← Chapters

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

Book13(181-195)

(181) မြန်ဆန်လှသောအရှိန်

ဂရိတ်စစ်သည်နှစ်ရာသည် ပိရမစ်၏ဝင်ပေါက်ထဲသို့ရောက်ရှိသွား ကြ၏။အထဲသို့ရောက်သောအခါ သူတို့သည် နောက်ထပ်သော နေရာတစ်ခုသို့ရောက်ရှိသွားသကဲ့သို့ခံစားသွားလိုက်ကြရ၏။ ဟုတ်ပေသည်။ပိရမစ်၏အစွမ်းကြောင့် သူတို့သည်နောက်ထပ် သောနေရာအသစ်သို့ရောက်ရှိသွားခြင်း ဟုခံစားသွားနေရခြင်းလည်းဖြစ်သည်။သူတို့ဝင်ခဲ့သော တံခါးပေါက်သည်လည်း ပျောက်ကွယ်၍သွားခဲ့ပြီဖြစ်သည်။ မိမိတို့သည်ပြန်ထွက်လို့ပါက သေခါနီးအထိပြင်းထန်သောဒဏ်ရာရ မှ အနီရောင်တံခါးကိုမြင်တွေ့ရမည်ဖြစ်ပြီးမိမိလက်ရှိစရောက်သော နေရာမှ ရှေ့သို့သာဆက်လက်သွားနေပြီး စမ်းသပ်မှုအားလုံး အောင်မြင်မှအစိမ်းတံခါးမှထွက်ခွင့်ရမည်ဖြစ်သည်။ ယခုမိမိတို့ရောက်ရှိနေသော နေရာသည်ကြီးမားကျယ်ပြန့်သော သဲ ကန္တာတစ်ခုဖြစ်၏။နေရာတစ်ဆုံးထိ သဲများသာမြင်တွေ့ရ၏။ထူး ထူးခြားခြားဟူ၍ တစ်မိုင်အကွာအဝေးတိုင်း၌ တိုင်လေးတစ်တိုင် စိုက်ထားသည်ကိုမြင်တွေ့ရမည်ဖြစ်ပြီး စုစုပေါင်းအားဖြင့်ဆယ် တိုင်ရှိလေသည်။ထိုတိုင်များသည် အဆင့်တစ်ဆင့်စီကိုဖော်ပြ ထားသည်။ "အားလုံးပဲ နေရာယူ" ချက်ချင်း ဂရိတ်စစ်သည်များသည် တစ်ဖွဲ့ငါးဆယ်နှုန်းဖြင့် လေးဖွဲ့ ခွဲလိုက်၏။မိမိတို့၏လက်ထဲတွင်လည်း အသင့်မောင်းချိန်ထားပြီး သော လက်နက်များကလည်းပစ်ခတ်ရန်အသင့်ပင်ဖြစ်နေ၏။မိမိ တို့၏အာရုံများမလွင့်ပါးစေရန်နဲ့ အန္တရာယ်များကိုမလစ်စေရန်ကြ ည့်ရှုပြီး ရှေ့သို့ချီတက်လာကြ၏။ ဂရိတ်စစ်သည်များ ပထမဆုံးတိုင်သို့ရောက်လာသည်နဲ့ သဲများကလေများတိုက်ခတ်မှုကြောင့် လွင့်နေကြ၏။ထို့နောက် ချက်ချင်းဆိုသလို ဂရိတ်စစ်သည်များ၏ရှေ့၌ ဓားများလှံများကိုင် ဆောင်ထားသော စစ်သည်တော်များကပေါ်ပေါက်လာကြ၏။ ထိုစစ်သည်တော်များသည် ငွေအဆင့်ကိုးရှိပြီးစုစုပေါင်းတစ်ရာမျှ ရှိ၏။ သတ်ဖြတ်မှုမှော်ပုံရိပ်ယောင်ဟုခေါ်သော်ငြားလည်း စမ်းသပ်မှု သည်အမှန်ကန်ဖြစ်၏။ရန်သူများသည်လည်း အစစ်မှန်ကဲ့သို့ပင် ဖြစ်ကာထိုစစ်သည်တို့၏ တိုက်ခိုက်မှုခံရပါကအစစ်မှန် ဒဏ်ရာရှိ မည်ဖြစ်၏။ "ကျား" ထိုစစ်သည်တော်များသည် ညာသံပေးကာ ဂရိတ်စစ်သည်တော်တို့ ထံ​ပြေးဝင်လာကြ၏။ဂရိတ်စစ်သည်တို့၏လက်များကလည်း သေနတ်ခလုတ်များကိုအလိုလျောက်နှိပ်လိုက်ကြပြီဖြစ်၏။ ..... လေဘယ်ကွင်း၌ ဂျိတ်သည် မိမိ၏စစ်သည်များမှာ စမ်းသပ်မှုလုပ် နေကြသောကြောင့် လေဘယ်ကွင်းမှ ပြိုင်ပွဲဝင်သူများအနားယူနေ နိုင်သော သီးသန့်ထိုင်ခုံများ၌ဝင်ရောက်ထိုင်ကာအနားယူနေ၏။ ထိုင်ခုံ၌ထိုင်ပြီး တည်ငြိမ်စွာဖြင့် စနစ်မှစာအုပ်တစ်အုပ်ကို ကိုင် ကာဖတ်ရှုနေ၏။ထိုစာအုပ်သည် သာမန်အားဖြင့်ရှေးကျကာ အို ဟောင်းနေသောစာအုပ်တစ်အုပ်ဟုဆိုနိုင်သော်လည်း တန်ဖိုးကား မနည်းပေ။ ထိုစာအုပ်ရရှိဖို့ရန် သဲလွန်စလေးကပင် ကမ္ဘာလေးလုံးမှ အပိုင်စား၍ရနိုင်၏။ဤသည်ကိုကြည့်ခြင်းအားဖြင့် မည်မျှ အဖိုးတန်သည်ကို ကြည့်ရှုနိုင်လေသည်။ "အင်း ကိုယ့်တိုင်းပြည်ကစစ်သည်တော်ကအသုံးမကျတာကိုကြိုသိ တော့ စာအုပ်ဖတ်ပြီးစိတ်ဖြေနေတယ်ပေါ့လေ" ထိုစကားကြောင့် ဂျိတ်ဖတ်လက်စစာအုပ်ကို ပြန်လည်ပိတ်လိုက်၏။ ထို့နော​က် ထိုစကားဆိုသောသူကို ကြည့်လိုက်၏။ထိုလူသည် မိမိ ထိုင်ခုံနဲ့ အနည်းငယ်သာဝေးကွာနေသောနေရာ၌ထိုင်နေကြောင်း တွေ့ရ၏။သူသည် အဆင့်ငါးတိုင်းပြည်မှလူဖြစ်ကြောင်းလည်း ဂျိတ်သိလိုက်၏။ ထိုလူထိုင်နေသောခုံသည် အဆင့်ငါးတိုင်းပြည်ကိုယ်စားပြုဖြစ်နေ သောကြောင့်ဖြစ်၏။ထိုင်ခုံများသည်လည်း တိုင်းပြည်အဆင့် လိုက်၍ အမျိုးစားခွဲခြားသတ်မှတ်ထား၏။ "ဘာလဲ အမှန်ပြောလို့ ဆတ်ဆတ်ထိမခံဖြစ်နေတာလား" ထိုလူသည် ဂျိတ်သည်မိမိအားပြန်ကြည့်လာသောကြောင့် ထပ်ပြော ပြန်၏။ "ဒီမယ် ခင်ဗျားက ကိုယ်ဘာသာနေတတ်ဘူးလား ကျုပ်ရဲ့စစ်သည် တော်ရှုံးရှုံးနိုင်နိုင် ဒါကခင်ဗျားအလုပ်မဟုတ်ဘူး ဘယ်နှယ့် အဖေ ရင်းကဘယ်လိုမှမနေဘူးဘေးကလူကနာရတယ်ရှိသေးလိုဖြစ်နေ တယ်." ထိုအခါထိုလူမှာ ဒေါသထွက်ကာ ဂျိတ်အား တိုက်ခိုက်လိုက်၏။ သူ၏လက်သီးတစ်လုံးကို ပစ်ကြွေးလိုက်၏။ဂျိတ်လည်း ထို လက်သီးအား လက်ညှိးဖြင့်ပြန်လည်ထိုးလိုက်၏။ "အား" အဆင့်ငါးတိုင်းပြည်မှလူအော်လိုက်ရ၏။အကြောင်းကား သူ၏လက်သီးသည် လက်ညှိးတစ်ချောင်းကြောင့် ပျက်စီးသွားခဲ့ ပြီး လက်ညှိုးထိုးခြင်းခံရသော လက်ခလယ်သည် ထုတ်ခြင်းပေါက် ဟက်တက်ကြီးဖြစ်သွားသောကြောင့်ဖြစ်၏။ကျန်လက်ချောင်း များ၏အရိုးများကလည်း ကျိုးကြေလေသည်။ ထို့နောက် ဟက်တက်ဖြစ်သွားသောနေရာမှ သွေးစိမ့းများပန်းထွက် လာလေသည်။ လက်ညိုးတိုက်ခိုက်မှုကြောင့် လက်မောင်းတစ်ဖက် လုံးသည်လည်း သွေးကြောမျှင်လေးများပြတ်တောက်ရလေသည်။ "ဟာ" ဘေး၌ရှိနေကြသောတိုင်းပြည်အသီးသီးမှ လူများက လန့်ဖြတ် သွားကြ၏။ဂျိတ်သည် ထိုမျှကြမ်းတမ်းမည်ဟုမထင်မိကြပေ။သူ တို့သည် စကားပြောရာ မှ ရုတ်တရက်ကြီးဆိုသလို အဆင့်ငါးတိုင်းပြည်မှလူက တိုက်ခိုက် လာမည်ဟု ဘယ်သူမှမတွေးမိထားကြပေ။ တကယ်တမ်းဖြစ်လာသောအခါအဆင့်ငါးတိုင်းပြည်မှလူသည် သူ၏လက်တစ်ဖက်သုံးစား၍မရလုနီးပါးအထိဖြစ်သွားလေသည်။ ချက်ချင်းပင် အဆင့်ငါးတိုင်းပြည်မှလူသည် သူ၏အသင့်ဆောင် ထားသောဆေးလုံးကိုသောက်ချလိုက်၏။ထိုအခါမှ သူ၏လက်ပေါက်နေရာမှ သွေးများထွက်ခြင်းကရပ်တန့်သွားလေ သည်။ထိုဆေးလုံးသည် အစွမ်းထက်သည်ဟုဆိုနိုင်ပေသည်။ အဆင့်ငါးတိုင်းပြည်မှလူသည် လောဆယ်အနေဖြင့်သူ၏လက်မှ သွေးထွက်ခြင်းကတန့်သွားပြီဖြစ်သော်လည်း လက်တစ်ခုလုံး ကောင်းမွန်ကန်မှူအချိန်ယူရတော့မည်ဖြစ်၏.။ လက်ညှိးကြောင့် လက်ညိုးထိုးခြင်းခံရသောလက်တစ်ဖက်မှာ ယခင်လိုအပြည့်ဝကောင်းရန်တော့မဖြစ်နိုင်တော့ပေ။ လက်ညိုးဖြင့် တိုက်ခိုက်ပြီးသည်နဲ့ ဂျိတ်လည်း မိမိနေရာ၌ပင် စာအုပ်ပြန်ဖတ်နေလေ၏။ထိုသို့သော​အပြုမှုကြောင့် ဘေးရှိလူများ အံအားသင့်ကြရ၏။ ဂျိတ်သည် အစာပိုင်းကဖြစ်ပျက်ခဲ့သောဖြစ်ရပ်၌သူမပါသည့်နှယ် ပင် စာအုပ်ပင်ဖတ်နေလိုက်သေး၏။ ရန်စပြီး သူသာခံရသောအဆင့်တိုင်းပြည်မှလူမှာမူ ဒေါသဖြင့်ကရပ် တန့်နေ၏။ဂျိတ်၏အစွမ်းအားသိရှိသွားပြီဖြစ်သောကြောင့် ထပ်မံ ပြီးလည်းတိုက်ခိုက်ခြင်းမရှိပေ။ ..... ပိရမစ်စမ်းသပ်မှု၌ "ဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်း " သေနတ်သံများကဆူညံသွား၏။သေနတ်သံများပြီးဆုံးသည်နဲ့ ဂရိတ်စစ်သည်များသည်လည်း ရှေ့သို့ဆက်လက်ချီတက်လိုက် ကြ၏။သူတို့သည် ယခုချိန်၌ တိုင်လေးတိုင်မြောက်ကိုရောက်ရှိနေ ပြီဖြစ်၏။အသေချာပြောရလျှင် စမ်းသပ်မှုလေးဆင့်မြောက်ကို ရောက်ရှိနေကြသည်လည်းဖြစ်၏။ ပထမတိုင်၌ငွေအဆင့်ကိုး စစ်သည်တစ်ရာနဲ့တွေ့ခဲ့ပြီးဒုတိယ တိုင်ရောက်သောအခါ ရွှေအဆင့်တစ် စစ်သည်တစ်ရာနဲ့တွေ့ခဲ့ကြရ လေသည်။ နောက်တော့ ဂရိတ်စစ်သည်များနားလည်လာပြီဖြစ်၏။တစ်တိုင် ကျော်ပြီးနောက်တစ်တိုင်ရောက်တိူင်း စစ်သည်အဆင့် တစ်ဆင့်ပြီး တစ်ဆင့်မြင့်လာပြီး အရေတွက်များလာမည်ဖြစ်ကြောင်း ရိပ်မိလာ ပြီဖြစ်သည်။ "ငါတို့ ဒီအတိုင်းဆိုပျင်းစရာကောင်းတယ် ငါတို့အကြံဖန်ပြီးလုပ်ကြ မလား" ဂရိတ်စစ်သည်တစ်ဦးကအကြံပြု၏။ "ဘယ်လိုလုပ်မှာလဲ" "လွယ်လွယ်လေးရယ် ငါတို့အယောက်နှစ်ရာလုံးနောက်ဆုံး သတ်ဖြတ်မှုပုံရိပ်ယောင်အဆင့်ပြီးတဲ့အထိကို အမြန်ရောက်သူက ငါတို့ခေါင်းဆောင်လက်ရာကို ပိုစားရမယ်ကွာ" ဂျိတ်၏လက်ရာဆိုသည်နဲ့ စစ်သည်တော်များအားလုံး မျက်လုံးများ တောက်ပသွားကြ၏။ဘယ်အချိန်စားစားရိုးအီသည်မရှိသော ဂျိတ် ၏လက်ရာအစားသောက်များက သူတို့အားကောင်းကောင်းကြီး ချုပ်နှောင်ထား၏။ "ဟုတ်ပြီ စကြတာပေါ့" အားလုံးသဘောလိုက်ကြ၏။ "စ ယား......." စောစော၌.ပုံမှန်လမ်းလျှောက်ရင်း စမ်းသပ်မှုကို ကျော်ဖြတ်ခဲ့ သော်လည်း ယခုအခါ ဂရိတ်စစ်သည်များသည် ​မြင်းပမာဒုန်းစိုင်း ရှေ့သို့ပြေးသွားကြ၏။ အဆင့်ငါးတိုင်သို့ရောက်သည်နဲ့ ရွှေအဆင့်သုံးစစ်သည်တစ်ရာ့တစ် ဆယ့်ထွက်ပေါ်လာပြီး ဂရိတ်စစ်သည်များအား တိုက်ခိုက်လိုက် ကြ၏။ "ဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်း " စစ်သည်များထွက်ပေါ်သည်ဆိုသည်နဲ့ သေနတ်သံများက ချက်ချင်း ဆိုသလိုပင်ထွက်ပေါ်လာလေ၏။ အပြင်ဘက်၌....... လူတိုင်းသည် ပိရမစ်၏စာတန်းပေါ်ရာနေရာအားကြည့်ရှူနေကြ၏။ အကြောင်းကား ပရိတ်သတ်များသည် ဂရိတ်စစ်တပ် သတ်ဖြတ်မှု မှော်ပုံရိပ်ယောင်၌ ကျရှုံးမည်ဟု ခန့်မှန်းကာ လောင်းထားကြ သောကြောင့်ဖြစ်၏။ ပိရမစ်၌ တစ်မှ နှစ်ဟူသောစာတန်းပြောင်းလဲသွား၏။ ထိုဆိုလိုရင်းသည် ဂရိတ်စစ်တပ်သည် အဆင့်နှစ်သို့ရောက်ရှိသွားပြီ ဖြစ်ကြောင်း ပြသနေ၏။ထို့နောက် တဖြေးဖြေးနှစ်မှသုံး သုံးမှ လေးသို့ပြောင်းလဲနေ၏။ "ဒီကောင်တွေ အဆင့်လေးပြီးရင် ရှောမှာ ဘာမှအသုံးကျကြတာ မဟုတ်ဘူး" "ဟုတ်ပ" သို့သော် ထပ်မံပေါ်လာသောစာတန်းများကြောင့် ပရိတ်သတ်များ မျက်လုံးပြူးကြရကုန်၏။ အကြောင်းမှာ အဆင့်လေးစာတန်း ငါးသို့ပြောင်းလဲသွားပြီး ငါးမှ နောက်ဆယ့်ငါးစက္က န့်၌ခြောက် နောက်ထပ်ဆယ့်ငါးစက္က န့်၌ခုနှစ်သို့ မြန်ဆန်စွာပြောင်းလဲနေသောကြောင့်ဖြစ်၏။ "ဖူး" အစောက ဂျိတ်အားလက်သီးဖြင့်ထိုးမိသော လူပင် သောက်လက်စ ရေများပြန်ထွက်သည်အထိ ဖြစ်သွား၏။ဂရိတ်စစ်တပ်သည် မြန်ဆန်လှသောအရှိန်ဟုန်ဖြင့် စမ်းသပ်မှုအဆင့်များအား ဖြတ်သန်းနေသောကြောင့်ဖြစ်၏။ ပိရမစ်၏စာတန်းများကရပ်တန့်နေခြင်းမရှိသေး။ရှစ်သို့ထပ်မံ ပြောင်းလဲသွားပြီး ကိုးသို့ပင်ရောက်ရှိလာ၏။ထိုသို့ဖြစ်လေ ရှုံးမည် ဟုလောင်းကြေးထပ်သောလူများ၏ရင်ခုန်မှု ပိုမိုမြန်ဆန်လာလေ သည်သာဖြစ်၏။ ကျန်သောတိုင်းပြည်ရှိလူများကလည်း ထိုအချင်းရာကြောင့်ဘာ ပြောရမှန်းဘာလုပ်ရမှန်းမသိဖြစ်နေကြ၏။အဆင့်လေးတိုင်းပြည် ဖြစ်ပြီး နိမ့်ပါးနေသည့်နေရာမှ စစ်သည်များက အဘယ်ကြောင့် ထိုသို့မြန်ဆန်နေရသနည်းကို မတွေးနိုင်လောက်အောင်ဖြစ်ခဲ့ရ၏။ သူတို့ အံအားမင်သက်နေစဥ်မှာပင် ပိရမစ်စာတန်းသည် ကိုးမှတစ် ဆယ်သို့ပြောင်းလဲသွားပြီး နောက်ထပ်တစ်မိနစ်၌ အစိမ်းရောင် အဖြစ်သို့ပြောင်းလဲသွား၏။ ထိုသိို့အစိမ်းရောင်အဖြစ်သို့ပြောင်းလဲသွားခြင်းသည် ဂရိတ် စစ်တပ် သည်သတ်ဖြတ်မှုမှော်ပုံရိပ်ယောင်အား အောင်မြင်မှု ဖြစ်ကြောင်း ပြသသည်လည်းဖြစ်၏။

(182) ဒုတိယစမ်းသပ်မှု

"ဝေး ဟိုမှာအစိမ်းတံခါးပွင့်လာပြီ" ထိုအော်သံကြောင့် လူများ၏အကြည့်များက ပိရမစ်၏အစိမ်း ရောင်တံခါးရှိရာဖက်သို့ ကြည့်လိုက်ကြ၏။သူတို့၏အမြင် အာရုံ၌စိတ်လှုပ်ရှားနေကြကြောင်းကြည့်ပါကသိသာစေ၏။ ထိုအချိန်မှာပင် အစိမ်းရောင်တံခါးမှ လူများထွက်လာကြ၏။ အစိမ်းရောင်တံခါးမှ တစ်ယောက်တည်းထွက်လာခြင်းမဟုတ်သော ကြောင့်လူများ အံသြမင်သက်ကြရ၏။ "သုံးလေး...ငါး ဘုရားဘုရား ဘယ်နှယောက်တောင်လဲ" ဂရိတ်စစ်သည်တော်များ အစိမ်းရောင်တံခါးမှထွက်လာခြင်းကြော င့် မြင်သူတိုင်းအံသြမင်သက်နေကြ၏။သူတို့သည် အနီရောင်တံခါး ဘက်သို့အာရုံမရောက်နေကြ။ သေချာကြည့်မည်ဆိုပါက အနီရောင်တံခါး၏အနီရောင်အမှတ်သား သည် မှေးမှိန်နေကြောင်းတွေ့ရမည်ဖြစ်၏။ တစ်အောင့်မျှကြာသောအခါအစိမ်းရောင်တံခါးမှ စစ်သည်အ ယောက်နှစ်ရာလုံးပြန်လည်ထွက်လာကြကြောင်း တွေ့ရှိလိုက်ကြရ လေ၏။ ."ဒါ...ဒါ..မဖြစ်နိုင်ဘူး" "အကုန်အောင်လာတယ် ဘယ်လိုတောင်လဲဟ" မိမိတို့၏မြင်ရသောမြင်ကွင်းကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြလေ၏။တစ်ယောက်​မှ ကျရှုံးခဲ့ခြင်းမရှိပဲ အကုန်စင် အောင်မြင်လာကြသောကြောင့်ဖြစ်၏။ "တကယ်ကြီး ခက်ခဲမယ်ထင်တာ တကယ်တမ်းကြတော့လွယ်လိုက် တာဗျာ" "ဖူး" ဂရိတ်စစ်သည်တော်တစ်ယောက်၏ငြီးတွားမှုကိုကြားလိုက်သော တခြားတိုင်းပြည်မှ စစ်သည်မှာ သွေးတစ်လုတ်အန်ထုတ်လိုက် ရ၏။ စမ်းသပ်မှူမည်မျှထိခက်ခဲကြောင်း သူအသိဆုံးဖြစ်၏။ သူ၏ကိုယ်၌ လတ်လတ်လောလောရရှိထားသော ဒဏ်ရာများက သက်သေပြလျက်ရှိ၏။ "ဂရိတ်တိုင်းပြည် ပထမမှော်ပုံရိပ်ယောင်သတ်ဖြတ်မှုအဆင့် ၌အကုန်အောင်မြင်" စီစဥ်သူလည်း ကြေညာပေးလိုက်၏။သူ၏ကြေညာသံ၌ထိတ်လန့် တုန်လှုပ်မှုနဲ့အံသြမှုများပါနေကြောင်းကြားသူတိုင်း သိကြ၏။ "ဒီကောင်တွေ ဘယ်နည်းသုံးသွားတာလဲ " "မသိဘူး...." ရှိရှိသမျှသောတိုင်းပြည်များ ဂရိတ်တိုင်းပြည်၏နည်းလမ်းကိုသိရှိ လိုကြ၏။သို့သော်မမေးရဲပေ။မိမိတို့ရှေ့၌ ဂျိတ်မှ လက်ညှိးလေး တစ်ချောင်းဖြင့် ပညာပြထားသောကြောင့်ဖြစ်၏။ "ဟင်း ဒီကောင်တွေကံကောင်းသွားတာပါ." ဒီစကားကိုပြောသူများ အဆင့်ခြောက် ခုနှစ်ရှိတိုင်းပြည်များမှ ဖြစ်၏။ထိုလူကြီးများသည် အဆင့်ခြောက်ခုနှစ်စသောတိုင်းပြည် များမှ လာသောလူများဖြစ်သည့်အလျောက် မာနကြီးသူများလည်း ဖြစ်ကြ၏။ "မဖြစ်နိုင်တာ" ဒီတစ်ခေါက်အော်ဟစ်လိုက်ရသူက လောင်းကြေးဖွင့်သောအဖွဲ့ ဖြစ်၏။ဂရိတ်စစ်တပ်သည် မထင်မှတ်ပဲ အောင်မြင်လာရာ သူတို့ ဝမ်းနည်းရတော့၏။ ဂရိတ်စစ်တပ် သည် မှော်ပုံရိပ်ယောင်သတ်ဖြတ်မှုကို အောင်မြင်ပါ က ထိုးငွေ၏ခြောက်ဆအဖြစ်သူတို့သတ်မှတ်ထား၏။ထိုအခိုက် တွင် ဂျိတ်၏သန်းတစ်ရာထိုးကြေးကြောင့် သူတို့သည် တစ်ချီ တည်း၌ပင် သန်းခြောက်ရာဆုံးရှုံးလိုက်ရပြီဖြစ်၏။ ပထမအဆင့်၌မှာပင် သူတို့သည် အမြတ်ငွေမရရှိပဲ ဆုံးရှုံးလိုက်ရပြီ ဖြစ်၏။ရွှေပြားသန်းခြောက်ရာသည် သူတို့၏နှစ်နှစ်စာ ကြိုးစား ရှာဖွေရသောပမာဏဖြစ်ရာ တစ်ကြိမ်တည်းနဲ့ဆုံးရှုံးလိုက်ရသည်က အတော်ပင်ထိချကိပြင်းထန်လှပေသည်။ "ကဲ ဆက်လက်ကျင်းပကြပါမယ်" စီစဥ်သူမှ ဆက်လက်ပြီး ကျန်ရှိနေသေးအဆင့်လေးတိုင်းပြည်များ အား ​ယှဥ်ပြိုင်စေ၏။အဆင့်လေးတိုင်းပြည်များ၏ယှဥ်​ပြိုင်မှုပြီးစီး သောအခါ ညမိုးချုပ်နေပြီဖြစ်၏။ ထိုကြောင့်နောက်နေ့မှ ဆက်လက်ပြီး မှော်ပုံရိပ်ယောင်သတ်ဖြတ်မှု ကို ဆက်လက်လုပ်ဆောင်ကြရလေ၏။ဆက်လက်ပြီးယှဥ်ပြိုင်ကြ ရာ၌ ဂရိတ်တိုင်းပြည်ကဲ့သို့ အကုန်လုံးအောင်မြင်ရန်မပြောနဲ့ ဆယ် ယောက်ကျော်ရန်ပင်ခက်ခဲနေကြ၏။ မှော်ပုံရိပ်ယောင်သတ်ဖြတ်မှုသည် သုံးရက်ကြာညောင်းသွား လေ၏။ဂရိတ်တိုင်းပြည်အား ကံကောင်းလို့ပါဟူသော လူကြီးများ ပင် သူတို့၏တိုင်းပြည်စမ်းသပ်မှုရလဒ်ကို တွေ့ရသောအခါဝယ် မျက်နှာညိုမဲနေ၏။ အကြောင်းကား သူတို့တိုင်းပြည်လူ များ၏အောင်မြင်မှူသည် ဂရိတ်တိုင်းပြည်စစ်သည်နှစ် ရာ၏တစ်ဝက်ပင်မပြည့်သောကြောင့်ဖြစ်၏။ "တောက်" နှစ်ယောက်လုံး သူတို့လက်ထဲရှိခွက်များကို ဖိညစ်ပစ်လိုက်ကြ၏။ ခွက်မှ တစ်ခါတည်းအမှုန့်ပင်ဖြစ်သွားလေ၏။ "ကဲ ကဲ ပထအဆင့်အောင်မြင်သူများအရေတွက်ကို ကြေညာပါမယ် စုစုပေါင်းလေးရာ့ငါးယောက်ပါ" အောင်မြင်သူများ၏အရေတွက်များကား ထွက်ပေါ်လာပြီဖြစ်၏။ ထိုထဲမှ တစ်ဝက်သည် ဂရိတ်စစ်သည်များဖြစ်ကြရာ အံသြမြင် သက်ကြရ၏။ "တစ်ချို့တိုင်းပြည်တွေကဘာလို့တစ်ယောက်တည်းထွက်လာနိူင်တာ လဲ" ဤသို့မေးပါကအဖြေကားလွယ်ကူ၏။ပိရမစ်သည် ဝင်ရောက် ပြိုင်သောစစ်သည်နှစ်ရာအထိသာ အကန့်သတ်လုပ်ဆောင်စစ်ဆေး နိုင်၏။ထို့ကြောင့်စစ်သည်နှစ်ရာအထိသာ ဝင်ရောက်ပြိုင်ဆိုင် နိုင်သည်ဖြစ်ပြီး အဆင့်တစ်မှ စတင်စစ်ဆေးသောပုံရိပ်ယောင် စစ်သည်များမှ အဆင့်တစ်ဆယ်ရှိပုံရိပ်ယောင်စစ်သည်များနဲ့ တိုက်ခိုက်မှအောင်မြင်သည်ဖြစ်၏။ အဆင့်တိုင်းတွက်လည်း ယှဥ်ဆိုင်ရမည့်အရေတွက်တိုးလာမည်ဖြစ် သလိုပုံရိပ်ယောင် စစ်သည်တော်တို့၏သိုင်းအဆင့်များကလည်း တိုးတက်လာမည်ဖြစ်၏။နောက်ထပ်သောအချက်တစ်ချက်ရှိ သေး၏။ဤအချက်ကား ထိုပုံရိပ်ယောင်စစ်သည်များသည် နည်းဗျူဟာကျကျတိုက်ခိုက်နိုင်ခြင်းပင်ဖြစ်၏။အဆင့်တစ်ခု၌ သတ်မှတ်ချိန်ထက်ကျော်လွန်လာသောအခါ ပုံရိပ်ယောင်စစ်သည်များသည် တစ်စုတစ်စည်းတည်းဖြင့် နည်းဗျူဟာကျကျတိုက်ခိုက်သည်ဖြစ်၏။ ထိုနည်းဗျူဟာအတိုင်းတိုက်ခိုက်သည့် ပုံရိပ်ယောင်စစ်သည် များသည် ဟာကွက်မရှိသောကြောင့် စမ်းသပ်မှု၌ ယှဥ်ပြိုင်ကုန်သော စစ်သည်များစွာ ကျရှူံးကြရခြင်းလည်းဖြစ်၏။ ဂရိတ်စစ်သည်တော်တို့သည် စမ်းသပ်မှုအဆင့်တိုင်း၌ နှောင့်နှေးတုံ ဆိုင်းနေခြင်းမရှိပဲ သေနတ်ဖြင့်ဖြေရှင်းလာကြရာ နည်းဗျူဟာကျ ကျတိုက်ခိုက်ခြင်းကိုမခံရတော့ပေ။ထို့ပြင် ပိရမစ်သည် ပုံရိပ် ယောင်စစ်သည်များအား လက်နက်မျိုးစုံပြောင်းလဲပေးနိုင်စွမ်းရှိ သော်လည်း သူ၏ပရိုဂရမ်၌သေနတ်ဟူသောအရာမပါသောကြောင့် လည်းဖြစ်၏။ တစ်ဖက်ကတုတ်ဓားနဲ့ကိုင်ဆောင်ထားထက် သေနတ်ကိုင်သူများက ပိုမိုအားသာချက်ရရှိထားပြီးဖြစ်ရာ ဂရိစစ်သည်များကအလွယ်ပင် အနိုင်ရသွားခြင်းဖြစ်၏။ နောက်ဆုံးအချက်ကတော့ ပုံရိပ်ယောင်စစ်သည်များသည် မ မောပန်းခြင်းပင်ဖြစ်၏။ထိုအချက်က သက်ရှိစစ်သည်များနဲ့ ခြား နားကွဲပြားစေသောအချက်ပင်ဖြစ်၏။ ထိုအချက်များကြောင့် ပိရမစ်၏စစ်ဆေးမှုသည် အလွန်တင်း ကြပ်သည်ဟုထင်နိုင်သော်လည်း လျော်ညီသောအချက်လေးများ ထည့်သွင်းထား၏။ ​ပြိုင်ဆိုင်သောစစ်သည်နှစ်ရာတစ်သုတ်၌ အယောက်တစ်ရာသည် အ ဆင့်လေးသို့ရောက်မှ ပင်ပန်းလွန်းသောကြောင့် အနီတံခါးမှထွက် ခွာအရှုံးပေးသည်ဆိုပါစို့။ထိုအခါ ပိရမစ်သည် ကျန်ရှိနေသော စစ်သည်တစ်ရာအတွက် မျှတသော စမ်းသပ်မှုဖြစ်အောင်စီစဥ်ပေး ပြီး ယှဥ်ပြိုင်စေ၏.။ တစ်ယောက်သာကျန်နေခဲ့ပြီး ကျန်သောစစ်သည်အယောက်တစ်ရာ့ ကိုးဆယ့်ကိုးက အနီတံခါးမှထွက်သွားမည်ဆိုပါက သီးသန့်စည်းမျ ဥ်းအနေဖြင့် ကျန်ရှိနေသောတစ်ယောက်သည် အထူးလမ်းကို ပြိုင်ဆိုင်ရ၏။ အထူးလမ်းဟူသည် တစ်​ယောက်တည်းပြိုင်ဆိုင်ရမည်ဖြစ်ပြီး စမ်းသပ်မှုအဆင့်တိူင်း၌ အဆင့်တိုးလာသောပုံရိပ်ယောင်စစ်သည် များနဲ့ရင်ဆိုင်ရမည်ဖြစ်သော်လည်း ထူးခြားချက်အနေနဲ့ တွေ့ဆုံရ သော ပုံရိပ်ယောင်စစ်သည်အရေတွက်တိုးလာမည်မဟုတ်ပဲ အဆင့် တိုင်း၌ တစ်ယောက်တည်းကိုသာ တိုက်ခိုက်အနိုင်ယူရမည် ဖြစ်သည်။ တစ်ယောက်တည်းကိုသာတိုက်ခိုက်ရမည်ဖြစ်သော်လည်း ထို တစ်ယောက်တည်းသောပုံရိပ်ယောင်စစ်သည်သည် အုပ်စုပုံရိပ်စစ်သည်ထက် အနည်းငယ်ပိုစွမ်းနေမည်ဖြစ်သည်။ အစောပိုင်း၌ ထွက်လာနိုင်သောစစ်သည်တစ်ယောက်သည်လည်း ထိုအထူးလမ်းကိုပြိုင်ဆိုင်ခဲ့ရခြင်းပင်ဖြစ်သည်။ စစ်သည်နှစ်ရာလုံးအောင်မြင်သောကြောင့် တိုင်းပြည် အသီးသီး၏အကြည့်များက ဂရိတ်စစ်သည်များ၏ခေါင်းဆောင် ဖြစ်သော ဂျိတ်ပေါ်သို့ကြည့်လာကြ၏။ စစ်သည်နှစ်ရာလုံးအောင်မြင်ခြင်းသည် ကျန်သောတိုင်းပြည်များ အတွက် ကြီးမားသောအန္တရာယ်တစ်ခုအဖြစ်ရှူမြင်လာစေသည်။ထို သို့အောင်မြင်ခြင်းသည် ထိုစစ်သည်နှစ်ရာ၏အနာဂတ်သည် တောက်ပနေဦးမည်ဖြစ်သလို ဂရိတ်တိုင်းပြည်၏အဆင့်များသည် လည်းပိုမိုတိုးတက်တောက်ပလာတော့မည်ဖြစ်သည်။ ထိုသို့ဖြစ်လာလေ ကျန်သောတိုင်းပြည်များအပေါ် သက်ရောက်မှု က ကြီးထွားပြင်းထန်လေဖြစ်၏။ သို့သော်လည်း ဂျိတ်မှာ ဖုတ်လေငပိမရှိသည့်ပမာပင် သူ၏စာအုပ် သာဖတ်နေ၏။သူတို့ဘယ်လိုပင်ကြည့်ကြည့် ဂျိတ်ကတော့ စာဖတ် ရင်းသာဖြစ်၏။ အောင်မြင်သူအရေတွက်များကို ကြေ ​ ညာပြီးဖြစ်သော​ကြောင့် စီစဥ် သူမှ "ကဲ ဒုတိယစမ်းသပ်ပြိုင်ဆိုင်မှုစတင်ပါတော့မယ်" ဒုတိယစမ်းသပ်မှုကို စတင်ကြေညာလိုက်ပြီဖြစ်သည်။

(183)

"ဒုတိယစစ်ဆေးမှုမှာတော့ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှာဖြစ်ပါတယ်" ထိုကြော်ညာချက်ကြောင့် တိုင်းပြည်များ၏လူများ မျက်နှာဖြူလျော် သွားကြ၏။အကြောင်းကား စစ်သည်တော်တို့သည် ရုပ်ပိုင်း ဆိုင်ရာ၌သန်မာကြသော်လည်း စိတ်ပိုင်းဆိုင်ရာ၌ အလွန်နူးညံသော ကြောင့်ဟုဆိုနိုင်၏။ ကိုယ်ခန္ဓာသည် ဆင်တစ်ကောင်ကဲ့သို့သန်မာသည်ဟုဆိုပါက စိတ်သည် ပုရွက်ဆိတ်သာသာ ရှိသည်ဖြစ်၏။အဆင့်ခြောက် တိုင်းပြည်များနဲ့အဆင့်ခုနှစ်တိုင်းပြည်များ၏ခေါင်းဆောာင်များ သာ ကျေနပ်နေကြ၏။သူတို့သည် အဆက်သွယ်ကောင်းများ အသုံးပြုထားသောကြောင့် ထိုစမ်းသပ်ချက်လာမည်ကိုသိသော ကြောင့် ကြိုတင်ပြင်ဆင်ထားသောကြောင့်ဖြစ်၏။ "ပြိုင်ပွဲဝင်သည့်စစ်သည်များဒီ​မှာစုစည်းပေးပါ" ကြေညာသည့်လူသည် သံအိုးကြီး၏အနီးသို့ညွှန်ပြထား၏။ထိုသံ အိုးကြီးသည် အလယ်၌ သာမန်ထက်နှစ်ဆမျှကြီးမားသော အမွှေး တိုင်ကြီးတစ်တိုင်ကိုစိုက်ထူထား၏။ ("အမျိုးမည်...စိတ်အာရုံအမွှေးတိုင် ကြာချိန်....နာရီဝက်အထိအထွန်းခံ၏ ။ အဆင့်နိမ့်အမွှေးတိုင်ဖြစ်သောကြောင့် အမွှေးတိုင်၏ရနံပြန့်လွှင့်မှု အကွာဝေး နည်းပါး၏။အကွာဝေးကန့်သတ်ချက်ရှိ၏။ အသုံးဝင်ပုံ.....အမွှေးတိူင်ရူမိသူတိုင်း စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုခံ ရမည်။ကြာကြာတောင့်ခံနိုင်စွမ်းရှိလေ အမွှေးတိုင်၏ကောင်းကျိုး များရရှိမည်ဖြစ်၏။ ကောင်းကျိုး...ယခင်ထက်စိတ်ပိုင်းဆိုင်ရာပိုမိုတိုးတက်လာမည်။ စိတ်ကြည်လင်လာမည်။စိတ်ပိုင်းဆိုင်ရာခုခံမှုတိုးလာမည်။) စနစ်ကတော့ ဂျိတ်အား အမွှေးတိုင်၏အချက်လက်များပြသ ထား၏။ထိုအချက်များကြောင့် အဆိုပါအမွှေးတိုင်သည် အဆင့်နိမ့် ဟုသိလိုက်ရ၏။အမွှေးတိုင်သည် အဆင့်နိမ့်ဖြစ်သော်လည်း သူတို့ မှာအမြတ်တနိုးဖြင့်ရှိနေရာ ရှားပါးကြောင်းသိသာစေ၏။ "ဒီစမ်းသပ်မှုမှာ အမွှေးတိုင်ကုန်သည်အထိ နာရီဝက်ပေါ့....တောင့်ခံ နိုင်ရင်နိုင်ပြီ ကဲ ပြိုင်ပွဲဝင်စစ်သည်များ နေရာအသင့်ပြင်ပါ" ထိုစစ်သည်တော်များလည်း မိမိသတ်မှတ်ထားရာနေရာ၌ထိုင်လိုက် ကြ၏။ထိုအချိန်၌ အဆင့်ခြောက်တိုင်းပြည်များနဲ့အဆင့်ခုနှစ် တိုင်းပြည်များ၏ခေါင်းဆောင်များ လန့်ဖြတ်သွားသည်ကို တွေ့ နိုင်၏။သို့ရာတွင် မြန်ဆန်စွာ ပြန်လည်တည်ငြိမ်လိုက်မှုကြောင့် လူအများသတိမထားမိလိုက်ကြပေ။ စုစုပေါင်း လေးရာ့ငါးယောက်သောစစ်သည်တော်တို့သည် အသင့် ဖြစ်သည်ဆိုသည်နဲ့ သူတို့၏အလယ်၌ရှိသောအိုးကြီးမှ အမွှေးတိုင် အား စတင်ထွန်းညှိလိုက်ပြီဖြစ်၏။ ထိုအခါအမွှေးတိုင်မှမီးညှိခံရပြီးသည်နဲ့ အငွေ့စတင်ထွက် ပေါ်လာ၏။အငွေ့သည် မီးခိုးကဲ့သို့အရောင်မရှိ အဖြူရောင် သန်း၏။သေချာကြည့်မည်ဆိုပါက အဝါရောင့်ငွေ့သဲ့သဲ့ပါရှိနေ ကြောင်းကိုပါတွေ့ရမည်ဖြစ်၏။ ထိုအငွေ့များသည် အဝေးထိမရောက်နိုင်သော်လည်း စစ်ဆေးမှု ပြိုင်ဆိုင်နေသောစစ်သည်များအား လွှမ်းခြုံရန်လုံလောက်ပေသည်။ စစ်သည်တော်များသည် အမွှေးတိုင်အိုးအား စက်ဝိုင်းသဖွယ်ဝိုင်းရံ ကာ ထိုင်နေကြခြင်းလည်းဖြစ်၏။ အမွှေးတိုင်၏ရနံများ စစ်သည်တော့လေးရာ့ငါးယောက်အား အပြ ည့်ဝဖုံးလွှမ်းသွား၏။ထိုအမွှေးတိုင်ရနံအားရှုရိုက်မိသူတို့သည် အလွန်ပင်မွှေးကြိုင်ကြောင်း သိရှိလိုက်ကြ၏။ထိုအမွှေးရနံသည် အလွန်မွှေးကြိုင်သော်ငြားလည်း တစ်ဝကြီးရှုရှိုက်ရဲခြင်းမရှိကြ ချေ။ သိပ္ပံနည်းအရပြောပြရလျှင် အမွှေးရနံပိုမိုရှုရှိုက်မိလေ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုပိုမိုပြင်းထန် လေဖြစ်၏။ထိုအမွှေးရနံသည် အစပိုင်းအခြေနေ၌ ရူရှိုက်သော လူ၏နှခေါင်းမှတစ်ဆင့် ကိုယ်ထဲသို့ရောက်ရှိ၏။ ရောက်ရှိသွားသောမွှေးရနံများသည် ကိုယ်ထဲရောက်သောအခါ ဦး နှောက်သို့ဆက်လက်ဝင်ရောက်၏။ဦးနှောက်တွင် အာရုံခံအစိတ် ပိုင်းပေါင်းသန်းပေါင်းများစွာရှိ၏။ထိုဆေးရနံကထိုအစိတ်ပိုင်း တွင်အား စိမ့်ဝင်ဖြတ်သန်းစီးဆင်း၏။ ထို့နောက် ဦးနှောက်အား အချက်ပြကာ သူ၏အာနိသင်များစတင် ပြသလေသည်။မွှေးရနံပိုရှုရှိုက်လေ အာနိသင်ပြသမှုမြန်ဆန်ကာ ပြင်းထန်လေဖြစ်သည်။ထိုအခါ ဦးနှောက်သည် မွှေးရနံ၏သတ္တိ ကြောင့် ဝေခွဲမရဖြစ်လာကာ အမှန်အမှားမခွဲခြားနိုင်တော့ပဲ ထင်ရာမြင်ရာအချက်ပေးပို့မူကိုလုပ်ဆောင်လေ၏။ မွှေးရနံသည် ဦးနှောက်သို့သာထဲဝင်ရောက်ရှိနေသည်မဟုတ်​သွေး ကလာပ်စီးများ သွေးများအတွင်းလည်းစိမ့်ဝင်၏။ထို့နောက် ဦး နှောက် သွေးကလာပ်စီး သွေးများတွင် စိမ့်ဝင်ခြင်းဖြင့် အမွှေး တိုင်၏အာနိသင်ကို ပြသခြင်းလည်းဖြစ်၏။ရိုးရိုးရှင်းရှင်းပြောရ လျှင် ဆေးသုံးသကဲ့သို့ပင်ဖြစ်၏။သို့ရာတွင် စွဲလမ်းစေခြင်းတော့မ ရှိပေ။ဤသည် သိပ္ပံနည်းအရပင်တည်း။ နောက်တစ်နည်းဖြင့်ဆိုရသော် အဆိုပါအမွှေးတိုင်သည် ရူရိုက်မိ သော လူများအား စိတ်မိန်းမောစေသောအဆင့်သို့ရောက်ရှိစေ၏။ ထိုအခြေနေအားရောက်ရှိစေသည်နဲ့ ရူရှိုက်မိသောလူ၏အတိတ် အကြောင်းများကို နိူးဆွလေ၏။ အစပိုင်း၌ရူမိသောလူ၏အတိတ်မှအမှတ်ရစရာပျော်စရာအစိတ် ပိုင်းများကိုထုတ်ပြနေမည်ဖြစ်၏။ထိုအခိုက်တန့်၌ ရှုမိသော စစ်သည်တော်အနေနဲ့ သက်သာနေဦးမည်ဖြစ်၏။နောက်ပိုင်းတွင် အတိတ်မှနာကျင်စရာများ ကိုဆွဲထုတ်ပြီး စိတ်အားစတင်တိုက်လိုက် ပြီဖြစ်သည်။ ထိုအချိန်သို့ရောက်သောအခါ ရူရှိုက်မိသူတိုင်း ဝေဒနါကိုစတင်ခံစား ရချိန်လည်းဖြစ်၏။ဝေဒနာသည်လျော့ကျသွားခြင်းရှိမည်မဟုတ်ပဲ တဖြေးဖြေးတိုးပြီးရင်းတိုးလာမည်သာဖြစ်၏။ ဆေးအနံသည် စိတ်အားစတင်တိုက်ခိုက်လာပြီလည်း ဖြစ်၏။ထို တိုက်ခိုက်မှုကြောင့် စစ်သည်တော်များသည် မိမိကိုယ်မိမိထိန်းချုပ် ရာ၌တောင့်ခံထားခြင်းအလျဥ်းမရှိတော့။ ဝေါ့ သွေးတစ်ပွက်မျှအန်ထုတ်လိုက်ရသည်။ထိုသွေးတစ်ပွက်အန် ထုတ်ထုတ်သောစစ်သည်တော်တစ်ယောက်ကြောင့် နောက်ထပ် စိတ်ခိုင်မာခြင်းမရှိသော စစ်သည်တော်များလည်း သူတို့၏စိတ်ထ်ိ န်းချုပ်ခြင်းလွတ်ထွက်ကုန်ကာ သွေးများအန်လိုက်​ကြရပြန်၏။ "ပျော့လိုက်တဲ့ကောင်တွေပါလား" အင်ပါယာစစ်သူကြီးမှကြည့်ရှုပြီးမှတ်ချက်ချ၏။ထို့နောက် သူ၏ဘေးမှလူအားအချက်ပြလိုက်၏။ ခဏအတွင်း၌ သွေးအန်မိသောစစ်သည်တော်များအား ဆွဲထုတ် သွားကြလေ၏။ထိုလာရောက်ဆွဲထုတ်သောသူများသည်ဆေးရ နံ၏အကျိုးသပ်ရောက်မှုကိုခံစားရခြင်းမရှိချေ။အကြောင်းမှာ ဆေးရနံ၏သက်ရောက်မှုကင်းဝေးသော ချေဖျက်နိုင်သော ဆေး ကိုသောက်သုံးထားသောကြောင့်ဖြစ်၏။ ဆွဲထုတ်ခံရသောစစ်သည်တော်များကို သင့်လျော်သောကုသမှာများ ပေးထား၏။ဆွဲထုတ်ခံရသောစစ်သည်တော်များသည် ပြိုင်ပွဲ၌ကျ ရှုံးသွားကြပြီလည်းဖြစ်၏။ "တော်တော်ပျော့တာပဲ" ဂျိတ်လည်း မှတ်ချက်ချ၏။ငါးမိနစ်ပင်မရှိသေး ထွက်သွားကြသော ကြောင့်ဖြစ်၏။ဤဆေးအမွှေးတိုင်သည် အဆင့်နိမ့်အဆင့်၌သာရှိ သေး၏။အဆိုပါအမွှေးတိုင်သည် အတိတ်မှမှတ်ညဏ်များ ထုတ်ဖော်ပြီး ထိခိုက်အောင်လုပ်ခြင်း ကြောက်လန့်ခြင်းသာ လုပ်ဆောင်နိုင်၏။ဤသည်ကို ကျရှုံးသောလူရှိသောကြောင့် အံ အားသင့်နေ၏။ အဆင့်မြင့်အမွှေးတိုင်များသည် ကြောက်ဖွယ်အကြောင်းရာများကို သာမက သာယာခြင်း ဖြစ်သောနတ်ဘုံရောက်သကဲ့သို့အထိ လုပ်ဆောင်နိုင်စွမ်းရှိပြီး လူကိုပင် စိတ်မခိုင်သောသူဖြစ်ပါက လုံးဝ ရူးသွပ်စေသည်အထိ လုပ်ဆောင်နိုင်သည်။ ဝေါ့ စိတ်ထိန်းချုပ်နိုင်ခြင်းမရှိသူများတော့ စိတ်အားသက်ရောက်မှု ကြောင့် သွေးများအန်လိုက်ကြရ၏။ထိုလူများသည် ကျရှုံးသွားပြီး နေရာမှထွက်ခွာသွားကြရ၏။ ထွက်သွားရသောလူများ၏မျက်နှာဖြူတော့နေလျက်ရှိ၏။ဆေးရနံ သည် ဦးနှောက်အားထိန်းချုပ်လုပ်ဆောင်ရာမှ မိမိသည်မထိန်းနိုင် သောအခါ မိမိကိုယ်မှသွေးများစီးဆင်းမှုထိခိုက်ခြင်းဖြစ်၏။ ဆေးရနံရှူရှိုက်မိသောကြောင့် ကိုယ်အစိတ်ပိုင်းအာရုံခံမှုမှာ နှစ်ဆ ထိတိုးမြင့်လာသလို ဦးနှောက်မှလည်း နှစ်ဆသိရှိလာသည်။ထိုအခါ ခံစားရသောဝေဒနာသည် ပိုမိုပြင်းထန်လာ၏။ထိုအချိန်၌ ဆိုးကျိုး အဖြစ် ကိုယ်တွင်းမှသွေးများသည် တန်ပြန်မှုဖြစ်ပြီး အပြင်သို့ ထွက်လာ၏။ထိုအခါ သွေးအန်လိုက်ရခြင်းဖြစ်၏။ စိတ်အားမထိန်းချုပ်နိုင်သောကြောင့် ရရှိလာသောသက်ရောက်မှု လည်းဖြစ်၏။ထိုသက်ရောက်မှုအား အချိန်အနည်းငယ်ကြာကုသပါ က ပျောက်ကင်းစေသည်ဖြစ်၏။ စိတ်ဓာတ်ပြင်းထန်သော စိတ်စွမ်းအင်များပြားသောလူများကသာ အမွှေးတိုင်၏နေရာအနီး၌ထိုင်လျက်ရဎိနေကြဆဲဖြစ်၏။သူ တို့၏မျက်လုံးများမှိတ်ထားကြသော်လည်း နဖူး၌ဇောချွေးများပြန် နေကြောင်း ကြည့်ပါကတွေ့မြင်နိုင်၏။ထိုကြောင့် ယခုစစ်ဆေး မှုသည်လည်း မည်မျှခက်ခဲကြောင်းကိုသိရှိနိုင်လေသည်။ လူများစွာထွက်သွားရသော်လည်း ကျန်နေသောလူများကလည်းရှိ သေး၏။သူတို့သည် မကျရှုံးစေရန်သူတို့၏စိတ်ကို အတတ်နိုင်ဆုံး တောင့်ထားကာ အားတင်းထားဆဲရှိ၏။ သို့ရာတွင် အမွှေးတိုင်ရနံကို ပိုမိုရှုရှိုက်ရလာလေ သူတို့တောင့်ခံရ သောစိတ်တိုက်ခိုက်ခြင်းခံရမှုဝေဒနာမှာ ပိုမိုများပြားလာဖြစ်၏။ ထိုသို့​များပြားလှသော စိတ်တိုက်ခိုက်မှုကိုတောင့်ခံအားတင်း ကြိုးစားရင်း စစ်ဆေးခြင်းပြီး​မြောက်သွားရန်သာ ဆန္ဒရှိနေကြပြီ ဖြစ်၏။

All Chapters