← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

(169) ကိုယ်တိုင်ဝင်ပါပြီ

မနက်ခင်အလင်းရောင်ကား ပြန်လည်ထွက်ပေါ်လာပြန်၏။ စစ်သည်တော်များသည်လည်း ငြိမ်သက်နေကြရာမှာ ပြန်လည် လှုပ်ရှားလိုက်ကြ၏။သူတို့ စတင်လုပ်သည့်အလုပ်ကား မီးဖို သောနေရာသို့ သွားရောက်စုပြုံလိုက်ခြင်းပင်ဖြစ်၏။ မီးဖ်ိုထားသော မီးပုံဘေး၌ ဂျိတ်သည် အသားဟင်းခွက်အိုးကြီး ကဘေးတွင် ထိုင်လိုက်ရှိနေ၏။ထိုအိုးမှထွက်လာသောအသားရ နံကြောင့် စစ်သည်တော်များစုပြုံလာရခြင်းလည်းဖြစ်၏။ "ကဲ စားမယ်" ဂျိတ်သည် စစ်သည်တော်များအားဆော်သြ လိုက်ပြီးမနက်စာသုံးဆောင်စေ၏။အသားဟင်းကတော့ပြော စရာမလိုအောင်ပင် ညကမှပစ်ခတ်သုတ်သင်ထားသော အစွယ် နီတောဝက်သားပင်ဖြစ်၏။ ."ကောင်းလိုက်တာဟေ့" စစ်သည်တော်များကြား အသားဟင်း၏ကောင်းကြောင်း ကတော့ ဆူညံနေ၏။သူတို့ သည် ဂျိတ်ချက်သောဟင်းစားရ သည်မှာ အလွန်ပင်ကံကောင်းသည်ဟုပင်ထင်မြင်ယူဆလာ ကြ၏။ ကောင်းမွန်လှသောအစားသောက်စားသောက်ပြီး သေရသည်က အသေကောင်းသေးသည်မဟုတ်ပါလား။ မနက်စောစော၌ ဂျိတ်၏အသားဟင်းတစ်ခွက်က သူတို့ အား ခွန်အားပြည့်ဝတိုးတက်လာစေသလိုခံစားလိုက်ရ၏။ဂျိတ်ပြော သော တိုးတက်မှုကိုသူတို့ နားလည်လာကြ၏။အစားသောက်မှ လည်း တိုတးက်မှုကိုရနိုင်ကြောင်းပြောခဲ့သောစကားကိုပင် သူ တို့ မှတ်မိနေကြ၏။ စားသောက်ပြီးသည်နဲ့ဂရိတ်စစ်တပ်ကို ဆက်လက်ခရီးထွက် ရန်လှုံဆော်လိုက်ကြ၏။ဤသို့ ဖြင့် ဂရိတ်စစ်တပ်သည်လည်း ခရီးဆက်လက်ထွက်ခွာလာကြ၏။ "ခေါင်းဆောင် အယ်ဖာ ဟိုနှစ်ယောက်မလွတ်သွားပါဘူးနော် " ထောက်ပို့ တစ်ဦးမှအယ်ဖာအားခရီးသွားနေရင်း တီးတိုးမေး၏။ သူသည် သားရဲသခင်နှစ်ယောက်အားထွက်ပြေးသွားမည်ကို ကြောက်ရွံနေ၏။ သူကြောက်လန့်နေရအောင်လည်း ထိုသားရဲသခင်နှစ်ယောက် သည် ရထားလုံးနောက်၌ အချုပ်နှောင်မရှိလွတ်လပ်စွာ စကားပြောနေကြသောကြောင့်ဖြစ်၏။ "မပူနဲ့သူတို့ ပြေးချင်ရင်တောင်မလွတ်ဘူး ငါတို့ ဆရာကြီး အကြောင်းလည်းမင်းသိပါတယ်" "ဒါပေါ့" ထောက်ပို့ စစ်သည် ပြုံးစိစိဖြင့် ကျေနပ်ကာလက်ခံပြီး ဆက်လက်ခရီးနှင်၏။ဆရာကြီးဆိုသည်နဲ့ထောက်ပို့ စစ်သည်၏အမူရာကလုံးဝကျေနပ်သွား၏။ဆရာကြီးသည် ဂျိ တ်ပင်ဖြစ်သောကြောင့်ဖြစ်၏။ဂျိတ်အား နောက်ကွယ်၌စစ်သည်တော်များက ဆရာကြီးဟုတရိုတသေ နောက်ပြောင်ကျီစားခေါ်ဝေါ် ကြခြင်းလည်းဖြစ်၏။ ဂရိတ်စစ်တပ်သည် ဆက်လက်ခရီးသွားနေသလိုရထားလုံး နောက်ရှိလူနှစ်ဦးကလည်း တီးတိုးဆိုနေကြ၏။သူတို့ ၏အမူရာ များသည် တစ်စုံတစ်ခုကိုလုပ်ချင်သော်လည်းမလုပ်ရဲသလိုဖြစ် နေကြ၏။ "ငါတို့ ကိုမဖမ်းထားဘူး ဒီအတိုင်းပဲထားထားတယ် ပြေးကြမ လား" "ပြေးလို့ ရရင် ပြေးတာပေါ့ ဟိုကတစ်ခွန်းတည်းနဲ့ငါတို့ သားရဲကို ခေါ် နိုင်တာမမြင်ဘူးလား" သားရဲသခင်နှစ်ယောက် ထွက်ပြေးချင်သော်ငြားလည်းဂျိတ်ကို ကြောက်ရွံနေကြ၏။ဂျိတ်ကြောင့် သူတို့ သားရဲဖြစ်သော ရှူးပျံမှ သူတို့ စကားကို နားမထောင်တော့သောကြောင့် မနည်းပင် ချော့မော့တောင်းပန်ထားရ၏။မဟုတ်ပါက ဒင်းတို့ နှစ်ကောင်က ဂျိတ်၏ခြေထောက်နားသွားကာ ကပ်ဖားရပ်ဖားလုပ်တော့မည် ဖြစ်၏။ ."နေဦး ငါတို့မပြေးပဲ ဒီမှာပဲ နေကြရင်မကောင်းဘူးလား" "နေပါဦး ကန့် မင်းရူးသွားပြီလား" ."ငါမရူးဘူး ဆာဖာ ဒီမှာနေရင်အခွင့်လမ်းအကြီးကြီးရမယ်လို့ ငါထင်နေပြီနော် မင်းလဲမေ့နေလား ငါတို့ သားရဲကျမ်းအိုကြီးထဲ က ဗျာဒိတ်ကိုလေ" သားရဲသခင် ဆာဖာမှာခေါင်းစိုက်ကျသွား၏။ထိုသားရဲကျမ်းအို ကြီးဆိုသောစကားကြောင့် သူအတွေးများချာချာလည်ကုန်၏။ "ခေတ်ပျက်စီးချိန်ရောက်တဲ့အခါ လူတိုင်းသေကြေပျက်စီးကုန် ကြမယ် သားရဲလှိုင်းတွေလဲ ထကြွပြီး အသက်ပေါင်းများစွာ ဆုံးရှုံးမယ် အဲ့ချိန်မှာ နဂါးအော်သံရှိသောလူပေါ်လာပြီး အရာ အားလုံးကိုကယ်တင်မယ်" ကန့်ကော ဆာဖာပါ နှစ်ယောက်သား ဗျာဒိတ်အားတီးတိုးစွာဆို လိုက်ကြ၏။ထို့ နောက် ဝေခွဲမရသောအမူရာဖြင့် ပြန်လည်ငြိမ် သက်နေကြ၏။ထိုသားရဲကျမ်းအိုကြီးသည် မှန်ကန်သည်များ သောကြောင့်လည်းဖြစ်၏။နဂါးအော်သံလူပေါ်လာပြီဖြစ်ရာ ခေတ်ပျက်စီးချိန်ကိုရောက်နေပြီဖြစ်ကြောင်း နှစ်ယောက်သား လုံးသိရှိလိုက်ကြ၏။ ထို့ အပြင် သားရဲကျမ်းအိုကြီး၏ဗျာဒိတ်အတိုင်းသာဆိုလျှင် ထို လူသည် သားရဲပညာ၌ဘုရင်ထိပ်ခေါင်ဖြစ်သည်ဟူသော အချက်ကြောင့် သူတို့ အားတွေဝေစေသည်လည်းပါသည်။ထိုလူ သည် အမှန်တကယ်တတ်မြောက်ပါက သူတို့ သည် ပြသနာ တက်စေမိခဲ့ပြီးလည်းဖြစ်ရာ သူတို့ သည် ဂျိတ်၏ဘေး နား၌နေ၍အတတ်ပညာများမရတော့မည်ကိုလည်းကြောက်ရွံ နေကြ၏။ သူတို့ အနား၌ ကျီးကန်းတစ်ကောင် ဝဲပျံသန်းသွားပြီးထွက်သွား သည်ကိူတော့ သူတို့ မသိလိုက်ကြပေ။ တိုင်းပြည်တစ်ပြည်၏အစပ်ရှိအရက်ဆိုင်လေးတစ်ဆိုင်၌ အနက်ရောက်ဝတ်ရုံလူကြီးသည် အရက်များကိုအားရပါးရထိုင် သောက်နေ၏။သူသည် ပျော်ရွှင်မြူးထူးနေသောဟန်ဖြင့် သောက်နေခြင်းလည်းဖြစ်၏။သူသောက်နေသောဆိုင်၌ သူတစ် ယောက်သာရှိကာ ကျန်လူသူများက ကင်းမဲ့နေကြ၏။ အကြောင်းကား ထိုအနက်ရောင်ဝတ်ရုံလူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသောကြောင့် မည်သူတစ်ဦးတစ် ယောက်မျှ ထိုအရက်ဆိုင်ထဲသို့ ပြန်လည်ဝင်ရောက်ရဲကြခြင်းမ ရှိပေ။ "အား....အား..အ" ကျီးကန်းတစ်ကောင်သည် ထိုအရက်ဆိုင်ထဲသို့ အသံပေးရင်း ဝင်ရောက်လာခဲ့လေသည်။ထိုကျီးကန်းသည် ထိုသောက်စားနေ သော အနက်ရောင်ဝတ်လူကြီးထံလာရောက်နေခြင်းဖြစ်၏။ "ကဲ သတင်းကောင်းလာပြောတာမဟုတ်လား ပြောလိုက်တော့." အနက်ရောင်ဝတ်ရုံလူကြီးသည် ကျီးကန်းအားသောက်စားနေ ရင်း ပြောလိုက်၏။ထိုအခါကျီးကန်းသည် တအာ..အာဖြင့် စတင်ပြောဆို၏။ "ခွမ်း" အရက်ပုလင်းကျကွဲသံများကား ထွက်ပေါ်လာ၏။ထိုအရက် များပစ်ခွဲလိုက်သောကြောင့် ကျီးကန်းသည်လည်း ထပျံပြေး ကုန်၏။ "တောက်" အနက်ရောင်ဝတ်လူကြီး သောက်လက်စခွက်များကိုခွဲပစ်ပြီး ပုလင်းလိုက်မော့ချလိုက်၏။သူပုံစံသည်အလွန်ဒေါသထွက်နေ ကြောင်း ပြောပြစရာပင်မလိုပေ။ "ဘာတွေဖြစ်နေတာလဲ... ဂရိတ်စစ်တပ်က ကွာ တောက်" အနက်ရောင်ဝတ်လူ တောက်ခေါက်သည်အထိ ဒေါသထွက် နေသည်။သူလုပ်သမျှအကြောင်းရာများကား ပျက်စီးကုန်သော ကြောင့်ဖြစ်၏။ကျီးကန်းထံမှ သားရဲသခင်နှစ်ယောက်အား ဂရိတ်စစ်တပ်ကိုချေမှုန်းရန် ဖျက်စီးစေသော်လည်းတစ်ဖက်မှ တစ်စိုးတစိမျှထိခိုက်ခြင်းမရှိပဲ သားရဲသခင်နှစ်ယောက်ကပါ အဖမ်းခံလိုက်ရသည်ဆိုသောကြောင့် ပေါက်ကွဲနေရခြင်း ဖြစ်၏။ ."ဘာလဲ ဒီတစ်ခေါက်လဲမအောင်မြင်ပြန်ဘူးလား" "ဟိုက်" ထိုအသံကြောင့် သောက်နေသောအနက်ရောင်ဝတ်ရုံလူကြီး သည် ချက်ချင်းဆိုသလိုပင်ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချ လိုက်၏။ထို့ နောက် ထိုအသံပိုင်ရှင်အား အရိုသေပေးလိုက်၏။ "ဆရာကိုအရိုသေပြုပါတယ်" အနက်ရောင်လူအရိုသေပြုလိုက်သောလူသည် အရပ်ကား ခြောက်ပေရှိ၏။သူ၏တစ်ကိုယ်လုံးကိုလည်း အနက်ရောင် မြူခိုးများဖြင့် လွမ်းမိုးထား၏။ "ဘယ်ဆိုးလို့ လဲ မင်းကအခုထိသိနေသေးတယ်ကိုး. ."ဆရာ့ကိုကျနော်အမြဲရိုသေလေးစားလျက်ပါ" သူ၏အဖြေကြောင့် ​မြူလွှမ်းနေသောလူကြီး သဘောကျ သွား၏။ "မင်းရဲ့အပြုမှုကြောင့် ငါခွင့်လွတ်လိုက်မယ် ဂရိတ်စစ်တပ်ကိစ္စ ကို မင်းမလုပ်နဲ့တော့ငါကိုယ်တိုင်ဝင်ကိုင်မယ်" "ဟုတ်ကဲ့ပါဆရာ." အနက်ရောင် ဝတ်လူကြီးအရိုသေပြုကာ ပြောလိုက်၏။သူပြန် မော့ကြည့်လိုက်သောအခါ မြူခိုးများလွှမ်းနေသော လူကြီး သည် ပျောက်ကွယ်သွားပြီဖြစ်၏။ "ဟား..ဟား..." "ဂရိတ်တပ်မင်းတို့ သေဖို့ သာပြင်ပေတော့ ငါဆရာကိုယ်တိုင်ဝင် လှုပ်ရှားနေပြီကွ" အရက်ဆိုင်လေးထဲ၌ အနက်ရောင်ဝတ်ရုံလူ၏အသံများ ပဲ့တင်ထပ်လျက်ရှိ၏။

(170) အမှောင်ထဲမှ တစ်စုံတစ်ယောက်

စွန်ရဲအင်ပါယာနေရာထံသို့ ဂရိတ်စစ်တပ်ကားဆက်လက် သွားလာလျက်ရှိ၏။ယခုအချိန်ခါချိန်လျှင် ဂရိတ်စစ်တပ်သည် ဂရိတ်တိုင်းပြည်မှထွက်ခွာလာခဲ့သည်မှာ တစ်လပင်ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ထိုအချိန်ကာလအတွင်း ကြီးကြီးမားမားသောပြသနာတိုက်ပွဲ ဟူ၍မရှိခဲ့ပေ။တိုင်းပြည်မှထွက်ထွက်ခြင်း စစ်သည်တစ်ထောင် နဲ့တိုက်ခိုက်ရချိန်နဲ့အစွယ်နီတောဝက်၏တိုက်ခိုက်သည့်အချိန်မှ လွှဲ၍ ကျန်သည့်ကြုံတွေ့ရမှုများကား အသေးဖွဲ့များသာဖြစ်၏။ ဂျိတ်၏ဦးဆောင်မှုအောက်ရောက်ပြီး ခေတ်မှီလက်နက်များ ပါလာကတည်းအချိန်မှစ၍ သေဆုံးနှုန်းသည်လုံးဝပျောက် ကွယ်သွားခဲ့ရ၏။ယခင်လိုအချိန်များအတိုင်းသာ သွားလာနေပါ က အနည်းဆုံးလေးဆယ်မျှသေဆုံးကြရ၏။ဒါကလည်း အပြစ်တင်၍မရပေ။ လုပ်ကြံတိုက်ခိုက်လာသောတိုင်းပြည်မှလူများ တောလမ်းခရီး သားရဲအန္တရာယ် မထင်မှတ်နိုင်သောတိူက်ခိုက်မှုများကြောင့် အ ယောက်လေးဆယ်မျှသေလျှင်ပင် အသေပျောက်နည်းသည်ဟု ပင် ထိုခေတ်အခါ၌သတ်မှတ်နိုင်၏။ဒါသည်ပင် ခရီးသွားရင်း ရရှိနိုင်သော ခရီးဒဏ်ရောဂါဒဏ်မပါသေးပေ။ ဂျိတ်၏လက်နက်များတပ်ဆင်ပေးထားသောကြောင့် သာမန် တောရိုင်းတိရစ္ဆာန်လောက်တော့ သေနတ်ပစ်ခတ်ရုံဖြင့် ပြီးစီး သွားတတ်၏။ဂျိတ်၏စနစ်တကျ အစားသောက်ကြွေးမွေး နေထိုင်စေသည့်စနစ်ကြောင့် ရောဂါဖြစ်သောလူမှာလည်းလုံးဝ မရှိပေ။အစွမ်းထက်လှသည့်ဟင်းလျာများကို အရသာရှိရှိစား သောက်နေရသောစစ်သည်တော်တို့ မှာ တစ်ရက်ထက်တစ်ရက် ပင်ပိုမိုသန်လာလေသည်။ ထို့ အပြင် သားရဲသခင်နှစ်ယောက်ကပါ ဂျိတ်အား သူ တို့ ၏သားရဲပညာဖြင့် အန္တရာယ်ကင်းကောက်အစွမ်းကုန် ကြိုးပမ်းနေကြရာ ခရီးသွားသည်မှာပျော်ပွဲစားထွက်သည့်နှယ် ပင်ဖြစ်၏။ သားရဲသခင်နှစ်ယောက်သည် မိမိတို့ အား လုပ်ကြံခဲ့သည်ကိုသိ စဥ်ကစစ်သည်တော်တို့ ဒေါသထွက်ကာသတ်ရနပင်ကြံလိုက် ကြသေး၏။သို့ ရာတွင်ဂျိတ်မှ အသုံးဝင်သည်ဟူသောတစ်ခွန်း ကြောင့် ငြိမ်သက်နေရခြင်းဖြစ်၏။သို့ ရာတွင် ဂျိတ်၏စကား သည်လုံးဝမှန်ကန်ကြောင်းသူတို့ သိလာကြရ၏။ သားရဲအုပ်ကြီးသည်မည်သည့်နေရာ၌ရှိကြောင်း သတင်းပေး သလို ဘယ်​နေရာ၌စခန်းချပါက သားရဲရန်မှဝေးကွာကြောင်း စသည်တို့ က်ိုသားရဲသခင်နှစ်ယောက်မှ သတင်းပေး၏။ ထို့ နောက်သူတို့ ၏သားရဲများဖြင့်ထောက်လှမ်းပြီးလုံခြုံရေး တာဝန်ယူပေးသဖြင့် စစ်သည်တော်များသူတို့ လုပ်ရမည့်တာဝန် များလျော့ပါးကာသက်သာလာကြ၏။ ကြာတော့တကုပ်ကုပ်လုပ်နေသောသူတို့ နှစ်ယောက်ကို ​ခွ င့် လွတ်လိုက်ကြ၏။ယခုချိန်၌စစ်သည်တော်တို့ အဖို့ ပျော်ပွဲစား ခရီးထွက်ရင်းအမဲပစ်လိုက်လိုဖြစ်နေချိန်၌ သူတို့ နှစ်ယောက် တည်းက ကွက်ပြီးအလုပ်များနေသောကြောင့် ငိုရခက်ရယ်ရ ခက်ဖြစ်ရသေး၏။ "ဒါနဲ့အကိုလေး ကျနော်မေးလို့ ရမလား" သားရဲသခင်ဆာဖာ စစ်သည်တော် (နာမည်)လေး ဆီသွားကာ စကားမေး၏။ ."ဘာပြောမှာလဲ" "ခေါင်းဆောင်ကြီးဂျိတ်ထံမှာ တပည့်ခံချင်လို့ ပါ" အနီးနားရှိစစ်သည်တော်များပြုံးစိစိဖြစ်သွားကြ၏။ လက်စသတ်တော့သူတို့ နှစ်ကောင် အသည်းသန်းကြိုးစားနေကြ ရခြင်းသည် ထိုအတွက်ကြောင့် ဖြစ်ကြောင်းကို သိရှိလိုက်ကြ ရ၏။ ထိုအခါစစ်သည်တော် လေးသည်လည်း မင်သေသောမျက်နှာဖြ င့် "တခဏလောက်ကြိုးစားပြလိုက်ရင်ရမယ်ထင်နေလား ငါတို့ တောင် တော်တော်ကြိုးစားခဲ့လို့ ပါလာတာ မင်းဆို လိုသေးတယ် ဆက်ကြိုးစားပြလိုက်ဦး" စစ်သည် လေး၏စကားကြောင့် ဆာဖာမျက်လုံးများတောက်ပ လာကာ "ကျေးဇူးပါ" ကျေးဇူးတင်လျက် သူနေရာရထားလုံးနောက်သို့ ပြေးသွား လေ၏။သူသည် ထိုသတင်းကို ကျန်ရှိသောသားရဲသခင်ကန့် အားပြောပြတော့မည်ဖြစ်ကြောင်းမလွဲဧကန်ပင်ဖြစ်၏။. အဖြစ်ပျက်အားလုံးမြင်လိုက်ကြသောအနီးရှိစစ်သည်များ ကတော့ စစ်သည်လေး အား လက်မထောင်ပြကာချီးကျူးလိုက် ကြ၏။မိမိတို့ အားသတ်ရန်ကြံသောလူသည်ထိုမျှလောက်တော့ လုပ်ပေးသင့်သည်ဟု ထင်မြင်ထားကြ၏။ ထိုအဖြစ်ပျက်ပြီးနောက် သားရဲသခင်နှစ်ယောက်ပိုမိုကြိုးစား လာမှန်း စစ်သည်တော်များနဲ့တကွ အယ်ဖာပါသတိထားမိ လာ၏။နောက်တွင် စစ်သည်တော်လေး၏အကြံဖြစ်ကြောင်း တီးတိုးစွာသိလိုက်ကြရ၏။သို့ ရာတွင် မသိချင်ယောင်ဆောင် လိုက်ကြ၏။ အကြောင်းကား သူတို့ နှစ်ယောက်ကြိုးပမ်းမှုကိုမပျက်စီးစေလို သောကြောင့်ဖြစ်၏။ "အယ်ဖာ မင်းဒုတိယကွက်မြောက်ရပြီးပြီဆိုတော့ တတိယကွက်အတွက်အခုပြောပြမယ်" မြင်းများဖြင့်ပုံမှန်နှုန်းအတိုင်းခရီးနှင်ချိန်၌အားလပ်နေသည် ဖြစ်ရာ မြင်းပေါ်မှနေ၍ဂျိတ် အယ်ဖာကိုသေချာပို့ ချ၏။အယ်ဖာ ကလည်း ဂျိတ်ပြောသမျှကိုတစ်လုံးမကျန်စေရန်အသေးစိတ်စူး စိုက်နားထောင်၏။အစပိုင်း၌ ကျန်သောစစ်သည်များကဂရုစိုက် မိခြင်းမရှိပေ။သို့ ရာတွင် သူတို့ တစ်စွန်းတစ်စကြားသော အကြောင်းများကသူတို့ ၏စွမ်းရည်တိုးတက်လာသည်ကိုတွေ့ရှိ လိုက်ကြရ၏။ထိုအခါမှစ၍ ဂျိတ်၏မြင်းနဲ့နီးကပ်နေနိုင်သမျှ နီးကပ်အောင် ကြိုးစားကြတော့၏။ ထို့ အကြောင်းကို ဂျိတ်သိသောအခါ ပုံမှန်အတိုင်းပြန်လည် စနစ်တကျခရီးနှင်စေ၏။အယ်ဖာတစ်ယောက်တည်းကိုကွက်မ ပြောတော့ပဲ ကျန်ရှိနေသောစစ်သည်များကိုပါကြားအောင် ပြောပြပို့ ချပေး၏။ပို့ ချရာ၌လည်းအခြေ ခံအကြောင်းများသာ ပို့ ချပေးခြင်းဖြစ်၏။ ထိုပို့ ချချက်များကိုနားထောင်ကြရသောစစ်သည်တော်တို့ မှာ လည်း တိုးတက်လာကြရ၏။တစ်ရက်ကိုဂျိတ်အနေဖြင့် ငါး မိနစ်မျှသာပို့ ချသင်ကြားပေးခြင်းဖြစ်၏။ထိုငါးမိနစ် အတွင်း၌ပြောပြခဲ့သောအကြောင်းရာများတိုင်းက စွမ်းအင်ကို ခုန်တက်သွားနိုင်လောက်အောင် အထိပြင်းထန်လေ၏။ထို့ ပို့ ချ ချက်များကြောင့်ပင် သားရဲသခင်နှစ်ယောက်မှာလည်း တိုး တက်လာခဲ့ကာ သူတို့ ၏ရပ်တန့်နေသော ဒုတိယသားရဲသခင်အဆင့်မှထိုးဖောက်နိုင်တော့မည်ဖြစ်သည်။ ဆက်လက်ခရီးနှင်ရင်းဂျိတ်၏သင်ခန်းစာကိုနားထောင်လိုက် ဂျိ တ်၏ချက်ပြုတ်ထားသောဟင်းများကိုစားသောက်လိုက်ဖြင့် ခရီး၌ပါရှိလာသောလူတိုင်းမှာသန်မာသည်ထက်သန်မာလာ ကြ၏။အားအနည်းဆုံးဖြစ်သော ထောက်ပို့ တပ်သားလေးနှစ် ယောက်ပင် သူတို့ ငွေအဆင့်၌ပြိုင်ဘက်ကင်းလောက်သည် အထိ သန်မာလှကြသည်ဖြစ်၏။ ဤသို့ ဖြင့်ခရီးဆက်နှင်လာရာ ညအချိန်ပင်ရောက်ရှိလာခဲ့ လေ၏။ "စခန်းချမယ်ဟေ့ " မြင်းများကို အစာရေစာကောင်းမွန်စွာတိုက်ကြွေးပြီးအနားယူ စေခိုင်းလိုက်၏။တစ်နေကုန်စီးနင်းလာရသည်ဖြစ်သောကြောင့် သေချာအနားယူစေခိုင်း၏။အမှန်ကား မြင်းများသည် နှစ် ရက်ဆက်ပြေးနိုင်သည်အထိသန်မာသော်လည်း ဂျိတ်မှအတင်း ကျပ်မခိုင်းစေလို မြင်းများအားကောင်းစွာအနားယူစေ၏။ထို့ ကြောင့် ဂျိတ်အားစစ်သည်များက လေးစားသလို မြင်းများက လည်း ဂျိတ်သူတို့ အနားရောက်လာတိုင်းခေါင်းဖြင့်ပွတ်သပ်ကာ အရိုသေပေးကြ၏။ ထုံးစံအတိုင်းပင် စခန်းချပြီးသည်နဲ့ညစာစားသောက်ကြ၏။ ညစာမှာလည်း ဂျိတ်၏လက်ရာဖြစ်ရာ အလွန်ပင်မြိန်လှ၏။စား သောက်ပြီးသည်နဲ့အနားယူသူကယူ မီးဖိုဘေးထိုင်ကာ ပို့ ချ ထားသောအကြောင်းရာများကိုဆက်လက်ဆွေးနွေးသူက ဆွေးနွေး ကင်းစောင့်သူကစောင့်ဖြင့် လှုပ်ရှားနေကြ၏။ "ချက်" သစ်ရွက်တစ်ရွက်ကို တက်နင်းသံဖြစ်၍လွန်စွာပင် တိုးလှ သော်လည်း ထိုအသံကဂျိတ်အတွက်ကြားရန်ကောင်းစွာ လုံလောက်ပေ၏။ထိုကြောင့် မိမိနားနေသောတဲမှနေ၍ ချက်ချင်းဆိုသလိုပင် ဂျိတ်တစ်ယောက်ပျောက်ကွယ်သွား၏။ လေကဲ့သို့ လျင်မြန်လှပြီး စက္က န့်ပိုင်းအတွင်း၌ ထိုသစ်ရွက်သံဖြစ် ပေါ်လာရာနေရာသို့ ဂျိတ်ရောက်ရှိသွား၏။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က နင်းလိုက်ခြင်း ဖြစ်ကြောင်းနဲ့ထိုလူသည် မိမိနဲ့နီးသောအကွာဝေး၌ရှိနေ ကြောင်းသိလိုက်ရ၏။ယခုရောက်နေသောနေရာသည် မိမိတို့ စခန်းချနေသောနေရာနဲ့အနည်းငယ်သာဝေးကွာရာ ရောက်ရှိလာ သောလူသည်ကောင်းသောလူမဖြစ်နိုင်ပေ။ "တကယ်လည်း မြန်ဆန်လှပါပေတယ် ဂျိတ်ရယ်" အမှောင်ထဲကလူတစ်ယောက်၏အသံထွက်ပေါ်လာ၏။ထို လူ၏အသံသည် အေးတိအေးစက်သဖွယ်ဖြစ်ကြောင်း ဂျိတ် ကြားသိလိုက်ရ၏။ "သစ်ရွက်သံတောင်နားထောင်နိုင်တယ်ဆိုတော့ မင်းလည်း လုပ်ကြံသူတစ်ယောက်ပဲဖြစ်ရမယ်ဂျိတ် မင်းကိုငါစောင့်ကြည့် နေတာ တစ်လလောက်ရှိပြီ " ထိုလူပြောစကားကို ဂျိတ်နားထောင်နေ၏။ကြည့်ရသည်မှာထို လူသည် မိမိတို့ ခရီးလမ်းတစ်လျှောက်လိုက်ပါလာပုံရ၏။တစ် လမျှအထိ မိမိမသိလိုက်ရပုံထောက်လျှင် အမှောင်ထဲမှလူသည် အလွန်ကျွမ်းကျင်သောလုပ်ကြံသူဖြစ်ပြီး မိမိအားအသေးစိတ် ထောက်လှမ်းနေပုံရ၏။ "တော်တော်လေမရှည်နေနဲ့တိုက်မှာဖြင့် လာတိုက်" ဂျိတ်တစ်ခွန်းဆိုလိုက်၏။ "ကောင်းပြီ မင်းအခုချိန်တပ်ထဲပြန်ပြေးဖို့ လဲ မမှီဘူးဆိုတော့ ပြီး တော့ငါကလဲ မင်းကိုသတ်ကမဲ့လူဆိုတော့ မင်းပြောတဲ့အတိုင်း လုပ်ပေးရတာပေါ့." ထိုအသံဆုံးသည်နဲ့အမဲရောင်မြူများကလှုပ်ရှားသွား၏။အ မှောင်ထဲရှိလူသည်စတင်လှုပ်ရှားလိုက်ပြီဖြစ်၏။

(171) လုပ်ကြံသူ၏သေဆုံးခြင်း

ညအချိန်ဖြစ်သည့်အပြင် လရောင်ကလည်းတိမ်ဖုံးလွှမ်းနေ သောကြောင့် ဘေးပတ်ဝန်းကျင်ရှိအရာများကိုကောင်းစွာမြင် နိုင်ခြင်းအခြေနေထားမရှိပေ။ထိုအချိန်အခိုက်တန့်သည် ဂျိတ် အားလုပ်ကြံလိုသောသူအတွက်တော့ အကောင်းဆုံးသော လုပ်ကြံရန်အချိန်ခါအနေအထားဖြစ်၏။ "အရင်ဆုံး ကြောက်အောင်လုပ်ပြီးသတ်ပစ်ရမယ်" အမှောင်ရိပ်၌လှုပ်ရှားနေသူသည်ဂျိတ်အား ချက်ချင်းပွဲမသိမ်း သေးပဲ စိတ်ဓာတ်ပိုင်းဆိုင်ရာကြောက်လန့်သွားစေရန်စတင် လိုက်၏။သူ၏သေးငယ်လှသောဓားမြောင်ဖြင့် ဂျိတ်အနားသို့ ရောက်ရှိကာ လည်ပင်းကိုဖြတ်ဟန်ပြု၏။ထို့ နောက် ပတ်ဝန်းကျင်နဲ့တစ်သားတည်းပြန်လည်ဖြစ်တည်နေ၏.။ ပြန်လည်​ငြိမ်သက်လိုက်ပုံက ယခင်ကသူမလှုပ်ဖူးသည့်ပမာပင် ဖြစ်၏.။ ဖြတ်ဟန်သာလုပ်ခြင်းဖြစ်ပြီး တကယ်တမ်းမဖြတ်ပေ။ သို့ ရာတွင် ခံရသောသူသည် အလွန်တရာပင်နီးကပ်လှသော ဓား မြောင်ကြောင့် တကယ်လည်ပင်းပိုင်းဖြတ်ခံလိုက်ရပြီဟူသော ခံစားချက်ကိုခံစားနိုင်သည်။ထိုခံစားချက်ကြောင့် ခံရသူမှာ စိတ်လှုပ်ရှားခြင်းကိုထိန်ုးချုပ်နိုင်မည်မဟုတ်ပေ။ "အာ ဘယ်ဆိုးလို့လဲ" အမှောင်မှလူ ဂျိတ်အားအံအားသင့်သွား၏။သူထိိုသို့ လုပ်လိုက် တိုင်း ခံရသောသူသည် စိတ်လှုပ်ရှားမှုဖြစ်ပေါ်လာပြီး တုန်ပြန် လှုပ်ရှားမိတတ်ကြ၏။ထိုအခါ အနား၌ဖြတ်ဟန်ပြုသောဓား မြောင်နဲ့တကယ်ထိခိုက်ပြီး သွေးထွက်သံယိုဖြစ်ကာ သေဆုံး ကြရသည်ဖြစ်သည်။ယခုဂျိတ်ကား တစ်ချက်မှပင်မတုန်လှုပ်ပဲ ဆက်လက်တည်ငြိမ်လျက်ရှိ၏.။ "ဟင်း ဒီတစ်တော့တကယ်ကြံမှရတော့မယ်" အမှောင်ထဲမှလူ စိတ်ပိုင်းဖြတ်လိုက်သည်။ဂျိတ်အားစနောက်နေ ခြင်းမရှိချက်ချင်းသတ်ပစ်ရန်ဆုံးဖြတ်လိုက်၏။တုန်လှုပ်ခြင်းမ ရှိပဲ အလွန်တည်ငြိမ်နေသောလူသည် အလွန်ကြောက်စရာ ကောင်းကြောင်း သူကိုယ်တိုင်သိသောကြောင့်ဖြစ်၏။ "သူ့အားနည်းချက်ကနေရှာတိုက်ရမယ်." အမှောင်ထဲမှလူကိုယ်ကိုယ့်ကိုသာ ဆော်သြလိုက်ရသည်။ဂျိ တ်၏အားနည်းချက်သည် မည်သည့်နေရာဖြစ်ကြောင်းသူမသိ သည်ကား အမှန်ပင်။အကြောင်းကား ဘယ်နေရာကြည့်ကြည့် အားနည်းချက်များပေါ်နေသောကြောင့်ဖြစ်၏။ထိုအချက်ကသူ့ အား ခေါင်းအစားဆုံးသောအချက်လည်းဖြစ်၏။ ထက်မြက်ရင့်ကျက်သောပညာရှင်များသည် အဆင့်တန်းတစ်ခု သို့ ရောက်ရှိသောအခါ သူတို့ အားနည်းချက်များကို ဖုံးကွယ်နိုင် စွမ်းရှိလာကြသလို ပြောင်းလဲနိုင်စွမ်းရှိလာကြလေ၏။မည်သို့ ပင်ပြောင်းလဲဖုံးကွယ်နေပါစေ အားနည်းသော အားနည်းချက် တစ်နေရာကား ရှိစမြဲပင်ဖြစ်၏။ဒါကိုလည်း အမှောင်ထဲက လူက သိပြီးသားဖြစ်သည်။ထိုပေါ်လွင်သောအားနည်းချက် လေးတစ်ခုကိုသာ တွေ့ရှိအနိုင်ပိုင်းလိုက်ပါက အောင်မြင်မည် လည်းဖြစ်သည်။ ယခုကား ဂျိတ်မှာ အားနည်းချက်နေရာများကများပြားလွန်း နေရာ မည်သည့်နေရာကိုစတင်တိုက်ခိုက်ရန်ပင် လှုပ်ရမည်မသိ ဖြစ်သွားရ၏.။ "ကဲ သေလိုက်တော့." အမှောင်ထဲမှ ခုန်ထွက်လာကာ လေထဲ၌တစ်ပတ်ဝိုက်ပြီးညာခြေ ဖြင့် ဂျိတ်၏ဦးခေါင်းကို ကန်လိုက်၏။ထိုညာခြေ၏ထိပ်ဖျားကို သေချာကြည့်မည်ဆိုပါက အလွန်မင်းထက်မြက်သော အနက် ရောင်အရည်သုတ်ထားသော ဓားမြောင်လေးတစ်ချောင်းကို တွေ့မြင်ဖြစ်၏။ ဂျိတ်လည်း ထိုကန်ချက်ကိုကြည့်လိုက်ပြီး ဘေးသို့ ရှောင်တိမ်း လိုက်၏။ထိိုသို့ ရှောင်သောအခါ ဘယ်ခြေကန်ချက်သည် ဂျိတ် ထံထပ်မံကျရောက်လာလေ၏။ ထိုကန်ချက်ကိုတော့ ဂျိတ်မရှောင်တိမ်းတော့ပဲ လက်ဖြင့်သာခုခံ လိုက်တော့၏။ ဖြောင်း.းး လုပ်ကြံသူမှာလည်း ထိုခုခံချက်ကြောင့် နောက်သို့ ပြန်လည်ခုန် ဝင်သွားကာအမှောင်ထုနဲ့တစ်သားတည်းပြန်လည်ဖြစ်တည် သွားး၏။ "ဘယ်လိုကောင်စားလဲဟ" ဂျိတ်အား ပိုပြီးသတိထားစိတ်ပြင်းထန်လာလေ၏။အမှောင်နဲ့ တစ်သားတည်းဖြစ်တည်နေသောသူ့၏ ကန်ချက်ကို တစ်ဖက်သားမှကောင်းစွာမြင်နေရသည့်အပြင် လက်ဖြင့်ပင် ကာကွယ်ခုခံလိုက်သောကြောင့်ဖြစ်၏။ အမှောင်ထဲမှ လူ ဂျိတ်လွန်ခဲ့သောတစ်လက သူလုပ်နေသော အကြောင်းရာများကို ပြန်လည်တွေးကြည့်လိုက်သည်။သူသည် မြင်းစီးရင်းခရီးသွားလိုက် စစ်သည်များကိုချက်ပြုတ်ကြွေးမွေး လိုက်ဖြင့်သာလုပ်ဆောင်နေ၏။သိုင်းကျင့်သည် စသည့်မည်သ ည့်အမူရာများကိုမှ သူမြင်တွေ့ရခြင်းမရှိပေ။ထို့ ပြင် မြင်းစီးရင်း တစ်ရက်ကိုဆယ်မိနစ်ခန့်တီးတိုးပြေးနေသည်ကိုတော့ သူလည်း မြင်မိ၏။ဂျိတ်ပြောနေသော စကားများကို သူ့အနေဖြင့် အာရုံစိုက်နားထောင်ကြည့်ပါသော်လည်း လေတိုးပြတ်ဝေ့သံ များလိုလိုသာကြားနေရ၏။နားထောင်နေသောစစ်သည်တော် များကတော့ အလွန်လေးနက်သောအကြောင်းများကိုထိတွေ့ မိသည်ရုပ်များဖြစ်နေကြသည်ကို ပြန်လည်မြင်ယောင်မိလာ လေသည်။ ထိုအခိုက်တန့်သည် ငါးမိနစ်ဟူသောအချိန်အတိုင်းတာ တစ်ခုအတွင်း၌ဖြစ်ပျက်နေခြင်းဖြစ်၏။ဂျိတ်လည်း အမှောင်ထဲ မှ လူမည်မျှစွမ်းလိုသည်ကိုသိလိုသောကြောင့် တမင်ငြိမ်သက် ကာစောင့်ဆိုင်းနေခြင်းဖြစ်၏။ဤသည်ကိုသကောင့်သားက ဓားမြောင်လေးဖြင့်လာစလိုက် ခေတ္တ ထပ်ပုန်းနေပြီး နှစ်ချက်မျှ လာကန်လိုက်လုပ်နေလေ၏။ထို့ အခါ ဂျိတ်သည်စိတ်ရှည်ခြင်း ကုန်ဆုံးသွားပြီးဖြစ်၏။ ("စနစ် သကောင့်သားအချက်လက်ပြစမ်း") ("သကောင့်သားအမည်...သေမင်း အလုပ်ကိုင်.... လုပ်ကြံသူ (ပလက်တီနမ်အဆင့်လေး) အမှောင်ထုထည်စွမ်းရည် အမှောင်ထုနဲ့တစ်သားတည်းတည်း ဖြစ်လေသူ၏စွမ်းရည်များထိုးတက်လာလေဖြစ်၏။) မိမိအားလုပ်ကြံနေသောလူသည်မည်သူမည်ဝါဖြစ်ကြောင်း လည်းသိရှိပြီးဖြစ်သလို ထိုလူ၏သိုင်းအဆင့်ကလည်း ဘယ် ရောက်ရှိကြောင်း ဂျိတ်သိရှိလိုက်ပြီဖြစ်၏. "လာနေပြီ " အမှောင်ထဲမှ ချက်ချင်း ဆိုသလို ဓားမြောင်များပျံသန်းလာ နေသည်ကို ဂျိတ်တွေ့လိုက်ရသည်။ထိုဓားမြောင်များသည် အချောင်းငါးဆယ်မျှရှိပြီး အလွန်နက်မှောင်တောက်ပြောင်နေ ကြောင်းဂျိတ်တွေ့ရှိလိုက်ရ၏။ ."ချာကရာဓားမြောင်တွေပဲ " မြင်သည်နဲ့မည်သည့်ဓားမြောင်အမျိုးစားဖြစ်ကြောင်း ဂျိတ် တမ်းသိလိုက်၏။ထိုဓားမြောင်များသည် မဲနက်ပြီးတောက် ပြောင်နေရာ အမှောင်ထဲ၌ တစ်သားတည်းလိုဖြစ်နေ၏။တခြား သောသူများအတွက် ထိုဓားမြောင်များ​က အသက်နှုတ်ယူနိုင် သောအရာများဖြစ်သော်လည်း ​ဂျိတ်အတွက်ကတော့ ကောင်း စွာမြင်နေရရာ အဟန့်တားမဖြစ်ခဲ့ပေ။ "ဖြောင်းဖြောင်း" ထိုချာကရာဓားမြောင်များကို ဂျိတ်လက်ချည်းသပ်သပ်ဖြင့်ရိုက် ချလိုက်၏။ထိုသို့ ရိုက်ချပုံမှာလည်း လွန်စွာပင်ပညာသားပါ လှ၏။ဓားမြောင်တိုင်းလိုလို၏အလည်ဗဟိုကိုသာ လက်ဖြင့် ရိုက်ချလိုက်ခြင်းဖြစ်ရာ ချာကရာဓားမြောင်များမှ ဂျိတ်ကိုထိ မှန်ခြင်းမရှိပဲ လေထဲ၌ပင်ရိုက်ချက်ကြောင့် ကွဲပဲ့ပျက်စီး ကုန်သည်။ "မင်းသေပြီပဲ " ဂျိတ် ချာကရာဓားမြောင်များကို ရိုက်ချပြီးပြီးခြင်း သူ၏နောက်မှအသံထွက်ပေါ်လာသည်ကို ကြားလိုက်ရသဖြင့် ဂျိတ်လှည့်ကြည့်လိုက်၏။ထိုအချိန်၌ဓားမြောင်တစ်ချောင်း သည် မိမိထံဝင်လာကြောင်း တွေ့လိုက်ရ၏။ "ဟား မင်းသေပြီကွ" လုပ်ကြံသူဝမ်းသာအားရအော်လိုက်၏။သူ၏ဓားမြောင်သည် အဆိပ်ရည်သုတ်ထားပြီး ထိုအဆိပ်ရည်ဖြင့် ထိမိသောလူသည် စက္က န့်ပိုင်းအတွင်း တုန်းခနဲလဲထိအထိပြင်းထန်သည်။ထို့ ပြင်သူ သည် ချာကရာဓားမြောင်များဖြင့် အယောင်ပြထားခြင်းဖြစ်ပြီး ယခုမှသာအမှန်တကယ်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ထို တိုက်ခိုက်မှု၌ သူ၏အစွမ်းခြောက်ဆယ်ရာခိုင်နှုန်းအထိ ထည့် သွင်းထာ၏။ ဂျိတ်အားထိုးလိုက်သော​နေရာသည် ဂျိတ်၏မျက်လုံးတည့်တ ည့်ကိုဖြစ်ရာ ဂျိတ်သေပြီဟုသူထင်လိုက်ခြင်းဖြစ်သည်။ သို့ ရာတွင် သူထင်မြင်ချက်မှားကြောင်း ထင်သာမြင်သာစွာတွေ့ ရှိလိုက်ရ၏။ "ထန် ခရက် ဂျိတ်၏မျက်လုံးသည် သွေးများဖြင့်ပြည့်နှက်ကာ ကိုယ်ခန္ဓာ သည် မြေပြင်ပေါ်သို့ လဲကျသွားမည်ပုံမပေါ်လာပဲ ဓားမြောင် သည် မျက်လုံးနဲ့ထိမိရာမှာ အလွန်မာကြောသောအသံကြီးထွက် ပေါ်လာလေ၏။ထို့ အပြင် ဓားမြောင်၏ထိပ်ဖျားလေးသည် လည်း အနည်းငယ်အက်ကြောင်းထသွားကြောင်း လုပ်ကြံသူ တွေ့လိုက်ရလေ၏။ "အပြင်ကိုယ်ခန္ဓာလေ့ကျင့်သူစစ်သည်တော်အစစ်မှန်" လုပ်ကြံသူအလွန်ကြောက်လန့်သွား၏။ဂျိတ်သည် အပြင် ကိုယ်ခန္ဓာလေ့ကျင့်သူဖြစ်ကြောင်း သူ၏ဓားမြောင်က သက်သေပြလေ၏။တစ်ကိုယ်လုံး၏အားအနည်းဆုံးအနူးညံ ဆုံးဖြစ်သောမျက်လုံးကိုပင် သူ၏အစွမ်းထက်ဆုံးသော ဓား မြောင်ကထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိရာ သူ၏ကြောက်လ န့်မှုဒီဂရီများမြင့်တက်သွားရလေသည်။ "အို မင်းတိုက်ကွက်ကမဆိုးဘူးပဲ သေမင်း" ဂျိတ်၏ထိုအသံကြားတော့ သူ၏စိုးရိမ်ကြောက်လန့်မှုကပိုမို များပြားသွား၏။သူသည် တစ်ဖက်သားကို တိုက်ခိုက်စဥ် ကတည်းက သူ၏ရုပ်ရည်အသွင်ပြင်ကိုမပြထားသည့်အပြင် အသံကိုလည်းပြောင်းလဲထားသည်ဖြစ်၏။ဤသည်ကို ဂျိတ်က ထုတ်ဖော်ပြောကြားလိုက်ရာလန့်သွားခြင်းဖြစ်သည်။ ကြောက်လန့်မှုကိုလုပ်ကြံသူပထမဆုံးအ​ကြိမ် ပြန်လည်ခံစားမိလာသည်။ထိုခံစားချက်ကြောင့် ချက်ချင်းပင် သူ၏အစွမ်းများအကုန်သုံးသာ အမှောင်ထဲလစ်ဝင်ထွက်ပြေး လေတော့၏။ထိုအခိုက်တန့်၌ သူခံစားမိသည်ကား ထွက်ပြေးမှ သာ သူအသက်ရှင်သန်မည်ဟု အာရုံရနေသောကြောင့်ဖြစ်၏။ "လာစပြီးဒီအတိုင်းပြန်လို့ ရမလားကွာ" ဂျိတ်ပြောဆိုပြီး သူ၏လက်သီးကိုဆုပ်လိုက်၏။ထို့ နောက် သေမင်းပြေးထွက်သွားသောနေရာကိုချိန်ရွယ်ကာထိုးလိုက်၏။ သေမင်းသည် အမှောင်ထဲနဲ့တစ်သားတည်းကျအောင်လုပ်ပြီး ပြေးနိုင်သော်ငြားလည်း ထိုအချင်းရာက ဂျိတ်အတွက် ကော ကာင်းစွာမြင်နေရ၏.။ဂျိတ်၏အမြင်အာရုံသည် အဆင့်တစ်ခု ထိရောက်ရှိနေပြီးဖြစ်ရာ နေ့ခင်း၌ကဲ့သို့ သေမင်းလုပ်ကြံသူအား ပြတ်သားထင်ရှားစွာမြင်နေရ၏.။ "လက်သီးထိုးချက်" သေမင်းလုပ်ကြံသူ ပြေးသောနေရာအား ချိန်ရွယ်ရင်းထိုး လိုက်၏.။ထိုထိုးချက်သည် လေထဲ၌ လက်သီးတစ်လုံးရွယ်ကာ ဆန့်တန်းလိုက်သကဲ့သို့ ပင်ဖြစ်သော်လည်း သက်ရောက်မှုကား လွန်စွာပင်ပြင်းထန်၏။ ဤအချက်သည် ဒုတိယအကြိမ်မြောက်သုံးလိုက်ခြင်း ဖြစ်၏။ပထမအကြိမ်၌ ဂရိတ်ဘုရင်ကိုပညာပေးစဥ်ကသုံး လိုက်ခြင်းဖြစ်၏။သူကိုယ်တိုင်တီထွင်ထားသော လက်သီးထိုး ချက်သိုင်းသည် ရိုးရှင်းသော်လည်း အလွန်ပြင်းထန်ကြောင်း ကား သူကိုယ်တိုင်သာလျှင် သိပေ၏.။ လေထဲသို့ သာထိုးခြင်းဖြစ်သော်လည်း အမှောင်ထုထည်ကြီး အား ကြီးစားသောသက်ရော​က်မှုကိူဖြစ်ပေါ်စေခဲ့လေ၏။ "ဟ ဘာလဲဟ" သေမင်းလုပ်ကြံသူပြေးနေရင် သူ၏ကိုယ်ခန္ဓာသည် တစ်စုံတစ်ခုပိတ်လှောင်ခံသလိုဖြစ်လာ၏။ထိုခံစားချက်နဲ့အတူ သူ၏ကိုယ်ခန္ဓာအား သူထိန်းချုပ်၌မရတော့ကြောင်း သိရှိ လိုက်၏။နောက်သို့ ကြည့်ရာ ဂျိတ်သည် သူပြေးနေသောနေရာ တည့်တည့်သို့ လက်သီးထိုးဟန်လုပ်ထားကြောင်းလည်း မြင် လိုက်ရ၏.။ သေမင်းလုပ်ကြံသူ အဘယ်ကြောင့် မိမိခံစားနေသည့် အကြောင်းရင်းကိုသိရှသွားရပြီဖြစ်၏။တစ်ဖက်သားသည် အပြင်ကိုယ်ခန္ဓာအစစ်မှန်ကျင့်ကြံသူဖြစ်သည့်အပြင် သဘာဝဥ ပဒေသတရားကိုပါသုံးနိုင်ကြောင်း သိရှိလိုက်ရ၏။ဂျိတ်သည် ထိုးဟန်တစ်ခုတည်းဖြင့် သူ၏ဘေးပတ်လည်မှအမှောင် ထုထည်ကိုထိန်းချုပ်လိုက်ကာ သူ့ကိုသတ်လိုက်ကြောင်း သူသိ လိုက်ရလေသည်။ မိမိသည် မုဆိုးဟုထင်ခဲ့သော်လည်း တကယ်တော့ မိမိ သားကောင်ဟုထင်မှတ်နေသူကသာ မိမိအားချောင်းမြောင်းနေ သောတကယ့်မုဆိုးဖြစ်ကြောင်းသိရှိလိုက်ရလေတော့၏.။ "သဘာဝဥပဒေသ" သေမင်းမှာ ထိုသို့ သာတစ်ချက်သာရွေရွတ်နိုင်လိုက်တော့၏။ထို အသိတစ်ချက်သည်လည်း သူ၏ဘဝ၌နောက်ဆုံးသောသိလိုက် ရသောတစ်ချက်ဖြစ်ကြောင်းကိုတော့ သူသိလိုက်ခြင်းမရှိပေ။ ထိုလက်သီးချက်တစ်ချက်တည်းဖြင့် သေမင်းခေါ်လုပ်ကြံသူမှာ လည်း သေဆုံးသွားရပြီဖြစ်၏။

All Chapters