← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

(160) ခရီးစထွက်တော့မည်

ဂျိတ်၏သင်ကြားပေးမှုက ထိရောက်မှုရှိလှသည်ဟုဆိုရပေ မည်။အထူးတပ်ဖွဲ့ဝင်များ၏ တိုးတက်မှုများကား ကြောက် ခမန်းလိလိပင်။ယခုအထူးတပ်ဖွဲ့တိုင်း၏ခြေ လက်များ၌ လက်ကောက်များကွင်းများက နေရာယူထားလျက်ရှိ၏။ ထိုလက်ကောက်ကွင်းများသည် လေးလံလှသော တန်ချိန်ရှိ သော အရာများဖြစ်သည့်အပြင် ဖိအားများပါသောအရာများ ဖြစ်၏။စစ်သည်တော်များသည် ထိုလက်ကောက်ကွင်းများကို အမြဲမပြတ်ဝတ်ဆင်ထားပြီး သူတို့ ၏ကိုယ်ခန္ဓာအဆက်မပြတ် တိုးတက်စေရန်ကိုယ်နဲ့မကွာ ဝတ်ဆင်ထားကြ၏။ ထိုလက်ကောက်ကွင်းများကြောင့်သာ စစ်သည်တော်များ တိုးတက်ရခြင်းမဟုတ်ပဲ ဂျိတ်၏တိုက်ကျွေးသော အစွမ်းထက် ရေနဲ့အစားသောက်အနည်းငယ်ကြောင့်ပိုမိုတိုးတက်လာခြင်း ဖြစ်၏။ ဂျိတ်သာ သူ၏အစားသောက်များစွာကိုသာ စစ်သည်တော်များ ကို လေ့ကျင့်စေခြင်းမရှိပဲ ဒီအတိုင်းသာကျွေးမွေးပါက အစား သောက် ရေများမှပါသော စွမ်းအင်များက စစ်သည်တော်များ ကို ပေါက်ကွဲထွက်စေမည်ဖြစ်သည်။ လေ့ကျင့်မှုများစွာကို ဖန်တရာတေအောင် လေ့ကျင့်စေပြီး အစားသောက်မှစွမ်းအင်များကို စုပ်ယူစေသောကြောင့် စစ်သည်တော်များသည် သူတို့ စားသောက်သမျှသော စွမ်းအင် များကို အလေ လွင့်မရှိစေပဲ အပြည့်ဝစုပ်ယူနိုင်လေကြ၏။ ထိုသို့ ကိုယ်ခန္ဓာကိုလေ့ကျင့်စေခိုင်းလိုက် သေနတ်ပစ်လေ့ကျင့် ပေးလိုက် အစားသောက်မှစွမ်းအင်များကို စုပ်ယူစေခြင်းဖြင့် အချိန်မှာတဖြေးဖြေးကုန်ဆုံးလာလေ၏။ ထိုသို့ ဖြင့် လေ့ကျင့်ရေးလ၏နောက်ဆုံးလကိုပင်ရောက်ရှိလာ တော့၏။စစ်သည်တော်များ၏လက်နက်အပေါ်ကျွမ်းကျင်မှုက လည်းပိုမိုတိုးတက်လာ၏။ အေကေသေနတ်ကိုင်သူများကလည်း သေနတ်ကိုင်ဆောင်ပုံမှ အစ ပစ်ခတ်ပါက ပစ်မှတ်ကိုတိကျသောပစ်ခတ်မှုနဲ့ကျည်ကုန် သွားပါက လျင်မြန်စွာပြန်လည်ဖြည့်သွင်းမှုနဲ့တစ်သားတည်း ကျနေပြီဖြစ်၏။ shotgunကိုင်သူများကလည်း သေနတ်၏ပြင်းထန်သောအား ကို အကျင့်သားရနေသလို ပစ်မှတ်အား ချက်ကောင်းနဲ့ပစ်ခတ် မှုနဲ့ကျည်ပြန်ဖြည့်သွင်းမှုများက မွေးကတည်းကပါလာသည့် အလားပင် မြန်ဆန်လှပေ၏။ ထိုသူများကိုကြည့်ကာ ဂျိတ်အားရမိ၏။သူ၏တပ်ဖွဲ့ဝင်များသာ ဆိုပါက သူတို့ ထက်အဆပေါင်းများစွာ လေ့ကျင့်ရမည့်ပုံကို မြင် ယောင်မိသည်။ "karသမားတွေအခြေနေ ဘယ်လိုလဲ" kar 98သမားများ၏တိုးတက်နှုန်းကပိုမိုအမြန်ဆုံးဟုပြောလျှင် ပို၍မှန်မည်ဖြစ်၏။နေ့တိုင်း စိတ်တည်ငြိမ်စေသောနည်းကြောင့် သူတို့ ၏စိတ်များသည် ယခင်ကထက်ပိုမိုတည်ငြိမ်လာသလို အရာရာကိုဆုံးဖြတ်ချက်မှန်ကန်စွာချတတ်လာပြီဖြစ်သည်။ စိတ်တည်ငြိမ်လာသောကြောင့် ကျန်သောသေနတ်သမားများ ထက် တိုက်ခိုက်ရေလေ့ကျင့်မှု၌လည်း ပိုမိုသိသာထင်ရှား ကြ၏။ "ကျနော်တို့ အများဆုံးမီတာကိုးရာအထိပဲ ပစ်ခတ်နိုင်ပါသေး တယ်" မီတာကိုးရာဆိုသောစကားကြောင့်ကျန်သောသေနတ်သမား များ၏မျက်လုံးများပြူးကျယ်ကုန်ကြ၏။ထိုအကွာဝေးက သူ တို့ ၏အမြောက်ကြီးများ၏ပစ်ခတ်နှုန်းအကွာဝေးထက် သာလွန်လာပြီမဟုတ်ပါလား။ "ဟ စောက်ကျိုးနည်းကြီး ကိုးရာမီတာတောင်ဟ. သူတို့ သေနတ်လေ့ကျင့်တိုင်း သူတို့ သည် ရှေ့တက်ပစ်လိုက် နောက်ဆုတ်လိုက်စသည်ဖြင့် တပ်တက် ဆုတ်ခွာဖြင့်လေ့ကျင့် ချိန်၌karသေနတ်သမားများသည် အမြဲကျောက်ရုပ်ကြီးပမာအ မြဲငြိမ်သက်နေကာ ပစ်ခတ်ရာ၌လည်း တစ်ချက်နဲ့တစ်ချက်က အလွန်ကြာလွန်းသောကြောင့် ကဲ့ရဲ့မိကြသေး၏။ထို့ အပြင်ငါး တောင့်သာဆန့်သောကြောင့် karကိုမရွေးချယ်သောသူများနေ ကြခြင်းဖြစ်၏။ "ကျနော်တို့ အဲ့ကိုးရာမီတာထက်များလာရင် ပစ်မှတ်ကိုသေချာ ထိမှန်ဖို့ မသေချာတော့ဘူး ခက်ခဲလာတယ် ဒါကြောင့် အကြံ ပေးးပါဦး ဆရာ" "ဟုတ်တယ်" karသမားများ ဂျိတ်အားကြည့်လာကြ၏။ "ဒါနဲ့အဲ့သေနတ်က ဘယ်လောက်ထိပစ်လို့ ရလဲဆရာ" အေကေသေနတ်သမားတစ်ယောက်ကမေးလိုက်၏။ "အများဆုံးလား အရင်ကငါပြောဖူးတယ်လေ အဲ့တုန်းကမင်းတို့ က သေနတ်တွေပဲ ငမ်းနေကြတာကိုး" ဂျိတ်စကားကြောင့် မေးသောခေါင်းငုံကာ ပြုံးပြ၏။ ဂျိတ်ကလည်း ဆက်လက်ရှင်းပြ၏။ "အေကေသေနတ်သမားတွေကို စစ်ပွဲမှာ အများဆုံးတိုက်ခိုက်ရ တဲ့စစ်သည်တော်လို့ သတ်မှတ်ရင် shot gunသမားကို အနီးကပ် လုပ်ကြံသူလို့ သတ်မှတ်လို့ ရတယ်" ထိုစကားများကြောင့် အေကေနဲ့shot gunသမားများက ဂုဏ်ယူ ဝင့်ကြွားစွာ ပြသလိုက်ကြ၏။ "အဲ့လိုပဲ kar98သမားကို မရဏသေမင်းလို့ ခေါ်တယ် အဲ့လိုခေါ် ရတာက အဝေးကနေ သတ်ဖြတ်နိုင်စွမ်းရှိလို့ ပဲ အဲ့လိုဖြစ် ရအောင်ကလဲ သေနတ်ရဲ့အစွမ်းထက်တည်ဆောက်ပုံနဲ့ပြောင်း တွေကထောက်ပံပေးနေတာ သူ့မှာအားနည်းချက်ဆိုလို့ မင်းတို့ မြင်တဲ့အတိုင်း ကျည်ငါးတောင့်သာထည့်ရပြီး တစ်ချက်ပစ်ပြီး တိုင်း တစ်ချက်မောင်းတင်ရတာပဲ " ထိုစကားကို စစ်သည်တော်များလက်ခံကြ၏။ "karတစ်လက်ကို ကျွမ်းကျင်ရင် တကယ့်သေမင်းသဖွယ်လို့ မင်းမူနိုင်ပြီ သူ့ရဲ့အဝေးဆုံးအကွာဝေးက 4700အထိ ပစ်ခတ်ပြီး ရန်သူကို တည်နေရာတွေ့စေခြင်းမရှိ သတ်ဖြတ်နိုင်ပြီ " ထိုစကားကြောင့် karသမားများက ဂုဏ်ယူလိုက်ကြ၏။ကျန် သောသေနတ်သမားများကတော့ ချွေးစေးပြန်သွားကြ၏။မိမိ တို့ သာ ရန်သူဆိုပါက karသေနတ်သမား၏4700mအတွင်း ရောက်နေပါက တစ်ဖက်သား၏ကစားကွင်းထဲ ရောက်မှန်းမသိရောက်နေကာ ဘယ်အချိန်သတ်ဖြတ်သွားမည်ကိုပင်သိလိုက်မည်မဟုတ်ပေ။ "မင်းတို့ karသမားတွေအတွက် ငါပြင်ဆင်ထားပြီးသား ညနေစောင်းရင် မင်းတို့ သီးသန့်နေခဲ့ သချာ်သင်ပေးမယ် အဲ့တာ ကမင်းတို့ ကို ပိုပြီးဝေးကွာတဲ့ ပစ်မှတ်ကိုထိစေဖို့ အထောက်ကူဖြစ်စေမှာပါ" karသမားများ၏လေ့ကျင့်မှုများကတစ်ချိန်ပိုပြီး တိုးလာ လေ၏။သို့ ရာတွင်လည်း သူတို့ ကြောက်ရွံသွားခြင်းမရှိပဲ ကြိုးစားသင်ယူကြ၏။ဂျိတ်၏အသေးစိတ်သောရှင်းလင်းချက် နားလည်လွယ်သောအသုံးနှုန်း များကြောင့် ဒက်ခနဲဆိုသလို မျက်လုံးထဲ၌ထင်သာမြင်သာကာ မှတ်မိလွယ်၏။ ထိုသို့ သောသချာ်လေ့ကျင့်ခန်းများကြောင့် karသမား များ၏ပစ်မှတ်အကွာဝေးများက ပိုမိုတိုးတက်လာကြ၏။ "လက်စသတ်တော့ ဒီလိုရှိ ​တာကိုး အရင်က ဒါတွေကအရေးမ ကြီးဘူးလို့ ငါထင်ခဲ့တာ အခုတော့ အရေးပါနေပါလား" "အေးဟ ငါတို့ လဲမထင်မိခဲ့ဘူး." karသမားများ၏အမြင်များက ပိုမိုကျယ်ပြန့်လာ၏။သူ တို့ ၏အမြင်များကလဲ အတိုင်းတာသစ်တစ်ခုထိတ်ိုးတက်လာ လေသည်။ သေနတ်ပစ်ရာ၍ ပစ်မှတ်ကို သေချာချိန်ပစ်ခတ်သည်က 100mသောအကွာဝေး၌ ပြသနာမရှိသော်လည်း ဝေးကွာလာ သောအခါ ပစ်လိုက်သောကျည်၏အရှိန်သည်တဖြေးဖြေး လျော့နည်းလာ၏။ ထို့ အပြင် မိမိပစ်လိုသောပစ်မှတ်၏တည်နေရာ မည်သည့်နေရာ တွင်ရှိပုံ လေတိုက်ခိုက်ပုံစံ လေတိုက်နှုန်းပမာဏ များကလည်း ဝေးကွာသော နေရာရှိပစ်မှတ်ကို ပစ်ရာ၌လွန်စွာအရေးပါ ကြောင်းသိရှိလာပြီဖြစ်၏။ပစ်ခတ်ပြီးပါက ပစ်လိုက်သော ကျည်သည် ပစ်လိုက်သောအချိန်နဲ့မည်မျှကွာခြားကြောင်းများ ကိုပါသိရှိလာရာ karသမားများသည် အမြင်သစ်ကိုပါတွေ့ရှိခဲ့ ကြတော့၏။ ထိုသို့ ဖြင့် မီတာကိုးရာမှ တစ်ထောင် ထောင့်တစ်ရာ ထောင့်နှစ် ရာ ထောင့်ငါးရာ ထောင့်ရှစ်ရာမီတာ အထိ တိုးတက်လာခဲ့တော့၏။ဤသို့ ဖြင့် လေ့ကျင့်ကာလများ မှာ ကုန်ဆုံးသွားလေတော့၏။ "ဆရာ အချိန်စေ့ပြီ ကျနော်တို့ မနက်ဖြန်ခရီးထွက်ကြရမယ်" အယ်ဖာသိုင်းလေ့ကျင့်ရာမှထွက်လာပြီး ဂျိတ်အား ပြော ကြား၏။ခရီးထွက်ရာ၌ အယ်ဖာသည် အထူးတပ်ဖွဲ့အားဦး ဆောင်ရမည်ဖြစ်ပြီး ဂျိတ်သည်လည်းလိုက်ပါလာမည် ဖြစ်သည်။ အယ်ဖာသည် အထူးတပ်အားခေါင်းဆောင်ရမည့်သူမဟုတ် သော်လည်း ဘုရင်သည် အယ်ဖာသည်ဂျိတ်နဲ့ရင်းနှီးမှုရှိ ကြောင်းကြားသည်နဲ့လူစားထိုးလိုက်ခြင်းပင်ဖြစ်၏။ "နားကျတေတာ့ စစ်သည်တော်တို့ မနက်ဖြန်ခရီးစထွက်မယ်" ဂျိတ်၏စကားကြောင့် လေ့ကျင့်နေကြသောစစ်သည်နှစ် ရာ၏မျက်ဝန်းများ၌ ရဲရင့်ထက်သန်သောအမူရာများပေါ်ပေါက် လာခဲ့တေ့ာ၏။သူတို့ ၏အသွင်ပြင်သည် မိမိတို့ ၏ပြိုင်ဘက်များ ကို ချက်ချင်းပင်ရင်ဆိုင်လိုသည့်ပမာပင် ရှိကာ တက်ကြွနေလေ တော့၏။

(161) တိုက်ခိုက်ကြပါစို့

မနက်ပိုင်းအချိန်၌ တောက်ပသောနေအလင်းရောင်လည်း ထွက် ပေါ်လာ၏။ဂရိတ်နိုင်ငံ၏လေ့ကျင့်ရေးကွင်း၌ စစ်သည်တော် များသည်စုဝေးလျက်ရှိနေ၏။သူတို့ အား အတိုင်ပင်ခံဖယ်နဲ့ ဂရိတ်ဘုရင်ကြီးတို့ သည် ကြည့်ရှုလျက်ရှိ၏။ကျန်ရှိကုန်သော မှူးမတ်များကလည်း ထိုစစ်သည်တို့ အပေါ် အာရုံရောက်လျက် ရှိ၏။ သူတို့ မြင်နေရသောစစ်သည်တော်များသည် အလွန်သန်မာ သောပုံစံရှိကာ ထူးဆန်းသောအရာများကို ကိုင်ဆောင်ထား သောကြောင့်ဖြစ်၏။ ထိုအချိန်၌ပင် ဂရိတ်စစ်သည်တော်တစ်ဖွဲ့အား အလွန်အမင်း တက်ကြွလျက်ရှိနေကြ၏။သူတို့ သည် မြင်းပေါ်၌ကိုယ်စီရှိကာ သွားရမည့်ခရီးအတွက် အင်အားအပြည့်ဖြင့်တက်ကြွနေကြ၏။ ထိုအဖွဲ့သည် ဂျိတ်လေ့ကျင့်ပေးထားသော စစ်သည်တော်အ ယောက်နှစ်ရာဖြစ်ကာ ဂျိတ်နဲ့အယ်ဖာတို့ ကလည်းပါရှိ၏။ဂျိတ် သည် စစ်သည်တော်နှစ်ရာ၏နည်းပြအဖြစ်အနေနဲ့လိုက်ပါလာ ခြင်းဖြစ်ပြီး အယ်ဖာသည် ဂရိတ်နိုင်ငံ၏ကိုယ်စားပြုအဖွဲ့ ခေါင်းဆောင်အဖြစ် ပါရှိမည်ဖြစ်သည်။ "သွားဖို့ အသင့်ပြင်ဖြစ်ပြီလား" "ဖြစ်ပါပြီ " စစ်သည်တော်များ၏တက်ကြွသောအော်သံများကထွက် ပေါ်လာ၏။ "ဒါဆိုရင်သွားမယ်" အယ်ဖာကလည်း အတိုင်ပင်ခံတို့ ဖက်သို့ ထွက်ခွာတော့မည် ဖြစ်ကြောင်း ခေါင်းညိတ်ပြ၏။ထိုအခါ ဘုရင်ကြီးနဲ့ကျန်သော လူများလည်း ထွက်ခွာရန် ခေါင်းပြန်ညိတ်ပြ၏။ စွန်ရဲအင်ပါယာသို့ ပြိုင်ပွဲဝင်ရန်ထွက်ရာ၌ ရှေ့မှစစ်သည်တော်ငါးယောက်မှ မြင်းဖြင့်ဦးစွာထွက်ခွာကြ၏။ သူတို့ ၏လက်၌ ဂရိတ်တိုင်းပြည်၏အလံကိုသယ်ဆောင်ထား ကြ၏။ နောက်တွင် ဂျိတ်နဲ့အယ်ဖာတို့ က မြင်းတစ်ကောင်စီဖြင့်လိုက်ပါ လာကြ၏။ ထို့ နောက် စစ်သည်တော်အထူးတပ်ဝင်အယောက် နှစ်ရာကလည်း မြင်းများစီးလျက်ဖြင့် ဆက်လက်ထွက်ခွာကြ ကုန်၏။သူတို့ ၏ကိုယ်၌ ဓားများကို နောက်ကျော၌လွယ်ထား ကာ သေနတ်များကို ရင်ဘတ်ရှေ့၌ လွယ်ကာထားကြ၏။ သူတို့ ၏နောက်တွင်ကား လမ်း၌စားနပ်ရိက္ခာနဲ့လမ်းတွင်စခန်းချ တည်းခိုရန်သုံးသောပစ္စည်းများလက်နက်များကို ရထားလုံး ဆယ်လုံးဖြင့်သယ်ဆောင်လာ၏။ထိုရထားလုံးတစ်စီးကို မြင်း လေးကောင်ဆွဲထား၏။​ထိုရထားလုံးတစ်စီးကို စစ်သည်နှစ် ယောက်ပါရှိ၏။ ပြောရလျှင် ခရီးထွက်ရာ၌ ဂျိတ်တို့ ၏ဂရိတ် အဖွဲ့သည် နှစ်ရာ့ငါးဆယ်မျှပါရှိကာ စတင်ခရီးထွက်ခဲ့ကြ ပြီ ဖြစ်သည်။ခရီးစစ်ကြောင်းကား စတင်လှုပ်ရှားနေပြီဖြစ်၏။ "အတိုင်ပင်ခံ သူတို့ ကတကယ်နိုင်ဖို့ သေချာပ့ါမလား" မှူးမတ်များ အတိုင်ပင်ခံနားကပ်ကာ တီးတိုးမေးမြန်းကြ၏။ဘု ရင်ကြီးရှိသောကြောင့် ထင်ပေါ်စွာမမေးရဲကြပေ။ "ဒီတစ်ခေါက်ကျုပ်တို့ ပထမတောင်​ရလာမယ်လို့ ပြောရဲတယ်." အတိုင်ပင်ခံ၏အပြောကြောင့် မှူးမတ်များအနည်းငယ်ကြောင် သွားကြ၏။အတိုင်ပင်ခံပြောသည်ကအလွန်ကြူးဖြစ်သည်ဟု သူတို့ ထင်မိသော်လည်း အတိုင်ပင်ခံပြောသည်မို့ တန်ပြန်မ ပြောဆိုရဲကြပေ။အတိုင်ပင်ခံပြောသလို ဖြစ်လာခဲ့လျှင် ကောင်း သည်ဟုတွေးတောလိုက်ကြ၏။ ဂရိတ်တပ်ဖွဲ့သည်ကား ပြိုင်ပွဲဝင်ရန်အတွက် စတင်ထွက်ခွာ သွားပြီဖြစ်၏။စစ်သည်တော်၏ကိုယ်၌လွယ်ထားသော အေ ကေသေနတ် shot gun karများက တိုင်းပြည်တွင်းရှိလူများကို စိတ်ဝင်စားမှုပိုတိုးစေ၏။ "ဆရာဆီမှာ မြင်းရှိတာ ကျနော်မသိလိုက်ပါလား" "မင်းမှမမေးတာကိုး" ဂျိတ်၏အပြောကြောင့် အယ်ဖာလည်း ဟုတ်ကြောင်းခေါင်းညိမ့် လိုက်၏။ယခုသူတို့ စီးလာသောမြင်းများသည် အကောင်းစား မျိုးကောင်းမျိုးသန့်များဖြစ်ကာ စစ်ပွဲသုံးမြင်းများဖြစ် သော်လည်း ဂျိတ်၏မြင်းကိုမမှီကြောင်း အယ်ဖာဝန်ခံရမည် ဖြစ်သည်။ အယ်ဖာသည်သာ မဟုတ် နောက်မှလိုက်ပါလာသောစစ်သည် တော်များကလည်း ဂျိတ်၏မြင်းအပေါ်အာရုံကျလျက်ရှိ၏။ဂျိ တ်၏မြင်းသည် အညှိရောင်သန်းနေကာ သန်မာတောင့်တင်း၏။ မြင်းကောင်းတို့ တွင်ရှိသင့်ရှိထိုက်သောလက္ခဏာများစွာရှိ၏။ အထူးခြားဆုံးမှာ မြင်းခြေတစ်လှမ်းလှမ်းတိုင်း သူ၏ဟန်ပန် အမူရာများက အလွန်ခွန်အားပြည့်ဝကြောင်းဖော်ပြနေ သလို.အချိန်မရွေးအသင့်အနေထားရှိကာ လိုအပ်သည့်အချိန် တိုင်း အသင့်ရှိကြောင်း ဖော်ပြနေ၏။ထိုသို့ သောစစ်မြင်း ကောင်းများကို စစ်သည်တော်များကအလွန်သဘောကျကြ သည်မဟုတ်ပါလား။ နေ့တစ်ဝက်ကျော်လွန်လာသောအခါ အယ်ဖာတို့ ၏စစ်ကြောင်း သည် ဂရိတ်တိုင်းပြည်မှထွက်ခွာလာခဲ့ပြီဖြစ်၏။ဤသည်ကသူ တို့ စီးနင်းသောမြင်းများ၏အလွန်စွမ်းကြောင်းကို ဖော်ပြနေခြင်း လည်းဖြစ်၏။အဆင့်လေးတိုင်းပြည်ဖြစ်သည်နဲ့အညီ မြင်းများ ကိုလည်း အကောင်းသုံးထားခြင်းလည်းဖြစ်၏။ "အယ်ဖာ မေးရဦးမယ် ဘာလို့ အရင်တုန်းက ဂရိတ်တိုင်းပြည်က ရှုံးရတာလဲ" ဂျိတ်မေးသည်ကလည်း မှန်ကန်၏။အဆင့်လေးတိုင်းပြည်ဖြစ် သောကြောင့် ကြွယ်ဝချမ်းသာမှုများအတော်တန်ရှိသော တိုင်းပြည်ဟုခေါ်ဆိုနိုင်သလို အရည်သွေးပြည့်ဝသောစစ်သည် များလည်းရှိ၏။ဤသည်ကို ရှုံးနိမ့်ရသောကြောင့် မေးမြန်းခြင်း ဖြစ်သည်။ "ဆရာမေးတာမှန်ပါတယ် ကျနော်တို့ တိုင်းပြည်ကပစ္စည်း သယံဇာတတွေမပြည့်စုံတာလည်းမဟုတ်ပါဘူး ဒါပေမဲ့ရှုံးရတာ ကနောက်ကွယ်ကအကြောင်းတွေရှိနေပါတယ်....ကျနော်တို့ တိုင်းပြည်ကပြိုင်ပွဲဝင်ဖို့ စွန်ရဲအင်ပါယာသွားတိုင်းလမ်းမှာ အ တိုက်ခံရလို့ ပါ..." "ဟုတ်လား" ဂျိတ်မျက်ဝန်းများတောက်ပသွား၏။ရှုံးနိမ့်ရ ခြင်း၏အကြောင်းရင်းကိုသူသိရှိလိုက်ရပြီဖြစ်သည်။ "အဲ့လိုအတိုက်ခံရတိုင်းလည်း ပြိုင်ပွဲမှာပြိုင်ရမဲ့စစ်သည်တော် တိုင်းအပြင်းထန်ထိခိုက်သွားကြတာပါပဲ ပြီးတော့ လမ်းခုလတ် မှအတိုက်ခံရတာဖြစ်တဲ့အတွက် ဂရိတ်ပြန်ပြီး လူစားလည်းဖို့ လည်းမဖြစ်နိုင်တော့ ဒဏ်ရာရတဲ့လူနဲ့ပဲ ဆက်ပြိုင်ရတော့ ရလာ ဒ်တွေ ဆိုးဝါးနေခဲ့ရတာပါ" "မင်းတို့ အခုထိဘယ်သူဘယ်ဝါဆိုတာမသိသေးဘူးလား" ဤသည်ကား ကြိုတင်ကြံစည်မှုပင်ဖြစ်၏။တိုင်းပြည်တစ်ခုခုမှ ဂရိတ်တိုင်းပြည်အားသိသာစွာပင် လှုပ်ရှားဝင်ဖက်စွက်နေခြင်း ပင်ဖြစ်၏။ "လာတိုက်သွားတဲ့စစ်သည်တော်တွေကဘယ်ကလာတယ်ဆို တာ သိပင်မဲ့ ကျနော်တို့ တိုင်းပြည်ကပြိုင်ပွဲမှာရှုံးနိမ့်နေတော့ စွန်ရဲအင်ပါယာက နားမထောင်ဘူးလေ ပြီးတော့ကျနော်တို့ စုံစမ်းတော့လည်းဟန့်တားတော့ ကျနော်တို့ ဘာမှလုပ်မရကြ ဘူး" အယ်ဖာ၏အပြောများကမှန်ကန်ကြောင်း နောက်မှစစ်သည် တော်များကဝန်ခံကြ၏။သူတို့ သည် ထိုသို့ သောဖြစ်ရပ်များ ကြောင့်သူတို့ ၏ ဒေါသများကို ထုတ်ဖော်ခွင့်မရပဲ ရင်ထဲမြိုသပ် ထားကြရခြင်းဖြစ်၏။ ဂျိတ်သည်လည်း ဂရိတ်တိုင်းပြည်ရှုံးနိမ့်ရ ခြင်း၏အကြောင်းရင်းကိုသိရှိလိုက်ပြီဖြစ်သည်။တကယ်တော့ ရှူံးနိမ့်ရခြင်းသည် အားနည်းသောကြောင့်မဟုတ်ပဲ ကလိမ်က ကျစ်ကခံရသောကြောင့်သာဖြစ်၏။ "ရှေ့မီတာတစ်ထောင်နားမှာ အစုဝေးတွေ့တယ်" ရှေးပြေးကင်းထောက်၏အသံကြောင့် ဂရိတ်တပ်လှုပ်ရှား သွား၏။ဂျိတ်လည်း ထိုအကွာဝေးမှ အစုဝေးကိုစစ်ဆေး လိုက်၏။ (."အဆင့်သုံးတိုင်းပြည်မှစစ်သည်တော်တစ်ထောင်​ရှေ့မီတာ တစ်ထောင်အကွာ၌ရှိကြောင်းတွေ့ရပါသည်။သူတို့ ထံမှဖျက်စီး ထိခိုက်လိုသောအသက်ငွေ့တွေ့ရပါသည်") ဂျိတ်လည်းစစ်ဆေးပြီးသည်နဲ့ "အယ်ဖာရေ မင်းပြောသလို ကောင်တွေတို့ ရှေ့အကွာဝေးမှာ ရောက်နေပြီ " "ဗျာ...ဒီကောင်တွေအတင့်ရဲလာပါလားကွ" အယ်ဖာဒေါသကြီးစွာရေရွ ​တ်လိုက်၏။ယခင်က မိမိတို့ အား လမ်းတစ်ဝက်ရောက်မှတိုက်ခိုက်ကြသော်လည်း ယခုမှာ မိမိတို့ တိုင်းပြည်နဲ့အနည်းငယ်သာဝေးကွာသောနေရာအထိပင်ရောက် ရှိလာ​ကာ တိုက်ခိုက်ရန်ပင်ကြံစည်နေကြပြီဖြစ်သည်။ ရန်သူများသည် တဖြေးဖြေးအတင့်ရဲလာမှုကြောင့် အယ်ဖာ ဒေါသထွက်ရခြင်းလည်းဖြစ်သည်။ဂျိတ်ကတော့ နောက်ဖက်တို့ လှည့်ကာ ပြောကြားလိုက်၏။ ."စစ်သည်တော်တို့ ငါတို့ မီတာတစ်ထောင်မှာရန်သူတွေက ငါတို့ ပြိုင်ပွဲမဝင်နိုင်အောင်နှောင့်ယှက်ဖို့ စောင့်နေကြပြီကွဲ့ ဒါကြောင့် သူတို့ က်ိုပညာပေးဖို့ လိုတယ်..မင်းတို့ ကလဲ သေနတ်ကိုတကယ့် အစစ်မှန်တိုက်ပွဲမှာ မသုံးဖူးကြသေးတော့ ဒါကမင်းတို့ အတွက် အခွင့်ရေးပဲလို့ မထင်ဖူးလား" သေနတ်လေ့ကျင့်ရန်အခွင့်ရေးဟူသောစကားက သူတို့ ၏တက် ကြွမှုကို ဆွဲဆောင်လိုက်၏။စစ်သည်တော်တိုင်းသူတို့ ရှေ့၌လွယ်ထားသော သေနတ်များကို စိတ်လှုပ်ရှားစွာကိုင် ဆောင်လိုက်ကြ၏.။ထို့ နောက် သူတို့ ၏သေနတ်များကို မောင်းတင်လိုက်ကြ၏။ "ချောက်" ထိုမောင်းတင်သံများက တစ်ပြိုင်တည်းဆိုသလိုထွက် ပေါ်လာ၏။ ထိုအမူရာကြောင့်ဂျိတ်လည်း စိတ်အားတက်ကြွစွာပြောဆို လိုက်၏။ "ဟုတ်ပြီ အဲ့လိုဖြစ်နေရမယ် မင်းတို့ ရဲ့လက်နက်တွေနဲ့ရန်သူ တွေကို တိုက်ခိုက်ပြီးငါတို့ ဂရိတ်တိုင်းပြည်ဘယ်လောက် တိုးတက်လာတယ်ဆိုတာပြသလိုက်ကြရအောင်" ဆိုကာ ကြောက်ရွံခြင်းမရှိပဲ မြင်းများကိုရှေ့ဆက်သွားခိုင်းကာ ဆက်လက်ခရီးနှင်စေ၏။နောက်မှစစ်သည်တော်များကလည်း မြင်းများစီးကာခရီးနှင်နေကြ၏။ ရထားလုံးကလည်း ဆက်လက်လိုက်ပါလာ၏။ အစောပိုင်းအခြေနေနဲ့ကွာခြားသည်က ယခုချိန်၌စစ်သည်တော် များ၏အမူရာသည် မြင်းပေါ်၌ထိုင်လျက်ဖြင့်သေနတ်များဖြင့် ရန်သူများကို ဇီဝန်ချွေရန်ပြင်းပြထက်သန်သောဆန္ဒဖြင့်တာစူ နေခြင်းပင်ဖြစ်၏။

(162) စစ်သည်တစ်ထောင်လုံးအားမျိုးဖြတ်ခြင်း

ဂျိတ်တို့ ဂရိတ်စစ်တပ်ကြီးသည် တဖြေးဖြေးဆက်လက်ချီထွက် လျက်ရှိ၏။သူတို့ ထိုသို့ ချီတက်လာလေ တစ်ဖက်ကစောင့်ကြည့် နေသော စစ်သည်တော်များနဲ့နီးလာလေဖြစ်၏။ စောင့်နေကြသောစစ်သည်တော်များသည် ဂရိတ်စစ်တပ်သွားမ ည့်လမ်း၌စောင့်ကာ ပိတ်ရပ်နေကြ ခြင်းလည်းဖြစ်၏။သူ တို့ ၏အမူရာများသည် ဂရိတ်စစ်တပ်ဘက်အား ကြည့်ကာ အထင်မြင်သေးသောအမူများစွာဖြင့်ကြည့်နေကြခြင်း ဖြစ်သည်။ "ဒီငဒူကောင်တွေ ဒီလမ်းလာရင်ပညာပေးလိုက်ကြတာပေါ့" "ဒါပေါ့ သူတို့ ကို ဒီတစ်ခါနည်းနည်းပေးသေလိုက်မှ ဖြစ်မယ်" ထိုစစ်သည်တစ်ထောင်သည် ရည်ရွယ်ချက်ရှိရှိပင် လမ်း၌ပိတ် ရပ်ကာ ဂရိတ်တိုင်းပြည်အား ပြိုင်ပွဲသို့ မသွားစေနိုင်ရန်အထိ ဟ န့်တားရုံသာမက အရှက်ခွဲလိုနေသည်ဖြစ်၏။ "ဒါပေါ့ နည်းနည်းပါမဟုတ်ပါဘူး များများပါပေးသေခိုင်းလိုက် ဒါဆို ငါတို့ ကဆုလာဒ်တွေပိုရမှာတဲ့" စစ်သည်တစ်ထောင်၏ခေါင်းဆောင်မှပြောကြား၏။ထိုစကား ကြောင့် စစ်သည်တစ်ထောင်များလည်း ဆုလာဒ်ဟူသော စကား ကြောင့် ဂရိတ်တပ်များအား မျိုးဖြုတ်ရန်ကြံရွယ်လိုက်ကြ၏။ ထိုသို့ ပြောနေကြပုံ အမူရာများကို ဂျိတ်သည် မြင်ကြားနေရ၏။ သူ၏ကိုယ်ခန္ဓာကအလွန်သန်မာရုံသာမက အာရုံငါးပါးက လည်းအလွန်မင်းအစွမ်းထက်သန်လှရာ မီတာတစ်ထောင် အကွာလောက်ပမာဏက ပြောပလောက်စရာမရှိပေ။ "ဒီကောင်တွေ ရူးနေတာပဲ အရူးရောဂါရင့်နေမှတော့သတ်လိုက် ကြရတာပေါ့ကွာ" သကောင့်သားများသည် အဆင့်သုံးတိုင်းပြည်မှသာ​ ဖြစ်သော်လည်း မိမိတို့ အားမလေးမစားဖြင့် ဆက်ဆံရုံသာမက သတ်ဖြတ်လိုနေကြ၏။ထိုသို့ သောလူများကို အရှင်ထားရန်မ ဖြစ်နိုင်တော့ပေ။မိမိတို့ အဆင့်လေးတိုင်းပြည်ကို ဂရုမစိုက်ပုံ ထောက်လျှင် သူတို့ နောက်ကွယ်၌ အကောင်ကြီးကြီး အဆင့်ငါး တိုင်းပြည်တော့ရှိ၍သာဖြစ်မည်ဟု ဂျိတ်တွက်ဆလိုက်၏။ ထိုအကောင်ကြီးကြီး ရှိပြီးထောက်ပံနေ၍သာ သူတို့ ယခုလို မိမိ တို့ တပ်သွားရာလမ်းကြောင်းပိတ်ကာ သတ်ရဲဖို့ သာ ကြံစည်ခြင်း ဖြစ်သည်။သို့ ရာတွင် သူတို့ မသိသည်ကား ယခုဂရိတ်စစ်တပ် တွင် ဂျိတ်ပါသည်ကိုပင်ဖြစ်၏။ဂျိတ်ပါလာသည်ကပင် ကြီးမားသောအပြောင်းလဲ တစ်ခုဖြစ်ကြောင်းလည်း သူတို့ သိ ဟန်မတူကြပေ။ ("အင်း သူတို့ အဲ့လောက်အထိ ဖြစ်နေတာမပြောဘူး") ဂျိတ်၏အမြင်အာရုံကထက်မြက်နေရာ စစ်သည်တစ် ထောင်၏ပုံစံအသွင်ပြင်များကိုသာမက သူတို့ အသုံးပြု ဝတ်ဆင်ထားသောချပ်ဝတ်တန်ဆာများနဲ့လက်နက်များကိုပါ အသေးစိတ်မြင်ရ၏။ သူတို့ ၏အော်ရာအငွေ့သက်အရ ငွေအဆင့်ကိုး အနိမ့်ဆုံးဖြစ် ကာ အသုံးပြုဝတ်ဆင်ထားသောချပ်ဝတ်တန်ဆာများကလည်း ငွေအဆင့်အလယ်လတ်ရှိ၏။ သူတို့ သုံးနေကြသော လက်နက် ဖြစ်သော ဓားများပုဆိန်များကလည်း ငွေအဆင့်နိမ့်အဆင့် ရှိ၏။ (စစ်သည်တော်တို့ ၏သိုင်းအဆင့်များသည် တစ်ဆင့်ချင်း၌ တစ်ဆယ်ဆင့်ရှိကာ လက်နက်များသိုင်းစာအုပ်များ၌ အနိမ့် အလယ်လတ်နဲ့ထိပ်တန်းဟူ၍သုံးဆင့်သာရှိ၏။) ထို့ ကြောင့်စစ်သည်တစ်ထောင်သည် မိမိတို့ ဂရိတ်တပ်ကို တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြခြင်းလည်းဖြစ်၏။ တဖြေးဖြေးနဲ့စောင့်ဆိုင်းနေသော အဆင့်သုံးတိုင်းပြည်မှ စစ်သည်တော်များနဲ့သိလျက်နဲ့ဆက်လက်ချီတက်နေသော ဂရိတ်စစ်တပ်များကား တဖြေးဖြေးဖြင့်နီးကပ်လာကြ၏။ မီတာကိုးရာ ရှစ်ရာ ခုနှစ်ရာ..... လေးရာ... စသည်ဖြင့်နီးပြီးရင်းနီးကပ်လာလေသည်။ "ငါတို့ တော့ ဆက်မစောင့်နိုင်တော့ဘူးကွာ သူတို့ ဆီချီတက်ကြ မယ်" အဆင့်သုံးစစ်သည်တော်များ၏ဆာလောင်မှုများက တက်ကြွ နေ၏။တဖြေးဖြေးနီးကပ်လာသော ပြီး ဂရိတ်စစ်တပ်အားသူတို့ မြင်လာရလေလေ သူတို့ ၏စိတ်ထဲ ဆုလာဒ်ဆိုသောအရာကိုပိုမို လိုချင်လာလေဖြစ်၏။ "တိုက်" "သတ်ကြဟေ့" စစ်သည်တစ်ထောင်၏အော်သံကြီးက မိုးခြိမ်းသည့်ပမာ ထွက် ပေါ်လာသည်။ထို့ နောက် ဂရိတ်စစ်တပ်ဆီသို့ ပြေးဝင်ကာ သတ်ဖြတ်ရန် ရွယ်လိုက်၏။ သူတို့ ၏ဓားများ ပုဆိန်များ မြင်းများစီးကာ ပြေးဝင်လာပုံက ဘီလူးသဘက်စီးနှင်းလာသည့်ပမာပင်။ စစ်သည်တစ်ထောင်သည် ငွေအဆင့်ကိုး အနိမ့်ဆုံးဖြစ်ရာ သူတို့ ပြေးဝင်လာသည်ကအလွန်မြန်ဆန်လှ၏။စစ်တပ်နှစ်ခုကြား မီတာလလေးရာအကွာဝေးမှ ခဏအတွင်း မီ​တာတစ်ရာသို့ ရောက်ရှိသွားကြ၏။ "သူတို့ ကိုမျိုးဖြတ်ပစ်စမ်း သေနတ်သမားများ" ဂျိတ်၏ထိိုစကားသံကြားသည်နဲ့အထူးစစ်သည်နှစ်ရာသည် ချက်ချင်းဆိုလိုနေရာယူပုံ ပုံစံပြောင်းလဲလိုက်ကြ၏။ shotgunသမားများက ရှေ့တွင်ဒိုင်းကာဖြင့်နေရာယူလိုက်ပြီး ဒုတိယအတန်းတွင် အေကေသေနတ်သမားများက နေရာယူ လိုက်ကြ၏။တတိယတန်းတွင်ကား karသမားများက နေလိုက် ကြ၏။ထိုသို့ နေရာယူပုံသည် အလွန်ပင်မြန်ဆန်လှ၏။ယခင်က စနစ်တကျလေ့ကျင့်ထားသည်များက ယခုအခါ၌ အသုံးဝင်လာ ပြီဖြစ်၏။ စစ်သည်တော်တစ်ထောင်တို့ မှာမူ ထိုသို့ နေရာချိန်းလိုက်သည်ကို ကြည့်ကာ မထူးကြောင်းတွေးကာခေါင်းခါရမ်းလိုက်ကြ၏။ တစ်ဖက်သည် စုစုပေါင်းမှ သုံးရာသာရှိပြီး မိမိတို့ သာတစ် ထောင်ခန့်ရှိကာ အစွမ်းထက်အဆင့်လက်နက်များကို မိမိ တို့ ဖက်မှတပ်ဆင်ထားသောကြောင့် မိမိတို့ သာ နိုင်မည် ဖြစ်ကြောင်း စစ်သည်တော်တစ်ထောင်တို့ တွေးထင်လိုက်၏။ ဂရိတ်စစ်တပ်မှတုတ်ချောင်းသဖွယ်လိုအရာများမိမိတို့ သို့ လှည့် ထားကြောင်းလည်း တွေ့လိုက်ရ၏။ "ဒီကောင်တွေရူးနေတယ်ထင်တယ် တုတ်ချောင်းတွေတောင် တိုက်ပွဲမှာသုံးနေကြပြီပဲ "ဟားဟား..သူတို့ ကိုများများသတ်ပြီးငါပဲဆုလာဒ်ယူမယ်ကွ" ထိုသို့ သော စကားများကြောင့် ဂရိတ်စစ်သည်များ၏သနားသ ည့်အမူရာများပေါ်လာ၏။ငမိုက်သားများသည် သူတို့ သေရမည် ကိုမသိသေးပဲ ဟားတိုက်ရယ်မောနေကြဆဲဖြစ်၏။ "ပစ် " "ဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်း " အေကေသေနတ်များ၏ပစ်ခတ်မှုများက စတင်ပွဲဖွင့်လိုက်ပြီ ဖြစ်၏။ "ဘာတွေတုန်းဟ" တုတ်ချောင်းလိုအရာများမှ မီးပွင့်လေးများထွက်လာကြောင်း သူတို့ တွေ့လိုက်ရ၏။ထိုသို့ တွေ့လိုက်ရမှုနဲ့အတူ သူ တို့ ၏စစ်သည်တော်များကလည်း နောက်လဲကျကာ သေဆုံး သွားကြကြောင်းကိုပါတွေ့ရှိလိုက်ကြရ၏။ တုတ်ချောင်းလိုအရာမှ အသံတစ်ချက်နဲ့မီးပွင့်တစ်ခုထွက်လာ သည်နဲ့မိမ်တို့ ဖက်မှ တစ်ယောက်ကျသွားကြောင်းပါ တွေ့လိုက် ရရာ ကြောက်စိတ်များက သူတို့ အပေါ် ကြီးစိုးလာလေ၏။ ."ဘုရား..ဘုရားသူတို့ ကိုင်နေတာ​ဘာတွေလဲဟ" ဂရိတ်စစ်တပ်ဘက်မှ အေကေသေနတ်များ၏ပစ်ခတ်သံများက ဆူညံသွားး၏။ အေကေသေနတ်သမားတစ်ရာ့ငါးဆယ်၏ ပစ်ခတ်သံများ ပေါက်ကွဲထွက်ပေါ်လာ၏။သတ်ဖြတ်လိုစိတ် ပြင်းပြသော သားရဲကြီးတစ်ကောင်အား အချုပ်နှောင်မှလွတ် ပေးလိုက်သည်နဲ့စတင်သောင်းကျန်းသည့်ပမာပင် ဖြစ်၏။ "ဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်း " အေကေ (ak-47)အလက်တစ်ရာ့ငါးဆယ်၏ပစ်ခတ်မှုကအလွန် ပင်ထိရောက်မှုရှိလှ၏။ပြေးဝင်လာသော စစ်သည်တစ်ထောင် သည် ရောက်ပင်မရောက်ပဲ လမ်း၌ပင်အတုံးရုံး လဲကျသွားကုန် ကြ၏။ စစ်သည်တစ်ထောင်ကား သေကုန်၏။စစချင်းဆယ်ယောက်မှာ တစ်ရာ..တဖြည်းဖြည်းဖြင့် နှစ်ရာသုံးရာနီးပါးအထိ သေဆုံးကုန် ကြ၏။သေဆုံးနှုန်းကလည်း စက္က န့်ပိုင်းလေးအတိုင်း၌ တဖြုတ်ဖြုတ်သေဆုံးကြရခြင်းလည်းဖြစ်၏။ ဆက်တိုက်ပစ်ခတ်မှုကြောင့် ပထမကျည်ကပ်များကုန်ဆုံး သွား၏။ ပထမကျည်ကပ်ကုန်သွားသောကြောင့် ဒုတိယကျည်ကပ်ကို မြန်ဆန်စွာဖြည့်တင်းလိုက်ကြ၏။ထိုအချိန်အခိုက်တန့်လေး သည် တစ်ဖက်မှစစ်သည်တော်များအား တွေးတောရန်အခွင့် ရေး ပေးလိုက်ခြင်းပင်ဖြစ်၏။ "ပြေးကြဟေ့ သူတို့ က လူမဟုတ်တော့ဘူး နတ်ဆိုးတွေပြေး ကြ..." သူတို့ လုံးဝဆောက်တည်ရာမရတော့ပေ။အစပိုင်း၌ သတ်ဖြတ် ရန် သာခေါင်းထဲရှိနေသည်ကို အေကေသေနတ်များက ပြောင်းလဲပေးလိုက်ကြ၏။ထိုလက်နက်ကြောင့် သူတို့ ခေါင်း ထဲ၌ လက်ရှိရှိနေသည်ကားဂရိတ်စစ်တပ်နဲ့ဝေးရာသို့ ပြေးရန်ပင် ဖြစ်၏။ ပြေးရန် နောက်ဘက်သို့ လှည့်ကာခြေကုန်သုတ်တင်ပြေးလိုက် ကြ၏။အသက်ရှင်ရန်ရှင်လိုငြားအစွမ်းကုန်ပြေးလိုက်ကြ၏။ သို့ ရာတွင် ထိုကဲ့သို့ စက္က န့်ပိုင်းအခိုက်တန့်၌ ဂရိတ်တပ်များသည် အေကေသေနတ်များ၏ကျည်ကပ်ဖြည့်မှူနဲ့အတူ မောင်းပြန်တင် ပြီးသွားဖြစ်၏။ "ဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်း " နောက်ထပ် သောနတ်ဆိုးသံကြီးများက ဟိန်းထွက်လာ၏။ထို အသံများနဲ့အတူ အဆင့်သုံးတိုင်းပြည်မှစစ်သည်များက အတုံး ရုန်းသေဆုံးကုန်ကြ၏။အေကေသေနတ် များ၏အစွမ်းက လွန်စွာပြင်းထန်လှသည်ဖြစ်ရာ ဆယ်ယောက်ကျော်သာ ကျန်ရှိ တော့၏။ထိုဆယ်ယောက်ကျော်သည်ပင် စစ်သည်တစ် ထောင်၏နောက်ဆုံးနေရာ၌ကျန်ရှိနေသောကြောင့် အသက်ရှင် ကျန်ရှိနေခြင်းဖြစ်၏။ "အသက်စွမ်းအင်လောင်ကျွမ်းစမ်း" ထိုသို့ အသက်စွမ်းအင်လောင်ကျွမ်းမှုကြောင့် သူတို့ ဆယ် ယောက်ကျော်၏သက်တမ်းမှာ တစ်ဝက်မျှသာ ကျန်ရှိတော့၏။ သက်တမ်းတစ်ဝက်ကိုလောင်ကျွမ်းပြီး ပြေးလွှားခြင်းဖြစ်သော ကြောင့် ယခင်အလျင်ထက်ပင်ပိုမိုမြန်ဆန်သွား၏။ ဂရိတ်စစ်တပ်နဲ့မီတာတစ်ရာဝေးကွာရာမှာ အချိန်ခဏအတွင်း၌ မီတာလေးရာအထိသို့ ပင်ရောက်ရှိသွားလေ​၏။သို့ သော်လည်း သူတို့ ၏ လုပ်ဆောင်မှုများက အရာမထင်ကြောင်းသူတို့ မသိ လိုက်ပေ။ "ငါတို့ အလှည့်ကွ" "ဒိုင်း....ဒိုင်းဒိုင်းဒိုင်း " kar98သံများကတစ်ပြိုင်တည်းထွက်ပေါ်လာပြန်၏။ထိုအသံနဲ့ အတူ အသက်စွမ်းအင်လောင်ကျွမ်းကာပြေးလွှားနေကြသော စစ်သည်များလည်း ပြေးလွှားရာမှ မြေပြင်ပေါ်သို့ လဲကျသေဆုံး သွားကြတော့၏။ "ဘုတ်" ထိုမြေပြင်ပေါ်သို့ အသက်စွမ်းအင်လောင်ကျွမ်းပြေးကြသော စစ်သည်များလဲကျသေဆုံးသွားသည်နဲ့သေနတ်သံများကား ပြန်လည်​ငြိမ်သက်သွားလေတော့၏။အကြောင်းကား နောက်ထပ်ပစ်ခတ်စရာလူမရှိသောကြောင့်ဖြစ်၏။ ဆယ်မိနစ်တာပင် မရှိသောတိုတောင်းသောအချိန်လေး အတွင်း၌ ဂရိတ်စစ်သည်တော်တို့ ၏လက်သံပြောင်ချက်များ ကြောင့် စစ်သည်တစ်ထောင်လုံးမျိုးတုန်းသွားကြရပြီ ဖြစ်သည်။

All Chapters