အခန်း (၁၉၀-၁၉၂)
Vol. 13 Ch. 190-192
(190)
ဂရိတ်စစ်သည်များ နံပါတ်တစ်ဆယ်အား သတိပေးလိုက်ကြ၏။ထို့ ကြောင့် နံပါတ်တစ်ဆယ်လည်း ရှောင်တိမ်းရန်ကြိုးစားသော်လည်း အဖြစ်ပျက်မှာမြန်ဆန်လွန်းလှ၏။ "ဖြန်း"" လက်ဝါးရိုက်ချက်ကြောင့် နံပါတစ်ဆယ်ပြင်းထန်သောဝေဒနါကို ခံစားလိုက်ရ၏။ရုတ်ခြည်းရောက်ရှိလာသောအရှိန်ဖြင့်ရိုက်ချက် ကြောင့် ရှောင်တိမ်းချိန်မရပဲ လွင့်စင်သွားရ၏။ "ဝေါ့" နံပါတ်တစ်ဆယ် ပြင်းထန်စွာလွင့်စင်ပြီးသွေးတစ်လုပ်အန်ထုတ် လိုက်ရ၏။ရိုက်ချက်မှအလွန်ပြင်းထန်သောကြောင့် ကိုယ်တွင်း အစိတ်ပိုင်းများထိခိုက်သွားကြရလေသည်။ "ဟာ လွန်တာပေါ့" ပရိတ်သတ်များဝိုင်းဝန်းဆဲရေးတိုင်းထွာလိုက်ကြ၏။အကြောင်း ကား အနိုင်ရသွားသောဂရိတ်စစ်သည်အား နတ်မျက်စိမှ ပြေးထွက် သွားပြီး လက်ဝါးဖြင့်ရိုက်ချလိုက်သောကြောင့်ဖြစ်၏။ "မဖြစ်နိုင်တာ" နတ်မျက်စိပိုမိုဒေါသထွက်သွား၏။သူ၏ရိုက်ချက်က သေနိုင်သည် အထိဖြစ်အောင်အားထည့်၍ရိုက်လိုက်ခြင်းဖြစ်သော်လည်း ဂရိတ် စစ်သည်မှာမသေပဲ အပြင်းထန်သာဒဏ်ရာရရှိသွားသောကြောင့် ဖြစ်၏။ "မင်းသေကို သေရမယ် သေစမ်း" နောက်ထပ်အရှိန်ဟုန်ဖြင့် နတ်မျက်စိပြေးထွက်သွားပြီး နံပါတ်တစ် ဆယ်အား သူ၏အားကုန်သုံးထိုးလိုက်၏။သူ၏ဒေါသကားလုံးဝ အထွတ်ထိတ်ရောက် နေ၏။ သူ၏စစ်သည်မြွေပွေးမှာ ပြိုင်ပွဲအတွင်းတိုက်ခိုက်ရင်းအဆင့်တက် သွားသောကြောင့် အလွန်ပျော်ရွှင်မိ၏။သို့ရာ၌ မမျှော်လင့်ပဲ ဂရိတ် စစ်သည်၏တိုက်ကွက်ကြောင့် မြွေပွေးမှာ အလွန်ပြင်းထန်သည် အထိဖြစ်သွားခဲ့ရသည်။ ထိုပြင်းထန်သောအခြေနေကို အစွမ်းကုန်ကုသမည်ဆိုပါက ပလက်တီနမ်အဆင့်မှတက်နိုင်မည်ဟုအာမ မခံနိုင်ပေ။ထို့ကြောင့် သူ၏စိတ်ကိုလုံးဝထိန်းချုပ်လို့မရတော့ပဲ ပြေးထွက်ကာ တိုက်ခိုက် လိုက်ခြင်းဖြစ်၏။ "ငါတော့သေပြီထင်တယ်" ဂရိတ်စစ်သည်နံပါတ်တစ်ဆယ်သည်လည်း သူ့ထံရောက်ရှိလာသော လက်သီးကြောင့် သူလုံးဝသေပြီဟုထစ်ချယုံကြည်လိုက်၏။တိုက်ပွဲ ပန်းမှုအပြင် ရုတ်ခြည်းတိုက်ခိုက်ခြင်းခံရမှုကြောင့် မည်သို့မျှမလုပ် နိုင်သည့်အခြေနေရောက်ရှိသွားချိန်၌ လက်သီးက ကျရောက်လာရာ သေရုံသာရှိ၏။ "မင်းက လွန်တာပေါ့ ငါ့လူကိုဒီလိုလုပ်ရဲရလား" "ဟာ ဟင်" ဒီတစ်ခါတော့အင်ပါယာစစ်သူကြီးပါ မျက်လုံးမျက်ဆန်ပြူးသွားရ ခြင်းဖြစ်၏။ နတ်မျက်စိ၏လက်သီးအား ပိတ်ကာဖမ်းဆုပ်လိုက်သူက ဂျိတ်ပင် ဖြစ်၏။အင်ပါယာစစ်သူကြီးမှ အံအားသင့်နေရ၏။ဆုပေးရာ နေရာနဲ့တိုက်ပွဲစင်မြင့်သည် ဝေးကွာ လှပြီး သူပင်ချက်ချင်းရောက်နိုင်မည်မဟုတ်ပေ။သို့ရာတွင် ဂျိတ် ကတော့ ခဏတွင်းရောက်ရှိသွား၏။ နံပါတ်တစ်ဆယ်လည်း သူမထိုးမခံရ၍မျက်စိဖွင့်ကြည့်ရာ အလွန် ဝမ်းသာသောကြောင့်မျက်ရည်ပင်ကျကာ "ခေါင်းဆောင်" အသံပင်တုန်လှုပ်နေ၏။သူအား ခေါင်းဆောင်မှကယ်တင်မည်ဟုမ ထင်မှတ်မိသည်။ဂျိတ်ကလည်း နံပါတ်တစ်ဆယ်အား လှည့်ကြည့် ကာ "မင်းတို့ကိုငါပိုင်တယ် ငါအမိန့်မရသေးပဲ သေချင်လို့မရသေးဘူး လေ" ထိုစကားက ကွင်းတစ်ခုလုံးပြန့်နှံသွား၏။ "ခေါင်းဆောင်" ဂရိတ်စစ်သည်များ ထိုစကားကိုကြားရသောအခါ မျက်ရည်များကျ ဆင်းလာ၏။ယောကျာ်းတို့သည် ဘယ်တော့အခါမှ မျက်ရည်ကျ ဆင်းလေ့မရှိ။ခုစကားလုံးက သူတို့၏ခိုင်ခံလှပါဟူသောစိတ်ကို သိမ်းကျုံးသွားရာ မျက်ရည်များတားဆီးမရတော့ပေ။ဂျိတ်အား သူ တို့၏ရင်ထဲ၌ထာဝရစွဲမြဲစွာသိမ်းထားတော့မည်ဖြစ်သည်။ ကွင်းထဲရှိပရိတ်သတ်များစစ်သည်တော်တိုင်းက ဂျိတ်နဲ့ဂရိတ် စစ်သည်တို့၏ခိုင်မာဝေါဆက်ဆံရေးကိုထင်ရှားစွာမြင်လိုက်ကြ၏။ ထိုသို့သောဆက်ဆံရေးသည် အလွန်ပင်ရှားပါးပြီး အားကျမိကြ၏။ "ချစ်မိသွားပြန်ပြီ ကိုကြီး" သခင်မလေးကတော့ ထိုအသွင်ပြင်နဲ့ဂျိတ်အား ကြည့်လေ သူမ၏ရင်ထဲတဖြတ်ဖြတ်ရိုက်ခတ်လှုပ်ရှားလေဖြစ်၏။ "မဖြစ်နိုင်တာ" နတ်မျက်စိချွေးစီးပြန်နေသည်။သူ၏အရှိန်လက်သီးအား ဂျိတ်မှ တားဆီးဖမ်းဆုပ်ထားသောကြောင့်ဖြစ်၏။သူသည် ပလက်တီနမ်အ ဆင့်ခြောက်ဖြစ်ပြီး ဂျိတ်သည် ပလက်တီနမ်အဆင့်ငါးသာဖြစ်၏။ သို့ရာတွင် သူ၏အားကုန်သုံးရုန်းကန်နေပါသော်လည်း ဂျိ တ်၏လက်သည် အားကောင်းလှသောညပ်ဖြင့်ညပ်ထားသည့်ပမာ အလွန်ပင်မြဲနေ၏။ဂျိတ်သည် သူ၏နံပါတ်တစ်ဆယ်အား နှစ်သိမ့် ပေးပြီး နတ်မျက်စိဘက်သို့ပြန်လှည့်လာ၏။ပြန့်လှည့်လာသော ဂျိ တ်၏မျက်နှာသည် အားပေးနေဟန်မရှိတော့ သွေးအေးရက်စက်မ ည့်ပုံစံအဖြစ်ပြောင်းလဲနေပြီဖြစ်၏။ "ငါ့လူကို စပြီးမှတော့မင်းလည်းလွယ်မယ်မထင်နဲ့" ဂျိတ် နတ်မျက်စိ၏လက်ကိုဖမ်းကိုင်ထားရာမှ အားဖြင့်ညစ်ချိုး လိုက်၏။ "ဂျွတ်" .အားးးးးး လက်ရိုးများကျိုးပဲ့ကုန်သောကြောင့် နတ်မျက်စိ၏သွေးပျက်ဖွယ် အော်သံကြီးထွက်ပေါ်လာ၏။ကြားသမျှလူတိုင်း လည်း ပြောင်းလဲ သွားသောဂျိတ်၏အမူရာကြောင့် မြင်သက်နေကြ၏။ ထို့နောက် ဂျိတ်လက်ဝါးဖြင့် ပိတ်ရိုက်လိုက်၏။ "ဖြောင်း" အသံနဲ့အတူလေထဲတစ်စုံတစ်ခုပြန့်လွင့်လာ၏။ထိုပြန့်လွင့်လာ သောအရာအကား နတ်မျက်စိ၏အံသွားကပ်ကြီးပင်ဖြစ်၏။ ရိုက်ချက်ကြောင့် ရှိသမျှသောသုံးဆယ့်နှစ်ချောင်းသောသွားအံကပ် လိုက် ကျွတ်ထွက်သွားရခြင်းဖြစ်၏။ နတ်မျက်စိလည်း ပါးရိုက် ချက်ကြောင့် အနည်းငယ်လွင့်စင် သွား၏။ဂျိတ်ကတော့ လွင့်စင်သွားသောနတ်မျက်စိဆီသို့ ဦးတည် လျှောက်လမ်းလာလေသည်။ "ဂျိတ် ရပ်လိုက်စမ်း မင်းအဲ့လိုလုပ်တာ စည်းကမ်းချိုးဖောက်တာပဲ" အော်လိုက်သူကတော့ လင်းယုန်ဖြစ်၏။ "အော်ဟုတ်လား ဒီသဘောက်မသား က ငါ့လူကိုလုပ်တုန်းကတော့ မင်းအသံမထွက်လာဘူး ငါလုပ်မှမင်းကအော်နေရသလား" ပြန်ဆိုလိုက်သောဂျိတ်စကားကြောင့် လင်းယုန်အသွား၏။တကယ် လည်း ဂျိတ်၏စစ်သည်ကို နတ်မျက်စိရိုက်တုန်းက သူမသိသလိုနေ နေခြင်းသာဖြစ်၏။ဂျိတ်ပြန်တီးသောအခါမှ စည်းကမ်းဆိုပြီးအော် နေခြင်းဖြစ်သည်။ "မင်းသူ့ကိုသတ်မယ်ဆိုရင် မင်းအင်ပါယာရဲ့ဥပဒေအတိုင်း... "ဖြောင်း" ပါးရိုက်သံနဲ့အတူ လင်းယုန်ပါလွင့်စင်သွားရ၏။သူ့အားရိုက်သော သူမှာ ဂျိတ်ပင်ဖြစ်ပြီး နားညှီးသောကြောင့်ရိုက်လိုက်ခြင်းဖြစ်၏။ လင်းယုန်သည်လည်း သူ၏အံသွားလိုက်ကျွတ်ထွက်သွားရ ပြန်သည်။ အင်ပါယာစစ်သူကြီးတော့ တုန်လှုပ်စပြုလာ၏။စင်ပေါ်မှနေသောဂျိ တ်မှာ ရုတ်ခြည်းပင်လင်းယုန်ရှေ့ရောက်သွားကာ ပါးပိတ်ရိုက်လိုက် သောကြောင့်ဖြစ်၏။ ဂျိတ်သည်ပါးရိုက်ပါမောက္ခတစ်ဦးဟု ဟူ၍ပင်ထင်မှတ်လာကြ၏။ ရိုက်တိုင်းလည်း အံသွားကပ်လိုက်ကြီး လေထဲပျံဝဲလာသောကြောင့် ဖြစ်သည်။ "နားညီးတယ် မင်းတို့နှစ်ကောင်လုံးပုလင်းတူဘူဆို့ ဆိုတာငါမသိ ဘူးထင်နေလား" ဂျိတ်လည်း လင်းယုန်အား ရိုက်ပြီးနတ်မျက်စိထံဆက်လက် လျှောက်လမ်းလာ၏။ဂျိတ်၏လှုပ်ရှားမှုတိုင်းက နှိုင်းဆ၍မရသော ဟန်ပန်အသွင်ပြင်များကလွမ်းခြုံနေသည်။ ."ဂျိတ် တော်လိုက်ပါတော့ သူ့ကိုသတ်လိုက်ရင် မင်းအင်ပါယာရဲ့ ဥပဒေချိုးဖောက်ရာကျမယ်" အင်ပါယာစစ်သူကြီးကပါအော်ပြောလိုက်ခြင်းဖြစ်၏။ သို့သော်လည်း "ဝှီး" ဂျိတ်ကတော့နတ်မျက်စိအား ထိုးချလိုက်၏။နတ်မျက်စိကလည်း သူ၏ချက္က ရာများဖြင့်အစွမ်းကုန်ကာကွယ်လိုက်၏။ ချာက္က ရာအစွမ်းဖြင့်ဒိုင်းများဆက်တိုက်ဆိုသလိုပေါ်ပေါက်လာ၏။ ထိုဒိုင်းများသည်အလွှာအတော်တော်များများပါရှိပြီးဂျိ တ်၏လက်သီးကိုလုံးဝပိတ်ပင်တားဆီးလိုက်၏။ ထိုချာက္က ရာဒိုင်းများသည် ပလက်တီနမ်အဆင့်တူကပင် နှစ်နာရီမျှ ကြာညောင်းအောင်ထိုးဖောက်နိုင်မှရမည်ဖြစ်၏။ထိုသို့ကာကွယ် လိုက်နိုင်သည်က မိမိအတွက်စိတ်ချရစေသည်ဟု နတ်မျက်စိထင် လိုက်၏။အထင်ကားလက်တွေ့နဲ့ကွာခြားကြောင်း တွေ့မြင်ရလာ တော့သည်။ ချွမ်း...ခလွမ်း သို့သော်လည်း ဂျိတ်၏လက်သီးက ထိုချာက္က ရာအကာကွယ်များကို မရှိသလိုပင်ဖြတ်သန်းသွား၏။ မြင်သမျှလူတိုင်းလည်း မျက်လုံးဆန်ပြူးကုန်ကြ၏။ပလက်တီနမ် အဆင့်မြင့်စစ်သည်၏ချာက္က ရာအကာကွယ်ဒိုင်းများကို လက်သီး သည် ထက်လှစွာသောဓားက တိုဟူးပျော့အားပိုင်းချသလိုပင် လွယ်ကူစွာဖြတ်တောက်သွား၏။ ဒိုင်းများအားဖြတ်ပြီး နတ်မျက်စိပေါ်သို့ကျရောက်သွားလေ၏။ "မလုပ်နဲ့" နတ်မျက်စိ၏နောင်တများကား နောင်မှတခဲ့ရလေပြီ။သူ၏ဒေါသမ ထိန်းချုပ်နိုင်မှုကြောင့်ယခုလိုအခြေနေထိရောက်မည်ကို သူမသိမိခဲ့ သည်မှာအမှန်ပင်ဖြစ်၏။ ဖြန်းးးးဝုန်း... လက်သီးကနတ်မျက်စိအားထိုးချလိုက်သောကြောင့် နတ်မျက်စိမှာ တစ်ကိုယ်လုံးပေါက်ကွဲ ပြီးသေရလေတော့သည်။ "သူတကယ်ဂရုမစိုက်ဘူး တကယ်လုပ်တယ်." လူတိုင်းတုန်လှုပ်နေကြ၏။အင်ပါယာ၏စစ်သူကြီးစကားပင် မ ကြောက်ရွံပဲ လူမြင်ကွင်းရှေ့ ကွင်းထဲ၌ဂျိတ်သည် လူသတ်လိုက်ပြီ ဖြစ်သည်။ နတ်မျက်စိ၏အကောင်းပကတိအရာဟူ၍ ကျွတ်ထွက်သွားသော အံသွားကပ်ကြီးသာရှိ၏။ဂျိတ်သည် အင်ပါယာစည်းမျဥ်းများကို ရဲတင်းစွာပင်ချိုးဖောက်ပြသလိုက်ပြီးဖြစ်၏။
(191)
"ဟာ တကယ်လုပ်လိုက်ပြီဟ" "ကြမ်းလိုက်တာ" လေဘယ်ကွင်းထဲရှိလူတိုင်းအားလုံး လုံးဝထိတ်လန့်တုန်လှုပ်သွား ကြရလေ၏။လူတိုင်း၏ရှေ့မှောက်၌ ဂျိတ်သည် လူသတ်ပြလိုက် သည်ဖြစ်၏။ "ဘာလို့ကာတာလဲ ဦးလေး" သခင်မလေးကတော့ စိတ်တိုစွာပြော၏။သူမသည် ဂျိတ်၏ထိုး ချက်ကိုမမြင်လိုက်ရသောကြောင့်ဖြစ်၏။သူမကြည့်ရှူနေရင်း သူမ၏ရှေ့၌ ခဲရောင်ပုံစံရှိသော မဟာခဲတံခါးကြီးတစ်ခုကလာ ရောက်ပိတ်ပင်နေသောကြောင့်ဖြစ်၏။ "သခင်မလေးမမြင်တာကောင်းပါတယ်" အင်ပါယာစစ်သူကြီးဒေါသကိုထိန်းသိမ်းရင်းပြော၏။သူသည် သူ၏သခင်မလေး သွေးထွက်သံယိုမမြင်ရစေရန် သခင်မလေး ရှေ့၌ ချာက္က ရာအဟန့်တားဖြင့်လုပ်ဆောင်ထားလိုက်သောကြောင့် ဖြစ်၏။ သူဒေါသထွက်နေရခြင်းကား ဂျိတ်၏လုပ်ဆောင်မှုက စွန်ရဲအင်ပါ ယာ၏စည်းမျဥ်းများကား ထိပါးစော်ကားသလို သူ့အားလည်း ထိပါးရန်စနေသလိုဖြစ်စေခြင်းဖြစ်၏။ထိုကြောင့် သူ၏ဒေါသများ ကထိန်းသိမ်းမရဖြစ်နေ၏။ဂျိတ်အား ထိုလုပ်ဆောင်ချက်အရသူ သာအပြစ်ပေးခြင်းမရှိပါက အင်ပါယာကသူ့အားအပြစ်တင် ဒဏ်ခတ်လိမ့်မည်ဖြစ်၏။ "သခင်မလေး အနားယူပါဦး" ထိုစကားပြောလိုက်သည်နဲ့ သခင်မလေးဆိုသူမှာ တစ်ခါတည်း အိပ်ပျော်သွားလေတော့၏။ "ကောင်းတယ် ဒီကောင်လုံးဝကယ်တင်လို့မရတော့ဘူး" လင်းယုန်ဒေါသထွက်ပြီးနောက်ပျော်ရွှင်သွားလေ၏။အစော ပိုင်း၌သူသည် သူ၏အံသွားကပ်ကျွတ်ထွက်သွားမှုကြောင့် လည်းကောင်း နတ်မျက်စိ၏သေဆုံးရခြင်းကြောင့်လည်းကောင်း ဒေါသထွက်နေသော်လည်း နောက်ဆက်တွဲအကျိုးဆက်ကို ဂျိတ် ခံစားရတော့မည်ကိုတွေးကာ ပျော်ရွှင်နေခြင်းဖြစ်၏။ အင်ပါယာ၏စည်းမျဥ်းကိုချိုးဖောက်ခြင်း။ထိုချိုးဖောက်ခြင်းက အလွန်ပင်ကြီးမားသောပြစ်ဒဏ်ပင်ဖြစ်၏။ထိုစည်းမျဥ်းကိုချိုး ဖောက်သောလူတိုင်းအသက်ရှင်ခဲ့သည်ဟူ၍မရှိဟုဆိုကြ၏။ "ချက်ချင်း အညံခံစမ်း" အင်ပါယာစစ်သူကြီး၏အသံကပြန့်နှံသွား၏။ ထိုအသံတွင်လွှမ်းမိုးနိုင်စွမ်းပါဝင်နေရာ ကြားကြသမျှ လူတိုင်းမှာ တုန်လှုပ်ကြရ၏။လက်အောက်ခံတိုင်းပြည် များ၏စစ်သည်တော်များဆိုရင် အလွန်ထိတ်လန့်တုန်လှုပ်ပြီးစိတ် ပင်ခိုင်အောင်မနည်းကြိုးစားနေကြရ၏။ သာမန်ပွဲကြည့်ပရိတ်သတ်များကတော့ ဒူးထောက်ရသည်အထိဖြစ် သွားကြ၏။ထိုသို့မှမလုပ်ပါကလည်း သူတို့၏ကိုယ်တွင်းအစိတ် ပိုင်းများ သွေးထွက်ကာပေါက်ကွဲနိုင်သည့်အခြေနေရောက်ရှိတော့ မည်ဖြစ်သည်။ ဒုန်း.... ခြေသံများကဆူညံသွား၏။ လေဘယ်ကွင်းပတ်ဝန်းကျင်၌ရှိရှိသမျှသော စစ်သည်တော်တိုင်း ဂျိ တ်ရှိရာနေရာကို ဝန်းရံလိုက်ကြ၏။လေဘယ်ကွင်းအတွင်း၌ သံချပ် ကာဝတ်အပြည့်ဖြင့်လက်နက်ကိုင်ဆောင်ထားသောစစ်သည်တော် များကချက်ချင်းပင် စုဝေးလာကြ၏။သူတို့၏ပစ်မှတ်သည်ကား ဂျိ တ်ပင်ဖြစ်လေသည်။ ကျန်ရှိနေသောသံချပ်ဝတ်စစ်သည်များကလည်း ဂရိတ်စစ်သည် တော်များအား ဝန်းရံလိုက်ကြ၏။ "အစီရင်ဖွင့်" စစ်သည်တိုင်း စနစ်တကျနေရာယူလိုက်ကြ၏ယထိုအခါလေဘယ် ကွင်းတစ်ခုလုံး အစီရင်အရောင်အလင်းတန်းများလွှမ်းခြုံပြီးပြန် ပျောက်ကွယ်သွား၏။ထိုအခြင်းရာသည် အစီရင်အလုပ်ဖြစ် ကြောင်း ပြသ၏။ ကျန်ရှိသောတိုင်းပြည်ရှိ စစ်သည်တော်များစစ်သည်အကြီးကဲများ ကတော့ ယခုဖြစ်ရပ်နေ၍ မိမိတို့နဲ့မပတ်သတ်မိစေရန် ရှောင်တိမ်း ထားကြ၏။ဒီလိုကိစ္စကသူတို့အတွက်ဝေးကွာလေကောင်းလေဖြစ် သလို ယခုလိုဖြစ်ရပ်ကြောင့် ဂရိတ်စစ်သည်တို့ပထမဆုနဲ့ဝေးကွာ သွားရတော့မည်ဖြစ်၏။ "ချက်ချင်းအညံခံပြီးအပြစ်ဒဏ်ခံယူစမ်း" နောက်ထပ်အသံကပျံလွှင့်လာ၏။အင်ပါယာစစ်သူကြီး၏အစောင့် မှပြောလိုက်၏။ ဂျိတ်ကတော့ ထိုပြောချက်အား နားထောင်ဟန်ပင်မရှိ။ဂျိတ်၏အမူ ရာက မြင်သူတိုင်းအတွက် အံသြလောက်ပေ၏။ ဂျိတ်သည် အနက်ရောင် ဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏ဆံပင်များ က လေထဲလွင့်နေ၏။သူ၏လက်တွင်လည်းနတ်မျက်စိ၏သွေး စက ကပ်ပေလျက်ရှိ၏။ အရှိန်ဝါကြီးမားသော သူရဲကောင်းတစ်ကိုယ်တည်းတောက်ပနေ သကဲ့သို့ရှိ၏။ သူသည် လေဘယ်ကွင်းတစ်ခုလုံးက မျက်စိကစားလိုက်၏။အရာ အားလုံးကိုမတန်သောအကြည့်ဖြင့်ကြည့်ကာသက်ပြင်းချလိုက်၏။ ထို့နောက်လေးနက်သောအမူရာဖြင့် မနှေးမမြန်စကားပြော၏။ "ဒီမှာ .ငါရဲ့စစ်သည်တော်တွေကိုထိပါးတယ်ဆိုကတည်းက အဲ့လူက သေရမယ် သူလုပ်တုန်းက မင်းတို့ကငြိမ်ကြည့်နေတယ် ငါလုပ် တော့အပြစ်ဒဏ်တဲ့ ရယ်ဖို့ကောင်းလိုက်တာ." စကားသံများကပျံလွင့်လျက်ရှိ၏။ "ပြီးတော့ ငါဆိုတဲ့ကောင်က ငါ့စစ်သည်တွေတိုင်းပြည်အတွက် ပထမရစေချင်တဲ့စိတ်ပြင်းပြနေလို့ငါကဒီကိုရောက်လာရတာပဲ ငါ့ ကိုအင်ပါယာရဲ့အပြစ်ဒဏ်မပြောနဲ့ နတ်ဘုရားတွေတောင် ငါ့ကို ဒဏ်ခတ်လို့မရဘူးဆိုတာ သိထားသင့်တယ်" ဂျိတ်၏အသံကတဖြေးဖြေးသြဇာတိက္က မဖြင့်အသံမြင့်တက်လာရာ နားထောင်မိသောသူတိုင်း ကြက်သီးမွှေးညှင်းများထလာကြ၏။ စစ်ဘုရင်တစ်ပါးက မိန့်ခွန်းချွေသည့်အလားဟု ထင်မြင်လာ၏။ ဂျိတ်၏စကားကြောင့် စွန်ရဲအင်ပါယာစစ်သည်တော်များကတော့ ဒေါသထွက်သွားကြသလို ဂရိတ်စစ်သည် တော်တွေအတွက် ကတော့ ကျေနပ်အားရစရာပင်ဖြစ်၏။ "ဂရိတ်တိုင်းပြည်ရဲ့ကိုယ်စားဂျိတ်...မင်းရဲ့အပြုမှုကြောင့် ပထမဆု ရရှိခြင်းအား ပြန်လည်သိမ်းယူသည်. မင်းရဲ့လုပ်ရပ်ကြောင့် အခုချက်ချင်းအညံခံပြီး အင်ပါယာရဲ့ အပြစ်ဒဏ်ဖြစ်တဲ့ ယခုချက်ချင်းကျင့်ကြံမှုအဆင့်ကိုလုံးဝဖျက်စီး ပြီး အင်ပါယာရဲ့မျက်နှာသာပေးခြင်းကိုခံယူပါ" ထိုအသံကား ပွဲစီစဥ်ကြေညာသူ၏အသံပင်ဖြစ်၏။ "ငါ့လုပ်ရပ်ကြောင့် ဂရိတ်စစ်သည်တို့ ပထမဆုနဲ့ဝေးကွာရတော့ မယ် " "မလိုပါဘူး နံပတ်တစ်ဆယ်အတွက်လက်စားချေပေးတဲ့ကိုတင် ကျေးဇူးတင်နေရတာပါ." ဂရိတ်စစ်သည်တော်များပြန်လည်အော်ဟစ်လိုက်၏။ဂျိ တ်၏လုပ်ရပ်က ပထမဆုထက်အဆပေါင်းများစွာတန်ကြောင်း သူ တို့ရင်ထဲခံစားမိကြ၏။ အင်ပါယာစစ်သူကြီး သူ၏လက်ကိုလေထဲသို့မြောက်လိုက်၏။လေ ထဲ၌သူ၏ချာက္က ရာများကဝဲပျံနေပြီး အရာဝတ္ထုတစ်ခုအသွင် ပြောင်းလဲလာ၏။စစ်သူကြီး၏ချာက္က ရာများက ခဲရောင်အသွင်ရှိပြီး အစွမ်းအင်မတန်ထက်သည်ဟူ၍ပင်ကြည့်မိသမျှလူတိုင်းခံစားမိ လာ၏။ ထိုချာက္က ရာများသည် မြန်ဆန်စွာပင် လှံတစ်ချောင်းအသွင်သို့ ပြောင်းလဲသွား၏။ထိုလှံသည် အေးတိအေးစက်အသွင်ဆောင်ပြီး လှံတစ်ချောင်းတွင်ရှိသင့်ရှိထိုက်သော အရာများလည်းအနုစိတ် အသေးစိတ်ပါဝင်ကာ အဖျက်စွမ်းအားလည်းအင်မတန် ကြီးမား၏။ "ဒါ စစ်သူကြီးရဲ့တိုက်ပွဲဝင်မဟာလှံအကွက်ပဲ" မြင်ဖူးကြားဖူးသောစစ်သည်တစ်ဦးမှထပြော၏။ "အဲ့အကွက်နဲ့ ဒိုင်းမွန်းအဆင့်တူရန်သူကိုတောင်အပျောက်ရှင်းပြီး အခုချိန်ထိသူ့ကိုယှဥ်နိုင်တဲ့လူမပေါ်သေးဘူး" ထိုစကားကြောင့် ကြားရသူတိုင်း လန့်ကြ၏။စစ်သူကြီးမှ အသေ သတ်လိုနေသည်လားဟူ၍ပင်ထင်လာကြ၏။တကယ်လည်း စစ်သူကြီးသည် ထိုအကွက်ကိုသုံးရန်သင့်သည်သူ၏စိတ်မှခံစားနေ ရသောကြောင့်ဖြစ်သည်။ဂျိတ်သည်အင်ပါယာစည်းကမ်း ဖောက်ဖျက်ခဲ့ရာ အရေးမယူ၍မရတော့ပေ။ ဒိုင်းမွန်းအဆင့်ဆိုတာဘာလဲ….ပလက်တီနမ်အဆင့်၏အထက်၌ရှိသောအဆင့်ကြီးဖြစ်၏။ ပလက်တီနမ်အဆင့်၌ ချာက္က ရာစုဆောင်းနိုင်စွမ်းသည် ရေအိုင်ဖြစ် လျှင် ဒိုင်းမွန်းအဆင့်သည် မြစ်ကြီးတစ်စင်းပင်ဖြစ်သည်။လေထဲမှ သဘာဝအစွမ်းများကိုလည်း ကိုယ်ထဲသို့စုပ်ပြီး မိမိချာက္က ရာအစွမ်း များတိုးပွားအောင်လည်း လုပ်နိုင်စွမ်းရှိသည်။ ပလက်တီနမ်အဆင့်မှတက်လာလျှင်နောက်ထပ်အနှစ်တရာ သက်တမ်းလည်းရှည်လျားလာပြီဖြစ်၏။ကိုယ်ခန္ဓာအမြန်နှုန်းက လည်းအတိုင်းတာတစ်ခုထိ ရောက်ရှိလာပြီဖြစ်သည်။ ပလက်တီနမ်အဆင့်အစွမ်းက လက်ပစ်ဗုံးဆိုလျှင် ထိုအဆင့်က အနုမြူအဆင့်ဗုံးသာဖြစ်၏။နှိုင်းယှဥ်၍ရသောအရာပင်မဟုတ်ချေ။ ကွာခြားချက်ကလွန်စွာကြီးမားလှ၏။ လေထဲရှိလှံကလည်း အချိန်ကြာလေလေ ပိုပြီးအစွမ်းထက်မြက် လာ၏။လှံသည် အနီးနားရှိသဘာဝအစွမ်းများကိုစုပ်ယူရင်း ပိုပြီး အစွမ်းတိုးလာကြောင်း ဂျိတ်မြင်မိ၏။သိူ့သော်လည်း ဒါကသူ့ အတွက်ကြောက်မက်ဖွယ်ရာမဟုတ်ခဲ့ပေ။ "ဒါက အပြစ်ကိုမနာခံယူလို့ပဲ" ဝီး... စစ်သူကြီး ဂျိတ်ထံသို့ဦးတည်ကာ လက်ညွှန်လိုက်၏။ထိုအခါလှံ သည် မြန်ဆန်သောအရှိန်ဖြင့် ပြေးထွက်သွားလေသည်။ "မြန်လိုက်တာ" မြင်မြင်သူတိုင်းလန့်ကြ၏။ဒီတစ်ခါတော့ ကြောက်စိတ်ဇောချွေးပါ ကပ်ပါလာကြခြင်းဖြစ်၏။ထိုအဆင့်၏ပစ်ချက်ကပင် အလွန် မြန်ဆန်နေရာ ဘယ်လိုမှရှောင်နိုင်မည်မဟုတ်ပဲ ချက်ချင်းပင်သေ ပွဲဝင်ရမည်ဖြစ်၏။ "ဝိုး.ရား" လေဘယ်ကွင်းတစ်ခုလုံး ထိုအသံကြီးပြန့်လွှင့်လာ၏။ "ဟ မြတ်စွာဘုရား....ဒါ...ဒါဘာကြီးလဲ..... "သူကလူကောဟုတ်ရဲ့လား" အသက်ရှုဖို့ပင်မေ့လျော့နေကြပြီးကြောင်တောင်တောင်ဖြစ်သွား ကြ၏။သူတို့မြင်ကြသည်ကား လှံသည်အရှိန်ပြင်းစွာဖြင့် ဂျိတ်ထံပြေးဝင်လာ၏။ထိုလှံသည် အရာ အားလုံးကိုဖောက်ထွင်းတော့မည်ပမာ လာနေခြင်းဖြစ်၏။ဂျိတ် အနားအရောက်တွင်တော့ ခရမ်းရောင်အသွင်ရှိ ထူးဆန်းသောအရာများဝတ်ဆင်ထားသော အရာကြီးသည် အော်ဟစ်ပြီး သူ၏လှံကို လက်သီးဖြင့် ထိုးချလိုက် သောကြောင့်ဖြစ်သည်။ လှံကိုလက်သီးသက်သက်ဖြင့် ထိုးချလိုက်ခြင်း... "မဖြစ်နိုင်တာ" အင်ပါယာစစ်သူကြီးပါ အံသြ သွားရ၏။အကြောင်းကား သူ၏အရှိန်ဟုန်ဖြင့်လာသောလှံအား မည်ကမှန်းမသိသော လူမှကာ ကွယ်လိုက်သောကြောင့်ဖြစ်၏။ထိုလူဟုသာပြောရသော်လည်း လူ မဟုတ်ဟုသူ ခံစားမိ၏။ ထိုအရာက မြန်ဆန်စွာပင် သူ၏လှံကိုတားဆီးနိုင်ရာ သူနဲ့အဆင့် တန်းတူ ဒါမှမဟုတ်သူ့ထင်မြင့်နိုင်ကြောင်းသိလိုက်သည်။ နောက်ထပ်ကြောက်မက်ဖွယ်ရာတစ်ခုကား ထိုအရာကြီးသည် ဂျိ တ်၏ကိုယ်မှထွက်လာကာ ကာကွယ်ပေးလိုက်ခြင်းကြောင့်ဖြစ်၏။ "အော် အစီရင်ကြောင့်ကိုး" ဂျိတ်လည်း သူ၏စတန်းအား အများတကာမြင်နေရခြင်း အကြောင်းကိုသူသိလိုက်၏။အစောပိုင်း၌ချထားသောအစီရင်က သူ၏စတန်းကိုမြင်သာစေအောင်လုပ်ဆောင်ပေးလိုက်၏။ထို အစီရင်သည် ဖုံးကွယ်သောအရာများကိုဖော်စေနိုင်သောအစီရင် ဖြစ်သောကြောင့်လည်း ပေါ်လာရခြင်းဖြစ်၏။ လှံသည် စတန်း၏လက်သီးနဲ့ထပ်တိုက် ထိမိသည်နဲ့ အရှိန်အဝါများ ကပွင့်ထွက်လာ၏။ "အား" ထိုထိပ်တိုက်တွေ့ရာမှထွက်လာသောအရှိန်ဝါပြင်းအားကအနီး နား၌ရောက်နေသောစစ်သည်များအား ထိမှန်ရာ ထိမှန်သော စစ်သည်တော်တိုင်း သွေးတလုတ်အန်ထုတ်လိုက်ကြရ၏။ထိုအဖြစ် ပျက်မြင်သောကျန်သောစစ်သည်များကတော့ မိမိကိုယ်ကိုယ်ချာက္က ရာဖြင့်ကာကွယ်လိုက်ကြ၏။ထို့ကြောင့် သူတို့မှာအစောပိုင်းရှိ စစ်သည်တော်များထက် စာလျှင်အေခြေနေပိုကောင်းပေသည်။ ထိုနှစ်ခု၏အစွမ်းမည်မျှကြီးကြောင်း အားလုံးသိရှိလိုက်ကြရပြီ ဖြစ်သည်။ "ခရက်...ခလွမ်း" "ဟာ" ဒီတစ်ခေါက် မျက်လုံးပြူးကာ အာမေဋိတ်သံထွက်သွားကြသည် ကတော့ စွန်ရဲအင်ပါယာမှစစ်သည်တော်များသာဖြစ်၏။ စစ်သူကြီး၏လှံကြီးသည် စတန်း၏လက်သီးကြောင့် တစ်စစီမွကြေကာ ပျက်စီးသွားသောကြောင့်ဖြစ်၏။ ထိုလှံကြီးကြေမွပျက်စီးသွားသည်နဲ့ ခရမ်းရောင်အသွင်ရှိသောစ တန်းသည် ဂျိတ်၏ကိုယ်ထဲသိုပြန်လည်ဝင်ရောက်သွားလေ တော့သည်။ ထိုမြင်ကွင်းကြောင့် ရှိရှိသမျှသောလူတိုင်းသည် တိတ်ဆိတ်ခြင်း ဟူသောအခြေနေသို့ရောက်ရှိသွားကြသည်။ထူးဆန်းလှအရာ တည်ရှိနေသော ဂျိတ်ကား သူတို့အတွက်တော့ ဖြေမရနိုင်သည့်ပ ဟေဋိပုစ္ဆာတစ်ပုဒ်ပင်ဖြစ်၏။ "စစ်သူကြီး ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ နောက်တစ်ခေါက်ဆို ခင်ဗျားအသက်အာမ မခံနိုင်ဘူးနော်" ဂျိတ်၏စကားက ခက်ထန်သောသားရဲကဲ့သို့ဟိန်းထွက်သွားလေ သည်.။
(192)
ထိုစကားကြောင့် စစ်သူကြီးလွန်စွာဒေါသထွက်သွား၏။အဆင့်နိမ့် တိုင်းပြည်မှ သကောင့်သားက မိမိအား ထိုသို့ပြောဆိုရဲနေသော ကြောင့်ဖြစ်၏။ထို့ကြောင့် သူ၏ဒေါသများအထွတ်ထိတ်သို့ရောက် ရှိလာလေသည်။ "အပြောဆိုဆင်ခြင်စမ်း" စစ်သူကြီး၏စကားသံနဲ့အတူ သူ၏သတ်ဖြတ်ခြင်းအော်ရာများက ပေါ်ထွက်လာလေ၏။ "အား.......အား...." ထိုသတ်ဖြတ်ခြင်းအော်ရာထွက်ပေါ်လာသည်နဲ့ သာမန်လူတို့မှလုံးဝ သွေးပျက်သွားကာ ကိုယ်တွင်းအစိတ်အပိုင်းများထိခိုက်ကုန်ကြ၏။ "ဝေါ့...."" ကိုယ်တွင်းအစိတ်ပိုင်းများထိခိုက်ကြသည်ရုံမက သွေးလည်ပတ်မှု စနစ်များလည်း ထိခိုက်ချို့ယွင်းသွားသောကြောင့် သွေးများလည်း အန်ထုတ်လိုက်ကြရ၏။ အား..... သာမန်လူများသာမဟုတ် စွန်ရဲစစ်သည်တော်များ ကျန်သော လက်အောက်ခံတိုင်းပြည်များ၏စစ်သည်တော်များပါ ထိုသတ်ဖြတ် ခြင်းအော်ရာကို ခံစားလိုက်ကြ၏။ခံစားမိသည်နဲ့ သူတို့၏ချာက္က ရာ လှည့်ပတ်မှုပါရပ်တန့်ကုန်သည့်အပြင် ဒဏ်ရာအနည်းငယ်ရရှိသွား ကြ၏။သူတို့ရရှိသောဒဏ်ရာများသည် သာမန်လူများထက်စာလျှင် အခြေနေပိုကောင်းသည်ဟုဆို၍ရလေသည်။ "ဘယ်လိုတောင်ကြောက်ဖို့ကောင်းတဲ့သတ်ဖြတ်ခြင်းအော်ရာလဲ" ထိုအော်ရာကိုခံစားမိသောစစ်သည်တော်တိုင်းကြောက်လန့်လာ ကြ၏။ထိုအော်ရာအရဆိုလျှင် စစ်သူကြီး၏လက်ထဲ၌ သွေးမည်မျှ စွန်းခဲ့သည်လဲ ရေတွက်၍ရမည်မဟုတ်ပေ။ ထိုအရှိန်ဝါရရန်အတွက်တော့ စစ်သည်တော်များအနေနဲ့ တိုက်ပွဲ တိုင်း၌ အမြဲလိုလိုသတ်ဖြတ်သွေးဆာနေမှာသာ ရမည်ဖြစ်၏။ဒါ တောင် ထိုအဆင့်ရှိသောအရှိန်ဝါရရန်အာမခံချက်မရှိပေ။ "ရပ်စမ်း မဆိုင်တဲ့လူတွေထိခိုက်ကုန်ပြီ" ဂျိတ်၏ဒေါသသံနဲ့အတူ သတ်ဖြတ်ခြင်းအရှိန်ဝါက ထွက် ပေါ်လာ၏။ထိုအရှိန်ဝါသည်လည်း ကြောက်မက်ဖွယ်ကောင်းကာ သွေးဆာလောင်လိုစိတ်ပြင်းပြမှု ရက်စက်ခြင်းပါဝင်လေ၏။ "တော်သေးတာပေါ့" ဂျိတ်၏သတ်ဖြတ်ခြင်းအရှိန်ဝါထွက်ပေါ်လာသည်နဲ့ စစ်သူကြီး၏သတ်ဖြတ်ခြင်းအရှိန်ဝါမှာ မှေးမှိန်သွားရ၏။ စစ်သူကြီး၏အရှိန်ဝါမှေးမှိန်သည်နဲ့ သာမန်ပွဲကြည့်ပရိတ်သတ်တို့ မှာ ခံစားနေရသောနာကျင်မှုတို့လျော့ပါးသွားကြ ကုန်သည်။ကျန်ရှိ နေသော စွန်ရဲစစ်သည်တော်များလည်း သူတို့ခံစားနေရသော သတ်ဖြတ်ခြင်းအော်ရာ၏ဖိအားကို ခံစားရခြင်းမှကင်းလွတ်သွား ကြရကုန်၏။ သူတို့သည် ဂျိတ်အားကြည့်ကာ တိုးတီးစွာကျေးဇူးတင်စကားဆို လိုက်ကြ၏။ ဂရိတ်စစ်သည်တော်များသာ ကံအကောင်းဆုံးဟုဆိုရပေမည်။ အစောကတည်းပင် ဂျိတ်၏ကာကွယ်မှုအောက်သို့ရောက်ရှိနေသော ကြောင့် စစ်သူကြီး၏သတ်ဖြတ်မှုအော်ရာကိုမခံစားရသလို ဂျိ တ်၏သတ်ဖြတ်ခြင်းအော်ရာလည်းမခံစားကြရပေ။ ဂျိတ်နဲ့မတည့်သောတိုင်းပြည်များ၏စစ်သည်တော်များကတော့ ဖိအားနှစ်ဆတိုးလာသည်ဟုပင်ဆိုရပေမည်။စစ်သူကြီး၏အော်ရာ ကြောင့် သူတို့၏ချာက္က ရာပတ်လည်မှုတန့်နေသာဖြစ်နေချိန် ဂျိ တ်၏သတ်ဖြတ်မှုအော်ရာက ထပ်ပေါင်းလိုက်သောအခါ.... "အား.....အား" ဒီတစ်ခါတော့စစ်သည်တော်များ၏အော်သည့်အလှည့်ဟု ပြော၍ရ၏။သူတို့၏အခြေနေသည် ပွဲကြည့်သောပရိတ်သတ်များ ထက်ပင်ပိုပြီးဆိုးဝါးလေ၏။ "ဘယ်လိုဖြစ်ပြီး" အင်ပါယာစစ်သူကြီး ဂျိတ်၏စကားနဲ့သတ်ဖြတ်ခြင်းအော်ရာကြော င့် သတိပြန်ဝင်သွား၏။ဒေါသဖြစ်လွန်း၍သူ၏အော်ရာအား သတိ လွတ်ကာထုတ်သွားမိရာ သာမန်ပရိတ်သတ်တို့မှာ ထိုအော်ရာဖိအား ကိုကောင်းစွာခံစားနေရ၏။သူ၏သတ်ဖြတ်ခြင်းအော်ရာသည် လူ တန်းစွာခွဲ ခြားခြင်းမရှိအကုန်ထိရောက်၏။ ဂျိတ်၏သတ်ဖြတ်ခြင်းအော်ရာကား သူ့ထက်ပို၍သာသည်ကို စစ်သူကြီးလက်ခံယုံကြည်လိုက်ရကာ သူ၏ အော်ရာထုတ်လွှတ်မှုကိုရုတ်သိမ်းလိုက်ရ၏။မခံနိုင်ပါရိုးလား။ ဂျိတ်၏အော်ရာသည် သူ၏အော်ရာထက်အဆင့်မြင့်ပြီး သူထိခိုက် စေလိုသောကိုသာ ဖိအားကိုခံစားစေပြီးကျန်လူများမ ထိခိုက်စေသည်အထိ သတ်ဖြတ်ခြင်းအော်ရာထိန်းချုပ်မှု၌ ပို၍ဆရာကျ၏။သတ်ဖြတ် ခြင်းအော်ရာခြင်းယှဥ်ပါကလည်း သူ၏အော်ရာသည် စစ်သူကြီး ၏အော်ရာထက် ပိုအားကောင်းပြီးပိုပြီးအစွမ်းကြီး၏။ ဂျိတ်လည်းစစ်သူကြီးအော်ရာရုတ်သိမ်းလိုက်သောအခါမှ သူ၏အော်ရာကိုပြန်လည်ရုတ်သိမ်းလိုက်၏။ထိုအခါမှ လူတိုင်း အသက်ရှုချောင်သွားကြ၏။ "ဒါလူမှ မဟုတ်တာ...." ဒီအတွေးများတွေးနေကြသူကတော့ လုပ်ကြံသူများဖြစ်သည်။သူ တို့သည် ထုတ်ပြန်ထားသောဆုကြေးငွေအတွက် လာရောက်လုပ်ကြံ နိုင်ရန် ပရိတ်သတ်ကြားထဲပြေးဝင်နေကြခြင်းဖြစ်သည်။သို့ရာတွင် အော်ရာအရှိန်ဝါတိုက်ပွဲကြောင့် သူတို့ပါအလူးလဲခံစားလိုက်ကြ ရ၏။ကျွဲနှစ်ကောင်ကြားမှ မြေစာပင်ပမာလိုဖြစ်၏။ ယခုအခါတွင်တော့ လုပ်ကြံရန်ပင်မတွေးတော့ပဲ မသေသေးသည် ကိုပင်သူတို့အတွက်ကျေးဇူးတင်စရာဖြစ်နေသည်။ သတ်ဖြတ်ခြင်းအော်ရာရုတ်သိမ်းပြီးသည်နဲ့ဂျိတ်လည်း စင်ပေါ်သို့ တက်သွား၏။ဒီတစ်ခါသူ့အား မည်သူမျှတားဝံကြခြင်းမရှိပေ။ ဂျိတ်လည်းစင်ပေါ်တွင်ထားရှိထားသော ပထမဆုမှစ၍တတိယဆု အထိအကုန် စနစ်သိုလှောင်ရုံထဲသို့ ထည့်သွင်းလိုက်၏။တတိယဆု ထိထည့်သွင်းယူရခြင်းမှာ ရန်စသောလင်းယုန်နဲ့နတ်မျက်စိသည် ဒုတိယနဲ့တတိယရကုန်ကြသော တိုင်းပြည်များမှဖြစ်ကြသောကြော င့်ဖြစ်၏။ "စစ်သူကြီး သူ့ကိုကျနော်တို့...." "လွတ်ပေးလိုက်တော့ ထပ်တားရင်အကုန်သေမယ်လို့အာရုံရနေ တယ်" စစ်သည်တော်သည် အင်ပါယာစစ်သူကြီး၏စကားကြောင့် ဆက်လက်စောဒကတက်ဝံခြင်းမရှိတော့ပေ။စစ်သူကြီးသည် စင်စစ်အားဖြင့်ဂျိတ်၏သတ်ဖြတ်ခြင်းအော်ရာကြောင့် မြင်သက်မိရ ရုံသာမက သူသည်လည်းအတွင်းဒဏ်ရာအနည်းငယ်ရရှိသွား၏။ ထိုသတ်ဖြတ်ခြင်းအော်ရာကြီးက သူရထားသောအချက်လက်နဲ့ လားလားမျှပင်မဆိုင်နေကြောင်း သူကောင်းစွာသိလိုက်၏။ "ငါတို့ပြန်ကြစို့." ဂျိတ်လည်း ဂရိတ်စစ်သည်များအား ခေါ်ဆိုကာလေဘယ်ကွင်းမှထ ပြန်ရန်လုပ်ဆောင်လိုက်ကြသည်။စွန်ရဲစစ်သည်တော်များကတော့ တားဆီးရန်လုပ်သောအခါ "သူတို့သွားပါစေ..... မတားကြနဲ့" စစ်သူကြီး၏အသံကြောင့် ဒီအတိုင်းရပ်နေကြရုံမှတပါး မတတ်နိုင် ကြတော့ပေ။အယ်ဖာလည်း ဂျိတ်၏စကားကြောင့် ဂရိတ်စစ်သည် တော်များကိုခေါ်ဆောင်ကာ လေဘယ်ကွင်းမှထွက်ခွာလာခဲ့လေ တော့သည်။ ဂျိတ်နဲ့စစ်သည်များ လေဘယ်ကွင်းမှထွက်သွားသောအခါ ဆုပေးပွဲ အစီစဥ်သည်ပျက်သွားကြောင်းပြောစရာပင်မလို ဆုသုံးဆုအား ဂျိ တ်မှသွား၍ဖြစ်ကြောင်းလည်းပါ၏။သို့သော် ဘယ်သူမှသွားပြီး မ ယူရဲပေ။သွားယူရဲသောသူသည် သေချင်၍မဟုတ်လျှင် ရူးနေသော ကြောင့်သာဖြစ်ပေ၏။ "သခင်မလေးကို ငါစံအိမ်ကိုပြန်ပို့ပေးလိုက်ဦးမယ်" စစ်သူကြီးတစ်ယောက် သခင်မလေးအားပွေ့ချီကာ စံအိမ်ပြန်ပို့ ရန်လုပ်ဆောင်လိုက်စဥ် ...ဒါ..မဖြစ်နိုင်တာ..... သူ၏ဖုံးကွယ်ထားသောသတ်ဖြတ်ခြင်းအရှိန်ဝါသည် ဂျိ တ်၏သတ်ဖြတ်ခြင်းအော်ရာအရှိန်ဝါကြောင့် လျော့ပါးသွားရသည် ကို တွေ့လိုက်ရလေသည်။ ကြည့်ရှုလာရောက်သူအပေါင်းတို့ကလည်း သူတို့ဘဝ၍လုံးဝမေ့ ပျောက်သွားမည်မဟုတ်သည့်အဖြစ်ပျက်ကိုတွေ့ကြုံခံစားလိုက်ခဲ့ ကြရလေတော့၏။