← Chapters

အခန်း (၁၆၆-၁၆၈)

Vol. 12 Ch. 166-168

အခန်း (၁၆၆-၁၆၈)

Vol. 12 Ch. 166-168

BOOK12 (166 - 180)

(166)

မမြင်ဖူးသောမြင်ကွင်း ဂျိတ်၏အော်လိုက်သောအသံကြောင့် စစ်သည်တော်များ ချက်ချင်းဆိုသလို စုဝေးလိုက်ကြ၏။သူတို့ ၏သေနတ်များကို လည်း အသင့်ပစ်အနေထားဖြင့်ကိုင်ဆောင်ထားသလို ကျည်အ ပြည့်ဖြည့်ပြီး မောင်းတင်ပြီးပြီလည်းဖြစ်၏။ စစ်သည်တော်အားလုံးစုဝေးပြီးသည်နဲ့ဂျိတ်လည်း စကားဆက်ပြော၏။ "ငါတို့ အတိုက်ခံနေရပြီ ဒီတစ်ခေါက် ညအချိန်ကိုအခွင့်ကောင်း ယူပြီး တိုက်ခိုက်တာပဲ ရန်သူကနှစ်ယောက်ပဲရှိတယ်ဆိုပင်မဲ့ ငါ တို့ အတွက်အန္တရာယ်များတယ် ဒီတစ်ခေါက် ဒီကောင်တွေဉာဏ် သုံးပြီးတိုက်လာကြပြီ မင်းတို့ ဘာကောင်ကြီးပဲလာလာ အသေ ပစ်သတ်လိုက်ကြကြားလား" "ဟုတ်" စစ်သည်တော်များ၏အသံများက ဟိန်းထွက်လာ၏။သူ တို့ သည် ဂျိတ်၏အမိန့်က်ိုတစ်သွေမတိမ်းလိုက်နာကြ၏။အယ် ဖာကတော့ အဘယ်ကြောင့် ဂျိတ်မှစူဝေးခိုင်းသနည်းကို မသိရ သေးချေ။ "မီးတုတ်တွေကို ဖြန့်နိုင်သလောက်ဖြန့်ကျက်ထားကြ." ညအချိန်ခါ၌ တိုက်သည်ကိုထင်သာမြင်သာရှိစေရန် မီးတုတ် များကို ဖြန့်ကျက်ချထားလိုက်ကြ၏။ဖြန့်ကျက်ချပြီးသောအခါ စစ်သည်တော်အားလုံးစုဝေးလျက် အသင့်ပစ်ခတ်ရန်အနေထား ဖြင့် စောင့်ဆိုင်းနေလိုက်ကြ၏။ ထိုအခိုက်တန့်၌...... ဝုန်း............ဂရုန်း........... ခြေသံပေါင်းများစွာ ပြေးလွှားလာသောအသံကို ကြားလိုက်ကြ ရ၏။ထိုအသံများသည် ပြင်းထန်သောခြေလှမ်းဖြင့် ဒုန်းစိုင်း ပြေးဝင်လာသော အသံများနဲ့ပို၍ပင် ဆင်တူ၏။ရန်သူအား အပြင်းထန်ရှာဖွေသတ်ဖြတ်ရန် ဒုန်းစိုင်းပြေးနေသော အသံဆို လျှင်ပို၍ပင် မှန်ကန်ပေသည်။ "ဘာသံတွေလဲဟ" မြေငလျင်လှုပ်သည့်ပမာ မြေကြီးမှာ တုန်ခါဟီးနေ၏။ထိုသို့ အထိပြင်းထန်သောကြောင့် စစ်သည်တော်များ အံသြရ၏။ ဂျိတ်လည်းထိုအချိန်မှာပင် မိုးပေါ်သို့ ထောင်ကာ သေနတ်တစ် ချက်ပစ်ဖောက်လိုက်၏။ ထိုကျည်ဆံသည် ကောင်းကင်ပေါ်သို့ နီရဲနေသောအလင်းတန်း အသွင်ပမာ ထိုးတက်သွားလေ၏။ထိုအနီလင်းတန်းသည် အလွန်မင်းစူးရှပြင်းထန်သောကြောင့် ညအချိန်ရှိဘေး ပတ်ဝန်းကျင်များကိုပင် မြင်သာစေ၏။ "ဒိုင်း ကျွီ......ကျွီ.........​ဗြောင်း" နောက်ဆုံးကောင်းကင်ယံ၌ ကျည်ဆံပေါက်ကွဲသွားသောအခါ အလင်းတန်းဖြန့်ကျက်သွားလေ၏။ထိုဖြန့်ကျက်လိုက်သော အလင်းတန်းသည် ခေတ္တ သာကြာမြင့်သော်ငြားလည်း စစ်သည် တော်များအဖို့ လုံလောက်သောအမြင်ကြာချိန်ကို မြင်နိုင်အောင် ပံပ်ိုးပေး၏။ "ဟ... ဘာကောင်တွေလဲဟ" "ဘယ်လိုဖြစ်ပြီးပြေးနေကြတာလဲ" စစ်သည်တော်များသူတို့ မြင်ရသောမြင်ကွင်းကို မြင်သက်စွာကြ ည့်ရှူနေကြ၏။ များစွာသော အစွယ်နီတောဝက်အုပ်ကြီးသည် မိမိတို့ ရှိရာသို့ ဦးတည်ကာ ပြေးလွှားနေသောကြောင့် ဖြစ်၏။သူ တို့ သည် မိမိတို့ နဲ့ဝေးကွာနေသေးသော်လည်း မြေကြီးမှာမိမိတို့ ကြားနိုင်အောင်ပင်လှုပ်ခါနေ၏။ထို့ ပြင် သူတို့ ၏ပြေးလွှားနေ သော အရှိန်ကြောင့် မိမိတို့ စခန်းချရာနေရာသို့ မကြာမီရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရှိနိုင်သည်။ "ဒါတွေကအစွယ်နီတောဝက်တွေမဟုတ်လား ဘယ်လိုဖြစ်ပြီး ငါတို့ ဘက်ပြေးဝင်လာကြရတာလဲ" အစွယ်နီတောဝက်များသည် နေ့အခါသာကျက်စားပြီး ညအချိန်၌အနားယူအိပ်စက်ကြ၏။ယင်းတို့ သည် အလွန်ပင် ဆိုးသွမ်းပြီး အုပ်စုလိုက်နေတတ်ကြ၏။တော်ရုံသာမန်လူများ ပင်မဟုတ် ပလက်တီနမ်အဆင့်လူပင်မစရဲသော တောဝက်အုပ် ကြီးဖြစ်၏။သူတို့ ၏နာမည်အတိုင်းအစွယ်နီများသည် ရွှေအဆ င့်စစ်သည်၏မာကျောသောကိုယ်ကိုပင် ထိခိုက်အောင် လုပ်ဆောင်နိုင်စွမ်းရှိ၏။ ထိုလိုအကောင်ကထိုမျှဒေါသတကြီးဖြင့် ညအချိန်၌ အဘယ် ကြောင့်မိမိတို့ ကို ပြေးလာရသနည်းကိုမသိတော့ပေ။ "ထောက်ပံတပ်သားနှစ်ယောက်လာ ခဲ့ဦး" ထောက်ပံတပ်သားနှစ်ယောက်သည် ကိုင်ဆောင်ရန်သေနတ်မရှိ သည့်အပြင် ယခုခရီးလမ်းစဥ်၌ သူတို့ သည် တိုက်ခိုက်ရန် မဟုတ်ပဲ စခန်းချခြင်း စားနပ်ရိက္ခာထိန်းသိမ်းခြင်းများကိုသာ ပြုလုပ်ကြရ၏။ထို့ ကြောင့် ဂျိတ်သည် သူတို့ နှစ်ယောက်ကို ခေါ် လိုက်ခြင်းဖြစ်သည်။ "ရော့ ဒီနှစ်ခုကိုသုံးဖို့ မင်းတို့ ကိုတာဝန်ပေးမှာဖြစ်တယ်" ဂျိတ်ပြောရင်းဆိုရင်း စနစ်မှမီးစင်ကြီးနှစ်ခုထုတ်လိုက်၏။ထိုမီး စင်ကြီးကို မမြင်ဖူးသောကြောင့်စစ်သည်တော်များနဲ့ထောက်ပို့ နှစ်ယောက် ပြူးကြည့်နေ၏။ ထိုမီးစင်ကြီးသည် မဲနက်နေပြီး ရှေးကျသောအော်ရာအငွေ့ သက်ရှိ၏။မီးပြောင်းတွင် သေချာကြည့်မည်ဆိုပါက အနုစိတ် လှသော မီးခွက်လုံးလေးများကို မြင်ရမည်ဖြစ်၏။ စင်စစ်အားဖြင့် မီးပြတိုက်တွင် သုံးသောဧရာမမီးအိမ်ကဲ့သို့ ပင် ဖြစ်သည်။မတူညီသည်ကား ယင်းတွင် ကင်မရာထောက်တိုင် ကဲ့သို့ ပါရှိပြီး မီးအိမ်ကို မိမိအလိုရှိရာနေရာသို့ ချိန်ထိုးကြည့် နိုင်၏။တင့်ကားမှစက်သေနတ်ကဲ့သို့ ပင် ချိန်ထိုး ၍ရပေ၏။ "မင်းတို့ လုပ်ရမှာမခက်ဘူး ဒီနှစ်ခုကို တစ်ယောက်တစ်ခု ယူ လိုက်ပြီးရင် ဒီနားကခလုတ်လေးကိုတွေ့လား ငါဖွင့်လို့ ပြောရင်ဖွ င့်လိုက် ပြီးရင်အစွယ်နီတောဝက်တွေဖက်ကိုသာ လှည့်ထား လိုက်" ဂျိတ်လည်း မြန်ဆန်စွာပင်ရှင်းပြလိုက်၏။ထောက်ပို့ နှစ်ယောက် ကလည်း လက်ခံလိုက်ကြ၏။သူတို့ အလုပ်မှာ ဂျိတ်ဖွင့်ဆိုသည် နဲ့ဖွင့်ရုံသာ ဖြစ်သောကြောင့်ရိုးရှင်းလှ၏။ "ဖွင့်လိုက်" ဂျိတ်ပြောလိုက်ပြီဖြစ်ရာ သူတို့ လည်းမီးစင်ရှိခလုတ်ကိုပြိုင်နှိပ် လိုက်ကြ၏။ အမှောင်ထဲရှိလူနှစ်ယောက်သည်တီးတိုးပြောဆိုနေ၏။ "ဒီတစ်ခါတော့ သူတို့ သေကိုသေပါတယ်ကွာ မပူစမ်းပါနဲ့. "ဒါပေါ့ ဒီနယ်မြေရဲ့အပိုင်စားရတဲ့ အစွယ်နီတောဝက်အုပ်ကြီး ကို သူတို့ လူသုံးရာကခံနိုင်ရိုးလားကွာ" အမှောင်ထဲရှိလူနှစ်ယောက်သည် အချင်းပြောကာရယ်မောနေ ကြ၏။သူတို့ နှစ်ယောက်သည် သားရဲသခင်များဖြစ်ပြီး သားရဲ အကြောင်းကျေနောနေသူများဖြစ်၏။သူတို့ နှစ်ယောက်သည် အလုပ်ကြီးတစ်ခုလာရောက်ကမ်းလှမ်းခြင်းခံရသောကြောင့် ရောက်လာကြခြင်း​ဖြစ်၏။ထိုအလုပ်သည် ဂရိတ်စစ်တပ်အား ဖျက်စီးပေးရန်ဖြစ်သောကြောင့် တပ်နဲ့အနီး၌ရှိနေသော အစွယ် နီတောဝက်များကို ရန်တိုက်ပေးလိုက်ပြီး ဂရိတ်စစ်တပ်စခန်းချ ရာဘက်သို့ ဦးတည်ပေးလိုက်၏။ သူတို့ ၏လုပ်ရှုားမှုကြောင့် အစွယ်နီတောဝက်များကလည်း ဂရိတ်တပ်စခန်းချရာသို့ ဦးတည်ပြေးသွားကြလေ၏။ သူတို့ စကားပြောချိန်နေချိိန် ကောင်းကင်၌ အနီရောင်အလင်း တောက်ပသွားကြောင်း တွေ့လိုက်ရ၏။ "ဒီကောင်တွေကြောင်တောင်တောင်လုပ်နေပြီထင်တယ် အချက်ပြမီးကြီးလွတ်နေတယ် ဘယ်သူက ကယ်မယ်ထင်နေလို့ လဲ" "အေးဟ တကယ့်စောက်ရူးတွေ" ထိုအချိန်၌ ဝုန်း...... "မင်းမေကလွားဘာလဲဟ" ရုတ်တရက်ကြီး စူးရှတောက်ပသောအလင်းတန်းကြီးနှစ်ခု ထွက်ပေါ်လာမှုကြောင့် သားရဲသခင်နှစ်ယောက် မျက်စိကျိန်း သွားကြ၏။ညကြီးအချိန်မတော် တောက်ပစွာထွက်ပေါ်လာ သောအလင်းကြောင့် သူတို့ နှစ်ယောက်အံသြရ၏။ပိုပြီး အံအား သင့်ရသည်ကား ထိုအလင်းတန်းသည် ဂရိတ်တပ်ဘက်မှလာ သည်ဖြစ်သောကြောင့်ဖြစ်၏။ "ပစ် " ထိုအသံနဲ့အတူ ကျယ်လောင်သောအသံများထွက်လာကြောင်း သားရဲသခင်နှစ်ဦးလန့်သွားကြရ၏။ "ဒိုင်း...ဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်း ဒက်ဒက်" ထိုအသံများနဲ့တောက်ပစူးရှလှသော အလင်းကြီးနှစ်ခုကြောင့် သူတို့ သည် အခြေနေများကိုကောင်းစွာမြင်နေရ၏။အင်အား ကြီးမားသည်ဆိုသော အစွယ်နီတောဝက်အုပ်ကြီးသည် ဂရိတ် တပ်ဘက်မှထူးဆန်းသောလက်နက်များကြောင့် အတုံးရုန်း သေဆုံးကုန်ကြခြင်းပင်ဖြစ်၏။

(167) ဖမ်းခေါ်လာခြင်း

သားရဲသခင်နှစ်ယောက်မှ အံသြစွာငေးကြည့်နေမိတော့၏။ ဆိုးသွမ်းလှပါသည်ဆိုသော အစွယ်နီတောဝက်အုပ်ကြီးအား ဂရိတ်စစ်တပ်မှသူတို့ အနားပင်အကပ်မခံပဲ ထူးဆန်းသော လက်နက်များဖြင့်ပစ်ခတ်နေကြသောကြောင့်ဖြစ်၏။ ဂရိတ်စစ်တပ်ဖက်မှ "ပစ် " ဂျိတ်၏အသံထွက်ပေါ် ပြီးသည်နဲ့စစ်သည်တိုင်း သူတို့ ၏လက်ညှိးများကွေးလိုက်ကြလေ၏။ သူတို့ ၏ပစ်မှတ်သည် မီးစင်ထွန်းထားသောကြောင့် ရှင်းလင်း စွာမြင်နေရသော မိမိတို့ ထံပြေးဝင်လာသော အစွယ်နီတောဝက် ကြီးများပင်ဖြစ်၏။ "ဒိုင်းဒိုင်းဒိုင်းဒိုင်း " အေကေသေနတ်သံများကားစတင်ထွက်ပေါ်လာခဲ့လေသည်။ ကျည်ဆန်များသည်လည်း အစွယ်နီတောဝက်များထံသို့ တိုးဝင် သွားကြလေသည်။ကျည်ဆံများသည် တောဝက်များ၏ကိုယ် ကိုထိုးဖောက်သွားကြ၏။ သို့ ရာတွင် တောဝက်သည်သေဆုံးခြင်းမရှိပေ။သူ တို့ ၏ကိုယ်ခန္ဓာသည်လည်း မာကျောသည်ဖြစ်ရာ ကျည်တစ် တောင့်ကိုယ်ထဲဝင်သွားသည်က တောဝက်၏ပြေးဝင်လာသော အရှိန်ကိုဟန့်တားနိုင်ခြင်းမရှိပေ။ သို့ ရာတွင် အကြိမ်များစွာမရပ်မနားပစ်ခတ်သော အေကေ သေနတ်များကြောင့် ကျည်ဆံများဆက်တိုက်မှန်အပြီးတွင် ပထမတောဝက်တစ်ကောင်စပြီး ကျလေတော့၏။ထို့ နောက် ဒုတိယကောင် တတိယစသည်ဖြင့် ဆက်တိုက်ကျဆင်းလာ လေ၏။ "ဒိန်း.......ဒ်ိန်း........." kar98သေနတ်သမားများသည်လည်း တစ်ချက်ပစ်လိုက် မောင်းတင်ပြီး ပြန်ပစ်လိုက်ဖြင့် စည်းချက်ညီစွာပစ်ခတ်နေ ကြ၏။သူတို့ ၏သတ်ဖြတ်နှုန်းမှာလည်း အေကေသေနတ်များ ထက်မလျေ့ာကျပေ။အေကေသေနတ်များဖြင့် အချက်တစ် ဆယ်မျှပစ်၍ တစ်ကောင်ကျချိန်တွင် သူတို့ သည် တောဝက်ကို တစ်ကောင်လျှင်နှစ်ချက် နှစ်တောင့်နှုန်းဖြင့် သတ်ဖြတ်ပြ နေ၏။ခေါင်းချည်းသာရွေးချယ်ကာ ပစ်ခတ်ပြနေ၏။ "အဲ့ကောင်က သင်းကွဲ ဒီဖက်ဝင်လာပြီ " အစွယ်နီတောဝက်သင်းကွဲ တစ်ကောင်မှ မြန်ဆန်လှသော အရှိန် ဟုန်ဖြင့် ဂရိတ်တပ်ထံပြေးဝင်လာ၏။ထိုသင်းကွဲသည် ပုံမှန် ထက် ကြီးသည့်အပြင် မြန်ဆန်လှ၏။ထို့ ပြင် သေနတ်သမား များ၏ကျည်ကပ်လဲနေချိန်၌ ပြေးဝင်လာခြင်းဖြစ်ရာ အတော် ပင်နီးကပ်သည်အထိပြေးဝင်လာ၏။ခဏတာအတွင်း အဆိုပါ တောဝက်ကြီးသည် ဂရိတ်စစ်သည်တစ်ယောက်အနီးနားသို့ ရောက်ရှိလာခဲ့လေ၏။ "မင်းသေလိုက်တော့" သွက်လက်မြန်ဆန်လှသော စစ်သည်တော်တစ်ယောက်မှ တောဝက်အပက်ခံ (အတိုက်ခံ )ရမည့်စစ်သည်တော်အနီးသွား ကာ သေနတ်ခလုတ်ဆွဲချလိုက်၏. "ဂျိန်း. shotgunသေနတ်၏အနီးကပ်ပစ်ခတ်ခြင်းမှာ အလွန်ပြင်းထန် သောကြောင့် သေနတ်နဲ့နီးကပ်နေရသော တောဝက် ကြီး၏ခေါင်းမှာ မွစာကျဲထွက်သွား၏။ခေါင်းတစ်ခုလုံး မွစာကျဲ သွားကာ သွေးများပင်ပန်းထွက်လာလေ၏။ "လန်းတယ်ဟ" shoutgun၏တကယ့်အစွမ်းစ စစ်စစ်ကို မြင်တွေ့လိုက်ရသော ကြောင့်ကျန်သောစစ်သည်များမျက်လုံးပြူးသွားလိုက်ရ၏။သူ တို့ ၏ဖြစ်ပျက်သွားသောပုံစံကို မြင်လိုက်ရသော shoutgunစစ်သည်လည်း ဂုဏ်ယူဝင့်ကြွားလိုက်၏။ထို့ နောက် မိမိတို့ ထံပြေးဝင်နေသောတောဝက်များကို ဆက်လက်ပစ်ခတ် လိုက်၏။ တောဝက်များသည် ဂရိတ်စစ်သည်တို့ ၏ပြင်းထန်လှသော ပစ်ခတ်မှုများကြောင့် ဂရိတ်စစ်တပ်ရှိစစ်သည်တော်များကို သတ်ဖြတ်နိုင်ခြင်းမရှိရုံသာမက အနီးပင်မကပ်နိုင်အောင်ဖြစ် ကာ သေဆုံးကြရလေတော့သည်။ "နောက်ဆုံးက တစ်ကောင်က အစွယ်နီတောဝက်ဘုရင်ကြီးပဲ " နောက်ဆုံး ကရောက်ရှိလာသောအကောင်ကြီးကား အစွယ်နီ တောဝက်ဘုရင်ကြီးပင်ဖြစ်၏။သူ၏ကိုယ်သည် အစွယ်နီသုံး တောဝက်သုံးကောင်စာမျှရှိ၏။သူ၏အစွယ်များကလည်း နာမည်နဲ့လိုက်အောင်နီရုံတင်မက သွေးကဲ့သို့ ပင် ရဲတောက်နေ လေ၏။ "ဂီး" အစွယ်နီတောဝက်ဘုရင်ကြီး အော်ဟစ်လိုက်သည်။သူ အော်ဟစ်လိုက်သည်နဲ့သူ၏ရှေ့မှရှိသော အစွယ်နီတောဝက် ဆယ်ကောင်သည် အစွမ်းများတိုးတက်ကြ၏။အစွမ်းများ တိုးတက် ကြသလို တောဝက်ဆယ်ကောင်၏မျက်လုံးများက နီ ရဲတွတ်လာကြ၏။အစွယ်များလည်း အနည်းငယ်ပိုမိုရှည်လျား လာကြ၏။ "ပစ် ......ဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်း " ထိုဆယ်ကောင်သည် တောဝက်အစွယ်နီဘုရင်ကြီး၏အစွမ်း ကြောင့် ယခင်ထက် ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှု ပိုမိုသန်မာလာမှု ကြောင့် ကျည်ဒဏ်များကိုပိုမိုခံနိုင်ရည်ရှိလာကြ၏။ထိုအခါ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သော အယ်ဖာသည်တိုက်ပွဲထဲသို့ ဝင် ရောက်ပါဝင်လာပြီဖြစ်၏။ "ရွှမ်း သူ၏ဓားအိမ်မှဓားကို ဆွဲထုတ်လိုက်ကာ "ပထမတိုက်ကွက်." အယ်ဖာသူ၏ ချာကရာအစွမ်းများကို ဓားထဲဖြည့်ပြီး တောဝက် များထံတိုက်ခိုက်လိုက်၏။ "ဂျိန်း" ထိုသို့ ပစ်လွတ်လိုက်သည်နဲ့ဓားမှ အပြာရောင်ဝံပုလွေသဏ္ဏ န်ပုံ ရိပ်ကြီးထွက်ပေါ်လာခဲ့လေ၏။ "ဝူး" ထိုဝံပုလွေပုံရိပ်သည် အော်ကာ တောဝက်များထံသို့ တိုက်ခိုက် လိုက်၏။ "ခရက်" ထိုဓားချက်ပုံရိပ်သည်တောဝက်များကို ထိသည်နဲ့တောဝက် များ၏ပြေးလွှားမှုရပ်တန့်သွား၏။ပြေးလွှားနေသော တောဝက် များ၏ခြေထောက်များသည် တဖြေးဖြေးရေခဲမှုန့်များကဖြင့် ဖုံးကွယ်ခြင်းခံလာရ၏။ "ခေါင်းဆောင်ကစွမ်းလိုက်တာ" အယ်ဖာ၏အစွမ်းကိုစစ်သည်များမျက်မြင်တွေ့လိုက်ရ တော့၏။ "မဆိုးဘူး သူပထမအကွက်အောင်မြင်ထားပြီပဲ ." အယ်ဖာ၏တိုက်ကွက်ကြောင့် ရှေ့မှပြေးလာသောတောဝက် ဆယ်ကောင်သည် ရေခဲများဖုံးကွယ်ခြင်းခံရပြီး ရေခဲရုပ်များ အသွင်ပြောင်းလဲသွားလေ၏။ "တစ်ကောင်ပဲ ကျန်တယ်အ​သေ သတ်ဟေ့.. နောက်ဆုံးတောဝက်ဘုရင်ကြီးသာကျန်တော့သည်ဖြစ်ရာ စစ်သည်တော်များ၏ပစ်မှတ်သည် ထိုတောဝက်ဘုရင်ကြီး ထံသို့ ချိန်ရွယ်ပစ်ခတ်လိုက်ကြ၏။ တောဝက်ဘုရင်ကြီးသည်လည်း သေခြင်းတရား၏အငွေ့သက် ကိုခံစားရလိုက်သည့်ပမာ နောက်သို့ ပြန်လှည့်ပေးရန်ကြံရွယ် လိုက်၏။ "ရမယ်ထင်နေလား" အယ်ဖာ တောဝက်ကြီး၏အကြံကိုသိနေသည့်အလား ပထမသုံး ပြီးသောအကွက်ကို နောက်ထပ်နှစ်ကြိမ်ဆက်လက်သုံးစွဲ လိုက်၏.။ "ဝူး...ဝူး" အပြာရောင်ဝံပုလွေပုံရိပ်နှစ်ခုသည် တောဝက်ကြီးကိုတိုက်ခိုက် လိုက်ကြ၏။ထိုတိုက်ခိုက်မှုကြောင့် တောဝက်ကြီး၏တစ်ကိုယ် လုံးကို ရေခဲမှုန်များဖုံးလွမ်းသွား၏။တောဝက် ကြီး၏ခြေထောက်များကလည်း ယခင်ကထက်လှုပ်ရှားရ နှေး ကွေးလာလေ၏။သို့ ရာတွင် တစ်ကိုယ်လုံးရေခဲဖုံးလွှမ်းခံရကာ ခဲသွားသည်အထိတော့ မဖြစ်သေးပေ။ဤသည်ကလည်း တောဝက်ဘုရင်ကြီး၏သန်မာလှသော ကိုယ်ခန္ဓာကြောင့် ဖြစ်၏။ သို့ ရာတွင် တောဝက်ကြီးနှေးကွေးသည်ကပင် ဂရိတ်စစ်သည် တော်များအတွက်လုံလောက်နေပြီဖြစ်၏။ "ဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်း " သေနတ်သံများနဲ့အတူ တောဝက်ဘုရင်ကြီး၏တစ်ကိုယ်လုံး သွေးများဖြာထွက်သွားလေ၏။တစ်ကိုယ်လုံးလည်း ကျည်ရာ များဖြင့် ပြည့်နှက်သွားလေ၏.။ အဆက်မပြတ်ပစ်ခတ်သော ကျည်ဆံများကြောင့် ဘုရင်အစွယ် နီဝက်ကြီးလည်း အသက်ငင်သည့်အချိန်ရောက်ရှိသွား၏။ "ဒိန်းဒိန်းဒိန်း" "ဂီး......" karသုံးလက်မှထွက်ပေါ်လာသော ကျည်သုံးတောင့်ကား တောဝက်ကြီး၏ခေါင်းထဲသို့ ဝင်ရောက်ကာတောဝက်ကြီးကို ဇီ ဝန်ခြွေပေးလိုက်လေတော့၏။ထိုကျည်ချက်များကြောင့် တောဝက်ကြီးမှာလည်း တစ်ချက်သာအော်နိုင်ကာ လဲကျ သေဆုံးသွားတော့၏။ "မဖြစ် ...နိုင်တာ" အဝေးမှကောင်းစွာမြင်နေရသော သားရဲသခင်နှစ်ယောက် လည်း ထိုမြင်ကွင်းကြောင့်လန့်သွားကြ၏။အဆင့်လေး တိုင်းပြည်မှစစ်သည်များသည် ထိုမျှအထိအစွမ်းထက်လာကြ လေပြီလား။ "ငါတို့ အမြန်ပြေးမယ်" အစွယ်နီတောဝက်ကြီးသေဆုံးသည်နဲ့သူတို့ လုပ်ရမည့်အရာ ကား ချက်ချင်းလှည့်ပြေးရန်ပင်ဖြစ်၏။ သို့ ရာတွင်အသိနောက်ကျခဲ့ရလေပြီ " "ဒိန်း ဒိန်း. နောက်ထပ်ထွက်ပေါ်လာသောကျည်နှစ်ချက်ကား သူ တို့ ၏ကိုယ်ကိုထိမှန်သွားကြ၏။ထိုပစ်မှန်ပြီးသည်နဲ့ပြေးနိုင် ခြင်းမရှိတော့ပဲ မိမိတို့ ရှိရာနေရာ၌ပင် လဲကျသွားလေတော့၏။ ဂျိတ်လည်း ထိုသားရဲသခင်နှစ်ယောက်ကိုမပြေးနိုင်စေရန် ဦး အောင်ပစ်ခတ်ထားခဲ့လိုက်ခြင်းဖြစ်၏။စစ်ဆေးမေးစရာရှိသော ကြောင့် ကျည်ဆံအစစ်အစား မေ့ဆေးကျည်များကိုပြောင်းလဲ အသုံးပြုထားခဲ့လေရာ သားရဲသခင်နှစ်ယောက် မှ မေ့လဲသွားရ ခြင်းဖြစ်၏။ "သွား ငါပစ်လိုက်တဲ့နေရာက မေ့နေတဲ့နှစ်ကောင်ကိုခေါ်လာ လိုက် သူတို့ ကဒီပြသနာရဲ့တရားခံတွေပဲ " ဂျိတ်အမိန့်ပေးလိုက်သည်နဲ့စစ်သည်တော်နှစ်ယောက်မှ ထို သားရဲသခင်များကို သွားရောက်ခေါ်လိုက်ကြ၏။မီးစင်မှ ဖြာထွက်သောအလင်းရောင်အောက်၌ အစောပိုင်း၌ပြေးလာ သော အစွယ်နီဝက်များအား မြေပြင်၌သွေးများတရဲရဲဖြင့် လဲကျသေဆုံးနေကြသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။

(168) ဒုတိယအကွက်ကိုနားလည်ခြင်း

စစ်သည်တော်နှစ်ယောက်အား မိမိပစ်ခတ်လိုက်သော သားရဲ သခင်နှစ်ယောက်ကိုခေါ်ဆောင်လာစေခိုင်းသလို ဂျိတ်သည် ဆက်လက်ပြီးအခင်းဖြစ်ပွားရာနေရာကို ပြန်လှည်ကြည့်ရှူ လိုက်၏။ "ကဲ မင်းတို့ ကံကောင်းတယ်ပြောရမယ် ငါတို့ အတွက် ကောင်းကင်က ရိက္ခာပြတ်မှာကိုထိုင်မကြည့်နိုင်လို့ တောဝက် သားတွေပို့ လိုက်တာပဲ " ဂျိတ်၏စကားကြောင့် စစ်သည်တော်များ၏မျက်နှာများပြုံးရွှင် သွားကြ၏။ဂျိတ်ပြောသလိုပင် သူတို့ သည် ကျန်သောခရီးစဥ် များ၌ ပင်ပန်းခဲယဥ်းစွာ အမဲလိုက်ရှာဖွေနေရန်မလိုအပ်တေ့ာ ပေ။ "ကဲ အဲ့တောဝက်အသေတွေကိုစုပြီး ငါ့ဆီလာပို့ ကြ နောက်နေ့ အတွက် ရှယ်ဟင်းတစ်ခွက်ဖြစ်စေရမယ်လို့ အာမခံတယ်." ဂျိတ်၏စကားဆုံးသည်နဲ့ "ဟေး.....ကောင်းတယ်ကွာ " စစ်သည်တော်များပျော်ရွှင်စွာ မိမိတို့ ပစ်ခတ်ပြီးသောတောဝက် များကို လိုက်လံစုဆောင်းလိုက်ကြ၏။ "အဲ ပြောဖို့ မေ့နေတာ တောဝက်နဲ့ပတ်သတ်နဲ့အစိတ်ပိုင်းမှန်သမျှ တစ်ခုမကျန်ယူလာခဲ့ကြနော် လုပ်စရာရှိတယ်" "ဟုတ်ကဲ့ပါ ဆရာ" စစ်သည်တော်များသံပြိုင်ဖြေဆိုကာ တောဝက်များကို အသေးစိတ်ကောက်ယူလာကြ၏။ "ဟိုကောင် ဒီဘက်ကိုသေချာမီးထွန်းပါဟ ဒီဘက်ကောဟေ့ " မီးစင်ထွန်းရသောနှစ်ယောက်မှာလည်း တောဝက်များလိုက်လံ ကောက်ယူနေသောစစ်သည်များကြောင့် မအားလပ်ပဲရှိနေ တော့၏.။သို့ ရာတွင် သူတို့ ၏မျက်နှာ၌အပြုံးများဆွဲထား၏။ "အယ်ဖာ စာရင်းပြပါဦး" "ဟုတ်ကဲ့ပါ ဒီတစ်ခေါက်တိုက်ပွဲနဲ့အစောပိုင်းတိုက်ပွဲတွေမှာကျ နော်တို့ ယူလာတဲ့ လက်နက်ခဲယမ်းကျည်တွေရဲ့ဆယ်ပုံတစ်ပုံစာ သုံးစွဲလိုက်ရပါတယ် ကျနော်တို့ ဖက်လူအသေပျောက်တော့မရှိ ပါဘူး. အယ်ဖာလည်း ဂျိတ်ကိုတင်ပြလိုက်၏။ထိုတင်ပြချက်ကိုဂျိတ် လည်း ခေါင်းညိတ်ပြလိုက်၏။အသေပျောက်မရှိဟူသော သတင်းက ဂျိတ်ကိုလုံးဝစိတ်ချမ်းသာစေ၏။ "ကျနော်တို့ ဟိုနှစ်ကောင်ကို ဖမ်းခေါ်လာပါပြီ " စစ်သည်တော်၏သတိပေးချက်ကြောင့် အယ်ဖာနဲ့ဂျိတ်လည်း ကြည့်ရှုလိုက်ကြ၏။သူတို့ ဆွဲခေါ်လာသောလူနှစ်ယောက်၌ ဂျိ တ်ပစ်ခတ်လိုက်သော မေ့ဆေးကျည်များစိုက်လျက်ရှိနေသည် ကိုလည်းတွေ့ရှိရ၏။ "ကောင်းပြီ ငါရဲ့တဲထဲပို့ ထားလိုက်စစ်ဆေးမေးမြန်းစရာရှိ တယ်." "ဟုတ်ကဲ့ပါ" စစ်သည်များလည်း ဂျိတ်၏ပြောသည့်အတိုင်းပို့ ဆောင်လိုက် ကြ၏။တစ်ဖက်တွင်လည်း စစ်သည်များသည် တောဝက်များ ကို အသေးစိတ်ရှာဖွေစုပုံပြီးဖြစ်၏။ ထိုအခါမှ ဂျိတ်လည်တောဝက်များစုပုံထားသောနေရာသို့ သွား ရာ သိမ်းယူလိုက်၏။သိုလှောင်လက်စွပ်ထဲသို့ သိမ်းလိုက်ဟန်ဖြ င့်လုပ်ဆောင်လိုက်ခြင်းဖြစ်၏။စင်စစ်ကား စနစ်သိုလှောင်ရုံထဲ သို့ ထည့်လိုက်ခြင်းဖြစ်ပြီး အသားများပုပ်သိုးခြင်းအရသာ ပျက်ယွင်းသွားခြင်းကိုလည်း တားဆီးနိုင်သည်ဖြစ်၏။ "အယ်ဖာ ငါတို့ သွားပြီးဟိုနှစ်ကောင်ကိုစစ်ဆေးကြစို့ အစွယ်နီ တောဝက်ကိုဘာကြောင့် ငါတို့ ဖက်လွတ်ရတယ်ဆိုတာကိုပေါ့." အယ်ဖာလည်း ဂျိတ်၏စကားကိုနားခံကာ ဖမ်းဆီးထားရာတဲသို့ ဝင်ရောက်လိုက်ကြ၏။တဲထဲတွင် လူနှစ်ယောက်အား ကြိုးဖြင့် သေချာစွာတုပ်နှောင်ထားသည်ကိုတွေ့မြင်ရ၏။မလှုပ်ရှားနိုင် လောက်အောင် သေချာတင်းကြပ်စွာချည်နှောင်ထားခြင်းဖြစ် သောကြောင့် ထွက်ပြေးရန်မဖြစ်နိုင်ပေ။မေ့ဆေးအရှိန်ကြောင့် ယခုအချိန်ထိ ထိုနှစ်ယောက်မှာ ထနိုင်ခြင်းမရှိသေးပေ။ "ဗွမ်း" ဂျိတ် ရေတစ်ပုံးယူပြီး ကြိုးဖြင့်ချည်နှောင်ခြင်းခံထားရသောလူ နှစ်ယောက်အား လောင်းချလိုက်၏။ "အား" ထိုအခါမှ မေ့မြောနေကြသောလူနှစ်ယောက်လည်း သတိရလာ ကြလေ၏။ "ကဲ သတိရလာပြီဆိုတော့ ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတာပြော ပါဦး သားရဲသခင်တို့ " ဂျိတ်၏ပြောစကားကြောင့် သူတို့ ခေတ္တ ငှေးမောတွေစေနေကြ သေး၏။ထို့ နောက် ကြောက်လန့်စွာအော်ဟစ်ကြလေ၏။ "မင်းဘယ်သူလည်း ဘာလို့ ငါတို့ ကိုသားရဲသခင်ဆိုတာသိနေရ တာလဲ" ကြောက်လန့်စွာအော်ဟစ်ပြီးထွက်ပြေးရန်ကြံစည်လိုက်ကြ၏။ သို့ ရာတွင် မေ့ဆေး၏သက်ရောက်မှုကြောင့် သူတို့ ၏အင်အား များပြန်လည်မပြည့်ဝသေးသလို ကြိုးများချည်နှောင်ထားခြင်း ကြောင့် လွတ်နိုင်ရန်မဖြစ်ပေ။ "မင်းတို့ နှစ်ယောက်ကအရင်ဆုံး အဆင့်နှစ်သားရဲထကြွဆေးကို အစွယ်နီတောဝက်ဆီကို ဖြန်းတယ်ပြီးတော့ အဲ့ဆေးနဲ့တွဲဖက် ဖြစ်တဲ့ ခေါ်ဆေးကို ငါတို့ စခန်းဘက်ဆီဖြန့်ပြီးတော့ တောဝက် တွေနဲ့တိုက်ခိုက်ခိုင်းတယ် အဲ့ အဆင့်နှစ်ထကြွဆေးအစွမ်းပြင်း တော့ တောဝက်တွေက တအားသောင်းကျန်းတယ် ဒါကြောင့် မင်းတို့ တွေသုံးတာမဆန်းပါဘူး" ဂျိတ်၏ပြောကြားချက်ကို သားရဲသခင်နှစ်ယောက်အာပြီး နားထောင်နေကြ၏။သူပြောသည်မှာအမှန်ဖြစ်သောကြောင့် ဖြစ်၏။ "ဆရာ ဘယ်လိုသိလဲ" အယ်ဖာမှ မေး၏။ "အစကငါလဲ မသိဘူး ဒါပေမဲ့ လေတိုက်တော့ ငါတို့ စခန်းဘက် ဆီကို အမှုန့်သေးသေးလေးတွေလွင့်လာတယ်လေအဲ့အမှုန့်တွေ ကအဖြူရောင်လိုလိုအမဲရောင်လိုလိုလေးတွေပဲ တွေ့လား" ဂျိတ်ပြောရင်း သူ၏ကိုယ်၌ကပ်နေသော အမှုန့်လေးများကို ပြသ၏။ထိုအခါမှ အယ်ဖာသည် မိမိတို့ ကိုယ်၌ထိုအမှုန့်လေး များကပ်နေကြောင်း သိရှိလိုက်ရ၏။ "ဒီအမှုန့်လေးတွေက သာမန်ဆို အရမ်းသေးပြီးအနံမရှိတော့မ သိသာဘူး ထကြွဆေးမိထားတဲ့သားရဲတွေကပဲ အနံခံနိုင်တာ အဲ့ အချ်ိန်မှ လေတိုက်ရာဘက်ကနေ အစွယ်နီတောဝက်တွေလာ တော့ ငါ့ခန့်မှန်းချက်ကမှန်နေတာပေါ့." ဂျိတ်၏ပြောစကားကို အယ်ဖာအပြည့်ဝယုံကြည်၏။သူခရီးမ ထွက်ခင်ကလည်း ဂျိတ်သည် ဂရိတ်တိုင်းပြည်၌ရှိရှိသမျှသော ပညာရပ်များ၏ဝင်ဖြေကာ ဆုတံဆိပ်ယူကြောင်းလည်း ကြားသိလိုက်ရသေးး၏။ထိုမျှထူးချွန်နေသောလူထံမှ ထိုခန့် မှန်းချက်သည် အထူးဆန်းတော့မဟုတ်နေခဲ့ပေ။ .သားရဲသခင်နှစ်ယောက်သာ အာပြီးကျန်နေခဲ့၏။သူ တို့ ၏မျက်လုံးများသည် အလွန်မင်းပြူးကျယ်နေ၏။ဂျိတ်အား ထူးဆန်းသောသတ္တ ဝါသဖွယ်ကြည့်နေကြ၏။ဂျိတ်သည် မိမိတို့ ပင်ခန့်မှန်းရခက်သောအကြောင်းများကို သူက ထမင်းစားရေသောက်သဖွယ် ပြောပြသွားသောကြောင့်ဖြစ်၏။ "ကဲ ငါအခုလိုရင်းပြောမယ် မင်းတို့ နှစ်ကောင်က ဘာလို့ ဒီလို လုပ်ရတာလဲ" "မပြောနိုင်ဘူးကွာ သတ်ပလိုက်အသေပဲခံမယ်" သားရဲသခင်တစ်ယောက်မှထအော်၏။ "ကျုပ်ကောပဲ အသေပဲခံမယ်" နောက်တစ်ယောက်မှလည်းဝင်ပြော၏။ "အော် မင်းတို့ က တော်တော်ကတိတည်တဲ့ကောင်တွေပဲ " သားရဲသခင်များသည် မိမိတို့ အလုပ်အပ်သောလူ များ၏အကြောင်းရာနာမည်များကို မည်သည့်အခါမှ ပြောပြနေ ခြင်းမရှိပေ။ထိုအချက်ကြောင့် သားရဲသခင်များသည် အလုပ် အပ်ရာ၌နာမည်ကြီးနေခြင်းလည်းဖြစ်၏။ "ဒါဆိုရင် ဘယ်လိုလုပ်မှပြောပြရမလဲ အင်း..မင်းတို့ သားရဲကို သတ်ပစ်ရမလား" ဂျိတ်၏စကားကြောင့် သားရဲသခင်နှစ်ယောက်မှာရယ်မော လိုက်ကြ၏။ "မင်းရူးနေတာလား ငါတို့ သားရဲကိုသတ်ပစ်မယ်ဆိုပဲ ငါတို့ သားရဲက ငါတို့ နဲ့မရှိဘူး ငါတို့ ခေါ်မှလာမှာ မင်းသတ်ပစ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူးကွာ." သားရဲသခင်နှစ်ယောက်ရယ်ကြသည်မှာလည်းအကြောင်းရှိ၏။ သားရဲများသည် မိမိတို့ သားရဲသခင်မှခေါ်ယူခြင်းမဟုတ်လျှင် မည်သူမျှမည်မျှပင်ခေါ်နေပါစေလာလိမ့်မည်မဟုတ်ပေ။ထို့ ကြောင့် ဂျိတ်ပြောလိုက်သည်ကို ရယ်မောနေကြခြင်းဖြစ်၏။ ဂျိတ်လည်း ရယ်မောနေသောသူတို့ နှစ်ယောက်ကို ကြည့်ကာ "မင်းတို့ သားရဲနှစ်ကောင်ကို ငါမသိဘူးထင်နေလား " ဒီကနေမီတာငါးရာ အကွာဝေးကောင်းကင်မှပျံဝဲနေကြတဲ့ ရှူးပျံ နှစ်ကောင်က မင်းတို့ သားရဲပဲလေ." ထိုစကားကြောင့် သားရဲသခင်နှစ်ယောက်မျက်လုံးပြူးပြီးလန့် သွားကြ၏။ "မ..မဖြစ်နိုင်တာ" သူတို့ အလွန်မင်းလန့်သွားကြ၏။သူတို့ သားရဲများသည် ရှုးပျံ များဖြစ်သလို သူပြောသောအကွာဝေး၌လည်းရှိနေကြောင်း သူ တို့ ၏ဆက်နွယ်ထားသောခံစားမှုအရသိနိုင်ကြ၏။ သူတို့ နှစ်ယောက်လန့်နေခိုက်မှာပင် ဂျိတ်သည် ကောင်းကင်သို့ မော့ကြည့်ကာ "ဂွန်း" ကြီးမားကျယ်လောင်သောအသံပြု၏။ထိုအသံကြောင့် သူ တို့ ၏ဆက်နွယ်ထားသောသားရဲများ တုန်ခါသွားကြောင်း သားရဲသခင်နှစ်ယောက်ခံစားမိ၏။ "မဖြစ်မဖြစ်နိုင်တာ"... သားရဲသခင်နှစ်ယောက် ကြောက်လန့်ကာအော်ဟစ်လိုက် ကြ၏။အကြောင်းမှာ သူတို့ ၏သားရဲနှစ်ကောင်သည် သူ တို့ ၏အမိန့်ကို ငြင်းဆန်ကာ ဂျိတ်ထံပျံသန်းလှကြသောကြောင့် ဖြစ်၏။သူတို့ မလာစေရန် မည်မျှပင်တားသော်လည်း အလုပ်ဖြစ်ခြင်းမရှိပေ။ "ဝီး" လျင်မြန်လှသောအရှိန်ဖြင့် အချိန်ခဏတာအတွင်း၌ ဂျိ တ်၏ရှေ့သို့ ရောက်ရှိလာလေ၏။ရောက်လာရာတွင်လည်း ခေါင်းလေးငုံပြီး ဂျိတ်အားအရိုသေပေးနေကြ၏။ "ဒီကောင်တွေက မဆိုးဘူး ငါသတ်ဖို့ တောင်တွန့်သွားပြီ " သားရဲသခင်နှစ်ယောက် ရင်ထဲသွေးများစိမ့်ကျလာသည့်ပမာ ခံစားလိုက်ရ၏။သားရဲများသည် သားရဲသခင်များ၏ကိုယ်ပိုင် စည်းစိမ်ဖြစ်သည့်အပြင် အဖိုးအတန်ဆုံးသောအရာပင်ဖြစ်၏။ ထိုသားရဲများ​ကို သတ်လိုက်ပါက ထိုသားရဲသခင်၏ရှိသမျှ ငွေကြေးများကို အလဟသဖြစ်အောင် လုပ်လိုက်သည်နဲ့ အတူတူပင်ဖြစ်၏။ထို့ အပြင် မိမိသားရဲဖြစ်လာစေရန် နှစ်နဲ့ချီ ကြိုးစားခဲ့ရသော်လည်း ဂျိတ်၏အော်သံတစ်ချက်ကြောင့် သားရဲနှစ်ကောင် ခေါင်းလေးငုံကာအရိုသေပြုနေပုံက သူ တို့ ၏ခုခံ ​နေသောစိတ်ဓာတ်များကို ရိုက်ချိုးလိုက်သည်ပမာပင် ဖြစ်၏.။ "ကျနော်တို့ အရှုံးပေးပါတယ် ကျနော်တို့ ပြောပါမယ် သားရဲတွေ ကိုမသတ်ပါနဲ့" ဒီတစ်ခါတော့ သားရဲသခင်နှစ်ယောက်လုံး အမှန်ကန် လက်မြောက်အရှုံးပေးပြီဖြစ်၏။သားရဲများမှာ ဂျိ တ်၏လက်အောက်၌ရောက်နေရာ အရှုံးပေးယုံကလွှဲ၍မတတ် နိုင်ပေ။ထို့ ကြောင့် သူတို့ ဂျိတ်သိလိုသောအကြောင်းရင်းမှန်သမျှ ကို ဖုံးကွယ်နေခြင်းမရှိ အမှန်အတိုင်းဖြေဆိုလိုက်ကြရ၏။ ဂျိတ်နဲအယ်ဖာလည်းသူတို့ ကိုစစ်ဆေးမေးပြီးမှသာ တဲမှပြန်လည်ထွက်လာခဲ့၏.။သူတို့ သိရှိလိုသောအကြောင်းများ ကိုသိရှိလိုက်ရပြီဖြစ်၏။ တဲမှထွက်ပြီးသည်နဲ့ "အယ်ဖာမင်းမဆိုးဘူး မင်းကပထမအကွက်ကိုအောင်မြင်သွား ပြီပဲ " "ကျေးဇူးပါ ဆရာဂျိတ်" အယ်ဖာလည်း ဂျိတ်၏ချီးမွန်းခြင်းကိုခံယူကာပြော၏။ "ဒုတိယအကွက်ကိုနားလည်ခြင်ရင်တော့ ဝံပုလွေသဘာဝကို နားလည်အောင်လုပ်ပြီး သူတို့ အသံက်ိုအာရုံစိုက်ရမယ်" ထိုစကားလုံးများက ချက်ချင်းပင်အယ်ဖာ၏နားအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွား၏။ချက်ချင်းပင် အယ်ဖာသည် သူ လိုအပ်နေသောအချက်ကိုဆုပ်ကိုင်မိပြီဖြစ်ကြောင်း သိရှိလိုက် ရ၏။ ချက်ချင်းပင်ဂျိတ်အား အရိုသေပြုကာ သူ၏တဲသို့ ဝင် ရောက်သွား၏။ နာရီဝက်ခန့်အကြာ "ဝူး......" ဆွဲငင်လှသောအသံရှိသည့်ဝံပုလွေအူသံက အယ်ဖာ၏တဲမှ ထွက်ပေါ်လာလေ၏။ထို့ အသံကြောင့် အယ်ဖာ ဒုတိယအကွက် ကိုနားလည်သွားပြီဖြစ်ကြောင်း ဂျိတ်သိရှိလိုက်ရပြီဖြစ်၏.။

All Chapters