← Chapters

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

(175)

စစ်သည်သုံးရာအားဦးဆောင်လာသည့် ရှည်လျားသော ပါးသိုင်းမွှေးရှိသည့်လူကြီးဦးဆောင်သောအဖွဲ့သည် ဖရန့် တိုင်းပြည်မှဖြစ်ပြီး စစ်သည်လေးရာဦးဆောင်လာသော သံ ခေါင်းဆောင်းတို့ အဖွဲ့သည် ဗိန်းမက်တိုင်းပြည်မှ ဖြစ်လေသည်။ ထိုတိုင်းပြည်နှစ်ခုလုံးသည် အဆင့်လေးတိုင်းပြည်များဖြစ်ကြ သည်။ထိုတိုင်းပြည်နှစ်ခုလုံးသည် ဂရိတ်တိုင်းပြည်အား တွေ့ တိုင်း နှောင့်ယှက်တိုက်ခိုက်လေ့ရှိကြ၏။ ထိုသို့ တွေ့တိုင်းတိုက်ခိုက်ရသည့်အကြောင်းရင်းလည်းရှိ၏။ဤ သည်မှာ လွန်ခဲ့သောနှစ်များစွာက ဂရိတ်တိုင်းပြည်သည် ကျန်ရှိ သောအဆင့်လေးတိုင်းပြည်များထက်အားကောင်းသာလွန်ခဲ့ လေသည်။ ထို့ ကြောင့် ကျန်အဆင့်လေး တိုင်းပြည်များက ဂရိတ်တိုင်းပြည် အား ရန်ငြိုးရှိကြ၏။သို့ သော်လည်း အားကောင်းနေသော တိုင်းပြည်အား အဘယ်ကြောင့်ရန်စဝံမည်နည်း။ရင်ထဲ၌သာမြို သိပ်ထားလိုက်ကြသည်။ နောက်ပိုင်းနှစ်များ၌ ဂရိတ်တိုင်းပြည်သည် တဖြေးဖြေး အင်အားနည်းလာကြောင်းရိပ်စားမိလာကြသည်။ ထိုရိပ်စားမှုနဲ့ အတူ ဂရိတ်တိုင်းပြည်အားတိုက်ခိုက်လာကြသည်။ ထိုသို့ ပေါင်းတိုက်ခိုက်မှုကြောင့် ဂရိတ်တိုင်းပြည်၏ပြိုင်ပွဲရလာ ဒ်များမှာများစွာဆိုးဝါးလာရခြင်းဖြစ်၏။ ထိုသို့ ဆိုးဝါးလာရခြင်း၏အကြောင်းရင်းတွင် ဂရိတ်တိုင်းပြည် အား အတင်းရန်လိုတိုက်ခိုက်သော ဖရန့်နဲ့ဗိ န်းမက်က အဆိုးဆုံး ပင်ဖြစ်၏။ "ဗယ်ဒင်မြို့ကတာဝန်ရှိသူတွေကဘာမှမလုပ်ကြဘူးလား ဒီလို ရန်စရင်" ထိုအခါမှအယ်ဖာလည်း အကြောင်းစုံထပ်မံရှင်းပြလိုက်၏။ ယခုလည်း ဂရိတ်တိုင်းပြည်ရရှိထားသော အမှတ်လေးဝိုင်းအား သိသိသာသာပင်ရန်လာစနေကြခြင်းဖြစ်၏။သူတို့ ၏ဆိုင်ရာ ဆိုင်ရာဝိုင်းရှိလျက်နဲ့တမင်သက်သက်လာရောက်ရန်စနေခြင်း ဖြစ်သည်။ ထိုသို့ ရန်စခြင်းကို ပြိုင်ပွဲကျင်းပသည့်စွန်ရဲအင်ပါယာတာဝန်ရှိ သူများကို တိုင်တန်း၍ မရနိုင်ကြောင်း ဂျိတ်အား အယ်ဖာသေချာရှင်းပြ၏။ လက်အောက်ခံတိုင်းပြည်များ အပြိုင်ဆိုင်ဖြစ်ပြီး အမြဲတမ်းယှ ဥ်ပြိုင်နေမှသာ အင်အားမကြီးထွားနိုင်တော့မည်ဖြစ်၏။ထိုအခါ မှသာ စွန်ရဲအင်ပါယာက လက်အောက်ခံတိုင်းပြည်များကို အင်အားမသုံးပဲ အလိုက်သင့်အေးဆေးစွာအုပ်ချုပ်နိုင်မည် ဖြစ်သည်။ ထို့ အတွက်ကြောင့် အဘယ်ကြောင့် ပြိုင်ပွဲဝင်လက်အောက်ခံ တိုင်းပြည်များ ပြိုင်ပွဲမတိုင်ခင် ရန်စနှောင့်ယှက်ခြင်းကို အဘ ယ့်အတွက်ကြောင့် တာဝန်ယူတားဆီးနေရမည်နည်း.။ "အယ်ဖာ ဒါနဲ့သူတို့ မသေရင်ရတယ်မလား" ဂျိတ်၏စကားကြောင့် အယ်ဖာတစ်ချက်တုံဆိုင်းသွား၏။ "ဟုတ်ပါတယ် ခေါင်းဆောင်" (ဂရိတ်စစ်သည်တော်များအားလုံးသည် ခရီးသွားလာရင်း နောက်ဆုံး၌ သူတို့ ၏ခေါင်းဆောင်အဖြစ် ရင်ထဲ၌အသိမှတ်ပြု လိုက်သောကြောင့် ခေါင်းဆောင် ဟုတွင်သွားခြင်းဖြစ်သည်။) အယ်ဖာသည် ဂျိတ်အားပြိုင်ဘက်တိုင်းပြည်အဖွဲ့ဝင်များအား ရန်စပါက ပြန်လည်တိုက်ခိုက်၍ရကြောင်း၊သို့ ရာတွင် ဒဏ်ရာဒဏ်ချက်များပြားစေခြင်း သေစေသည်အထိဖြစ်စေ ခြင်းတို့ ကိုမှု တားမြစ်ထားလေသည်။ "ဒီကောင်ကဘာလားဟ စည်းကမ်းချက်တွေမသိဘဲ ခေါင်းဆောင်လုပ်နေတယ် "ဟုတ်တယ်ဟ " "ငါ့တော့စည်းကမ်းကိုတောင်မသိတဲ့ကောင်ကို မမြင်ဖူးဘူး" ဖရန့်နဲ့ဗိန်းမက်တိုင်းပြည်မှ လူများသည် အယ်ဖာရှင်းပြသည် ကို နားထောင်နေသောဂျိတ်အားကြည့်ကာရယ်မောနေကြ၏။ "တောက်" ဂရိတ်စစ်သည်များ၏တောက်ခေါက်သံနဲ့အတူ သူတို့ ၏လက် များယားလာကြ၏။ချက်ချင်းပင် မောင်းတင်ပြီး တစ်ဖက်သား အား စမှုန်တုံးပစ်ချင်စိတ်များပင်တဖွားဖွားပေါ်လာကြ၏။ သို့ ရာတွင် အယ်ဖာနဲ့ဂျိတ်မှ အမိန့်ပေးခြင်းမရှိရာငြိမ်သက်နေ ကြရ၏။အယ်ဖာ၏ရှင်းပြချက်ကြားအပြီး ဂျိတ်၏မခန့်သော အပြုံးပေါ်လာလေတော့၏။ထို့ နောက်ချက်ချင်းပင် အမိန့် ပေး၏။ "စစ်သည်တော်များ အမိန့်နားထောင် ဖရန့်ခေါင်းဆောင်ကလွှဲ ရင်ကျန်တဲ့ကောင်​ခြေထောက် ကိုပစ်" ဂျိတ်၏စကားအား ဂရိတ်စစ်သည်တော်တို့ အတွက် ကောင်းကင်ပေါ်မှပြုတ်ကျလာသော ရွှေထုပ်ကြီးပင်ဖြစ်၏။ဂျိ တ်နဲ့အတူလေ့ကျင့်ပြီးနောက်ပိုင်းတွင် သူတို့ အတွက် အမိန့် သည် သူတို့ ၏အသက်သွေးကြောပမာပင်ဖြစ်လာသည်။တစ် သွေးတစ်သံတစ်မိန့်ပုံစံကို လိုက်နာကျင့်သုံးကြသည်။ ဂျိတ်ပြောပြီးသည်နဲ့ဂရိတ်စစ်သည်တော်တို့ ၏လက်က မြန်ဆန် စွာ သေနတ်များကို ကိုင်ဆောင်လိုက်ပြီးမောင်းအသင့်ထိုးချိန် လိုက်သည်။ထို့ နောက် ဖရန့်စစ်သည်ခေါင်းဆောင်လွှဲ၍ကျန် သော သူများအားချိန်ပစ်ခတ်လိုက်ကြသည်။ "ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း" ပစ်ခတ်သံများကား ဆူညံသွား၏။ပစ်ခတ်သံများနဲ့အတူ နာကျင်မြည်းတွားသံများလည်းထွက်ပေါ်လာ၏။ ဟုတ်ပေသည်။လက်တည့်အစွမ်းပြပစ်ခတ်လိုက်သောဂရိတ် စစ်သည်များ၏ရုတ်ချည်းတိုက်ခိုက်မှုကို ဖရန့်တိုင်းပြည်မှ စစ်သည်များ အဘယ်သို့ ခံနိုင်မည်နည်း။သိနေလျှင်ပင် ရှောင်တိမ်းရခက်ခဲနေဦးမည်ဖြစ်သည်။ "မင်းတို့ ကောင်တွေ" ဖရန့်စစ်သည်ခေါင်းဆောင်ဖြစ်သောပါးသိုင်းမွှေးသည် ရုတ်ခြည်း ဖြစ်စဥ်ကြောင့် ကြောင်သွားပြီးနောက်မှဒေါသထွက်လာ လေ၏။ "အား...နာတယ်...အား" ဖရန့်စစ်သည်များ လူးလိမ့်နာကျင်သံများကဆူညံပွက်လော ရိုက်သွား၏။ ပစ်ခတ်လိုက်သောကျည်များက သူ တို့ ၏ခြေထောက်ထဲစိုက်ဝင်နေ၏။ရွှေအဆင့်စစ်သည်များဖြစ် သောကြောင့်သာ ကျည်ဆံများကြောင့် မပေါက်ထွက်သွားခြင်း ဖြစ်၏။ "မင်းတို့ ကောင်တွေ" "ဘာလဲ ဘာဖြစ်ချင်နေတာလဲပြောလေ" ဖရန့်ခေါင်းဆောင်၏စကားအား ဂျိတ်ဖြတ်ပြောလိုက်၏။ ဖရန့်ခေါင်းဆောင်ဆက်လက်ပြောလိုသော်လည်း ဂျိ တ်၏နောက်မှငနဲသားများက မိမိအားသေနတ်များဖြင့် ချိန်နေ သောကြောင့် စိတ်ကိုထိန်းချုပ်ကာ "ပြန်မယ်ငါတို့ ပြန်ကြမယ်" ဒဏ်ရာမရသောစစ်သည်များမှ ဒဏ်ရာရသောစစ်သည်များ ပွေ့ချီကူထမ်းကာ ပြန်သွားကြလေတော့၏။ ဂျိတ်လည်း ဖရန့်က်ိစ္စပြီးပြီမို့ ဗိန်းမက်ဘက်လှည့်ကာ "မင်းတို့ ကော ဘာလို့ ရပ်နေတာလဲ မြည်းချင်တာလား" ထိုစကားကြောင့် ဗိန်းမက်တို့ လည်း ချက်ချင်းပင်နောက်လှည့် ပြန်ပြေးလေတော့၏။ရှေ့ကဖရန့်တို့ သည် မိမိတို့ အတွက် ဥပမာ အဖြစ်ပြသသောကြောင့် ငြင်းဆန်မိပါက ရရှိမည့် နောက်ဆက်တွဲကို သိရှိနေကြပြီဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် ဂရိတ်စစ်သည်များမှာ ဝမ်းသာအားရကျေနပ် နေကြ၏။ယခင်နှစ်ကမိမိတို့ အားအနိုင်ကျင့်သူများကို ပ ​ ညာပြန် ပေးလိုက်နိုင်ပြီဖြစ်သည်။ "ကဲ မင်းတို့ ကောင်တွေ သေချာပြင်ဆင်အနားယူကြ ငါအပြင် ပတ်လည်လိုက်ဦးမယ်" "ဟုတ်ကဲ့ပါခေါင်းဆောင်" ဂျိတ်၏စကားကိုနားထောင်ပြီး ဂရိတ်စစ်သည်များ အမှတ်လေး ဝိုင်း၌ အနားယူနေထိုင်ရန်ပြင်ဆင်လိုက်လေသည်။ "သွားကြစို့ " ဂျိတ်၏မြင်းကိုနှိုးဆော်လိုက်သည်။ "ဟီး" မြင်းလည်းနားလည်ကြောင်း ဟီပြီး ဂျိတ်စကားတိုင်းဗယ်ဒင်မြို့ ထဲသို့ သွားလေ၏။ ဂျိတ်လည်း ဝိုင်းမှထွက်ကာ ဗယ်ဒင်မြို့ထဲသို့ ပတ်လေသည်။ဂျိ တ်အတွက် ဂရိတ်စစ်တပ်နဲ့အတူရောက်ရှိလာရခြင်းသည် မိမိ သည်ယခုလက်ရှိကိုယ်၌ဝင်စားပြီးနောက်လက်ရှိလောကအခြေ နေကို သိရှိလိုသောကြောင့် ခရီးထွက်လာခဲ့ရခြင်းဖြစ်သည်။ ထို့ ကြောင့်လည်း ဗယ်ဒင်မြို့၏သဘာဝအလှကိုလည်ပတ်ကြ ည့်ရှုရန်အတူ ယခုလည်းပတ်လှည့်နေခြင်းဖြစ်သည်။ ဂျိတ်လည်း ဗယ်ဒင်မြို့အားပတ်ပြီး မြို့၏အ​ခြေနေကို လှည့် ပတ်ကြည့်ရှုနေချိန် "ဖယ်နော်ဖယ်ကြ" မြင်းကြီးတစ်ကောင်အား ဒုန်းစိုင်းမောင်းနှင်ပြီး အော်ဟစ်နေ သောသူကို ဂျိတ်မြင်လိုက်ရ၏။ဂျိတ်ကြည့်လိုက်ရာ အားကောင်းလှသောမြင်းကောင်းတစ်စီးပေါ်၌ ကောင်မလေး တစ်ယောက်သည် အော်ဟစ်စီးနှင်းလာသည်ကိုတွေ့ရလေ သည်။ ထိုအခြေနေအရ မြင်းပေါ်မှကောင်မလေးသည် မြင်းအား ထိန်းသိမ်းနိုင်ခြင်းမရှိသည်ကိုတွေ့ရလေသည်။ ထိုကောင်မလေးသည် မြင်းအားအတတ်နိုင်ဆုံးကြိုးစားပြီး ထိန်းသော်လည်း ဘယ်လိုမှမရသည့်အခြေနေသို့ ရောက်ရှိ နေသည်ဖြစ်သည်။ "ဖယ်ကြဖယ်ကြနော် ." ထိုကောင်မလေး၏ထိန်းသိမ်းမရစီးနှင်းခြင်းကြောင့် သူ၏လမ်း၌ရှိသောလူသူအားလုံးပြေးရှောင်တိမ်းလိုက်ကြ၏။ ရှောင်နိုင်ခြင်းမရှိသော သက်မဲ့ပစ္စည်းများကား မြင်း၏လက်ချက်ဖြင့် နင်းချေဖျက်စီးခြင်းခံလိုက်ရပြီ ဖြစ်သည်။ ထိုထိန်းသိမ်းမရအခြေနေဖြစ်နေသောမြင်းသည် တဖြေးဖြေးဖြ င့် ဂျိတ်အနားသို့ ရောက်ရှိလာသည်။ထို မြင်း၏လမ်းကြောင်း၌လည်း ဂျိတ်ရှိနေလေသည်။ "ရှေ့ကမြင်းနဲ့လူဖယ်ဖယ်တိုက်မိမယ်" ကောင်မလေးမှာစိုးရိမ်စွာဖြင့်အော်၏။ဂျိတ်ကား တစ်ချင်ပင်မ လှုပ်။သူ၏မြင်းကိုပွတ်သပ်လိုက်သည်။ ထိုအခါမြင်းသည် ပြေးလာသောမြင်းကို တစ်ချက်ကြည့် လိုက်၏။ထို့ နောက် နှာမှုတ်ကာ ခွာတစ်ချက်မြေပေါ်ပေါက် လိုက်၏။ ထိုခွာသံတစ်ခေါက်ပေါက်ပြီးသည်နဲ့ပြေးနေသောမြင်းကြီးမှာ တုံခနဲရပ်တန့်သွား၏။ "အား" အရှိန်ဖြင့်ပြေးသောမြင်းမှာ ရုတ်ခြည်းတန့်သွားသောကြောင့် မြင်းပေါ်မှ ကောင်မလေးမှာ မြင်းပေါ်မှ လွင့်ထွက်သွားလေ တော့၏။ ရုတ်တရက်ဖြစ်သောကြောင့် မျက်လုံးပိတ်ကာ အော်ဟစ်မိ၏။ တိုက်ဆိုင်စွာပင် ထိုကောင်မလေးသည် ဂျိတ်ဘက်ကျလာခြင်း ဖြစ်ရာ ကောင်မလေးထိခိုက်မည်စိုးသောကြောင့် ဂျိတ်ဖမ်း လိုက်၏။ထိုအခါ ဂျိတ်၏ရင်ခွင်ထဲသို့ ရောက်ရှိသွား၏။ "ဟင် ငါဘာမှဖြစ်ဘူးလား" ထိုကောင်မလေးမျက်လုံးဖွင့်ပြီးကြည့်ရှုလိုက်၏.။ "အို" ကောင်မလေး အာမေဋိတ်အသံပင်ထွက်သွား၏။အကြောင်း ကား အလွန်တည်ကြည်ပြီးယောကျာ်းဆန်သော လူတစ်ယောက် က မိမိအားပွေ့ထားသောကြောင့်ဖြစ်၏။ထို​လိုလူစိမ်း၏ပွေ့ ခြင်းခံရသောကြောင့် သူမ၏ရင်များ မခုန်စဖူးခုန်လာလေ၏။ "နောက်တစ်ခါ မြင်းစီးမယ်ဆိုရင် သေချာသင်ကြားပြီး စီးပါ ပတ်ဝန်းကျင်ကိုဒုက္ခမပေးနဲ့" ပွေ့ထားရာမှ မြေပြင်ပေါ်သို့ ပြန်လည်ချပေးလိုက်၏။ထို့ နောက် ဆက်လက်ကြည့်ရှုရန်ထွက်ခွာသွားလေသည်. ။ "ဟင် ဘယ်လ်ိုလူလဲ" ထိုကောင်မလေး ထွက်သွားသောဂျိတ်၏နောက်ကျောကိုကြည့် ရင်းဒွိဟဖြစ်ရင်း ကျန်နေခဲ့၏။ထို့ နောက် ထိုလိုလူ၏ရင်ခွင်ထဲ မိမိရှိခဲ့သည်ဖြစ်ရပ်ကိုပြန်တွေးမိကာ ရှက်သွေးဖြာသွားလေ တော့၏။ "ဟင် ဒါနဲ့မြင်းက" မြင်းကိုပြန်ကြည့်လိုက်၏။မြင်းကား သူ၏အမိန့်ကိုနာခံလိုဟန် ဖြင့်ရပ်နေသည်ကိုမြင်လိုက်ရ၏။

(176) ရှာဖွေစုံစမ်းခြင်း

ဂျိတ်လည်း မြို့ထဲလှည့်ပတ်ကြည့်ရာမှညနေစောင်းနေပြီမို့ မိမိ တို့ တိုင်းပြည်အနားယူနေသောဝိုင်းသို့ သာပြန်လှည့်လာခဲ့ လိုက်၏။ဝိုင်းအမှတ်လေးထံသို့ မြင်းဖြင့်ပြန်လာခဲ့သည်။ ဝိုင်းများသည် ပြိုင်ပွဲဝင်တိုင်းပြည်များလုံလောက်စွာအနားယူ တည်းခိုနိုင်အောင်ရှိ၏။လက်အောက်တိုင်းပြည်များ၏အရေ တွက်သည် 114အထိရှိပြီး ဝိုင်း၏အရေတွက်မှာ150ထိရှိသည်။ သို့ ဖြစ်ရာ လုံလောက်သည်ထက်ပင်ပိုနေသေးသည်ဖြစ်၏။ဝိုင်း တစ်ဝိုင်းတိုင်းကလည်း ကြီးမားကျယ်ပြန့်သေး၏။ထို့ ကြောင့်ဗ ယ်ဒင်မြို့ကြီးသည် အလွန်ပင်ကြီးကျယ်ခမ်းနားလှသည်ကို တော့ဝန်ခံရမည် ဖြစ်သည်။ "တောက် ဒီသခင်မလေးတော့ဘယ်တွေသွားနေတာလဲ" အသက်ခုနှစ်ဆယ်အရွယ်လူကြီးတစ်ယောက်သည် စံအိမ်ကြီးထဲ၌ ခေါက်တုံခေါက်ပြန်လျှောက်နေသည်။ သူ၏မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှာများကပြည့်နှက် နေသည်။သူသည် အသက်ခုနှစ်ဆယ်အရွယ်ဟုဆိုသော်လည်း အလွန်ပင်သန်မာဖြတ်လတ်နေသည်။ သူနေနေသောစံအိမ်ကြီးသည်လည်း အလွန်ပင်ခမ်းနားထည်ဝါ လှသည်။ထိုစံအိမ်သည် ဗယ်ဒင်မြို့၌အကြီးကျယ်အခမ်းနား ဆုံးသော စံအိမ်ကြီးဟုခေါ်ပါကလည်း မမှားပေ။ သို့ ရာတွင်သူသည် ထိုစံအိမ်၏အကြောင်းကိုတွေးပြီးမခံစားနေ နိုင်ပေ။ "ဒီသခင်မလေးတော့ကွာ နောက်တစ်ခေါက်ဆိုရင်တော့မလွယ် ဘူး" သူ၏သခင်မလေးသည် အလွန်ပင်အပျော်ရှာတတ်သူတစ် ယောက်ဖြစ်ပြီးမင်းသမီးတစ်ပါးဖြစ်သည်။ဘုရင်ကြီးသည် သူ့ အား သူ၏သမီးတော်ကိုသေချာစောင့်ရှောက်ရန် မိန့်ကြားထား သောကြောင့် သူသည်လည်းအသေချာစောင့်ရှောက်ရလေ သည်။ မင်းသမီးလေးသည် အပြင်ထွက်ပြီးလျှောက်လည်တတ်သော အကျင့်ရှိ၏။ထိုသို့ သူမသိအောင် ခိုးထွက်သွားတိုင်း သူ့မှာအမြဲ လိုလိုလိုက်လံရှာဖွေပြီး ပြန်ခေါ်လာရစမြဲဖြစ်သည်။ သူသည်မင်းသမီး၏ကိုယ်ရံတော်ဟုဆိုသည်ထက် ဦးလေးလို သဖွယ်စောင့်ရှောက်ပေးနေသည်ဆိုပါကပိုပြီးမှန်ကန်ပေလိမ့် မည်.။ ယခုတစ်ခေါက်ကားသူလည်းမရှာနိုင်တော့ပေ။မင်းသမီးလေး သည် အပြင်ထွက်လှည်ရခြင်းအား စွဲလမ်းနေပြီးအမြဲလိုလိုခိုး ထွက်ကာ ရှောင်တိမ်းမျိုးစုံကိုလည်း တတ်မြောက်နေပြီ ဖြစ်သည်။ အကြောင်းကား မင်းသမီးလေးသည် သူ၏ဖခမည်းတော်ထံမှ ခြေရာဖျောက်တံဆိပ်ရသွားကြောင့်ဖြစ်၏။ထို့ ကြောင့် သူအဖို့ ရှာရခက်ခဲသွားသည်။ ထို့ ပြင်ဗယ်ဒင်မြို့ကြီးကလည်း ကြီးကျယ်ပြီးအမြဲလိုလို ရှုပ်ထွေးနေရာ ပို၍ဆိုးဝါးသွားစေသည်။ပို၍ဆိုးစေသည် အချက်ကား သူ၏မြင်းကြီးကိုစီးသွားသောကြောင့်ဖြစ်၏။ သူ၏မြင်းသည်ခရမ်းစွဲမြင်းကြီးဖြစ်ပြီး စစ်ဘက် ဆိုင်ရာ၌အသုံးပြုနိုင်သောမြင်းဖြစ်သလို သူ၏အနှစ်သက်ဆုံး မြင်းတစ်ကောင်လည်းဖြစ်၏။သူ၏မြင်းအား မင်းသမီးလေး မျက်စိကျနေသည်ကိုသူသိ၏။သို့ သော် စောစောစီးစီး သူ၏မြင်းကြီးအားမင်းသမီးမှ ခိုးစီးသွားမည်ဟုမထင်မိလိုက် ပေ။ သူ၏မြင်းသည်ကျန်သောသူစိမ်းစီးနင်းပါက ထိခိုက်ဒဏ်ရာ ဖြစ်အောင်လုပ်ဆောင်တတ်၏။ထို့ ကြောင့် အမြဲသူဂရုစိုက်ရ သောသခင်မလေး တစ်ခုခုမဖြစ်သွားစေရန်သာ ဆုတောင်းခြင်း သာတတ်နိုင်တော့လေသည်။ "ဟီ" ထိုမြင်းဟီသံကြားသည်နဲ့သူ၏စိတ်ကတုန်လှုပ်ကာ စံအိမ်မှ ချက်ချင်းပြေးထွက်သွား၏။ "သခင်မလေးဘာလို့ စိတ်ပူအောင်လုပ်ရပြန်တာလဲ ဒီကစိတ်ပူ နေတာမသိဘူးလား ဒါနဲ့ဒိီမြင်းကိုမပြောပဲ စီးနင်းသွားရတာလဲ တစ်ခုခုထိခိုက်သွားသေးလား သခင်မလေးသာထိခိုက်သွားရင် ကျနော်မျိုးရင်ကျိုးရချီရဲ့" သူ၏သခင်မလေးအားတွေ့သည်နဲ့သူပြောလိုသောစကားများ ကပွင့်အန်ထွက်လာလေသည်။သူ၏ဆူပူစိုးရိမ်သောစကားများ ကြောင့် သခင်မလေးမှာ ဘာမှပြန်လည်ချေပပြောဆိုနိုင်ခြင်းမ ရှိပဲ တိတ်ဆိတ်ငြိမ်သက်နေ၏။ ကိုယ်ရံတော်ကြီးကလည်းသူပြောလိုသော စကားများကို ပြော ပြီးမှသာငြိမ်သက်သွားသည်။ထိုအခါမှ သခင်မလေးမှာလည်း ပြန်လည်ပြောနိုင်လေသည်။ "ဦးလေး စိတ်မပူနဲ့ကျမဘာမှထိခိုက်လာတာတွေမရှိဘူး ဒီ အတိုင်းလေးခဏထွက်တာပါ" သခင်မလေးမှ မထိခိုက်ကြောင်းသိပြီးသူကိုယ်တိုင် စစ်ဆေးပြီး မှ စိတ်ချသွားလေသည်။ "နောက်မှပြောစရာရှိလည်း အထဲရောက်မှဆက်ပြော" ညနေစောင်းနေပြီဖြစ်သောကြောင့် သခင်မလေးအား လေစိမ်းတိုက်မည်ကိုပင်မလိုသောကြောင့် ကိုယ်ရံတော်မှာ စံ အိမ်အထဲသို့ အရင်ပို့ ၏။ထို့ နောက် အားပြည့်စေရန် အကောင်း စား ဂျင်းဆင်းပြုတ်ရည်ကိုတိုက်ထားနှင့်၏။ သူကိုယ်တိုင်ကား မြင်းကိုမြင်းဇောင်းသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ထား၏။ "အဲ နေပါဦး သခင်မလေးကဘယ်လိုလုပ် မြင်းစီးပြန်လာနိုင် တာလဲ" ဆူရလွန်း၍ထိုအတွေးကိုအစောပိုင်း၌မတွေးမိခဲ့။သခင်မလေး မှာ မြင်းကြီးအားတည်တည်ငြိမ်​ငြိမ်စီးလာသည်ကိုယခုမှ သတိရလာ၏။ထို့ ကြောင့် စံအိမ်ထဲပြန်ဝင်သွား၏။ "သခင်မလေး မြင်းကိုဘယ်လိုလုပ်ပြီးစီးလာနိုင်တာလဲ" သူလည်း ဂျင်းဆင်းပြုတ်ရည်ခွက်ကို ကိုင်ကာဇိမ်ခံသောက်ပြီး မေးလိုက်သည်။ သူ၏မြင်းအကြောင်းသူသာ အသိဆုံးဖြစ်၏။သူမှလွှဲရင် ကျန် သောလူတိုင်းဒုက္ခရောက်ခဲ့ကြပြီမဟုတ်ပါလား။ "ဦးလေးရဲ့မြင်းက အစပိုင်းက အဲ့မြင်းကစီးလို့ ရသေးတယ် နောက်ပိုင်းတအားသောင်းကျန်းပြီး ​ပြေးတော့တာပဲ ရှိသမျှ အကုန်တိုက်ချိုးကုန်တာပဲ " "အဟွတ်..ဟွတ်" ကိုယ်ရံတော်မှာ သီးကုန်၏။သခင်မလေးမှာ ဆက်လက် ပြော၏။ "နောက်တော့ လူတစ်ယောက်ကိုတွေ့တယ် အဲ့ကိုတိုက်ခါနီးမှာ သူ့ရဲ့မြင်းကခွာတစ်ပေါက်ချလိုက်ရော အဲ့မှာဦးလေးမြင်းကြီး က တုံခနဲရပ်သွားရော" ထိုလူ၏မြင်းကိုစိတ်ဝင်စားသွား၏။မာနကြီးသောသူ့၏မြင်းကို ရပ်တန့်နိုင်သည်ဆိုကတည်း​က ထိုလူ၏မြင်းမှာလည်း အစွမ်းထက်သွေးဆက်မြင့်မည်ဟုမှတ်ချက်ချလိုက်သည်။ "ကျမလဲမြင်းကြောင့် ရှေ့ကိုလွင့်စင်သွားရော ပြုတ်ကျပြီး ထိခိုက်ပြီထင်တာ အဲ့အချိန်မှာ အဲ့မြင်းပေါ်ကလူက ကျမကိုဖမ်း ပြီးကယ်လိုက်တာပဲ " သခင်မလေးမှာ ဂျင်းဆင်းပြုတ်ရည်​သောက်ရင်းပြောနေ၏။ သူမ​၏ပြောပုံက အတော်ပင်လှပလှ၏။ ("တော်သေးတယ် အဲ့လူရှိလို့ ငါ့သခင်မလေးမထိခိုက်တာ") ကိုယ်ရံတော်မှ ထိုလူအားအမှတ်များပေးနေမိသည်။ "အဲ့တော့သူကိုယ် ကြည့်မိတော့ ကျမကသူ့ရင်ခွင်ထဲရောက်နေ တာတွေ့ရတယ် ပြီးတော့သူကအရမ်းတည်ကြည်ခန့်ညားတာပဲ ကျမသူ့ကိုချစ်မိသွားပြီတူတယ်" "ဖူး ခလွမ်း" အသံနှစ်ခုကထွက်ပေါ်လာ၏။ တစ်သံကသခင်မလေး၏စကားကြောင့် သောက်လက်စ ဂျင်း ဆင်းပြုတ်ရည်များပြန်မှုတ်ထုတ်မိခြင်းဖြစ်ပြီး တစ်သံက သူ၏လက်ထဲရှိ ခွက်ကိုလက်ဖြင့်ချွေမွမိလိုက်ခြင်းဖြစ်သည်။ "တောက် သကောင့်သားကများ ငါ့သခင်မလေးကိုထိရဲတယ် ပေါ့လေ" ကိုယ်ရံတော်၏တစ်ကိုယ်လုံး အပူငွေ့များထွက်ပေါ်လာသလို သူ၏မျက်နှာ လည်း ဘီ ​လူးပင်အမျိုးဟုထင်ရလောက်သည် အထိဖြစ်ပျက်နေ၏။ အစောပိုင်း၌အမှတ်ပေးနေသေးသော်လည်း ယခုအခါ အမှုန့် ကြိတ်ပြီးဖျော်သောက်ချင်စိတ်အထိ ဒေါသစိတ်များကထိုး တက်နေ၏။ "သခင်မလေး သူ့ပုံကိုသိလား" သူ၏ဖြစ်ပျက်နေသော ပုံကိုအတတ်နိုင်ဆုံးထိန်းသိမ်းကာ ပြော၏။သခင်မလေးမှာ ဂျိတ်၏ပုံက်ိုစိတ်ကူးယဥ်နေသော ကြောင့် အဟောက ကိုယ်ရံတော်ဖြစ်ပျက်နေသည်ကိုသတိမ ထားမိပေ။ "ရှိတာပေါ့ မေ့မှာစိုးလို့ ပုံတောင်ဆွဲထားသေးတယ် ရော့ ကျမ သွားနားတော့မယ်" ပုံပေးပြီးသခင်မလေးမှာ အနားယူရန်အိပ်ခန်းသွားလိုက် လေ၏။ "ဟီး...ဟီး...ဒီမအေဘေးလေးက ငါ့သခင်မလေးကိုချူစားရဲနေ တာပေါ့လေ" ကိုယ်ရံတော်သည် ဘီလူးသရဲပင်မြင်ပါကလန့်ဖြတ်လောက် အောင် ကောက်ကျစ်သောရုပ်မျိုးဖြင့် ဂျိတ်၏ပုံအားကြည့်ရှု နေ၏.။ ထို့ နောက်သူသည် သူ၏အဖွဲ့ထံသွားကာ "ဒီလူကို ရှာဖွေကြစမ်းတွေ့ရင်ငါ့ဆီ ရတဲ့နည်းခေါ်လာကြ" ကိုယ်ရံတော်သည် ဂျိတ်အားရှာဖွေရန် ဂျိတ်၏ပုံအား ပြသကာ စတင်ရှာဖွေစေ လိုက်လေသည်။

(177) ကျရောက်လာသောအန္တရာယ်များ

ညအချိန်သို့ ရောက်ရှိသွားပြီဖြစ်၏။အမှတ်လေးဝိုင်းတွင်လည်း ရောက်ရှိနေသောစစ်သည်များကလည်း ကိုယ့်နေရမည့်အခန်း နေရာများကိုပြင်ဆင်နေထိုင်ပြီးကြပြီဖြစ်သည်။ထွေထွေထူးထူး လုပ်စရာမလိုပေ။ အကြောင်းကား ဝိုင်းများ၌အိမ်သန့်ရှင်းရေး မှအစအိမ်မှုကိစ္စ လုပ်ပေးသောအစေခံများခန့်ထားသောကြောင့်ဖြစ်သည်။ "ခေါင်းဆောင်ရေ ကျနော်တို့ ကိုသနားပါဦး" "ဘာဖြစ်လို့ လဲ" ဂျိတ်မေးလိုက်သည်။သူ၏ရှေ့၌ကြမ်းပေ့ရမ်းပေ့ သူ၏စစ်သည် များက ကလေးသူငယ်ပမာငိုမဲ့မဲ့ရုပ်ဖြစ်နေသောကြောင့် ဖြစ်သည်။အယ်ဖာလည်း မနေသာတော့ပဲ "ခေါင်ဆောင် ဒိီကကျွေးတာတွေသူတို့ စားလို့ မရဘူးတဲ့" "ဟုတ်လား ဒါဆို နေရာစီစဥ်ပေးတဲ့ဗယ်ဒင်ကတာဝန်ရှိသူတွေ ကိုငါသွားပြောပေးမယ်" ဂျိတ်လည်း သူတို့ ၏ရှေ့က စားပွဲကိုသေချာကြည့်၏။ကောင်း ပေ့ဆိုသောအရာများရှိနေသော်လည်းသူတို့ သည် တစ်ခေါက် သာနိုက်ကြောင်းကိုတွေ့ရှိရလေသည်။ ဂျိတ်မှထိုသို့ ဆိုရာ အယ်ဖာမှာပြာပြာသလဲလဲဖြင့် "အဲ့လိုပြောတာမဟုတ်ဘူးခေါင်းဆောင် အရင်ကခေါင်းဆောင် လက်ရာကအရမ်းကောင်းနေတော့ အခုအစားသောက်တွေက ပါးစပ်ထဲတောင်ထည့်မရဖြစ်နေတာ" ထိုအခါမှ မိမိအမှားသာဖြစ်ကြောင်းဂျိတ်သတိရလိုက်၏။ စစ်သည်များကျန်းမာသန်စွမ်းရန် ခရီးတစ်လျှောက်လုံး မိမိ ကျွေးမွေးခဲ့သည်။ထိုအခါ အရသာကောင်းကိုသိနေသော ပါးစပ်က ယခုအစားသောက်များကိုလက်ခံနိုင်စွမ်းမရှိတော့ ချေ။ "ကောင်းပြီ လုပ်ပေးမယ် နိုင်အောင်တော့ကြိုးစားကြ ငါ့ မျက်နှာပျက်အောင်လုပ်ရင် အငတ်ပဲ " "ဝေး ခေါင်းဆောင်ကွ" ခေါင်းဆောင်မှ အစားသောက်လုပ်ပေးမယ်ဆိုသည်နဲ့သူ တို့ ၏စိတ်များလုံးဝတက်ကြွသွားကြသည်။ ခေါင်းဆောင်၏လက်ရာများကိုစားသောက်ခဲ့ပြီးသည်ဖြစ်ရာ ကျန်သောအစားသောက်များမှာ မိုးနဲ့မြေပမာကွာခြားနေသည် ကို သူတို့ တွေ့ရှိလေသည်။ သည်းခံအံကြိတ်ပြီး စားသောက်သော်လည်း မိမိတို့ ၏လျှာမှာ လက်မခံကြောင်းတွေ့ရသောကြောင့် ဂျိတ်အားအကူညီတောင်း ကြခြင်းဖြစ်သည်။ ထို့ ကြောင့် ဂျိတ်လည်း သူ၏လက်ရာအား ထပ်မံပြသလိုက်ရ လေသည်။ထိုအခါဂရိတ်စစ်သည်များသည် မှိုရသောမျက်နှာ ကဲ့သို့ အတော်ပင် ရွှင်လန်းသွားကြလေသည်။ စားသောက်ပြီးသောအခါ ဂျိတ်မှစိတ်ချလက်ချအိပ်စက် အနားယူကြရန် ပြောကြား၏။ပြိုင်ပွဲမှာပြိုင်ရန်တစ်ပတ်သာ ကျန်ရှိတော့သောကြောင့်ဖြစ်၏။ထိုအခါ ဂရိတ်စစ်သည်တော် များနှစ်ခြိုက်စွာ အိပ်စက်အနားယူလိုက်ကြတော့၏။ အနားမယူနိုင် မအိပ်စက်သေးသည်ကတော့ ဖရန့်စစ်သည်တော် များနဲ့ဗိ န်းမက်စစ်သည်တော်များဖြစ်၏။ ဖရန့်စစ်သည်များနေထိုင်သောဝိုင်း၌ စစ်သည်များ၏တစ်ချက် တစ်ချက်နာကျင်မှုကြောင့်အော်သံများက ထွက်ပေါ်လာသည်။ "တောက်" ဖရန့်ခေါင်းဆောင်ဖြစ်သူ ဒေါသထွက်လွန်း၍အရက်သောက် နေ၏။သူတို့ အနိုင်ကျင့်နေကြတိုင်းပြည်က သူတို့ အားပြန်တီးထ ည့်သွားသောကြောင့်ဖြစ်၏။ထိုခံစားမှုကို လုံးဝမနှစ်သက် သော်လည်းအောင့်သက်သက်ကြီးဖြစ်နေ၏။ သူ၏လူများ နာကျင်သံများကြောင့် သူအတတ်နိုင်ဆုံးကုသပေး သော်လည်း ကျည်ဆံအ​ကြောင်းကိုသမားတော်များက မသိ သောကြောင့်ထိရောက်စွာကုသနိုင်ခြင်းမရှိပေ။ထိုအခါ ကျည်ဆန်ကြောင့် ဒဏ်ရာကတစ်ချက်တစ်ချက်နာကျင်ရာ အော်နေကြရခြင်းဖြစ်သည်။ ဒါကလည်း ဂျိတ်သုံးထားသောကျည်ဆံများကြောင့်ဟုလည်း ဆိုနိုင်သည်။ကမ္ဘာမြေ၌သုံးခဲ့သောကျည်ဆန်များထက် ပိုမို ပြင်းထန်သောကျည်များကိုသုံးထား၏။ဒါမှလည်း ကိုယ်ခန္ဓာ သန်မာသောလက်ရှိလောကရှိ စစ်သည်တော်များကို ထိခိုက်စေ မည်ဖြစ်သည်။ ........ ဗိန်းမက်တို့ ၏ဝိုင်း၌..... "ငါတို့ နောက်ထပ်သတင်းစုံစမ်းဖို့ လိုနေပြီ " ထိုစကားကိုပြောလိုက်သည်က ဗိန်းမက်ခေါင်းဆောင်ဖြစ်၏။ သူ၏စိတ်ထဲ၌ ဂရိတ်စစ်သည်များက ဖရန့်စစ်သည်များကို ထိခိုက်အောင် လက်နက်ဆန်းများဖြင့်ပစ်ခတ်ထားသော မြင်ကွင်းက ပေါ်လွင်နေ၏။မိမိတို့ မှာကံကောင်း၍သာလွတ်လာ ခြင်းဖြစ်သည်။ သို့ ရာတွင်ဆက်တိုက်ကံကောင်းနေမည်မဟုတ်ပေ။ပြိုင်ပွဲစတင် ကျင်းပသည်နဲ့ဂရိတ်စစ်သည်များနဲ့ထက်မံရင်ဆိုင်နိုင်သည် မဟုတ်ပါလား။ ထို့ ကြောင့် နောက်ထပ်သောသတင်းများကိုစုံစမ်းရန်လိုနေပြီ ဖြစ်၏။သတင်းအချက်လက်သိထားခြင်းသည် တိုက်ပွဲအခြေ နေကိုပြောင်းလဲစေနိုင်သည်ဖြစ်၏။ "ကျနော်တို့ ရဲ့ပစ်မှတ်ကိုတွေ့ရှိပါတယ် သူကဗယ်ဒင်မြို့ထဲ ရောက်နေပါတယ်" ထိုစကားသံက လုပ်ကြံသူအစည်းရုံးထဲပြန့်နှံသွား၏။ထိုစကား ကြောင့် ဆုကြေးမက်မောတောင့်တနေသောလုပ်ကြံသူတိုင်း ဗ ယ်ဒင်မြို့သို့ ထွက်ခွာကြ ကုန်သည်။ လုပ်ကြံသူများဂျိတ်အားလုပ်ကြံသည်အကြိမ်အရဆိုလျှင်သည် အကြိမ်ကဒုတိယအကြိမ်မြောက်လည်းဖြစ်၏။ လုပ်ကြံသူအများစုသည် ထိုစကားတစ်ခွန်းကြောင့် ဗယ်ဒင်မြို့ သို့ ပြေးကြသည်ဖြစ်သည်။လောဘစိတ်များဖုံးလွှမ်းနေရည နောက်တစ်နာရီကြာမှရောက်လာသောသတင်းစကားကိုမူသူတို့ မကြားလိုက်ကြပေ။ ထိုသတင်းစကားမှာ မီတာလေးရာအကွာမှလုပ်ကြံသောသူအား သူ၏မြှားဖြင့်ပင် မတုံဆိုင်းပဲချက်ချင်းပြန်သတ်လိုက်သည် ဟူသောအကြောင်းပင်ဖြစ်၏။ ........... "ငလူး သခင်မလေးကိုကယ်သူက မရိုးရှင်းဘူးပဲ " ကိုယ်ရံတော် တစ်ယောက်ဂျိတ်၏ပုံကိုစားပွဲပေါ်၌တင်ထားရင် တွေးတောနေ၏။သူ၏ရရှိလာသောသတင်းအချက်လက်အရ ဆိုလျှင် သူသည်ပြိုင်ပွဲလာပြိုင်သော ဂရိတ် တိုင်းပြည်၏ခေါင်းဆောင်ဖြစ်သည်ဟုဆို၏။သူသည် ဂရိတ် တိုင်းပြည်မှာကတည်းကလုပ်ကြံသူများ၏ပစ်မှတ်ဖြစ်ခဲ့ပြီး နောက်တွင် ပစ်မှတ်အဖြစ်မှ ပယ်ရှားခြင်းခံရသည်။ နောက်ပိုထူးခြားသောသတင်းမှာ သေမင်းဟူသောလုပ်ကြံသူကို ထိုလူငယ်မှသတ်ခဲ့သောကြောင့် ဖြစ်၏။ထိုသတင်းအရဆိုလျှင် ဂျိတ်သည် ပလက်တီနမ်အဆင့်ရှိကာ ပါရမီပါကြောင်း ကိုယ်ရံတော်မှန်းဆမိသည်။ယနေ့၌လည်း သူသည်ဖရန့်နှင့်ဗိန်း မက်တိုင်းပြည်ရှိလူများနဲ့ပြသနာတက်ကြောင်းအထိပါ ကြားသိ ရ၏။ သို့ သော်လည်း ဂျိတ်သည်သူ၏အမြင်၌ တန်ဖိုးမရှိသောအရာ တစ်ခုသာမြင်နေသေး၏။သူ၏သခင်မလေးနဲ့ယှဥ်လျှင် ဂျိတ် သည် တန်ဖိုးမရှိသောအရာတစ်ခုဟုမှတ်ယူထားသည်။ သေမင်းသေရသောကြောင့် လုပ်ကြံသူအစည်းရုံးကအငြိမ်နေ မည်မဟုတ်ကြောင်း သူသိ၏။ယခုအချိန်၌ လုပ်ကြံသူအစည်းရုံး ဖရန့်နှင့်ဗိန်းမက်တို့ ၏ရန်ကပါ ဝိုင်းဝိုင်းလည်နေသော သူက သူ၏သခင်မနဲ့ပတ်သက်ရန်မ ထိုက်တန်ကြောင်း သူသေချာပေါက်ယုံကြည်ထား၏။ အမှန်တိုင်း ပြောရလျှင်ဂျိတ်ကို အန္တရာယ်ပေးမည့်သူများက ကျရောက်လာနေပြီဖြစ်သည်။

All Chapters