းလိုက်၏။ထို စာအုပ်များသည် ထွေထွေထူးထူးမဟုတ်ပေ။စိတ်တည်ငြိမ် အောင် ထိုင်ပြီး ဝင်လေထွက်လေရှူခိုင်းသော (အာနာပါနသ ဘောမျိုး)သာဖြစ်၏။စိတ်ကိုဦးစားပေးတည်ငြိမ်စေရန်လိုသော ကြောင့် ထိုစာအုပ်အတိုင်း လေ့ကျင့်စေလိုခြင်းဖြစ်၏။ karသမားများကလည်းထိုစာအုပ်ကိုအသေချာကိုင်တွယ်ကာယူ လိုက်ကြသည်။သူတို့ သေနတ်ပစ်ရာ၌ထိုစာအုပ်ကအသုံးဝင်လာ မည်ဖြစ်သောကြောင့်ဖြစ်၏။ "ကဲ ဒီနေ့တော့ ဒီလောက်ပဲဆင်းမယ်" "ဟုတ်ကဲ့ပါ " စစ်သည်များ၏အသံများကဟိန်းထွက်လာ၏။
(159) အဝေးပစ်သင်ကြားပေးခြင်း
ညအချိန်အခါ၌....... အခန်းကြီးတစ်ခုသည်လုံးဝမှောင်မဲနေ၏။ထိုမဲမှောင်နေသော အခန်းကြီးသည် ရုတ်ခြည်းဆိုလို မီးအလင်းရောင်တစ်ထွက် ပေါ်လာသည်။လူတစ်ယောက်သည် ထိုအခန်းထဲသို့ မီးအိမ် လေးကိုင်ကာ ဝင်လာသောကြောင့် ဖြစ်၏။ ထိုမီးအိမ်ကိုင်လာသောလူဝင်လာသည်နဲ့အခန်းထဲတွင် ထိုင် လျက်ရှိနေသောလူနှစ်ဦးကို တွေ့မြင်လိုက်ရ၏။ထိုထိုင်နေသည့် လူနှစ်ဦးကို မီးအိမ်ဖြင့် ဝင်လာမှတွေ့ရှိရသည်ဖြစ်ရာ ယခင် အချိန်များ၌ အမှောင်ထဲ၌ကြာမြင့်စွာနေနေကြောင်း သိသာ စေ၏။ "ဘာသတင်းအချက်လက်တွေရခဲ့လဲ" အမှောင်ထဲတွင်ထိုင်နေသော လူမှ ဝင်လာသောသူကိုမေး လိုက်၏။ "သတင်းထူးပါတယ်ဆရာ...အခုဂရိတ်တိုင်းပြည်ကို ပြိုင်ပွဲမှာ အနိုင်ယူနိုင်ဖို့ ဂျိတ်ကသင်ကြားပေးနေတယ်လို့ သတင်းရပါ တယ်" "တောက် လာပြန်ပြီဒီကောင်လား" အမှောင်ထဲမှလူကြီး ဒေါသထွက်နေ၏။သူသည်ဘလက်အဖွဲ့ စည်းမှ ဖြစ်ကာ သူ၏တွဲဖက်ဖြစ်သောစုန်းမအိုကြီးသည် ဂျိတ်နဲ့ ပတ်သက်ပြီး သေဆုံးခဲ့ရသည်ဟုသတင်းရရှိထားခဲ့၏။ယခုသူ ကိုင်တွယ်သော ဂရိတ်အရေး၌ဂျိတ်ပါလာသည်ဟု ကြား သောအခါ မျက်မှောင်ကြုံမိ၏။ "သူပါလာရင်တောင် ဂရိတ်တိုင်းပြည်ကလုံးဝရှုံးပြီး ငါ့အစီစဥ် အတိုင်းပဲဆက်သွားရမယ်" "ဆရာ ကျနော်ပြောဖို့ ကျန်နေသေးတယ်...ဒီတစ်ခေါက်က လက်နက်ဆန်းတွေကောပါနေတယ်ကြားတယ်" "လက်နက်ဆန်းတွေဟုတ်လား ငါတို့ ဘလက်အဖွဲ့ကသေမင်း လက်နက်တွေထက်မသာနိုင်ပါဘူးကွာ" "ဒါဆို ဆရာ့သေမင်းလက်နက်တွေက တစ်မိနစ်အတွင်း အချက် ရှစ်ဆယ်လောက်ပစ်လို့ ရလား." "မင်း...မင်းဘာပြောလိုက်တာ " ဒီတစ်ခါတော့ အမှောင်ထဲကလူနှစ်ဦးလုံး အံအားသင့်သွားရ၏။ တစ်မိနစ်အတွင်း အကြိမ်ရေရှစ်ဆယ်ဆိုပါက အလွန် ကြမ်းတမ်းနေပြီမဟုတ်ပါလား။ "ကျနော်တွေ့တာကတော့" မီးအိမ်နဲ့လူကလည်း အကြောင်းစုံရှင်းပြ၏။ဂျိတ်သည် လက်နက်ဆန်းသုံးခုကိုထုတ်ပြကြောင်း ထိုလက်နက် များ၏ပစ်ခတ်ပုံကိုလည်း ပြသကြောင်း၊ထို့ ကြောင့် ထို လက်နက်များသည် အလွန်အစွမ်းထက်ကြောင်း သိရှိလိုက် ရ၏။ ထိုစကားများကြားရလေ အမှောင်ထဲလူကြီး၏မျက်နှာက တပ်မက် မက်မောလာလေဖြစ်၏။ထိုလက်နက်များသာ ရပါက အလွန်တိုးတက်နိုင်ကြောင်း သူခံစားမိ၏။ "အဲ့ဆို အဲ့လက်နက်တွေခိုးခဲ့ " "မဖြစ်နိုင်ပါဘူးဆရာ...သူတို့ လက်နက်ရသည်ထားဦး ဘယ်လို သုံးရမယ်ဆိုတာတောင်သိမှာမဟုတ်ဘူးဆရာ ကျနော်တို့ မြင်ဖူး တာနဲ့လုံးဝကွဲထွက်နေတာပါဆရာ" သတင်းပေးသမားလည်း သေချာရှင်းပြရ၏။သတင်းသမား သည် ဂရိတ်နန်းတွင်း၌အမူထမ်းနေကာ သတင်းစုံစမ်းရသူ ဖြစ်၏။ရသမျှသတင်းများကို ဘလက်အဖွဲ့စည်းမှ အကြီးကဲ များထံ သတင်းပို့ ပေးရသူဖြစ်၏။သူ၏ထက်မြက်လှပါသောဆို သောသတင်းရယူမှုက ဂျိတ်နဲ့တွေ့သောအခါ အသုံးမဝင်တော့ ပေ။ ဂျိတ်သည် သူ၏လက်နက်များအသုံးပြုနည်းကိုပြော ကြားရာ၌ အသံပိတ်အစီရင်နဲ့ပုံရိပ်ယောင်အစီရင်များကို ချထားပြီးမှပြောသူဖြစ်၏။သူသင်ကြားပေးနေသော စစ်သည် တော်နှစ်ရာမှလွှဲလျှင် ကျန်သောသူများက တတ်မြောက်ရန်မ ဖြစ်နိုင်ပေ။ပုံကိုသာကြည့်ပြီးသင်ယူမည်ဆိုပါကလည်း ပုံရိပ် ယောင်ပြောင်းလဲမှုကြောင့် သင်ယူတတ်မြောက်ရန်လုံးဝမဖြစ် နိုင်တော့ပေ။ "ကောင်းပြီ မင်းနားလို့ ရပြီ " မီးအိမ်နဲ့လူပြန်သွားသည်နဲ့အမှောင်ထဲရှိလူနှစ်ဦးသည် "ဒါဆို ငါတို့ အစီစဥ်တွေ ရွေ့လိုက်ကြစို့ အရင်ဆုံးအဲ့လက်နက် တွေကို ရအောင်ယူဖို့ ကြံကြတာပေါ့ နောက်မှအရင်အစီစဥ်တွေ ပြန်ဆက်မယ်." သူတိုနှစ်ယောက်သားအစီစဥ်ပြန်ဆွဲကာ ပြန်လည်ထွက်ခွာသွား ကြ၏။ ........ "ဆရာ့ လက်နက်တွေဘလက်အဖွဲ့ဆီ ပါသွားမှာမစိုးရိမ်ဘူးလား" ဖယ်(ဂရိတ်အတိုင်ပင်ခံ )မှ ဂျိတ်အားမေး၏။သူအနေနဲ့ အစွမ်းထက်သောလက်နက်များကို ဘလက်အဖွဲ့စည်းကြီးမှ လာ ယူသွားမည်ကိုစိုးရိမ်နေ၏။ "မလိုပါဘူး သူတို့ ကျုပ်ရဲ့လက်နက်တွေရရင်တောင်ဘယ်လိုမှ ပစ်တတ်မှလဲမဟုတ်ဘူး ပြီးတော့ပစ်တတ်လို့ လက်နက်တွေ ပုံတူပွားဖို့ လဲမဖြစ်နိုင်ပါဘူး" ထိုစကားကြောင့်သာ ဖယ်စိုးရိမ်စိတ်လျော့ကျသွားပြီး နေရထိုင် ရသက်သာသွားလေ၏။ထို့ နောက် သူနားမလည်သော အင်း ပညာများကို မေးမြန်းကာ ညအတော်နက်မှပြန်သွားတော့၏။ ("ဆရာကဘယ်မျိုးနွယ်ကလဲ ငါတော်တော်သိချင်နေပြီ ") ဖယ်၏အာရုံလဲထိုကိစ္စကိုမကြာခဏတွေးမိ၏။သူဘာမေးမေး ဖြေနိုင်သော ဂျိတ်ကြောင့် ထိုအတွေးများဝင်လာမိခြင်း ဖြစ်သည်။တစ်ချို့သောရှေးဟောင်းမျိုးနွယ်စုမှ လူများသည် ပျောက်ကွယ်နေသော ပညာရပ်များပိုင်နိုင်တတ်ကျွမ်းကြသော ကြောင့်ဖြစ်၏။သူမသိသည်ကား ထိုရှေးဟောင်းမျိုးနွယ်များစွာ တတ်ကျွမ်းပညာရှင်များက ဂျိတ်ကို မမှီသည်ကိုပင်ဖြစ်၏။ မနက်ရောက်သောအခါ..လေ့ကျင့်ရေးကွင်း၌ karသေနတ်ကိုင်ဆောင်သူများသည် ဂျိတ်နဲ့အတူရှိနေကြ၏။ သူတို့ သည် ဂျိတ်၏သင်ကြားပေးမှုကိုစောင့်မျှော်နေကြသူများ ဖြစ်၏။ "ငါပေးလိုက်တဲ့စာအုပ်ကအတိုင်း လုပ်ပြီးပြီလား. "လုပ်ပြီးပါပြီဗျ..တော်တော်အကျိုးထူးပါတယ်." "ကောင်းပြီ အဲ့ဒါကမင်းတို့ သေနတ်ပစ်တဲ့အခါ အကျိုးထူးစေရုံ မဟုတ်ပဲ ကျန်တဲ့နေရာမှာလည်း အကျိုးသက်ရောက်စေတယ် နေ့တိုင်းသာလေ့ကျင့်." ဂျိတ်မပြောလျှင်ပင် သူတို့ လေ့ကျင့်ကြမည်ဖြစ်သည်။စစ်သည် တော်တစ်ယောက်ဖြစ်လာသည်နဲ့သတ်ရဖြတ်ရအလုပ်များစွာ ကို လုပ်ခဲ့ကြရသူများဖြစ်၏။တစ်ခါတစ်ရံထိုအဖြစ်ပျက်များ က လူကိုခြောက်ခြားတတ်စေ၏။ထိုခြောက်ခြားခံရမှုများလာ လေ သွေးပျက်ပြီးရူးသွပ်သွားသည်အထိ ဖြစ်တတ်၏။ ဂျိတ်ပေးလိုက်သော စာအုပ်အတိုင်း သူတို့ လေ့ကျင့်လိုက် သောအခါ၌ သူတို့ ၏စိတ်သည် အေးချမ်းခြင်းကိုပထမဦးဆုံး ခံစားလိုက်ကြရ၏။ထို့ နောက်တစ်ခါမှ မရဖူးသော ငြိမ်းချမ်း ခြင်းနဲ့အတူသူတို့ ၏စိတ်သည် ပိုမိုကြည်လင်လာကြောင်း ပါ တွေ့ရှိလိုက်ရ၏။ "ကဲ အရင်ဆုံး မင်းတို့ ကို ငါပစ်ပြမယ်" ဂျိတ် karတစ်လက်ကို ကိုင်ကာ ပစ်ရန်အနေထားအသွင် ပြောင်းလဲလိုက်၏။ထို့ နောက် သေနတ်ကိုအသေချာကိုင် ကာ10မီတာ ရှိပစ်မှတ်အားပစ်ပြ၏။ "ဒိန်း" တစ်ချက်တည်းနဲ့ပစ်မှတ်အရုပ်၏ခေါင်းကို ထိမှတ်သွား လေ၏။ထို့ နောက် စစ်သည်များကို မည်သို့ မည်ပုံပစ်ရမည်ကို အသေးစိတ်ရှင်းပြကာ ပစ်ခိုင်းစေ၏။ "ဒိန်း" စစ်သည်တော်များ၏ပစ်ခတ်သံများထွက်ပေါ်လာလေ၏။ ပစ်မှတ်ရုပ်၏ခေါင်းကိုထိမှန်သွားခြင်းမရှိသော်လည်း ကိုယ် အစိတ်ပိုင်းများကိုထိမှန်ကြ၏။ "ကောင်းတယ် မဆိုးဘူး.ဒီအတိုင်းဆက်ပစ်မယ် ဒီအတိုင်းပစ် လို့ ပစ်မှတ်အရုပ်ရဲ့ခေါင်းကိုမှန်ရင် ပစ်မှတ်အရုပ်ကိုနောက် ဆယ်မီတာထပ်တိုးပြီး မင်းတို့ ဆက်ပစ်လေ့ကျင့်ရမယ် ကြား လား" "ဟုတ်" ထိုအသံနဲ့အတူ ပစ်မှတ်အရုပ်၏ခေါင်းကို ဦးစားပေးပစ်ခတ် သောအသံများက လေ့ကျင့်ရေးကွင်းထဲပြန့်နှံလာလေတော့၏။