အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
(178) ပြိုင်ပွဲစတင်ပြီ
ပြိုင်ပွဲကျင်းပမည့်ရက်ကားတဖြေးဖြေးနီးကပ်လာလေ၏။ ပြိုင်ပွဲကျင်းပမည့်ရက် နီးကပ်လာသည်နဲ့အမျှ လွတ်နေသော ဝိုင်းများ၌လည်း လူများပြည့်လာပြီဖြစ်၏။ စွန်ရဲအင်ပါယာ၏လက်အောက်ခံတိုင်းပြည်များကလည်း ပြိုင်ပွဲ၌ယခင်ရထားသောအဆင့်ထက် ပိုမိုတိုးတက်လာအောင် ကြိုးစားလာကြ၏။ အဆင့်တိုးတက်လာမှသာ စွန်ရဲအင်ပါယာထံသို့ မိမိတို့ ၏တိုင်းပြည်အခွန်မှလျော့နည်းသက်သာလာမည်ဖြစ်ပြီး ရရှိ ခံစားခွင့်များမှာပိုမိုတိုးပွားလာမည်ဖြစ်၏။ ထို့ ကြောင့် လည်း စွန်ရဲအင်ပါယာ၏ကျင်းပသောပြိုင်ပွဲသို့ လာ ရောက်ယှဥ်ပြိုင်နေကြခြင်းဖြစ်၏။ မပြိုင်လျှင်ဘာဖြစ်မည်နည်း။ထိုသို့ မပြိုင်ဘဲနေခဲ့သော တိုင်းပြည်ရှိခဲ့ဖူး၏။ထိုတိုင်းပြည်သည် အဆင့်ငါးအဆင့်ရှိသော တိုင်းပြည်တစ်ခုသည်လည်းဖြစ်သည်။ ထိုတိုင်းပြည် သည် ယှဥ်ပြိုင်ခြင်းမရှိရာ စွန်ရဲအင်ပါယာ၏စည်း မျဥ်းကိုဖောက်ဖျက်ခြင်းဖြစ်၏။အကျိုးဆက်နေနဲ့စွန်ရဲအင်ပါ ယာ၏လက်အောက်ခံတိုင်းပြည်အဖြစ်မှ စွန့်လွတ်ခြင်းခံလိုက် ရ၏။ ဒီနေ့လိုစွန်ရဲအင်ပါယာ၏လက်အောက်မှ စွန့်လွတ်ခြင်းခံရ သည်နဲ့နောက်နေ့တွင် ထိုတိုင်းပြည်သည် ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ခြင်းခံရလေ၏။တိုက်ခိုက်ခြင်းခံရရာတွင်လည်း တိုင်းပြည်အများနဲ့တစ်ခု တိုက်ခိုက်ရခြင်းဖြစ်၏။ အကာကွယ်ဖြစ်သောစွန်ရဲအင်ပါယာ၏လက်အောက်ခံမဟုတ် တော့သောကြောင့် တိုင်းပြည်များစွာက အတင့်ရဲဝင်ရောက် တိုက်ခိုက်ကာ ရရသမှသောပစ္စည်းဥစ္စာများကိုယူဆောင်သွား ကြလေသည်။ နောက်ဆုံး၌ ထိုတိုင်းပြည်သည်ယခုအခါ၌ ပုံပြင်ထဲ၌ ပါးစပ် စကားပြောတစ်ခုအဖြစ်နဲ့သာကျန်ရှိလေတော့သည်ဖြစ်သည်။ "ဘာ မင်းတို့ လဲမသိဘူးဟုတ်လား" ဖရန့်ခေါင်းဆောင်ကြီး ခေါင်းခဲနေပြီဖြစ်၏။ဂရိတ်စစ်တပ်သည် အဘယ်ကြောင့် ထိုလက်နက်ဆန်းများကိုရရှိပိုင်ဆိုင်ထား သနည်းကို သူမတွေးတတ်ပေ။ "ဟုတ်ပါတယ်ကျနော်တို့ အသေးစိတ်စုံစမ်းခဲ့ပြီးပါပြီ " လူလေးယောက်က မိမိတို့ တာဝန်ကျေအောင်လုပ်ဆောင်ခဲ့ ကြောင်း ရှင်းပြသည်။ထိုလေးယောက်သည် သတင်းထောက် လှမ်းရေးလောက၌ကျော်ကြားသောအဖွဲ့ဖြစ်၏။ စုံစမ်းစစ်ဆေးပေးသောအဖွဲ့သည် သာမန်အဖွဲ့စည်းမဟုတ်။သူ တို့ စုံစမ်းသမျှအရာများသည် ပေါ်ပေါ်ကစမြဲပင်ဖြစ်သည်။ သို့ ရာတွင် ဂရိတ်စစ်တပ်၏လက်နက်ကိုတော့သူတို့ စုံစမ်းနိုင်ခဲ့ ခြင်းမရှိခဲ့ပေ။ ထိုလက်နက်များသည် မည်သည့်နေရာမှထုတ်လုပ်သည် ဘယ်လိုသုံးသည်ဟူသောသတင်းများလည်း ရေထဲကျောက်တုံး ပစ်ချလိုက်သည့ပမာ မပေါ်လာတော့ပေ။ "ပြီးတော့ ပြောစရာစကားရှိပါတယ် ကျနော်တို့ ကိုစုံစမ်းခိုင်းတဲ့ ဂရိတ်စစ်တပ်ကလက်နက်ရလာလျှင် ကျနော်တို့ ကိုအရင်ဆုံး စစ်ဆေးခွင့်ပေးပါဒါဆိုရင်ကျနော်တို့ ဆက်လက်ဆောင်ရွက်ပေး သွားဦးမှာပါ" စုံစမ်းစစ်ဆေးသောအဖွဲ့သည်လည်း ဂရိတ်စစ်တပ်မီလက်နက် များကိုစိတ်ဝင်စားနေကြောင်း သိသာစေသည်။ဖရန့် ခေါင်းဆောင်လည်း မထင်မှတ်သောစကားကြောင့် အနည်းငယ် တုံဆိုင်းမိသွား၏။ ထိုအခါ ထိုအဖွဲ့မှ ထပ်မံကာ သဘောတူညီပါက အခကြေးငွေမ ယူကြောင်းပြောကြားလာ၏။ထိုအဖွဲ့ကိုငှားရမ်းခအနေဖြင့် ရွှေ ပြားသုံးသိန်းပေးချေရမည်ဖြစ်သည်။သို့ ရာတွင် မယူကြောင်း ပြောလာသောအခါ ဖရန့်ခေါင်းဆောင်ကြီး အနေဖြင့် တောင့်ခံ နိုင်ခြင်းမရှိတော့ပေ။ချက်ချင်းပင် သဘောတူညီခြင်းပြု လိုက်၏။သဘောတူရာတွင်လည်း စာချုပ်ချုပ်ဆိုလိုက်ကြ သေး၏။ "ငါတို့ စာချုပ်ရပြီ " စုံစမ်းစစ်ဆေးသောအဖွဲ့သည်လည်း မိမိတို့ ဘာသာ တစ်ကိုယ်တည်းကျေနပ်ကာပြန်သွားကြလေ၏။သူတို့ သည် ဖရ န့်တို့ နဲ့စာချုပ်ချုပ်ဆိုရာတွင် တန်သည်ဟုပြောနိုင်သည်။ဖရန့်တို့ မှ ငှားရမ်းခရွှေပြားသုံးသိန်းမရခဲ့သော်လည်း အဖိုးတန်သော အရာရလာခဲ့ကြလေသည်။ ဤသည်ကား ဂရိတ်စစ်တပ်မှ အထူးဆန်းလက်နက်များကိုကိုင် ဆောင်နေကြသည်ဟူသောအကြောင်းရာပင်ဖြစ်၏။ထို လက်နက်များသည် ဖရန့်ထံမှစကားအရဆိုလျှင် ပြင်းထန် ကြောင်း ရွှေအဆင့်စစ်သည်တော်ပင်ထိခိုက်နိုင်ကြောင်းသိထား ပြီးဖြစ်၏။ ထိုလက်နက်များ၏နမူနာသာသူတို့ ရရှိလိုက်ပါက ရွှေပြားသုံး သိန်းထက်မကသော သန်းပေါင်းများစွာသောတန်ကြေးကိုပြန်ရ မည်ဖြစ်သည်။ ထောင်ဆိုချင် ရာစွန့် ဟူသောစကားပုံအတိုင်းလှုပ်ရှားနေကြ ခြင်းဖြစ်သည်။နောက်ထပ်စကားတစ်ခွန်းကျန်ရှိနေသေး၏။ဤ သည်ကား ဖရန့်တို့ မှလက်နက်ရလာလျှင် မိမိတို့ ထံအပ်ရန်ဖြစ် သည်။ အဘယ်ကြောင့်နည်း။အဖြေကားရှင်း၏။ဂရိတ်စစ်တပ် အကြောင်းကိုစုံစမ်းရာ ဂျိတ်ဟူသောသူကိုတွေ့ရှိလိုက်သော ကြောင့်ဖြစ်သည်။ ဂျိတ်ဆိုသောသူကို နောက်ကြောင်းလိုက်ရာသံသဖွယ်ရာများ တွေ့ရှိနေလေသည်။သူတို့ ၏မြန်ဆန်လှသောသတင်းများအရ ဆိုလျှင် လက်နက်ဆန်းသည်လည်းသူ၏လက်ချက်ပင်ဖြစ်ရ မည်ဖြစ်ပြီး သေမင်းလိုလုပ်ကြံသူကိုလည်း သူကပင်သတ်ခဲ့ ကြောင်း သူတို့ တွေ့ရှိခဲ့ရလေသည်။ လုပ်ကြံသူများလည်း သူထံပြေးလာနေကြကြောင်း လုပ်ကြံသူ အစည်းရုံးမှလည်း ဆုကြေးထုတ်ထားကြောင်းကြားသိထားရာ စုံစမ်းရေးအဖွဲ့နေဖြင့်ထိုပြသနာကြားထဲဝင်လိုခြင်းမရှိပေ။ အသာလေးထိုင်စောင့်နေလိုသည်။ ထို့ ကြောင့် သူတို့ ဖရန့်အားအသုံးချပြီး လက်နက်ရယူရန်ကြံစည် နေခြင်းလည်းဖြစ်၏။သူတို့ ၏လူများမဆုံးရှုံးစေပဲ ငါးကြင်းဆီ နဲ့ငါးကြင်းကြော်လိုသောအကြံသည်လည်းဖြစ်လေသည်။ ပြိုင်ပွဲဝင်တိုင်းပြည်များကလည်း မြန်ဆန်လှ၏။အချိန်စောပြီး ကျင်းပမည့်သတင်းရသည်နဲ့ချက်ချင်းဆိုသလို အပြေးနှင်လာခဲ့ ကြ၏။ထို့ ကြောင့် ပွဲမစခင်ညမှာပင် အလုံးစုံအကုန်လုံးနီးပါး ရောက်ရှိလာကြလေတော့၏။ ဗယ်ဒင်မြို့ကြီးကား ပြိုင်ပွဲဝင်တိုင်းပြည်များနဲ့ပြည့်နှက်လျှက်ရှိ လေသည်။ထိုညတွင်တော့ ဂျိတ်လည်း မိမိတို့ တိုင်းပြည် ကိုယ်စားပြုစစ်သည်များအား အတိုချုပ်ရှင်းပြ၏။ ဂျိတ်ပြောသောအကြောင်းရာကား ရှင်း၏။ပထမအဆင့်ရရန် သာဖြစ်သည်။စစ်သည်များကလည်း ရအောင်ယူမည် ဖြစ်ကြောင်း ပြန်လည်ညီညွတ်စွာ ပြန်ဟစ်လိုက်၏။ သားရဲသခင်နှစ်ယောက်ကတော့ သူတို့ ၏ထုံးစံအတိူင်း သားရဲ နှစ်ကောင်ကို ဝိုင်းအား ပတ်စေကာ ကင်းပတ်လှည့်လည်ပျံသန်း စေနေ၏။ဒါမှသာ လုပ်ကြံသူများမိမိတို့ ဝိုင်းထဲဝင်လာပါက သိရှိနိုင်မည်ဖြစ်သည်။သူတို့ ၏စိတ်ထဲ ဂျိတ်မှမိမိတို့ အားအသိမှ တိမပြုမချင်း လုပ်ဆောင်နေဦးမယ်ဖြစ်သည်။ မနက်ခင်းသို့ ရောက်သောအခါ ပြိုင်ပွဲဝင်ရန်အတွက် တိုင်းပြည် တိုင်းမှ ကိုယ်စားပြုစစ်သည်များသည် ဗယ်ဒင်မြို့၏လေဘယ် ကွင်းသို့ ရောက်ရှိနေကြ၏။စစ်သည်များနဲ့တကွခေါင်းဆောင် များသည်လည်း ကိုယ့်လူစုနဲ့ကိုယ်စုဝေးကာရပ်နေကြ၏။ လေဘယ်ကွင်းသည် ဗယ်ဒင်မြို့၏အလယ်၌ရှိပြီး အတော်ပင် ကြီးမားသောကွင်းဖြစ်၏။မြို့၏လေးပုံတစ်ပုံခန့်သည် ထိုကွင်း ကြီးအုပ်စိုးထားသည်ဟုပင်ဆိုနိုင်သည်။ ထိုကွင်းကြီးကား ခမ်းနားလှ၏။ပြိုင်ပွဲများကိူကြည့်ရန်အတွက် လည်းနေရာရှိ၏။ထိုအားပေးနိုင်သောနေရာသည် လူဦးရေနှစ် သိန်းထိ ဝင်ဆန့်၏။ထိုလူနှစ်သိန်းအတွက် ထိုင်ရန်နေရာ စား သောက်ရန်အဟားသောက်များကလည်းလိုလေသေးမရှိဖြည့်စီး ပေးနိုင်သောကွင်းလည်းဖြစ်သည်။ ဘယ်နေရာကြည့်ကြည့် ပရိတ်သတ်များအဆင်မပြေမှုမဖြစ်စေ ရန်အစေခံမယ်လေးများက လုပ်ဆောင်ပေးလျက်ရှိ၏။ထို အစေခံမယ်လေးများသည် ပရိတ်သတ်များအတွက် လိုအပ် သော အစားသောက်များယူဆောင်ပေးရာ၌ဝန်ဆောင်ခြင်း ပြု၏။ ထိုအားပေးသောလူဦးရေကိုစောင့်ကြပ်ပေးသောစစ်သည်များ ကလည်း အလုံလောက်ရှိ၏။ထိုစစ်သည်များက အားပေးလာ သောသူများ ခိုက်ရန်ဖြစ်ပွားမှုမရှိစေရန် အမြဲတမ်း လှည့်ပတ် နေကြ၏။ ယခုအခါကွင်းထဲ၌ ပြိုင်ပွဲဝင်တိူင်းပြည်အစုံလင်ရောက်ရှိနေပြီ ဖြစ်ကာ ပြိုင်ပွဲဝင်ရန်အတွက်အသင့်ဖြစ်နေကြ၏။ကွင်း တစ်လျှောက်ကိုလည်း စွန်ရဲအင်ပါယာ၏အစောင့်များကစောင့် ကြပ်လျက်ရှိ၏။ သူတို့ ၏ချပ်ဝတ်တန်ဆာများက နေထိုးသောအခါ တဖြက်ဖြက် တောက်ပလျက်ရှိသည်။အရည်သွေးကောင်းကြောင်း သိသာစေ လေသည်။ "ပွန်...." ခရာသံကြီး၏အသံကထွက်ပေါ်လာလေသည်။ထိုအသံထွက် ပေါ်လာသည်နဲ့အစောင့်စစ်သည်တော်များအားလုံးအရိုသေ ပေးလိုက်ကြ၏။ထိုခရာသံထွက်ပေါ်လာရခြင်းသည် အင်ပါယာ မှတိုက်ရိုက်မျိုးနွယ်တစ်ယောက်သို့ မဟုတ် အဆင့်မြင့်ရာထူးရှိ သူရောက်လာမှ ထွက်ပေါ်လာသောကြောင့်ဖြစ်၏။ "အင်ပါယာ၏စစ်သူကြီးရောက်လာပါပြီ " ထိုအော်သံကြောင့် ပြိုင်ပွဲဝင်တိုင်းပြည်များ အနည်းငယ်လန့် သွားကြ၏။ထိုအင်ပါယာ၏စစ်သူကြီးများသည် အလွန် အစွမ်းထက်သောစစ်သည်တော်များဖြစ်သောကြောင့်ဖြစ်၏။ ကွင်း၌လာရောက်အားပေးနေကြသောပရိတ်သတ်များကလည်း စစ်သူကြီးအားအရိုသေပြုလိုက်ကြ၏။ "ကဲ အစီစဥ်အတိုင်းဆက်လက်ဆောင်ရွက်ပါ" ထိုစစ်သူကြီးသည် မိမိအားထိုင်ရန်ခင်းကျင်းထားသောနေရာသို့ သွားရောက်ထိူင်ပြီးလျှင်ပြောကြားလိုက်၏။ ထိုအခါ အခမ်းနားစတင်ကြောင်း ဗုံတီးခတ်သံများက ထွက် ပေါ်လာလေသည်။ "ပြိုင်ပွဲစတင်ကျင်းပပြီ " စွန်ရဲအင်ပါယာ၏လက်အောက်ခံတိုင်းပြည်များ၏ယှဥ်ပြိုင်မှု ပြိုင်ပွဲကတော့စတင်ခဲ့ပြီဖြစ်သည်။
(179) စတင်ပြိုင်ပြီ
"ဝိုး ခမ်းနားလှချည်လား" ပထမဆုံးအကြိမ်ရောက်ဖူးသော ထောက်ပို့ တပ်သားမှ ရေရွတ် လိုက်သည်။သူသည် လေဘယ်ကွင်း၌ရောက်ရှိနေပြီး လေဘယ် ကွင်း၏ကြီးကျယ်ခမ်းနားမှုများကို ရင်သပ်ရှုမောဖွယ်ကြည့်ရှူ နေသည်။ "သူတို့ ဘယ်လောက်တောင်အကုန်ကျခံထားတာလဲ" သားရဲသခင်ကန်မှ ရေရွတ်လိုက်သည်။သူသည်လေဘယ်ကွင်း ထဲသို့ ပထမဆုံးအကြိမ်ရောက်ရှိခြင်းလည်းဖြစ်သည်။ သူတွေ့သောနေရာတိုင်းကလည်း ရွှေရောင်များတောက်ပနေ သလိုနေရာအနှံ၌လည်းစောင့်ကြပ်နေသော စစ်သည်တော် တိုင်း၏အဆင့်ကရွှေအဆင့်သို့ ရောက်ရှိနေကြ၏။ ဤသည်က စွန်ရဲအင်ပါယာ၏အစွမ်းမည်မျှကြီးမားသည်ကို ဖော်ပြနေခြင်းဖြစ်သည်။သူတို့ ၏ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာများကလည်း အရည်သွေးကောင်းမွန်လှသည်။ "တော်တော်ကိုကုန်ကျထားတာလို့ ပြောလို့ ရတယ်ပြီးတော့ ဒီ ကွင်းကိုအရေးကြီးတဲ့အခမ်းနားမှ အသုံးပြုတာလေဒီတော့ လာ ရောက်ကြည့်ရှုအားပေးတဲ့ပရိတ်သတ်တွေအတွက် လူနှစ်သိန်း ဆံဝင်အောင် ဆောက်လုပ်ထားတာ" အယ်ဖာ၏ပြောစကားကြောင့် သားရဲသခင်ကန်သည်လည်း ကွင်းကိုပိုမိုကြည့်ရှူမိလေသည်။ "ပြီးတော့ ဝင်ကြေးအနေနဲ့တစ်ယောက်ကို ရွှေပြားတစ်ရာကျသ င့်တယ်ပြီးတော့ ကိုယ်ဘယ်ကကြည့်ချင်လဲဆိုတဲ့အပေါ်မူတည် ပြီး ကြည့်ရှုအားပေးလို့ ရတဲ့နေကာအဆင့်တန်းတွေလည်းထပ် ခွဲခြားသေးတယ်" ဟုတ်ပေသည်။ကြည့်ရှူအားပေးသောနေရာများကိုလည်း ထပ်မံ ခွဲခြားသေး၏။သာမန်နေရာမှကြည့်ရှုမည်ဆိုပါက ဝင်ကြေးရွှေ ပြားတစ်ရာသာကျသင့်မည်ဖြစ်ပြီး သာမန်အလယ်လတ် အထက်တန်းဟူသော အမျိုးစားများလည်းခွဲခြားသေး၏။ ခွဲခြားသောအဆင့်တန်းအလိုက်လည်း ကျသင့်သောရွှေပြားများ က ပိုမိုကုန်ကျလာမည်ဖြစ်၏။ထိုသို့ သောနေရာများသည် ကြေးကြီးကျသင့်သော်လည်း အကောင်းကြိုက်တတ်သော သူများတွက်တော့ အသင့်တော်ဆုံးသောနေရာဖြစ်သည်။ "ကဲယှဥ်ပြိုင်ရမဲ့ တိုင်းပြည်တွေ အသင့်ဖြစ်ပြီလား" "ဖြစ်ပါပြီ " ဟိန်းထွက်လာသောအသံကြီးကပြန်လည်ဖြေကြားလိုက်၏။ ယှဥ်ပြိုင်ရမည့်တိုင်းပြည်များသည် တိုင်းပြည်အဆင့်လိုက် နေရာယူထားကြ၏။အဆင့်တစ်မှအဆင့်ခုနှစ်အထိ ငယ်စဥ်မှ ကြီးသိူ့အတိုင်း နေရာယူထားကြ၏။ စုစုပေါင်း114ဖွဲ့က စုဝေးစွာရပ်နေကြပြီး ကိုယ့်တိုင်းပြည် ကိုယ်စားပြုအရောင်သွေးများဖြင့်တောက်ပနေကြ၏။အဆင့် လေးတိုင်းပြည်က ငါးတိူင်းကြည်ရှိပြီး အညှိုးတွေများရှိသော ဖ ရန့်နဲ့ဗိ န်းမက်တို့ ကတော့ ဂရိတ်တိုင်းပြည်နဲ့သိသာစွာပင် ရှောင်ဖယ်နေကြ၏။ "ဟိုအဖွဲ့ကဘာတွေလဲရူးကြပြီလား" "ဟုတ်တယ် ဘာတွေကိုင်ထားမှန်းမသိဘူး" ပွဲကြည့်ပရိတ်သတ်များက သိသာစွာပင် ဂရိတ်စစ်တပ်အား ပြောနေကြကြောင်းပြောစရာပင်မလိုကြပေ။ကျန်သော တိုင်းပြည်ကိုယ်စားပြုအဖွဲ့တိုင်းက လေးမြှားဓားစသော လက်နက်များ ကိုင်နေချိန်၌ သူတို့ က တောက်ပြောင်နေသော တုတ်ချောင်းသဏ္ဏာန်ရှိအရာများကိုကိုင်ဆောင်ထားသောကြော င့်ဖြစ်၏။ "ချီးပဲ သူတို့ ကမသိတာကိုး" ဖရန့်နဲ့ဗိ န်းမက်တို့ ကတော့ စိတ်ထဲကျိတ်တီးတိုးဆိုလိုက်ကြ၏။ ပရိတ်သတ်များအော်ဟစ်နေသော အရူးလက်နက်များက မည် မျှကြောက်စရာကောင်းကြောင်း သူတို့ မျက်မြင်တွေ့ခဲ့ဖူးပြီ ဖြစ်သည်။ "ကဲ ပြိုင်ပွဲကို အဆင့်သုံးဆင့်နဲ့ကျင်းပသွားမှာဖြစ်ပြီး အနိုင်ရရှိ တဲ့တိုင်းပြည်တွေကစမ်းသပ်မှုနယ်မြေထဲဝင်ခွင့်ရမှာဖြစ်တယ်" အစီစဥ်ကြေညာသူမှ ပြောကြားလိုက်၏။ ထိုအခါ လူ တိုင်း၏မျက်လုံးများတောက်ပသွားလေ၏။စမ်းသပ်မှုနယ်မြေ သည် သူတို့ အတွက်အလွန်အဖိုးတန်လှ၏။ထိုနယ်မြေမှ ပျောက် ကွယ်နေသော အဖိုးတန်ပစ္စည်းများနဲ့ရှားပါးအင်းများရနိုင်လေ သည်။ ထိုအရာများသည်ရပါက ကြေးကြီးကြီးဖြင့်ရောင်းချနိုင်သည့် အပြင် စွန်ရဲအင်ပါယာသို့ ပေးအပ်ပါက အထူးဆုလာဒ်များရရှိ မည်ဖြစ်သည်။ အစီစဥ်ကြေညာသူမှဆက်လက်ကြေညာ၏။ "ပထမဆုံးအနေနဲ့သတ်ဖြတ်မှုမှော်ပုံရိပ်ယောင်ဖြစ်ပါတယ်" ထိုစကားကြားသည်နဲ့ယှဥ်ပြိုင်ရမည့်တိုင်းပြည်များ၏စစ်သည် များ မျက်မှောင်ကြုံမိ၏။ အကြောင်းကား ထိုသတ်ဖြတ်မှုမှော် ပုံရိပ်သည် အလွန်ပင်ခက်ခဲသောကြောင့်ဖြစ်၏။ ကြေညာသူ၏စကားပြီးဆုံးသည်နဲ့လေဘယ်ကွင်း၏အဓိက အလယ်ဗဟို၌ သုံးထောင့်ပုံရှိသောပိရမစ်ပုံတည်ရှိလာသည်။ထို ပိရမစ်သည် စကားဆုံးသည်နဲ့မြေကြီးထဲမှထွက်ပေါ်လာခြင်း ဖြစ်၏။ ထိုပိရမစ်သည် ပထမဆုံးပြိုင်ပွဲကျင်းပသောနေရာလည်း ဖြစ်၏။သတ်ဖြတ်မှုမှော်ပုံရိပ်ယောင်သည်ထိုပိရမစ် အတွင်း၌တည်ရှိလေသည်။ ထိုပိရမစ်အတွင်းဝင်ရောက်ရန် လည်းတံခါးပေါက်ရှိ၏။ပိရမစ် သည်တံခါးသုံးပေါက်ရှိပြီးအဖြူရောင်တံခါးပေါက်သည် ဝင်ပေါက်ဖြစ်သည်။ကျန်သောနှစ်ပေါက်အနက် အနီရောင် တံခါးသည် ကျရှုံးခြင်းကိုကိုယ်စားပြုပြီး အစိမ်းရောင်သည် အောင်မြင်သည်ကို ကိုယ်စားပြု၏။ "ကဲ အဆင့်တစ်တိုင်းပြည်ကနေစဝင်ပါမယ်" အစီစဥ်ကြေညာလိုက်သည်နဲ့..... ပရိတ်သတ်များ၏စင်ဘက်မှ "ကဲ လောင်းကြေးတွေစမယ်" ထိုစကားကြောင့် ပရိတ်သတ်များကလည်း မိမိတို့ သန်ရာသန်ရာ တိုင်းပြည်များကို စတင်လောင်းလိုက်ကြ၏။ဒါကတော့ လေ ဘယ်ကွင်း၏အထာပင်ဖြစ်၏။ ပွဲကြည့်သည်ထက် မိမိအားပေးသောတိုင်းပြည်အားလောင်း ရင်းစိတ်လှုပ်ရှားစွာကြည့်ရှုရသောခံစားချက်ကပိုပြီး စိတ် လှုပ်ရှားဖို့ ကောင်းသည်မှာ လောင်းကစားသမားများသာသိ သောအချက်ဖြစ်၏။ ကြေးဖွင့်ထားသော တိုင်းပြည်များအလိုက် ပရိတ်သတ်များက လည်း မိမိတို့ အားသန်ရာတိုင်းပြည်အားခန့်မှန်းလောင်းလိုက်ကြ ပြီဖြစ်၏။ ထိုအကြောင်းကို ဂျိတ်သိသောအခါ "ငါတို့ တိုင်းပြည်လောင်းကြေးကောဘယ်လောက်ရှိလဲ" "ကျနော်တို့ တိုင်းပြည်ကို ဒီအဆင့်မှာပဲရှုံးရင် တစ်ဆ အဆင့် တက်သွားရင် ခြောက်ဆဆိုပြီး ပြထားပါတယ်" "ပြီးတော့ အဲ့ဒါကို ကျနော် တို့ တိုင်းပြည်ရှုံးနိမ့်မှာကိုပဲ ဝိုင်းထည့် ထားကြတာများပါတယ်" အယ်ဖာမှ မဝံမရဲပြော၏။ ထိုအခါမှ ဂရိတ်တိုင်းပြည်သည် ယခင်ပြိုင်ပွဲများ၌မည်မျှ အခြေနေဆိုးခဲ့ကြောင်းကိုသိရှိလိုက်ရပြီဖြစ်၏။ "ကောင်းပြီ ဒါဆို ငါလောင်းမယ်သွား ဂရိတ်တိုင်းပြည်ဘက်က လို့ ရော့..ရွှေပြားသိန်းငါးဆယ်" ဂျိတ်သည် သူ၏သိုလှောင်လက်စွပ်ထဲမှထုတ်ကာ အယ်ဖာ အားပေးလိုက်၏။ "ချွင်" "ဟာ" ထိုအခါ ဂရိတ်စစ်သည်များ၏မျက်လုံးများပြူးကျယ်လာ ကြ၏။ထိုအကြည့်ကြောင့် ဂျိတ်ပင်မလုံလဲဖြစ်သွားကာ "နည်းတယ်ထင်နေတာလား ရော့ နောက်ထပ်သိန်းငါးဆယ် သွား...ပြီးတော့ငါတို့ တိုင်းပြည်ဘက်ကပဲ ရွှေပြားသိန်းတစ်ရာ လောင်းခဲ့" ဒီတစ်ခါ မျက်လုံးပြူးကျယ်ကုန်သည်က ဂရိတ်စစ်သည်များ ပင်မဟုတ်ပဲ ဘေးမှတိုင်းပြည်ရှိလူများပါ ပါလေ၏။ ဂျိတ်မှအလွန်ရှားပါးသောသိုလှောင်လက်စွပ်မှရွှေပြားသိန်းတစ် ရာကို သာမန်ကဲ့သို့ ပင် ထုတ်ကာလောင်းခိူင်းနေသောကြောင့် ဖြစ်၏။ (ခင်ဗျားက ရွှေပြားသိန်းငါးဆယ်ကိုနည်းတယ်ထင်လို့ သိန်း တစ်ရာလောင်းတယ်ဟုတ်လား") (."ခင်ဗျားအတွေးကို လိုက်လို့ မမှီတော့ပါဘူး") အယ်ဖာလည်း ဂျိတ်ပေးသော ရွှေပြားများယူသွားကာ ဂျိတ်ပြောသည့်အတိုင်း လောင်းလိုက်၏။ ဘေးတိုင်းပြည်ရှိလူများကတော့ ဂျိတ်အား အားကျသည့်လူရှိ သလို ဟိတ်ဟန်ထုတ်ကြွားနေသည်ဟုထင်ကာ အမြင်ကတ်သူ လည်းရှိ၏။ ဂရိတ်စစ်သည်များကတော့ မိမိတို့ ၏ခေါင်းဆောင်ဖြစ်တလဲ ဆရာဖြစ်တလဲဂျိတ်သည် ရွှေပြားသိန်းတစ်ရာအားမျက်တောင် မခတ်ပဲ အေးဆေးစွာလောင်းခိုင်းသည်ကိုကြည့်ကာ အားကျ သွား၏။ ဂျိတ်သည် အလွန်ချမ်းသာသည်သာမက မိမိတို့ အပေါ်အလွန် ယုံကြည်သောကြောင့် ထိုသို့ လောင်းသည်ဟုထင်ကာ စိတ်ဓာတ် တက်ကြွလာပြီး သူတို့ အစွမ်းကုန်ကြိုးစားရန်ဆုံးဖြတ်လိုက် ကြ၏။ ပထမအဆင့်တိုင်းပြည်ရှိစစ်သည်များကတော့ ပိရမစ်၏ဝင်ခွင့် တံခါးပေါက်ထဲသို့ စတင်ဝင်ရောက်သွားကြ၏။ထိုသို့ ဝင်ရောက် သွားသည်နဲ့လောင်းကြေးများပိတ်ကာ ပြိုင်ပွဲလည်း စတင်ခဲ့ လေပြီဖြစ်သည်။
(180) ပထမအဆင့်အား ဝင်ဖြေပြီ
"ပိရမစ်ကဘာများထူးခြားနေလို့ လဲ စနစ်စစ်ဆေးကြည့်ဦး" ("စစ်ဆေးပြီးပါပြီ အမည်...ပိရမစ် ပစ္စည်း..မှော်ဝင်ပစ္စည်း အမျိုးစား..တိုက်ခိုက်ခြင်းခုခံခြင်းပုံရိပ်ယောင်ထုတ်လွှတ်ခြင်း လက်ရှိအခြေနေ...10%သာကောင်းမွန်.. ထိုပစ္စည်းသည် မှော်ဝင်ပစ္စည်းဖြစ်ပြီး အဆင့်တန်းမှာငါးဖြစ်ပြီး ဆိုးဆိုးဝါးဝါးထိခိုက်ထားသောကြောင့် တိုက်ခိုက်ခြင်းခုခံ ကာကွယ်ခြင်းအစွမ်းများလျော့နည်းနေသည်။ယခုအခါ စွန်ရဲ အင်ပါယာမှ ပုံရိပ်ယောင်စစ်ဆေးမှုအတွက်အသုံးပြုနေ ပါသည်။ ပြန်လည်ကောင်းမွန်လိုပါက...အသုံးပြုနိုင်သောနည်းများ (1)ဟီးလ် အင်းချပ်အဆင့်ခြောက်...ထိုအင်းချပ်သည်အဆင့် တစ်မှငါး မှန်သမျှသောအရာတိုင်းဆိုးဆိုးဝါးဝါးထိခိုက်နေပါစေ ပြန်လည်ကောင်းမွန်နိုင်စွမ်းရှိသည်။ (2)မှော်ပညာရှင်အား ပြုပြင်ခိုင်းခြင်း.... (3)သခင်မှ ပြန်လည်မွန်းမံပေးခြင်း..) ဂျိတ်လည်း စနစ်မှအချက်လက်များကိုသိရှိလိုက်ရပြီဖြစ်၏။ ပြန်လည်ကောင်းမွန်စေသောနည်းများပါ စနစ်ကထုတ်လုပ် ပေးလိုက်ခြင်းလည်းဖြစ်သည်။ ထို့ ကြောင့် ပိရမစ်၏အစွမ်းသည် လျော့နည်းခြင်းမရှိကြောင့် သိရှိလိုက်ရ၏။ ("အင်း ဒီလိုပိရမစ်ကို ပြိုင်ပွဲအတွက်သုံးတဲ့အဆင့်ရောက်လာ မယ်လို့ ထင်မိမှာတောင်မဟုတ်ဘူး") ထိုအခိုက်မှာပင် ပိရမစ်မှ အဆင့်တစ်အားအနီရောင်ဖြင့်ပြသ လာသည်ကိုတွေ့ရှိလိုက်ရသည်။ "ဒါက ဖြစ်သင့်ပါတယ် ပထမအဆင့်တိုင်းပြည်က မကျော်နိုင် ဘူးနဲ့တူတယ်" အနီရောင်ကျရှုံးတံခါးပေါက်မှ ပထမအဆင့်တိုင်းပြည်ကိုယ်စား ပြုအဖွဲ့ထွက်လာလေသည်။သူတို့ ၏ပုံစံသည် ပင်ပန်းနွမ်းနွယ် သောပုံစံရှိ၏။ ပထမဆုံးအဖွဲ့သည် ပွဲစပြီးနှစ်မိနစ်အတွင်း၌ ရှုံးနိမ့်ခြင်းကို စတင်ကြုံတွေ့လိုက်ရပြီဖြစ်သည်။သတ်ဖြတ်မှုမှော်ပုံရိပ်ယောင် သည် အဆင့်ဆယ်ဆင့်ပါရှိပြီး ဆယ်ဆင့်လုံးအောင်မြင်မှသာ အောင်မြင်မည်ဖြစ်၏။ တစ်ကြိမ်ပြိုင်ဆိုင်ရာ၌ စစ်သည်နှစ်ရာအထိ ပြိုင်နိုင်သည် ဖြစ်သည်။တစ်ဖွဲ့လျှင်စစ်သည်မည်မျှပင်ပါနေပါစေ နှစ်ရာသာ ပြိုင်ရမည်ဖြစ်သည်။ ပထမအဆင့်၌ဝင်ရောက်ယှဥ်ပြိုင်သောအဖွဲ့နဲ့အဆင့်တူ ပုံရိပ် ယောင်များကို ပိရမစ်မှထုတ်လွှတ်ပေးမည်ဖြစ်ပြီး ထိုပုံရိပ် ယောင်များကို သတ်ဖြတ်ရမည်ဖြစ်သည်။ထိုပုံရိပ်ယောင်များ ကို သတ်ဖြတ်နိုင်မှသာ ဒုတိယအဆင့်သို့ ဆက်လက်လျှောက် လမ်းနိုင်မည်ဖြစ်သည်။ ဒုတ်ိယအဆင့်သို့ ရောက်သောအခါ မိမိ၏အဆင့်ထက်တစ်ဆင့် မြင့်သော ပုံရိပ်ယောင်စစ်သည်နဲ့တိုက်ခိုက်ရမည်ဖြစ်ပြီး တစ်ဆ င့်ထက်သွားတိုင်းမှ မိမိထက်အဆင့်တစ်ဆင့်ပိုပိုမြင့်သော ရန်သူ နဲ့ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ ကြောင့် သတ်ဖြတ်မှုမှော်ပုံရိပ်ဟုကြားသည်နဲ့တိုင်းပြည် အများစုမှ ကြောက်လန့်သွားကြရခြင်းဖြစ်သည်။ထိုအဆင့် သည် ယခုနှစ်၌ ပထမနေရာ၌ရှိနေရာ ယခင်နှစ်များထက်ပိုမို ခက်ခဲကြောင်းသိသာစေသည်။ "ဒါဆို သူတို့ က ကျရှုံးသွားပြီလား" "ဟုတ်တယ်ခေါင်းဆောင် ဒါပေမဲ့တိုင်းပြည်အသေးလေးတွေရဲ့ ရည်မှန်းချက်က အဆင့်သုံးဆင့်လုံးကျော်ဖြတ်ဖို့ မဟုတ်ပါဘူး ပထမအဆင့်မှာယခင်ကရဖူးတဲ့ ကြာချိန်ထက်ပိုကြာအောင် နေ နိုင်ရဖို့ ပါပဲ " ဆက်လက်ပြီးအယ်ဖာမှပြောပြ၏။အဆင့်သုံးဆင့်အောင်ရန် သည် အဆင့်လေးတိုင်းပြည်မှစတင်ထားရှိသောရည်မှန်းချက် ဖြစ်ပြီး ကျန်သောတိုင်းပြည်အသေးများကား ယခင်နှစ်ကကြာ ချိန်ထက်ပိုမိုကြာအောင်နေနိုင်ရန်သာဖြစ်သည်။သိူ့မှသာ သူ တို့ ၏တိုင်းပြည်အဆင့်သည်ဆက်လက်မြဲမြံနေမည်ဖြစ်ပြီး မ လုပ်ဆောင်နိုင်ခဲ့ပါက ကျန်သောအဆင့်တစ်တိုင်းပြည်နဲ့ ပူးပေါင်းရခြင်း သို့ မဟုတ် အဆင့်နှစ် တိုင်းပြည်၏လက်အောက်ခံတိုင်းပြည်အဖြစ်နေရမည် ဖြစ်သည်။ အဆင့်တစ်မှသုံးအထိတိုင်းပြည် များသည် ပြိုင်ပွဲချိန်တိုင်း ရုန်းကန်နေရပြီး အဆင့်လေးမှခုနှစ်စသောတိုင်းပြည်များသည် သုံးကြိမ်အထိရှုံးနိမ့်ခွင့်ရှိသော အထူးခွင့်ကိုခံစားရရှိထားသည်။ ထိုအကျိုးခံစားခွင့်ကြောင့် ဂရိတ်တိုင်းပြည်သည် အဆင့်လေး အဖြစ်ဆက်လက်တည်ရှိနေခြင်းလည်းဖြစ်သည်။ ကျန်ရှိနေသောတိုင်းပြည်များကလည်းဆက်လက်ပြိုင်ဆိုင်နေ ကြ၏။ထိုတိုင်းပြည်များကလည်း ပထမအဆင့်စမ်းသပ်မှူအဆ င့်မအောင်မြင်သော်လည်း ပိရမစ်ထဲ၌နေနိုင်သောအချိန်ကြာမြ င့်လာကြ၏။ တစ်ချ်ို့တိုင်းပြည်များသည်သတ်ဖြတ်မှုပုံရိပ်ယောင်၌တတိယ အဆင့်ထိပါရောက်ရှိလာကြ၏။သို့ သော်လည်း သူတို့ သည် ကျ ရှုံးဆဲဖြစ်သည်။ကျရှုံးသော်ငြားလည်း သူတို့ သည်ပျော်ရွှင်နေ ကြ၏။ အကြောင်းကား ယခင်နှစ်၌သူတို့ သည် ပထမအဆင့်၌သာရရှိ ပြီးယခုနှစ်၌ တတိယအဆင့်ထိရောက်ရှိသောကြောင့်ဖြစ်သည်။ သူတို့ တိုင်းပြည်၏အဆင့်သည်ထိုးကျမည်လည်းမဟုတ်တော့ သလို အခွန်လည်းပိုမိုပေးနေစရာမလိုသောကြောင့် ပျော်ရွှင်နေ ကြ၏။ "ဝေး ဟိုမှာအစိမ်းတံခါးပေါက်ကနေတစ်ယောက်ထွက်လာ တယ်ဟေ့" ပရိတ်သတ်များ၏အသံကဆူညံပွက်လောရိုက်ခတ်သွား၏။ အမှန်တကယ်လည်း လူတစ်ယောက်သည် အစိမ်းရောင် တံခါးပေါက်မှထွက်လာခြင်းဖြစ်၏။ ထိုသို့ အစိမ်းတံခါးမှထွက်လာနိုင်ခြင်းသည် ထိုလူသည် သတ်ဖြတ်ခြင်းမှော်ပုံရိပ်ယောက်အား ဆယ်ဆင့်လုံးဖြတ်သန်း နိုင်ကြောင်းလည်း ပြသနေ၏။ထိုလူ၏ကိုယ်၌လည်း ဓားရာ များလှံထိုးများကရှိနေပြီး သူ၏အခြေနေကလည်း တိုက်ပွဲ ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် အားအင်လျော့နည်းနေသည့် အခြေထိရောက်ရှိနေ၏။ "သူက တတိယတိုင်းပြည်တစ်ခုရဲ့စစ်သည်တော်ပဲ " မြန်ဆန်စွာပင် ပထမဆုံးအောင်မြင်စွာထွက်လာနိုင်ခဲ့သော စစ်သည်အကြောင်းကားမြန်ဆန်စွာ စုံစမ်းလိုက်ကြ၏။ "မင်း ငါတို့ အဆင့်လေးတိုင်းပြည်ထဲဝင်ပါ ထိုက်ထိုက်တန်တန် ချီးမြင့်ပါမယ်" "ငါတို့ အဆင့်ငါးတိုင်းပြည်ဆီလာပါ သူတို့ ပေးတာထက်ပိုပေးပါ မယ်မင်းလိုချင်တာမှန်သမျှပေါ့" အောင်မြင်သွားသောစစ်သည်လေးအား တိုင်းပြည်များစွာက သွေးဆောင်နေကြ၏။ဤသည်ကလည်း ပြိုင်ပွဲအတွင်း၌ဖြစ် တတ်လေ့ရှိသော အကြောင်းရာတစ်ခုပင်ဖြစ်၏။ထိိုသို့ ပထမအ ဆင့်ဖြတ်သန်းအောင်မြင်သေယသူသည် ရွှေအဆင့်၌သာတန့် နေမည်မဟုတ်သလို သူ၏လမ်းကြောင်းက မြင့်ကြောင်း ပြသ နေသည်နဲ့ပင်တူ၏။ ပထမအဆင့်အောင်မြင်ခြင်းသည် ပလက်တီနမ်ကဲ့သို့ သောအ ဆင့်ပင် ရောက်ရန်ရာခိုင်နှုန်းများ၏။ထို့ ကြောင့်တိုင်းပြည်များ ထိုစစ်သည်အားအသည်းသန်ရရန်ကြိုးစားနေကြခြင်းဖြစ်၏။ ပလက်တီနမ်အဆင့်စစ်သည်တစ်ယောက်ရရှိခြင်းသည် တိုင်းပြည်အတွက်များစွာအကြုံးဝင်သောကြောင့်ဖြစ်၏။ တဖြေးဖြေးဖြင့် တတိယအဆင့်တိုင်းပြည်များ၏အလှည့်ပင် ရောက်လာလေသည်။တတိယအဆင့်တိုင်းပြည်များလည်း ကြိုးစားပြီးပြိုင်ကြ၏။သို့ရာတွင် သူတို့ သည်လည်း စတုတ္ထ အ ဆင့်၌ကျရှုံးကြသလို ထူးထူးဆန်းဆန်း နှစ်ယောက်သာ မှော်ပုံ ရိပ်ဆယ်ဆင့်ကိုဖြတ်သန်းနိုင်ပြီး ပထမအဆင့်အားအောင်မြင်ခဲ့ လေသည်။ တတိယတိုင်းပြည်များပင် စတုတ္ထ အဆင့်အောင်ရန်ခက်ခဲ၏။ အောင်မြင်သွားသော စစ်သည်နှစ်ယောက်အား ကျန်တိုင်းပြည် များကရရှိကန်အသည်းသန်ကြိုးစားကြပြန်သည်။ ဒီလိုဖြင့်အဆင့်လေးတိုင်းပြည်များအလှည့်ရောက်ရှိလာ၏။အ ဆင့်လေးတိုင်းပြည်များ၏ယှဥ်ပြိုင်မှူအနေဖြင့် ဂရိတ် တိုင်းပြည်မှစတင်ပြိုင်ရမည်ဖြစ်သည်။ "ဂရိတ်တိုင်းပြည် အသင့်ပြင်ပါ." စီစဥ်သူကကြေညာလိုက်၏။ ထိုအခါ ဂရိတ်စစ်သည်များလည်း တိုက်ခိုက်ရန်တက်ကြွနေ သောအမူရာဖြင့် ဂျိတ်အားကြည့်လိုက်ကြ၏။ ခေါင်းဆောင်အား မိမိတို့ သည် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားသကဲ့သို့ ပင်ဖြစ်၏။ ဂျိတ်လည်း ထိုအမူရာအားနားလည်ကြောင်း ခေါင်းညိမ်ပြကာ "သေချာလုပ်ခဲ့ " "ဟုတ်ခေါင်းဆောင်" ဂရိတ်စစ်သည်နှစ်ရာလုံးသည်လည်း လက်နက်များကိုင်ဆောင် ကာ ပိရမစ်ဝင်ပေါက်အားဝင်သွားကြ၏။ဂရိတ်စစ်တပ်သည် ပထမအဆင့်အားစတင်ဖြေဆိုပြီးဖြစ်သည်။