← Chapters

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အပိုင်း (၄၇၈) ပွင့်လင်းသော ပူးပေါင်းကြံစည်မှု (၄)

နေဝင်စပြုလာပြီဖြစ်ပြီး မည်သည့်အရပ်ကမှန်း မသိသော လေတစ်ချက်သည် မိုးဖွဲဖွဲလေးများနှင့်အတူ မျက်နှာကို လာရောက်ရိုက်ခတ်လေသည်။

သင်္ချိုင်းဂူရှေ့မှ မီးရောင်မှာ တဖြည်းဖြည်း ငြိမ်းသွားခဲ့လေပြီ။

လီချန်သည် အင်္ကျီလက်ဖြင့် နီရဲရောင်ရမ်းနေသော မျက်လုံးကို ပွတ်လိုက်ပြီး အသံအက်အက်ဖြင့် တီးတိုးပြောလိုက်လေသည်။ "စန်းကော... မိုးက ပိုသည်းလာပြီ။ ကျွန်တော်တို့ အိမ်ထဲမှာ အရင်သွားခိုကြရအောင်"

လီဟောက်သည် ဒူးထောက်နေရာမှ လှုပ်ပင် မလှုပ်ဘဲ ပြောလိုက်လေသည်။ "ငါဒီမှာ မူဖေးနဲ့ ခဏလောက် စကားပြောလိုက်ဦးမယ်။ မင်းက စူးမိသားစုဝင်တွေကို ခေါ်ပြီး အထဲသွားနှင့်လိုက်"

လီချန်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ထပ်မံဖြောင်းဖျရန် ကြိုးစားလိုက်သော်လည်း လီဟောက်က ထပ်ပြောလာခဲ့လေသည်။ "ဒီနေ့ည ငါတို့ညီအစ်ကိုတွေ ဒီနေရာမှာ တစ်ညအိပ်စောင့်ကြမယ်။ မနက်ဖြန်မှ ပြန်ကြတာပေါ့"

လီချန်သည် ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့ပြီး ထရပ်လိုက်ကာ စူးမိသားစုဝင်များကို အိမ်ထဲသို့ ဝင်ရန် ခေါ်ဆောင်သွားတော့သည်။

စူးသခင်ကြီးသည် စူးသခင်လေး၏ တွဲကူမှုဖြင့် တုန်တုန်ယင်ယင် ထရပ်လိုက်ပြီး ကျန်သော စူးမိသားစုဝင်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် ထရပ်ကာ လိုက်ပါသွားကြသည်။

ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားပြီး မျက်နှာထား နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦးသည် လီဟောက်၏ ဘေးသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့လေသည်။ သူမသည် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး "ပြောင်ကော(ဝမ်းကွဲအစ်ကို)" ဟု တိုးတိုးလေး ခေါ်လိုက်၏။

ထိုမိန်းကလေးသည် စူးဖေး၏ တူမအရင်း စူးရော့ပင် ဖြစ်လေသည်။

စူးရော့၏ အသံသည် အလွန် နူးညံ့သိမ်မွေ့ပြီး စူးဖေးနှင့် ထက်ဝက်ခန့် တူညီလေသည်။ ဝမ်းနည်းပူဆွေးမှုတွင် နစ်မြုပ်နေသော လီဟောက်သည် အသံကြားသည်နှင့် အမှတ်တမဲ့ မော့ကြည့်လိုက်မိသည်။

မိုးဖွဲဖွဲကျနေပြီး မိုးချုပ်စပြုနေပြီ ဖြစ်သည်။ မျက်နှာထားနှင့် အသွင်အပြင်သည် စူးဖေးနှင့် ဆင်တူသော စူးရော့ကို မြင်လိုက်ရသည်တွင် စူးဖေး ပြန်လည်အသက်ရှင်လာသကဲ့သို့ ထင်မှတ်လိုက်မိလေသည်။

လီဟောက်၏ မျက်ဝန်းအိမ်များ ပူနွေးလာပြီး နှာခေါင်းတစ်ခုလုံးလည်း ရှုံ့မဲ့သွားကာ "မူဖေး" ဟု တိုးတိုးလေး ခေါ်လိုက်လေသည်။

စူးရော့သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး မျက်ဝန်းများ နီရဲလာကာ လီဟောက်၏ ဘေးတွင် ဒူးထောက်ထိုင်လိုက်လေသည်။ "ပြောင်ကော... ကူးမူ ထွက်ခွာသွားတာ နှစ်ဝက်တောင် ကျော်နေပါပြီ။ ပြောင်ကော စိတ်မကောင်းဖြစ်နေတာကို ညီမ သိပါတယ်။ ဒါပေမဲ့ အရမ်းကြီး ဝမ်းနည်းမနေပါနဲ့နော်။ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါဦး။ ကူးမူသာ သိရင်လည်း ပြောင်ကော ကျန်းမာရေး ဂရုစိုက်တာကိုပဲ လိုလားမှာပါ"

ပြောရင်းဆိုရင်း သူမသည် သတ္တိမွေးကာ ရင်ခွင်ထဲတွင် အတော်ကြာအောင် သိမ်းဆည်းထားသော လက်ကိုင်ပုဝါကို ထုတ်ယူလိုက်ပြီး လီဟောက်၏ မျက်နှာပေါ်မှ မိုးရေစက်များကို သုတ်ပေးလိုက်လေသည်။

လီဟောက်သည် စိတ်နှင့်ကိုယ် မကပ်ဘဲ အနီးကပ် ရှိနေသော လှပသည့် မျက်နှာလေးကို ငေးမောကြည့်နေမိလေသည်။

စူးရော့သည် သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှတောက်ပသော မျက်ဝန်းအစုံ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ရင်ခုန်သံများ ရုတ်တရက် မြန်ဆန်လာပြီး နားရွက်ဖျားလေးများ ရဲတက်လာတော့သည်။ သို့သော် သူမသည် နောက်မဆုတ်ဘဲ သွယ်လျလှပသော လက်ချောင်းလေးများသည် လီဟောက်၏ မျက်နှာပေါ်မှ ခွာမသွားခဲ့ချေ။

လီဟောက်နှင့် ဒီလောက် နီးနီးကပ်ကပ် နေခွင့်ရခြင်းသည် သူမ နေ့တိုင်း စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ရသော အရာပင်။

ယခုအချိန်တွင် အိပ်မက်များ တကယ်ဖြစ်လာခဲ့လေပြီ။

ပြောင်ကောက သူမကို အနားကပ်ခွင့်ပေးပြီး မျက်နှာကို ထိတွေ့ခွင့်ပေးထားတယ်ဆိုတော့ ပြောင်ကောရဲ့ စိတ်ထဲမှာလည်း သူမအပေါ် သံယောဇဉ် နည်းနည်းလေးတော့ ရှိပုံရတယ်။

လီဟောက်သည် ရုတ်တရက် လက်ကိုဆန့်ကာ စူးရော့၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်လေသည်။ "ပြောင်မေ့ (ဝမ်းကွဲညီမလေး)ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ငါ တစ်ယောက်တည်း ခဏလောက် နေချင်လို့။ ညီမလေး အထဲမှာ သွားပြီး မိုးခိုလိုက်ပါဦး"

စူးရော့၏ ရင်ခုန်သံများ ဗုံတီးသကဲ့သို့ မြန်ဆန်လာပြီး နှုတ်ခမ်းကို ဖိကိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ပြောင်ကော... ညီမကို ဒီမှာနေပြီး အဖော်လုပ်ပေးခွင့် ပြုပါနော်"

အိမ်ထောင်မပြုရသေးသော မိန်းကလေးတစ်ဦးက ဤကဲ့သို့သော အပြုအမူကို လုပ်ဆောင်ခြင်းသည် သူမ၏ စိတ်ဆန္ဒကို ရှင်းလင်းစွာ ပြသနေခြင်းပင်။

လီဟောက်သည် နောက်ဆုံးတွင် အသိစိတ် ပြန်ဝင်လာပြီး မိမိနှင့် စူးရော့တို့ မည်မျှ နီးကပ်စွာ ရှိနေသည်ကို သတိထားမိလိုက်သည်။

သူသည် မျက်မှောင်ကြုတ်လိုက်ပြီး အသံမှာ အနည်းငယ် မာထန်သွားလေသည်။ "ငါက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်တောင် ရနေပြီ။ နောက်ပြီး ကိုယ်လုပ်တော် ယူဖို့လည်း စိတ်ကူးမရှိဘူး။ ပြောင်မေ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး အမြန်ဆုံး ထွက်သွားလိုက်ပါ"

စူးရော့ "..."

စကားလုံးတိုတိုလေး နှစ်ခွန်းက စူးရော့ကို ကောင်းကင်ဘုံမှ ချောက်ကမ်းပါးထဲသို့ တွန်းချလိုက်သကဲ့သို့ ဖြစ်သွားစေ၏။ လှပသော မျက်နှာလေးသည် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး မျက်ရည်များ ဝဲတက်လာတော့သည်။

သို့သော် လီဟောက်သည် စိတ်ပျော့သွားခြင်း မရှိဘဲ စူးရော့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းလှည့်သွားကာ သူမကို လုံးဝ လျစ်လျူရှုလိုက်တော့သည်။

စူးရော့သည် ဝမ်းနည်းစွာဖြင့် မျက်ရည်များ ကျလာပြီး အင်္ကျီလက်ဖြင့် မျက်နှာကို ကာလျက် ငိုကြွေးကာ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။

လီဟောက်သည် လုံးဝ ဂရုမစိုက်တော့ပေ။

ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ မိခင်အတွက် လက်စားချေရန်နှင့် အိမ်ရှေ့စံရာထူးကို လုယူရန်သာ ပြည့်နှက်နေလေသည်။ သူသည် မုန့်မိသားစု၏ အပြည့်အဝ ကူညီထောက်ပံ့မှုကို လိုအပ်လေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မုန့်ယွင်လော်ကို သူ့အပေါ် သစ္စာရှိအောင် ချော့မော့ထားရမည်။ စူးမိသားစုက ဝမ်းကွဲညီမကို ဂရုစိုက်နေရန် မည်သို့ အချိန် ရှိပါမည်နည်း။

"မူဖေး" လီဟောက်သည် ရိုးရှင်းသော ကျောက်တိုင်လေးကို စိုက်ကြည့်ရင်း အသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။ "စိတ်ချပါ... သားတော် မူဖေးအတွက် သေချာပေါက် လက်စားချေပေးပါ့မယ်"

ချောင်မိဖုရားခေါင်၊ လီကျင့်နှင့် လုမင်ယွိ။

သူသည် တစ်ယောက်ကိုမှ အလွတ်ပေးမည် မဟုတ်ပေ။

...

စူးမိသားစုဝင် အကြီးအငယ်များသည် တစ်မနက်ခင်းလုံး ငိုကြွေးထားကြသဖြင့် အားလုံး၏ မျက်လုံးများ နီရဲနေပြီး ပင်ပန်းနွမ်းနယ်နေကြသည်။ စူးရော့သည် ငိုကြွေးလျက် ဝင်ရောက်လာသောအခါ ဘယ်သူကမှ အထူးတလည် သတိမထားမိကြပေ။

လီချန်သာလျှင် စူးရော့ကို အကြိမ်ကြိမ် လှမ်းကြည့်နေမိသည်။

အဓိကအကြောင်းအရင်းမှာ စူးရော့သည် ကွယ်လွန်သွားသော မိခင်ဖြစ်သူနှင့် အလွန်တူညီနေသောကြောင့်ပင်။ မိုးရေစိုရွှဲလျက် မျက်လုံးများ နီရဲအောင် ငိုကြွေးနေသော ပုံစံလေးက ပိုလို့ပင် တူညီနေတော့သည်။

စူးရော့က မော့ကြည့်လိုက်သောအခါ အရပ်ပုပု၊ ကိုယ်လုံးဝဝနှင့် မျက်လုံးမှေးမှေး လူငယ်တစ်ယောက် သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွားပြီး ချက်ချင်းပင် တစ်ဖက်သို့ လှည့်သွားလိုက်သည်။

လီချန်သည် စိတ်ပျက်လက်ပျက်ဖြင့် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ရသည်။

ဟွန့်! ဒီစူးမိသားစုက ပြောင်မေ့က ကွယ်လွန်သွားတဲ့ မူဖေးနဲ့ တူနေလို့သာပေါ့။ မဟုတ်ရင် ငါက သူ့ကို ကြည့်ချင်လွန်းလို့လား။

စူးမိသားစုက ပြောင်မေ့ သူ့အနား ကပ်ချင်ရင်တောင် သူ သဘောကျမှ ရမှာလေ။ သူက သာ့ဝေတိုင်းပြည်ရဲ့ မင်းသားတစ်ပါး။ လက်ထပ်မယ်ဆိုရင်တောင် ဂုဏ်ရည်မြင့်မားတဲ့ အမျိုးသမီးကို မင်းသားကြင်ရာတော်အဖြစ် လက်ထပ်ရမှာ။ စူးမိသားစုရဲ့ အဆင့်အတန်းနဲ့ဆိုရင် ကိုယ်လုပ်တော် လုပ်ရရင်တောင် အမြင့်ဆုံး ဖြစ်နေပြီ။

လီချန်၏ အတွေးများသည် လွင့်မျောသွားပြီး မကြာမီ သူ၏ လက်ထပ်မင်္ဂလာ ကိစ္စဆီသို့ ရောက်ရှိသွားလေသည်။

ပဉ္စမသခင်မလေးလု...

သူသည် အဝေးကနေ ကြိမ်ဖန်များစွာ မြင်ဖူးလေသည်။ ရုပ်ရည်ချောမောပြီး မျက်ဝန်းများက သက်ဝင်လှုပ်ရှားနေကာ ပြုံးလိုက်လျှင် အလွန် ချစ်စရာကောင်းလေသည်။ ရိုင်းစိုင်းခက်ထန်သော အာ့စောင်ထက် အများကြီး ပိုပြီး ချစ်စရာကောင်းသည်။

တစ်ခုတည်းသော ဝမ်းနည်းစရာမှာ ပဉ္စမသခင်မလေးလုသည် ရှင်းယန်ဝမ်၏ မွေးစားသမီးသာ ဖြစ်နေခြင်းပင်။ စစ်သူကြီးမျိုးနွယ်မှ ဆင်းသက်လာသော တကယ့် သခင်မလေးများနှင့် ယှဉ်လျှင် အနည်းငယ် နိမ့်ကျနေသေးသည်။

သို့သော် အစ်ကိုဖြစ်သူက ဒီလက်ထပ်ပွဲမှာ ကောင်းကျိုးများစွာ ရှိသည်ဟု ပြောလာမှတော့ သူလည်း အစ်ကိုဖြစ်သူ၏ စကားကို နားထောင်ရုံသာ တတ်နိုင်တော့သည်။

...

ထိုညတွင် လီဟောက်နှင့် လီချန် ညီအစ်ကိုနှစ်ဦးသည် သင်္ချိုင်းဂူရှေ့တွင် တစ်ညလုံး စောင့်နေခဲ့ကြသည်။

နောက်တစ်နေ့တွင် လီဟောက်သည် နန်းတော်သို့ ပြန်သွားပြီး ယုံးကျားဧကရာဇ်နှင့် တွေ့ဆုံကာ လီချန်၏ လက်ထပ်ပွဲကိစ္စကို ထပ်မံ ပြောဆိုခဲ့လေသည်။

ယုံးကျားဧကရာဇ်သည် လက်ခံခြင်း မပြုသေးဘဲ ရက်အနည်းငယ် ထပ်မံ စဉ်းစားဦးမည်ဟုသာ ပြောဆိုလိုက်သည်။

ဤကိစ္စကို လူနည်းစုသာ သိရှိကြပြီး ပြင်ပသို့ သတင်းမပေါက်ကြားခဲ့ပေ။

မည်သည့်အရာကိုမျှ မသိရှိသော ပဉ္စမသခင်မလေးလု လုမင်ယွဲ့သည် ထိုနေ့တွင် ရှန်းလန်နှင့်အတူ အိမ်ရှေ့စံအိမ်တော်သို့ ဂါရဝပြုရန် ရောက်ရှိလာခဲ့လေသည်။ လုရွှမ်းသည် တဖြည်းဖြည်း ကြီးပြင်းလာပြီဖြစ်၍ အိမ်ရှေ့စံအိမ်တော်သို့ ဝင်ထွက်သွားလာရန် မသင့်လျော်တော့သဖြင့် သမီးယောက်မ နှစ်ယောက်တည်းသာ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

"အာ့စောင်... ဝူမေ့" လုမင်ယွိသည် ယောက်မနှင့် ညီမဖြစ်သူကို တွေ့လိုက်ရသောအခါ စိတ်ပျော်ရွှင်သွားပြီး မျက်ဝန်းထဲတွင် အပြုံးများ ပြည့်နှက်သွားလေသည်။ "နင်တို့နဲ့ မတွေ့ရတာတောင် တော်တော်ကြာပြီပဲ"

ရွှီအာနှင့် ရွှမ်းအာတို့သည် ပိုလို့ပင် ပျော်ရွှင်နေကြပြီး ကျွမ်းအာ၏ လက်ကို မလွှတ်တမ်း ဆွဲထားကြလေသည်။ "အစ်ကိုကြီး... သား အစ်ကိုကြီးကို လွမ်းနေတာ"

ကျွမ်းအာသည် မိမိ၏ နာမည်နှင့် လိုက်ဖက်ညီစွာပင် ကျားတစ်ကောင်ကဲ့သို့ သန်မာထွားကြိုင်းပြီး ကျန်းမာသန်စွမ်းလေသည်။ မျက်နှာလေးမှာ ဖခင်ဖြစ်သူနှင့် အလွန် တူညီပြီး မျက်ခုံးထူ မျက်လုံးကျယ်ကာ အသံမှာလည်း ကျယ်လောင်လေသည်။ "ရွှမ်းမေ့မေ့... ကိုကိုလည်း ညီမလေးကို လွမ်းတယ်"

ရွှီအာသည် ကြားလိုက်ရသည်နှင့် မကျေမနပ် ဖြစ်သွားတော့သည်။ "ပြောင်ကော... သားကိုကျတော့ မလွမ်းဘူးလား"

ကျွမ်းအာသည် ရိုးသားစွာပင် ပြန်ဖြေလိုက်လေသည်။ "မလွမ်းပါဘူး။ ကိုကိုက ရွှမ်းမေ့မေ့ကိုပဲ လွမ်းတာ"

ရွှီအာသည် ဒေါသတကြီးဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး တစ်ဖက်သို့ လှည့်သွားကာ ကျွမ်းအာကို ဂရုမစိုက်တော့ပေ။ ကျွမ်းအာသည်လည်း စိတ်မကောင်းဖြစ်သွားပုံမရဘဲ ရွှမ်းအာ၏ လက်ကိုဆွဲကာ စကားပြောနေတော့သည်။ နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ တီးတိုးပြောဆိုရင်း တခစ်ခစ် ရယ်မောနေကြပြီး အလွန် ပျော်ရွှင်နေကြလေသည်။

ဘေးနားတွင် တစ်ယောက်တည်း စိတ်ကောက်နေသော ရွှီအာကို လုံးဝ ဂရုမစိုက်ကြတော့ပေ။

ရွှီအာ၏ မျက်လုံးများသည် ဟိုကြည့်ဒီကြည့် လုပ်နေပြီး နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ သူတို့နှစ်ဦး၏ အနားသို့ ပြေးသွားကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "နင်တို့ ဘာတွေပြောပြီး ဒီလောက် ပျော်နေကြတာလဲ။ ငါလည်း နားထောင်ချင်တယ်"

ကျွမ်းအာသည် နားမလည်နိုင်သော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။ "နင်က ငါ့ကို စကားမပြောဘူးဆို။ အခု ဘာလာလုပ်တာလဲ"

ရွှီအာ "..."

လူတိုင်းသည် သဘောကျစွာဖြင့် ဟားတိုက် ရယ်မောလိုက်ကြတော့သည်။

ရှန်းလန်သည် ပြုံးလျက် ကျွမ်းအာကို ဆူလိုက်လေသည်။ "သားကလည်း မင်းသားလေးကို အနိုင်မကျင့်နဲ့လေ"

လုမင်ယွိက ချက်ချင်း ဝင်ပြောလိုက်သည်။ "ကလေးတွေ အတူတူ ဆော့ကစားကြတာပဲလေ။ ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်တယ် ဆိုတာမျိုး မရှိပါဘူး။ သူတို့ကို လွှတ်ထားပေးလိုက်ပါ။ ငါတို့ ထိုင်ပြီး အေးအေးဆေးဆေး စကားပြောကြရအောင်"

လက်တစ်ဖက်က ရှန်းလန်ကို ဆွဲပြီး ကျန်လက်တစ်ဖက်က လုမင်ယွဲ့ကို ဆွဲကာ အတွင်းခန်းဆောင်သို့ ဝင်ရောက်လာခဲ့တော့သည်။

...

အပိုင်း (၄၇၉) စိတ်ဆန္ဒများ (၁)

"အဖေနဲ့ အာ့ကောက တချိန်လုံး စစ်တပ်ထဲမှာပဲ ရှိနေတော့ လုအိမ်တော်က အကြီးအငယ် ကိစ္စအားလုံးက အာ့စောင်ရဲ့ လက်ထဲမှာပဲ ရှိတာ။ အာ့စောင် ပင်ပန်းရပြီ" လုမင်ယွိက ပြုံးလျက် ပြောလိုက်လေသည်။

ရှန်းလန်က အသာအယာ ရယ်မောလိုက်ကာ "တခြားသူတွေသာ ဒီစကားကို ကြားရင် ဘယ်လောက်တောင် အားကျလိုက်မလဲ မသိဘူး။ ဘယ်အိမ်က ချွေးမက ငါ့လိုမျိုး အိမ်ထောင်ကျပြီးတာနဲ့ အိမ်မှုကိစ္စ အားလုံးကို စီမံခန့်ခွဲခွင့် ရလို့လဲ။ ယောက္ခမကလည်း စည်းကမ်းတွေ မထုတ်ဘူး။ အရာရာတိုင်းက စိတ်တိုင်းကျ ဖြစ်နေတာလေ။ ငါကသာ မကျေနပ်သေးဘူးဆိုရင် တကယ်ပဲ မိုးကြိုးပစ်ခံရမှာ"

သူမ၏ စကားလုံးများသည် ဟာသနှောနေသော်လည်း အမှန်တရားပင် ဖြစ်သည်။

ယောက်ျားလေး အိမ်သို့ ရောက်ရှိပြီးနောက် ယောက္ခမများကို ပြုစုစောင့်ရှောက်ရန် မလိုသည့်အပြင် မတ်နှင့် ယောက်မများကလည်း လိမ္မာရေးခြား ရှိကြသည်။ အိမ်တွင်းရေး ကိစ္စအားလုံးကိုလည်း ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရရှိထားသည်။ ဤကဲ့သို့သော ဘဝမျိုးသည် ပင်ပန်းသည် ဆိုလျှင်တောင် တန်ဖိုးရှိလှပေသည်။

လုမင်ယွိက နှုတ်ခမ်းကို ဖိလျက် ပြုံးလိုက်ပြီး လုမင်ယွဲ့ကို ကြည့်လိုက်လေသည်။ "ဝူမေ့... နောက်ရက်နည်းနည်းဆိုရင် နင် အရွယ်ရောက်တဲ့ အခမ်းအနား ကျင်းပရတော့မယ်။ ငါ နင့်အတွက် ဝတ်စုံနဲ့ ဆံထိုး ပြင်ဆင်ထားတယ်"

ဆယ့်ငါးနှစ်အရွယ် လုမင်ယွဲ့သည် မျက်လုံးဝိုင်းဝိုင်း၊ သွားဖြူဖြူလေးများဖြင့် ချစ်စဖွယ် ကောင်းလှပြီး မျက်ဝန်းအိမ်များသည် အလွန် သက်ဝင်လှုပ်ရှားနေလေသည်။ ချိုမြိန်စွာ ပြုံးလိုက်ပြီး "ဒါဆို စစ်ကျဲကို ကျေးဇူးတင်ပါတယ်နော်။ ညီမလေး အရွယ်ရောက်တဲ့ အခမ်းအနား ကျင်းပတဲ့နေ့ကျရင် စစ်ကျဲ ကိုယ်တိုင် လာကြည့်ပေးရမယ်နော်"

"ဒါက ပြောစရာ လိုသေးလို့လား" လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။ "ငါ သေချာပေါက် လာမှာပါ"

ရှန်းလန်က ရယ်မောကာ စနောက်လိုက်လေသည်။ "မိန်းကလေးတစ်ယောက် အရွယ်ရောက်ပြီးသွားပြီဆိုရင် လူကြီးဖြစ်သွားပြီလို့ သတ်မှတ်လို့ရပြီ။ အဲဒီအချိန်ကျရင် လုအိမ်တော်ရဲ့ တံခါးပေါက်က ကမ်းလှမ်းတဲ့သူတွေနဲ့ ပြည့်နှက်နေတော့မှာပဲ"

လုအိမ်တော်၏ တရားဝင် သမီးကြီးသည် သာ့ဝေတိုင်းပြည်၏ ထိုက်ဇီဖေး ဖြစ်လာခဲ့ပြီးနောက် မွေးစားသမီး ဖြစ်သော လုမင်ယွဲ့သည်လည်း မျိုးရိုးမြင့် အမျိုးသမီးကြီးများ၏ မျက်စိကျစရာ ဖြစ်လာခဲ့လေသည်။ တိတ်တဆိတ် စုံစမ်းမေးမြန်းသူများမှာ မနည်းလှပေ။

အထူးသဖြင့် တုန်းပင်ကျွင်းဝမ်ဖေးဆိုလျှင် သားဖြစ်သူနှင့် လက်ထပ်ပေးချင်သည့် စိတ်ဆန္ဒမှာ မီးခဲကဲ့သို့ ပူလောင်နေတော့သည်။ လုမင်ယွိ၏ ရှေ့မှောက်တွင် လုမင်ယွဲ့ကို မကြာခဏ ချီးကျူးပြောဆိုလေ့ရှိသည်။

လုမင်ယွဲ့သည် စစ်သူကြီးမျိုးနွယ်မှ ဆင်းသက်လာသော သမီးပျိုလေး ပီသစွာပင် လက်ထပ်မင်္ဂလာကိစ္စကို ပြောဆိုရာတွင် အနည်းငယ်မျှ ရှက်ရွံ့နေခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်လေသည်။ "အာ့စောင်ကလည်း ညီမလေးကို မစပါနဲ့တော့။ ညီမလေးက စောစောစီးစီး အိမ်ထောင်မပြုချင်ပါဘူး။ တကယ်လို့ လာကမ်းလှမ်းတဲ့သူ ရှိရင်တောင် အာ့စောင် လက်မခံပါနဲ့နော်"

ရှန်းလန်က ပြုံးကာ ပြောလိုက်သည်။ "ကြည့်ပါဦး။ ကိုယ့်ကိစ္စကိုယ်တောင် ဆုံးဖြတ်နေပြီ"

လုမင်ယွဲ့သည် လုမင်ယွိကို ချွဲနွဲ့ကာ ပြောလိုက်ပြန်သည်။ "စစ်ကျဲ... စစ်ကျဲက ညီမလေးအတွက် ဆုံးဖြတ်ပေးပါနော်။ အာ့စောင်ကို ညီမလေးကို စောစောစီးစီး အိမ်ထောင်ချမပေးဖို့ ပြောပေးပါဦး"

လုမင်ယွိသည် ချစ်စဖွယ်ကောင်းသော ညီမငယ်လေးကို ကြည့်ရင်း နှုတ်ခမ်းကို ဖိကာ ပြုံးလိုက်လေသည်။ "တကယ်လို့ သဘောကျတဲ့သူ ရှိရင်တော့ အရင် စေ့စပ်ထားလို့ ရတာပဲ။ လက်ထပ်တာကိုတော့ တစ်နှစ်နှစ်နှစ်လောက် နောက်ဆုတ်ထားလိုက်ပေါ့"

လုမင်ယွဲ့၏ မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်း ပြောလိုက်လေသည်။ "ဒါဆို စစ်ကျဲ ညီမလေးကို ကတိပေးပြီးသားလို့ သတ်မှတ်လိုက်ပြီနော်။ ညီမလေး ဆယ့်ရှစ်နှစ်ရောက်မှ အိမ်ထောင်ပြုမယ်"

မိန်းကလေးများသည် ပုံမှန်အားဖြင့် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်တွင် အိမ်ထောင်ပြုကြလေ့ရှိသည်။ ဆယ့်ရှစ်နှစ်ရောက်မှ အိမ်ထောင်ပြုခြင်းသည် အနည်းငယ် နောက်ကျသည်ဟု ဆိုနိုင်လေသည်။

လုမင်ယွိက ရယ်မောကာ စနောက်လိုက်ပြန်သည်။ "နင် အခုပြောတော့ ဟုတ်နေတာပဲ။ တကယ်လို့ သဘောကျတဲ့သူ ရှိလာရင်တော့ လက်ထပ်ချင်လွန်းလို့ ငိုယိုပြီး ပြောနေဦးမယ်။ တကယ်လို့ ဆယ့်ရှစ်နှစ်ထိ စောင့်ခိုင်းလိုက်ရင် အလောကြီးဆုံးက နင် ဖြစ်နေမှာ"

လုမင်ယွဲ့သည် ဘာကို တွေးမိသည်မသိ မျက်နှာလေး ရဲတက်လာသော်လည်း ပါးစပ်ကတော့ မာမာထန်ထန် ပြောနေဆဲပင်။ "ညီမလေးက ဘာလို့ လောရမှာလဲ။ စောစောစီးစီး အိမ်ထောင်ပြုပြီး ယောက္ခမတွေကို ပြုစုရမယ်။ ပြောတာဆိုတာကအစ စည်းကမ်းတွေ လိုက်နာနေရမှာ ဘာကောင်းလို့လဲ။ ညီမလေးက နောက်ကျမှ လက်ထပ်မှာ"

လုမင်ယွိသည် မျက်နှာလေး ရဲနေသော လုမင်ယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။

လီယန် ဆိုတဲ့ကောင်စုတ်လေးက ဘယ်အချိန်ကတည်းက လုမင်ယွဲ့ကို မျက်စိကျနေမှန်း မသိဘူး။ ဒီတစ်နှစ်ကျော်အတွင်း လုမင်ယွဲ့ နန်းတော်ထဲ ဝင်လာတိုင်း လီယန်က အကြောင်းပြချက် အမျိုးမျိုးနဲ့ လာရောက် ဂါရဝပြုလေ့ရှိတယ်။

မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သည့် တုန်းပင်ကျွင်းဝမ်ဖေးကို သူမ သဘောမကျသော်လည်း ထိုအကြောင်းပြချက်တစ်ခုတည်းဖြင့် ငယ်ရွယ်သော ချစ်သူမောင်နှံကို ခွဲခြားပစ်ဖို့တော့ သူမ မရက်စက်နိုင်ပေ။

ထို့ကြောင့် လုမင်ယွိသည် မျက်စိတစ်ဖက်ဖွင့် မျက်စိတစ်ဖက်ပိတ်ကာ လူငယ်မောင်နှံ နှစ်ဦး တိတ်တဆိတ် တွေ့ဆုံနေကြသည်ကို မသိချင်ယောင် ဆောင်ပေးထားလိုက်သည်။

ချီယွင်သည် ပြုံးရွှင်စွာ ဝင်ရောက်လာပြီး သတင်းပို့လေသည်။ "ထိုက်ဇီဖေးကို လျှောက်တင်ပါတယ်... လီရှစ်ဇီ (လီယန်) (လီအိမ်တော်ဆက်ခံသူ)က ထိုက်ဇီဖေးကို ဂါရဝပြုဖို့ ရောက်နေပါတယ်"

ကြည့်စမ်း... ကျားကို သတိရလိုက်တာနဲ့ ကျားရောက်လာပါရောလား။

ရှန်းလန်နှင့် လုမင်ယွိတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အသီးသီး ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ကြသည်။ လုမင်ယွဲ့၏ မျက်နှာလေးသည် ပို၍ပင် ရဲတက်လာသော်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်နေရရှာသည်။

လုမင်ယွိက ပြုံးလျက် အမိန့်ပေးလိုက်သည်။ "လီရှစ်ဇီကို ဝင်ခွင့်ပြုလိုက်"

...

ခဏအကြာတွင် လီရှစ်ဇီသည် အခန်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။

လီယန်သည် လုမင်ယွဲ့ထက် တစ်နှစ်ကြီးပြီး ယခုနှစ်တွင် ဆယ့်ခြောက်နှစ် ရှိပြီဖြစ်သည်။ တုန်းပင်ကျွင်းဝမ်သည် ယုံးကျားဧကရာဇ်၏ ဝမ်းကွဲညီဖြစ်ပြီး တော်ဝင်မျိုးနွယ်စု၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ဆွေမျိုးဂုဏ်ဒြပ်အရ ပြောရမည်ဆိုလျှင် လီယန်ကို အပြစ်ပြောစရာ မရှိပေ။

အရပ်အမောင်းအရ ပြောရမည်ဆိုလျှင် လီယန်နှင့် လီကျင့်တို့သည် အရပ်ချင်း တူညီကြပြီး ဖြောင့်မတ်တည်ကြည်ကာ ရုပ်ရည်ချောမောသည်။ စိတ်သဘောထား ပွင့်လင်းပြီး ရယ်ရယ်မောမော နေတတ်သဖြင့် လူချစ်လူခင်ပေါသော လူငယ်လေးတစ်ဦး ဖြစ်လေသည်။

လီယန်သည် လီကျင့်၏ ဝမ်းကွဲညီ ဖြစ်သည့်အပြင် အိမ်ရှေ့စံအိမ်တော်၏ အရာရှိလည်း ဖြစ်သဖြင့် နေ့စဉ် အိမ်ရှေ့စံအိမ်တော်တွင် အလုပ်လုပ်နေရပြီး လုမင်ယွိ၏ မျက်စိရှေ့တွင် မကြာခဏ ပေါ်လာတတ်သည်။ ယခုအချိန်တွင် မျက်နှာပြောင်တိုက်ပြီး "ဂါရဝပြုဖို့" ရောက်လာခြင်းသည် ထူးဆန်းသည်ဟု မဆိုနိုင်ပေ။

"လီယန်က ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်" လီယန်က ပြုံးလျက် လက်ကိုယှက်ကာ အရိုအသေ ပေးလိုက်၏။

လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။ "အားနာမနေပါနဲ့"

လီယန်သည် အလိုက်တသိပင် လက်ကိုယှက်ကာ ရှန်းလန်ကိုလည်း ဂါရဝပြုလိုက်သည်။ ရှန်းလန်က ပြုံးလျက် မတ်တပ်ထရပ်ကာ ပြန်လည် ဂါရဝပြုလိုက်လေသည်။

လုမင်ယွဲ့၏ အလှည့်ရောက်သောအခါ အသက်ငယ်ရွယ်သော လုမင်ယွဲ့က ဂါရဝပြုရမည် ဖြစ်သည်။ လုမင်ယွဲ့သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ဂါရဝပြုရန် ပြင်လိုက်စဉ် ဒူးပင်မကွေးရသေးမီ လီယန်က အလျင်အမြန် ပြောလိုက်လေသည်။ "ပဉ္စမသခင်မလေးလု... ဂါရဝပြုစရာ မလိုပါဘူး။ မြန်မြန် ထပါ"

လုမင်ယွိနှင့် ရှန်းလန်တို့သည် တခစ်ခစ် ရယ်မောလိုက်ကြသည်။

လုမင်ယွဲ့၏ နားရွက်ဖျားလေးများ ရဲတက်လာပြီး တည်ငြိမ်ဟန်ဆောင်ကာ ဂါရဝပြုပြီးနောက် မော့ကြည့်လိုက်ရာ လီယန်နှင့် အကြည့်ချင်း ဆုံသွားလေသည်။

လီယန်သည် အသည်းအသန် ပြေးလာရခြင်းမှာ ဤအကြည့်တစ်ချက်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။ ချက်ချင်းဆိုသလို သွားများပေါ်သည်အထိ တောက်ပစွာ ပြုံးလိုက်လေသည်။

အမြီးဖြန့်ချင်နေသော ဒေါင်းဖိုတစ်ကောင်နှင့် အလွန် တူနေတော့၏။

တကယ်ပဲ ကြည့်လို့မရတော့ဘူး။

ရှန်းလန်သည် မျက်လုံး ကျိန်းမတတ် ဖြစ်သွားသဖြင့် လုမင်ယွိကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။ လုမင်ယွိက ရယ်ချင်စိတ်ကို ထိန်းလျက် လီယန်ကို ပြောလိုက်လေသည်။ "အိမ်ရှေ့စံအိမ်တော်မှာ လုပ်စရာတွေ ရှိသေးတယ်မလား။ မင်းအလုပ် မင်း သွားလုပ်လေ။ ငါတို့နဲ့ စကားပြောဖို့ နေခဲ့စရာ မလိုပါဘူး"

လီယန်က ပါးစပ်ကတော့ ဟုတ်ကဲ့ဟု ပြောနေသော်လည်း ခြေထောက်များကတော့ ကော်နှင့် ကပ်ထားသကဲ့သို့ ရွေ့မရဘဲ ဖြစ်နေရှာသည်။

လုမင်ယွိနှင့် ရှန်းလန်တို့ ထပ်မံ ရယ်မောလိုက်ကြပြန်သည်။

လုမင်ယွဲ့၏ မျက်နှာလေးသည် နီရဲနေပြီး ရင်ထဲတွင်တော့ ကြည်နူးမှုလေးများ ဖြစ်ပေါ်လာခဲ့လေသည်။

သူမနှင့် လီယန်တို့သည် စောစောကတည်းက သိကျွမ်းခဲ့ကြသည်။ တကယ်တမ်း ရင်းနှီးသွားသည်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က ဖြစ်သည်။ ထိုအချိန်က လုမင်ယွိ ဒဏ်ရာအပြင်းအထန် ရရှိပြီး အိမ်ရှေ့စံအိမ်တော်တွင် ဆေးကုသမှု ခံယူနေချိန် ဖြစ်သည်။ သူမသည် အိမ်ရှေ့စံအိမ်တော်သို့ မကြာခဏ လာရောက် ပြုစုစောင့်ရှောက်ပေးခဲ့ပြီး လီယန်သည်လည်း အိမ်ရှေ့စံအိမ်တော်၏ အရာရှိ ဖြစ်သည့်အပြင် လီကျင့်၏ ဝမ်းကွဲညီအစ်ကို ဖြစ်သဖြင့် လီကျင့်ကို မကြာခဏ လာရောက် တွေ့ဆုံလေ့ရှိသည်။ လူငယ်မောင်နှံ နှစ်ဦးသည် မကြာခဏ ဆုံတွေ့ခွင့် ရရှိခဲ့ကြသည်။

အပြန်အလှန် တွေ့ဆုံရင်းဖြင့် နှစ်ဦးသား၏ ရင်ထဲတွင် မရေရာသော သံယောဇဉ်လေးများ ဖြစ်ပေါ်လာခဲ့ကြသည်။

ထို့နောက်တွင် တုန်းပင်ကျွင်းဝမ်ဖေးသည် အိမ်ရှေ့စံအိမ်တော်သို့ မကြာခဏ လာရောက်လည်ပတ်ပြီး စကားစပ်ကြားတွင် သားဖြစ်သူအတွက် တောင်းရမ်းလိုသော အရိပ်အယောင်များ ပြသခဲ့လေသည်။ လုမင်ယွိသည်လည်း လုမင်ယွဲ့ကို နောက်ပြောင်သလိုနှင့် နှစ်ကြိမ်ခန့် မေးမြန်းဖူးလေသည်။

"ပဉ္စမသခင်မလေးလုရဲ့ အရွယ်ရောက်တဲ့ အခမ်းအနား ကျင်းပတော့မယ်လို့ ကြားတယ်" လီယန်သည် မထွက်ခွာချင်သေးဘဲ ပြောစရာ စကားမရှိ ရှာကြံပြောနေရှာသည်။ "အဲဒီကျရင် ကျွန်တော့်အမေဆီကို ဖိတ်စာပို့ဖို့ မမေ့နဲ့နော်။ အမေက သီးသန့် မှာလိုက်လို့ပါ"

လုမင်ယွဲ့သည် ရှက်ရွံ့တတ်သူ မဟုတ်သဖြင့် ပြုံးကာ ပြန်ပြောလိုက်သည်။ "ကောင်းပါပြီ။ နောက်နှစ်ရက်နေရင် ဖိတ်စာ ပို့ပေးလိုက်ပါ့မယ်"

လုမင်ယွိက တုန်းပင်ကျွင်းဝမ်ဖေးကို မနှစ်သက်ရခြင်းမှာ ယခင်ဘဝက အဖြစ်အပျက်များကြောင့်ပင်။

လုမင်ယွဲ့အတွက်မူ တုန်းပင်ကျွင်းဝမ်ဖေးသည် သူမအပေါ် ဖော်ရွေနွေးထွေးသော ကောင်းမွန်သည့် လူကြီးတစ်ဦး ဖြစ်လေသည်။

လီယန်သည် ဝမ်းသာသွားပြီး အလျင်အမြန် ပြောလိုက်ပြန်သည်။ "တကယ်တော့ အဲဒီနေ့ကျရင် ကျွန်တော်လည်း အားနေတာ။ အဲဒီကျရင် အမေ့ကို လုအိမ်တော် လိုက်ပို့ရင်းနဲ့ အခမ်းအနားကို ဝင်ကြည့်လို့..."

လုမင်ယွိက ချောင်းတစ်ချက် ဟန့်လိုက်ပြီး လီယန်၏ စကားကို ဖြတ်ပြောလိုက်သည်။ "မင်းအလုပ်ကို အရင် သွားလုပ်စမ်းပါ"

လီယန်သည် မသွားချင်သွားချင်ဖြင့် ထွက်ခွာသွားရလေသည်။

ရှန်းလန်က ပြုံးကာ လုမင်ယွဲ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး "ဒီ လီရှစ်ဇီက တော်တော်လေး အလိုက်သိတတ်တာပဲ"

လုမင်ယွဲ့၏ မျက်နှာလေး ပူနွေးနေသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်လေသည်။ "ညီမလေးနဲ့ သူနဲ့က ခဏပဲ တွေ့ဖူးတာပါ။ သိပ်မရင်းနှီးတော့ သူ့စိတ်နေစိတ်ထားကို သေချာမသိပါဘူး"

...

အပိုင်း (၄၈၀) စိတ်ဆန္ဒများ (၂)

လုမင်ယွိသည် ညီမငယ်လေး၏ အမူအရာကို ကြည့်ပြီး ပြုံးလိုက်မိလေသည်။

မိန်းကလေးတစ်ယောက် အရွယ်ရောက်လာပြီဆိုရင် မပြောပြချင်တဲ့ လျှို့ဝှက်ချက်လေးတွေ ရှိလာတတ်တာ မဆန်းပါဘူး။ နောက်မှ ညီအစ်မချင်း သီးသန့် တွေ့တဲ့အခါ သေချာ မေးကြည့်ရမယ်။

ရှန်းလန်နှင့် လုမင်ယွဲ့တို့သည် အိမ်ရှေ့စံအိမ်တော်တွင် နေဝင်ရီတရော အချိန်အထိ နေခဲ့ကြပြီးမှ နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာခဲ့ကြလေသည်။

တိုက်ဆိုင်စွာပင် သမီးယောက်မ နှစ်ယောက် အိမ်ရှေ့စံအိမ်တော်မှ ထွက်လာသည်နှင့် ပဉ္စမမင်းသားကို တွေ့လိုက်ရလေသည်။

လီဟောက်နှင့် လုမင်ယွိတို့၏ ရန်ငြိုးကို ရှန်းလန်နှင့် လုမင်ယွဲ့တို့ ကောင်းစွာ သိရှိကြသည်။ လီချန်ကို မြင်လိုက်သည်နှင့် ရင်ထဲတွင် သတိထားစရာ လူတစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြသည်။

"ပဉ္စမမင်းသားကို ဂါရဝပြုပါတယ်" အပေါ်ယံတွင်တော့ မပျက်မကွက် ဂါရဝပြုရလေသည်။ လုမင်ယွဲ့နှင့် ရှန်းလန်တို့သည် တပြိုင်တည်း ဂါရဝပြုလိုက်ကြသည်။ ကျွမ်းအာသည်လည်း လူကြီးများကဲ့သို့ လက်သီးဆုပ်လေးများကို ပိုက်ကာ ဂါရဝပြုလိုက်လေသည်။

လီချန်၏ အကြည့်သည် လုမင်ယွဲ့၏ လှပသော မျက်နှာလေးပေါ်သို့ မသိမသာ ရောက်ရှိသွားပြီး ချောင်းတစ်ချက် ဟန့်ကာ ပြောလိုက်လေသည်။ "အားလုံးပဲ ထကြပါ"

လုမင်ယွဲ့သည် ရှန်းလန်နှင့်အတူ မတ်တပ်ထရပ်လိုက်သည်။

သူတို့အချင်းချင်း ပုံမှန်အားဖြင့် ဆက်ဆံရေး မရှိကြပေ။ ထို့အပြင် အိမ်ရှေ့စံအိမ်တော်နှင့် တတိယမင်းသား၊ ပဉ္စမမင်းသားတို့သည် ရန်သူများ ဖြစ်ကြသဖြင့် ရပ်တည်ချက်ချင်း ဆန့်ကျင်ဖက် ဖြစ်နေလေသည်။ ထို့ကြောင့် စကားပြောဆို ဆက်ဆံစရာ အကြောင်းမရှိပေ။

ရှန်းလန်က ယဉ်ကျေးစွာ ပြောလိုက်လေသည်။ "ကျွန်မနဲ့ ညီမလေး ပြန်လိုက်ပါဦးမယ်။ ပဉ္စမမင်းသား လွတ်လွတ်လပ်လပ် နေပါ"

ထိုစဉ် လီချန်က ရုတ်တရက် ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ "ကျွန်တော်လည်း နန်းတော်ထဲက ထွက်မလို့။ အတူတူ သွားကြတာပေါ့"

ရှန်းလန် "..."

လုမင်ယွဲ့ "..."

သမီးယောက်မ နှစ်ယောက်လုံး ကြောင်အမ်းအမ်း ဖြစ်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် မသိမသာ ကြည့်လိုက်မိကြသည်။

လီချန်က ဘာလုပ်မလို့လဲ။

နေ့ခင်းကြောင်တောင် လူအများကြီး ရှိနေတဲ့နေရာမှာ သူတို့ကို ဒုက္ခပေးရဲလောက်အောင်တော့ သတ္တိရှိမှာ မဟုတ်ပါဘူးနော်။

လုမင်ယွဲ့သည် ငယ်ရွယ်ပြီး စိတ်ဆတ်သူ ဖြစ်သည့်အလျောက် ရှန်းလန်ထက် ပိုပြီး ပွင့်လင်းစွာ ပြောလိုက်လေသည်။ "ကျွန်မတို့နဲ့ မင်းသား သွားရမယ့် လမ်းကြောင်းက မတူပါဘူး။ အတူသွားဖို့ အဆင်မပြေလောက်ဘူး ထင်ပါတယ်။ ကျွန်မတို့ သွားနှင့်ပါတော့မယ်"

ပြောပြီးသည်နှင့် ရှန်းလန်နှင့် ကျွမ်းအာ၏ လက်ကိုဆွဲကာ ထွက်သွားရန် ပြင်လိုက်သည်။

ရှန်းလန်သည် အနည်းငယ် တုံ့ဆိုင်းနေသဖြင့် အခြေအနေကို ထိန်းသိမ်းရန် အခွင့်အရေး လက်လွတ်သွားခဲ့ပြီး လုမင်ယွဲ့ ခေါ်ရာနောက်သို့ လိုက်ပါသွားခဲ့လေသည်။ ဒီကိစ္စ အပြင်လောကကို ပြန့်သွားရင်တောင် လုအိမ်တော်က အမျိုးသမီးတွေ ပဉ္စမမင်းသားအပေါ် မလေးမစား လုပ်တယ်လို့ပဲ ပြောကြမှာ။ ဘာအပြစ်မှ ရှိမှာမဟုတ်ဘူး။

ပို၍ အံ့သြစရာ ကောင်းသည်မှာ လီချန်သည် ခြေလှမ်းကျဲကြီးများဖြင့် လိုက်လာခဲ့ခြင်းပင်။ "ဒုတိယသခင်မလေးနဲ့ ပဉ္စမသခင်မလေး... ခဏလောက် စောင့်ပါဦး။ ကျွန်တော်လည်း ခင်ဗျားတို့နဲ့အတူ နန်းတော်ထဲက ထွက်မလို့ပါ"

ထို့နောက်တွင်တော့ သူတို့၏ နောက်မှ ကပ်လျက် လိုက်ပါလာခဲ့လေသည်။

ဒီလို မျက်နှာပြောင်တိုက်တဲ့ လူမျိုးနဲ့ တွေ့နေရပေမယ့် ဂုဏ်ဒြပ်မြင့်မားသူ ဖြစ်နေပြန်တော့ ရန်စဖို့လည်း မကောင်းပြန်ဘူး။

လုမင်ယွဲ့သည် ဒေါသထွက်လာပြီး မျက်လုံးများမှ မီးပွင့်မတတ် ဖြစ်နေကာ မျက်နှာထားတင်းတင်းဖြင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ ရှန်းလန်က သိုင်းပညာ မတတ်သည့်အပြင် ကျွမ်းအာကလည်း ငယ်ရွယ်သေးသဖြင့် လုမင်ယွဲ့၏ ခြေလှမ်းများကို မမီနိုင်ပေ။

ရှန်းလန် ဘာမှမပြောရသေးခင် ကျွမ်းအာက အော်ပြောလိုက်လေသည်။ "အဒေါ် လျှောက်တာ မြန်လွန်းတယ်"

လုမင်ယွဲ့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ခြေလှမ်းများကို လျှော့ချလိုက်ရသည်။ မျက်လုံးထောင့်မှ လီချန်၏ ဝဝတုတ်တုတ် အရိပ်ကို မြင်လိုက်ရသဖြင့် ပိုလို့ပင် ဒေါသထွက်သွားလေသည်။

ကံကောင်းသည်မှာ လီချန်သည် အနည်းငယ် အရှက်ရှိသေးသဖြင့် မသင့်လျော်သော အပြုအမူများကို ဆက်လက် မလုပ်ဆောင်တော့ပေ။ နန်းတော်တံခါးဝအထိ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။ တံခါးစောင့်နေသော အတွင်းနန်းဆောင်ကုန်းကုန်းများသည် ထူးဆန်းသည်ဟု ထင်မှတ်နေကြပြီး ရှေ့တိုးကာ ဂါရဝပြုလိုက်ကြသည်။

လီချန်သည် စိတ်မရှည်စွာဖြင့် စိုက်ကြည့်လိုက်လေသည်။ "မျက်လုံး မပါကြဘူးလား။ တံခါး မြန်မြန် မဖွင့်ဘဲ ဘာလုပ်နေတာလဲ"

ကုန်းကုန်းများသည် ပြုံးရွှင်စွာဖြင့် တံခါးကို အမြန်ဖွင့်ပေးလိုက်ကြသည်။

လီချန်သည် ခေါင်းလှည့်ကြည့်လိုက်ပြီး ရှန်းလန်တို့ကို ပြောလိုက်သည့်အခါ မျက်နှာထားသည် အလွန် ကြည့်ကောင်းနေလေသည်။ "တံခါးပွင့်သွားပြီ။ ခင်ဗျားတို့ အရင် ထွက်သွားလိုက်ပါ" သူ၏ မျက်လုံးသေးသေးလေးများသည် လုမင်ယွဲ့၏ မျက်နှာပေါ်သို့ မကြာခဏ ရောက်ရှိနေလေသည်။

လုမင်ယွဲ့သည် ဒေါသထွက်နေသဖြင့် လီချန်ကို ပြန်မပြောချင်တော့ပေ။

ရှန်းလန်သည် ဉာဏ်ကောင်းသူ ဖြစ်သဖြင့် တစ်ခုခု မှားယွင်းနေကြောင်း ရိပ်မိလိုက်၏။ သို့သော် မျက်နှာပေါ်တွင် မပေါ်လွင်စေဘဲ ပြုံးလျက် လီချန်ကို နှုတ်ဆက်လိုက်လေသည်။

သမီးယောက်မ နှစ်ယောက်သည် ကျွမ်းအာကို ခေါ်ဆောင်ကာ မြင်းလှည်းပေါ်သို့ တက်လိုက်ကြသည်။

မြင်းလှည်း အတော်ဝေးဝေး ရောက်သွားမှ ရှန်းလန်သည် လိုက်ကာကို မကာ နောက်သို့ လှမ်းကြည့်လိုက်ရာ လီချန်သည် နေရာမှ မရွေ့ဘဲ ရပ်နေဆဲဖြစ်ပြီး သူ့အကြည့်များသည် လုအိမ်တော်၏ မြင်းလှည်းကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လုမင်ယွဲ့သည်လည်း ခေါင်းပြူကြည့်လိုက်ရာ မျက်ဝန်းထဲမှ မီးပွားများသည် မီးတောက်အဖြစ် ပြောင်းလဲသွားလေတော့သည်။ "ဟွန့်! သူက ဘာလုပ်ချင်တာလဲ။ ငါတို့ မိန်းမသား နှစ်ယောက်တည်းမို့ အနိုင်ကျင့်ချင်တာလား"

ရှန်းလန်သည် လှပသော လုမင်ယွဲ့ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ပြောမည့်စကားများကို ပြန်မျိုချလိုက်လေသည်။ "လမ်းမှာ စကားပြောဖို့ မကောင်းဘူး။ အိမ်ရောက်မှ ဆက်ပြောကြတာပေါ့"

လုမင်ယွဲ့သည် ဒေါသတကြီးဖြင့် လိုက်ကာကို ချလိုက်တော့သည်။

...

"အာ့စောင်... ဝူကျဲ" လုအိမ်တော်ထဲသို့ ခြေချလိုက်သည်နှင့် ခန္ဓာကိုယ် သေးသေးသွယ်သွယ်နှင့် ခေါင်းကြီးကြီး လူငယ်လေးတစ်ဦး ထွက်ပေါ်လာခဲ့လေသည်။

ထိုလူငယ်လေးသည် လုရွှမ်း ဖြစ်လေသည်။

လုရွှမ်းသည် ယခုနှစ်တွင် ဆယ့်လေးနှစ် ရှိပြီဖြစ်ပြီး အရပ်အမောင်း သိသိသာသာ ထွက်လာကာ လူပျိုပေါက် ပုံစံ ပေါက်နေလေပြီ။

သူသည် ဘယ်လောက်ပဲ စားစား ဝမလာဘဲ တစ်ကိုယ်လုံးတွင် အသားဟူ၍ မရှိသလောက်ပင်။ လက်တံခြေတံ ရှည်လျားပြီး ခေါင်းကတော့ သာမန်လူငယ်တွေထက် ပိုကြီးနေသည်။ ပါးစပ်ဖြဲကာ ရယ်လိုက်လျှင် မျက်လုံးထဲတွင် ဉာဏ်များပြီး ဆော့ကစားချင်သော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

လုမင်ယွဲ့သည် ဒေါသထွက်နေသဖြင့် အင်းဟုသာ ဖြေလိုက်သည်။

လုရွှမ်းက တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ရိပ်မိသွားသည်။ "ဘာဖြစ်လို့လဲ။ ဘယ်သူက ဝူကျဲကို အနိုင်ကျင့်လိုက်တာလဲ။ မြန်မြန် ပြောပြ။ ကျွန်တော် အခုပဲ သွားပြီး လက်စားချေပေးမယ်"

လုမင်ယွဲ့သည် မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်လေသည်။ "မပြောချင်ပါဘူးဟယ်။ ဒီနေ့ တော်တော် ပျော်နေတာ။ အိမ်ရှေ့စံအိမ်တော်က ပြန်ထွက်လာတော့ စိတ်ပျက်စရာကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်"

ထို့နောက် ပဉ္စမမင်းသား လီချန်၏ အပြုအမူများကို အကုန်အစင် ပြောပြလိုက်လေသည်။

လုရွှမ်းသည် အချစ်ရေးအကြောင်း နားမလည်သေးသော လူငယ်လေး ဖြစ်သဖြင့် သေချာ မစဉ်းစားဘဲ နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ "သူက တမင်သက်သက် စိတ်အနှောင့်အယှက် ပေးတာ နေမှာပါ။ တကယ် မုန်းစရာ ကောင်းလိုက်တာ။ အိမ်ရှေ့စံအိမ်တော်ကို တဲ့တိုး မယှဉ်ရဲဘဲ လုအိမ်တော်က မိန်းမသားတွေကို လာပြီး အနိုင်ကျင့်နေတယ်။ နောက်တစ်ခါ အစ်မတို့နဲ့အတူ နန်းတော်ထဲ လိုက်ခဲ့မယ်။ တကယ်လို့ သူ့ကို ထပ်တွေ့ရင် ကောင်းကောင်း ပညာပေးရမယ်"

လုမင်ယွဲ့သည် ရင်ဖွင့်ပြီးသွားသဖြင့် စိတ်အနည်းငယ် သက်သာသွားလေသည်။ "ထားလိုက်ပါတော့။ အိမ်ရှေ့စံအိမ်တော်ရဲ့ အခြေအနေက ရှုပ်ထွေးနေတာ။ စစ်ကျဲနဲ့ စစ်ကျဲဖူကို ဒုက္ခမပေးပါနဲ့တော့"

လုရွှမ်း၏ မျက်လုံးများ လည်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒါမှမဟုတ် ကျွန်တော် တိတ်တဆိတ် ပညာနည်းနည်းလောက် ပေးလိုက်ပြီး ပဉ္စမမင်းသားကို အသံတိတ် ခံစားခိုင်းလိုက်ရင်ရော။ ကျွန်တော် လုပ်တာမှန်း ဘယ်သူမှ မသိရင် အိမ်ရှေ့စံအိမ်တော်နဲ့ ပတ်သက်စရာ အကြောင်းမရှိတော့ဘူးလေ"

လုမင်ယွဲ့သည် သဘောကျသွားပြီး ခေါင်းတိုးကာ မေးလိုက်သည်။ "နင် ဘာလုပ်မလို့လဲ..."

ရှန်းလန်သည် နားမထောင်နိုင်တော့ဘဲ သူတို့နှစ်ယောက်ကို လူစုခွဲလိုက်လေသည်။ "တော်ကြပါတော့။ နင်တို့နှစ်ယောက်လုံး ငြိမ်ငြိမ်နေကြစမ်းပါ။ ပြဿနာ မရှာကြနဲ့။ ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကို စိတ်ထဲ ထားမနေပါနဲ့"

လုမင်ယွဲ့သည် ပါးစပ်ကသာ ပြောနေခြင်း ဖြစ်ပြီး အလေးအနက် မဟုတ်သည်ကို သိသဖြင့် နှုတ်ခမ်းဆူကာ ပြောလိုက်လေသည်။ "ထားလိုက်ပါတော့။ ဒီနေ့ ခွေးကိုက်ခံရတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်"

ရှန်းလန်သည် နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်ပြီး မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားတော့သည်။

...

လုမင်ယွိသည် ထိုက်ဇီဖေး တစ်ယောက်အနေဖြင့် ချောင်မိဖုရားခေါင်ကို ကူညီပြီး နန်းတွင်းရေးရာများကို စီမံခန့်ခွဲနေရသဖြင့် သတင်းအချက်အလက် အလွန် လျင်မြန်လေသည်။

လီချန်က လုမင်ယွဲ့နှင့် ရှန်းလန်တို့ကို "လိုက်ပို့" သည့် ကိစ္စသည် နာရီဝက် မကြာမီမှာပင် လုမင်ယွိ၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။ လုမင်ယွိသည် အဖြစ်အပျက်များကို ဆက်စပ်တွေးတောကြည့်ပြီးနောက် မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတော့သည်။

ချီယွင်သည် သခင်မ၏ မျက်နှာထား မကောင်းသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲတွင် ထိတ်လန့်သွားပြီး တိုးတိုးလေး မေးလိုက်သည်။ "ထိုက်ဇီဖေး... တစ်ခုခု ဖြစ်လို့လား"

လုမင်ယွိ၏ မျက်ဝန်းနက်များထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာပြီး အသံမှာလည်း အေးစက်နေလေသည်။ "အခုထိတော့ သေချာ မသိရသေးဘူး။ ဒါပေမဲ့ ဆယ်ပုံကိုးပုံလောက်ကတော့ ဝူမေ့ကို ကြံစည်နေတာ ဖြစ်လိမ့်မယ်"

ချီယွင်သည် နားမလည်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေလေ၏။

လုမင်ယွိသည် စိတ်အခြေအနေ ဆိုးရွားနေသဖြင့် ချီယွင်ကို အသေအချာ ရှင်းမပြတော့ဘဲ အမိန့်ပေးလိုက်လေသည်။ "ချက်ချင်း လူလွှတ်ပြီး ထိုက်ဇီကို ပြန်လာဖို့ ပြောလိုက်။ ငါ သူ့ကို တိုင်ပင်စရာ အရေးကြီးကိစ္စ ရှိတယ်လို့ ပြောလိုက်"

ချီယွင်သည် ချက်ချင်း ထွက်ခွာသွားလေသည်။

ခဏအကြာတွင် ချီယွင်သည် မျက်နှာမကောင်းစွာဖြင့် ပြန်ရောက်လာပြီး သတင်းပို့လေသည်။ "ထိုက်ဇီက လွန်ခဲ့တဲ့ နာရီဝက်လောက်က ဝမ်ဟွားနန်းဆောင်ကို အခေါ်တော် လွှတ်ခံရလို့ သွားပါတယ်"

လုမင်ယွိသည် ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ "ဝမ်ဟွားနန်းဆောင်ကို သွားမယ်"

...

All Chapters