အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
(193)
ဂျိတ်လည်း ဂရိတ်စစ်သည်တို့အားခေါ်ဆောင်ကာ လေဘယ်ကွင်းမှ ထွက်ခွာလာခဲ့၏။မည်သူကမျှစောဒကတက်ကာ တားဆီးမည့်သူမ ရှိ။ဂျိတ်၏သတ်ဖြတ်ခြင်းအော်ရာက ကောင်းကောင်းကြီးပညာ ပြသထားသည်မဟုတ်ပါလား။ဒါကိုမှ မမူလျှင်လည်း သေနတ်စာဖြ င့်အသက်ထွက်သွားနိုင်သောကြောင့်ဖြစ်၏။ ပွဲကား ပျက်သည့်အခြေနေသို့ရောက်ရှိသွားသည်။ဂရိတ်တိုင်းပြည် မှပြိုင်ပွဲမှထွက်သွားခြင်းကြောင့် အဆင့်ခုနှစ်တိုင်းပြည်နှစ်ခုမှ ပထမနဲ့ဒုတိယကိုအလိုအလျောက်ရှိသွားပြီး တတိယအား အဆင့် ခြောက်တိုင်းပြည်မှ ရရှိသွား၏။အဆင့်အနေဖြင့်သာ ရရှိကြခြင်း ဖြစ်ပြီး ဆုကတော့ ဂျိတ်လက်ထဲပါသွားကြ ကုန်ပြီဖြစ်သည်။ "ထိပ်ဆုံးအဆင့်သုံးဆင့်တိုင်းပြည်တွေက စမ်းသပ်မှုနယ်မြေထဲဝင် ဖို့ပြင်ပါ ကျန်တဲ့တိုင်းပြည်ကလူတွေကောပြင်ပါ" ဂျိတ်၏ထွက်ခွာမှုက သက်ရောက်မှုအကြီးစားဖြစ်စေခဲ့၏။ထို့ကြော င့် စမ်းသပ်မှုနယ်မြေသွားခြင်းကန့်သတ်မှုအားဖြေလျော့ပေးခဲ့ရ လေသည်။ "ဂျိတ်ခင်ဗျားတို့အဖွဲ့ ကျနော်နဲ့ လိုက်ပေးပါလား" ထိုလေသံကိုကြားသည်နဲ့သူသည် ရစ်ဖြစ်ကြောင်းသိလိုက်လေ သည်။သူသည်အဘယ်ကြောင့်မိမိအား ခေါ်ရသည်ကိုမသိ သော်လည်း လိုက်ပါရန်ဆုံးဖြတ်လိုက်သည်။ ဂျိတ်လည်း မိမိနောက်ထပ်တစ်ကြိမ်ရောက်ခဲ့ဖူးသော စားသောက်ဆိုင်သို့ပြန်လည်ရောက်ရှိလာလေ၏။ယခင် ကောင်မလေးမှာ ဂျိတ်အားမြင်သည်နဲ့ သူမ၏အစွမ်းကုန် အဆင်ပြေချောမွေ့စေရန် ပြောဆိုဆက်ဆံ၏။ ရစ်သည် ဂျိတ်၏တပ်ဖွဲ့တစ်ခုလုံးအား အခန်းများငှားရမ်းပြီး ကျွေးမွေးဧည့်ခံ၏။ဂျိတ်ကိုတော့ မိမိနဲ့သီးသန့်အခန်း၌ဆွေးနွေး ရန်ရှိသည်ဆိုကာ ခေါ်သောကြောင့် ဂျိတ်လည်းသဘောတူ၏။ "ခင်ဗျက ကျုပ်တို့တစ်ဖွဲ့လုံးခေါ်ကျွေးနေတော့ အင်မတန်ချမ်းသာ နေသေးပုံပဲ" ဂျိတ်၏စကားသည် မိမိကြောင့်ရွှေပြားပေါင်း သိန်းရှစ်ရာဆုံးထား သောရစ်အား မေးနေခြင်းဖြစ်၏။ရစ်မှာ ပြုံးသောအမူရာဖြင့် "ဒီလိုအင်မတန်အစွမ်းထက်တဲ့စစ်သည်တော်တွေကိုကြွေးမွေးရ တာကိုက ဝမ်းသာစရာပါ" ရစ်အနေနဲ့နှစ်ပေါင်းများစွာရှာဖွေစုဆောင်းလာသောကြောင့် ရွှေ ပြားသိန်းရှစ်ရာဆုံးရှုံးရယုံနဲ့မမွဲနိုင်ဟုသာဆိုရပေမည်။သူ၏အတွေ့ ကြုံစွမ်းဆောင်နိုင်စွမ်းနဲ့ဆိုပါက အချိန်တိုအတွင်းပြန်လည်ရှာဖွေ နိုင်စွမ်းလည်းရှိသည်ဖြစ်သည်။ "တကယ်တော့ ခင်ဗျားကိုတောင်းပန်မဲ့သူရှိနေတာပါ" ရစ်မှဂျိတ်အားဆိုကာ.. "ဝင်ခဲ့ပါ" အင်မတန်ရည်မွန်ဖွယ်ကောင်းသော ယောကျာ်းပီသသောလူကြီးတ စ်ဦးသည် အခန်းထဲဝင်လာကြောင်းတွေ့ရလေသည်။ထိုလူကြီး သည် အခန်းထဲရောက်သည်နဲ့ ဂျိတ်အား "ကျနော့်သား ကျနော်မဆုံးမမိခဲ့လို့ သခင့်ကိုမလျော်ကန်တဲ့အမှုပြုမိ ပါခဲ့တယ် ဒါကြောင့် လာရောက်ဝန်ချတောင်းပန်တာပါ" ကိုယ်တိုင်ကိုယ်ကျဝန်ချတောင်းပန်နေ၏။ထို့ပြင် ချက်လက်မှတ် တစ်စောင်လည်းပေး၏။ထိုလက်မှတ်သည် ကြိုက်ရာနေရာ ဘဏ်၌ထုတ်နိုင်သည်။ချက်လက်မှတ်၌ ရွှေပြားငါးသန်းပါရှိ၏။ ."မဆိုးဘူး ခင်ဗျားကလူတော်ဖြစ်သလောက် ခင်ဗျားသားက ခင်ဗျားရဲ့တစ်ဝက်လောက်ပဲမှီရင်ကို အတော်ကောင်းတယ်ပြောရ မယ် ကျနော်ခွင့်လွတ်တယ်" ထိုလူကြီးသည်လည်း ဂျိတ်၏စကားကြောင့်အင်မတန်ပျော်ရွှင်သွား လေ၏။လေဘယ်ကွင်း၌ဖြစ်ပျက်သောအဖြစ်ပျက်လည်း သူလည်း သိရှိသည်ဖြစ်၏။ထိုမျှအစွမ်းကြီးမားသောသူအား စော်ကားမိသော သူ၏သားကိုသာ နရင်းကိုနာနာသာရိုက်ပစ်မိချင်နေ၏။ ထိုလူကြီးသည် ဘရိက်မျိုးနွယ်မှဖြစ်ပြီး ဘရက်ဟူခေါ်၏။ ရစ်၏ငယ်သူငယ်ချင်းဖြစ်ကြောင်းသိရပြီး.. သူသည် ကုန်သည် ဖြစ်ကြောင်း ရစ်၏မိတ်ဆက်ချက်အရသိရှိလိုက်ရ၏။ထိုလူသည် လည်း ရစ်ကဲ့သို့ပင် ဒဲ့တိုးသမားဖြစ် ပြီးစိတ်ထားရိုးရှင်းသောကြော င့် အခန်းထဲရှိစကားဝိုင်းမှာ ကောင်းမွန်လာခဲ့လေသည်။ "ခေါင်းဆောင်....ခေါင်းဆောင် ပြသနာကြီးကြီးတက်ပြီ" အခန်းထဲသို့အယ်ဖာဝင်လာပြီးပြောသောစကားကြောင့် စကားဝိုင်း မှာတန့်သွားခဲ့ရ၏။ "အကြောင်းရင်းသေချာပြောစမ်း" ဂျိတ်၏စကားကြောင့် အယ်ဖာမှာသူလက်ထဲမှ အရာအားစားပွဲဝိုင်း သို့တင်ပေးလိုက်၏။ထိုအရာသည် အသံသွင်းထားသော အရာ ဖြစ်ကြောင်းသိရှိလိုက်၏။ "အရေးကြီးပါ..တယ်....ဆရာသခင်ဂျိတ် ကျနော်ဘုရင်မင်းမြတ် အကူညီတောင်းတာပါ" ထိုအသံသည် ဂရိတ်ဘုရင်မင်းမြတ်၏အသံဖြစ်သောကြောင့် အယ် ဖာလည်းထိတ်လန့်သွားရ၏။ "ကျနော်တို့တိုင်းပြည်အစီးနင်းခံလိုက်ရပြီ..ပူပေါင်းကြံစည်မှုလို့ ထင်တယ် ကျနော်တော့အဆိပ်မိခဲ့ရလို့ မတတ်နိုင်တော့ဘူး..တစ် တိုင်းပြည်လုံးလဲ ကယ်ရာမဲ့နေပါပြီ ..အဟွတ်....အဟွတ် ဘုရင်မင်းမြတ်၏အသံသည်လည်း တကယ်ပင်အားလျော့ပါး နေ၏။ကြည့်ရသည်မှာ ထိုစကားပြောနေချိန်၌အဆိပ်မိခဲ့သည်ဖြစ် ရာမည်။ "တောက်..." အယ်ဖာ စိုးရိမ်မိနေသည်။သူ၏တိုင်းပြည်ထိုသို့ဖြစ်လာမည်ဟုတစ် ချက်မှမထင်မိသောကြောင့်ဖြစ်၏။ထိုဘုရင်မင်းမြတ်၏စကား ကြောင့် စိုးရိမ်စိတ်များ များပြားလာ၏။ "ဒီအဖြစ်ပျက်ကိုကယ်တင်နိုင်တာဆိုလို့ ဆရာသခင်ဂျိတ် ပဲရှိတယ် လို့ယုံကြည်မိတယ်... ဒါကြောင့် ဒီသတင်းစကားကြားပါက ကျေးဇူးပြုပြီးကယ်တင်ပေးပါ ဘာလိုလိုဖြည့်စီးပေးပါမယ်" ထိုနေရာအရောက်၌ အသံသွင်းမက်ဆေ့ကား ရပ်တန့်သွားလေ သည်။ဘရက်နဲ့ရစ်လည်း သူတို့ကြားလိုက်ရသောသတင်းစကား ကြောင့် မြင်သက်နေကြသည်။အဘယ်ကြောင်းရာတွေများဖြစ်ပျက် နေကြသနည်း။ "ဘယ်အချိန်ရတာလဲ" "ဒါကို အစောကတင်လေးမှရရှိတာပါ ကျနော်တို့ခရီးကြာချိန်အရဆို ရင် ဘုရင်မင်းမြတ်ပြောတာက လွန်ခဲ့တဲ့တစ်လကပါ" အယ်ဖာ ဒေါသကိုထိန်းသိမ်းရင်းပြောနေ၏။ဂျိတ်လည်း အယ်ဖာ အားနားလည်၏။ထိုအဖြစ်ပျက်ကြောင့် သူဒေါသထွက်သင့်ပေ သည်။ "ကောင်းပြီ လောလောဆယ် မင်းတို့စစ်သည်တော်တွေအားပြည့် အောင်ဖြည့်ထားစားထားကြဦး" "ဟုတ်" အယ်ဖာလည်း အရိုသေပေးကာအခန်းမှထွက်ခွာသွားတော့၏။ "ဂျိတ် ခင်ဗျားမစိုးရိမ်ဘူးလား" ကိုယ့်တိုင်းပြည်မှာအခြေနေဆိုးဝါးလွှမ်းနေသော်လည်း ဂျိတ်မှာ သက်တောင့်သက်သာပင်ဖြစ်၏။ "ဒီလိုကိစ္စက ခေါင်းအေးအေးထားပြီးလုပ်ရမှာဗျ..ခုချက်ချင်းပူပန် ပြီးထလုပ်ရအောင်လည်းမဖြစ်ဘူးလေ ဒီတော့အရင်ဆုံးလုပ်နိုင် တာက အားပြည့်ရအောင်ဖြည့်ဖို့ပဲ ဒါလည်းအရေးကြီးတာကိုး" "ခင်ဗျားကတော့ လိုက်မမှီပါဘူးဗျာ လေးစားတယ်" ဘရတ် အမှန်တိုင်းချီးကျူးခြင်းဖြစ်၏။အမှန်တကယ်လည်းဂျိတ် ပြောသည့်အတိုင်းပင် ချက်ချင်းထပြီးလုပ်ရအောင်ကလည်း မဖြစ် နိုင်။ဂရိတ်တိုင်းပြည်နဲ့ဗယ်ဒင်မြို့သည် အတော်ဝေးကွာသေးသည် မဟုတ်ပါလား။ရောက်လာသောသတင်းကလည်း လွန်သောတစ်လ ကဖြစ်ရာ ချက်ချင်းသွားသည်ဖြစ်စေမသွားသည်ဖြစ်စေ မထူးခြား ပေ။ထို့ကြောင့် အားပြည့်အောင်ဖြည့်ထားသည်ကပို၍ကောင်းမွန် ပေသည်။ "ဂျိတ် ကျနော်အကူညီလိုသေးလား လိုရင်ကူညီဖို့အသင့်ပဲ" ရစ်၏စကားကြောင့် ဘရတ်ကြောက်လန့်သွား၏။အင်ပါ ယာ၏ရန်သူဖြစ်လုနီးလူအား ကူညီရန်လုပ်သည်ကပုန်ကန်သည် ပင်မဟုတ်ပါလား။အဘယ်ကြောင့် ထိုသို့လုပ်ရသနည်းကိုသူမတွေး တတ်။သို့သော်သူ၏သူငယ်ချင်းအကြောင်း သူသာအသိဆုံး ဖြစ်၏။ ရစ်သည်ကြီးပွားခြင်း၌ဆရာတစ်ဆူဖြစ်၏။မည်သည့်အရာမျှ မပိုင် လျှင်မလုပ်တတ်သောသူဖြစ်ရာ တစ်ခုခုတော့ဖြစ်ဟန်တည်သည်ဆို ကာ "ကျနော်လည်းကူညီဖို့အသင့်ပဲ" သူတို့နှစ်ယောက်စကားကြောင့်ဂျိတ်လည်းပြုံးကာ "အင်ပါယာကိုမကြောက်ဘူးလား" "ကြောက်လားဆိုရင်ကြောက်တာပေါ့ ဒါပေမဲ့ တစ်သက်သာမှာ တစ်ခါပဲရတဲ့အခွင့်ရေးလွတ်မိတော့မယ်လို့ကျုပ်ခံစားမိနေတယ် လေ" ရစ်ကဆို၏။ "ကျူပ်ကတော့ ကျုပ်သူငယ်ချင်းက သူလုပ်တဲ့အရာတိုင်း အကြောင်းရင်းရှိရမယ်ဆိုတာယုံလို့ ကူညီတယ်ဗျာ" ဘရက်လည်းဆို၏။ "ကြိုက်သွားပြီ..." ဂျိတ်လည်းထိုလိုလူစားမျိုတွေကို ပေါင်းသင်းတတ်လေ့ရှိသူ ဖြစ်၏။ထိုလိုလူစားမျိုးကသာ မိတ်ဆွေစစ်ဟုခေါ်ဆို၍ရနိုင်၏။ "ကောင်းပြီ ဒါဆိုလဲ ကျုပ်လည်း လိုအပ်ရင်အကူညီတောင်းမယ် ခင်ဗျားတို့လဲအကျိုးမယုတ်စေရဘူး" ဂျိတ်၏စကားတစ်ခွန်းကလုံးဝတန်ဖိုးကြီးကြောင်းသူတို့သိရှိကြရာ ဝမ်းသာကြ၏။ စစ်သည်တော်များလည်းစားသောက်ပြီးသောအခါ ဟ စားသောက်ဆိုင်၏ဟောခန်းမှ၌ စုဝေးနေကြ၏။အကြောင်းကား သူတို့သည်လည်း အကြောင်းရင်းမှန်ကိုသိရှိထားပြီးဖြစ်၏။သူ တို့သည် ဂျိတ်ကိုသာစောင့်ဆိုင်းနေကြခြင်းဖြစ်၏။ ဂျိတ်သည်လည်း ရစ်ဘရက်နဲ့အတူ ဟောခန်းထဲရောက်ရှိလာကြ သည်။ရောက်သည်နဲ့ဂျိတ်သည် "မင်းတို့တွေလည်း သတင်းကြားပြီးပြီဆိုတော့ ထွေထူးပြောစရာမ လိုဘူး ငါတို့တိုင်းပြည်ကအခြေနေဆိုးနေပြီ ဒီတော့ငါတို့ပြန်ကြ မယ်ပြီးတော့လာလုပ်တဲ့ကောင်တွေကိုဗျင်းကြတာပေါ့" "ဟုတ် ခေါင်းဆောင်" စစ်သည်တော်တိုင်း၏အသံဟိန်းထွက်သွား၏။သူတို့ဒေါသထွက် သွေးဆူသလောက် လက်များသည်လည်း သေနတ်များအားတင်း ကြပ်စွာကိုင်ဆောင်ထားကြကြောင်း ရစ်နဲ့ဘရတ်တို့တွေ့ကြရ၏။ သူတို့သည် သွေးဆာနေသောသားရဲကြီးများဟုပင်ထင်မှတ်စရာ ရှိ၏။ "ဟုတ်ပြီ ဒါဆိုရင်သွားမယ် အခုချက်ချင်း ငါတို့သွားပြီး ဗျင်းကြ တာပေါ့" ဂျိတ်သည် သူ၏ရှေ့သို့လက်ဝှေ့ရမ်းလိုက်၏။ "ဝေါ" အသံတစ်ခုနဲ့ဘာမှမရှိသောလေဟာနယ်ပြင်သည်တုန်ခါလာသည်။ ထို့နောက် အက်ကြောင်းတစ်ခုကွဲထွက်ပေါ်လာလေသည်။ထို့နောက် အက်ကြောင်းသည်တဖြေးဖြေးကြီးမားလာပြီး ပေါ်တယ် ဝင်ပေါက် ကြီးတစ်ခုပေါ်ပေါက်လာလေ၏။ "ဟာ" အကုန်လုံးတုန်လှုပ်သွားကြ၏။ဒါဆိုဂျိတ်၏အစစ်မှန်စွမ်းအားသည် ယခုချိန်ထိထုတ်သုံးခြင်းမရှိကြောင်းသိလိုက်ကြတော့၏။ "ဒါနဲ့မှချက်ချင်းရောက်မှာလေမဟုတ်ဘူးလား" "အင်းး" ဘရတ်နဲ့ရစ်ကလည်း ခေါင်းညိမ်ပြလိုက်၏။ပေါ်တယ်ဝင်ပေါက် အား ပထမဆုံးမြင်ဖူးသည်လည်းဖြစ်၏။ယောင်တောင်တောင်ဖြင့် ပြန်လည်ဖြေကြားမိကြ၏။ "စစ်သည်တော်တို့ဝင်ကြတော့" ဂျိတ်၏စကားဆုံးသည်နဲ့ဂရိတ်စစ်သည်တော်တိုင်းသွေးဆာလောင် စွာသောအမူရာဖြင့်ဝင်သွားကြလေတော့၏။
(194)
စစ်သည်တော်အားလုံးသည် ပေါ်တယ်ဝင်ပေါက်ထဲသို့ဝင်ရောက်ပြီး သွားသောအခါ ဂျိတ်တစ်ယောက်သာကျန်ရှိတော့၏။ "ရော့ ခင်ဗျားတို့လည်း ဒါကိုယူထား" ဂျိတ်သည် ရစ်နဲ့ဘရတ်အား အရာတစ်ခုပေး၏။ထိုအရာသည် စ မတ်ဖုန်းပုံစံရှိသောကျောက်ပြားတစ်ခုဖြစ်၏။ဂျိတ်သည် လိုအပ်ပါ က ထိုအကူညီကိုထိုမှတစ်ဆင့်တောင်းမည်ဖြစ်ပါကြောင်းပြောကြား ကာ ပေါ်တယ်ဝင်ပေါက်ထဲသို့ဝင်ရောက်သွားတော့၏။ ဂျိတ်ဝင်သည်နဲ့ဝင်ပေါက်သည် တစ်ခါတည်းပိတ်ကာပျောက်ကွယ် သွားတော့၏။ဘရတ်နဲ့ရစ်လည်း ထိုအဖြစ်ပျက်ကြောင့် မိမိကိုယ် မိမိအိမ်မက်တစ်ခုမြင်ယောင်သည့်ပမာခံစားနေရ၏။သို့ရာတွင် သူ တို့၏လက်တွင် ဂျိတ်ပေးထားသောကျောက်ပြားလေးကြောင့်သာ အစစ်မှန်ဖြစ်ခြင်းကိုသိရှိနေကြခြင်းဖြစ်သည်။ ဂရိတ်တိုင်းပြည်၏အကြောင်းရာကိုပြန်သွားကြအံ အရင်ဆုံး အချိန်ကာလသတ်မှတ်ပုံကိုဆိုရပေမည်ဖြစ်၏။အချိန်ကာလကို ရှင်းလင်းပြသပြီးမှသာ နားလည်သဘောစေမည်ဖြစ်၏။ ထိုခေတ်အခါကအချိန်ကာလသတ်မှတ်ပုံသည် သဲနာရီဖြင့်သတ်မှတ် ကြခြင်းဖြစ်ကာ ရေကိုသုံး၍သော်လည်းကောင်း ညအခါ၌ အချိန် သတ်မှတ်နိုင်သော အထူးထုတ်ဖယောင်းတိုင်များ ရေနံမီးအိမ်များ သော်လည်း အချိန်အားကြည့်ရှူနိုင်၏။ တစ်ရက်လျှင်နှစ်ဆယ့်ငါးနာရီရှိ၍ တစ်လတွင် ရက်သုံးဆယ်ရှိ သည်။တစ်နှစ်လျှင်ဆယ့်နှစ်လရှိ၏။တစ်လတွင်ရက်သုံးဆယ်ရှိရ ခြင်းသည် လကိုကိုယ်စားပြုထားသောကြောင့်ဖြစ်သည်။လပြည့် ရာ၌ တစ်ဆယ့်ငါးရက်ကြာပြီး လကွယ်ရန်လည်းတစ်ဆယ့်ငါး ရက်ကြာ၏။ထို့ကြောင့် တစ်လတွင် ရက်သုံးဆယ်ဖြစ်သည်။ တစ်ရက်နှစ်ဆယ့်ငါးနာရီသည် လည်းလျော်စွာပင်ကိုက်ညီ၏။ဤ ကား အချိန်ကာလရှင်းလင်းပြသချက်ဖြစ်၏။ .လွန်ခဲ့သောတစ်လ၏ဂရိတ်တိုင်းပြည်အကြောင်းရာကိုပြန်လည် သွားကြည့်ကြပါစို့.။ လွန်ခဲ့သောတစ်လအချိန်၌ ဂျိတ်ဦးဆောင်သောဂရိတ်စစ်တပ်ကြီး သည် ပြိုင်ပွဲဝင်ရန်အတွက်လမ်းတစ်ဝက်ဟူသောနေရာသို့ရောက်ရှိ နေ၏။ထိုအချိန်ထိ ဂရိတ်တိုင်းပြည်ကြီးကား အေးချမ်းစွာသာယာ နေဆဲဖြစ်သည်။ ကံဟူအကြောင်းရာကိုမမြင်နိုင်သည့်အလား အဖြစ်ပျက်ဆိုးကြီးကို လည်း မမြင်နိုင်ခဲ့ကြပေ။ မနက်ခင်းစောစောအချိန် ခြောက်နာရီခန့် ဂရိတ်ဘုရင်ကြီးသည် သူ၏ထုံးစံအတိုင်း မနက်ခင်းအလှအား ခံစားရင်း မနက်စာတည်ခင်စားသောက်(ပွဲတော်တည်)လေ့ရှိ၏။ ပွဲတော်တည်နေချိန် အပြင်ဘက်မှ "အရှင်မင်းကြီး သူတို့ပုန်ကန်.....အင့်" သတင်းလာပေးသော အစေခံမှာ ကိုယ်နှစ်ပိုင်းပြတ်ကာသေဆုံး သွားတော့၏။ထိုအစေခံ၏သွေးများက နေရာအနှံသို့ပြန့်ကျဲသွား လေသည်။ ရုတ်တရက်ဖြစ်ခြင်းကြောင့် ဘုရင်သည်လည်းခေတ္တ ကြောင်သွား ပြီးနောက် ဒေါသထွက်သွားလေသည်။ပုန်ကန်သည်ဟူသော အကြောင်းရာက ဖျောက်ပစ်၍မရသောအပြစ်ကြီးပင်မဟုတ်ပါ လား။ "ဝုန်း" ဘုရင်ပွဲတော်တည်နေသောနေရာအခန်းသို့ ဝုန်းဟူသောမြည်သံနဲ့လူ တစ်အုပ်ဝင်ရောက်လာလေ၏။ "မိဖုရား ဘာတွေဖြစ်နေတာလဲ" ဘုရင်ကြီး သူမြင်နေရသောအဖြစ်ပျက်ကိုပင်သေချာနားလည်နိုင် စွမ်းမရှိပေ။သူ၏ချစ်လှစွာသောမိဖုရားသည် အနက်ရောင်လူ တစ်စုနဲ့ တွေ့လိုက်ရသောကြောင့်ဖြစ်၏။ထိုလူများ၏ကိုယ်တွင် လည်း သွေးများကစွဲနေ၏။ "မောင်တော် အညံခံလိုက်ပါတော့ သူတို့ကဂရိတ်တိုင်းပြည်ရဲ့ နန်းတော်တစ်ခုလုံးသိမ်းပိုက်လိုက်ပါပြီ" မိဖုရား၏စကားကြောင့် ဘုရင်ကြီး၏ထိတ်လန့်မှုများ ဖြစ်ပေါ်လာ သည်။ ("ဒါဘယ်လိုဖြစ်တာလည်း ") အဖြစ်ပျက်များကမြန်ဆန်လှ၏။မိဖုရားကား ဆက်လက်ရှင်းပြ နေ၏။ "နန်းတော်မှာ ကျန်နေတာဆိုလို့ အရှင်ဘုရင်ကြီးပဲကျန်ပါတော့တယ် နန်းတော်ရဲ့စစ်တပ်ကြီးကလဲ ကျမလက်အောက်မှာကျရောက်ပါပြီ ကျန်တဲ့မူးကြီးမတ်ရာတွေကလဲ ပူးပေါင်းလိုက်ပါပြီ မနာခံတဲ့သူတွေ ကိုတော့ ထောင်ချလိုက်ပါပြီ ကျမနဲ့အရှင်ဘုရင်ကြီးပူးပေါင်းရင် ရှင်လည်း အရင်လိုဂရိတ်တိုင်းပြည်ကို အုပ်ချုပ်နိုင်ပါလိမ့်မယ်" "တောက် ခွေးမ" အကြောင်းရင်းကိုသိလိုက်ပြီ ဖြစ်သည်။သူ၏ချစ်လှစွာသော မိဖုရားကိုယ်တိုင်က သစ္စာဖောက်ခဲ့သည်ပါလား။ဒါကြောင့်လည်း ဖြစ်ပျက်သွားသည်များကို သူမသိလိုက်ခြင်းဖြစ်သည်။သူ တံခါး ပိတ်ကျင့်ကြံနေစဥ်၌ စီစဥ်နေခဲ့ခြင်းလည်းဖြစ်နိုင်လေသည်။ "ရှင်လည်း ကျမနဲ့ပူးပေါင်းလိုက်ပါ ပြီးရင် ရှင့်ရဲ့အာဏာလွှဲအပ် လိုက်ပါ.. ဒါဆိုအကျိုးမယုတ်ပါဘူး" ထိုသို့တောင်းဆိုနေရခြင်း၏အကြောင်းရင်းရှိ၏။စစ်သည်တော် များ(သိူင်းသမားများ)၏ဒေသ၌ စည်းမျဥ်းရှိ၏။ဤသည်ကား တိုင်းပြည်၏အချုပ်ချာအာဏာသည် ဘုရင်ထံ၌ရှိ၏။ထိုအချုပ်ချာ အာဏာကို ဘုရင်ကသူ၏ခါးတွင်အမြဲဆောင်ထားရသော တံဆိပ် ပြား၌ ထည့်သွင်းထားရသည်။ ထိုအရာကအရေးမကြီးဟုထင်လျှင်လုံးဝမှားယွင်းသွားပေပါလိမ့် မည်။ထိုတံဆိပ်ပြားမှာအာဏာအား ဘုရင်တစ်ယောက်တည်းကသာ စေစားနိုင်စွမ်းရှိ၏။ ထိုတံဆိပ်ပြားသည် တိုင်းပြည်ရှိသောတိုင်းပြည်သူပြည်သား များ၏ကိုယ်စားဟုလည်းခေါ်လည်းမမှားပေ။ ဘုရင်ကသာ ခွင့်မပြုလျှင် ကျန်သောသူများမှာ ထိုတံဆိပ်ပြားကိုရ စေပါစေဦး တိုင်းပြည်ကြီးပင်သိမ်းထားနိုင်ပါစေဦး အရာမရောက် ပေ။တံဆိပ်ပြားနဲ့ဘုရင်၏ခွင့်ပြုချက်ရပြီးမှသာ ထိုတိုင်းပြည်အား သိမ်းပိုက်နိုင်မည်ဖြစ်၏။ထို့ကြောင့် မိဖုရားသည် သူ့အားထိုတံဆိပ် ပြားလွှဲစေရန် တောင်းဆိုနေခြင်းဖြစ်သည်။ "မပေးနိုင်ဘူး.. သစ္စာဖောက်မ အမျိုးယုတ်မရဲ့" ဘုရင်ကြီးဒေါသထွက်ပြီး သူ၏စစ်သည်တော်အစွမ်းသုံးလိုက်၏။ ပလက်တီနမ်အဆင့်ရောက်နေပြီဖြစ်ရာ ချာက္က ရာများကို လက်နက် အသွင်ပြောင်းလဲနိုင်စွမ်းရှိသည်။လေထဲဓားတစ်လက်ဖြစ်တည်လာ ပြီး မိဖုရားထံပြေးဝင်သွား၏။ "အားနည်းလိုက်တာ" မိဖုရား၏နောက်မှလူတစ်ယောက် ထိုချာက္က ရာဓားအား သူ၏လက် ဖြင့်ပုတ်ချလိုက်သည်။ "ခွမ်း" ချာက္က ရာဓားမှာ ချက်ချင်းပင်ကျိုးပျက်သွားသည်။ "ရှင်ကိုဘာမှမလုပ်ပဲနေနေမယ်ထင်နေတာလား ရှင်လည်းအခု ကျ မတောင်းဆိုချက်မလိုက်လျောရင် အပြစ်ခံရမယ်" မိဖုရား၏စကားကိုဘုရင်ကြီးနားမဝင်ပေ။အကြောင်းကား မိမိ ပစ်လိုက်သော ချာက္က ရာဓားသည် အလွန်အားနည်းနေသောကြောင့် ဖြစ်၏။အဘယ်ကြောင့်အားနည်းရသနည်းကို သူမသိနိုင်ဖြစ် နေသည်။ "ရှင်ကိုကျမက နေ့တိုင်းအစားသောက်ထဲမှာ ဆေးခတ်ထားတယ် လေ ဒါကိုရှင်မှမသိတာ ဒါကြောင့် ရှင့်အစွမ်းစတွေနည်းပါးနေတာ လေ" ဘုရင်ကြီးထိုစကားကြောင့် သွေးကြောများထောင်လာ၏။မိဖုရား အားထွက်သောဒေါသကြောင့် တစ်ကိုယ်လုံးတုန်ခါနေ၏။သူပြော သလို မိမိသည်ဆေးမိနေသည်ဖြစ်ကြောင်း သူ၏ပုံမှန်မဟုတ်သော ချာက္က ရာများကိုအာရုံခံပြီးသိရှိလိုက်သည်။ "ရှင်က မပေးချင်မှတော့ သူ့ကိုဖမ်းကြစမ်း" မိဖုရားအမိန့်ပေးလိုက်သည်နဲ့ အနက်ရောင်ဝတ်လူများသည် ဘုရင် ကြီးပြေးဝင်ကာ ဓားဖြင့်ခုတ်ပိုင်းလိုက်ကြသည်။ရည်ရွယ်ချက်ကား ပြင်းထန်သောဒဏ်ရာရရှိစေရန်ဖြစ်ပြီး ဒါမှသာလွယ်ကူစွာ အဆင်ပြေမည်ဖြစ်သည်။ အနက်ရောင်ဝတ်လူငါးယောက်၏တစ်ပြိုင်တည်းဝင်လာကာ ဓားဖြ င့်ခုတ်သောကြောင့် ဘုရင်ကြီးလည်း သူ၏အာဏာအစွမ်းကိုသုံးရ လေတော့၏။ ထိုအာဏာအစွမ်းသည်တိုင်းပြည်၏အစွမ်းဖြစ်ပြီး တိုင်းသူပြည်သားများ၏ယုံကြည်မှုအစွမ်းလည်းဖြစ်၏။ ဝေါင်း..... ကျားရဲကြီးတစ်ကောင်က ထွက်ပေါ်လာ၏။ကျားသည် ဂရိတ် တိုင်းပြည်၏အမှတ်သားလည်းဖြစ်သလိုအထွတ်မြတ်သားရဲပုံစံ ဖြစ်သည်။ထိုကျားကြီးသည် အင်မတန်ကြီးမားပြီး ရွှေ တောက်တောက်ဖြင့် လွှမ်းမိုးနေသည်။ ဘုရင်ကြီးထံမှ ကျားရဲကြီးထွက်ပေါ်လာပြီး ဘုရင်အားဓားဖြင့်ပိုင်း သောလူများအား ကျားလက်ဖြင့်ပုတ်ချလိုက်၏။ ကျားကြီး၏လက်ကြောင့် အနက်ရောင်လူများလည်းနောက်သို့ ဆုတ်ခွာလိုက်ရ၏။ဘုရင်ကြီးသည် ထိုအနက်ဝတ်လူများ၏အစွမ်း ကြောင့် ပလက်တီနမ်အဆင့်ငါးရှိသောလူများဖြစ်ကြောင်းသိရှိ လိုက်၏။ အဘယ်ကြောင့် ထိုအစွမ်းထက်လူများက လာရောက်ကျခြင်းမသိ သော်လည်း မိမိ၏ကျားရဲသည်ကြာကြာမခံကြောင်းသိရှိရရာ ထွက်ပြေးရ၏။ အနက်ရောင်ဝတ်လူများက လိုက်လိုသော်လည်း ကျားရဲကြီးမှတားဆီးထားသောကြောင့် ကျားရဲအားအပြတ်ရှင်းနေ ရသေး၏။ ထို့ကြောင့် ဘုရင်ကြီးမှာ ထွက်ပြေးရန်အချိန်နည်းငယ်ရရှိလိုက်၏။ "ဝေါင်း" အချိန်အနည်းငယ်ကြာသောအခါ ကျားရဲကြီးသည်တစ်ချက်ဟိန်း ကာပျောက်ကွယ်သွားတော့၏။ထိုအခါမှ လိုက်ရှာကြသော်လည်း မ တွေ့ကြတော့ပေ။ဂရိတ်တိုင်းပြည်ဘုရင်အား သူ၏နန်းတော် တွင်း၌ရှာနေရသည်က ရေထဲ၌ဆင်းကာ ငါးဖမ်းနေရသလိုဖြစ်၏။ "မတွေ့ပါဘူး အရှင်မ" အနက်ရောင်ဝတ်လူများသည် ရှာဖွေသော်လည်းမတွေ့သောကြော င့် မိဖုရားအားသတင်းပို့ကြ၏။ "ပြသနာမရှိဘူး ကျန်တာအရင်လုပ်ကြစို့" အနက်ရောင်ဝတ်လူများသည် မိဖုရားစကားကိုနာခံကာ မိဖုရား နောက်မှလိုက်ပါသွားကြ၏။ "အဟွတ်..ဟွတ်" ဘုရင်ကြီး ထောင့်တစ်ခု၌နားနေလေ၏။သူ၏ပါးစပ်တွင်လည်း သွေးစများကပ်ညှိနေ၏။နေ့စဥ်စားသောက်နေသောအစားစာများ မှ အဆိပ်က သူ၏ချာက္က ရာများဖိနှိပ်ချုပ်ထား၏။ယခုလိုအတင်း ကျပ်သုံးပြီး လုပ်ဆောင်သောအခါ ကိုယ်တွင်းအစိတ်ပိုင်းများက တန်ပြန်တော့ရာ ထိခိုက်ဒဏ်ရာရရှိသွားတော့၏။ ယခုလည်း ဂရိတ်နန်းတော်၏လျှို့ဝှက်နေရာများကိုသူ တစ်ယောက်တည်းသိသောကြောင့်သာထိုနေရာထဲဝင်ကာပုန်းနေ ခြင်းဖြစ်၏။သူ၏ဘေးတွင်လည်း သူ၏သစ္စာအရှိဆုံးသော ငှက် လေးတစ်ကောင်ရှိ၏။ထိုငှက်လေးသည် အလိုရှိရာဒေသ သိူ့မ ရောက်မချင်းသွားနိုင်စွမ်းရှိပြီး ဘုရင်ကြီး၏အချစ်ရဆုံးသော တိရစ္ဆာန်လေးဖြစ်၏။ ဘုရင်ကြီးလည်း ဖြစ်ပျက်လာသောအဖြစ်ပျက်ကြောင့် ကြံရာမရစ ဥ် ဂျိတ်၏ပုံက သူ၏အတွေးထဲဝင်လာ၏။သူ့၏တိုင်းပြည်အား သူ သာလျှင် ကယ်တင်နိုင်ကြောင်းယုံကြည်သည်နဲ့ အသံသွင်း ကျောက်ပြား၌အသံစတင်သွင်း၏။ ""အရေးကြီးပါ..တယ်....ဆရာသခင်ဂျိတ် ကျနော်ဘုရင်မင်းမြတ် အကူညီတောင်းတာပါ" "ကျနော်တို့တိုင်းပြည်အစီးနင်းခံလိုက်ရပြီ..ပူပေါင်းကြံစည်မှုလို့ ထင်တယ် ကျနော်တော့အဆိပ်မိခဲ့ရလို့ မတတ်နိုင်တော့ဘူး..တစ် တိုင်းပြည်လုံးလဲ ကယ်ရာမဲ့နေပါပြီ ..အဟွတ်....အဟွတ် "ဒီအဖြစ်ပျက်ကိုကယ်တင်နိုင်တာဆိုလို့ ဆရာသခင်ဂျိတ် ပဲရှိတယ် လို့ယုံကြည်မိတယ်... ဒါကြောင့် ဒီသတင်းစကားကြားပါက ကျေးဇူးပြုပြီးကယ်တင်ပေးပါ ဘာလိုလိုဖြည့်စီးပေးပါမယ်" အသံသွင်းပြီးသည်နဲ့ ထိုကျောက်ပြားအားငှက်လေး၏စာပို့ရန် နေရာလေးသို့ထည့်ပေးကာ လွတ်ပေးလိုက်၏။ထိုအခါငှက်လေး သည် ဂျိတ်သို့ရှိရာသို့ပျံသန်းသွားလေ၏။ ...,.........
"ရောက်ပြီ" ပေါ်တယ်ဝင်ပေါက်မှ စစ်သည်တော်များတစ်ယောက်ပြီးတစ် ယောက်ဆိုသလို ဂရိတ်တိုင်းပြည်နန်းတော်နောက်ဘက်မှနေရာသို့ ရောက်ရှိလာကြ၏။ထိုသို့မြန်ဆန်စွာရောက်ရှိလာကြခြင်းအား ပုံမှန် ဆိုအံ့အားသင့်ကြမည်ဖြစ်သော်လည်း တိုင်းပြည်အခြေနေကသူတို့ အား ခေါင်းပူစိုးရိမ်စေလေသည်။ ဝင်ပေါက်ပေါ်တယ်မှ ဂျိတ်ထွက်လာသည်နဲ့ဝင်ပေါက်ပေါ်တယ်မှာ ပိတ်သွားလေတော့၏။ဂျိတ်ရောက်သည်နဲ့စစ်သည်တော်များလည်း ဂျိတ်၏အမိန့်ကိုအသင့်အနေထားဖြင့် ရပ်ကာစောင့်နေကြ၏။ "ကဲ သွားကြတာပေါ့ အဲ့လိုဖြစ်ပျက်စေတာတွေကဘယ်သူ့ လက်ချက်လဲဆိုတာကိုပေါ့" ဂျိတ်ခေါင်းဆောင်မှုနဲ့အတူ စစ်သည်တော်နှစ်ရာထောက်ပို့တပ်သား များသည်လည်း နန်းတော်အနောက်တံခါးမှဝင်ရောက်လာခဲ့ကြ တော့သည်။
(195)
"ဘယ်သူလဲ" နန်းတော်အနောက်တံခါးဝ၌စောင့်ဆိုင်းနေသော စစ်သည်တော်များ ကမေးလိုက်၏။မေးပြီး အယ်ဖာကိုလည်းမြင်သည်နဲ့ "သတ်ကြ" နန်းတော်အနောက်တံခါးဝ၌စောင့်ကြပ်နေသောစစ်သည်တော် များသည် ဆယ်ယောက်မျှရှိပြီးအယ်ဖာထံပြေးဝင်လာ၏။ "ရွှမ်း" အယ်ဖာ၏ဓားအိမ်က အသံတစ်ချက်မြည်သံနဲ့အတူထုတ်လိုက်ပြီး ချက်ချင်းပင်ပြန်ထည့်လိုက်၏။ "ထပ်" ဓားအိမ်အတွင်းသို့ဓားပြန်ရောက်သွားသည်နဲ့ သတ်ရန်ပြေးဝင်လာ ကြသော စစ်သည်တော်များသည် အသက်နဲ့အိုးစားကွဲ ကုန်ကြ၏။ သူတို့၏ကိုယ်နှစ်ပိုင်းပြတ်ထွက်သွားကုန်ကြသည်။ "ဝိုး စစ်သူကြီးလည်းလန်းတယ်ဟ" စစ်သည်နှစ်ရာကလည်း ထိုအဖြစ်ပျက်ကိုမြင်လိုက်သောကြောင့် အယ်ဖာအားချီးကျူးလိူက်ကြ၏။စစ်သည်တော်နှစ်ရာကို နန်းတော် အနောက်တံခါးစောင့်များမှ မမြင်ရခြင်းမှာ အယ်ဖာက ရှေ့ဦးမှာ ကြိုတင်သွားထားသောကြောင့်ဖြစ်၏။ ထို့ကြောင့်သတ်ရန်ကြံဝံနေ ကြခြင်းဖြစ်၏။ အယ်ဖာ ၏အစွမ်းကိုစစ်သည်တော်တို့မှာ ယခုမှမြင်ရခြင်းဖြစ်၏။ အယ်ဖာ၏ဓားအစွမ်းသည်မိမိတို့ထင်သည်ထက်နက်နဲနေကြောင်း သိရှိလိုက်ကြ၏။ဓားထုတ်ပြီးထည့်ရာ၌ စက္က န့်ပိုင်းလေးဟူသော သေးငယ်သောအခိုက်တန့်၌လုပ်သွားခြင်းဖြစ်၏။ ထိုအခိုက်တန့်က ရွှေအဆင့်စစ်သည်ဆယ်ဦးအား သေစေခဲ့လေ သည်။ဤသည်က အယ်ဖာ၏အစွမ်းပင်ဖြစ်၏။ "သူတို့လက်မောင်းမှာ အနက်ဝတ်ပတ်ထားတယ် အဲ့တာဒီတိုင်းပြည် ကိုဝင်ကျူးကျော်တဲ့ကောင်တွေပဲငါ့နောက်လိုက်ခဲ့ ခေါင်းဆောင် ကတော့တစ်ယောက်တည်းလှုပ်ရှားလိမ့်မယ်" အယ်ဖာလည်း စစ်သည်တော်နှစ်ရာကိုဦးဆောင်ကာ နန်းတွင်း နေရာအနှံတပ်ဖြန့်သွားကြ၏။သူတို့၏ရည်ရွယ်ချက်သည် ကျူးကျော်သူများကိုသတ်ဖြတ်ချေမှုန်းရန်ဖြစ်သည်။ကျူးကျော် သူများအား သိသာစေသည့်အချက်က သူတို့၏လက်မောင်းတွင် ပတ်ထားသောအနက်ဝတ်များဖြစ်၏။ စစ်သည်တော်နှစ်ရာသည် နန်းတော်အတွင်းသို့လှည့်ပတ်သွားလာ ပြီး ဆယ်မိနစ်အကြာ၌ ပစ်ခတ်သံများကား ဖြစ်ပေါ်လာလေ၏။ အခြေနေမှာ စတင်ရှုပ်ထွေးနေပြီဖြစ်၏။ ဂျိတ်ကတော့ တစ်ယောက်တည်းပင် သူ၏သတ်မှတ်ထားသော တည်နေရာအတိုင်းသွားနေ၏။သူသွားနေသောနေရာကား ဘုရင် များအစည်းဝေးကျင်းပရာ နန်းတော်၏ခန်းမဆောင်သို့ပင်ဖြစ်၏။ စနစ်၏ထောက်လှမ်းမှုအရ ထိုနေရာသည် သူ့အတွက်အကောင်း ဆုံးဖြစ်ပြီး အစွမ်းအထက်ဆုံးဟုဆိုအပ်သောကျူးကျော်စစ်သည် တော် များရှိနေသောကြောင့်ဖြစ်၏။ထို့ကြောင့် ဂျိတ်သည် မိမိ တစ်ကိုယ်တည်းသွားမည်ဟုအယ်ဖာအားပြောကြားကာ ကျန်နေရာ များသို့ စစ်သည်များအား လှုပ်ရှားခိူင်းစေ၏။ စနစ်၏ထောက်လှမ်းမှုအရလည်း နန်းတော်၏ခန်းမကလွှဲလျှင် ကျန်သောနေရာများ၌ ရှိနေသောကျူးကျော်သူများသည် အစွမ်းထက်လွန်းခြင်းမရှိပဲ စစ်သည်တော်နှစ်ရာအတွက် အလွန်ပင် သာသာယာယာဖြင့်အနိုင်ယူနိုင်မည်ဖြစ်၏။စစ်သည်တော်တို့ လက်တွင်ပါရှိသော လက်နက်များကြောင့်လည်း အသာစီး သတ်ဖြတ်နိုင်မည်ဖြစ်သည်။ .ဒိုင်း.....ဒိုင်း...... နန်းတွင်းနေရာအနှံ၌ ထိုအသံများကတစ်ချက်ချက်ဆိုသလိုထွက် ထွက်လာ၏။ထိုအသံများသည် မိနစ်အနည်းငယ်ခြားပြီးဆိုသလို ထွက်ထွက်လာလေ့ရှိ၏။ "ဂျုန်းးးးး" အသံကြီးနဲ့အတူ နန်းတော်၏ခန်းမဆောင်တံခါးကြီးပွင့်လာ၏။ထို တံခါးကြီးသည် အလွန်ပင်ဖွင့်ရခက်ခဲပြီး လေးသော်လည်း ဂျိတ် အတွက်တော့ထမင်းစားရေသောက်အပြင်မပိုပေ။ နန်းတော်၏ခန်းမတံခါးဖွင့်သွားသည်နဲ့ အတွင်း၌ဖြစ်ပျက်နေသည် များကို ဂျိတ်မြင်တွေ့လိုက်ရတော့၏။ "ဘယ်ကောင်လဲကွ လာနောက်ယှက်တာ" အနက်ရောင်ဝတ်လူတစ်ဦးမှဂျိတ်အားလေသံတင်းမာစွာပြော၏။ ဂျိတ်ကတော့ ဂရုပင်မစိုက် သူ၏နောက်ကိုသာကြည့်နေ၏။ အနက်ရောင်ဝတ်လူ၏နောက်၌ နောက်ထပ်အနက်ဖရာင်ဝတ် လူလေးယောက်နဲ့ ခရမ်းရောင်ဝတ်လူတစ်ယောက်ရှိ၏။ထိုငါး ယောက်သည် ဘုရင့်ပလ္လ င်၌ထိုင်နေသော ဘုရင်အားစိုက် ကြည်၍နေသလို ပါးစပ်မှလည်းမနားမနေရွတ်ဆိုနေ၏။ ပလ္လ င်၌ထိုင်နေသောဘုရင်ကြီးသည်သူ၏တံဆိပ်ပြားအား ဘေး၌ရှိနေသောမိဖုရားအား ပေးကမ်းခါနီးဖြစ်၏။မိဖုရားသည် အင်မတန်ပျော်ရွှင်နေသော ဟန်ဖြင့်ထိုတံဆိပ်ပြားအား တောင်းခံ နေဟန်ပင်ပြင်ထား၏။ ဘုရင်ကြီးသည် တံဆိပ်အားပေးရန်လုပ်ဆောင်သော်လည်း သူ၏မျက်နှာသည်အသက်မဲ့သကဲ့သို့ဖြစ်တည်နေ၏။သူ၏ပုံစံ သည် မလှုပ်ချင်သောအရာအား အတင်းကြပ်စေခိုင်းခံနေရသလို ပင်ဖြစ်၏။ သူ၏လက်ထဲရှိတံဆိပ်ပြားသည် အရောင်များဖြင့်တောက်ပနေ၏။ ထိုတောက်ပနေသောအရာများသည် တိုင်းပြည်၏အချုပ်ချာ အာဏာများကို ဆိုလိုနိုင်သည်။ ထိုအခြင်းဖြစ်စဥ်ကိုမြင်သည်နဲ့ ဂျိတ်သည်ဖြစ်ပျက်နေသည်များ ကား သိရှိလိုက်ပြီဖြစ်သည်။သူတို့သည်ဘုရင်ကြီးအား အစီရင် ဂါထာများဖြင့်လှည့်စားထားကြခြင်းဖြစ်သည်။လှည့်စားပြီးသည်နဲ့ ဘုရင်၏အာဏာဖြစ်သောတံဆိပ်ပြားအား မိဖုရားထံပေးအပ်စေ ပြီး ဂရိတ်တိုင်းပြည်အား မိဖုရားလက်ထဲရောက်စေရန်ဖြစ်သည်။ အောင်မြင်သွားပါက ဂရိတ်တိုင်းပြည်သည်သူတို့လက်အောက်ကျ ရောက်သွားမည်ဖြစ်သည်။ "ဝူး" ကြီးမားကျယ်လောင်သောနဂါးသံကြီးကထွက်ပေါ်လာ၏။ထိုအသံ ကြီးကြောင့် တဖွဖွရွတ်နေသော အနက်ရောင်ဝတ်နဲ့ခရမ်းရောင် ဝတ်လူများသည် သွေးများအန်ထုတ်လိုက်ကြရ၏။ ဝုန်း နဂါးအသံကြောင့်အနက်ဝတ်လူနဲ့ခရမ်းဝတ်လူများသွေးအန်ထုတ် လိုက်ရသလို ပလ္လ င်ပတ်ပတ်လည်၌ ထူးဆန်းသောအစီရင်အမှတ် များပေါ်လာပြီး ပျက်စီးသွားလေတော့သည်။ "သေချင်းဆိုးကောင်" မိဖုရားကြီးဒေါသကြီးစွာအော်လိုက်သည်။အကြံစည်ကြီး အောင်မြင်ခါနီးမှ ဂျိတ်၏အော်သံကြောင့်ပျက်စီးသွားခဲ့ရ၏။သူ သည် အစီရင်ပျက်စီးမှုကြောင့် တန်ပြန်ထိခိုက်ပြီးသွေးအန်ထုတ် လိုက်ရ၏။ ဘုရင်ကြီးကတော့ ပလ္လ င်ပေါ်၌ ထိုင်လျက်မေ့မြောသွားပြီဖြစ်၏။ ထိရောက်သွားသောသက်ရောက်မှုကပြင်းထန်သောကြောင့်ဖြစ်၏။ "သေစမ်း" အနက်ဝတ်လူငါးဦးက ဂျိတ်ထံပြေးဝင်ကာ ဓားဖြင့်ခုတ်ချလိုက်ကြ သလို ခရမ်းဝတ်လူကတော့ သွေးတစ်လုတ်ထပ်ထုတ်ပြီးတဖွဖွထပ် ရွတ်ပြန်၏။ သူတို့သည်အလွန်ပင်ဒေါသထွက်နေ၏။ဘုရင်ဖြစ်သူအား မိရန် အတွက် ဆယ်ရက်မျှပိုက်စိပ်တိုက်ရှာဖွေထားရသည်ဖြစ်၏။တွေ့ ရာတွင်လည်းသူတို့လူအချို့အဆုံးရှုံးခံလိုက်ရသေး၏။တွေ့ သောအခါဘုရင်၏အာဏာလွှဲအပ်နိုင်ရန် အမျိုးမျိုးကြံစည် သော်လည်း ဘုရင်မှတင်းခံနေ၏။နှိပ်စက်နည်းမျိုးစုံလည်းကုန် သွားသောကြောင့် နောက်ဆုံးအကြံစည်ကိုသုံးလိုက်၏။ ဤအကြံကား ဘုရင်အားညှိ့ယူကာအာဏာပေးစေနည်းဖြစ်၏။ သာမန်လူအတွက်တော့လွယ်ကူသောလည်း ဘုရင်ဖြစ်သောကြောင့် ရှေးဦးစွာ ပလ္လ င်ပတ်ပတ်လည် ၌ အစီရင်များသေချာစွာချရ၏။ ထို့နောက် ဘုရင်အားဆေးတိုက်ပြီး အပင်းသွင်း၏။ထို့နောက် ပလ္လ င်ပေါ်တင် ကာ ညှိ့ယူခြင်းစတင်လုပ်ဆောင်ရသည်။ထိုသို့လုပ်နေသည်ကပင် ရက်အတော်ကြာကုန်သွားစေ၏။ ဂရိတ်ဘုရင်သည် နှိပ်စက်ခံထားရသော်လည်း စိတ်ဓာတ်တင်းမာသူ ဖြစ်၏။ထို့ကြောင့်သူတို့ခမျာအစီရင်ချအပင်းသွင်း ဂါထာရွတ် သည်ပင် မတိုးပေါက်နိုင်ဖြစ်ရ၏။ နောက်ဆုံးနှစ်ရက်မျှဇယ်ဆက်မပြတ်ရွတ်သောအခါမှ ဘုရင်အား ညှိ့ယူလာနိုင်ကာ အာဏာလွှဲပြောင်းစေခြင်းကိုလုပ်ဆောင်နိုင် လာ၏။အောင်မြင်ခါနီးအခိုက်၌ ဂျိတ်နဲ့တိုးလာရာ လုံးဝစုတ်ပျက် သွားတော့၏။ ခက်ခက်ခဲခဲကြိုးစားပြီးမှလုပ်ထားရသောကိစ္စသည်ဂျိတ်၏အသံ တစ်ချက်တည်းကြောင့် လုံးဝပျက်စီးသွားခဲ့ရပြီး သွေးပါအန်ထုတ် လိုက်ကြရ၏။ ထိုကြောင့်သူတို့သည် ဂျိတ်အားအလွန်ပင်မုန်းတီးနေပြီး သတ်ဖြတ် ချင်စိတ်များပေါ်နေ၏။သူတို့စိတ်ထဲဂျိတ်ကိုလုံးဝသေစေလိုသည့် ဆန္ဒသာရှိ၏။ "ရှုပ်တယ်ကွာ" ဒီတစ်ခါတော့ ဂျိတ်ငြိမ်ခံနေသည်မဟုတ်တော့ သူကပင်ဦးအောင် ဆော်လေတော့၏။ ဂျိတ်၏လက်ဝါးကြီးက အနက်ဝတ်လူငါးဦး၏ဘေးတစ်စောင်းမှ လွှဲရိုက်ချလိုက်၏။ "ဗြောာင်းးးးးးဖောင်း" ဓားထက်လက်ဝါးကသာ၍မြန်နေ၏။ထို့ကြောင့် ဓားကဂျိတ်ထံမ ရောက်မှီ လက်ဝါးက အရင်ဦးစွာအနက်ဝတ်လူများအား ရိုက်ချလိူ က်သည်။အလွန်ပင်ပြင်းထန်သောကြောင့် အနက်ဝတ်ငါး ယောက်လုံးသည်တစ်ကြိမ်တည်းဖြင့်ကျုုံးရိုက်ခြင်းခံလိုက်ရပြီး တစ်ခါတည်းတန်းရှောသွားတော့၏။ လက်ဝါးရိုက်ချက်ကြောင့် ငါးယောက်လုံး၏ကိုယ်မှာသွေးအမှုန် များအဖြစ်သို့ပြောင်းလဲသွားခြင်းဖြစ်ကာသေဆုံးကြရခြင်းလည်း ဖြစ်၏။ ထိုအခိုက်မှာပင် ခရမ်းဝတ်လူကြီးက တဖွဖွရွတ်ဆိုခြင်းပြီးဆုံး သွား၏။သူ၏ရွတ်ဆိုခြင်းပြီးစီးသည်နဲ့ သူအန်ထားသော သွေးကွက်မှာ ပလုံစီထလာ၏။ "ဟားဟား မင်းသေပြီ ငါနတ်ဆိုးကိုဆင့်ခေါ်ထားတာ နတ်ဆိုး လက်ချက်နဲ့မင်းသေရပြီကွ" သွေးကွက်မှပလုံစီဆူလာပြီး နတ်ဆိုးတစ်ကောင်ထွက်ပေါ်၍လာ လေ၏။ထိုနတ်ဆိုးသည် အလွန်ပင်ရုပ်ဆိုးပြီး ချွန်ထက်သော လက်သည်းများပါရှိ၏။ နတ်ဆိုးပေါ်လာသည်နဲ့ ခန်းမ၏အငွေ့သက်များကားပြောင်းလဲ လာ၏။အရာရာသည် သွေးထွက်သံယိုဖြစ်မည်ဟန်ဖြစ်တည်လာ သည်။ မိဖုရားပင် ထိုဖိအားကြောင့် ကြမ်းပြင်ပေါ်သို့ပစ်လဲကျ သွား၏။နတ်ဆိုးတစ်ကောင်၏အော်ရာအရှိန်ဝါသည် လူတို့မခံစား နိုင်သောအဆင့်ဖြစ်၏။ ထိုအခိုက်၌လုံးဝမမျှော်လင့်သောအဖြစ်ပျက်ဖြစ်လာ၏။ အကြောင်းကား သွေးဆာလောင်ဟန်ရှိသော လက်သည်းချွန်ထွက် နေသော နတ်ဆိုးသည် သွေးကွက်ထဲမှအကုန်စင်ပင်မထွက်ရသေး မှီ၌ မာန်ဝင့်စွာဟိန်းဟောက်နေ၏။တစ်ကိုယ်လုံးသွေးကွက်မှ အကုန်စင်ထွက်ပြီးသောအခါ၌ သူသည် ဂျိတ်အားမြင်သွား၏။ မြင်သည်နဲ့ချက်ချင်းပင် ကြောက်လန့်စွာအော်ဟစ်ပြီး သွေးကွက်ထဲသို့ပြန်ဒိုင်ဗင်ပစ်ဆင်းသွား၏။ "ဟင်. ဒီတစ်ခါ ခရမ်းဝတ်လူကြီးဆွံအသွား၏။သူ၏သက်တမ်းစတေးခံ ကာ ဆင့်ခေါ်သောနတ်ဆိုးမှာ ဂျိတ်အားမြင်သည်နဲ့ တစ်ခါတည်း လာရာသွေးကွက်ထဲပြန်ဝင်သွားသောကြောင့်ဖြစ်၏။ "ကွီ" နတ်ဆိုး၏စကားသံကခရမ်းဝတ်လူ ၏စိတ်ထဲဝင်ရောက်လာ၏။ သူ၏ဆိုလိုရင်းသည် သင်စတေးပြီးပေးသောအသက်များကို ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်းလုံးဝပြန်မယူကြောင်း နောက်နောင်ထိုလူအတွက်မိမိအား မခေါ်ရန်တောင်းပန်ပါကြောင်း ဖြစ်၏။ "ဖူး" နတ်ဆိုး၏စကားကြောင့် သွေးများအန်ထုတ်လိုက်ရ၏။မိမိခေါ်နေ ကျနတ်ဆိုးကထိုသို့ဆိုရသလော။ နတ်ဆိုး၏စကားကြောင့် သွေးများအန်ထုတ်လိုက်ရပြီး သွေးဆော င့်တက်ကာ ချက်ချင်းပင်သေပွဲဝင်ရတော့၏။ "ဟာ ပျော့လိုက်တဲ့လူ ငါဘာမှမလုပ်ရသေးဘူး." ဂျိတ်မှဆို၏။ထိုစကားအား ထိုခရမ်းဝတ်လူကြားပါက ဒေါပုန်ကန် နေမည်ဖြစ်၏။နတ်ဆိုးပင်ကြောက်ရအောင် ဂျိတ်သည်ဘာများ လုပ်ထားသနည်းဟု သေချာပေါက်မေးလိမ့်မည်ဖြစ်သည်။ မိဖုရားကတော့ အားအင်နည်းပါးစွာပင် ကြမ်းပြင်၌ အသက်ရှုနေ ရ၏။ထိုအခိုက်၌ "ခေါင်းဆောင်ဂျိတ် ကျနော်တို့နန်းတွင်းတစ်ခုလုံးရှင်းလင်း သုတ်သင်ပြီးပါပြီ " ထိုစကားကြားသည်နဲ့ မိဖုရားသည် သူမ လုံးဝဆုံးရှုံးသွားပြီ ဖြစ်ကြောင်းလုံးဝရှုံးနိမ့်သွားကြောင်းသိရှိလိုက်ရပြီဖြစ်သည်။ သူမ၏ရွှေထီးဆောင်းချိန်ကား မြန်ဆန်စွာပင်ကုန်သွားပြီဖြစ်၏။