← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

(187)

လေဘယ်ကွင်း၌ ကြီးမားကျယ်ပြန့်သောကွင်းကြီးဆယ်ခုကနေရာ ယူထားလျက်ရှိ၏။ထိုကွင်းဆယ်ကွင်းသည်စီ၌ စင်မြင့်တစ်ခုစီ ရှိ၏။ တစ်ဦးချင်းတိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားသောကွင်းများဖြစ် ကြ၏။ထိုကွင်းများ၏အလယ်စင်၌ဒိုင်အဖြစ်အသင့်နေရာယူနေကြ သော စစ်သည်တော်များလည်းရှိကြ၏။သူတို့၏ရင်ဘတ်၌လည်း အကဲဖြတ်ဟူသောစာတန်းကနေရာယူထားလျက်ရှိသည်။ တတိယပြိုင်ပွဲကျင်းပရာ၌ တစ်ပြိုင်တည်းဆယ်ပွဲကျင်းပမည်ဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာကိုကြည့်ရှုအားပေးနိုင်မည်ဖြစ်သည်။ပြိုင်ပွဲဝင် တစ်ရာ့ခြောက်ဆယ့်ခုနှစ်ယောက် ကျန်ရစ်ခဲ့ခြင်းဖြစ်ပြီးဂရိတ် တိုင်းပြည်ကား ထီးထီးကြီးထင်ရှားနေလျက်ရှိ၏။ စစ်သည်နှစ်ရာအနက်တစ်ရာကျန်ရှိနေခြင်းကပင် ကျန်သော တိုင်းပြည်များထက်အရေတွက်များပြားကာသာနေပြီဖြစ်၏။ စတုတ္ထ တိုင်းပြည်များမှအောင်သောလေးယောက်ဆိုသည်မှာက လည်း ဖရန့်နဲ့ဗိန်းမက်မှ လူများဖြစ်ကြ၏။ သူတို့လေးယောက်သည် တတိယပွဲစတင်ကတည်းကမျက်ခုံးလှုပ် နေကြသည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဂရိတ်စစ်သည်တစ် ရာသည် သူတို့လေးယောက်ဘက်အား စားမတတ်အကြည့်မျိုးဖြင့် ကြည့်နေကြသောကြောင့်ဖြစ်၏။ "ဒီနေ့လည်း စိတ်ဝင်စားစရာရှိကောင်းပါရဲ့" အင်ပါယာစစ်သူကြီးသည် သူ၏နေရာမှထိုင်ကာတစ်ကိုယ်တည်း ပြောနေ၏။သူ၏နေရာသည် လေဘယ်ကွင်းတစ်ခုလုံး၌ အခမ်း နားဆုံးဖြစ်သလို လေဘယ်ကွင်း၏မည်သည့်နေရာကိုမဆို လွှမ်းခြုံ ကြည့်နိုင်စွမ်းရှိ၏။ ယခုလည်း ကောင်းပေ့ညွှန့်ပေ့ဆိုသောအစားသောက် နေရာထိုင်ခင်းများ ကြားတွင်နေထိုင်နေ၏။သူ၏လက်ထဲတွင် လည်း စပျစ်သီးတစ်တွဲကိုင်ထားပြီး ဇိမ်ခံစားနေ၏။ "ဦးလေးက ဒီမှာငြိမ့်နေတာကိုး" ထိုအသံလေးကြောင့် အင်ပါယာစစ်သူကြီး၏ကိုင်ထားသော စပျစ်သီးခိုင်မှာ ပြုတ်ကျသွား၏။ "သခင်မလေး ဒီကိုဘာလာလုပ်တာလဲ" အင်ပါယာစစ်သူကြီး သူ၏သခင်မလေးရုတ်တရက်ရောက်ရှိလာ ခြင်းကြောင့် လန့်သွား၏။အဘယ်ကြောင့် သူဒီကိုရောက်လာရ သည်ကို နားမလည်ရအောင်ဖြစ်၏။ "သမီးလည်း ဒီလိုပြိုင်ပွဲတွေစိတ်ဝင်စားတယ်လေ ဒါကြောင့် လာကြ ည့်တာ" သခင်မလေးမှာ ပြောရင်းဆိုရင်း အင်ပါယာစစ်သူကြီးဘေးရှိထိုင်ခုံ တစ်ခု၌ဝင်ထိုင်ကာ အစားသောက်တည်ခင်းထားသောဗန်းမှ ပန်းသီးကိုယူကာ စား၏။ "သခင်မလေးရယ် အခုတော့ဦးလေးကိုတောင် လိမ်တတ်နေပြီပေါ့ ဦးလေးကသခင်မလေးငယ်ကတည်းကထိန်းကျောင်းလာတဲ့လူပါ နော်" အင်ပါယာစစ်သူကြီးသည် ချက်ခနဲဆိုလိုမီးတောက်သူဖြစ်၏။ တိုက်ခိုက်ရေးပွဲများစိတ်မဝင်စားသည့်သူက ရုတ်ခြည်းဆိုသလိုလာ ကြည့်သောကြောင့်တစ်ခုခုမှားနေမှန်းသိလိုက်၏။သူ၏စားပွဲပေါ်မှ စာများကြောင့် ရောက်လာမှန်းလည်း စစ်သူကြီးသိလိုက်ပြီ ဖြစ်သည်။ ထိုစာသည်ဂျိတ်၏အကြောင်းရေးသားထားခြင်းဖြစ်ပြီး ဂရိတ် စစ်သည်များ ၏ခေါင်းဆောင်ဟုရေးထားထားရာ သခင်မလေးမှာ သူ့အားတွေ့လိုသောကြောင့် ယခုလိုရောက်လာကြောင်း တပ်အပ် သိ၏။ "ဦးလေးဘာပြောနေလဲ သမီးမသိဘူးနော်" သခင်မလေးမှာ ရှက်ရမ်းရမ်းကာ ပန်းသီးစားနေ၏။ပါးစပ်ကပြော နေသော်ငြားလည်း သူမ၏ကိုယ်အမူရာနဲ့မျက်လုံးကား သူမကိုဆန့် ကျင်နေ၏။အကြောင်းမှာ သူမ၏ကြည့်ရာလားရာနေရာသည် တိုက်ခိုက်ရေးစင်မြင့်ဆီဘက်မဟုတ်ပဲ တိုင်းပြည် များ၏ခေါင်းဆောင်များပွဲကြည့်ရှုရာဘက်သို့ဦးတည်နေခြင်း ဖြစ်၏။ "သခင်မလေးက တယ်ခက်ပါလား " အင်ပါယာစစ်သူကြီးခေါင်းခါယမ်းရုံကမတတ်နိုင်ပေ။သူ၏သခင်မ လေးသည် ဂျိတ်အပေါ်လုံးလုံးကြိုက်မိနေပြီဖြစ်ကြောင်း သိနိုင်၏။ ထိုသို့ကြိုက်ခြင်းကို တားစီးမည်မဟုတ် သော်လည်း ထိုထက်အဆ င့်ပ်ိုမည်ဆိုပါက သူ့အနေဖြင့်တားဆီးရတော့မည်ဖြစ်သည်။ သခင်မလေးသည်ထိုသို့သောလူမျိုးနဲ့ကြိုက်ပြီးထွက်ပြေးသွားပါက သခင်မလေး၏ဖခင်ဖြစ်သူသည် အလွန်ပင်ဒေါသမီးတောက် လောင်မည်ဖြစ်သည်ကို စစ်သူကြီးအနေနဲ့ကောင်းစွာ သဘောပေါက်၏။ ဒီတစ်ခေါက်၌ဂျိတ်သည် သူ၏လူများရှိရာစင်ဘက်သို့မျက်မှာမူ ထား၏။သူ၏လူသည် လုံးဝတည်​ငြိမ်နေသည်ကိုသူတွေ့ရ၏။ ဂျိတ်ကြည့်နေသောစင်သည် တတိယစင်ဖြစ်ပြီး ဂရိတ်စစ်သည် အမှတ်ငါးဖြစ်ကာ တိုက်ခိုက်ရမည့်သူသည် ဂရိတ် တိုင်းပြည်၏ရန်ဖက်ဖြစ်သော ဖရန့်တိုင်းပြည်မှစစ်သည်ဖြစ်၏။ ဂျိတ်ပင်အားပေးစရာမလို ဂရိတ်စစ်သည်များက သူတို့၏စစ်သည် ငါးအား အသားကုန်အားပေးနေကြ၏။ဂရိတ်စစ်သည်များသည် အထူးတပ်ဖွဲ့မှ ဂျိတ်မှသင်ုကားပေးထားခြင်းဖြစ်ပြီး ကိုယ်ပိုင် နာမည်များအစား နံပတ်တွေဖြင့်သာ ခေါ်ဝေါ်ကြ၏။ထို့ကြောင့် ပြိုင်ဆိုင်နေသောစစ်သည်တော်သည် နံပတ်ငါးဖြစ်၏။ ဖရန့်နဲ့ဗိန်းမက်တိုင်းပြည်ရှိခေါင်းဆောင်နဲ့စစ်သည်များကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပင်ဖြစ်၏။ စစ်သည်နံပတ်ငါးနဲ့ဖရန့်စစ်သည်များကား စင်မြင့်၌နေရာယူထား ကြပြီးဖြစ်၏။ဒိုင်မှ စင်မြင့်၏စည်းမျဥ်းစည်းကမ်းများအား ပြော ကြား၏။ "စတင်တိုက်ခိုက်တာနဲ့ စည်းပြင်ထွက်အောင်လုပ်နိုင်ရင်ဖြစ်ဖြစ် အရှုံးပေးပါပြီလို့အော်အောင်လုပ်နိုင်ရင်ဖြစ်ဖြစ်အနိုင်ရမယ် ကြိုက် တဲ့လက်နက်ကိုင်ဆောင်ခွင့်ရှိမယ် သေတဲ့အထိတော့လုပ်လို့မရဘူး ရှင်းကြလား" "ရှင်းပါတယ်" "စတင်နိုင်ပြီ" ဒိုင်မှ စတင်ကြောင်းပြောသည်နဲ့ စင်ဆယ်စင်လုံး၏တိုက်ပွဲများ ကား စတင်ခဲ့ပြီဖြစ်သည်။စတင်သည်ဆိုသည်နဲ့ ဂရိတ်စစ်သည် ငါး၏လက်မှာ သေနတ်ကား အသံမြည်ထွက်သွား၏။ "ဒိုင်း" "ကျနော်အရှုံးပေးပါပြီ" သေနတ်သံကြားသည်နဲ့ ဖရန့်စစ်သည်တော်ကား ချက်ချင်းပင် အရှုံးပေးလေ၏။ဂရိတ်စစ်သည် ငါး မှာ ရယ်ရခက်ငိုရခက်ဖြစ် နေ၏။သူ၏သေနတ်သံသည် ခြောက်လန့်လိုက်ခြင်းသာဖြစ် သော်လည်း တစ်ဖက်မှာ သေနတ်အားအလွန်ပင်ကြောက်ရွံနေသည် ဖြစ်ရာချက်ချင်းပင်အရှုံးပေးလိုက်၏။ "ဟ" ကြည့်ရှုနေသောပရိတ်သတ်များ အံသြ သွားကြ၏။သူတို့၏ပွဲစဥ် သည် ဆယ်စက္က န့်အတွင်းပြီးဆုံးသွားသောကြောင့်ဖြစ်၏။ မျက်နှာလွှဲမိနေသောသူဆိုလျှင် သိပင်မသိလိုက်ပေ။ "အဲ့လောက်မြန်တာလားဟ ဖရန့်ကစစ်သည်တော်ကပေါ့ချက်ပဲ" ပရိတ်သတ်များ၏ဆဲရေးတိုင်းထွာမှုများက ပြန့်နှံလာ၏။ဖရန့် စစ်သည်လည်း သူတို့အားပြန်ဆဲလိုသော်လည်း တစ်ယောက်နဲ့ အများဖြစ်နေသောကြောင့် မာန်ချကာ ခေါင်းငုံကာ စင်မှထွက်သွား လေ၏။ "ဒါကိုသေနတ်လို့ခေါ်တာလား မဆိုးဘူးပဲ" အင်ပါယာစစ်သူကြီး၏မျက်လုံးများကတောက်ပသွား၏။သတ္ထု လိုလိုလက်နက်များကို ဂရိတ်စစ်သည်များ၏လက်၌တွေ့ရသော ကြောင့် မည်သို့သုံးရသည်ကိုသိချင်နေပြီမှာ ကြာနေပြီဖြစ်၏။ ယခုမှသာ တွေ့မြင်ရသည်ဖြစ်၏။ သတ္ထုလိုလက်နက်မှ လက်ညှိးလေးတစ်ချက်ကွေးလိုက်ရုံဖြင့် ထွက် လာသောအရာသည် အားသုံးကာလေးမှပစ်ထွက်သောမြှားတစ်စင်း၏အမြန်နှုန်းအထိ မြန်ဆန်နေသည်ကိုအံသြစွာတွေ့ရှိရလေ၏။ ထိုဖြစ်ရပ်ကို သာမန်ပရိတ်သတ်များကတော့မသိကြသော်လည်း ထက်မြက်သူများ အဆင့်မြင့်စစ်သည်တော်အဆင့်ရှိသူများကတော့ ရိပ်စားမိကြ၏။သူတို့သည် ထိုသို့သောလက်နက်များရရှိပါက အလွန်မင်းပြောင်းလဲသွားနိုင်သည်ကိုလည်း သိရှိကြ၏။ ထိုဖြစ်ပျက်များသည် ဂျိတ်၏မျက်လုံးထဲမှ လွတ်မြောက်နိုင်စွမ်းမရှိ ပေ။ဂျိတ်၏အမြင်၌ လေဘယ်ကွင်း၌ဖြစ်ပျက်သမျှအရာအားလုံး သည် လုံးဝဖုံးကွယ်၍မရနိုင်ပဲ အရှိအတိုင်းသာ ထင်ရှားစွာပေါ် နေ၏။မိမိစစ်သည်များ၏လက်နက်အပေါ်အာရုံကျနေသော သူများ၏အကြည့်များကလည်း ဂျိတ်၏အမြင်မှလက်မြောက်ခြင်း မရှိပေ။ ဆက်လက်ပြီးပြိုင်ပွဲကားဆက်လက်ကျင်းပလက်ရှိ၏။ "ဒိုင်း" "ဂရိတ်စစ်သည်မှနိုင်ပါတယ်" "ဒိုင်း" "ဂရိတ်စစ်သည်မှနိုင်ပါတယ်" သိသာစွာပင် ဂရိတ်စစ်သည်မှာတစ်ရာရှိနေပြီး ကျန်သောတိုင်းပြည် များထက်အင်အားက သိသာနေသလို ကိုင်ဆောင်ထားသော လက်နက်၏အစွမ်းကလည်း သူတို့မျက်မြင်တွေ့ပြီးဖြစ်သောကြော င့် မရင်ဆိုင်ဝံကြသည်ကပို၍များ၏။ ထို့ကြောင့် သေနတ်သံတစ်ချက်ထွက်ပြီးသည်နဲ့ အရှုံးပေးကြသည် ကများ၏။ထူးထူးခြားခြားတစ်ယောက်ကတော့ အရှုံးမပေးပဲ ပြန်လည်တိုက်ခိုက်၏။တိုက်ခိုက်ရာတွင်လည်းအစွမ်းကုန်အမြန် နှုန်းဖြင့်တိုက်ခိုက်ခြင်းဖြစ်၏။ထိုစစ်သည်သည် အဆင့်ခြောက် တိုင်းပြည်မှ ဖြစ်ရာ သူ့ကိုယ်သူအထင်ကြီးသည်မှာလည်းပါ၏။ သို့ရာတွင် ထိုသူသည် ရှော့ဂန်းကိုင်ထားသောဂရိတ်စစ်သည်နဲ့သွား တိုးခြင်းဖြစ်၏။ထို့ကြောင့် ရှော့ဂန်းလက်ချက်ဖြင့် ထိုသူသည် ထိခိုက်သွားရ၏။မည်မျှထိခိုက်ရသည်ဟုဆိုရလျှင် ထို လူ၏ကိုယ်ခန္ဓာတစ်ဝက်သည် မွစာကျဲသည်အထိဆိုးဆိုးဝါးဝါးထိ သွားခြင်းဖြစ်၏။ နောက်ထပ်အဆင့်ခုနှစ်တိုင်းပြည်မှ စစ်သည်တော်သည်လည်း ဂရိတ်စစ်သည်အား မြန်ဆန်စွာတိုက်ခိုက်ပြန်၏။သူနဲ့တွေ့သော ဂရိတ်စစ်သည်တော်သည် အေကေလက်နက်ကို ကိုင်ဆိုင်ထားသူ ဖြစ်သည်။ရလာဒ်အနေဖြင့် ထိုအဆင့်ခုနှစ်တိုင်းပြည်မှ စစ်သည်၏ကိုယ်သည် အပေါက်များစွာဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ သွားခြင်းဖြစ်၏။ ထိုဖြစ်ရပ်နှစ်ခုက ကျန်သောတိုင်းပြည်များအတွက် သင်ခန်းစာရရှိ သွားစေလေ၏။ထို့ကြောင့် ဂရိတ်စစ်သည်ဆိုသည်နဲ့ ချက်ချင်း အရှုံးပေးသောနှုန်းများကား ပိုမိုမြင့်မားလာလေ၏။ ထိုအခါ ဂရိတ်တိုင်းပြည်အားစိန်ခေါ်ရဲသူမရှိသည်အထိဖြစ် ပေါ်လာ၏။ထို့ကြောင့်ဂရိတ်စစ်သည်များသည် စစ်ဆေးမှုသုံးခုလုံး အား အောင်မြင်လာသူများဖြစ်လာကြပြီဖြစ်၏။ ပရိတ်သတ်များအတွက်လည်း ဂရိတ်တိုင်းပြည်သည်ပထမရရှိ သည်က အထူးဆန်းပင်ဖြစ်၏။နှစ်ကြိမ်လုံး ဘောင်မဝင်ဖြစ်နေရာ မှ ပထမရရှိသောကြောင့် ဂရိတ်စစ်သည်များအတွက်လည်း အလွန် ပင်ဝမ်းသာအားရဖြစ်နေကြ၏။ ထိုသို့ပထမဆုရရှိလာခြင်းသည် ဂျိတ်ကြောင့်မှန်း သူတို့အားလုံး သိရှိကြ၏။ယခင်ထက် ပိုမိုတိုးတက်လာခြင်း အစွမ်းထက် လက်နက်များရရှိလာခြင်းသည် ဂျိတ်ကြောင့်ပင်ဖြစ်ရာ ဂျိတ်မှယူ ပေးခြင်းဆိုပါကပိုမု၍ပင်မှန်မည်ဟုယုံကြည်ထားကြ၏။ စစ်ဆေးမှုသုံးခုလုံးအောင်မြင်သည်ဖြစ်ရာ ပထမဆုသည် ဂရိတ် တိုင်းပြည်အတွက်ဖြစ်လာခဲ့လေ၏။ အမြဲရှုံးနိမ့်နေသောတိုင်းပြည်အဖြစ်မှပထမအဆင့်ရရှိသော တိုင်းပြည်အဖြစ် မှတ်တမ်းတင်နိုင်တော့မည်ဖြစ်၏။ အချိန်အတန်ကြာသောအခါ အနိုင်အရှုံးရလာဒ်များကသိသာ ထင်ရှားစွာပေါ်ပေါက်နေပြီဖြစ်၏။ထို့ကြောင့် ဆုချီးမြင့်ရန် အတွက် စစ်ဆေးမှုသုံးခုလုံး၌ အောင်မြင်သောဂရိတ်တိုင်းပြည်အား ဆု လက်ခံရန် ဂရိတ်တိုင်းပြည်ကိုယ်စားပြု ဂျိတ်အားဆုလာယူရန် ဖိတ် ခေါ်လိုက်လေသည်။ ထိုဖိတ်ခေါ်ပြီးခဏ၌ "ဂရိတ်တိုင်းပြည်က ပထမဆုရတာကိုငြင်းဆိုပါတယ်" ထိုအသံသည် ကျယ်လောင်ပြီးပြတ်သားလှရာ လူအားလုံး ကြည်လင်ပျက်သားစွာကြားလိုက်ကြရလေသည်။.

(188)

ထိုအသံက ကျယ်လောင်လွန်းသောကြောင့်မကြားမည့်သူမရှိကြ ပေ။ထိုသို့အော်လိုက်သောလူသည် တစ်ဖြေးဖြေးဆုပေးရာစင်မြင့် ပေါ်သို့တက်လှမ်းလာလေ၏။ ထိုစင်မြင့်၌ဂျိတ်သည် ဆုယူရန်အတွက်အသင့်ရောက်ရှိနေပြီလည်း ဖြစ်၏။သူ့အနေဖြင့် ဆုပေးပါက လက်ခံရန်သာကျန်ရှိတော့၏။ထို အခိုက်၌ ထိုလျှောက်လမ်းလာသောလူက ဆုယူခါနီး ဖျက်စီးလိုက် သည်ဆိုပါက ပို၍မှန်ကန်ပေလိမ့်မည်။ "ပွဲတော့ကောင်းနေပြီ" ပရိတ်သတ်များလည်းထိုအဖြစ်ပျက်ကြောင့်ပိုမိုတက်ကြွလာကြ၏။ ဂရိတ်စစ်သည်များ၏လက်နက်ဆန်းများက သူတို့ ကိုအတွေးမြင် သစ်ပေးစွမ်းခဲ့ပါသော်လည်း တိုက်ပွဲတိုင်းကို လွယ်လွယ်လေး အနိုင်ယူနေသောကြောင့် ပျင်းရိဖွယ်ကောင်းနေသည်ကအမှန်ပင် ဖြစ်၏။ "ကန့်ကွက်ရတဲ့အကြောင်းရင်းပြောပါ" စီစဥ်သူကမေး၏။စစ်သူကြီးကတော့ထိုအခြေနေအား ကြည့်ရုံတင် ကြည့်နေ၏။ဝင်ရောက်ဖြေရှင်းခြင်းမရှိပေ။ "ဒီလိုပါ ဒီဂရိတ်တိုင်းပြည်ကလူတွေက ဒီလက်နက်ဆန်းအပေါ်မှာပဲ အားကိုးလာတာဖြစ်လို့ ပထမဆုနဲ့လုံးဝမတိုက်တန်ပါဘူး ကျနော်တို့လဲဒီလိုလက်နက်ရှိရင်ပထမဖြစ်နေနိုင်တာပေါ့" ထိုစကားကြောင့် ပရိတ်သတ်အားလုံးပွက်လောရိုက်ခတ်သွား၏။ သူပြောနေသည်မှာလည်း အမှန်ပင်ဖြစ်သည်မဟုတ်ပါလား။ "ဒီလက်နက်ဆန်းရှိရင်လို့ပြောရအောင် ဒီလိုလက်နက်ဆန်းကို ခင်ဗျားတို့က ရှိနိုင်တဲ့အဆင့်တန်းရှိလို့လား ပြီးတော့ဘယ်ကနေရနိုင်လို့လဲ" ဂျိတ်၏တစ်ခွန်းက ဒဲ့ရိုက်ခတ်သွား၏။ဟုတ်ပေသည်။ယခုလို လက်နက်များကို သူတို့အနေဖြင့် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ် သလို ယခင်ကရှိမှန်းပင်မသိပေ။ ထိုစကားကြောင့် ထိုပြောသောလူမှာ အနည်းငယ်ရှုံမဲ့သွား၏။ဂျိ တ်၏စကားသည် သူ၏အရှိုက်အားထိမှန်လိုက်သကဲ့သို့ရှိ၏။ထို လက်နက်ရနိုင်သောအဆင့်တန်းဟုဆိုရာ သူတို့သည်ရရန်လုံးဝမ ဖြစ်နိုင်သောနိမ့်ကျနေသည်ဟုဆိုလိုရင်းရောက်နေရာ စိတ်ထဲဒေါသ ထွက်မိ၏။သို့သော် ​အတွေ့ကြုံများသော မြေခွေးအိုကြီးပမာ မိမိ ကိုယ်မိမိထိန်းသိမ်းတည်ငြိမ်အောင်လုပ်ပြီးလျှင် "ကျနော်မျိုးကတော့ ကန့်ကွက်ပါရစေ လက်နက်ဆန်းအပေါ်မှီခိုရ များရင် စစ်သည်တော်တွေရဲ့စွမ်းရည်ဟာ ကျဆင်းတတ်ပါတယ် နောက်ဆိုသုံးစားလို့မရတာတောင်ဖြစ်တတ်ပါတယ် ဒါကြောင့်ကျ နော်မျိုးရဲ့အင်ပါယာစစ်သည်အမည်ခံလင်းယုန်ဖြင့် လျှောက်ထား အပ်ပါတယ်" ထိုပြောဆိုမှုကြောင့် ထပ်မံပွက်လောရိုက်ခတ်သွားရ၏။ပထမဆု အား ဂရိတ်တိုင်းပြည်မှမရအောင် တားဆီးနေခြင်းဖြစ်ကြောင်း လူ တိုင်းသိနိုင်၏။စစ်ဆေးမှုသုံးခုအတွက် ဆုသုံးခုပေးလေ့ရှိသည်မှာ လူတိုင်းအသိပင်ဖြစ်၏။ ထိုစစ်ဆေးမှုတစ်ခုစီအတွက် ပြိုင်ပြီးအောင်မြင်သောစစ်သည်တော် များအတွက် အောင်မြင်သောစစ်ဆေးမှုအလိုက် ဆု ပေးအပ်ရပြီး စစ်ဆေးမှုသုံးခုလုံးအောင်မြင်ကာ ပထမရရှိသောတိုင်းပြည်က သတ်မှတ်ထားသောဆုကို သုံးဆတ်ိုးကာ ရရှိမည်ဖြစ်၏။ ရိုးရိုးပေးသောဆုကပင် ရရှိသောတိုင်းပြည်အတွက် အကျိုးများနေ ပြီဖြစ်ရာ သုံးဆတိုးရရှိမည့်ဂရိတ်တိုင်းပြည်သည် တိုးတက်မည့်နှုန်း ကို တွက်ချက်နေစရာပင်မလိုချေ။ထို့ကြောင့် အသည်းသန်ကာ ကွယ်ပိတ်ပင်နေခြင်းဖြစ်၏။ "ဟုတ်ပါတယ် ကျနော်အင်ပါယာစစ်သည်အမည်ခံ နတ်မျက်စိက လည်း လင်းယုန်ကို ထောက်ခံပါတယ်" နောက်ထပ်တစ်ယောက်၏ပြောဆိုမှုကြောင့် စီစဥ်သူလာ်း အနည်းငယ်တွေးတောနေရပြီဖြစ်၏။ယခုလိုပြိုင်ပွဲများသည် တိုင်းပြည်အတွက်သာမဟုတ်ပဲ စစ်သည်တော်အတွက်လည်းလွန်စွာ အရေးပါ၏။မိမိတိုင်းပြည်မှဆုမရရှိသော်ငြားလည်း မိမိသည် အလွန်အစွမ်းထက်နေပါက အင်ပါယာမှထိုစစ်သည်အတွက် အထူး အခွင့်ရေးပေး၏။ ထိုအခွင့်ရေးမှ အောင်မြင်လာသောအခါ အင်ပါယာစစ်သည် ဟူသောအမည်ကိုရရှိကြလေသည်။ထိုအမည်ရရှိသောလူများသည် သာမန်စစ်သည်တို့ထက် ပိုမိုအစွမ်းထက်သောစစ်သည်များဖြစ်လာ ကြသလို အခွင့်ရေးအကျိုးမြတ်များလည်း ရရှိလာကြ၏။ ယခုလည်းအင်ပါယာစစ်သည်ဖြစ်သော လင်းယုန်နဲ့နတ်မျက်စိမှ သူ တို့၏ရထားသော အာဏာဖြင့် လျှောက်ထားရာ စီစဥ်သူမှာ အနည်းငယ်ဆွေးနွေးရတော့သည်ဖြစ်၏။ ဂျိတ်ကတော့ ဆက်လက်မပြောကြားပဲ ထိုနှစ်ကောင်သား လှည့်နေ သောကစားကွက်ကို သိနေသည့်အလား တည်​ငြိမ်စွာသာ နေနေ၏။ ထိုသို့နေလေလေ ပြောမိသည့်စစ်သည်နှစ်ယောက်မှာ ဂျိတ်ကိုကြည့် မိတိုင်း ကြောက်ရွံသလိုလို အေးသလိုလိုဖြစ်လာသောကြောင့် မျက်နှာချင်းဆိုင်ပင် မကြည့်ဝံပဲရှောင်နေကြ၏။ ကျန်သောအထာနပ်သော စစ်သည်များကတော့ရိပ်စားမိကြ၏။ လင်းယုန်နဲ့နတ်မျက်စိတို့သည် အဆင့်ခုနှစ်တိုင်းပြည်မှ ပြိုင်ပွဲဝင် သူများကိုဦးဆောင်လာရသူများဖြစ်၏။သူတို့သည်ယခင် သူ တို့၏ပြိုင်ပွဲများ၏အစွမ်းထက်ဆုံးသော စစ်သည်တော်များဖြစ် ကြ၏။လင်းယုန်သည် ဗန်တိုင်းပြည်မှလာ၍ နတ်မျက်ဝိသည် ဝိန်း တိုင်းပြည်မှလာ၏။ သူတို့တိုင်းပြည်နှစ်ခုသည် အချင်းချင်းမတည့်သော်ငြားလည်း မိမိ တို့ ထက်အဆင့်နိမ့်သောတိုင်းပြည်မှ ပထမသိမ်းပိုက်သွားမည်ကို တော့ မလိုလားချေ။ ဂရိတ်တိုင်းပြည်သာပထမချည်းရရှိသွားသော် သူတို့၏မျက်နှာကို အိုးမဲသုတ်ခြင်းခံလိုက်ရသလိုပင်ဖြစ်သည်ဟု မှတ်ထားကြရာယခု လိုဖြစ်အောင်လုပ်နေကြခြင်းဖြစ်၏။ "ကောင်းပြီ အင်ပါယာစစ်သည်နတ်မျက်စိနဲ့လင်းယုန်ပြောတာကို လက်ခံတယ် တတိယစစ်ဆေးမှုရလာဒ်ကိုလောဆယ်ဆိုင်းငံထား တယ် ဘယ်လိုဖြစ်ချင်တာလဲပြော" ထိုအခါ လင်းယုန်မှာ ပျော်ရွှင်သွား၏။သိူ့ရာတွင် သူ၏အမှုရာကို ထိန်းသိမ်းလိုက်ပြီး "တတိယတစ်ဥိီးချင်းပြိုင်ပွဲကိုဂရိတိုင်းပြည်မှစစ်သည်များကို ပြန် လည်ယှဥ်ပြိုင်စေလိုပါတယ် ဒီတစ်ခုကျရင် လက်နက်ဆန်းများသုံး လို့မရအောင်လုပ်ပေးပါ" "ဟုတ်ပါတယ်" နတ်မျက်စိမှလည်း သံယောင်လိုက်ထောက်ခံပေး၏။ "ကောင်းပြီ ခင်ဗျားတို့ဒီလိုဖြစ်စေချင်ရင်တော့ လိုက်လျောပေး မယ် " ဂျိတ်မှလည်းမဆိုင်းမတွပင်ပြော၏။သူ့၏စစ်သည်အစွမ်းကိုသူသာ အသိဆုံးဖြစ်ရာ ယုံကြည်မှုအပြည့်ဝရှိ၏။​သကောင့်သားနှစ်ကောင် အား ပထမဆုံးအ​ကြိမ်ဖြင့်သောကြောင့်လည်း ခွင့်လွတ်ပေးထား ခြင်းဖြစ်၏။ ဂျိတ်၏စကားကြောင့် ဂျိတ်သည် မိမိတို့၏ထောင်ချောက်ထဲရောက် သွားပြီဖြစ်ကြောင်း ပုံစံဖြင့် ကျိတ်လှောင်လျက်ရှိ၏။ "ဒါဆို ဂရိတ်စစ်သည်များအား စတင်စိန်ခေါ်နိုင်ပါပြီ" ဂျိတ်သည်ဂရိတ်တိုင်းပြည်ကိုယ်စားပြုဖြစ်ပြီး သူကိုယ်တိုင်ခွင့်ပြုပြီ ဖြစ်ရာ စီစဥ်သူမှ ပြိုင်ပွဲဆက်လက်ကျင်းပရန် ဆော်သြလိုက်၏။ "ဟေ့ကောင် မင်းလာခဲ့" စိန်ခေါ်လိုက်သောသူသည် လင်းယုန်၏နေရပ်ဖြစ်သောအဆင့်ခုနှစ် တိုင်းပြည်ဖြစ်သော ဗန်တိုင်းပြည်မှစစ်သည်ဖြစ်၏။သူသည် ရွှေအ ဆင့်ရှစ်ရှိသော စစ်သည်တော်တစ်ယောက်ဖြစ်၏။နာမည်ကား ကျားရဲဖြစ်၏။ဓားမကြီးကို အသုံးပြုသောသူလည်းဖြစ်၏။ လက်နက်ဆန်းကိုင်ခွင့်မရသောဂရိတ်စစ်သည်များသာ် သူ၏အမြင်၌ အတောင်ပြတ်နေသောငှက်ငယ်လေးပမာဟုမြင် ယောင်နေ၏။ထို့ကြောင့် သူသည် ဂရိတ်စစ်သည်နံပတ်ငါးကို စိတ် ခေါ်လိုက်လေသည်။ ထိုစစ်သည်ကြောင့် သူတို့တိုင်းပြည်မှလူထိခိုက်သွားသောကြောင့် လည်း ပြန်လည်လက်စားချေလို၍ဖြစ်၏။ ဂရိတ်စစ်သည်နံပတ်ငါးသည် မိမိအားခေါ်ခြင်းကြောင့် မှိုရသည့် မျက်နှာပမာရွှင်လန်းစွာဖြင့် တက်သွား၏။တစ်ဖက်မှဓားမကြီးကိုင် ထားသော်လည်း သူသည်ကား လက်ဗလာဖြစ်၏။လက်နက်မျိုးစုံ ကိုင်စွဲခွင့်ရှိသော်လည်း သူသည် မသုံးပဲ တမင်နေနေခြင်းဖြစ်၏။ ဂရိတ်စစ်သည်နံပတ်ငါးကား ရွှေအဆင့်ငါးဖြစ်ရာ အဆင့်ကွာခြားမှု ရှိ၏။ သူတို့နှစ်ယောက်မျက်နှာခြင်းဆိုင်ပြီး တိုက်ပွဲတိုက်ရန်အနေထားသို့ ပြင်လိုက်ကြ၏။ပရိတ်သတ်များကလည်း သူတို့၏အမြင်များကို ထိုပွဲဆီသို့ ပို့ကာအသေးစိတ်အသေးစိတ်အကဲခတ်ကြည့်ရှုန် ပြင်ဆင်ပြီးဖြစ်သည်။ "စလို့ရပြီ" စစ်သည်နှစ်ဦး၏တိုက်ပွဲစင်ကား စတင်စိတ်လှုပ်ရှားစရာကောင်း လာလေတော့၏။

(188)

"ကျား" ကျားရဲမှ စတင်ကာတိုက်စစ်ဆင်လိုက်၏။သူ၏ဓားမကြီးကို ဝှေ့ ကာရမ်းကာဖြင့် အကြမ်းပတမ်းတိုက်စစ်ဆင်တော့၏။ထိုတိုက်စစ် ကြောင့် နံပတ်ငါးမှ ရှောင်တိမ်းရလေတော့သည်။ "တွေ့လား လက်နက်ဆန်းသာမရှိရင်သူတို့ကအလကားပါလို့" "ဟုတ်တယ်" ပရိတ်သတ်များ၏အသံများကဆူညံသွား၏။စင်ပေါ်တွင်လည်း နံပတ်ငါးသည် ဓားမအား ရှောင်တိမ်းပြီးရင်ရှောင်တိမ်းနေသည်။ ထိုဓားမကြီးသည် ကြီးမားပြီးထက်ရှကာ ကိုင်ဆောင်ထားသူမှာ ထို လိုဓားမကြီးအား အလွယ်တကူကိုင်တွယ်သည်ကိုကြည့်ခြင်းအားဖြ င့် ကျားရဲသည်ခွန်အားကြီးသူဖြစ်ကြောင်းသိရှိနိုင်သည်။ "ဂရိတ်စစ်သည်ရှုံးမှာပါကွာ သူကအခုမှရွှေအဆင့်ငါးပဲရှိသေးတာ ဟိုကောင်ကရွှေအဆင့်ရှစ်ကွ" ဟုတ်ပေသည်။အဆင့်သုံးဆင့်မျှကွာနေယုံမက လက်နက်လည်းမပါ ရာ မည်သူကမျှဂရိတ်စစ်သည်ဘက်ကအနိုင်ရရှိမည်ဟုမည်သူကမျှ မယုံကြပေ။ "ဒါကဖြစ်နိုင်တယ်လား" အင်ပါယာစစ်သူကြီးကတော့ ပွဲ၏ဖြစ်စဥ်ကိုအသေချာကြည့်ရှု နေ၏။သူ့လိုအဆင့်မြင့်စစ်သည်တော်၏အမြင်အောက်၌ သဲကွဲစွာ မြင်တွေ့နေရ၏။ ဂရိတ်စစ်သည် သည် ရွှေအဆင့်ငါးဖြစ်သော်ငြားလည်း သူ၏ချာ က္က ရာသိပ်သည်းဆက ကျားရဲ၏ရွှေအဆင့်ရှစ်၌ရှိသော ချာက္က ရာ သိပ်သည်းဆနီးနီး ရှိ၏။ထို့ကြောင့် သူတို့နှစ်ယောက်သည် အတူတူ ပင်ဖြစ်၏။ "ဟင် ဟာ" စင်ပေါ်၌တိုက်ပွဲကားပိုမိုပြင်းထန်လာလေ၏။ဂရိတ်စစ်သည်သည် ကျားရဲ၏ဓားမကြီးအား သူ၏လက်ကောက် ခြေကွင်းများဖြင့် တန်ပြန်နေ၏။ "ချွင်...ချွင်" တန်ပြန်တိုက်ခိုက်တိုင်း ဓားမကြီးနဲ့ လက်ကောက်ခြေကွင်းများနဲ့ ထိပ်တိုက်တွေ့တိုင်း မီးပွားများကဖြာခနဲဖြာခနဲထွက်ပေါ်လာ၏။ထို မြင်ကွင်းကို ကြည့်ရသော ပရိတ်သတ်တို့မှာ ရင်သတ်ရှု့မောဖြစ်ကြ ရ၏။ဒါမှသူတို့အတွက် အစစ်မှန်တိုက်ပွဲဖြစ်တော့၏။ "မင်းအစွမ်းကုန်ထုတ်လိုက် ကျားရဲ" နံပတ်ငါး၏စကားကြောင့် ပရိတ်သတ်များအံသြကြရကုန်၏။ သူ၏စကားအရဆိုလျှင် ကျားရဲသည်အစွမ်းကုန်ထုတ်သေးရသေး ဟန်မတူ။ "မင်းသိနေတာမဆိုးဘူး" ကျားရဲမှ ဓားမကြီးကိုင် ပခုံးထက်ပေါ်တင်ကာပြော၏။ "အခုသွေးပူပြီးသွားပြီဆိုတော့မင်းမသေဖို့ဆုတောင်းထားပါ" ရွှေအဆင့်ရှစ်၏အစွမ်းစများကို ကျားရဲထုတ်ဖော်လိုက်၏။ကိုယ် တွင်းရှိချာက္က ရာများက သူကိုင်ဆောင်ထားသော ဓားမကြီးထံသို့ပို့ လွှတ်လိုက်၏။ချာက္က ရာများပို့လွတ်ချိန်မှစ၍ ကျားရဲ၏ကိုယ်ခန္ဓာ သန်မာမှု အမြန်နှုန်း အမြင်အာရုံတို့ကလည်း ယခင်ကထက် တိုးတက်လာ၏။ ချာက္က ရာပို့လွတ်ထားသောဓားမကြီးကလည်း ချာက္က ရာအစွမ်း ကြောင့် ဓားမကြီးမှာရဲရဲတောက်ပလျက်ရှိ၏။ကျားရဲလည်း သူ၏အစွမ်းကုန်ထုတ်လိုက်သောကြောင့် နံပတ်ငါးသည်လည်း သူ၏ချာက္က ရာများကိုစတင်အသုံးပြုလိုက်၏။ ဂီး.းးးးးးး နံပတ်ငါးကိုယ်မှ သားရဲတစ်ကောင်နိူးထလာသည့်ပမာ အသံထွက် ပေါ်လာ၏။ထိုအသံသည် အနည်းငယ်သာကျယ်သော်လည်း အင်ပါ ယာစစ်သူကြီးမှကြားရ၏။ ("ဒါက သားရဲကိုယ်နိူးထနေတာလား") သားရဲကိုယ်နိူးထခြင်းသည် စစ်သည်တော်အားယခင်ကထက် သုံး ဆပိုမိုသန်မာလာစေသလို စစ်သည်တော်ခြင်းအဆင့်တူနေလျှင်ပင် အသာလေးအမှောက်သိပ် နိုင်၏။အဆင့်သာလွန်နေသောသူကိုလည်း တန်းတူယှဥ်ချနိုင်စွမ်း လည်းရှိ၏။ ဂျိတ်၏လေ့ကျင့်ပေးမှု.. လမ်းတစ်လျှောက်လုံးကျွေးမွေးခဲ့သော အရာများက ယခုအခါနံပတ်ငါးအား ကောင်းကောင်းကြီး အထောက်ကူဖြစ်စေခဲ့ပြီဖြစ်၏။ အစောပိုင်း၌သွေးပူတိုက်ခိုက်ခဲ့ရခြင်းက နံပတ်ငါး၏ငြိမ်သက်နေ သော သွေးဆဲလ်များကို နိူးထအောင်လုံဆော်ပေးလိုက်၏။ဂျိ တ်၏လေ့ကျင့်ခန်းများ အစားသောက်များက ထိုသွေးဆဲလ်များကို နိူးကြားစေပြီးသန်မာလာအောင်ဆောင်ရွက်ပေး၏။ထိူအခါ နံပတ် ငါး၏တစ်ကိုယ်လုံးမှာ သွေးသစ်လောင်းလိုက်သကဲ့သို့ အင်အား များတိုးပွားလာလေသည်။ချာက္က များကို လှုံဆော်လိုက်သည်နဲ့ နံပတ်ငါး၏တစ်ကိုယ်လုံးအား အကာကွယ်ဝတ်စုံကဲ့သို့ဖုံးလွှမ်းသွား လေသည်။ "ကျား" ကျားရဲမှ ချာက္က ရာအစွမ်းပေါင်းစပ်ပြီးသောဓားမဖြင့်ခုတ်ချလိုက် သည်။နံပတ်ငါးမှာ သူ၏လက်ချည်းသပ်သက်ဖြင့်ခုခံလိုက်၏။ "မ.မဖြစ်နိုင်တာ.. လက်နှင့်ကာလိုက်တယ်" ပရိတ်သတ်များ၏သွေးများပိုမိုကြွလာ၏။ထိုလိုတိုက်ပွဲမျိုးကိုမြင် တွေ့ရန်အလွန်ပင်ရှားပါးသည်မဟုတ်ပါလား။အတွေ့ကြုံရင့်သန်နေ သောစစ်သည်တော်များကတော့ ဂရိတ်စစ်သည်အားကြည့်ကာ မျက်ဝန်းများတောက်ပလာကြ၏။ရွှေအဆင့်ရှစ်၏ခွန်အားသုံးကာ ချာက္က ရာဓားဖြင့်ခုတ်ခြင်းကို ကာကွယ်နိုင်သည်ဆိုကတည်းက. ဂရိတ်စစ်သည်၏ချာက္က ရာသည် ကျစ်လစ်သိပ်သည်းကာ သူ၏ရွှေ အဆင့်ငါးသည် ကျားရဲ၏ ရွှေအဆင့်ရှစ်နီးနီးရောက်ရှိနေသည်။ လင်းယုန်ကတော့မျက်နှာပျက်နေပြီဖြစ်၏။အဆင့်ကွာ သော်ငြားလည်း ဂရိတ်စစ်သည်မှတန်းတူတိုက်ခိုက်စေနိုင်ခြင်းက သူ့အားလွန်စွာပင်အရှက်ရစေခဲ့ပြီဖြစ်၏။ ချွင်...ချွင်....ချွင် ဓားမကြီးကိုလက်ဖြင့်တောက်လျှောက်ဆိုသလိုကာကွယ်ပုတ်ထုတ် နေခြင်းကြောင့် အသံများထွက်ပေါ်လာသည်။ကျားရဲမှလည်း သူ၏ဓားကိုလက်ချည်းသက်သက်ဖြင့်ပုတ်ထုတ်နေသောကြောင့် သူ၏မျက်နှာမဲသဲနေပြီဖြစ်၏။ ထို့​ကြောင့်သူ၏သဘာဝလွန်အစွမ်းကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်၏။ ထိုသို့ဆုံးဖြတ်လိုက်သည်ကို ဂရိတ်စစ်သည်မှလည်းရိပ်မိ၏။ထို့ ကြောင့် သူ၏သဘာဝလွန်အစွမ်းကို အရင်ထုတ်ဖော်ကာတိုက်ခိုက် လိုက်၏။ သဘာဝလွန်အစွမ်းဟူသည် ငွေအဆင့်၌ရောက်သည်နဲ့ တစ် ယောက်ကိုအစွမ်းတစ်မျိုးစီအသုံးပြုနိုင်သောအစွမ်းဖြစ်၏။ စစ်သည်တော်တို့၏လေကျင့်ပုံစိတ်ထားအမူရာလိုက်၌ ရရှိသော စွမ်းရည်များလာ်းမတူကြပေ။ "နွားရိုင်းတိုက်ကွက်" ဤကားဂရိတ်စစ်သည်၏သဘာဝလွန်အစွမ်းဖြစ်၏။ ဂီးး.. ဂရိတ်စစ်သည်တစ်ကိုယ်လုံးကိုမီးကဲ့သို့ရဲနေသောချာက္က ရာများ ဖုံးလွှမ်းသွား၏။အစကအဖျော့ရောင်ဖြစ်သော်လည်း သုံးလိုက် သည်နဲ့ရဲတောက်သွား၏။ထို့နောက် ကျားရဲထံပြေးဝင်သွားလေ၏။ ကျားရဲ၏သဘာဝလွန်အစွမ်းမှာ အစွမ်းထက်သောကြောင့် အချိန် တစ်ခုယူပြီးမှအသုံးပြုနိုင်၏။အချိန်ယူနေစဥ်မှပင် ဂရိတ်စစ်သည် မှသူ့အားသူ၏သဘာဝလွန်အစွမ်းသုံးကာ တိုက်ခိုက်လာသည်။ "ရော့" ဂရိတ်စစ်သည်၏သွေးရောင်တောက်ပနေသောလက်သီးက ကျားရဲ ထံပြေးဝင်သွား၏။ကျားရဲလည်း သူ၏သဘာဝလွန်အစွမ်းသုံးနိုင် ရန်စက္က န့်သုံးဆယ်မျှလိုနေသေးရာ ထိုလက်သီးအား ကာကွယ်ရန် သူ၏ချာက္က ရာလွှမ်းနေသောဓားမဖြင့် ကာလိုက်၏။ "ခလွမ်း..ဒုန်း" "အင် ဟာ" လက်သီး၏အစွမ်းမှာအလွန်ပင်ပြင်းထန်သောကြောင့် ဓားမကြီးမှာ ကွဲကြေသွားရ၏။လက်သီးမှာ ဓားအားချိုးဖျက်ပြီး ကျားရဲအား မိတ်ဆက်၏။ဓားကိုထိုးပြီးဖျက်စီးခဲ့သော်လည်း လက်သီးက အားအင်အများကြီးကုန်ခမ်းခြင်းမရှိသေးရာပြင်းထန်လှသော ကြောင့် ကျားရဲသည် လွင့်စင်သွားပြီး ဒုန်းဟူသောအသံကိုဖြစ်ပေါ်စေခဲ့၏။ ပရိတ်အပေါင်းတို့ကလည်း ထိုအစွမ်းထက်လက်သီးကြောင့် အသံ ပင်ယောင်ရမ်းထွက်မိပြီး ကျောက်ရုပ်ကြီးသဖွယ်ငြိမ်သက်သွား ကြ၏။နောက်မှ ကျယ်လောင်သောအသံဖြင့် ဂရိတ်စစ်သည်အား ဝိုင်းဝန်း သြဘာဂုဏ်ပြုလိုက်ကြ၏။ စင်ပေါ်တွင်တော့တစ်ကိုယ်လုံးရဲရဲတောက်လွှမ်းနေပြီးစိတ်ဓာတ် ပြင်းထန်လှသည့်အသွင်ပြင်ရှိသောဂရိတ်စစ်သည်သာကျန်ရှိနေ လေ၏။သူသည် ပြိုင်ဘက်အားထိုက်တန်စွာအနိုင်ရခဲ့ပြီဖြစ်သည်။

(189)

ဂရိတ်စစ်သည်မှာအနိုင်ရသွားချိန်၌ ကွင်းတစ်ခုလုံးပရိတ်သတ် များ၏အားပေးသံကဆူညံနေ၏။အဆင့်ခုနှစ်တိုင်းပြည်မှစစ်သည် အား ဂရိတ်စစ်သည်မှအနိူင်ပိုင်းလိုက်သောကြောင့်ဖြစ်၏။ထို ဖြစ်ရပ်ကသာမန်ဖြစ်ရပ်များအား ပြောင်းပြန်လန်စေခဲ့သည်။ "နောက်တစ်ယောက်တက်လာတယ်" ပရိတ်သတ်များ၏အသံများထွက်ပေါ်လာ၏။စင်ပေါ်သို့ရောက်ရှိ နေသည်က ဂရိတ်စစ်သည်နောက်တစ်ယောက်ဖြစ်ပြီး သူသည် နံပတ်တစ်ဆယ်ဖြစ်၏။ "စိန်ခေါ်လို့ရတယ်နော်ဒီမှာစောင့်နေပြီ" ဂရိတ်စစ်သည်၏စကားကြောင့် ပရိတ်သတ်များ၏အာရုံကစုပြုံကျ ရောက်လာကြ၏။ထိုစစ်သည် သည်လည်းယခင်စစ်သည်လိုသန်မာ နေမလား။ နတ်မျက်စိကတော့ မျက်နှာပျက်သွား၏။ထိုဂရိတ်စစ်သည်သည် သူ ဘက်လှည့်၍မျက်နှာမူကာပြောလိုက်သောကြောင့်ဖြစ်၏။ ဂရိတ် စစ်သည်အနေနဲ့လည်း သူ့အားမကျေနပ်သည်မှာထင်ရှား၏။ ဂရိတ်တိုင်းပြည်သိက္ခာကြောင့်ထက် ဆုယူခါနီး မိမိတို့တိုင်းပြည် ကိုယ်စားဆုယူရန်နီးနေချိန်၌ဂျိတ်အားစော်ကားသလိုဖြစ်ပျက်စေခဲ့ သောကြောင့်ဖြစ်၏။ဂျိတ်သည် သူတို့၏ရင်ထဲ၌ ကြီးမြတ်သောသူ ဖြစ်ရာ ဘယ်လိုမှမသည်းခံနိုင်ပေ။ထို့​ကြောင့် ဦးအောင်ထွက်ကာ စတင်စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ယခုဆက်ပြီးကျင်းပအောင်လည်း လင်းယုန်နဲ့နတ်မျက်စိမှလုပ် သောကြောင့် ပြိုင်ပွဲမှာမပြီးနေခြင်းဖြစ်သည်။လင်းယုန်၏လူမှာ ရှုံး ပြီးသွားသောကြောင့် နတ်မျက်စိလည်း သူ၏လူကိုယှဥ်ပြိုင်ခိုင်းရ လေတော့၏။ "ဝိုး.......လူညစ်ဟ" "...အဆင့်ခုနှစ်တိုင်းပြည်တွေ စောက်ရှက်ကောရှိလားလို့သိချင် လားပြီ" ပရိတ်သတ်များ၏စကားသံများက သူတို့၏မျက်နှာကိုပါးပိတ်ရိုက် လိုက်သည့်ပမာ ခံစားလိုက်ရကြ၏။အမှန်တကယ်လည်း နတ် မျက်စိသည် သူ၏လူထဲမှ အစွမ်းအထက်ဆုံးကိုယှဥ်ပြိုင်စေနေ သောကြောင့်ဖြစ်၏။ သူရွေးထားပြီးပြိုင်စေမည့်လူသည် မြွေပွေးဟုခေါ်ပြီးသိုင်းအဆင့် မှာ ရွှေအဆင့်တစ်ဆယ်စစ်သည်ဖြစ်၏။ဂရိတ်စစ်သည် နံပါတ်တ ဆယ်မှာ ရွှေအဆင့်ခြောက်သာရှိသေး၏။ နတ်မျက်စိကတော့ ပရိတ်သတ်များပြောသည်ကိုမကြားသလိုလုပ် နေ၏။ အဆင့်ကွာတယ်ဟုတ်လား... ငါဂရုမစိုက်ဘူး....အားနည်းရင်ခံလေ ကွာ...ဒါကပြိုင်ပွဲလေ နိုင်ဖို့ဘာမဆိုလုပ်ရမှာပေါ့.... မြွေပွေးနဲ့နံပါတ်တစ်ဆယ်တို့ စင်ပေါ်၌မျက်နှာခြင်းဆိုင်တွေ့ကြလေ သည်။သူတို့နှစ်ဦးလုံးသည် အနိုင်ပိုင်းရန်ပြင်ဆင်ပြီးသားလည်း ဖြစ်၏။ပရိတ်သတ်များ၏စိတ်လှုပ်ရှားမှုကလည်း ဒီရေအလား တိုးတက်လာနေကြသည်။ "စ ဟူသောစကားသာရှိသေး၏။နှစ်ယောက်လုံးစတင်တိုက်ခိုက်လိုက် ကြ၏။ "ဝုန်း" ဂရိတ်စစ်သည်မှ သူ၏သဘာဝလွန်အစွမ်းကိုမြန်ဆန်စွာပင်ထုတ် သုံးလိုက်၏။ ဝူး... ဝံပုလွေပုံရိပ်တစ်ချက်ပေါ်လာပြီးနောက်ဂရိတ်စစ်သည်၏ကိုယ်ခန္ဓာ သည် အဆင့်တန်းတစ်ခုသို့တိုးတက်ပြောင်းလဲသွား၏။ သူ၏မျက်လုံးများကယခင်ကထက်ပိုမိုအမြင်နိုင်စွမ်းတိုးပွားလာ သလို လက်သည်းများလည်းရှည်လျားလာလေသည်။တစ်ကိုယ်လုံး မှာ ပိုမိုသန်မာလာ၏။ "ဝုန်း" မြွေပွေးမှလည်းသူ၏သဘာဝလွန်အစွမ်းကိုထုတ်သုံးလိုက်၏။ မြွေပွေးတစ်ကောင်သည် ထွက်ပေါ်လာပြီး သူ၏ကိုယ်ကိုဆန့်တန်း လိုက်၏။ထိုအခါ ရှည်လျားသောမြွေလှံဖြစ်ပေါ်သွားလေသည်။ လှံ၏ထိပ်သည်မြွေခေါင်းပင် ဖြစ်ပြီး အရာရာကိုထိုးဖောက်တော့မ ည့်အသွင်ဆောင်နေသည်။ ပွဲကားစကတည်းကပင် အတော့်ကိုမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်နေပြီ ဖြစ်၏။ကြည့်သောလူများကလည်း တစ်ခုလေးမှမလွတ်သွားစေ ရန်အသေးစိတ်ကြည့်ရှုနေကြ၏။ "သူတို့သဘာဝအစွမ်းတွေကမဆိုးဘူး" အင်ပါယာစစ်သူကြီး မှတ်ချက်ချ၏။မြွေပွေး၏အစွမ်းသည် လက်နက်ဖြစ်ပြီး မြွေပွေးလှံဖြစ်သည်။ထိုလှံသည် မြွေပွေးတစ် ကောင်၏ကိုယ်လုံးနဲ့ဖြစ်ပြီး လှံသွားသည် မြွေခေါင်းပင်ဖြစ်၏။ ထိပ်ဖျားတွင်ကာ မြွေပွေး၏သေးငယ်လှသောအစွယ်နှစ်ချောင်း ပါရှိသလို ထိမိပါက ပြိုင်ဘက်မှာမရှုမလှခံစားရမည်ဖြစ်သည်။ နံပါတ်တစ်ဆယ်သည် ယခုမှရွှေအဆင့်ခြောက်ဖြစ်သောကြောင့် အနိုင်ရရန်မလွယ်ပေ။သို့ရာတွင် သူ၏သဘာဝအစွမ်းဝံပုလွေစွမ်း ရည်က သူ၏အဆင့်နိမ့်နေသည်ကို ဖာထေးပြုပြင်ပေးထား၏။ နှစ်ယောက်လုံးထိပ်တိုက်ပြေးကာရင်ဆိုင်လိုက်ကြ၏။ မြွေပွေးမှ ဝံပုလွေလက်သည်းဖြင့်ကုတ်ချက်များကို လှံတံဖြင့် ခုခံ လိုက်သည်။လက်သည်းမှလှံကိုထိသည်နဲ့ မီးပွားများဖြာခနဲထွက် လာလေသည်။ အနည်းငယ်ခုခံပြီးသည်နဲ့ မြွေပွေးမှလှံဖြင့် ခံစစ်မှတိုက်စစ်အသွင် ပြောင်းလဲ၏။ ..ဝီး...ဝီး....ဝီး...... လှံထွက်ချက်များက အဆက်မပြတ်ဆိုသလို ထွက်ပေါ်လာသည်။ ထိုးချက်ပြင်းထွက်သောကြောင့် လေထဲ၌ အသံများပင်ထွက်ပေါ် နေသည်။လှံကို ရုတ်ခြည်းကြည့်မည်ဆိုပါက မြွေတစ်ကောင်သည် ဆက်တိုက်ဆိုသလို ပေါက်နေသကဲ့သို့ပင်ဖြစ်၏။ ဆက်တိုက်လာနေသောကြောင့် နံပတ်တစ်ဆယ်မှ ရှောင်တိမ်းရ တော့၏။ဝံပုလွေစွမ်းရည်ကယခုအခါ၌ လွန်စွာအသုံးဝင်နေ၏။ လှံချက်များကို ကောင်းစွာမြင်နေရသလို မြင်သည့်အတိုင်း ကိုယ်ခန္ဓာကလည်းစည်းချက်ကျစွာ မြတ်ဆန်စွာရှောင်တိမ်းနိုင်စွမ်း ရှိရာ လှံချက်များမှာ လေကိုသာမိတ်ဆက်နေရလေ၏။ "လှံဆိုတာ လက်နက်ဘုရင်ကွ" မြွေပွေးဒေါသထွက်ပြီး လှံဖြင့်တိုက်လျှောက်တိုက်စစ်ဆင်၏။ နံပါတ်တစ်ဆယ်ကလည်း ဆက်တိုက်ပင်ရှောင်တိမ်းနေ၏။ လှံဆယ်ကွက်...နှစ်ဆယ်... ငါးဆယ်သို့ရောက်သောအခါ အင့် ပုံမှန်မဟုတ်သောလှံကြောင့် နံပါတ်တစ်ဆယ် သူ၏လက်၌တစ်ခုခု စူးသွားကြောင်းခံစားမိ၏။ "ဟားဟား...မင်းငါ့အဆိပ်မိသွားပြီ ငါလှံကိုဘယ်သူမှမခံနိုင်ဘူး" လှံသည် ​မြွေမှဖြစ်လာသောကြောင့် လှံတစ်ချောင်း၏ပုံမှန်နိယာမှနဲ့ ကွဲပြားမှုရှိ၏။လှံတစ်ချောင်းသည် အလွန်ကျွံပျော့ခွေခြင်းဖြစ်ပါက ကျိုးမည့်အဖြစ်ရောက်သွားမည်ဖြစ်သော်လည်း ထိုလှံသည်မြွေပင် ဖြစ်ရာ ထိုအချက်ကိုဘေးခေါက်ထား၍ရ၏။ ထိုကြောင့်တောင့်နေသောလှံဖြစ်နေသေည့်မြွေသည် နံပါတ်တစ် ဆယ်အနီးရောက်မှ အသက်ဝင်လာကာ အစွယ်ဖြင့်ပေါက်လိုက် ခြင်းဖြစ်၏။ "အဆိပ်ထိသွားပြီ" ကျန်ဂရိတ်စစ်သည်များစိုးရိမ်လာ၏။သူတို့၏စစ်သည်မှာ အဆိပ်မိ သွားပြီမဟုတ်ပါလား။ နံပါတ်တစ်ဆယ်ဒေါသထွက်သွား၏။မြွေဆိပ်မိ​သောလက်သည် ညို မဲလာကြောင်း တွေ့လိုက်သည်။သာမန်ဆိုလျှင် တစ်မိနစ်အတွင်း သေနိုင်သော်လည်း သူ၏ဝံပုလွေစွမ်းရည်ကြောင့် ဆယ်မိနစ်တာ အထိအဆိပ်အားထိန်းထားနိုင်ကြောင်း သူသိ၏။ထို့ကြောင့် နံပတ် တစ်ဆယ်သည် "ဝံပုလွေအရိပ်" သူ၏သဘာဝအစွမ်းနဲ့တူသောသိုင်းကွက်သုံးလိုက်၏။သဘာဝ အစွမ်းနဲ့တူသောသိူင်းကို တတ်မြောက်ထားပြီး ပေါင်းစပ်အသုံးပြု ပါက သဟဇာတဖြစ်သည့်အပြင် အစွမ်းမှာပိုမိုတိုးတက်၏။ ထို့ကြောင့် နံပါတ်တစ်ဆယ်သည် မြွေပွေးနားရောက်သွားပြီး လက်သည်းဖြင့်ကုတ်ချလိုက်သည်။ "ရွှမ်း......." လက်သည်းမြွေပွေး၏မျက်နှာပြင်ပေါ်ကျရောက်သွား၏။ "အားးးးးး" အော်သံကြီးကထွက်ပေါ်လာ၏။သူသည် သူ၏အဆိပ်အားတစ်ဖက် မှမိသွားသောကြောင့် ပျော်ရွှင်နေသည်၏ထို့ကြောင့် သတိပင်မရှိ မေ့လျော့ရယ်မိသည်။သူမထင်မှတ်စွာပင် တစ်ဖက်မှသူ့အနား ရောက်လာပြီး ထိုသို့လုပ်မည်ဟုမထင်မိသောကြောင့် ခံစားလိုက်ရ လေသည်။ "မင်းကိုအ​သေ သတ်မယ်" ​မြွေပွေး၏ဒေါသပေါက်ကွဲသွားသည်။ထိုပေါက်ကွဲမှုကြောင့် သူ၏အရှိန်ဝါမှာတိုးတက်သွားလေသည်။ "ဟာ မဖြစ်နိုင်တာ" "သူအဆင့်တက်သွားပြီဟ" ပြိုင်နေရင်းအဆင့်တက်သည်ဆိုပါလား။အင်ပါယာစစ်သူကြီး၏အ ကြည့်များစူးရှသွား၏။ဒေါသကြောင့်ပေါက်ကွဲ ပြီး ရွှေအဆင့်တစ် ဆယ့်မှ ပလက်တီနမ်အဆင့်သို့ရောက်ရှိသွား၏။ "ဂရိတ်စစ်သည်တော့ရှုံးပြီဘယ်လိုမှမနိုင်ဘူး..." မြွေပွေးသည် ပလက်တီနမ်အဆင့်ရောက်ရှိသွားရာ ယခင်ထက်ပိုမို အစွမ်းထက်လာပြီဖြစ်၏။ ("ငါမနိုင်ဘူးပဲ.") ဂရိတ်စစ်သည်အနည်းငယ်စိတ်ဓာတ်ကျသွား၏။ပလက်တီနမ်အဆ င့်ရောက်သွားသည်က လုံးလုံးကြီးခြားနားစေခဲ့သည်။ထိုအခိုက် သူ အား ဂျိတ်မှနည်းလမ်းတစ်ခုဆက်သွယ်လာ၏။ "ဟိုကောင်ဘာလုပ်နေတာလဲ" "အလှလက်ကောက်ခြေကွင်းတွေချွတ်နေတယ်ရှုးနေလား" ချွတ်ပြီးဖြစ်ပေါ်လာသောအဖြစ်ပျက်ကြောင့် ပရိတ်သတ်များထပ်မံ မျက်လုံးပြူးရပြန်၏။ချွတ်ပြီးသည်နဲ့ ဂရိတ်စစ်သည် ၏အရှိန်ဝါ သည်ပေါက်ကွဲထွက်သွား၏။ ရွှေအဆင့်ခြောက်...ခုနှစ်...ရှစ်...ကိုး.....တစ်ဆယ် ရွှေအဆင့်ခြောက်မှ ဆက်တိုက်ထိုးတက်သွား၏။ဆူနာမီအား ရေကာတာမှမခံနိုင်သည့်အလားပင် အဆင့်အတားဆီးများကို ဆက်တိုက်ချိုးဖျက်သွား၏။ "ဟ ဘယ်လိုတွေတောင်လား" မြင်မြင်သမျှအကုန်ရူးခါသွားသည့်ပမာခံစားနေရသည်။ရွှေအဆင့် တစ်ဆယ်မှ တွန်းအားကြောင့် အဆင့်တစ်ဆယ့်မှပလက်တီနမ် ရောက်သည်ကားလက်ခံ၍ရ၏။ ယခုဟာက ခြောက်မှ တစ်ဆယ်ထိ မရပ်ပဲတက်သွားသည်က သူတို့သိမြင်ထားသောနိယာမနဲ့လုံးဝခြား နားနေ၏။ အဆင့်တက်ပြီးသည်နဲ့သည် ဂရိတ်စစ်သည်လည်း ချက်ချင်းလုပ် ရှားလိုက်သည်။မြွေပွေးကတော့ချက်ချင်းလုပ်ရှား၍မရပေ။အဆင့် ကြီးတစ်ခုသို့ရောက်ရှိရသည်ဖြစ်ရာ အဆင့်တည်​ငြိမ်စေရန် အချိန် အနည်းငယ်ပို၍လိုအပ်၏။ နံပါတ်တစ်ဆယ်ကတော့ မလိုအပ်ပေ။အဆင့်သေးများအားသာလျှင် ချိုးဖျက်ခဲ့ရသောကြော င့်ဖြစ်၏။ "ရော့စားစမ်း. ဂရိတ်စစ်သည်မှ သူ၏လက်ကောက်ခြေကွင်းများဖြင့် မြွေပွေးအား ပစ်ပေါက်လိုက်၏။ထိုအခါ မြွေပွေးသည် သူ၏လှံဖြင့်ကာကွယ် လိုက်၏။သို့ရာတွင် လက်ကောက်ခြေကွင်းများသည် အသိစိတ်ရှိ သည့်ပမာ ရှောင်တိမ်းကာ မြွေပွေး၏လက်ခြေထောက် များ၌သွားရောက်ကပ်တွယ်၏။ကပ်တွယ်ပြီးသည်နဲ့ အစွမ်းစတင်အသက်ဝင်၏။ "ဂရတ်....အ...ားးးးးးး" မြွေပွေးအော်ဟစ်လိုက်ရ၏။အဆင့်ရောက်စတည်ငြိမ်အောင်လုပ် နေချိန်၌ လက်ကောက်ခြေကွင်းများက သူ၏လိုက်လျောညီထွေ ဖြစ်စဥ်ကို ရိုက်ချိုးပစ်၏။ လက်ကောက်ခြေကွင်းများသည် စစ်သည်တော်၏ဆင့်ကိုမူတည် ကာ အလေးချိန်တိုးပေးသည်ဖြစ်၏။မြွေပွေးမှာ ပလက်တီနမ်အ ဆင့်ဖြစ်ရာ အလေးချိန်များစွာတိုးပေးလိုက်၏။ လိုက်လျောညီထွေလုပ်နေစဥ်တက်လာသော ရုတ်ခြည်းအလေးချိန် ကြောင့် မြွေပွေးဘယ်လိုမှတောင့်ခံနိုင်စွမ်းမရှိတော့။အရှုံးပေး လိုက်ရ၏။ မရှုံးမပေးပဲ ဆက်​လက်တောင့်ခံနေမည်ဆ်ိုပါက သေဆုံးသွားမည် ဖြစ်၏။မြွေပွေးအရှုံးပေးလိုက်မှ ဂရိတ်စစ်သည်သည် စိတ်လျော့ လိုက်လေ၏။သူသည်အောင်မြင်သွားပြီဖြစ်သည်။ သူ၏နောက်သို့လက်ဝါးကြီးတစ်ခုကျရောက်လာကြောင်းကိုမူသူ သတိမထားမိပေ။ "မလုပ်နဲ့" "​ဖြန်း"

All Chapters