← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

(184)

အမွှေးတိုင်ကား တဖြေးဖြေးနဲ့တိုလာလေ၏။အမွှေးတိုင်တိုလာ လေ တောင့်ခံလာနိုင်သောစစ်သည်တော်တို့သည်လည်း နည်းပါး လာလေဖြစ်၏။ "ဖူး" ဒီတစ်ခါတော့ ဂရိတ်စစ်သည်တော်စတင်သွေးအန်လိုက်ပြီဖြစ်၏။ ထို့ကြောင့်သူသည် စစ်ဆေးမှု၌ကျရှုံးသွားခဲ့ရပြီလည်းဖြစ်သည်။ ဂျိတ်ကတော့ထိုအခြေနေမျိုးကို တွက်ဆထားပြီးသားဖြစ်၏။မိမိမှ လေ့ကျင့်ပေးတာခြင်း တူညီသော်လည်း စစ်သည်တော်တိုင်း၏ကြံခိုင်နိုင်စွမ်းမှာ တူညီမှုရှိမည်မဟုတ်ပေ။ ကြိုးစားသောသူက ပိုမိုပြီးသန်မာသလို သာမန်သာလုပ်ကိုင်သောသူ က သာမန်အစွမ်းစကိုသာရရှိမည်ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာအနေဖြင့် တန်းတူညီမျှဖြစ်အောင်လေ့ကျင့်ပေးခဲ့ သော်လည်း စိတ်ပိုင်းဆိုင်ရာကာယ သင်သောသူမည်မျှပင် သင် နေပါစေ သင်ယူသူမှ လိုလိုလားလားလက်ခံမှသာရရှိနိုင်သောအရာ ဖြစ်၏။ထို့ပြင်လိုလိုလားလားလက်ခံပြီး တကယ်လက်တွေ့ကျင့် သုံးလိုက်နာမှလည်း တိုးတက်လာမည်ဖြစ်သည်။ "ဟီး...ဂရိတ်စစ်သည်တော်လည်း ကျရှုံးတတ်ပါလား" တိုင်းပြည်တစ်ခု၏ခေါင်းဆောင်မှ ပျက်ရယ်ပြု၏။ပျက်ရယ်ပြု၌ဂျိ တ်၏ဘက်သို့မျက်နှာမှုကာ ပြောလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဂျိတ်လည်းထိုသူအားတည်ငြိမ်သောမျက်နှာသွင်ပြင်ဖြင့် ပြန်လည်ကြည့်လိုက်၏။ထိုအခါ ပျက်ရယ်ပြုသောလူ၏ပုံစံသည် မိမိပါးစပ်၌ချေးခြောက်ငုံထားရသည့်ပမာ အင်တင်တင်ဖြစ်သွားရ လေသည်။ ထိုသို့ဖြစ်သွားရခြင်းသည် ယုံကြည်မှုရှိပြီးစိတ်တန်ခိုး ထက်မြက်သောအမျိုးသားတို့၌သာရှိသော အစွမ်းစပင်ဖြစ်၏။မ ယောင်ရာဆီလူးသူမှ ထိုလူမျိုး၏မျက်လုံးအကြည့်ချင်းဆုံမိပါက လည်း တောင့်ခံနိုင်ဖွယ်မရှိပေ။စိတ်တန်ခိုးထက်မြက်သောသူ၏အ ကြည့်ကို ပေါ့ပျက်ပျက်ဖြစ်သောလူက တောင့်ခံနိုင်ပါရိုးလား။ အမွှေးတိုင်ကားပြီးဆုံးရန် ငါးမိနစ်မျှသောအချိန်သာကျန်ရှိ တော့၏။ငါးမိနစ်စာ အမွှေးတိုင်တိုတိုလေးကာ ရနံများဆက်လက် ထုတ်လွှတ်ဆဲရှိ၏။တိုတောင်းသောအချိန်၌လည်း ဆက်လက်တော င့်ခံနိုင်စွမ်းမရှိသောစစ်သည်တော်များလည်း ရှိကြရာ စစ်ဆေးမှုမှ ဆက်တိုက်ဆိုသလို ထွက်ခွာနေကြရ၏။ ဂရိတ်စစ်သည်တော်များလည်း တစ်ယောက်မှစ၍ တဖြေးဖြေး ဆက်တိုက်ဆိုသလိုထွက်ခွာလာနေရပြီဖြစ်၏။ "ကဲ အချိန်စေ့သွားပြီး ကျန်ရစ်ခဲ့တဲ့လူတွေကတော့ဒီစစ်ဆေးမှုကို အောင်မြင်တဲ့လူများပဲဖြစ်ပါတယ်" စစ်ဆေးခြင်းကပြီးဆုံးသွားပြီဖြစ်၏ စစ်ဆေးခြင်းပြီးဆုံးသွား တော့အခါကျန်ရှိတော့လူများမှာ ​စောစီးစွာထွက်ခွာခဲ့ရသောသူများ ထက် စိတ်စွမ်းအားသန်မာကြောင်း သက်သေပြသခဲ့ကြလေသည်။ "ကဲ ကျနော်တို့အောင်မြင်သူများကိုရေတွက်ပေးသွားမှာဖြစ်ပါတယ် ပထမအဆင့်တိုင်းပြည်များမှ တစ်ယောက် ဒုတိယအဆင့်တိုင်းပြည်များမှ တစ်ယောက် တတိယအဆင့်တိုင်းပြည်များမှ နှစ်ယောက် စတုတ္ထ အဆင့်တိုင်းပြည်မှ ဂရိတ်စစ်သည်တစ်ရာနဲ့ကျန်စတုတ္ထ အဆ င့်တိုင်းပြည်များမှ လေးယောက် ပဥ္စမအဆင့်တိုင်းပြည်မှ ဆယ့်ရှစ်ယောက် ဆဠမအဆင့်တိုင်းပြည်မှ နှစ်ဆယ်ယောက် သတ္တ မအဆင့်တိုင်းပြည်မှ နှစ်ဆယ့်တစ်ယောက် စုစုပေါင်းတစ်ရာ့ခြောက်ဆယ့်ခုနှစ်ယောက်ဖြစ်ပါတယ်." ကြေညာချက်ကား ထွက်ပေါ်လာခဲ့ပြီဖြစ်၏။ထိုကြေညာသံကြောင့် တိုင်းပြည်အသီးသီးရှိခေါင်းဆောင်များမှာ အံသြရ၏။ဂရိတ် စစ်သည်တစ်ရာအောင်မြင်သည်ဆိုသည်က အလွန်ပင်များပြားလှ သည်မဟုတ်ပါလား။. ပထမစစ်ဆေးချက်၌လေးရာ့ငါးယောက်ထိရှိသော်လည်း ယခု စစ်ဆေးမှု၌ ထက်ဝက်မျှပြုတ်ကျခဲ့ပြီလည်းဖြစ်၏။ ထိုကြေညာချက်ကြောင့် တိုင်းပြည် အဆင့်ခြောက်ခုနှစ်က ခေါင်းဆောင်များဒေါသထွက်သွားကြ၏။သူတို့သည် ဒီစစ်ဆေး ချက်လာမည်ကိုသိရှိသောကြောင့် မိမိတို့စစ်သည်များအား နေ့တိုင်း စိတ်တောင့်ခံနိုင်အောင် လုပ်ဆောင်ပေး၏။စိတ်ပိုင်းဆိုင်ရာသန်မာ စေရန်အတွက် ကုန်ကျငွေမှာ သာမန်ထက်လေးဆပိုမိုသုံးစွဲခဲ့ရ၏။ သို့ရာတွင်စစ်ဆေးချက်၌သုံးသောအမွှေးတိုင်က ထိုမျှကြာမည်ဟုမ ထင်မိလိုက်ကြပေ။သုံးဆယ်မိနစ်ဟူသောကြာချိန်ရှိအမွှေးတိုင် ကြောင့် သူတို့စစ်သည်တော်အချို့ပင်မဟုတ် တော်တော်များများပင် စစ်ဆေးချက်မှ ထွက်ခွာသွားကြရ၏။ ထိုကြောင့် မိမိတို့သည် အမွှေးတိုင်အဘယ်ကြောင့်ထိုမျှကြာအောင် လုပ်ရသနည်းဟုစောဒကတက်ချင်၏။သို့သော် ထိုသို့မေးသည်နဲ့ မေးမိသောသူတို့အား စစ်ဆေးလိမ့်မည်။စစ်ဆေးပါက စစ်ဆေး ချက်မည်သို့လာမည်ကို လာဒ်ထိုးသည်ကပေါ်ပေါက်လာမည်ဖြစ်ပါ ကာ သူတို့သာ မိအေးနှစ်ခါနာမည်ဖြစ်၏။ထို့ကြောင့် အဆင့်ခြောက် ခုနှစ်တိုင်းပြည်ခေါင်းဆောင်များသည် မိမိတို့၏ဒေါသများကိုပြန် လည်မြိုသိပ်လိုက်ကြ၏။ မြိုသိပ်ရင်းသူတို့အကြည့်များက ဂရိတ်စစ်သည်တော်တို့ထံ ရောက်လာပြန်၏။လက်ကောက်များသံကွင်းများအလှဝတ်ဆင် ထားကာ လက်နက်ဆန်းများဝတ်ထားသောငနဲများက တစ်ဝက်မျှ အောင်မြင်နေသေးရာ အခဲမကျေဖြစ်မိ၏။မိမိတို့သည် အရင်းမြစ် သုံးပြီး အောင်မြင်စေသော်လည်း သူတို့သည်မည်သည့်အရာကိုသုံး ကာ အောင်မြင်စေသနည်းကိုလည်း သိရှိလိုနေကြသည်ဖြစ်သည်။ "ဒီနှစ်က မဆိုးဘူးပဲ" အင်ပါယာစစ်သူကြီး၏အသံထွက်လာ၏။ထိုအသံကြောင့် အစီစဥ် ကြေညာသူမှာ ပျော်ရွှင်သွား၏။ထိုသို့မှတ်ချက်ပေးသည်မှာ ပထမ ဆုံးဖြစ်သောကြောင့် အံအားသင့်နေ၏။အင်ပါယာစစ်သူကြီးသည် ဂရိတ်စစ်တပ်အားကြည့်ပြောသည်ကိုတော့ သူသိမည်မဟုတ်ပေ။ "တတိယစစ်ဆေးချက်ကတော့ တစ်ဦးချင်းတိုက်ခိုက်ခြင်းပါ ဒုတိယစစ်ဆေးမှုမှာအောင်မြင်သွားတဲ့လူတွေက မိမိတိုင်းပြည် ကိုယ်စားပြုပြိုင်ဆိုင်ကြရမှာဖြစ်ပါတယ် စိန်ခေါ်တဲ့သူမရှိတဲ့အထိပြိုင် ကြရမှာဖြစ်ပြီး မနက်ဖြန်မှဆက်လက်ကျင်းပကြမှာဖြစ်ပါတယ်." လေဘယ်ကွင်း၌ကျင်းပမှုသည် ပြီးဆုံးသွားပြီဖြစ်ပြီး မနက်ဖြန်မှ သာဆက်လက်ကျင်းပတော့မည်ဖြစ်၏။ဒုတိယစစ်ဆေး မှု၌အောင်မြင်သောသူများသည်လည်း အမွှေးတိုင်၏သက်ရောက် မှုကြောင့် ဆက်တိုက်ကျင်းပပါက အစွမ်းစများအပြည့်ဝမထုတ်သုံး နိုင်ခြင်းဖြစ်ပေါ်နိုင်၏။ထို့ကြောင့် အနားယူစေခိုင်းခြင်းဖြစ်ပြီး မနက်ဖြန်မှသာ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ "ကဲ ပြိုင်ရမဲ့လူတွေကလဲ သေချာပြန်လည်လေ့ကျင့်ဖို့လိုသလို ကျ ရှုံးနိမ့်ခဲ့တဲ့လူတွေကလဲ သေချာပြန်လည်စစ်ဆေးလေ့ကျင့်ဖို့လို တယ်ကြားလား" "ဟုတ်ကဲ့ပါခေါင်းဆောင်" ဂျိတ်အား စစ်သည်များကပြန်လည်ပြောလိုက်ကြသည်။စစ်သည်နှစ် ရာအနက်တစ်ရာကျန်ရစ်နေခြင်းသည် ဂရိတ်စစ်သည်များအတွက် ကောင်းမွန်သောသတင်းတစ်ခုလည်းဖြစ်၏။ယခင်ကမိမိတို့ကျရှုံး နေကျစံချိန်အား ဖျက်စီးပစ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ဗယ်ဒင်မြို့ကား တဖြေးဖြေးဖြင့်ပိုမိုစည်ကားလာလေ၏။တိုင်းပြည် များ၏ပြိုင်ပွဲများကြောင့် လူစည်ကားလာသည်ဟုလည်းဆိုနိုင်လေ သည်။ နောက်တစ်ခုအကြောင်းရင်းသည်ကား ဂျိတ်သည် ဗယ်ဒင် မြို့၌ရှိသည်ဆိုသောကြောင့် လုပ်ကြံရန်လာရောက်ခဲ့ကြခြင်းဖြစ်၏။ လုပ်ကြံသူများ၏အမြင်၌ ဂျိတ်သည် သာမန်အော်ရာသာပိုင်ဆိုင် သောလူတစ်ယောက်ပင်ဖြစ်၏။သေမင်းလုပ်ကြံသူအား ကံကောင်း သောကြောင့်သာ အနိုင်ရရှိသွားသည်ဟုထင်သောကြောင့် ရရှိမည့် ဆုလာဒ်အတွက် လာရောက်လုပ်ကြံကြခြင်းဖြစ်၏။တစ်ချို့ကား မ လုပ်ကြံနိုင်လျှင်လည်း မိမိမသေနိုင်ဟုယူဆသောကြောင့် လာ ရောက်လုပ်ကြံကြခြင်းဖြစ်၏။ စင်စစ် ဗယ်ဒင်မြို့သည် ကြီးမားပြီးစွန်ရဲအင်ပါယာမှ အု ​ ပ်ချုပ်သည် ဆိုသော်ငြားလည်း စိတ်ဝင်စားဖွယ်များပြည့်နှက်နေ၏။ဗယ်ဒင်မြို့ သည် အမှန်တကယ်အားဖြင့် အတန်းစားလေးမျိုးမှ လွှမ်းမိုး ချုပ်ကိုင်ထားသည်ဆိုလျှင် ပို၍မှန်ကန်ပေသည်။ စွန်ရဲအင်ပါယာမှမင်းမှုထမ်းများ၊စုံစမ်းရေးအဖွဲ့စည်း၊လုပ်ကြံသူ အဖွဲ့စည်းနှင့်ချမ်းသာသည့်သူဌေးများဟူ၍ လေးမျိုးအတန်းစားက ဗ ယ်ဒင်မြို့အားလွှမ်းမိုးထားခြင်းဖြစ်သည်။ချမ်းသာသည့်သူဌေးများ လူတန်းစားတွင် လိန်း၊ဟမ်းစ်နဲ့ဘရိတ်ဟူ၍သုံးမျိုးရှိ၏။ထိုသုံးမျိုး သည်အလွန်ကြီးကျယ်သောပိုင်ဆိုင်မှုများကိုပိုင်ဆိုင်ကာ သြဇာတိ က္က မရှိသောလူတန်းစားများဖြစ်၏။ စွန်ရဲအင်ပါယာကလည်း ပြသနာကြီးကြီးမားမားမဖြစ်သည့်အတွက် တမင်အလွတ်ပေးထားခြင်းဖြစ်သည်။ "မဖြစ်နိုင်ဘူး မင်းတို့အဲ့လောက်ရှုံးရလား" လူတစ်ယောက် ဒေါသထွက်နေ၏။သူသည် ဟမ်းစ်သူဌေးမျိုးရိုးမှ ဖြစ်ကာ အတော်တန်ကြွယ်ဝသောသူဌေးတစ်ယောက်ဖြစ်၏။ဟမ်း စ်တို့သည် လောင်းကစားလုပ်ငန်း၊ဆောင်ကြာမြိုင် များအရက်များ စသည့်လုပ်ငန်းများကိုလုပ်ကိုင်ကြသည်။ထိုလုပ်ငန်းများကြောင့် ကျန်သောသူဌေးနှစ်မျိုးထက် ပိုမိုပြီးကြွယ်ဝကြ၏။ ယနေ့တွင်ကား သူ၏အပိုင်စားဖြစ်သောလေဘယ်ကွင်းမှ ရွှေပြား သိန်းရှစ်ရာအထိဆုံးရှုံးခဲ့ရ၏။သူ၏အပိုင်စားရာ လေဘယ် ကွင်း၌ထိုင်သောဌာနသည် သူ၏ နေရာဖြစ်သော်လည်း ယနေ့မှ တော့ အထိခိုက်အနစ်နာဆုံးသောနေရာဖြစ်လာလေ၏။ "ဆရာ" အစေခံ တစ်ဦးမှ လာကာ တီးတိုးပြောကြား၏။ထိုအခါမှ သူဌေး၏မျက်နှာသည်ဝင်းပသွားပြီး "ကောင်းပြီ " ......... ."ဒီတစ်ခေါက် ပြိုင်တဲ့လူတွေကမဆိုးပါဘူး." အင်ပါယာစစ်သူကြီးသည် လမ်းလျှောက်ရင်းတွေးတောနေ၏။သူ အားမြင်သော စစ်သည်တော်တိုင်းသည် အရိုသေပေးကြရကုန်၏။ သူသည်လည်း အရိုသေပေးသည်ကိုလေးစားသည်အနေဖြင့် တုံ ပြန်ကာ မိမိနေရာစံအိမ်သို့ပြန်လာခဲ့လေ၏။ စံအိမ်သို့ပြန်ရောက်သည်နဲ့ ."ဟဲ့ သောက်ပလုတ်တုတ်...ဟာ သခင်မလေးဘာတွေလုပ်နေတာ လဲ" သူမျက်လုံးများပြူးပြဲကုန်၏။အကြောင်းမှာ သူ၏စားပွဲမှစာရွက် များကို သခင်မလေးမှ ဖတ်နေသောကြောင့်ဖြစ်၏။အင်ပါယာ​ စစ်သူကြီးသည် စစ်သည်တော်တိုင်းမှ လေးစားကြောက်ရွံရသည် အထိ​အရှိန်ဝါကြီးသော်လည်း သခင်မလေးနဲ့တွေ့သောအခါ ထို အရှိန်ဝါသည် သုံးစား၍ပင်မကတော့ပေ။ထို့ပြင်အမြဲလိုလို ခက်ထန်တည်ငြိမ်နေသောသူ၏မျက်နှာအမူရာသည်လည်း ပြောင်းလဲနေသည်ကိုတွေ့မိပါက တွေ့မိသူတိုင်းအံသြနေကြရမည် ဖြစ်၏။ သူ မေ့လျော့ကာဆဲရေးမိသည်ကို သခင်မလေးမှာ ကြာဟန်မတူ သူမ၏အတွေး၌သူမ နှစ်မြောနေပုံရ၏။ ."ကိုကြီးကိုတော့ ကျမခိုက်သွားပြီထင်တယ် ကိုကြီးကတကယ်တော် တာပဲ" သခင်မလေးကား စာရွက်များကိုကြည့်ရင်းပျော်ရွှင်နေ၏။ထို စာရွက်များတွင်ဂျိတ်၏ပုံစံနဲ့ဂျိတ်၏အကြောင်းရာများကို ရေးသား ထားခြင်းဖြစ်၏။ထိုစာရွက်များကို ကိုယ်ရံတော်မှ သိမ်းရန် မေ့လျော့ခဲ့ခြင်းကြောင့်သခင်မလေးမှအပျင်းပြေကြည့်ရင်း အာရုံ စိတ်ဝင်စားသွားခြင်းဖြစ်၏။ သူမ၏စကားကြောင့် ကိုယ်ရံတော်ဖြစ်တလဲအင်ပါယာစစ်သူကြီးမှ ပါးစပ်ကြီး ဆင်အောင်း၍ရလောက်အောင်ကျယ်လာသည်ကို သူ ကိုယ်တိုင်ပင်မသိချေ။ "ကိုကြီးက သိပ်ချစ်ဖို့ကောင်း အမလေး သရဲကြီး" သခင်မလေးမှာ အတွေးများနှစ်မြောနေရင်း အမှတ်တမဲ့ မော့ကြ ည့်လိုက်ရာ မျက်လုံးကြီးပြူးပါးစပ်ကြီးကျယ်သောအင်ပါယာ စစ်သူကြီးကြောင့်လန့်သွား၏။ "ဦးလေးဘာလာလုပ်တာလဲ" "အမယ် သခင်မလေးကပြန်ပြောတတ်နေပြီပေါ့လေ ဒါနဲ့ကိုကြီးက ဘယ်ရောက်သွားလဲ" ထိုစကားကြောင့်သခင်မလေးမှာ ရှက်သွားကာ အခန်းထဲပြေးဝင် သွားတော့၏။သခင်မလေးအခန်းထဲပြေးဝင်သွားမှသာ အင်ပါယာ စစ်သူကြီးလည်း သူ၏စားပွဲမှစာရွက်များကို သိမ်းရန်ပြင်ဆင်ရ တော့၏။ "သခင်မလေး မလွယ်ပါလား အရင်ကတော့ ရိုးရိုးသားသားလေး ရယ် အခုတော့ကိုကြီးကိုကြီးနဲ့ အင်း တယ်ခက်ပါတယ်" ထိုအခါမှ စာရွက်အသစ်ရောက်နေမှန်းသိရတော့၏။ ထိုစာရွက်များ၌ ဂျိတ်၏တတ်မြောက်ထားသောပညာများကို ရေးသားထားခြင်းဖြစ်၏။ "ဘာတဲ့ပန်းပဲ ပန်းချီ ဆေး.. အားပါးပါးများလှချည်လား" စစ်သူကြီး၏မှတ်ချက်ပေးရသည်အထိဖြစ်လာရ၏။အကြောင်းမှာ ဂျိတ်၏တတ်မြောက်ထားသောအလုပ်ကိုင်များကြောင့်ဖြစ်၏။ စာရွက်ပေါ်၌ရေးသားထားသောအလုပ်ကိုင်ပညာများသည် သူတို့ ခေတ်၌ပေါ်ပေါက်ဖူးသောပညာများဖြစ်နေသောကြောင့်ဖြစ်၏။ မတတ်သည်ပညာမရှိသည်အထိ ဖြစ်နေသောပုံစံမျိုးပင်ဖြစ်၏။ စာရွက်ပေါ်၌ရေးထားသည်များမှာ ယနေ့ခေတ် ဖေ့ဘုတ်အကော င့်၏အောက်၌ ရေးချထားသော စာတန်းအရှည်ကြီးကဲ့သို့ပင် ဖြစ်၏။ (ဂျိတ်၏ကိုယ်ပွားတစ်မှ ဂျိတ် သိုင်းဝိညာဥ်ကမ္ဘာသွားနေစဥ် အတွင်း၌ ဖြေဆိုထားခြင်းဖြစ်၏။ပညာရပ်များဖြေဆိုရာ၌ ဂရိတ် တိုင်းပြည်၌အမြင့်ဆုံးဖြစ်သည်အထိ အောင်မြင်အောင်ဖြေဆိုထား ခြင်းဖြစ်ရာ ဂျိတ်၏နာမည်ကို စုံစမ်းသူများကတွေ့ရှိသွားရခြင်း ဖြစ်၏။) "ဆရာ ဒီမှာစာတစ်စောင်လာပေးသွားပါတယ်" ဂျိတ်လည်း မိမိတို့စစ်သည်တော်များနဲ့အတူ ဝိုင်း၌ရောက်နေချိန် ဖြစ်၏။ထိုချိန်လူတစ်ယောက်မှာစာတစ်စောင်လာပေးသောကြောင့် လက်ခံလိုက်၏။ ဖတ်ရှုသောအခါ ဟမ်းစ်မျိုးနွယ်မှသူဌေးမှမိမိအား အစားသောက် ဖြင့်ကြွေးမွေးလိုကြောင်းဖြစ်ရာ ဂျိတ်လည်းသွားရန်လိုက်ခံလိုက် လေသည်။

(185)

ဂျိတ်လည်း သူ၏စီးတော်မြင်းကြီးအားစီးနှင်းကာ ဟမ်းစ်မျိုးနွယ် ဖိတ်ခေါ်သောနေရာသို့ သွားလိုက်သည်။ထိုနေရာသို့ရောက် သောအခါ ကြီးကျယ်ခမ်းနားလှသော စားသောက်ဆိုင်ကြီးတစ်ခု ဖြစ်ကြောင်းတွေ့လိုက်ရလေ၏။ထိုစားသောက်ဆိုင်ကြီးသည် ဗယ် ဒင်မြို့၌ထင်ရှားကျော်ကြားသောစားသောက်ဆိုင်ကြီးဖြစ်၏။ ထိုစားသောက်ဆိုင်သည် ငွေကုန်ကြေးကျခံနိုင်သောသူဌေး များသည် ပိုမိုလာရောက်ကြ၏။စားသောက်ဆိုင်မှရရှိသော အစား သောက်များဝန်ဆောင်မှုကလည်း အဆင့်မြင့်ပြီးအရသာရှိလှရာ အ မြဲမပြတ်လာရောက်စားသောက်သူများရှိကြ၏။ "ဆရာ ကြိုဆိုပါတယ် ဘာများလိုပါသလဲရှင့်" စားသောက်ဆိုင်ရှေ့၌ ကြိုဆိုဧည်ခံသော မိန်းမပျိုလေးမှ ဂျိတ်အား မြင်သည်နဲ့ကြိုတင်ဦးစွာနှုတ်ခွန်းဆက်သလိုက်၏။သူ၏အသံသည် အနည်းငယ်တုန်နေကြောင်းသိသာနေ၏။ သူမသည် ထိုစားသောက်ဆိုင်၌လုပ်ကိုင်နေသည်မှ နှစ်နှစ်ရှိပြီဖြစ် သောကြောင့် အတွေ့ကြုံရှိနေပြီဖြစ်၏။သို့ရာတွင် အလွန် ကောင်းမွန်လှသောမြင်းကောင်းကြီးတစ်ကောင်ကို ခန့်ညားထည်ဝါ လှသောယောကျာ်းတစ်ယောက်ကစီးနှင်းပြီး စားသောက်ဆိုင်ရှေ့ ရောက်လာသောအခါ သူမ၏အသက်ရှုသံများ မှုမမှန်ဖြစ်လာကာ ရင်ခုန်သံများမြန်လာ၏။ထို့နောက် သူမအားယူပြီးပြောရသော ကြောင့် အနည်းငယ်တုန်ခါသွား၏။ "ဟမ်းစ်ကသူဌေးက ကျုပ်ကိုဖိတ်ထားလို့ပါ" "အို" မိန်းမပျို၏ရင်ခုန်သံများပို၍မြန်ဆန်သွား၏။ဗယ်ဒင်မြို့၌နေသူ တိုင်း ဟမ်းမျိုးနွယ်၏အကြောင်းကိုကောင်းစွာသိကြ၏။ထိုလူ များသည် စီးပွားရှာတော်သလောက် ဂုဏ်မောက်မာတတ်သောလူ များဖြစ်၏။သူတို့သည် သူတို့နီးပါးအရည်ချင်းရှိသူများကိုသာ ခင်မင်လေးစားလေ့ရှိကြ၏။ယခုလည်း မိမိရှေ့မှသူည် ဟမ်းစ် သူဌေးမှဖိတ်ခေါ်သောကြောင့် လာကြောင်းသိရသောအခါ သူမ၏ချစ်စိတ်များပိုမိုတောက်ပလာသည်။သူမသည် အတတ်နိုင် ဆုံးအလှဆုံးသောအပြုံးဖြင့် "ဟုတ်ကဲ့ရှင့် ဒါဆိုရင်သူက ရှင့်ကိုစောင့်နေပါတယ်ရှင့် ကျမလိုက်ပို့ ပေးပါမယ်ရှင့် မြင်းကတော့ ဒီမှာရပ်ထားပေးပါ တာဝန်ရှိသူက မြင်းဇောင်းပို့ပေးထားပါမယ်ရှင့်" "ဒါဆို ဒီကညီမလေးကိုပဲ အားနာနာနဲ့လိုက်ပို့ပေးပါ" ဂျိတ်၏စကားကြောင့် သူမပိုမိုရင်ခုန်မိလာသည်။မိမိရှေ့မှလူသည် သူမစိတ်ကူးထဲကနတ်သားလေးနဲ့ပင်တူညီလာသလိုလိုဟူ ခံစားမိ လာသည်။ ဂျိတ်၏အတွေးနှယ် ထိုစားသောက်ဆိုင်ကြီး၏ခမ်းနားပုံကို တွေးတောမိ၏။ယခုမိမိရှေ့မှ လမ်းပြပေးနေသောမိန်းမပျို လေးပင် ငွေအဆင့်ငါးရှိ၏။မိမိတို့တိုင်းပြည်၌ ငွေအဆင့်ဆိုလျှင် အလွန်မင်း လေးစားနေကြသလောက် ဗယ်ဒင်မြို့မှာတော့ ဧည့်ကြို အဆင့်လောက်သာရှိကြောင်းတွေ့ရလေသည်။ မိန်းမပျိုလေးမှာ မိမိအားသူ၏အလှပများပြသ၍ဆွဲဆောင်ရန် ကြိုးစားနေသည်ကိုလည်း ဂျိတ်ရိပ်စားမိ၏။သူမဆွဲ​ဆောင်မှုက လှပသော်ငြားလည်း ဂျိတ်၏စိတ်ကိုတုန်လှုပ်ခြင်းကို မ စွမ်းဆောင်နိုင်ပေ။ ထို့ပြင် သူမ၏ဘဝဆက်လက်တိုးတက်နိုင်ရန် အထောက်ပံကောင်း ပေးမည့်လူကို ရရန်အလို့ငုာမတတ်သာသည့်အဆုံးလုပ်နေရသည် ကိုလည်း မြင်၏။ စားသောက်ဆိုင်၌ အဆင့်တန်းများခွဲခြားထားသေး၏။သာမန်စား သောက်သောသူများက ပုံမှန်စားပွဲဝိုင်းနေရာများ၌ စားသောက်နိုင် မည်ဖြစ်ပြီး အဆင့်တန်းမြင့်သူငွေလျှံသောသူများကတော့ အထူး ခန်းဖြစ်သော အခန်းများကို ငှားပြီးစားသောက်တတ်ကြ၏။ ထိုအထူးခန်းများသည် တိတ်​ဆိတ်​ငြိမ်သက်ပြီးအေးဆေးစွာစား သောက်လိုသူများအတွက်ကောင်းမွန်သောနေရာဖြစ်၏။သူဌေး များ ဂုဏ်သရေရှိမျိုးရိုးမြင့်များအတွက် တွေ့ဆုံဆွေးနွေးရန် အတွက် အသုံးပြုကြသည်ကလည်းများ၏။ ယခုလည်းဂျိတ်အား ဟမ်းစ်ကသူဌေးကထိုသို့သောအကောင်းစား အခန်းငှားရမ်းကာ စောင့်ကြိုနေခြင်းဖြစ်၏။ ဂျိတ်၏တည်ငြိမ်လှသောရုပ်ကြောင့် မိမိသည်မှားယွင်းနေသော အပြုမှုများလုပ်မိကြောင်း မိန်းမပျိုလေးမှာရိပ်စားမိသွား၏။ထို့ ကြောင့်အရိုးသားဆုံးဖြင့် ဟမ်းမျိုးနွယ်သူဌေးရှိရာအခန်းသို့ ပို့ဆောင်ကာ ပြန်လှည့်ရန်ကြိုးစားလိုက်၏။ "ရော့ ကူညီပေးတဲ့အတွက်ဘောက်ဆူး" ဂျိတ်သည် သူမ၏လက်ထဲသို့ ကဒ်တစ်ကဒ်ပေးကာ အခန်းထဲဝင် သွားကြောင်းတွေ့ရလေ၏။သူမ ကဒ်ကိုကြည့်သောအခါ အလွန် မင်းတုံလှုပ်သွား၏။ထိုကဒ်သည် ငွေသားနဲ့အချိန်မရွေးပြန်လည် နိုင်ပြီး ကဒ်အတွင်း၌ ရွှေပြားငါးထောင်ဟုရေးသားထားလေသည်။ လမ်းပြပေးရုံနဲ့ ထိုမျှရမည်ဟုမထင်မိသောကြောင့်ဖြစ်၏။သူမ လုပ်သက်အတွင်းလည်းအများဆုံးရဖူးသောပမာဏပင်ဖြစ်၏။ထို့ ကြောင့် ဂျိတ်အား အလွန်မင်းကျေးဇူးတင်သွား၏။ "ဟာ လာပါ ထိုင်ပါဦး" ဂျိတ်လည်း မိမိအား လေးလေးစားစားခေါ်ဝေါ်နေသောကြောင်း ပြန်လည်ရို​သေစွာဖြင့်တုန့်ပြန့်ကာ ထိုင်လိုက်၏။မိမိရှေ့၌ ရှိသော လူသည် အသက်ငါးဆယ်အရွယ်ရှိလူကြီးတစ်ယောက်ဖြစ်ကာ သူ၏မျက်လုံးများက ထက်ရှနေ၏။သူသည် ပလက်တီနမ်အဆင့်ရှိ လူဖြစ်သည်ကိုလည်း တွေ့ရှိရလေသည်။ မိမိရှေ့၌လည်းစားပွဲ ကြီးတစ်ခုရှိကာ ထိုစားပွဲအပြည့်အစား သောက်များလည်းပြည့်နေအောင်ခင်းကျင်းထားကြောင်းတွေ့ရှိရ လေသည်။ "ကျနော်ကတော့ ဂျိတ် ခုလိုစားသောက်ပွဲတွေနဲ့ခင်းကျင်းပြီး ဖိတ်ရ တဲ့အကြောင်းရင်းကရော." ဂျိတ်သည် ထိုင်ပြီးသည်နဲ့ လိုရင်းအားတိုက်ရိုက်ပြောလိုက်သည် ဖြစ်၏။ထိုအပြုမှုကြောင့် ထိုလူကြီး၏မျက်လုံးများသည် ပိုမို တောက်ပလာလေသည်။ "အခုလိုပွင့်ပွင့်လင်းလင်း ပြောပေးတဲ့အတွက် ကျုပ်ကဝမ်းသာပါ တယ် မိတ်ဆွေကလဲ ဒဲ့တိုးပြောတာဆိုတော့ ကျနော့်ဖက်ကလဲ ဝှေ့ ဝိုက်မနေပါတော့ဘူး အကြောင်းရင်းက မိတ်ဆွေလောင်းလိုက်လို့ ကျနော်လောင်းကစားဌာနက ရွှေပြားသိန်းရှစ်ရာ ပြောင်သွားပါပြီ ဒါကြောင့် ကျနေဲ်လဲ မိတ်ဆွေကို ယခုလိုတွေ့ပြီး ကျနော်ဖက်ကရှုံး နေ့လို့ မလောင်းပေးတော့ဖို့တောင်းပန်ပါတယ်ဗျ" ထိုလူကြီး၏ရိုးရှင်းလှသောဒဲ့ဒိုးပြောဟန်ကြောင့် ဂျိတ်သဘောကျ သွား၏။ဒီလိုလူမျိုးကို ဂျိတ်ကပို၍ပင် လေးစား၏။လိုရင်းရောက် အောင် ကွေ့ကောက်ပြီးပြောနေသော သူထက် ဒီလိုလူမျိုးအား ပို၍လိုလား၏။ "ကောင်းပြီ ဒါဆိုလည်း ခင်ဗျားပြောတာသဘောတူတယ် ကျုပ်မ လောင်းတော့ဘူး" ဂျိတ်၏ပြောလိုက်သောစကားကြောင့် ထိုလူကြီးလည်းး သဘောကျသွား၏။ အစပိုင်း၌ သဘောတူညီမှုရရန်က ခက်ခဲဦး မည်ဟုထင်သော်လည်း မိနစ်ပိုင်းအတွင်း၌ ပြီးဆုံးသွားပြီဖြစ်၏။ သူ၏အလုပ်သက်တမ်း၌ ဒီတွေ့ဆုံမှုက အမြန်ဆုံးဟုပင်ဆို၍ရ နိုင်သည်။ "စားသောက်ကြပါဗျာ" "ကောင်းပြီ" အခန်းတွင်းရှိလေထုကလည်း ပိုမိုကောင်းမွန်လာ၏။နှစ်ယောက် သား ဟန်ဆောင်ခြင်းလည်းကင်းရာ ပို၍ပင်ခင်မင်ရင်းနီးလာ ကြ၏။သောက်လိုက်စားလိုက်ဖြင့် ထွေရာလေးပါးပြောဆ်ိုနေ ကြ၏။ဂျိတ်လိုလူနဲ့ခင်မင်ရသည့်အတွက်လည်း ထိုလူကြီးမှ ဝမ်းသာနေ၏။ ဂျိတ်သည်သူကြားသည့်သတင်းအရဆိုလျှင်အလွန်အစွမ်းထက် သော ပလက်တီနမ်အဆင့်စစ်သည်တော်ဟုဆ်ိုသော်လည်း မိမိ ရှေ့၌မှာကား စစ်သည်တော်ဟုလုံးဝမထင်ရပဲ ထွေရာလေးပါး ပြောဆိုနေသော မိတ်ဆွေစစ်တစ်ယောက်နဲ့ပင်တူနေသေး၏။ ဂျိတ်မှာလည်း မိမိရှေ့မှ လူကြီးနဲ့ခင်မင်ရသောကြောင့် စိတ်ကျေ နပ်၏။အဆိုပါလူ၏နာမည်သည် ရစ်(rich) ဖြစ်ပြီး ချမ်းသာခြင်း ကို လိုလားသောကြောင့်ထိုနာမည်ယူထားကြောင်းသိရလေသည်။ဒဲ့ တိုးသမားဖြစ်ကာ ဝှေ့ဝိုက်နေခြင်းမရှိပေ။စိတ်ထားလည်းကောင်း ပြီး တစ်ခွန်းပြောပြီး ပြောသည့်အတိုင်းလုပ်တတ်သောလူစားမျိုး ဖြစ်၏။ ထိုအခိုက်၌ "ဆရာ ဂျိတ်..ဆရာမြင်းကို လူတစ်စုယူနေပါတယ်" ထိုသတင်းကြောင့် အဆင်ပြေနေသောဂျိတ်နဲ့ရစ်တို့စကားဝိုင်းလေး မှာ ငြိမ်သက်သွားရလေသည်။မိမိမြင်းအား ယူရဲသူရှိသောကြောင့် အနည်းငယ်ပင် ဂျိတ်လေးစားမိသွား၏။ ဂျိတ်လည်း ရစ်အား ​ "လာ ကျုပ်မြင်းကိုယူရဲတဲ့သူတွေကိုသွားကြည့်ကြစ်ို့" ဂျိတ်၏စကားကြောင့်ရစ်လည်း ရယ်မောကာ ဂျိတ်နဲ့အတူလိုက်ပါ လာခဲ့လေသည်.။ ရစ်လည်း ဂျိတ်၏ဖိတ်ခေါ်မှုကြောင့် ရယ်ရယ်မောမောဖြင့်လိုက် လာ၏။သူအနေနဲ့လည်း ဂျိတ်၏အကြောင်းများကိုသိသင့် သလောက်သိရှိထား၏။သေမင်းလုပ်ကြံသူလိုပင် ဂျိ တ်၏လက်ချက်ကြောင့်သေရကြောင်းအကြောင်းရင်းကိုပြန်လည် တွေးမိသောအခါ ဂျိတ်၏တကယ့်စွမ်းရည်အစစ်မှန်ကို သိချင်မိ သွား၏။ "မလုပ်ပါနဲ့ ဒါကလူကြီးမင်းတစ်ယောက်ရဲ့မြင်းပါ" ."မလိုဘူး ငါဘယ်သူလဲဆိုတာမင်းလဲသိရဲ့သားနဲ့ ငါလိုချင်ရင် ရအောင်ယူမှ ကျေနပ်တာကွ" စကားအချင်းများနေကြသော လူတစ်စုသည် စားသောက်ဆိုင်၏မြင်းဇောင်း၌ ပြောဆိုနေကြသည်ကို ဂျိတ်တွေ့ လိုက်ရ၏။သူ့၏မြင်းအားအတင်းလိုချင်နေသောသူဆို၍ ကြည့်ရှု ရာ အသက်15အရွယ်ကောင်လေးတစ်ယောက်ဖြစ်ကြောင်း တွေ့ လိုက်ရလေ၏။ ထိုကောင်လေးသည် ငယ်ငယ်ရွယ်ရွယ်ဖြင့်ပျက်စီးနေဟန်ရှိ၏။ သူ၏ကိုယ်၌လည်း အဖိုးတန်အဝတ်စားများကိုဝတ်ဆင်ထားသော ကြောင့် ချမ်းသာကြွယ်ဝသောမိသားစုမှအလိုလိုက်ခံလိုက်သဖြင့် ပျက်စီးနေသောသူဌေးသားလေးပင်ဖြစ်၏။သူ၏နောက်တွင် လည်း ကပ်ဖားရပ်ဖားလုပ်နေသော သူ၏အပေါင်းဖော်တစ်သိုက် ကိုလည်း မြင်တွေ့ရ၏။ "ကျုပ်က ဘာကောင်လဲဆိုတာ မင်းလိုအစေခံလည်းသိပါတယ် ရော့ ဆက်ပြီးငါ့ကိုလေပေါမနေနဲ့" အစေခံအား ငွေထုပ်ဖြင့် ပေါက်ကာ ဂျိတ်၏မြင်းထားထားသော မြင်းဇောင်းတံခါးပေါက်ကိုဖွင့်လိုက်၏။ အစေခံသည်လည်း တားမည်ကြံသော်လည်း ထိုသူဌေး သား၏အပေါင်းဖော်များ၏ တွန်းလိုက်မှုကြောင့် သူ၏လုပ်ဆောင် မှုမှာအရာဝင်ခြင်းမရှိပေ။အစေခံသည် စားသောက်ဆိုင်၏ဝန်ထမ်း ဖြစ်ပြီး မြင်းဇောင်း၌စားသောက်ဆိုင်သို့လာသောဧည်သည်တော် များ၏မြင်းများအား မြင်းဇောင်းသို့ခေတ္တ ထားရသည့်အလုပ်ကို လုပ်ဆောင်ပေးရသူဖြစ်၏။သူသည် ဂျိတ်၏မြင်းကို သူ၏တာဝန် အတိုင်း မြင်းဇောင်းသို့လာရောက်ပို့ဆောင်ထား၏။ ထိုအချိန်တွင် အဆိုပါသူဌေးသားလေးသည် စားသောက်ဆိုင်၌သူ၏အပေါင်းသင်းများနဲ့စားသောက် ပြီးစီး၍မြင်းဇောင်းသို့ထွက်လာချိန်လည်းဖြစ်၏။သူဌေးသား သည် ဂျိတ်၏မြင်းအားမြင်သည်နဲ့ အလွန်မင်းလိုချင်တပ်မက် သွား၏။ထို့​ကြောင့် ထိုမြင်းအား မရရအောင်ယူဆောင်ရန်လုပ် ဆောင်တော့၏။ ဤတွင် အစေခံက သူဌေးသားအားမလုပ်ဆောင်ရန်ငြင်းဆိုရာမှ ကျန်သောမြင်ကွင်းအား ဂျိတ်ရောက်လာကာမြင်တွေ့ရသည် ဖြစ်၏။ "ဟာ အလွန်လှတဲ့မြင်းကြီးပါလား" ရစ်ပင် ဂျိတ်အား အံသြတကြီးဖြင့်ဆို၏။သူ၏တစ်သက်၌ ထိုမျှ ကောင်းမွန်ပြီးသန်မာထွားကြိုင်းလှသောမြင်းကြီးအား မမြင်ဖူးပေ။ မြင်းကောင်းအချက်လက်နဲ့ပြည့်စုံသောမြင်းကြီးအား သူ့၏တစ်သက်၌ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၏။ထို့ကြောင့် ထို သူဌေးသားလေး လိုချင်တပ်မက်နေသည်မှာလည်းမဆန်းတော့ ပေ။ သူဌေးသားလေးသည်လည်း မြင်းဇောင်းတံခါးဖွင့်ပြီး ဂျိ တ်၏မြင်းကြီးအား အနားသွားပြီး မြင်းကိုဆွဲယူလာမည်အပြု"ဘယ်ကကောင်က ငါ့မြင်းကိုထိရဲတာလဲ" ထိုအသံကြောင့် သူဌေးသား သူခိုးလူမိသည့်ပမာဖြစ်ကာ သူ သောက်သမျှအရက်တန်ခိုးအရှိန်များ ကြ က်ပျောက်ငှက်ပျောက်သ ည့်ပမာဖြစ်သွား၏။သူအားအော်သူကို ကြည့်လိုက်၏။ဂျိတ်၏ပုံစံ ကို တစ်ချက်ကြည့်ကာ အထင်မြင်သေး ဟန်ဖြင့် "ဒါခင်ဗျားမြင်းလား ကျုပ်ငွေပြားတစ်ရာနဲ့ဝယ်မယ် မြင်းနဲ့ခင်ဗျားနဲ့ကမလိုက်ဖက်ပါဘူး ဒါကြောင့်ကျုပ်ကစေတနာကြီး ကြီးနဲ့ဝယ်ပေးတာပါ ကျေးဇူးတင်စရာမလိုပါဘူး" ထိုစကားကြောင့် သူ၏အပေါင်းသင်းများက ဂျိတ်အားလှောင်ဟန် ဖြင့် ဝိုင်းဝန်းရယ်မောကြ၏။ဤသို့ဆိုလိုက်သည့်စကားသည် ဂျိတ် အား အထင်မြင်သေးကြောင်းပြောဆိုလိုက်သည့်နှယ်ဖြစ်၏။ "ငယ်ငယ်လေးနဲ့ပျက်စီးနေပုံထောက်ရင် အိမ်ကလူကြီးတွေကမ ဆုံးထားဘူးနဲ့တူတယ်" ဂျိတ်တစ်ချက်သက်ပြင်းချကာပြောလိုက်၏။ "ခင်ဗျားက ကျုပ်ကိုအဲ့လိုလာပြောနေစရာအကြောင်းမရှိဘူး အစောက ကျုပ်ကသနားလို့ငွေပြားတစ်ရာပေးတာ အခုတော့ ခင်ဗျားစကားကြောင့် မပေးတော့ဘူး ကြေးတစ်ပြားပဲရမယ်" ထိုသူဌေးသားလေးသည် ဂျိတ်အား ကြေးပြားတစ်ပြားပစ် ပေးလိုက်၏။ထို့နောက်ဂျိတ်၏ မြင်းပေါ်သို့တက်လိုက်၏။ထို အခိုက်၌ မမျှော်လင့်သောအဖြစ်ပျက်ဖြစ်လာ၏။ "ဟီး" မြင်းမှတစ်ချက်ဟီကာ သူ၏အပေါ်တက်လာသော သူဌေးသားအား ရှေ့ခြေထောက်အား ကောင်းကင်ပေါ်သို့မြောက်ဟန်ပြု၍ ခါချ၏။ ထိုအခါ သူဌေးသားသည် မြင်းပေါ်မှပြုတ်ကျ၏။ပြုတ်ကျလာသော နေရာသည် မြင်း၏နောက်၌ဖြစ်၏။ထိုအခါမြင်းသည် နောက် ခြေထောက်ဖြင့် ပေါက်ချလိုက်၏။ "ဖောင်း" မြင်း၏နောက်ပြန်ကန်ချက်သည် ပြင်းထန်လွန်းလှ၏။ထို့ကြောင့် သူဌေးသားသည် မြင်းကန်ချက်ကြောင့်အရှိန်ဖြင့်လွင့်စင်သွားရ၏။ "ဟာ " သူဌေးသား၏အပေါင်းဖော်များသည် ရုတ်ခြည်းဖြစ်စဥ်ကြောင့် ကြောင်တောင်တောင်ရပ်တန့်ကြည့်နေကြ၏။မြင်းသည်ထိုသို့လုပ် မည်ဟုသူတို့လည်းမထင်ထားသောကြောင့်ဖြစ်၏။ "မပူနဲ့သူမသေဘူး" သူဌေးသား၏အပေါင်းဖော်များအား ဂျိတ်မှပြောလိုက်၏။ဂျိ တ်၏မြင်းသည် သူဌေးသားအား နောက်ပြန်ကစ်ပြီးနောက် ဂျိ တ်၏အနား၌ လာ၍ရပ်နေ၏။ "သောက်မြင်း" မြင်းကန်ချက်ကြောင့်ယခုမှသူဌေးသားလေးပြန်ထလာနိုင်၏။ သူဌေးသားလေးသည် ငွေအဆင့်ရှိစစ်သည်တော်ဖြစ်သောကြောင့် မြင်း၏ကန်ချက်အားခံနိုင်ရန်ရှိခြင်းဖြစ်၏။သာမန်လူဆိုပါက မြင်း ကန်ချက်၌ပင် ဦးခေါင်းခွံတစ်ခုလုံးပေါက်ကွဲကာ သေရမည် ဖြစ်၏။ "ပြန်ထလာတော့လဲ ပုံစံတစ်မျိုးနဲ့ပါလား" ဂျိတ်၏စကားကြောင့် ထိုအဖြစ်ပျက်အားမြင်မိသောသူများက ရယ်မောမိကြ၏။သူဌေးသားသည်လည်း သူတို့အဘယ်ကြောင့် ရယ်မောနေရခြင်းအားသိရန် ဘေးတွင်ရှိသော မှန်အားကြည့် လိုက်၏။ သူ၏မျက်နှာအလယ်၌ မြင်းကန်ရာကြီးကနီရဲစွာတည်ရှိနေသော ကြောင့်ဖြစ်၏။ထိုပုံစံကြီးက သူ၏မျက်နှာ၌ ကျယ်ပြန့်စွာနေရာ ယူထားလေ၏။ ထိုစဥ် မြင်းမှ သူပစ်ချထားသောကြေးပြားလေးအား ခြေထောက် ဖြင့်ကန်၍ ပေး၏။ထို့နောက် မြင်းတို့၏အမူရာဖြင့် သရုပ်ပြနေ၏။ မြင်းမှ တိရစ္ဆာန်ပုံစံအသွင်ပြင်ဖြင့်လုပ်ဆောင်ပြသော်လည်း သူဌေးသားကား နားလည်နေ၏။ ​ထိုမြင်းဆိုလိုရင်းသည် သူ့အားဝယ်လိုသောကြေးပြားဖြင့် သူ၏မျက်နှာမှ အရာအား သွားကုရန် မေတ္တာဖြင့်ပြန်ပေးသည် ဆိုသည်ပင်ဖြစ်၏။ တိရစ္ဆာန်တစ်ကောင်၏အရှက်ခွဲကိုခံရသောကြောင့်သူဌေးသား လေးဒေါသထွက်သွား၏။ထိူ့ကြောင့် မြင်းအားသတ်ရန်ကြံစည်ကာ ပြေးထွက်လာ၏။ "ကောင်လေးရူးနေလား" ထိုအသံကြောင့် သူဌေးသားလေး ရပ်တန့်ကာ ထိုအသံ​ပိုင်ရှင်အား ကြည့်လိုက်၏။သူ၏မျက်နှာသည်အီးမှန်သကဲ့သို့ရှုံမဲ့သွားလေ၏။ "ခင်ဗျားကြီးကိုး" အသံပိုင်ရှင်သည် ရစ်ပင်ဖြစ်၏။သူဖြစ်မှန်းသိသည်နဲ့ သူဌေးသား လေးသည်လည်း သူ့၏အပေါင်းပါများအားခေါ်ကာ စားသောက်ဆိုင်မှထွက်ခွာသွားလေ၏။ ဂျိတ်လည်း ရစ်နဲ့ အနည်းငယ်ဆက်လက်ပြောဆိုပြီးလျှင် "ဒီတစ်ခေါက် ကျုပ်ကိုအစားသောက်နဲ့ကြွေးမွေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နောက်ကျရင်ကျုပ်ပြန်လည်ပြီးကြွေးမွေးပါ့ မယ် အခုတော့ခွင့်ပြုပါဦး" ရစ်အား စကားပြောဆိုပြီးလျှင် ဂျိတ်လည်းသူ၏မြင်းကြီးကိုစီးနင်း ကာ ထွက်လာခဲ့လိုက်လေတော့၏။ရစ်သည်လည်း စားသောက်ဆိုင် မှထွက်ခွာလာကာ နေရာတစ်ခုအားဦးတည်လိုက်တော့၏။ ထိုဦးတည်ရာနေရာကား အစောပိုင်းက ပျက်စီးနေသောသူဌေး သားလေး၏စံအိမ်ဆီသို့ပင်ဖြစ်၏။

(186)

ဂျိတ်သည်လည်း မိမိစစ်သည်တော်များအနားယူရာ ဝိုင်းသို့ပြန်လာ ခဲ့လိုက်သည်။မြင်းပေါ်၌သက်တောင့်သက်သာစွာစီးနင်းရင်း ဘေး ဘီဝဲယာကို ကြည့်ရှုနေ၏။သူ၏ကိုယ်ခန္ဓာသည် အလွန်မင်း ထက်မြက်လာသောကြောင့် အာရုံခြောက်ပါး၏အစွမ်းမှာအလွန် မင်းတိုးတက်မြင့်မားလာပြီဖြစ်၏။ ထို့ကြောင့် ဂျိတ်သည် အမှောင်ထဲရှိလူများအား အနည်းငယ်ပြုံးပြ ပြီး ဆက်လက်စီးနင်းနေလေ၏။ "တကယ်ကြောက်ဖို့ကောင်းတာပဲ" အမှောင်ထဲတွင်ရှိရှိသမျှသော လူများတုန်လှုပ်ခြောက်ခြားသွား ကြ၏။သူတို့သည် ပုန်းရာ၌တစ်ဖက်ကမ်းခတ်တော်သော်လည်း ဂျိ တ်သည်သူတို့အား ပြုံးပြသွား၏။ထိုအပြုံးသည် သာမန်အပြုံးနဲ့ လားလားမျှပင်မတူပဲ အသက်နှုတ်ယူသွားနိုင်သော သေမင်း၏အပြုံးနဲ့ပင် တူသည်ဟု မှတ်ချက်ချလိုက်ကြသည်။ "ဝီး" အမှောင်ထဲရှိတစ်ယောက်မှ ဂျိတ်ရှိရာသို့ ပစ်ခွင်းလိုက်၏။ထို ပစ်လိုက်သောအရာသည် အဆိပ်သုတ်ထားသော မြှားအသေးစား လေးဖြစ်၏။ထိုမြှားလေးသည် ပေါ့ပါးသောသတ္ထုဖြင့်ပြုလုပ်ထား သောကြောင့် မြန်ဆန်စွာ ပင်ဂျိတ်ထံပြေးဝင်သွား၏။ "အင့်" နောက်ဆုံးသောအသံတစ်ချက်ထွက်ကာ အသက်ပါသွားလေ တော့၏။မြန်ဆန်လှသောအဖြစ်ပျက်ကြောင့် အမှောင်ထဲရှိလုပ်ကြံ သူများ သေဆုံးသွားသောလူကိုကြည့်လိုက်ကြ၏။ သေဆုံးသွားသောလူသည် ဂျိတ်မဟုတ်ပဲ ထိုမြှားကိုပစ်လွတ်လိုက် သောလုပ်ကြံသူသာဖြစ်၏။သူတို့သည် စစ်သည်တော်အဆင့်မြင့် မားကြသော်လည်း သေဆုံးသွားသောလုပ်ကြံသူကိုကြည့်ကာ ဂျိတ် မှမည်သို့မည်ပုံလှုပ်ရှားသည်ကိုပင်မမြင်တွေ့မိလိုက်ရချေ။ "ဒီလူက နည်းတော်နည်းသေးတယ် သူ့မြှားနဲ့သူသေတာမတတ်နိုင် ဘူး" တစ်ယောက်မှ စတင်ကာပြောဆိုလိုက်၏။ထိုလူ၏စကားအရ သူ သည်သေဆုံးသွားသောလူနဲ့သူ၏လက်နက်ကိုသိဟန်ရှိ၏။ကျန် သောလုပ်ကြံသူများကလည်း ထိုပြောသောလူ၏စကားကိုယုံကြည် လက်ခံလိုက်ကြ၏။သေဆုံးသွားသောလူသည် သူ၏နဖူး၌ မြှား တစ်ချောင်းစိုက်ဝင်နေသလို တစ်ကိုယ်လုံးလည်း အဆိပ်ကြောင့် ပြာနမ်းကာတောင့်တင်းနေပြီဖြစ်၏။ မိမိတို့အား သတိပေးသည့်အနေဖြင့် သေမင်းအပြုံးဖြင့်ပြုံးပြသွား သော်လည်း သကောင့်သားက နားမလည်ပဲ လုပ်ကြံရန်ကြံစည်ရာ ရှောသွားရခြင်းဖြစ်၏။ "ငါတို့ဘာဆက်လုပ်ကြမလဲ" နောက်တစ်ယောက်မှဝင်ပြော၏။ "ဘာမှမလုပ်ဘူး ပြန်ကြစို့ တွေ့တဲ့အတိုင်းပဲ သွားစရင်အသက်ရှင် လျက်ပါလာမယ်ဆိုတာ အာမ မခံနိုင်ဘူး" ထိုသူစကားကိုလက်ခံလိုက်ကြပြီး လုပ်ကြံသူများ လူစုခွဲကာထွက် သွားလိုက်ကြ၏။ထိုလုပ်ကြံသူများသည် ဂျိတ်၏အစွမ်းစကို မမြင် လိုက်ရသော်လည်း မိမိတို့လုပ်ကြံသူတစ်ယောက်မှ ဘာမှန်းပင်မသိ ပဲ သေနေခဲ့ပြီဖြစ်ရာ လုပ်ကြံရန်အစီစဥ်ကို ပြန်လည်ရုတ်သိမ်းကာ ဆုတ်ခွာလိုက်ကြ၏။ သူတို့အနေဖြင့် ဂျိတ်အားမလုပ်ကြံနိုင်ကြသော်လည်း သေမင်းလုပ်ကြံသူအား ကံကောင်း၍သတ်ဖြတ်နိုင်ခဲ့သည်ဟူသော ကောလဟာလသည်ကား အမှားကြီးဖြစ်ကြောင်း သူတို့ကောင်း​စွာ သိရှိလိုက်ကြပြီဖြစ်၏။ ................ "ကောင်းပြီ အဖေကိုယ်တိုင်သားကိုလုပ်သွားတဲ့သူကို လက်စားချေ ပေးမယ်" စံအိမ်ကြီးတစ်ခုအတွင်း၌ လူတစ်ယောက်သည်ဒေါသကြီးစွာဖြင့် ပြောနေ၏။ထိုစံအိမ်သည် ဘရိတ်မျိုးနွယ်စု၏နေရာဖြစ်ပြီး ဘရိတ် မျိုးနွယ်စုတို့သည် ကုန်သွယ်ရေးလုပ်ငန်းဖြင့်ကြီးပွားနေကြသူများ ဖြစ်၏။ သူ၏ရှေ့၌ မြင်းခွာရာကြီးရှိနေသောလူငယ်တစ်ယောက်ရှိ၏။ထို လူငယ်သည် ဂျိတ်၏မြင်းအားယူချင်ရာမှ မြင်းကန်ခြင်းခံလိုက်ရ သောသူပင်ဖြစ်၏။သူခံလိုက်ရသောကြောင့် မကျေမနပ်ဖြစ်ကာ သူ၏ဖခင်အားတိုင်ကြားလိုက်ခြင်းဖြစ်၏။ "သခင် သခင့်ကိုလူတစ်ယောက်ဝင်ခွင့်တောင်းနေပါတယ်" "ဘယ်သူလည်း မဝင်စေနဲ့" အစေခံ၏စကားကြောင့် သူဒေါသထွက်ကာပြောလိုက်၏။ သူ၏သား ဒဏ်ရာနဲ့ပြန်လာသောကြောင့် ဒေါသထွက်နေချိန်၌ မည် သည့်လူကလူမှုရေးခေါင်းပါးကာ လာတွေ့နေရသနည်း။ "ဟမ်းကသူဌေးပါ" "သူလား ဒါဆိုဝင်ခိုင်းလိုက်" ဟမ်းကသူဌေးဆိုသောကြောင့် ထိုလူကြီး၏ဒေါသမှာလျော့နည်း သွားလေသည်။ထို့​နောက် ဝင်ခွင့်ပြုလိုက်ရာ "ဟဲဟဲ ဟိုကောင်လေး မင်းကိုဂုန်းတိုက်နေပြီမဟုတ်လား" ရယ်ကျဲကျဲအသံကြီးဖြင့်လူကြီးတစ်ယောက် ဝင်လာကာပြော၏။ "ရစ် ဒါဆိုမင်းရှိနေတာပေါ့ ဒါကိုငါ့သားကိုဘာလို့မကူညီလဲ" ဒေါသတကြီးဖြင့်ဆိုလိုက်၏။ "စိတ်လျော့ဦးလေ ဘရတ် မင်းလည်းအသက်သာကြီးလာတာ အခု ထိမရင့်ကျက်သေးဘူးပဲ ခုထိမင်းသားပြောသမျှယုံနေသေးတာ လား" ရစ်မှ ခေါင်းခါရင်းပြော၏။ဘရတ်ဆိုသောလူကြီးမှာ သားကိုတစ် လှည့် ရစ်ကိုတစ်လှည့်ကြည့်ကာ အတွေးများနေ၏။ "အခုငါလာတဲ့ကိစ္စကလဲ မင်းရဲ့သားကိစ္စပဲ သူကဘယ်လောက်ပြသ နာရှာလဲမင်းသိလို့လား ဒီတစ်ခေါက်သူပြသနာရှာသွားတာက အဆ င့်လေးတိုင်းပြည်ကိုဦးဆောင်တဲ့ဂျိတ်ဆိုတဲ့သူကိုပဲ" "အဆင့်လေးတိုင်းပြည်ကကောင်ဆိုလဲ ဘာဖြစ်လဲ ငါ့သားကိုလုပ် ရင် ပြန်ခံစားရမယ်" ဘရတ်မှာအမှန်တကယ်ကြောက်လန့်ခြင်းမရှိပေ။သူ၏စီးပွားရေး အင်အားသည်တောင့်တင်းလှရာ အဆင့်ငါးလိုတိုင်းပြည်ကိုပင် ခြယ်လှယ်နိုင်၏။ထို့ကြောင့် ဂျိတ်အားကြောက်ခြင်းမရှိပေ။ "မင်းလည်း အခုထိတစွတ်ထိုးလုပ်သေးတုန်းနော် ပြီးတော့ ငါ့ စကားလည်းမဆုံးသေးဘူးလေ" ရစ်သည် ဘရတ်အားကြည့်ရင်းခေါင်းသာတွင်တွင်ခါယမ်းနေ၏။ ဘရတ်အကြောင်းကို သူအသိဆုံးဖြစ်သည်။ငယ်စဥ်တောင်ကျေး ကလေးဘဝကတည်းက နှခေါင်းနိုက်စောက်ခွက်ရိုက်တမ်းကစား လာကြခြင်းဖြစ်ရာ တစ်ယောက်ပါးစပ်ဟလျှင် အူဘယ်နှခွေရှိသည် အထိ သိနေကြသည်ဖြစ်၏။ ဘရတ်သည် ဒေါသထွက်လျှင် ဘယ်တော့မှစကားကိုဆုံးအောင် နားထောင်လေ့ရှိသူမဟုတ်ပေ။ထို့ကြောင့် ရစ်ကပင်စိတ်ရှည်ရှည် ထားကာ​ပြောပေးနေ၏။ "အဲ့တာက သူအ​ကြောင်းအရိပ်မွက်လေးပဲရှိသေးတယ် သူရဲ့တက ယ့်အစစ်မှန်မှာက သူကလုပ်ကြံသူတွေလုပ်ကြံနေတာတောင်မှ အခု ထိအသက်ရှင်နေတုန်းပဲ ပြီးတော့ သေမင်းဆိုတဲ့လုပ်ကြံသူလဲ သူ လက်ထဲမှသေတာ" "အဲ့တော့ သူကဘာထူးသွားလို့လဲ အဖေ့ရဲ့အစွမ်းနဲ့သာဆိုရင်" "ဖြောင်း" လူငယ်၏စကားမဆုံးခင် ပါးရိုက်သံကြီးက ကျယ်လောင်စွာထွက် ပေါ်လာ၏။လူငယ်သည်အလွန်မင်းတုန်လှုပ်နေ၏။သူ၏ဖခင်သည် သူ့အားပါးရိုက်ချလိုက်ခြင်းကြောင့်ဖြစ်၏။သူ့အားတယုတယ ချစ်ခင်ဂရုစိုက်သော ဖခင်ဖြစ်သူမှ သူ့အားပါးရိုက်မည်ဟု ဘယ်တော့အခါမှ မထင်မိခဲ့ပေ။ ရစ်ကတော့ သားအဖနှစ်ယောက်ကြား၌ မည်သိူ့မျှဝင်မပြောပေ။သူ တို့အချင်းချင်းသာရင်ဆိုင်စေ၏။ "သား ဒီတစ်ခေါက် စလာတဲ့လူကပြသနာအကြီးစားကွ သူကဘာ ထူးသွားလဲဟုတ်လား ပြောပြရတာပေါ့သူသတ်လိုက်တဲ့သေမင်းဆို တဲ့လုပ်ကြံသူက အဖေတို့စီးပွားရေးကိုအသာလေးဖျက်စီးပစ်လို့ရ တယ်ကွ သူ့လိုလူကိုသတ်နိုင်တဲ့လူရဲ့အစွမ်းကောသိလား" ဘရတ်ဒေါသတကြီးဖြင့် သားဖြစ်သူအားအော်ပြောလိုက်၏။ဖခင် ဖြစ်သူ၏ရှင်းပြမှုကြောင့် လူငယ်လေးမှာ ကြောက်လန့်တုန်လှုပ် သွားတော့၏။ ("ဒါဆိုရင် သူ့ရဲ့အစစ်မှန်အင်အားက") လူငယ်လေး ကြောက်လန့်သွား၏။အလွန်ကြောက်ဖွယ် ကောင်းသောလူအား သူသည်သွားစမိပြီဖြစ်၏။ "မင်း အခန်းထဲမှတစ်လသွားပြီး ကိုယ့်ကိုယ်ကိုဆင်ခြင်သုံးသပ် ချေ" "ဟုတ်ကဲ့" လူငယ်လေးသည် နောင်တများစွာဖြင့် သူ၏အခန်းထဲသို့စိတ်ညှိး ငယ်စွာဖြင့်ဝင်သွားလေ၏။ "အခုလိုပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်" "ငါတို့ကြားမှာ ကျေးဇူးလိုလို့လားဘရတ်ရယ် ကျေးဇူးဆပ်ချင်ရင် မင်းသိမ်းထားတဲ့တစ်လုံးလောက်ပဲတိုက်" "ငလူး..." ................ တတိယပြိုင်ပွဲကျင်းပသောနေ့ရက်ကားရောက်လာပြီဖြစ်သည်။လေ ဘယ်ကွင်း၌လူများသည်စုဝေးနေလျက်ရှိ၏။ယခင်နေ့ကလူများ ထက် ယနေ့ကားပိုမိုများပြားလျက်ရှိ၏။ ယနေ့သည် စမ်းသပ်ပွဲများထက် တစ်ဦးခြင်းယှဥ်ပြိုင်တိုက်ခိုက်ရ သည်ဖြစ်သောကြောင့်ဖြစ်ပြီး သေချာမြင်ရသောကြောင့်ဖြစ်၏။ လွန်ခဲ့သောစစ်ဆေးမှုများသည် ပိရမစ်အတွင်းစစ်ဆေးမှုသည် မ မြင်ရသလို.စိတ်ခွန်အားစစ်ဆေးခြင်းစသည်ကလည်း အားရ ကျေနပ်စေမှုမရှိသောကြောင့်ဖြစ်သည်။ နောက်ထပ်ထူးထူးခြားခြားအကြောင်းတစ်ခုကား လောင်းကြေးဖွင့် နေကြဌာနသည် ဂရိတ်တိုင်းပြည်နဲ့ပတ်သတ်သောကြေးတစ်ခုမှမဖွ င့်ပဲ ပိတ်ထားသောကြောင့် အနည်းငယ်ပွက်လောရိုက်သွား သေး၏။သိန်းရှစ်ရာဆုံးရှုံးလိုက်ရသောကြောင့် ယခုလိုပိတ်သွား ခြင်းဖြစ်ကြောင်း ပရိတ်သတ်များသိရှိပြီးဖြစ်သည်။ ဟမ်းမျိုးနွယ်မှ မည်သို့တုံပြန်မည်ကိုလည်းသူတို့သိလိုကြ၏။ သို့ရာတွင် လက်ရှိအချိန်၌တွင် သူတို့မျက်မှောက်ရှေ့က ပွဲကိုပိုမို စိတ်ဝင်စားနေကြ၏။ထိုအချိန်မှာပင်... "တတိယပြိုင်ပွဲစတင်ပါပြီ" စီစဥ်သူ၏အသံကား ထွက်ပေါ်လာကာ ပြိုင်ပွဲမှာလည်းစတင်ခဲ့ပြီ ဖြစ်၏။

All Chapters