← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

(163) ဒေါသပေါက်ကွဲသူ

"ဟာကွာ မြန်လိုက်တာကွာ ငါတောင်အားမရသေးဘူး." "ဟုတ်တယ် အားမရသေးဘူး ဘာလို့ စစ်သည်တစ်ထောင်ပဲလာ တိုက်ရတာလဲ လေးထောင်လောက်ဆိုရင်တော့ပစ်ရတာ အာသာပြေမှာကို" "ချီးပဲဟေ့ မင်းတို့ အဲ့ဆိုတီးလွတ်လိုက်တော့ shotgunအစွမ်းသူ တို့ မသိတော့ဘူးဟ" shotgunသမားအသံကြောင့် ကျန်သောလူများရယ်မောလိုက် ကြ၏။မှန်ပေသည်။သူတို့ ရှယ်ပစ်ခတ်လိုက်သောကြောင့် ရန်သူ များသည် မိမိတို့ အနီးတို့ ပင်မရောက်လာကြရာ shotgunသမား များလက်စွမ်းပင်မပြလိုက်ရကြချေ။သူတို့ သည် သေနတ်ပစ် ခြင်းကိုစွဲလမ်းသွားပြီဖြစ်၏။ သေ သွားသောစစ်သည်များသာ သူတို့ ပြောသည်ကိုကြားမိပါ က သေချင်စိတ်ထပ်ပေါက်သွားမည်ဖြစ်သည်။စစ်သည်လေး ထောင်သည် သူတို့ ၏အပြော၌ဘယ်အချိန်ကတည်းက ပစ်မှတ် ခံအရုပ်များဖြစ်သွားကြရသနည်း။စစ်သည်လေးထောင်သည် သူတို့ သာအလိုရှိပါက အချိန်မရွေးနွှာစား၍ရသော ငှက်ပျောသီးနဲ့ပင် တူနေပြီဖြစ်၏။ အယ်ဖာအား အံအားသင့်၍သာဖြစ်နေ၏။ဘယ်အချိန်ကစပြီး စစ်သည်တစ်ထောင်ကို မှိုချိုးမျှစ်ချိုးသကဲ့သို့ လွယ်ကူစွာ သတ်ဖြတ်နိုင်သွားကြသနည်း။အကြောင်းရင်းကား သူစဥ်းစား ရန်ပင်မလိုတော့ ဂျိတ်သည်သူ၏ရှေ့၌ရှိနေရာ စစ်ပွဲအခြေနေ ကိုပြောင်းလဲသူမှာ သူပင်ဖြစ်ကြောင်း လွယ်ကူစွာသိရှိနိုင်၏။ "မင်းတို့ ရဲ့ဒီလက်နက်တွေနဲ့ပထမဆုံးတိုက်ပွဲမှာအနိုင်ရရှိခဲ့ကြ ပြီ ပြီးတော့ငါတို့ ဖက်ကသေဖို့ မပြောနဲ့သွေးတောင်မပူလိုက်ကြ ရဘူး " "ဟုတ်ပါတယ် ဆရာ." စစ်သည်တော်များ ဂျိတ်၏စကားကိုထောက်ခံလိုက်ကြ၏။ "မပစ်လိုက်ရသူတွေလည်း ဝမ်းနည်းမနေကြနဲ့ငါတို့ ကဂရိတ် တိုင်းပြည်ရဲ့အပြင်ထွက်စ အချိန်လေးမှာတောင်အခုလို အ တိုက်ခံရနေတာ နောက်ဆက်သွားရမဲ့ခရီးလမ်းမှာလည်း ငါတို့ ကိုနှောင့်ယှက်မဲ့သူက သေချာပေါက်ကိုရှိနေဦးမှာ ဒါကြောင့် စိတ်ဓာတ်ကျမနေကြပါနဲ့" ဂျိတ်၏စကားကြောင့် စစ်သည်တော်များ၏မျက်လုံးများ မီးတောက်သွားသည့်ပမာပင်။နောက်ထပ်နှောင့်ယှက်မည့် သူများကို သူတို့ အတွေ့ကြုံယူရမည့် လက်တည့်စမ်းရမည့်ပုံစံ တွေးတောကာ သေနတ်များကိုသေချာစွာဆုပ်ကိုင်လိုက်ကြ၏။ "အို... စစ်သည်လေးထောင်လာနှောင့်ယှက်ပါစေ တစ်သောင်း လောက်ဆိုရင်လဲမဆိုးပါဘူး" စစ်သည်တစ်ယောက်ကထိုသို့ အသံထွက်ဆုတောင်းသောကြော င့် ကျန်သောသူများ ပြုံးစိစိဖြစ်သွားကြ၏။ထိုစစ်သည် ဆုတောင်းပြည့်ရန် ဝိုင်းဝန်းပြီးဆုပေးလိုက်ကြ၏။ဒါမှာ ထပ်မံ ပစ်ခတ်ခွင့်အခွင့်ရေးရလာမည်ဖြစ်သည်။ အယ်ဖာကတော့ ထိုစစ်သည်တော်များကို ကြည့်ကာပြောစရာ စကားပင်မရှိတော့ပေ။ဆက်လက်ထွက်ခွာရန်သာ ဆော်အော လိုက်၏။ "ကဲ သူတို့ ကလာလှူသွားတာလေးတွေရှိသေးတယ်လေ ရသမျှ အကုန်ယူကြဟေ့" ဂျိတ်၏စကားသံကိုကြားမှသာ သေ သွားသောစစ်သည်တော် များ၏အဖိုးတန်အရာများကိုယူရန်သတိရသွားကြ၏။အစော ပိုင်း၌ သေနတ်ပစ်ခတ်ရန်သာတွေးနေကြသည်ဖြစ်နေသောထို စိတ်ကူးကိုမတွေးမိကြပေ။ဂျိတ်ပြောမှသတိရကာ သေနေပြီ ဖြစ်သောစစ်သည်တော်များထံမှ ချပ်တန်ဝတ်ဆာများနဲ့ လက်နက်များကိုယူငင်လိုက်ကြ၏။အဖိုးတန်ဆေးပြားများ ပိုက်ဆံများလည်းမကျန်ယူငင်လိုက်ကြ၏။ အယ်ဖာလည်း စစ်သည်တော်များကိုကြည့်ကာ ဘာပြောရမှန်းမ သိဖြစ်သွားကြ၏။မိမိသည်ဒီတပ်ဖွဲ့၏ခေါင်းဆောင်ဖြစ် သော်လည်း သူတို့ သည်ဂျိတ်၏စကားကိုသာ မတွေမတိမ်း လိုက်နာနားထောင်ကြ၏။ ဂျိတ်သာ သေဆိုပါကသေမည်ရှင်ဆိုပါကလိုက်ရှင်မည်ပုံစံမျိုး ပင်ဖြစ်၏။လေ့ကျင့်လေးကာလ လေးလအတွင်း၌ စစ်သည် တော်များသည် ဂျိတ်နဲ့အနီးကပ်ပြင်းထန်သောလေ့ကျင့်မှုများ ကြောင့် ဂျိတ်ကိုသူတို့ ၏ပင်ကိုယ်စိတ်ကပင် ရိုသေ လေးစားကြသည်ဖြစ်၏။သူတို့ မမြင်ဖူးမကြားဖူးသော အရာ များကိုလည်း ပြသတတ်သူဖြစ်ရာ စစ်သည်တော်များလေးစား နာခံကြခြင်းဖြစ်၏။ ဂရိတ်စစ်သည်များ၏လက်ချက်ကြောင့် သေဆုံးသွားသော စစ်သည်များသည် အရှက်လုံရှိသာဖုံးထားသော အဝတ်များသာ ကျန်ရှိတေ့ာ၏။ထိုမြင်ကွင်းကို သေ သွားသောစစ်သည်တစ် ထောင်ဝိညာဥ်များသာ မြင်ပါက သူတို့ သည်ဘယ်တော့အခါမှ ဂရိတ်စစ်တပ်ကိုသွားရောက်တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။ စစ်သည်တော်တစ်ထောင်ထံမှရလာသော ချပ်ဝတ်များ လက်နက်များကများပြားလွန်းရာ ပါလာသောရထားလုံးများပင် မဆံချေ။ထို့ ကြောင့် ဂျိတ်မှ ထိုပစ္စည်းများကို မိမိထံယူဆောင် လာစေကာ စုပုံစေခိုင်းလိုက်၏။ထို့ နောက် ထိုပစ္စည်းများကို လက်ဖြင့်ဝှေ့ယမ်းကာသီးဆည်းလိုက်၏။ "ဝါး.... သိုလှောင်လက်စွပ် ....ဆရာကလန်းတယ်ဟ" စစ်သည်တော်များ ဂျိတ်ကိုအားကျသွား၏။သိုလှောင်လက်စွပ် သည် အလွန်မင်းရှားပါးလှရာ ဂျိတ်ထံတွင်ရှိသောကြောင့် အံ သြမြင်သက်သွားကြ၏။ "နောက်ထပ်ဒီလိုပစ္စည်းတွေရလာရင်လဲ ငါ့ကိုပေးကြငါ သိမ်းထားပေးမယ် ငါတို့ ပြန်ရောက်လို့ ရှိရင်ဝေစုပြန်ပေးပါမယ်" ဂျိတ်၏စကားကို ချွင်းချက်မရှိယုံကြည်လိုက်ကြ၏။သိုလှောင် လက်စွပ် အစွမ်းထက်သေနတ်များပိုင်ဆိုင်ထာယသော ဂျိတ်က ဒီလိုပစ္စည်းများကိုတပ်မက်ခြင်းမရှိကြောင်း စစ်သည်တော်များ လုံးဝယုံကြည်ကြ၏။ "ရပြီဆက်သွားကြစို့ " ထိုအခါမှ ဂရိတ်စစ်သည်တော်များသည် ဆက်လက်ခရီးနှင် လိုက်ကြ၏။ခရီးနှင်ရာ၌လည်း အရှိန်ထပ်တင်ကာ ဆက်လက် သွားလိုက်ကြ၏။ဂရိတ်စစ်တပ်မသိလိုက်သည်ကား သူတို့ ကို မျက်စိဒေါက်ထောက်ကြည့်နေသောကျီးကန်းတစ်ကောင်ရှိ နေသည်ကိုပင်ဖြစ်၏။ ထိုကျီးကန်းသည်တိုက်ပွဲဖြစ်ပွားရာနေရာမှာ ဂရိတ်စစ်တပ် ဆက်လက်ခရီးနှင်သွားသည်ကို တွေ့လိုက်သောအခါမှ ထ ပျံသန်းသွားလေတော့၏။ ထိုကျီးကန်းသည် နောက်ထပ်နှစ်နာရီမျှပျံသန်းသွား၏။ထို ကျီးကန်းသည် ထိုမျှကြာအောင်ပျံသန်းပြီး တစ်နေရာသော မြေပြင်ပေါ် ဆင်းချသွား၏။ထိုကျီးကန်းဆင်းသောနေရာ၌ ဝတ်ရုံနက်ဝတ်ဆင်ထားသောလူတစ်ယောက်သည်ရပ်လျက် ရှိ၏။သူ၏ရှေ့တွင်လည်း လူနှစ်ဆယ်ခန့်ကခေါင်းငုံကာ အ ရိုသေပြုလေ၏။ "အ..အ..အ.." "အော် ငါ့ကောင်လာပြီလား သတင်းကောင်းပြောပါဦး" ဝတ်ရုံနက်လူကြီးသည် ကျီးကန်းအားခေါ်၏။ကျီးကန်းက လည်း ထိုဝတ်ရုံနက်၏လက်သို့ ဆင်းကျသွား၏။ "ကဲ သတင်းကောင်းပြောသူတို့ ဘယ်လောက်ထိသေ သွားလဲ." ထိုလူသည် ဂျိတ်ထင်ထားသလိုပင် အဆင့်သုံးတိုင်းပြည်မှ စစ်သည်တစ်ထောင်ကို ဂရိတ်တပ်အားတိုက်ရန်လုပ်ဆောင် စေသောလူပင်ဖြစ်၏။သူသည် စောကတည်း၌ဂရိတ်တပ် အင်အားကို လျော့ချချင်ရာထိုသို့ လုပ်ခြင်းလည်းဖြစ်၏။သူ သည် ရွှေအဆင့်တစ်သို့ ရောက်ရှိနေသူဖြစ်​ပြီး သူ၏သဘာဝ လွန်စွမ်းအားမှာ ကျီးကန်းများနဲ့ပြောဆိုဆက်ဆံနိုင်ခြင်းဖြစ်၏။ "အ..အ.အ.အ.အအ.အ.." ကျီးကန်းကလည်း သူ၏အသံဖြင့်ပြောပြ၏။သူတွေ့ရှိမြင်သမျှ ကိုဖောက်သယ်ချ၏။ကျီးကန်းပြောပြလေ သူ၏မျက်နှာကြီးမှာ ပိုပြီးညိုမဲလေဖြစ်၏။ "မ..မဖြစ်နိုင်တာ" "အ..အ" သူ၏ကျယ်လောင်သောအသံကြီးကြောင့် ကျီးကန်းပင်လန့်ကာ ထပြန်သွားတော့၏။ဝတ်ရုံနက်လူကြီးသည် ကျီးကန်းထံမှရလာ သောသတင်းကြောင့် အလွန်ဒေါသထွက်နေပြီလည်းဖြစ်၏။ ဒေါသထွက်သောကြောင့် သူ၏ကိုယ်မှ အော်ရာများပေါက်ကွဲ ကုန်၏။ထိုအော်ရာကြောင့် အရိုသေပေးနေသောလူများ တုန်လှုပ်သွားကြ၏။သို့ ရာတွင် ပြန်မပြောရဲဝံကြပေ။ "ငါ့ကောင်တွေငါ့နောက်လိုက်ခဲ့ကြစမ်း" သူအားအရိုသေပြုနေသောလူများအားပြောကာ ထွက်သွား၏။ ထိူလူများကလည်း ဝတ်ရုံနက်လူနောက်သို့ လိုက်ကြ ကုန်၏။ ဝတ်ရုံနက်သွားသောနေရာသည် ဂျိတ်တို့ စစ်ဖြစ်ခဲ့သောနေရာ ပင်ဖြစ်လေ၏။ ဒေါသထွက်နေသောလူကြီးသည် ကျီးကန်း၏သတင်းကြောင့် မယုံကြည်ရာ သေချာစေရန် သူကိုယ်တိုင်အခင်းဖြစ်ရာနေရာသို့ သွားရောက်ရှာဖွေနေခြင်းလည်းဖြစ်၏။

(164) ဆွဲဆောင်နိုင်သောဟင်းလျာ

ဝတ်ရုံနက်လည်း သူ၏နောက်လိုက်နှစ်ဆယ်ဖြင့် အဆင့်သုံး တိုင်းပြည်မှစစ်သည်တော်များသေဆုံးရာနေရာကို လိုက်လံ ရှာဖွေလိုက်၏။ညနေစောင်းသော အချိန်၌ ဝတ်ရုံနက်သည် သူ ရှာဖွေနေသောနေရာကို တွေ့ရှိခဲ့ပြီဖြစ်၏။ "ဟ ဘယ်လိုဖြစ်တာတုန်း." အာမေဋိတ်အသံထွက်သွားသည်ကတော့ ဝတ်ရုံနက်နဲ့ နောက်လိုက်ပါကြသော စစ်သည်တော်များ၏အသံများပါ ဖြစ်၏။သူတို့ ထိုသို့ အံသြထိတ်လန့်ရလောက်အောင်ဖြစ်သော မြင်ကွင်းကသူတို့ ရှေ့၌တည်ရှိနေလေ၏။ "ခွေးမသား ဂရိတ်တွေ" ဝတ်ရုံနက် အော်ဆဲပစ်၏။သူမြင်နေရသောမြင်ကွင်းက သူ့အား အလွန်မင်းထိခိုက်စေ၏။သူ၏နောက်လိုက်များဖြစ်သော သူများကတော့ အသံပင်မထွက်ပဲငြိမ်သက်နေကြ၏။ သူတို့ လက်ရှိမြင်နေရသောမြင်ကွင်းသည် မြေပြင်ပေါ်၌လူအ ယောက်တစ်ထောင် ပစ်လဲကျသေဆုံးနေကြသောကြောင့် ဖြစ်၏။သူတို့ ၏ကိုယ်တိုင်း၌ အပေါက်အရာများကတည်ရှိနေ ကြ၏။ထိုအပေါက်များသည် ကိုယ်ခန္ဓာအစုံလင်၌တည်ရှိနေ ကြ၏။သေဆုံးသွားသောလူများသည် ဂရိတ်တပ်မှတစ်ယောက် မှမပါပဲ သူတို့ ဘက်မှလူချည်းသာဖြစ်သောကြောင့် ဝတ်ရုံနက် စိတ်ထိခိုက်နေခြင်းဖြစ်၏။ ပိုပြီးစိတ်ခံစားရခက်စေသည့်အကြောင်းရင်းမှာ သေဆုံးသွား သော လူ့အလောင်းများသည် အရှက်လုံရုံသာရှိသောအဝတ် များသာကျန်ရှိနေပြီး ကိုယ်လုံးတီးဖြစ်နေကြသောကြောင့် ဖြစ်၏။တစ်ချို့အလောင်းများဆိုလျှင် လေတိုက်ခံထားရသော ကြောင့် ဖင်ပြောင်ကြီးဖြင့်သေဆုံးနေသလိုပင်ဖြစ်၏။ထို့ ကြော င့် ဝတ်ရုံနက်သည် လုံးဝပေါက်ကွဲနေကြခြင်းလည်းဖြစ်၏။ "ခွေးမသားဂရိတ်...ခွေးမသားဂရိတ်..ရှိသမျှအကုန်ညစ်တဲ့ ကောင်တွေ...." ဝတ်ရုံနက်ဆက်တိုက်ဆိုသလို ဆဲဆိုနေ၏။ထိုစစ်သည်တစ် ထောင်လုံး သေဆုံးသွားကြရခြင်းဖြစ်ရာ သူ့၌တာဝန်ရှိနေပြီ ဖြစ်၏။ထိုစစ်သည်တို့ သည် သူပိုင်ဆိုင်သောစစ်သည်များ မဟုတ်ပဲ အဆင့်သုံးတိုင်းပြည်မှ ငှားရမ်းလာသောသူများဖြစ် ရာ သူ့အတွက်ဆုံးရှုံးမှုများပြားစေသည်။ ပိုပြီးခံစားရခက်စေသည့်အကြောင်းကား သူ၏အဖွဲ့မှ ဂရိတ် တပ်အားသတ်ဖြတ်ရန် ငှားပေးထားသော စစ်သည်တော်ချပ် ဝတ်များလက်နက်များကို ဂရိတ်တပ်မှ တစ်ခုမကျန်အကုန်မှ သွားသောကြောင့်ဖြစ်၏။ထိုကြောင့် ထိုကိစ္စအတွက် ဝတ်ရုံနက် အား အထက်မှပြင်းထန်သောပြစ်ဒဏ်ပေးအပ်တော့မည်ဖြစ်ရာ လွန်စွာမှဒေါသလည်းထွက်ကြောက်လန့်တုန်လှုပ်နေ၏။ "အ...အ.အ.အ.အ.အ.အ." ပေါက်ကွဲထွက်နေသော ဝတ်ရုံနက်အနားကျီးကန်းမှ တအာအာ အော်နေ၏။သူ၏ပုံစံသည် တစ်ခုခုအားရှင်းပြနေပုံရှိ၏။ထို ကျီးကန်း၏အော်သံကြောင့် ပေါက်ကွဲနေသောဝတ်ရုံနက်သည် လည်း ပြန်လည်ငြိမ်သက်သွားကာ ကျီးကန်းအော်သံက်ို နားထောင်လိုက်၏။ ထို့ နောက်သူ၏အမူရာသည် ပြန်လည်ပြုံးရွှင်လာသောအခြေ နေရှိ၏။ "ဟုတ်တယ် ငါမေ့နေတာ အစကတည်းကသူပြောနေတာကို သတိမထားမိတာပဲ " ကျီးကန်း၏ပြောအရဆိုလျှင် ဂရိတ်တပ်မှ အလွန်မင်း ထူးဆန်းသောလက်နက်များကို အသုံးပြုကြောင်း၊ ထိုလက်နက် များကြောင့် စစ်သည်တစ်ထောင်လုံးသည် ပြန်လည်တန်ပြန် တိုက်ခိုက်ချိန်မရပဲ သေဆုံးကြရခြင်းဖြစ်ကြောင်း သူသိရှိလိုက် ရပြီဖြစ်၏။ "ဟုတ်ပြီ ထူးဆန်းသောလက်နက် ဒါပဲကွ ငါနေတဲ့ အကြောင်းရင်းကဒါပဲလေ ငါသာအဲ့လက်နက်တွေရရင် အပြစ်ပေးခံရအမဲ့အခြေနေက ပိုပြီးတောင် အဆင့်မြင့်သွားဦး မှာကွ" ဝတ်ရုံနက် ပြန်လည်ပျော်သွားပြီး စာလိပ်တစ်ခုထုတ်ကာ သတင်းစကားများရေးသား၏။ထိုသတင်းစကားသည် ဂရိတ် တပ်တွင်အလွန်အဖိုးတန်သောလက်နက်များရှိကြောင်းကို အထက်သို့ သတင်းပို့ ပေးခြင်းပင်ဖြစ်၏။ထိုသတင်းကြောင့် အထက်မှသူ့အားအပြစ်ပေးချင်လျှင်တောင် ပေးမရနိုင်သည် အထိဖြစ်မည်ဖြစ်၏။ "ရော့ ရောက်အောင်ပေးနော် " ထိုစာလိပ်ကို ဝတ်ရုံနက် ရေးသားပြီးစီးသည်နဲ့ချိတ်ပိတ်ပြီး ကျီးကန်းအားပေးလိုက်၏။ထိုကျီးကန်းသည်လည်း ထိုစာလိပ် ကိုချီကာ ပျံသန်းသွားလေတော့၏။ "ဟားဟား.....အခွင့်ရေးကငါ့လက်ထဲမှာကွ ဆက်လှုပ်ရှားကြစို့ . ဝတ်ရုံနက်ထိုသို့ အော်ပြီးထွက်ခွာသွားရာ နောက်လိုက်များသည် လည်း ဝတ်ရုံနက်နောက်သို့ လိုက်ပါသွားကြ ကုန်၏။ ညနေစောင်းပြီဖြစ်သော ဂျိတ်တို့ လည်း စခန်းချရပ်နားလိုက် ကြ၏။ရထားလုံးမှစခန်းချရန်ပါလာပစ္စည်းများကို ယူသူကယူ မီးမွှေးရန်ထင်းရှာသူကရှာဖြင့် ကိုယ်စီတာဝန်ဖြင့်လုပ်ဆောင် လိုက်ကြ၏။ စခန်းချပြီးသွားသောအခါ စခန်း၌အလယ်၌လူနှစ်ရာဝင်ဆန့်နိုင် အောင်လုပ်ထားသောနေရာ၌ မီးပုံကြီးတစ်ခုတည်လိုက်၏။ထို မီးပုံကြီးတွင် ဂျိတ်သည် အသင့်ပါလာသော သမင်ငါးကောင်ကို စနစ်သိုလှောင်ရုံမှထုတ်ယူလိုက်၏။ထိုသမင်ငါးကောင်သည် အလွန်ကောင်းမွန်သောစားစရာများဖြစ်လာမည်ကတော့ပြော စရာမလိုပေ။ ညနေစောင်းရာမှတဖြေးဖြေးမိုးချုပ်သွားခဲ့ရပြီဖြစ်၏။ "လာဟေ့ ငါတို့ ဆရာကြီး ဟင်းလုပ်နေတယ်ဟေ့" စခန်းတစ်ခုလုံးထိုစကားသံပြန့်နှံသွား၏။ဂျိတ် ဟင်းလုပ်နေ တယ်ဟူသောကြောင့် စစ်သည်အကုန်နီးပါး မီးဖိုဘေးသို့ ရောက် ရှိလာကြ၏။ထို့ နောက် ဂျိတ်လုပ်သမျှကို သေချာစောင့်ကြည့် နေကြ၏။ ဂျိတ်သည် သူ၏လက်စွဲတော်ဓားဖြစ်သောနဂါးသတ်ဓားကို ထုတ်ပြန်ကာ ဖြတ်တောက်ခြင်းပညာကို တစ်ကြိမ်ဝှေ့ယမ်း၏။ "ဟင် ဟာ" ကြည့်သောစစ်သည်တော်တိုင်းမှ အံသြမြင်သက်သံများထွက် ပေါ်လာ၏။ဂျိတ်သည် ဟင်းချက်ရာတွင်လည်းဆရာတစ်ဆူ ဖြစ်ကြောင်း သူတို့ သိရှိလိုက်ကြရပြီဖြစ်၏။ ဂျိတ်ဝှေ့ယမ်းပုံသည် အလွန်လှပပြီးပညာသားပါလှသည်ဟု စစ်သည်တော်တိုင်းခံစားမိသည်။အယ်ဖာသည်လည်း သေချာ ကြည့်မိ၏။ ဂျိတ်ဓားကိုင်ပုံကိုကြည့်ခြင်းအားဖြင့် သူ၏ဓားအပေါ်အမြင် သည် နောက်တစ်ဆင့်တက်နိုင်မည်ဟုယုံကြည်နေ၏။ဂျိတ် သည် တကြိမ်လေ့ကျင့်ပြီးသည်နဲ့သမင်သားများကို စတင်ကိုင် တော့၏။ သမင်များကိုရှေးဦးစွာ မီးပုံ၌တည်ထားပြီမှကြာသောကြောင့် ဆူပွက်နေသောရေအိုးထဲသို့ ပစ်ထည့်လိုက်၏။ထို့ နောက် ပြန် ထုတ်ကာ ဓားဖြင့်အမွေးမျှင်များကို ရှင်းလင်းလိုက်၏။ဂျိ တ်၏ဓားကိုင်ပုံက သူတို့ အတွက် ပထမဆုံးသော အဆန်းတကြယ်မြင်ရခြင်းလည်းဖြစ်ရာ ရင်သက်ရှုမောရ၏။ ဓားတစ်ချက်ကိုသမင်ကိုယ်​ပေါ်တင်ပြီးခြစ်ချသွားရာ နေရာ၏အမွှေးမျှင်များသည် ပြောင်ရှင်းသွား၏။သမင်တစ် ကိုယ်လုံးကို ဂျိတ်သည် တစ်ချက်သာအသုံးပြုပြီးရှင်းလင်း သွား၏။ထို့ နောက်နောက်တစ်ကောင်ကိုဆက်လက်သန့်ရှင်း၏။ ဤသို့ ဖြင့် ငါးကောင်လုံးကို အချိန်ခဏအတွင်း၌သန့်ရှင်း စေလိုက်၏။ သန့်ရှင်းပြီးသောအခါ အသားခုတ်ထစ်ခြင်းနွှာခြင်းတို့ ကို ပြုလုပ်၏။ဘယ်နေရာခုတ်ခုတ် တစ်ချက်တည်းဖြင့် ကိစ္စပြတ် စေပြီး ဇယ်ဆက်မပြတ်လုပ်ဆောင်သွား၏။အသားများကို ခုတ်ထစ်နေရင်း လည်းဂျိတ်မှစကားပြောကြားသွား၏။ "စစ်ကြီးပဲတိုက်မယ်သတ်နေမယ်ဆိုရင်ပျင်းဖို့ ကောင်းတယ် ဒါ ကြောင့်ဘယ်လိုစားသောက်ရမယ်ဆိုတာလဲသင်ထားသင့်တယ် ပြီးတော့ဘယ်လိုအရသာရှိအောင်ချက်စားရမလဲဆိုတာပါ မင်း တို့ သိထားသင့်တယ်ကွ" ဂျိတ်၏စကားကို စစ်သည်တော်များတိတ်တိတ်လေးနားထောင် နေကြ၏။ဆက်ပြောမည့်စကားများကိုစောင့်နေကြခြင်းလည်း ဖြစ်၏။ "လူဖြစ်လာပြီးမှ အစားကောင်းမစားရရင်လူဖြစ်ရကျိုးမနပ်ဘူး ဆိုတာရှိတယ် ဒါကြောင့်ဒီညမင်းတို့ ကိုလူဖြစ်ရကျိုးနပ်အောင် ငါလုပ်ပြမှာဖြစ်တယ်" ပြောရင်းအသားများကိုခုတ်ထစ်နေ၏။ "အသားဟင်းချက်မယ်ဆိုရင် အမွှေးမျှင်ပြောင်အောင်ဆေး မဟုတ်ရင် စားသူကဒီအမွှေးမျှင်တွေစားရင်မြင်မိရင် အစား သောက်ပျက်သွားနိုင်တယ်ကွ ဒါကြောင့်အမွှေးမျှင်သေချာ ပြောင်အောင်ဆေးကြောဖို့ ကအဓိက ကျတယ်...... ပြီးတော့အသားကိုဘယ်လိုခုတ်ထစ်ရမယ်ဆိုတာပါသိထားရ မယ် ပေါက်ကရခုတ်ထစ်နေလို့ မရဘူး အသားမှာလျှို့ဝှက်ချက် တွေရှိတယ် သူ့နေရာနဲ့သူကိုအတိကျဖြတ်တောက်ခုတ်ထစ်မှ သာ အရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်လာမှာဖြစ်တယ် " ဂျိတ်မှချက်ကျလက်ကျ ရှင်းပြနေ၏။ "မှားသွားရင်ဘာဖြစ်မလဲဆရာ" ထိုစကားကြောင့်ဂျိတ်လည်း "မှားရင်တော့အသားကအရသာရှိသင့်သလောက်မရှိတော့သလို အာဟာရလည်းမပြည့်ဝတော့ဘူးကွဒါကြောင့် ငါပြတဲ့နေရာ လေးတွေကိုသေချာခုတ်ထစ်ဖြတ်​တောက်ရမယ်" ဂျိတ်ပြောသည်များကို စစ်သည်တော်များတစ်လုံးမကျန် လိုက်နာမှတ်သားလိုက်ကြ၏။ဂျိတ်ပြောသည်များက သူတို အတွက် ကောင်းမွန်သောအရာများဖြစ်သောကြောင့်ဖြစ်၏။ ညအချိန်အခါမီးပုံဘေး၌ အသားများကို ဖြတ်တောက်ကာ အိုး ထဲထည့်နေသောဂျိတ်၏ပုံစံကအလွန်ပင် ပြောင်မြောက်လှ၏။ တည်ကြည်ခန့်ညားသောယောကျာ်းတစ်ယောက်က မီးပုံဘေး၌ ဓားဖြင့်အသားခုတ်နေပုံကိုသာ မိန်းကလေးများမြင်မိပါက တစ်သက်လုံးစွဲမှတ်မိနေစေရန် လုံလောက်၏။ အသားများဖြတ်တောက်ပြီးဖြစ်သောကြောင့် အိုးထဲသို့ ပစ်ထည့် လိုက်၏။ထို့ နောက်ရေထည့်ကာ ပြုတ်လိုက်၏။အနည်းငယ် ကြာသောအခါ လိုအပ်သောဟင်းခတ်အမွှေးကြိုင်များကို ဆက်တိုက်ဆိုသလိုပစ်ထည့်လိုက်၏။ ဂျိတ်ကို စစ်သည်တော်များက တော်ဝင်စားဖိုမှူးတစ်ယောက်ပင် ထင်မှတ်လာကြ၏။ တော်ဝင်စားဖိုမှူးမှလွှဲ၍ဘယ်သူကများ ဘယ်နေရာ သွားသွားအသားများဟင်းခတ်အမွှေးကြိုင်များကို ယူဆောင် သွားနေမည်နည်း။ အမွှေးကြိုင်အစုံလင်ထည့်ပြီးသောအခါ ရေအနည်းငယ်ခမ်း သွားပြီဖြစ်သောကြောင့် နောက်ထပ်ရေပြန်ထည့်၏။ထို့ နောက် အိုးဆူပွက်သည်အထိ မီးအပူပေးလိုက်၏။ မီးအပူရှိန်ကြောင့် အိုးသည် အချိန်တခေတ္တ အတွင်း၌ဆူလာလေ တော့၏။ထိုသို့ ဆူလာသည်နဲ့သမင်သားများလည်း နူးညံ လာ၏။ထိုအခိုက်မှာပင် စခန်းချရာတစ်နေရာလုံး အလွန် မွှေးကြိုင်သောရနံများထွက်ပေါ်လာလေတော့၏။ "ဟာ မွှေးလိုက်တာကွာ " "....ဟုတ်တယ်ဟေ့ ငါဘဝမှာတစ်ခါမှအဲ့လိုအမွှေးအနံတွေမရ ဖူးဘူး" "အနံနဲ့​တောင် ငါတော့သရေကျနေပြီဟေ့" အနံကိုရှုရှိုက်မိသူတိုင်းချက်ချင်းပင် ဗိုက်ဆာလာသလိုဖြစ်လာ ကြ၏။တစ်ချို့ဆိုလျှင် ပါးစပ်မှသားရေများပင်ကျသည်အထိ ဖြစ်လာကြ၏။ဂျိတ်မြင်လျှင် မသင့်တော်မည်စိုးသောကြောင့် ချက်ချင်းပြန်သုတ်လိုက်ကြ၏။ ဂျိတ်၏သမင်စွပ်ပြုတ်ဟင်းလျာကား အနံနဲ့ပင် စခန်းချ တပ် တစ်ခုလုံးရှိစစ်သည်များအား ဆွဲဆောင်လိုက်ပြီဖြစ်၏။

(165) ကျရောက်လာသောအန္တရာယ်

ဂျိတ် ချက်ပြုတ်ထားသောသမင်သားစွပ်ပြုတ်ကား နောက်ဆုံး၌ စားသုံး၍ရသောအဆင့်ထိရောက်ရှိသွားပြီဖြစ်၏။ ထိုအခါ ဂျိတ်သည် ထိုစွပ်ပြုတ်အိုးမှ စွပ်ပြုတ်များက ခူးခက် လိုက်၏။ထို့ နောက် တစ်ယောက်လျှင်တစ်ခွက်နှုန်းကျ ဝေ ပေးလိုက်၏။ စစ်သည်များကလည်း ဂျိတ်ပေးဝေသော သမင်သားဟင်းခွက် ကိုကိုယ်စီကိုင်လိုက်ကြ၏။သူတို့ လက်ထဲ၌ရှိနေသောသမင် စွပ်ပြုတ်သည်လွန်စွာမှမွှေးကြိုင်နေကြောင်း သူတို့ ဝန်ခံရပေ မည်။မွှေးကြိုင်လွန်းသောကြောင့် ဆက်လက်စောင့်ဆိုင်းနေ ခြင်းမရှိပဲ ချက်ချင်းပင်စတင်စားသုံးလိုက်ကြ၏။ "ကောင်းတယ်ဟေ့" အရင်ဆုံး သမင်သားကိုစားသုံးလိုက်သူ၏အော်သံထွက် ပေါ်လာ၏။သမင်သားကို ကိုက်လိုက်သောအခါ အသားသည်နူး ညံနေ၏။ကိုက်လိုက်သောအခါ သမင်အသားထဲမှ အရသာ လေးများကပေါက်ကွဲထွက်လာပြီး လျှာကိုလှုံဆော်လိုက်၏။ လျှာတွင်ရှိသမျှသောအရသာခံအဖုလေးများက သမင်သားမှ ထွက်လာသောအဆီလေးများကို ထိတွေ့ပြီးတုန်ပြန်ကြ၏။ အလွန်မင်းကောင်းမွန်လှသည်ဟူ၍ဖြစ်၏။ ဂျိတ်လည်း သမင်သားစွပ်ပြုတ်တစ်ခွက်ကိုယူဆောင်ကာ စား သုံးလိုက်၏။စစ်သည်များကလည်းးတုံဆိုင်းခြင်းမရှိပဲ သုံးဆောင်လိုက်ကြ၏။ ထိုသမင်သားကို နောက်တစ်ခေါက်ထပ်ဝါးလိုက်တိုင်း ဖော်ပြမ ရနိုင်သောအရသာက လျှာတွင်စိမ့်ဝင်သွား၏။ထို့ နောက် မိမိ၏လျှာသည် နောက်ထက်သမင်သားကိုအရသာထပ်ခံကန် တောင်းနေပြိီဖြစ်ကြောင်း သိရှိလိုက်ရ၏။ စွပ်ပြုတ်ဟင်းရည်ကိုသောက်တော့လည်း ထိုနည်းတူပင်။သမင် သား၏အသားဓာတ်များက ဟင်းရည်ထဲစိမ့်ဝင်နေရာ ဟင်းရည် မှာလည်းအလွန်ပင်ကောင်းမွန်လှ၏။ထိုအခါ လျှာကဟင်းရည် အရသာကိုပါတောင်းတပြန်တော့၏။ ထိုကြောင့် လျှာအလိုအတိုင်း စစ်သည်တော်များသည် မိမိတို့ ရရှိကြသောသမင်စွပ်ပြုတ်တစ်ပန်းကန်စာကို ကုန်စင်အောင် စားသောက်လိုက်ကြ၏။ အရသာကောင်းမွန်လှသောကြောင့် ပန်းကန်တစ်ခုလုံး ကုန်စင်အောင် လျှာဖြင့်ပင်ရက်မိကြလေ၏။နောက်ထပ်စား သောက်လိုကြသော်လည်း စစ်သည်များသည် မိမိတို့ ရှေ့၌ပြောင်သလင်းခါနေသောအိုးကိုတွေ့သောအခါမှသာ မိမိ တို့ ၏စိတ်အခြေနေဆန္ဒကိုချုပ်တည်းလိုက်လေ၏။ ထို့ နောက် မိမိတို့ ကိုယ်မှစွမ်းအင်များတက်လာကြောင်း သတိထားမိသွားကြ၏။အကြောင်းရင်းကိုစစ်ဆေးရာ ဂျိတ် ကြွေးသောသမင်သားစွပ်ပြုတ်၏အစွမ်းကြောင့်မှန်း သိရှိသွား ကြလေ၏။ "အဆင့်တက်ဖို့ မလုပ်နဲ့စွမ်းအင်တွေကို ကိုယ်ခန္ဓာသန့်စင်ဖို့ သုံး ပစ်ကြ" ဂျိတ်၏အော်သံကြောင့် စစ်သည်များလည်း သမင်သားစွပ်ပြုတ်မှရရှိသောစွမ်းအင်များကို သန့်စင် ရာ၌အသုံးပြုလိုက်ကြ၏။ အယ်ဖာလည်း ဂျိတ်ကိုကြည့်ကာ အကဲခတ်ကြည့်နေ၏။ဂျိတ် သည် ယခင်တွေ့တုန်းက၌ အလွန်အေးစက်ကာ ကြောက်မက် ဖွယ်ကောင်းသောလူတစ်ယောက်ဟုသူထင်မိခဲ့၏။အော်ရာ ဖိအားအောက်ရောက်စဥ်ကထိုသို့ တွေးမိခဲ့၏။ သူ၏မိသားစု သူသမီးလေးအတူကစားပုံ နဲ့ယခုလိုမီးပုံဘေး၌စစ်သည်တော်များနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ထိုင်စားသောက်နေသောမြင်ကွင်းကို မြင်သောအခါ ဂျိတ်သည် အမြဲတမ်းအေးစက်နေသောသူမဟုတ်ကြောင်း သူသိရှိလာ ရ၏။သူနဲ့ရင်းနှီးသောသူများအတွက်ဆိုလျှင် သူ၏မျက်နှာက ပြုံးကာတည်ကြည်နေပြီး ရန်သူများအတွက်ဆိုလျှင် သေလျှင် သေသွားပါစေ ဂရုမစိုက်တတ်ကြောင်း နားလည်သဘောပေါက် သွားလေသည်။ စားသောက်ပြီး ကိုယ်ခန္ဓာသန့်စင်ပြီး ဖြစ်သောကြောင့် စစ်သည်တော်များကို အယ်ဖာမှတာဝန်ခွဲဝေ ပေး၏။စစ်သည်တော်အားလုံးကို ကင်းစောင့်ချိန်ကို အတိုင်း တာတစ်ခုထိသတ်မှတ်စောင့်စေပြီး ရန်သူများလာမလာ သေချာစစ်ဆေးရမည်ဖြစ်၏။ ဂျိတ်ကတော့ စောင့်ရန်မလိုသောကြောင့်မီးဖိုဘေးတွင်သာ ထိုင်၍နေလေ၏။ကင်းစောင့်တာဝန်ကျသောသူများကလည်း စခန်းချရာနေရာကိုပတ်ကာ စောင့်ကြပ်ကြည့်ရှုလေ၏။ "ကျနော်ကို သေနတ်အကြောင်းလေးတွေပြောပြပါလား ဆရာ.ဂျိတ်." ဂျိတ်တစ်ယောက် စကားပြောသူကိုကြည့်တော့ နှစ်ရာဟူသော စစ်သည်လေးကိုမြင်လိုက်ရ၏။သူသည် အထူးစစ်သည်နှစ် ရာ၌အငယ်ဆုံးဖြစ်သလို နောက်ဆုံးလည်းဖြစ်သောကြောင့် နှစ် ရာဟုနာမည်ပေးထားခြင်းဖြစ်သည်။ သူသည် အငယ်ဆုံးဖြစ်သော်လည်း သူ၏ကြိုးစားမှုဝီရိယ ကြောင့် ကျန်သောစစ်သည်တော်များကပင် ချီးကျူးဂုဏ်ပြုကြ ရသူဖြစ်၏။ယခုလည်းသူ၏တာဝန်ကျချိန်မဟုတ်သေးသော ကြောင့် ဂျိတ်ကို လာရောက်ပူဆာနေခြင်းဖြစ်၏။ "ကြည့်ရတာ မင်းကသေနတ်အကြောင်းကိုတော်တော် စိတ်ဝင်စားတယ်ထင်တယ်" "ဟုတ်တယ် ကျနော်သေနတ်အကြောင်းကိုအရမ်းစိတ်ဝင်စား တယ် ပြီးတော့နောက်ထပ်သေနတ်အမျိုးစားတွေရှိသေးလားဆို တာလည်းသိချင်တယ်" ကျန်သောစစ်သည်တော်များကလည်း မီးဖိုဘေးစကားပြောနေ သော ဂျိတ်တို့ နှစ်ယောက်ကိုအာရုံစိုက်လိုက်ကြ၏။သူတို့ ညီ ငယ်လေး နှစ်ရာကြောင့် သူတို့ နောက်ထပ်သောသေနတ်များကို လည်း ရှိမရှိ ရှိပါကလည်းသိနိုင်မည်ဖြစ်သောကြောင့်ဖြစ်၏။ ဂျိတ်လည်း မီးဖိုပေါ်သို့ ရေနွေးအိုးပြန်တည်လိုက်၏။ထို့ နောက် "မင်းမဆိုးဘူးတော်တယ် သေနတ်တွေက ဒီသုံးမျိုးပဲရှိတာ မဟုတ်ဘူးရယ် အများကြီးရှိတာ " ထိုစကားကြောင့် နှစ်ရာဟူသော စစ်သည်လေးသာမဟုတ်ကျန် သော စစ်သည်များလည်း စိတ်ဝင်စားသွားကြ၏။ကင်းစောင့် နေသောစစ်သည်များကလည်း စိတ်ဝင်စားကြ၏။သို့ ရာတွင် တာဝန်ကျနေသည်ဖြစ်ရာ မီးဖိုဘေးလာရောက်နားထောင်နိုင် ခြင်းမရှိပေ။ ဂျိတ်လည်း သူတို့ ၏ဖြစ်အင်များကိုမြင်၏။ထို့ ကြောင့် သူ၏အသံကို စစ်သည်တော်များအားလုံးကြားနိုင်သောအတိုင်း တာထိတိုးမြင့်ပြီးမှသာစကားပြော၏။ "ဘယ်ကစပြောရမလဲဆိုရင် ငါအရင်ကနေခဲ့ရတဲ့နေရာကနေ ပြောရမယ်" ဂျိတ် အရင်သူ၏ဘဝတုန်းကနေထိုင်ခဲ့ရာ ကမ္ဘာအကြောင်းအား ပြော၏။ "အဲ့နေရာကလူတွေက မင်းတို့ လို စစ်သည်တော်တွေလိုလဲ မဟုတ်ဘူး သူတို့ ကသာမန်လူသားတွေ​ပြီးတော့ကြေးအဆင့်ပဲ ရှိကြတဲ့ လူတွေပဲ ငွေအဆင့်ရွှေအဆင့်ကလူဆိုတာ သူတို့ တစ်သက်တောင်မမြင်ဖူးကြဘူး" "ဒါဆို သူတို့ ကအတော်လေး အားနည်းတာပေါ့" နှစ်ရာ မှဝင်ပြော၏။ "အဲ့လို​ပြောရင်မင်းမှားသွားမှာပေါ့ သူတို့ ကမင်းတို့ လိုသန်မာတဲ့ စစ်သည်တော်တွေမရှိပင်မဲ့ ဉာဏ်ရည်ရှိကြတယ် သူတို့ က ပဲနောက်တော့ အခုမင်းတို့ ကိုင်နေတဲ့သေနတ်တွေကိုထုတ်လုပ် လာခဲ့တာ" သာမန်လူများက အစွမ်းထက်လှသောသေနတ်များကို ထုတ်လုပ်ခဲ့သည်ဆိုသည်က နှစ်ရာကို အမြင်သစ်ဖွင့်ပေးသည့် ပမာပင်ဖြစ်၏။ ."သေနတ်တွေကအမျိုးမျိုးရှိခဲ့တာ အခုမင်းတို့ ကိုင်နေတဲ့ ak47ဆိုတာတောင် အမျိုးမျိုးထွက်ထားတယ်အခုသူတို့ သုံးနေ တဲ့shot gunဆိုတာ500မျိုးဆက်ပဲရှိသေးတာ အဲ့မျိုးဆက်မှာ တောင်shoutgunတွေက အမျိုးမျိုးရှိသေးတယ် သေနတ်တွေ ကတဖြေးဖြေးနဲ့ဆင့်ကဲတိုးတက်မွမ်းမံလာကြတာလေ.အဲ့လိုပဲ ကျည်ဆံတွေကိုလည်း တဖြေးဖြေးဆင့်ကဲပြောင်းလဲလာခဲ့ကြ တာ" ထိုစကားကြောင့် စစ်သည်တော်များအံသြကြရ၏။ထိုမျှထိ အမျိုးမျိုးရှိနေသေးကြောင်း သူတို့ မထင်မှတ်မိသည်မှာ အမှန် ပင်ဖြစ်၏။ "အထူးသဖြင့် kar-98ဆိုတာ ကအဝေးပစ် လက်ဖြောင့် တပ်သားတွေ ပစ်ရတဲ့သေနတ်အမျိုးစားပဲ အဲ့လိုအမျိုးစားမှာ တောင်မွမ်းမံထားပြီး ပြင်းအားများတဲ့သေနတ်နဲ့လုပ်ကြံရာမှာ သုံးတဲ့ဆိုပြီးရှိသေးတယ်" "ဒါဆို အခုကျနော်တို့ တပ်သားတွေကိုင်နေတာဟာကရော" နှစ်ရာ မှမေးလိုက်၏။ "ဒါကလား လုပ်ကြံရာမှသုံးတာလေ အမွမ်းမံအဆင့်မမြင့်ရ သေးတဲ့အမျိုးစားပဲ နောက်မျိုးတက်အဆင့်မြင့်တွေဖြစ်တဲ့ပြင်း အားများတဲ့ အဝေးပစ်သေနတ်တွေက အခုကိုင်နေတာထက် ကြီးသလို ကျည်တစ်တောင့်စီတိုင်းကလည်း မနည်းဘူး တော်တော်ကြီးတယ် သူရဲ့ပြင်းအားက ဘယ်လောက်ထိများ လဲဆိုရင် တစ်ချက်ပစ်တာနဲ့မြို့ရိုးအုတ်အပေါက်ဖြစ်စေတယ်" "ဟာ...." စစ်သည်တော်များ အံသြလွန်းသောကြောင့် အသံပင်ထွက်မိ ကြ၏။မြို့ရိုးအုတ်မည်မျှကြီးသည်ကို သူတို့ လည်းသိကြ၏။ ထိုမြို့ရိုးအုတ်ပင်အပေါက်ဖြစ်သည်ဆိုသည်က ထို သေနတ်၏ကျည်အားမည်မျှပြင်းကြောင်းဖော်ပြနေ၏။ "ဒါဆိုအေကေမျိူးဆက်မှာကော အဲ့လိုဆက်တိုက်ပစ်ပြီးကျည် အားပြင်းတဲ့သေနတ်ရှိလား" "ဆင်တူရှိတယ်ပြောရမယ် သူ့ကိုကျ အေကေလို့ ခေါ်လို့ မရဘူး ဒါပေမဲ့ အေကေသေနတ်လိုပဲ ဆက်တိုက်ပစ်နိုင်စွမ်းရှိတယ် သူ့ ကိုတော့ မီးရှင်းဂန်း(machine gun)လို့ ခေါ်တယ် သူရဲ့ကျည်ဆံ က ကျည်အိမ်နဲ့မလာဘူး ကျည်ကပ်နဲ့လို့ ပြောရတယ် ကျည်ဖြ ည့်ရင် ကျည်ကပ်မှာ အတောင့်သုံးလေးရာ..ငါးရာပေါ့ကွာ" ကျည်ဆံအတောင့်သုံးလေးရာ ဟူသောစကားကြောင့် စစ်သည် တော်များမျက်လုံးပြူးကျယ်လာ၏။ "ပြီးတော့သူက တစ်စက္က န့်ကို ဆယ့်နှစ်တောင့်အထိပစ်ခန်နိုင် စွမ်းရှိတယ်အပစ်ခံရတဲ့ကောင်က ဇံကာပေါက်ဖြစ်ပြီးရှောတာ ပေါ့ကွာ" ဂျိတ်လည်း စစ်သည်တော်တို့ ၏ကိုင်ဆောင်နေသော သေနတ် အမျိုးစားနဲ့ဆင်တူသော မျိုးဆက်မှဆင်းသက်လာသော သေနတ်အကြောင်းများကို ရှင်းပြ၏။စစ်သည်တော်များက လည်း အစွမ်းထက် သေနတ်များအကြောင်း ဂျိတ်မှပြောပြ နေသည်ဖြစ်သောကြောင့် သေချာနားထောင်လိုက်ကြ၏။ ထိုသေနတ်သုံးမျိုး၏မျိုးဆက်များအား ပြောကြားပြီးပြီဖြစ်၍ ကျန်သောသေနတ်များကို ပြောရန်အပြု စနစ်၏သတိပေးချက်ကြောင့် ဂျိတ်အော်ပြောလိုက်၏။ "စစ်သည်တော်များစုစမ်း ရန်သူလာနေပြီ " ဂျိတ်၏အော်လိုက်သောကြောင့် စစ်သည်တော်များလည်း ချက်ချင်းပင် လက်နက်ကိုယ်စီကို ကိုင်ဆောင် ပြီးသားဖြစ်ကာ ရန်သူကိုရင်ဆိုင်ရန်အသင့်ဖြစ်နေကြပြီဖြစ်၏။

All Chapters