← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

(172) ပွက်လောရိုက်ကုန်ပြီ

ဂျိတ်၏လက်သီးချက်ကြောင့်ပင် လုပ်ကြံသူမှာသေဆုံးသွားရ ပြီဖြစ်၏။ ("သေမင်း သေဆုံးသွားပါပြီ သင့်၏သိုင်းစစ်သည်အဆင့်ထပ်မံ တိုးတက်လာပါပြီ သေမင်း၏ပိုင်ဆိုင်မှုများလည်း လွှဲပြောင်းထ ည့်သွင်းပြီးပါပြီ ") ဂျိတ်တစ်ယောက် သူ၏ကိုယ်ခန္ဓာမှ သက်တောင့်သက်သာခံစား ချက်မျိုးကို ခံစားလိုက်ရ၏။အဆင့်တက်တိုင်း ခံစားရသော ခံစားချက်က အတိုင်းမသိကောင်းမွန်လှ၏။ "အင်း ငါ့စခန်းဆီပြန်သွားနေတာပဲကောင်းတယ်" ဂျိတ် တောအုပ်လေးမှထွက်လာပြန်ကာ မိမိတို့ စခန်းချနေသော နေရာသို့ ပြန်လည်သွားပြီး မိမိနားရန်ထားထားသော ကင်းတဲထဲ သို့ ဝင်သွားလိုက်၏။ဂျိတ်သည် အစွမ်းကြီးမားလွန်းသော လုပ်ကြံသူတစ်ယောက်ကိုသတ်ခဲ့ကြောင်းကိုဘယ်သူမှ မသိ လိုက်ကြပေ။ အကြောင်းမှာ ရန်သူ၏လှုပ်ရှားမှုများသည် အလွန်ပင်အဆင့်မြ င့်သောအဆင့်တန်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် တိုက်ပွဲတိုက်သံများသည် အလွန်ပင်တိုးလျသောကြောင့်ဖြစ်ပြီး တိုက်ပွဲသည် ဆယ်မ်ိနစ်ဟူသောကာလတိုအတွင်း ပြီးဆုံးသွား သောကြောင့်ဖြစ်၏။ "စနစ် ဖန်ရှင်လုပ်ဆောင်ချက်ပြန်ဖွင့်ပါ." ဂျိတ်မိမိ၏နေရာပြန်ရောက်သည်နဲ့စနစ်အားဖန်သားပြင်ဖွင့် စေခိုင်း၏။ထိုအခါ ဂျိတ်၏အချက်လက်ပါ​သော အကြောင်းရာ များသည် ကျဆင်းလာလေသည်။ စနစ်.အနှိုင်းမဲ့စနစ် ပိုင်ရှင်.ဂျိတ် ပိုင်ဆိုင်ထားသောကျင့်စဥ်.အဆုံးမဲ့ကျင့်စဥ် သွေးမျိုးဆက်..** ပိုင်ဆိုင်ထားသည့်ကိုယ်ခန္ဓာ..အဆုံးမဲ့ ကိုယ်ခန္ဓာကျင့်စဥ်.သတ်ဖြတ်ခြင်းနတ်ဘုရားပုံစံ ပထမအဆင့် (2000/100000) လက်ရှိသိုင်းစစ်သည်အဆင့်-ပလက်တီနမ်အဆင့်5 အစရှိသောအချက်လက်များက ဂျိတ်၏ရှေ့၌ပြသထား၏။ထို အကြောင်းရာများကိုကြည့်ကာ ဂျိတ်တွေးတောနေ၏။မိမိသည် ဝိညာဥ်ကူးပြောင်းပြီး၍ တစ်နှစ်မပြည့်ခင်ဟူသောကာလ အတွင်း၌စနစ်အစွမ်းဖြင့် သာမန်လူဘဝမှ ပလက်တီနမ်အဆင့် ထိ ဆက်တိုက်ဆိုသလိုတိုးတက်လာခဲ့သလို ကြမ်းပေ့ရမ်းပေ့ ဟူသောကိုယ်ခန္ဓာနဲ့ကျင့်စဥ်များကိုလည်း ရယူပိုင်ဆိုင်ထား၏။ ဂျိတ်သူ၏တီထွင်ထားသော လက်သီးသိုင်းကွက်ကိုပြန်လည် တွေးလိုက်၏။ကြည့်ရသည်မှာ လက်သီးသိုင်းကွက်သည်သူ ထင်ထားသည်ထက် ပိုမိုပြင်းထန်နေ၏။အသာယာလေး ရှေ့သို့ ထိုးရုံဖြင့် ပတ်ဝန်းကျင်ဥပဒေသများကိုပါ လှုပ်ကိုင်တုန်ခါနိုင် စွမ်းရှိနေလေ၏။ ဂျိတ်သည် သူ၏ကိုယ်ခန္ဓာကို အနက်ရောင်မြူငွေ့လေးက အချိန်တစ်ခုထိ ကြာအောင်ကြည့်ရှုသွားကြောင်းကိုမူမသိလိုက် ပေ။သိလျှင်လည်း ဂရုစိုက်မည်မဟုတ် အဘယ့်ကြောင့်ဆို သော် သေးငယ်သောကြောင့်ဖြစ်ကာ အန္တရာယ်မဖြစ်စေသော ကြောင့်ဖြစ်၏။ "သေမင်းဆီကဘာရလဲ ကြည့်ကြရအောင်" စနစ်သိုလှောင်ခန်းမှ မိမိရရှိလာသောသေမင်း၏ပိုင်ဆိုင်မှုများ ကိုပြန်လည်စစ်ဆေးကြည့်လိုက်၏။ ("ပိုင်ဆိုင်မှု ရွှေပြားဆယ်သိန်း...လုပ်ကြံသူအဖွဲ့စည်း ကတ်၊ ကျောက်စိမ်းတုံးလေးတုံး နဲ့ပုလဲလေးတစ်လုံးရရှိထား ပါသည်။") ဂျိတ်လည်းသေမင်းပိုင်ဆိုင်မှုမှ ရရှိလာသောကျောက်စိမ်းတုံး တစ်တုံးကို ထုတ်ယူလိုက်၏။ထို့ နောက် ထိုကျောက်စိမ်းတုံးကို အသာယာထိတွေ့ကိုင်လိုက်၏။ "အော် လက်စသတ်တော့ ကျောက်စိမ်းတုံးက ချာကရာပြန်ဖြည့် ပေးတာကိုး" ကျောက်စိမ်းတုံး၏လုပ်ဆောင်ချက်ကို ဂျိတ်သိရှိလိုက်ရပြီ ဖြစ်၏။ထိုကျောက်စိမ်းတုံးသည် ထိတွေ့လိုက်သောသူအား သိုလှောင်ထားသော ချာကရာများကိုဖြည့်တင်းပေး၏။ချာက ရာဖြည့်ကျောက်တုံးများသည် ချီကျောက်တုံးများကဲ့သို့ ပင် ဖြစ်၏။ကျောက်တုံးထဲမှ ချာကရာများက ဂျိတ်၏ကိုယ်ထဲသိုစိ မ့်ဝင်သွား၏။ ခဏကြာတော့ ကျောက်စိမ်းတုံးမှာလည်း ချာကရာကုန်ဆုံးသွား ပြီဖြစ်သောကြောင့် အစိမ်းရောင်မှတဖြေးဖြေးအရောင်မဲ့ကာ ဖုန်မှုန့်အသွင်သို့ ပြောင်းလဲသွား၏။ထိိုသို့ ဖြစ်ပွားရခြင်းမှာ ကျောက်တုံး၏အာနိသင်ကုန်ဆုံးသွားသောကြောင့်ဖြစ်၏။ "အဆင့်နိမ့်ကျောက်စိမ်းတုံးဆိုပင်မဲ့မဆိုးပါဘူး" ဂျိတ်ရေရွတ်လိုက်၏။ဟုတ်ပေသည်။ချာကရာဖြည့် ကျောက်စိမ်းတုံးများသည်လည်း ချီကျောက်တုံးများကဲ့သို့ ပင် အဆင့်လိုက်ခွဲထား၏။ယခုကျောက်စိမ်းတုံးမှာ အကြမ်းတုံးအ ဆင့်နိမ့်အမျိုးစားဖြစ်၏။ ကြည့်ရသည်မှာ ထိုချာကရာကျောက်စိမ်းတုံးများပင်ရှားပါးနေ ပုံရ၏။ဂရိတ်တိုင်းပြည်၌ကား သုံးသည်ဟူ၍တွေ့ရှိခြင်းမရှိမိ ပေ.။ "ဒီပုလဲလေးကဘာလေးလဲ." ဂျိတ် ထိုပုလဲလေးကိုကိုင်တွယ်ပြီး စစ်ဆေးလိုက်၏။ (."မဟူရာပုလဲလုံး သုံးသပ်ဆင်ခြင်ရာ၌အသိညဏ်တိုးတက်စေ ရန်ကူညီပေးသည်.) စနစ်မှ ခွဲခြားသတ်မှတ်ပေးသောအသံထွက်ပေါ်လာ၏။ထိုအခါ ထိုပုလဲလုံးကား လက်ရှိအသုံးလိုနေသော အယ်ဖာထံပေးရန် ကြံရွယ်လိုက်၏။အယ်ဖာသည် မိမိ၏သမီးကိုကာကွယ်စောင့် ရှောက်မည့်သူဖြစ်ရာမည်ဖြစ်ရာ လိုအပ်သောထောက်ပံမူကို ပေးမည်ဖြစ်၏။ထို့ ကြောင့် အယ်ဖာထံသွားကာ ထိုပုလဲလုံး အကြောင်းရှင်းပြကာပေး၏။ အယ်ဖာလည်း အကြောင်းစုံ သိရသောအခါ ဝမ်းသာမိ၏။ဂျိတ် သည် ထိုမျှအဖိုးတန်သောရတနာအားသူ့အားပေးသောကြောင့် ဖြစ်၏။ဂျိတ်သည် ပ်ိုမိုပြီးမှန်းဆရခက်ခဲကြောင်း သူရိပ်စားမိ လာ၏။ လုပ်ကြံသူအစည်းရုံး၏ဂုဏ်သရေဆောင် လုပ်ကြံသူများ၏ဂုဏ်သရေဆောင်၌လုပ်ကြံသူများစွာသည် သွားလာလှုပ်ရှားနေကြ၏။ဂုဏ်သရေဆောင်သည် လုပ်ကြံ သူများအတွက် အရေးကြီးသောနေရာတစ်ခုလည်းဖြစ်၏။ ပလက်တီနမ်အဆင့်ရောက်ပြီး လုပ်ကြံသူအဆင့်တန်းမြင့်မှသာ ထိုနေရာသို့ သွားလာခွင့်ရှိကြ၏။ထိုဂုဏ်သရေဆောင်သည် အ ဆင့်မြင့်တာဝန်များချထားရာနေရာလည်းဖြစ်သလို နာမည် ကျော်လုပ်ကြံသူများ၏အမှတ်တရများစုဆောင်းထားရာနေရာ တစ်ခုလည်းဖြစ်၏။ "ဂရက် ခွမ်း. ညအချိန်၌ ကျယ်လောင်သောအသံကြီးက ထိုဂုဏ်သရေ ဆောင်မှထွက်ပေါ်လာလေ၏။ထို​နေရာမှထွက်လာသောအသံ ဖြစ်သောကြောင့် လုပ်ကြံသူအစည်းရုံး၌ရှိနေကြသောလုပ်ကြံ သူတိုင်း ထိတ်လန့်သွားကြရလေ၏။ အကြောင်းကား နာမည်ကျော်သေမင်းဟူသောလုပ်ကြံ သူ၏နာမည်ကျော်အနက်ရောင်ဓားမြောင်မှ ပေါက်ကွဲကာ ပျက်စီးသွားသောကြောင့်ဖြစ်၏။ "သေမင်း သေပြီ မဖြစ်နိုင်တာ" ."သူကျရှုံးတာမဖြစ်နိုင်ဘူး" ရှိသမျှသောလုပ်ကြံသူများ ထိတ်လန့်သွားကြ၏။နာမည်ကျော် လုပ်ကြံသူသေမင်း၏လက်နက်ပျက်စီးသွားခြင်း။ဤသည်က သူသေသွားပြိီဖြစ်ကြောင်းသက်သေပြသနေ၏။ ဝူးးးးးး သေမင်း၏လက်နက်ပေါက်ကွဲသွားသောနေရာ၌ မြူပုံစံလေးက ပေါ်ထွက်လာလေ၏။ထိုအခါ စာရင်းကိုင်များက ချက်ချင်းပင် စုတ်တံများကို ကိုင်ဆောင်ထားလိုက်ကြ၏။သူ တို့ ၏ရှေ့၌လည်း ပြောင်လက်နေသောအဖြူရောင်စာရွက်က နေရာယူပြီးသားအသင့်ပင်။ ထိုပေါ်လာသောမြူအနက်လေးသည်လူတစ်ယောက်၏ပုံစံအား စက္က န့်ပိုင်းမျှပုံဖော်ပြသကာ ပျောက်ကွယ်သွား၏။သုံးစက္က န့် ဟူသောအချိန်လေးဖြစ်သော်လည်း စာရင်းကိုင်များက မြန်ဆန် စွာရေးဆွဲမှတ်တမ်းတင်လိုက်ကြ၏။ကြည့်ရသည်မှာ သူ တို့ သည် ထိုအလုပ်ကို အလွန်ပင်ကျွမ်းကျင်ပိုင်နိုင်နေသည့် အလားပင်ရှိ၏။သုံးစက္က န့်သာမြင်လိုက်ကြရသော်လည်း သူ တို့ ၏မျက်ဝန်းအိမ်၌ သံမှိုစွဲထားသည့် ပမာ မြင်နေသည့်အလား စုတ်တံဖြင့်စာရွက်၌ မရပ်မနားဆွဲနေကြတော့၏။ဤသို့ ဆွဲနေသည်မှာ ငါးမိနစ်တိုင် ဖြစ်၏။ ထို့ နောက် စာရင်းကိုင်များဆွဲထားသောစာရွက်လူပုံက စတင် ကာ လုပ်ကြံသူများအကြားပြန့်နှံလေတော့၏။ထိုပုံများပြန့်နှံမှုနဲ့ အတူ စတင်ပွက်လောရိုက်ခတ်ကုန်ပြီလည်းဖြစ်သည်။

(173) ပြသနာ

ဂရိတ်စစ်တပ်သည် ဂျိတ်၏ဦးဆောင်မှုဖြင့်ဆက်လက်ခရီး ထွက်ခွာလာ၏။ဒီတစ်ခေါက်ခရီးထွက်ရာ၌ ပိုမိုမြန်ဆန်နေ ကြောင်း ခရီးတွင်ကြောင်းကိုတော့ အယ်ဖာဝန်ခံရပေလိမ့်မည်။ "ဟ ဒီတစ်ခေါက်မြန်ဆန်နေပါလားခရီးက" "မြန်ရမယ်လေ" ဂျိတ်ပြုံးပြီးဖြေ၏။ အယ်ဖာအနေဖြင့် နောက်တစ်ရက်သွားပြီးသည်နဲ့မိမိတို့ သွားရန် နေရာအား ရောက်ရှိပြီဖြစ်ကြောင်း မြေပုံက်ိုကြည့်ကာ မှန်းဆ မိ၏။ ယခင်ခရီး၌ကြုံရသော လမ်းခရီးအခက်ခဲများကို ဒီတစ် ခေါက်၌မတွေ့ရရာပိုမိုမြန်ဆန်နေခြင်းဖြစ်၏။ နောက်တစ်ခု အယ်ဖာမသိသည်ကား ဂျိတ်သည် မိမိတို့ စီးနင်း လာသောမြင်းများအား အာဟာရပြည့်ဝသောအစာရေစာတိုက် ကြွေးထားသည်ဟူသောအချက်ပင်ဖြစ်၏။ ထိုကြောင့် မြင်းများသည် သာမန်ထက်နှစ်ဆသောကြံခိုင်မှုနဲ့အ မြန်နှုန်းဖြင့်ခရီးဆက်နေနိုင်၍လည်း ခရီးချိန်တိုသွားရခြင်း လည်းဖြစ်၏။ နောက်ဆုံးအကြောင်းပြချက်ကား ဂျိတ်တစ်ယောက်တည်းသာ သိသည့်အချက်ဖြစ်၏။ ဤကား ဂျိတ်စီးနင်းထားသောမြင်းပင်ဖြစ်၏။ထိုမြင်းသည် စစ် မြင်းအမျိုးစားဖြစ်ပြီး အစွမ်းထက်သောမှော်သားရဲဖြစ်၏။ ထိုမြင်းသည် ဂရိတ်တပ်ဖွဲ့၌ပါလာသောကြောင့် ပါလာသော မြင်းတိုင်း၏သက်လုံ အမြန်နှုန်း၊ကြံခိုင်နှုန်းများကို 30%မြင့် တင်ပေးနိုင်စွမ်းရှိသည် ။ ထိုသို့ သောအချက်များကြောင့် ခရီးသွားလာရာ၌အချိန် တစ်ဝက်မျှသက်သာသွားနေရခြင်းဖြစ်၏။ နောက်နေ့သို့ ရောက်သောအခါ ဂရိတ်စစ်တပ်သည် မိမိတို့ နောက်ဆုံးမျှော်မှန်းထားသောနေရာသို့ ရောက်ရှိလာလေခဲ့ပြီ ဖြစ်၏။ "ရှေ့ကမြို့က ကျနော်တို့ ရောက်ရမဲ့နေရာပါပဲ ဆရာဂျိတ်" စစ်သည်တစ်ယောက်မှ ဂျိတ်အားပြောပြ၏။ဂျိတ်လည်း မြင်နေ ရသောမြို့အားကြည့်လိုက်၏။ထိုမြို့သည် မိမိတို့ ဂရိတ် တိုင်းပြည်ထက် အဆများစွာသာနေသော အခြေ နေ၌တည်ရှိ၏။ ကောင်းမွန်လှသော အဆောက်ဦးများ နဲ့သန်မာလှသော လူ ပေါင်းများစွာက သွားလာလှုပ်ရှားနေကြသည်ကိုလည်းမြင် ရ၏။ ထိုမြို့သည်စွန်ရဲအင်ပါယာ၏ပြိုင်ပွဲကျင်းပရာမြို့လည်း ဖြစ်၏။ပြိုင်ပွဲကျင်းပရာမြို့ဖြစ်သည်နဲ့အညီ လွန်စွာပင်ခမ်းနား ကြီးကျယ်လှ၏။ မြို့၏မြို့ရိုးများကလည်း ရန်သူများတိုက်ခိုက်လာပါက ထိုး ဖောက်ရခက်ခဲသည့်အခြေနေ၌ရှိကာ အရောင်သွေးတောက်ပ နေသောချပ်ဝတ်များဝတ်ဆင်ထားသော စစ်သူရဲများ​ကမြို့ရိုး များ မြို့ဂိတ်ပေါက်ဝများ၌စောင့်ကြပ်စစ်ဆေးလျက်ရှိကြ၏။ သူတို့ ၏အနိမ့်ဆုံးအဆင့်သည်ပင် ရွှေအဆင့်တစ်၌ရှိကြောင်း အံအားသင့်ဖွယ်မြင်တွေ့ကြရမည်ဖြစ်၏။ ဤသည်ကလည်း စွန်ရဲအင်ပါယာသည် သူ၏လက်အောက်ခံ တိုင်းပြည်များအား အင်အားပြသပြီး မိမိတို့ သည်ခွန်အားကြီး သြဇာအာဏာကြီးကြောင်း မီးမောင်းထိုးပြသနေခြင်းလည်း ဖြစ်၏။ ."ခေါင်းဆောင် ဒီမြို့နာမည်က ဗယ်ဒင်မြို့လို့ ခေါ်တယ်." ရောက်ရှိဖူးသော ထောက်ပို့ စစ်သည်တစ်ယောက်မှ ဂျိတ်အားသူ သိသမျှရှင်းလင်းပြောကြား၏။သူ၏ပြောကြားချက်ကြောင့် ဂျိ တ်လည်းမြို့အကြောင်းကို စုံလင်စွာသိရှိလာရပြီဖြစ်သည်။ စင်စစ်ထိုမြို့သည် စွန်ရဲအင်ပါယာ၏လက်အောက်ခံတိုင်းပြည် များယှဥ်ပြိုင်ရာမြို့ဖြစ်သည့်အပြင် စွန်ရဲအင်ပါယာ ၏နယ်စွန် အဖျားဆုံး၌ရှိနေသောမြို့လည်းဖြစ်၏။ ဤနည်းဖြင့် စွန်ရဲအင်ပါယာသည် လွမ်းမိုးချုပ်ကိုင် ထားသည်။ဗယ်ဒင်မြို့၏မြို့တံတိုင်းသည် လက်အောက်ခံ တိုင်းပြည်များထက်သာလွန်နေပြီ အားသာသောအချက်မှာ မြို့ မှအလိုရှိသောအကူညီတိုင်းကိုအင်ပါယာမှအချိန်မရွေးပေးပို့ နေ နိုင်ခြင်းလည်းဖြစ်၏။ ထိုအပြင် လက်အောက်ခံတိုင်းပြည်များ၏ကိစ္စရပ်အဝ ဝ ဖြစ် သောတိုင်းပြည်ရေး ငွေကြေးစစ်ရေးအစ သောကိစ္စရပ် များသည်လည်း ထိုဗယ်ဒင်မြို့မှတစ်ဆင့်နေ၍ အင်ပါယာထံသို့ ရောက်ရှိရာ အလွန်ပင်အချက်ချာကျနေသော မြို့ဟုလည်းဆို နိုင်သည်။ ဂျိတ်လည်း စနစ်အစွမ်းဖြင့်အကဲခတ်ကြည့်ရာ မြို့ရိုး အတွင်း၌လည်း မြို့ရိုးကိုသန်မာကြံခိုင်စေသော ခုခံအကာကွယ် အင်းများကို ထည့်ထားကြောင်းတွေ့ရှိရ၏။ထိုအင်းများသည် အဆင့်နှစ်ရှိရာ မြို့ရိုးများအစွမ်းထက်နေသည်မှာမထူးဆန်း တော့ပေ။ ဂျိတ်နဲ့ဂရိတ်စစ်တပ်သည်လည်း ဗယ်ဒင်မြို့ဦးတည်ရှေးရှုကာ လာခဲ့လိုက်ကြပေ၏။မြို့နားသို့ ရောက်သောအခါ ထောင်ပေါင်း များစွာသောလူများသည် မြို့အတွင်းသို့ ဝင်ထွက်သွားပြုမှုနေ ကြသည်ကိုတွေ့ရှိကြရလေ၏။ ထို့ ကြောင့် ဂရိတ်စစ်တပ်သည်လည်း မြို့ဝင်ရန်ပြင်ဆင်လိုက် ကြ၏။ထိုအခါ မြို့၏ဂိတ်ပေါက်ဝကိုစောင့်သော မြို့စောင့် တပ်သားမှလာ၍... "ဘယ်ကလဲ သက်သေအထောက်ထားပြသပါ." ဝင်ခွင့်တောင်းဆ်ိုသောကြောင့် အယ်ဖာသည်လည်း မိမိတို့ သည် ဂရိတ်တိုင်းပြည်၏ စစ်တပ်ဖြစ်ကြောင်းနဲ့ကျင်းပသောပြိုင်ပွဲ အတွက်လာရောက်ခြင်းဖြစ်ကြောင်း အထောက်ထားများကို ပြသလိုက်၏။ "ကောင်းပြီ ခေါင်းဆောင်တွေကတော့ ဝင်ခွင့်ရှိမယ် တပ်သား တွေကတော့ မြို့ပြင်မှာပဲ တည်းနေကြပါ.တပ်သားတွေပါဝင် ချင်ရင် တစ်ယောက်ကိုငွေပြားတစ်သိန်းစီပေးဆောင်ရမယ်" ."ဘာ" ထိုစကားကြောင့် အယ်ဖာဒေါသထွက်သွားရ၏။ထိုစကားမျိုး ပြောခြင်းသည် မိမိတို့ ၏တိုင်းပြည်ကိုစော်ကားထိပါးသည်နဲ့ပင် တူ၏။ငွေကြေးကို အတင်းကျပ်တောင်းစေနေခြင်းလည်းဖြစ် သလို ဖိနှိပ်နေခြင်းလည်းဖြစ်၏။ အထူးသဖြင့် လူထောင်ပေါင်းများစွာသောလူအုပ်ကြား၌ ပြော လိုက်ခြင်းရာပို၍ပင်ဆိုးဝါးလေ၏။ "ဘာလဲ မကြိုက်ဘူးလား ဒါဆို ခေါင်းဆောင်တွေကော ဝင်ခွင့်မ ရှိတော့ဘူး နောက်တစ်ပတ်ပြိုင်ပွဲချိန်ကြမှဝင်လာတော့" စစ်ဆေးသောတပ်သားသည် မောက်မာစွာပင်ဆို၏။သူ၏အမူ ရာက တစ်စက်မျှပင်ကြောက်လန့်ခြင်းမရှိပေ။သူသည် ဗယ်ဒင် မြို့၏တပ်သားဖြစ်ရာ အရှိန်ဝါကြီးသည်ပုံစံဖြင့်နေနေ၏။ တပ်သားသာဖြစ်သော်လည်း သူ့ကိုယ်သူဗယ်ဒင်မြို့ ကြီး၏တပ်သားဟု သွေးနထင်ရောက်ကာ အဝင်မခံပဲနေစေ ခြင်းဖြစ်၏။ "ဖြောင်း". "အား" "ဟ ခေါင်းဆောင် ဆရာ" အဖြစ်ပျက်များကား မြန်ဆန်လွန်းလှ၏။ အသံများဆူညံပွက်လောရိုက်သွား၏။ထိုအသံများနဲ့မြို့စောင့် တပ်သားမှာ လွင့်စင်ထွ​က်သွားလေ၏။ အကြောင်းမှာ ဂျိတ်သည်သူ၏မြင်းဖြင့်ထိုတပ်သားအား ကန် စေလိုက်သောကြောင့် မြင်းကန်ချက်ဖြင့် လွင့်စင်ထွက်သွားရ ခြင်းဖြစ်၏။ ကန်ချက်မှာပြင်းထန်သောကြောင့် လေထဲ၌ကားကားကြီးဖြစ် ကာ လွင့်စင်သွားခြင်းဖြစ်၏။ ထိုကန်ချက်ကြောင့်လည်း ထောင်ပေါင်းများစွာသောလူများမှာ အာရုံစိုက်မိလာကြလေ၏။ အယ်ဖာကတော့ သိလိုက်လေပြီ။မိမိတို့ မြို့ရောက်သည်နဲ့ပြသ နာကားတွေ့နေပြီဖြစ်၏။ပုံမှန်အခြေနေဆိုလျှင် မိမိကကြောက် ရွံနေရမည်ဖြစ်သော်လည်း ဂျိတ်ကိုယ်တိုင်ပါဝင်နေရာ မိမိမှာ ထိုင်ကြည့်နေသည်ကသာအသင့်တော်ဆုံးဖြစ်ကြောင်းသိရှိ လိုက်ရတော့၏။ တစ်ဆက်တည်းမှာပင် တစ်ဖက်သားတပ်သားကို နာနာလေး ပညာပေးခံသင့်ကြောင်းပါတစ်ဆက်တည်းတွေးမိ၏.။

(174) ရန်ဖက်တိုင်းပြည်များ

တပ်သားမှာ မြင်းကန်သောအရှိန်ကြောင့် တော်တော်ဝေးသော နေရာအထိ လွင့်စင်သွားရလေ၏။ထို့ နောက်မှ လဲကျသွားနေရာ မှ ပြန်လည်ထလာကာ ဒေါသတကြီးဖြင့်ဆို၏။ ."ဘယ်သူလုပ်ရဲတာလဲကွ ငါကဗယ်ဒင်မြို့ရဲ့တပ်သားဆိုတာကို မသိဘူးလား" တပ်သားသည် ဒေါသထွက်နေ၏။သူအားမြင်းဖြင့်ကန်သော ကြောင့် တော်တော်ဝေးသည့်အထိလွင့်စင်သွားရ၏။ထို့ ပြင် သူ၏မျက်နှာတွင်လည်း မြင်းခွာရာကြီးကထီးထီးကြီးရှိနေ၏။ . "အော် မင်းက ဗယ်ဒင်မြို့ရဲ့တပ်သားလား ဒါနဲ့ဗယ်ဒင်မြို့ရဲ့ တပ်သားတိုင်းက ကိုယ်အင်ပါယာလက်အောက်ခံတိုင်းပြည်က တပ်သားတစ်ယောက်ကိုဝင်ကြေးအဖြစ်ငွေတစ်သိန်းပေးမှ ​မြို့ ထဲဝင်ခွင့်ပေးကြတာလား" ခန့်ညားလှသောမြင်းကြီးစီးပြီးထိုစကားကို ဆိုလာသူက တစ် ခြားသူမဟုတ်ဂျိတ်ပင်ဖြစ်၏။ထိုစကားကြောင့် မြင်းကန်ခံရ သောတပ်သားမှ ပြန်လည်ချေပပြောဆိုနိုင်ခြင်းမရှိပေ။ "ဘာအဲ့လိုလုပ်တာလား....မထင်ရဘူး" ."သူက အဲ့လိုလုပ်လို့ ကန်ခံရတာဆိုရင်နည်းတောင်နည်းသေး တယ်" ဘေးတွင်အဖြစ်ပျက်များကိုမြင်ပြီးဂျိတ်၏စကားကြောင့် ထောင်ချီသောလူတို့ မှာ တပ်သားကိုဝိုင်းကြည့်ကာတီးတိုး ပြောဆိုနေကြ၏။ ဂျိတ်၏အသံသည် သြဇာအာဏာပါပြီးကျယ်လောင်နေရာ မြို့ ဂိတ်ဝ၌ရှိရှိသမျှသော တပ်သားများကလည်း အတိုင်းသားကြား နေရ၏။ဂျိတ်၏စကားသည် အင်ပါယာအထိဆွဲထည့်ထားခြင်း ဖြစ်ပြီး မီးလောင်မှုကြီး၏အစကိုပျိုးစေနိုင်သော မီးပွားလေး တစ်စသာဖြစ်လေသည်။ "ဒီလိုဖြစ်ပျက်ခဲ့တာဆိုရင် ကျနော်ကိုယ်စားတောင်းပန်ပါတယ်" အကောင်းစားချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော သက်ရွယ် ပိုင်းလူကြီးတစ်ယောက်မှ ဂျိတ်အနားထိရောက်ရှိလာကာ တောင်းပန်စကားဆို၏။ထိုသူ၏နောက်တွင်လည်း နောက်ပါ တပ်သားဆယ်ယောက်ကပါလာလေ၏။ နောက်ပါများလည်းပါရှိသောကြောင့် ထိုလူကြီးသည် အဆင့် တန်းမြင့်သူဖြစ်ကြောင်းသိရှိနိုင်သည်။ထိုအတိုင်းပင် ထိုလူကြီး သည် မြို့စောင့်ဂိတ်၏တပ်မှူးပင်ဖြစ်လေသည်။ "အခုလိုအဖြစ်ပျက်က ကျနော်မျိုုးသွန်သင်ယူညံဖျင်းသွားရလို့ တောင်းပန်ပါတယ် အသင်တို့ ဝင်လို့ ရပါပြီဗျ ဘာမှပေးဆောင် စရာမလိုပါဘူး ပြီးတော့အဲ့တပ်သားကို ကျနော်မျိုးပဲအပြစ်ပေး လိုက်ပါမယ်" ဂျိတ်လည်းအကြီးကဲဖြစ်သူမှတောင်းပန်သောကြောင့် လက်ခံ လိုက်ကာအယ်ဖာနဲ့စစ်သည်များအားအချက်ပြ၏။ထို့ နောက် မြို့ထဲသို့ ဦးဆောင်ကာ ဝင်ကြလေတော့၏။ "တပ်မှူးကျနော် ." "မင်းငါ့ကိုဘာမှပြန်မပြောနဲ့ကွ အခုသွားပြီး မြင်းချီးတွေတစ် ပတ်ကျုံးနေချေစမ်း" "ဟုတ်" တပ်မှူး၏အမိန့်ဖြစ်သောကြောင့် တပ်သားမှာပြန်လည်ချေပနိုင် ခြင်းအလျဥ်းမရှိပဲ ပြေးသွားရလေတော့၏။ တပ်မှူးဆိုသည့်လူကတော့ ဂရိတ်စစ်တပ်တစ်ခုလုံး မြို့ထဲထိဝင် သွားသည်အထိ မိမိရပ်နေသောနေရာ၌သာရပ်နေ၍ကြည့်နေ လေ၏။တစ်တပ်လုံးမြို့ထဲရောက်သွားသည်ဆိုမှသာ သူ၏စိတ် ကိုလျော့ချလိုက်၏။ "ဟူးတော်ပါသေးရဲ့" ထိုအခါမှ တပ်မှူးသည် အလွန်ကြမ်းတမ်းသောအခက်ခဲမှ ဖြတ်သန်းကျော်လွှားနိုင်ခဲ့သည်အလား သူ၏စိတ်ကိုဖြေလျော့ လိုက်၏။ နောက်ပါတပ်သားများကတော့ မိမိတို့ တပ်မှူးကြီး၏အပြုမှုများ ကိုအထူးဆန်းဖြစ်နေကြဆဲဖြစ်၏။သူတို့ ၏ကြမ်းတမ်းပါသော တပ်မှူးက မြင်းစီးနေသောဂျိတ်အား ခ ခယ ယ ဖြစ်နေသည်ကို သူတို့ နားမလည်နိုင်အောင်ရှိနေလေ၏။ တပ်မှူးကတော့ ဂျိတ်ဘယ်သူဘယ်ဝါကိုသိနေဟန်ရှိ၏။ထို့ ကြောင့် ချက်ချင်းပြေးထွက်လာကာ ယခုလိုအပြုမှုများ ဆောင်ရွက်ရသည်ဟု အပြစ်ပေးခံလိုက်ကသောတပ်သားလေး က တွေး၏။သူ၏ကံဆိုးမိုးမှောင်ကျရမှုကိုလည်းယိုးဖွဲ့မိ၏။ "ခေါင်းဆောင် ဂျိတ် ကြည့်ရတာကျနော်တို့ ကံကောင်းတယ်ထင် တယ်." အယ်ဖာလည်း မြို့ထဲသို့ ခေတ္တ ပတ်ပြီးသည်နဲ့ရရှိလာသော သတင်းအချက်လက်များအားပြောပြ၏။ထိုအချက်လက်များ အရဆိုလျှင် ပြိုင်ပွဲချိန်သည်ရွေ့လိုက်ခြင်းဖြစ်ပြီး စောစီးစွာ ကျင်းပလာမည်ဖြစ်သည်။ ဂိတ်တံခါးကတပ်သားပြောသလို နောက်တစ်ပတ်ဆိုလျှင်စတင် ကျင်းပတော့မည်ဖြစ်သည်။ထို့ ကြောင့် ပြိုင်ပွဲသည် ရှေ့တစ်လ စောပြီးကျင်းပမည့်ပုံစံအနေထား၌ရှိ၏။ ဂရိတ်စစ်တပ်ဝင်ရောက်လာသောအခါ ဂျိတ်၏ဟန်ပန်အမူရာ တည်ကြည်မှုကြောင့် လူများစွာကကြည့်ရှုကြလေ၏။ဂျိ တ်၏နောက်မှဆက်တိုက်လိုက်ပါလာသော ဂရိတ်စစ်သည်များ ကိုလည်း လူများကရပ်တန့်ကြည့်ရှုနေကြလေ၏။ ဗယ်ဒင်မြို့သည် လူပေါင်းသိန်းချီပြီးရှိသောနေရာဖြစ်ရာ ဂရိတ် စစ်တပ်အားကြည့်သောလူများလည်း များပြားလှပေသည်။ အထူးသဖြင့် ဂျိတ်၏စီးချက်ကျကျလျှောက်လမ်းလာသော မြင်းကြောင့်လည်းကောင်း နောက်မှဆန်းကျာ်သောလက်နက် ဆန်းများကို ကိုင်ဆောင်လာသော စစ်သည်များကြောင့် လည်းကောင်းဖြစ်၏။ ဂရိတ်စစ်တပ်သည်သာမန်အသွင်ပြင်ထက်ပို၍ထူးခြားသော အသွင်ကို ဆောင်နေသည်ကား ငြင်းမရသောအကြောင်းရင်း တစ်ခုပင်ဖြစ်၏။ထို့ ကြောင့်လည်း ကြည့်ရှုသူများပေါများနေ ခြင်းဖြစ်၏။ "ကြော်ငြာခံသူတွေ့ရှိ " "ကြော်ငြာခံသူတွေ့ရှိ " "ကြော်ငြာခံသူတွေ့ရှိ " ထိုသို့ တီးတိုးသောစကားသံများကား လူအုပ်ကြား၌ပြန့်နှံသွား လေသည်။ထိုစကားပြန့်နှံလာလေ လူအုပ်ကြီးထဲရှိလူ များ၏မျက်လုံးများက ပိုမိုတောက်ပလာလေဖြစ်၏။ အထူးသဖြင့်သူတို့ ၏မျက်လုံးများက ဂျိတ်အားပိုမိုစူးစိုက်ကြ ည့်ရှုနေကြသည်။တစ်ချို့သောသူများ၏အမြင်၌ တောက်ပနေ သောရတနာကဲ့သို့ မြင်သောသူများရှိသလို ကြောက်လန့်နေကြ သောသူများလည်းရှိကြပေ၏။ "ဂရိတ်တပ်လား ဒါဖြင့် ကျနော်နောက်ကိုလိုက်ခဲ့ပေးပါ" စစ်သည်တစ်ယောက်မှ ဂရိတ်စစ်တပ်ရှေ့သို့ ရောက်ရှိလာပြီး ပြောကြား၏။ သူသည် ပြိုင်ပွဲစီစဥ်ရေးအခမ်းနား၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြိုင်ပွဲဝင်တိုင်းပြည်များအား နေထိုင်စခန်းချရမည်နေရာအား ပြသပေးမည့်သူဖြစ်ကြောင်းသိရှိရလေ၏။ "ဝှီး" လေသံနဲ့အတူသေးငယ်လှသော မြှားလေးတစ်ချောင်းက ပျံသန်းလာ၏။သူပျံသန်းလာသောနေရာသည် တစ်ခြားနေရာ မဟုတ် မြင်းပေါ် စီးလိုက်လာသော ဂျိတ်ထံဖြစ်၏။ ဂျိတ်သည်ထို မြှားတစ်ချောင်းအား ဂရုပင်မစိုက်ပေ။ထိုအရှိန် ပြင်းပြင်းဖြင့်ဝင်လာသောမြှားသည် ဂျိတ်၏အနီးနားသို့ ရောက်လာသည်နဲ့ "ဝှီးရား" ဂျိတ်၏ကိုယ်မှ စတန်း(stand)ဖြစ်သော စတားပလက်တီနမ် ထွက်ပေါ်လာလေ၏။ထွက်ပေါ်လာပြီးလျှင် ထိုစတန်းကြီးသည် ထိုမြှားအား လက်ဖြင့်တောက်ချလိုက်၏။တောက်ချပြီး ပစ်ခဲ့ သော လားရာနေရာသို့ ပြန်လည်ပို့ ဆောင်လိုက်ခြင်းပင်ဖြစ်၏။ "ဒိန်း" ထိုစတန်းထွက်လာပြီး ဂျိတ်ထံပစ်သောမြှားကို ပြန်လည် တောက်လိုက်သည့်မြင်ကွင်းကို မည်သူတစ်ဦးတစ်ယောက်မျှ သတိထားမိလိုက်လေခြင်းမရှိပေ။ "အင့်" ထိုမြှားကို ပစ်လိုက်သော လူသည် စတန်း၏လက်တောက်လိုက် မှုကြောင့် ပြန်လည်ထိမှန်ကာသေဆုံးသွားရလေသည်။ "ငလူး ဘာတွေဖြစ်နေတာလဲဟ" ဘေး၌ရှိနေသော သူမှာကြောက်လန့်တုန်လှုပ်သွားလေ၏။ သူ၏အဖော်သည် သူထားနေသည့်ကြားမှ ဂျိတ်အား မြှားဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။ သူသည် မီတာလေးရာဝေးကွာသောအကွာဝေးမှပစ်လိုက်ခြင်း ဖြစ်သည်။ထိုအကွာဝေးမှရှိသောအဆောက်ဦးမှနေ၍ ဂျိတ်အား ပစ်လိုက်ခြင်းဖြစ်၏။ သို့ ရာတွင်စတန်း၏တောက်ချလိုက်သောအရှိန်သည်လွန်စွာ ပြင်းထန်ရာ သူ၏ပစ်ခတ်မှုပြီးသည်နဲ့ခဏအတွင်းသူ့အား ပြန်လည်မှန်ကာသေဆုံးသွားရခြင်းဖြစ်၏။ "ဒီအကြောင်း သေချာအောင်ပြောပြရမယ်. မြှားမှန်သေဆုံးနေသောသူ၏အဖော်အားပစ်ထားကာ ဖြစ်ရပ်ကို သေချာရှင်းပြရန် ထွက်သွားလိုက်လေတော့၏။ ("လုပ်ကြံသူသေဆုံး သူ၏ပိုင်ဆိုင်မှုငွေပြားတစ်သိန်း သိုလှောင် စနစ်ထဲထည့်သွင်းလိုက်ပါသည်။") ထိုစနစ်အသိပေးချက်ကြောင့် မိမိအားလုပ်ကြံသူသည် စတန်း လက်ချက်ကြောင့် သေဆုံးသွားပြီဖြစ်ကြောင်းပါိသိလိုက်ရ၏။ သူ၏စတန်းသည် တစ်နေ့ထက်တစ်နေ့ပိုမိုထက်မြက်သန်မာလာ ကြောင်း ပါတွေ့ရလေသည်။ လူအုပ်ကြီးထဲရှိ အကြည့်များကတော့ ဂျိတ်အပေါ်ရောက်ရှိနေ ကြဆဲဖြစ်၏။ထိုလူများ၏လက်ထဲ၌ ဂျိတ်ပုံစံပါသောစာရွက် များရှိနေသည်ကို ဂျိတ်သေချာကြည့်ပါကမြင်ရမည်ဖြစ်လေ သည်။ "ဒီနေရာမှာနေရမှာဖြစ်ပါတယ်ဗျ နားနေလို့ ရပါပြီဗျ" စစ်သည်လေးကား သူညွှန်ပြပြီးပြီဖြစ်သောကြောင့် ထွက်ခွာ သွားလေသည်။သူညွှန်ပြသောနေရာသည် အတော်တန်ကြီးမား လှသော ဝိုင်းကြီးတစ်ဝိုင်းဖြစ်၏။ အမှတ် လေး ဝိုင်းကြီးဖြစ်ပြီး လက်အောက်ခံတိုင်းပြည်များ ပြိုင်ပွဲဝင်ပါက နားယူရန်ပြင်ဆင်ထားသော အနားယူ၍ရသော ဝိုင်းကြီးဖြစ်၏။ ထိုဝိုင်းကြီးထဲ၌ စစ်သည်နှစ်ရာကျော် ချောင်ချိသက်သာစွာ နေထိုင်နိုင်လောက်အောင် အကောင်းစားအိမ်ကြီးအိမ်ကောင်း များပါရှိလေ၏။ ထို့ ကြောင့် ဂရိတ်စစ်တပ်သည်လည်း အနားယူရန် ဝိုင်းထဲသို့ ဝင် မည်အပြု "မင်းတို့ မဝင်နဲ့အဲ့ဝိုင်းကငါတို့ အတွက်ပဲ " ကျယ်လောင်သောလေသံဖြင့် အော်ပြောလိုက်၏။အော်ပြော သောသူအားကြည့်ရာ စစ်သည်သုံးရာမျှရှိသော လူတစ်အုပ်မှ အော်နေခြင်းဖြစ်ကြောင်းတွေ့ရှိရလေ၏။ အော်နေသောလူသည် ထိုလူအုပ်ကြီး၏ခေါင်းဆောင်ဖြစ်ကာ ရှည်လျားသောပါးသိုင်းမွှေးများရှိလေ၏။ "ဂရိတ်စစ်တပ်က အဲ့ဝိုင်းနဲ့မတိုက်တန်ဘူး အဲ့ဝိုင်းကို ငါတို့ အတွက်ထားခဲ့လိုက်" စစ်သည်လေးရာပါသော နောက်တစ်အုပ်ကလည်း နောက်မှချီ တက်လာကာအော်လေ၏။ သူတို့ ၏ခေါင်းဆောင်မှအော်လိုက်ခြင်းဖြစ်ပြီးသံခေါင်းဆောင်း ကိုဝတ်ဆင်ထား၏။သူတို့ နှစ်အုပ်စုသည် သိသိသာသာပင် ဂရိတ်စစ်တပ်၏ဝိုင်းကိုရယူလိုနေကြခြင်းဖြစ်၏။ "ခေါင်းဆောင်ဂျိတ် သူတို့ က ဖရန့်နဲ့ဗိ န်းမက် တိုင်းပြည်ကလူ တွေပဲ ကျနော်တို့ တိုင်းပြည်ကို တွေ့တိုင်းနှောင့်ယှက်နေတဲ့သူ တွေပေါ့" "အော်ဟုတ်လား" ဂျိတ်လည်း နှောက်ယှက်သည်ဟုဆိုသော တိုင်းပြည်နှစ်ပြည်မှ လူများကို ကြည့်ရှုလိုက်လေတော့၏။

All Chapters