အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
Book 14 (196-210)
(196)
ဂျိတ်နဲ့အထူးစစ်သည်တော်များပြန်လာပြီး နောက်နှစ်ရက် မြောက်သောနေ့.. နန်းတော်၏ရင်ပြင်ကျယ်၌လူစုံတက်စုံရောက်ရှိ၍နေ၏။ ယခင်ကဘုရင်မင်းမြတ်၏နန်းတက်ပွဲပင် ထိုမျှမကြီးကျယ် ကြောင်း သူတို့သိရှိကြ၏။ရှုပ်ထွေးသောပြသနာကြီးတစ်ရပ် လည်းဖြစ်သည်ကတော့လူတိုင်းသိရှိနားလည်ကြလေသည်။ နန်းတွင်း၌ လွန်ခဲ့သောနှစ်ရက်ကတိုက်ပွဲ ဖြစ်သည်ဟုမထင်ရ လောက်အောင်နန်းတော်အတွင်းပြင်မကျန်နေရာများ ကတောက်ပြောင်လင်းလက်နေ၏။ သွေးစများ လူသေအလောင်းများက လည်းပြူးပြဲရှာကြည့် လျှင်တောင် မတွေ့နိုင်သည်အထိပြောင်လက်နေသည်။ ယခုနန်းရင်ပြင်၌ စစ်သည်တော်များ မူးကြီးမတ်ရာ မင်းမျိုးမင်းနွယ်များ အစေခံများနန်းတွင်း၌နေထိုင်ကြ ကုန် သောလူတိုင်းစုဝေးရောက်ရှိနေကြခြင်းဖြစ်၏။ "ဘုရင်ကြီးကြွလာပြီ" ထိုအသံကြောင့် ဘုရင်ကြီးအား အားလုံးကြိုဆိုလိုက်ကြ၏။ ဘုရင်ကြီးသည် ယခင်ရက်များ၌ အပြင်းထန်ဒဏ်ရာရရှိထား သော်လည်း ယခုအခါအလွန်စွမ်းအားပြည့်နေ၏။ဘုရင် ကြီး၏အစွမ်းပြည့်ဝနေမှုကို လူတိုင်းခံစားမိကြ၏။ ဘုရင်ကြီးသည် သူ၏အခြေရံများနဲ့အတူလျှောက်လမ်းလာ ပြီး သူ၏ထိုင်နေကြပလ္လ င်ပေါ်သို့တက်လှမ်းလိုက်သည်။ ထို့နောက် ထိုင်တော်မူပြီးလျှင် "အခုခေါ်လိုက်တဲ့ကိစ္စက တော့ ငါကိုယ်တော်မြတ်၏မိဖုရား ကြီးရဲ့ပုန်ကန်မှုကြောင့် ဖြစ်တယ် ဒါကြောင့်အဲ့ကိစ္စနဲ့ပတ် သတ်သူမှန်သမျှကိုလည်းအပြစ်ပေးမှာဖြစ်တယ်" တိုင်းပြည်အား ပုန်ကန်ခြင်း အာဏာလုယူခြင်းတို့သည် ကြီးလေးသောအပြစ်ကြီးများဖြစ်ရာလုံးဝခွင့်လွတ်၍မရနိုင် သောအမှုဖြစ်၏။ထို့ကြောင့် ဘုရင်ကြီးသည် ယနေ့၌စီရင်ချက်ချမည်ဖြစ်၏။ ဘုရင်၏စေခိုင်းမှုဖြင့် လူတိုင်း၏ရှေ့မှောက်သို့ မိဖုရားကြီး အား ခေါ်ထုတ်စေ၏။လူတိုင်း၏မျက်မှောက်သို့ရောက်ရှိလာ သော မိဖုရားကြီးသည် ယခင်ရာဇအမူရာတစ်ခုမှမရှိတော့ပဲ သူတောင်းစားသဖွယ်ပုံပျက်ပန်းပျက်ဖြစ်နေ၏။ သူမသည် ပုံစံစုတ်ပျက်နေကာ အကျဥ်းသားအဝတ်စားများဖြ င့်ရှိနေ၏။သူမ၏လက်ခြေများကိုလည်း သံကြိုးကွင်းဖြင့် ခတ်ထားရာ လမ်းလျှောက်တိုင်း တခွင်ခွင်မည်နေသည် ဖြစ်သည်။ "နင် ကံကောင်းသွားလို့ပါ ငါ့ကိုဖမ်းထားလို့နောက်ထပ်လာမဲ့ အကျိုးဆက်တွေမင်းတို့ခံစားရလိမ့်မယ် တိုင်းပြည်တစ်ခုလုံး ပျက်စီးကြရလိမ့်မယ်....ဟားဟားးးး" မိဖုရားကြီးသည် ယခင်ကလိုမဟုတ်တော့ သွက်သွက်ခါရှုးနေ ပြီဖြစ်၏။အာဏာကိုမက်မောသောကြောင့် လည်းဖြစ်သွားရ ဟန်တူသည်။ "မိဖုရားကြီးသည် တိုင်းပြည်အားပုန်ကန်ခြင်းသစ္စာဖောက် ခြင်း ဘုရင်အားလုပ်ကြံခြင်းကြောင့် သေဒဏ်" အသံကဟိန်းထွက်သွား၏။ဘုရင်ကြီးကိုယ်တိုင်က သေချာ ချမှတ်လိုက်သောကြောင့် လုံးဝငြင်းပယ်၍မရနိုင်ပေ။ "ကျနော်တို့ငြင်းပယ်ပါတယ်" ဘုရင်ကြီး၏အမိန့်ကိုပင်ငြင်းဆန်ရဲသောကြောင့် လူတိုင်းအံ အားသင့်သွားကြ၏။ဘုရင်လည်းကြည့်လိုက်၏။သိလိုက်ပါ ပြီ ထိုလူများသည် မိမိတို့နန်းတွင်း၌ အဆင့်တန်းတစ်ခုထိ ရောက်ရှိထားသော မူးမတ်များဖြစ်ကြ၏။ထိုမူးမတ်များအား ဘိန်းမ်ဟူသောမူးမတ်မှခေါင်းဆောင်၏။ ဘုရင်၏အမိန့်အာဏာသည်သာအဓိကဆိုသော်လည်း အပြ ည့်ဝတော့မဟုတ်နေသေးပေ။စစ်သူကြီးများ မူးမတ် များ၏စကားကိုလည်း ဘုရင်မှစဥ်းစားလိုက်နာနေရသေး သည်ဖြစ်သည်။ ထိုမှူးမတ်များသည် ဂရိတ်တိုင်းပြည်မှလုံးဝမဟုတ်ကြပဲ တစ်ပါးတိုင်းပြည်မှလာသောသူများဖြစ်ကြပြီး ဘုရင်၏အမိ န့်အတိုင်းတာတစ်ခုထိ ငြင်းဆန်နိုင်စွမ်းရှိကြ၏။အတိုင်းတာ တစ်ခုထိငြင်းဆန်နိုင်သော်လည်း ယခုလိုအမိန့်မှာငြင်းဆန် သည်ကတော့ ပေါ်တင်ပင် ဘုရင်အားစိန်ခေါ်ခြင်းဖြစ်၏။ ဘယ်လိုနည်းဖြင့်ရောက်ရှိလာသည်ကိုတော့မသိရ သော်လည်း သိချိန်၌အမြစ်တွယ်နေပြီဖြစ်သည်။ "မင်းတို့ကဘာလို့စိန်ခေါ်ရဲကြတာလဲ" ဘုရင်ဒေါသထွက်သွားပြီဖြစ်၏။အဘယ်ကြောင့်သူ၏ဒေါသ အား ပေါက်ကွဲခွင့်ပြုလိုက်ပြီဖြစ်၏။ "မိဖုရားကြီးမှာ အပြစ်ထောက်ထားမရှိပါလျက် အခုလိုအမိန့် ချထားဟာ ဂရိတ်တိုင်းပြည်အတွက်များစွာမှနစ်နာပါတယ် သေချာပြန်စဥ်းစားတော်မူပါ" ထိုမူးမတ်အုပ်ကြီးမှ လျှောက်တင်၏။သူတို့၏လျှောက်တင် ချက်ကြောင့် ဘုရင်ကြီးသည်လည်း ဒေါသထွက်သွား၏။ ("ဂရိတ်တိုင်းပြည်ကို အရူးလိုလိုလုပ်ပြီး သိမ်းနေမယ်ထင် နေတယ်ထင်တယ်") ဘိန်းမ်တွေးတောလိုက်သည်။ထို့စကားကြောင့် ဘုရင်ကြီး ဒေါသထွက်ရ၏။သူပြောသလို သက်သေအထောက်ထားမရှိ သောကြောင့်လည်းဖြစ်၏။ ဖြစ်စဥ်သည်အင်မတန်မှပင်ရှုပ်ထွေးသည်ဟုဆိုရပေမည် ဖြစ်သည်။ဘုရင်ကြီး တံခါးပိတ်ကျင့်ကြံသည့်အချိန်မှ စတင်သည်ဆိုလျှင်ပိုပြီးမှန်သည်။ ထိုအချိန်၌အာဏာသည် မိဖုရားကြီးသည်သာဖြစ်၏။ မိဖုရား၏လက်ထဲရောက်သောအခါ နန်းတွင်းမှာလုံးဝ ပြောင်းလဲသွားသည်။တိုင်းပြည်၏အဓိကစစ်သည်ခြောက် ယောက်ဖြစ်သောစစ်သူကြီးများသည် မိဖုရား၏အမိန့်အရ တိုင်းပြည်ပတ်ကာ စစ်ရေးလေ့ကျင့်နေရသည်။မက်စ်တစ် ယောက်သာ အထူးတပ်ခေါင်းဆောင်ဖြစ်သောကြောင့် မကြာခဏဆိုသလို နန်းတွင်းသို့ရောက်ခြင်းဖြစ်၏။ ကျန်သောအထူးတပ်မှာ မိဖုရား၏လက်ထဲရောက်၏။ စစ်သည်နှစ်ရာအထူးတပ်မှာ သူမ မထိန်းချုပ်နိုင်၍သာကျန် နေခဲ့ရခြင်းဖြစ်၏။ ဘုရင့်အား မျိုးရိုးစဥ်ဆက်သစ္စာစောင့်သိကြသော မူးကြီး မတ်ရာများသည် မိဖုရားကြီး၏ချီးမြောက်မှုနဲ့အတူ နန်းတွင်း မှထွက်ခွာကြ ကာ မြို့များ၌အခြေစိုက်ကြရ၏။ဤသည်ကား အချိုတကာသုံးပြီးနှင်ထုတ်ခြင်းဖြစ်၏။ ထို့နောက် မိဖုရားကြီးသည် ထူးချွန်သောသူများအား ချီးမြှောက်သည်ဆိုကာ လူတစ်စုအားချီးမြောက်ကာနန်းတွင်း အတွင်း၌မှုးကြီးမတ်ရာရာထူးပေးကာ ခစားစေ၏။ထိုလူ တစ်စုသည်ကား ဘိန်းမ်တို့အဖွဲ့ပင်ဖြစ်၏။ ထိုကြောင့် မိဖုရား၏ သက်သေအထောက်ထားမှာပြသနိုင် ခြင်းရှိမည်မဟုတ်ပေ။သူတို့သည် အချိန်ယူပြီးခြေကုတ်ထား ပြီး ဖြစ်ရာ သက်သေဖျောက်ဖို့အလွယ်ပင်ဖြစ်၏။ သက်သေမရှိရင်အလကားဖြစ်ရာ မိဖုရားကြီးမှာအဖမ်း ခံထားရသော်လည်းရူးချင်သလိုယောင်ဆောင်နေနိုင်ခြင်း လည်းဖြစ်၏။ "ဘုရင်ကြီး အထူးတပ်ဖွဲ့ရောက်လာပြီ" ထိုစကားကြောင့် ဘုရင်ကြီးပျော်ရွှင်သွား၏။သူကူရာမဲ့နေစ ဥ်၌ ရောက်လာသောကြောင့်ဖြစ်၏။ အထူးတပ်သည်နှစ်မျိုးတည်ရှိ၏။တစ်ခုသည် ဘုရင်အမိန့်ဖြ င့်သွားလာရသော တပ်ဖြစ်ပြီး နောက်တစ်ခုသည် ဂရိတ် တိုင်းပြည်၌သီးသန့်ဖွဲ့စည်းထားသော တပ်ဖြစ်သည်။သီးသန့် ဖွဲ့စည်းထားသော တပ်သည် ဂရိတ်တိုင်းပြည်ကိုယ်စားပြု အဖြစ်ဝင်သွားပြိုင်ရသောတပ်ဖြစ်ပြီး လက်ရှိ၌ သူတို့သည် ဂျိ တ်၏အမိန့်အောက်၌သာနေထိုင်နေကြ၏။ နန်းတွင်းအထူးတပ်သည် စစ်သည်ငါးသောင်းပါရှိပြီး ထို တပ်ဖွဲ့၏အနိမ့်ဆုံးစစ်သည် သည် ငွေအဆင့်နှစ်ဖြစ်သည်။ အထူးတပ်ခြင်းတူညီသော်လည်း ပထမဆုံးတပ်သည် မိဖုရား ကြီးမှ ဂျိတ်အားဖမ်းဆီးရန်သုံးခဲ့ပြီးနောက်တစ်ခုသည် ဂျိ တ်၏ခေါင်းဆောင်မှုအောက်ရောက်သောတပ်ဖြစ်ပြီး ဘုရင် ကိုယ်တိုင်ကိုယ်ကျနှုတ်ဖြင့်အမိန့်ပေးစေခိူင်းမှသာ အသက်ဝင်လာကာ ဆောင်ရွက်သည်။မိဖုရားပင် ဘုရင့်အမိန့် တံဆိပ်ပြားပါနေလျှင်ပင် စေခိုင်းနိုင်စွမ်းရှိမည်မဟုတ်သော အထူးခွင့်ရရှိသောတပ်ဖြစ်သည်။ နန်းတော်ရင်ပြင်၌ကျင်းပနေချိန်၌ နန်းတွင်း၏အထူး တပ်သည်လည်း ရင်ပြင်၏အပြင်ဘက်၌ ရပ်နေ၏။သူ တို့၏တာဝန်မှာ ဘုရင်အမိန့်ပေးပါက ကာကွယ်ရန်သာ ဖြစ်၏။သူတို့သည် လက်ရှိ၌နန်းတော်အတွင်းဝင်ရန် ဝင်ပေါက်များအား စောင့်ကြပ်ရလေ၏။ ထိုအချိန်၌...သူတို့အနီးနား၌လူတစ်ခုသည်ဖြတ်လျှောက်လာ ကြ၏။သူတို့၏ဦးတည်ရာသည် နန်းတော်ရင်ပြင်ဖြစ်၏။ "ဘယ်သူကခွင့်ပြုချက်ရလို့ဝင်ချင်တာလဲ" နန်းတွင်းအထူးတပ်၏ခေါင်းဆောင်လည်းဖြစ် တိုင်းပြည်၏အဓိကစစ်သူကြီးလဲဖြစ်သော မက်စ်မှမေး လိုက်၏။ "ဘုရင့်အမိန့် ပါမက်စ်." အယ်ဖာမှ အမိန့်တံဆိပ်ပြားကိုင်ဆောင်ရင်းလာသောကြောင့် မက်စ်လည်းသူ၏အဖွဲ့များအား ဝင်ခွင့်ပြုလိူက်၏။ "ဟင်" အယ်ဖာနဲ့အတူဝင်လာသော ဂျိတ်ကြောင့် အနည်းငယ်အံသွား သင့်သွားသေး၏။သူဖမ်းရန်ကြံခဲ့သောသူမှ ယခုအခါ အထူး တပ်ကြီး၏ခေါင်းဆောင်ဖြစ်နေသည်မဟုတ်ပါလား။အယ်ဖာ နဲ့ကျန်သောစစ်သည်များသည် ဂျိတ်၏နောက်မှရောက်လာ သည်ကိုမြင်တွေ့ရလေသည်။ "နေ...နေပါဦး...သူတို့တွေက" ဝင်ပေါက်များအား စောင့်ကြပ်နေသောစစ်သည်များ မျက်လုံးပြူးနေကြ ကုန််၏။အကြောင်းကား ဂျိတ်နဲ့အယ်ဖာ နောက်မှရောက်ချီတက်လာသောစစ်သည်များသည် သူတို့ ဝတ်ဆင်ထားသောချပ်ဝတ်များထက် ပိုမိုတောက်ပြောင်သလို အစွမ်းထက်သောကြောင့်ဖြစ်၏။ နောက်ပြီး သူတို့တစ်ဦးချင်းစီတိုင်း၏အော်ရာသည် သိသာ စွာပင် မြင့်တက်နေ၏။အစွမ်းထက်လက်နက်ဆန်းများ ချပ်ဝတ်တန်ဆာအသစ်များဝတ်ဆင်ထားသော စစ်သည်နှစ် ရာ၏ချီတက်လာပုံက သူတို့ရင်ထဲထိရောက်ရှိစေ၏။ "သူတို့အားလုံးရွှေအဆင့်တွေလား" ဒီတစ်ခါတော့ မက်စ်မှ မင်သက်ရခြင်းဖြစ်၏။စစ်သည်နှစ်ရာ လုံး ရွှေအဆင့်ဖြစ်ခြင်း. ။သူသည်လည်း အထူးတပ်သည် အယ်ဖာလက်ထဲရောက်သည်အထိတော့သိလိုက်သော်လည်း ထိုမျှထိကြမ်းတမ်းနေမည်ကိုတော့မသိလိုက်ပေ.။ ယခုချိန်၌သာမန်လူများမှ ဘီလူးကြီးနှစ်ရာက ချီတက်လာ သလိုခံစားလိုက်ရသည်။ "ကျနော်တို့ရောက်ပါပြီ ဘုရင်ကြီး" နန်းတော်ရင်ပြင်သို့ စစ်သည်နှစ်ရာနဲ့တကွ အယ်ဖာ၊ဂျိတ် တို့သည် ရောက်ရှိလာ၏။သူတို့၏ရောက်ရှိလာမူကြောင့် နန်းတော်ရင်ပြင်မှာ ပြောင်းလဲလာပြီဖြစ်၏။ ဘိန်းမ်တို့လူစုမှာ မျက်လုံးပြူးလာကြ၏။ "ဒါ.. .ဒါ.. ဒါက" သူတို့ ၏ရှေ့၌ အကောင်းစားချပ်ဝတ်တန်ဆာများဝတ်ဆင် ထားသော ကြောက်မက်ဖွယ်အော်ရာများဖြင့်ရပ်နေသော စစ်သည်နှစ်ရာက သူတို့အားကြောက်လန့်စေသည်။ဂျိတ် ကတော့ စစ်သည်နှစ်ရာရှေ့မှနေ၌ "ဘုရင်ကြီး ကျနော်တို့ရောက်ပြီဆိုတော့ ဆက်ပြီးဆောင်ရွက် လို့ရပါတယ်"
(197)
ဂျိတ်၏စကားကို လူတိုင်းကြားလိုက်ကြရ၏။သူ၏စကား ကြောင့်ဘုရင်ကြီးလည်း ဘိန်းမ် အားပြန်ကြည့်လိုက်၏။ သူ၏အကြည့်ကား ဒီတစ်ခါဘယ်လိုလဲဟူသောအကြည့်မျိုး ပင်ဖြစ်၏။ တောက်....တောက် ("ငလူး ဘယ်လိုဖြစ်တာလဲ") ဘိန်းမ်ချွေးစေးများ ကျဆင်းလာ၏။ဘုရင်ကြီး၏ဘက်၌ရွှေ အဆင့်စစ်သည်တော်အယောက်နှစ်ရာသည် ဗြုန်းစားကြီးဆို သလိုရောက်ရှိလာသောကြောင့်ဖြစ်၏။ "အရှင်မင်းကြီး ဘယ်ကရွှေစစ်သည်နှစ်ရာကိုငှားပြီးခေါ်လာ ရတာလည်း အဲ့လိုလုပ်တာက တိုင်းပြည်ရဲ့ဘဏ္ဏာရေးကို ထိခိုက်စေပါတယ်" ဘိန်းမ်မှ ဆို၏။ "ယောကျာ်းကြီးတန်မဲ့ရာသီလာနေလို့ အဲ့လိုပြောထွက်ပြီး ရှောင်ပြေးချင်တာလား" ဂျိတ်၏စကားကဟိန်းထွက်လာသည်။ "သေချာကြည့်ထား မင်းတို့လိုလာလ်လာဘထိုးကျွေးပြီး အပေါ်ရောက်လာတဲ့ကောင်တွေမဟုတ်ဘူး သူတို့က အရည်သွေးမြင့်ဒီတိုင်းပြည်ကစစ်သည်တွေပဲ" ဂျိတ်၏စကားက ဘိန်းမ်အား စက်သေနတ်ဖြင့်ပစ်ခွင်းလိုက် သကဲ့သို့ပင် ပြင်းထန်လှ၏။အမှန်တရားလည်းဖြစ်သော ကြောင့် ပိုဒေါသထွက်သွားလေ၏။ "မင်းကိုမေးနေလို့လား ငါကဘုရင်မင်းမြတ်ထံလျှောက်တင် နေတာ ကြားကပြောစရာလား" ဘိန်းမ် ဆွေ့ဆွေ့ခုန်ပြီး ဂျိတ်အားရန်တွေ့ပြီးပြော၏။ "မလိုဘူး သူ့အားအဲ့လိုဝင်ရောက်ဖက်စွတ်နိုင်တဲ့အဆင့်တန်း ရှိတယ်" ဘုရင်၏စကားကြောင့် ဘိန်းမ်မျက်နှာညိုမဲသွား၏။ဂျိ တ်၏စိတ်ချင်းဆက်သွယ်မှုကြောင့်ဘုရင်မှဆက်လက်ပြီး "ဒီလူက ငါတို့တိုင်းပြည်ကို ပြိုင်ပွဲမှာပထမအဆင့်ရရှိစေ အောင်စွမ်းဆောင်နိုင်ခဲ့တဲ့သူပဲ သူဆက်လက်ပြီးဆောင်ရွက် လိမ့်မယ်" ဘုရင်ကြီးသည် တာဝန်များအားဂျိတ်ထံလွှဲပြောင်းလိုက်၏။ အမှန်တကယ်အတိုင်းဗြောင်ပြောရလျှင် ဂျိတ်သည် ဘုရင် ဖြစ်သည်ပင်ဖြစ်၏။ "ကျုပ်တို့ဘယ်လိုယုံလို့ရမလဲ အဲ့လိုပြောရအောင်သက်သေ အထောက်အထားရှိပါသလား" ဘိန်းမ်တို့အား ဖင်ပိတ်ငြင်းသန်ကြ၏။ထို့ကြောင့်လည်း သူ ပြိုင်ပွဲမှ မှလာသော ပထမဆုအားပြသလိုက်၏။ "ဟာ " အားလုံးအံအားသင့်သွား၏။ဂျိတ်ပြသောအရာသည် စွန်ရဲ အင်ပါယာတံဆိပ်အမှတ်အသားပါ ပထမဆုတံဆိပ်ပင် ဖြစ်၏။ထိုတံဆိပ်ကို အတုမလုပ်နိုင်ရာ ယုံကြည်လိုက်ကြ ရ၏။ ထိုတံဆိပ်ပြသလိုက်သည်နဲ့ နန်းတော်ရင်ပြင်ရှိလူအုပ်ကြီး သည်ငြိမ်ကျသွားကြောင်း သဘောပေါက်လိုက်၏။ထို့ကြောင့် "ဘုရင်ကိုယ်စားငါကပဲ သေချာလေးဆောင်ရွက်ပေးမယ် တိုင်းပြည်ရဲ့အာဏာသိမ်းတဲ့နေရာမှာ ပါဝင်တဲ့လူတိုင်းကိုမ ညာမတာအပြစ်ပေးသွားမှာဖြစ်တယ်" စကားပြောနေရင်း ဂျိတ်၏ကိုယ်မှ တရားမျှတမှု၏အော်ရာ ထွက်ပေါ်လာ၏။ထိုရောင်ဝါသည် တဖြေးဖြေးကြီးမားလာ ပြီး နန်းတော်ရင်ပြင်ရှိသာလူများမက နန်းတော်တစ်ခုလုံးရှိ လူများသည်လည်း ထိုအော်ရာ၏သက်ရောက်မှုကိုလွှမ်းခြုံ ခံစားလိုက်ရ၏။ ထိုရောင်ဝါသည် တရားမျှတမှုနတ်သမီး၏အစွမ်းဖြစ်ပြီး စနစ်မှထုတ်သုံးထားခြင်းဖြစ်၏။တရားမျှတမှု နတ်သမီး၏အစွမ်းကိုပြောပါဟုဆိုရလျှင် သူ၏ရောင်ဝါ အောက်၌ရောက်ရသောသူတိုင်းသည် မိမိတို့အမှန်အတိုင်း ဝန်ခံကြရ၏။မိမိလုပ်သမျှအပြစ်များအားလည်း ထင်ရှားစွာ ပြန်လည်မြင်ယောင်နေမည်ဖြစ်ပြီး လိမ်ညာခြင်းအတင်းကျပ် လိမ်လည်ပါက အဆိုးဆုံးအပြစ်ဒဏ်ကား တရားမျှတမှု နတ်သမီး၏ဓားချက်ကိုခံစားသွားကြရမည်ဖြစ်၏။ ထိုရောင်ဝါကြောင့် ဂျိတ်၏ပြောဆိုခြင်းဟာ ဘိန်းမ်မှ ဖင်ပိတ် ခြင်းနိုင်ခြင်းမရှိတော့ချေ။ထိုအခါမှ ဂျိတ်မှစာရွက်အလိပ် ရှည်ကြီးအား ဖွင့်ချလိုက်၏။ထိုစာရွက်အရှည်ကြီးသည် အာဏာသိမ်းရာ၌ပါဝင်သောလူများအား မှတ်သားထားသော စာရွက်ဖြစ်၏။ ပုံမှန်အတိုင်းအမှု၌လူပေါ်အောင်စုံစမ်းနေပါက စုံစမ်းသူသာ အဘိုးကြီးဖြစ်သွားမည်ဖြစ်ပြီးပေါ်မည်မဟုတ်ချေ။ထို့ကြောင့် စနစ်ဖြင့်ထောက်လှမ်းပြီးထိုစာရွက်ထဲ၌ထည့်သွင်းထားလိုက် ခြင်းဖြစ်၏။ "ကဲ အပြစ်ပေးခံရမဲ့အပြစ်သားတွေကိုကြေညာမယ် မိဖုရားခေါင်ကြီး သေဒဏ် ပြစ်မှု..ဘုရင်အား အဆိပ်ဖြင့် အားနည်းအောင်လုပ်ဆောင်ခြင်း အဆင့်ခုနှစ်တိုင်းပြည်များ နဲ့ပေါင်းပြီး အာဏာလုခြင်း တိုင်းပြည်အချက်လက်များအား ရောင်းစားခြင်း..." "ဘာ" ဘုရင်ကြီးဒေါသထွက်သွား၏။မိဖုရားကြီးသည် အပြစ်ရှိ သည်ဖြစ်သောကြောင့် သေဒဏ်ပေးရသော်လည်း ထိုမျှအထိ ရက်စက်ယုတ်မာနေမှန်းမသိလိုက်ပေ။သူ၏လက်မောင်း သွေးကြောများကဒေါသကြောင့် ဖောင်းကြွလာ၏။ "ဝန်ခံပါတယ် ကျမလုပ်မိပါတယ်" မိဖုရားကြီး၏အပြောကြောင့် အကုန်လုံးပိုအံသြရ၏။ဂျိ တ်၏အရှိန်ရောင်ဝါအောက်၌ဘယ်သူကမှ လိမ်ညာနိုင်ဝံမည် နည်း။ "နောက်တစ်ယောက် ဘိန်းမ် အမတ်ကြီး..အပြစ်ဒဏ် တစ်သက်စာထောင်ဒဏ် အဆင့်ခုနှစ်တိုင်းပြည်မှ ထောက်လှမ်းရေးသမား မိဖုရားကြီးနဲ့ပေါင်းပြီး ဂရိတ် တိုင်းပြည်အား လွှမ်းမိုးချုပ်ကိုင်ရန်ကြိုးစားမှု အာဏာသိမ်း မှု၌ ကြိုးကိုင်သူတစ်ယောက်လည်းဖြစ်" ဂျိတ်၏အသံကကျယ်လောင်သလို ကြည်လင်ပြတ်သား၏။ သူ၏စကားအောက်၌ ငြင်းနိုင်သည့်သူမရှိ အကုန်လုံးဝန်ခံ လိုက်ကြ၏။ စာရွက်၌ရှိသောလူစာရင်းကား အတော်ပင်များပြားသည်ဟု ပင်ဆိုရပေမည်။ "ဝစ်" ဘိန်းမ်သည် အပြစ်ခံရမည်စိုးရိမ်သောကြောင့် နန်းတော် ရင်ပြင်မှနေ၌ပြေးထွက်၏။သို့ရာတွင် "ဒိုင်း" အသံတစ်ချက်ထွက်ပေါ်ပြီးသည်နဲ့ ဘိန်းမ်သည်လဲကျ သွား၏။ရွှေစစ်သည်တော်တစ်ယောက်က ပြေးထွက်သွားသော ဘိန်းမ်အားသေနတ်ဖြင့်မြန်ဆန်စွာပစ်ချလိုက်ခြင်းဖြစ်၏။ "ပြောဖို့မေ့နေတာ ရှောင်လွဲပြီးပြေးချင်ရင်အခုလိုဖြစ်သွား မယ်" ဂျိတ်လည်းထိုစကားဆိုပြီးသည်နဲ့ အပြစ်သားလူစာရင်းအား ဆက်လက်ကြေညာ၏။ကျန်သောလူများသည်လည်း သူတို့ ရှေ့၌ကားခနဲသေ သွားသော ဘိန်းမ်အားကြည့်ပြီး စိတ်ထဲ အထိကြောက်လန့်တုန်လှုပ်သွားကြ၏။ ဘိန်းမ်သည် မြန်ဆန်လှသော်လည်း ရွှေစစ်သည်၏လက်အ မြန်နှုန်းသေနတ်အမြန်နှုန်းထက်တော့ မြန်ဆန်နိုင်မည်မဟုတ် ရာ သေချာပေါက်သေရသည်ဖြစ်သည်။ နန်းတော်အားစောင့်ကြပ်နေသောစစ်သည်များပင် ထို စာရင်း၏လူများကြောင့် မျက်လုံးများပြူးလာကြ၏။အပြစ် သားစာရင်းအားပြောကြားနေသည်မှာ တော်တော်ပင် ကြာညောင်းနေသည်ဖြစ်၏။ "နောက်ဆုံးတစ်ယောက် က ဘိန်းမ်မှူးမတ်ရဲ့အစေခံ တူး သူ ကသတင်းထောက်လှမ်းရေးသမားပဲ" တစ်နာရီနားပါးဇယ်ဆက်မပြတ်ပြောဆိုပြီးမှသာလျှင် အဆုံးသတ်နိုင်ခဲ့၏။ "ကဲ ပြီးပြီ အဲ့ဒီအပြစ်သားတွေကို စဒဏ်ခတ်လိုက်တော့" ဂျိတ်၏အမိန့်ပေးလိုက်သည်နဲ့ ဂျိတ်၏အမိန့်စောင့်ဆိုင်းနေ ကြသော ရွှေစစ်သည်တော်များသည် နန်းတွင်း၌ရှိနေကြ ကုန် သောလူများအား စတင်ဖမ်းဆီးကြလေသည်။ အပြစ်စာရင်းတိုင်းဖမ်းဆီးလိုက်ကြရာ နန်းတော် ရင်ပြင်၌စုဝေးနေသော90%ခန့်မှာ ဖမ်းဆီးခြင်းခံလိုက်ကြရ ပြီဖြစ်၏။သို့ရာတွင် အပြစ်ပေးစာရင်းမှ လူအပြည့်စုံမဟုတ် သေးပေ။ကျန်ရှိသောလူများသည် နန်းတော်၌မရှိပဲ ဂရိတ် တိုင်းပြည်၏နယ်အသီးသီး၌ ရှိနေရာ အချိန်တစ်ခုနေရာ ယူထားရမည်ဖြစ်သည်။ အပြစ်ပေးရမည့်လူမှာ အလွန်ပင်များပြားလွန်းလှရာ အပြစ်ပေးရနိုင်ခြင်းမရှိသေးပဲ အကုန်လုံးအား ရှေးဦးစွာ ထောင်ထဲသို့ပစ်ထည့်လိုက်သည်ဖြစ်၏။ အပြစ်ပေးရမည့်လူစာရင်းအားဂျိတ်မှဖတ်ပြီးသည်နဲ့ နောက် တစ်လိပ်အားထုတ်ကာ ဘုရင်ကြီးအားပေးလိုက်၏။ "ဆရာသခင် ဒါကဘာများလဲ" ဂျိတ်အား ဘုရင်မှရိုရိုသေသေပြောကြား၏။ဘုရင်သည် ဂျိ တ်အပေါ်၌အကြွေးတင်ထားခြင်းရှိရာ ယခုလို လေးလေးစားစားခေါ်ဆိုနေခြင်း ဖြစ်၏။ "ဒီစာလိပ်မှာရှိတာက ဒီတိုင်းပြည်ကိုတကယ့်သစ္စာရှိတဲ့ ကောင်းကျိုးပြုတဲ့လူတွေနာမည်အသေးစိတ်ရေးထားတယ် သူတို့ကိုပစ်မထားပါနဲ့ ချီးမြှောက်လိုက်ပါဦး" ဂျိတ်လည်း စာလိပ်ပေးကာ နန်းတော်ရင်ပြင်မှထွက်ခွာသွား လိုက်တော့၏။ဘုရင်ကား ထိုစာလိပ်အား တရိုတသေကိုင် ဆောင်ကား ထွက်သွားသောဂျိတ်၏ကျောပြင်အားလေးစား သောအ ကြည့်ဖြင့် ကြည့်ရင်းရပ်နေ၍သာကျန်ခဲ့လေ၏။
(198)
ဂရိတ်စစ်သည်တော်များ ဂရိတ်တိုင်းပြည်ရောက်ပြီး အချိန် တစ်ပတ်ကြာသောအခါ "ဘယ်လိုတွေဖြစ်ပျက်ကုန်ကြတာလဲ" ထိုစကားကိုဆွေးနွေးသူများကတော့ ဂရိတ်တိုင်းပြည်၌ရှိနေ ကြသော သူဌေးများမင်းဆွေမင်းမျိုးများဖြစ်ကြ၏။ ဂရိတ်တိုင်းပြည်ကြီးသည် လွန်ခဲ့သောတစ်လကျော်ခန့်၌ ဘုရင်မကြီး၏အမိန့်လက်အောက်၌ ရောက်နေခဲ့ရ သော်လည်း ယခုအခါ ဘုရင်ကြီး၏လက်အောက်သို့ကျ ရောက်ခဲ့ရပြန်လေသည်။ ထို့သို့မြန်ဆန်လှသောအပြောင်းလဲများကြောင့် သူတို့အခက် တွေ့နေကြရ၏။မင်းတို့၏အကြိုက်အလိုက်ဆောာင်ရသော မှူးကြီးမတ်ရာများ ဆိုလျှင်တော့ပို၍ပင်ဆိုးသေး၏။ မိဖုရားကြီး၏သစ္စာတော်အမတ်များမှူးမတ်များကတော့ လွန်ခဲ့သောတစ်လအချိန်ကတည်း၌ သူတို့ကသာ ကြီးစိုး မင်းမှုနေခဲ့ကြသည်မှာ အမှန်ပင်ဖြစ်၏။ဘယ်နေရာသွားသွား သူတို့၏အာဏာကသက်ရောက်နေရာ လူကောင်းများမှာ ခဏခဏရွေ့ပြောင်းကြရ၏။ ဘုရင်မကြီးဟူဆိုသောမိဖုရားကြီး၏ကာလ၌ တိုင်းပြည် သည် အတော်ဆိုးဝါးသည်ဆိုရပေမည်။ သူမ၏လက်အောက်ခံများကလည်း အလွန်ပင်ဆိုးဝါးလှ၏။ မည်သို့ဆိုးဝါးသည်ဟုဆိုရလျှင် ငွေများအလွှဲသုံးစားလုပ်ကာ ဖျောက်ဖျက်မှုခြင်း အာဏာအလွှဲသုံးကာ ပြည်သူပြည်သားများအပေါ်အနိုင်ကျင့်ခြင်းတို့ပင်ဖြစ်၏။ အမတ်ကြီးဘိန်းမ်ကဲ့သို့သော တိုင်းပြည်အားရောင်းစားသော သူများကြောင့်လည်း ဂရိတ်တိုင်းပြည်သည် အတွင်းပိုင်းမှ နေ၍ ခြစားခြင်းခံရကာ ပျက်စီးနေပြီဖြစ်၏။အကာသာ ရှိ၌အနှစ်မရှိသောအဖြစ်သို့ ဂရိတ်တိုင်းပြည်သည် ရောက်ရှိ နေသည်။ လွန်ခဲ့သောတစ်ပတ်မှစတင်၌ ဂျိတ်သည် နန်းတော်မှ စ၍စတင်ရှင်းလင်းခဲ့သည်ဟုဆိုရပေမည်။နန်းတော်မှ ရှင်းလင်းပြီးသောအခါ ဂျိတ်သည်အယ်ဖာအား အပြစ်သား စာရွက်ပေးအပ်လိုက်၏။အပြစ်သားစာရွက်သည် ဂရိတ် တိုင်းပြည်အား မိဖုရားကြီးဖက်မှနေ၍ မကောင်းမှုလုပ်နေ သောသူများအား သတ်မှတ်ထားသောစာရွက်ဖြစ်၏။ အယ်ဖာသည်လည်း ထိုစာရွက်စာရင်းအတိုင်း အပြစ်သား များအား လိုက်လံဆွဲတော့၏။တစ်ချို့ကား အပြစ်ဝန်ခံ၍ တစ် ချို့ကား ပြန်လည်ရန်ပြု၏။ရန်ပြုသောကောင်များကား တစ်ခါတည်းတန်းရှောကြရလေ၏။ ထိုသို့ခပ်ကြမ်းကြမ်းလုပ်ပြသောအခါမှ အပြစ်သားများသည် ဂရိတ်တိုင်းပြည်၌ကုန်စင်လာသည်ဖြစ်၏။မိသမျှသော အပြစ်ခံလူများအား ထောင်ထဲသို့တန်းထည့်ထား၏။ ထိုအခါ အနိုင်ကျင့်သမျှခံစားနေကြရသောပြည်သူပြည်သား များက ဝမ်းမြောက်ပျော်ရွှင်ကြရလေ၏။သူတို့အား အနိုင်ကျ င့်သောသူများအား ဘုရင်ကြီးလက်ထက်၌အားလုံးတန်းတူ ထောင်ထဲထည့်ခံလိုက်ကြရသောကြောင့်ဖြစ်၏။ ယခင်ကဆိုလျှင် ခေတ္တ နဲ့ပြန်လည်လွတ်လာနိုင်အောင် အပြစ်ခံစာရင်းရှိလူများမှာ အဆက်သွယ်ကောင်းများရှိကြ သော်လည်း ဂျိတ်၏စီမံမှုအောက်၌ ထိုအဆက်သွယ်ကောင်း များပါ ထောင်ထဲအောင်းလိုက်ကြရတော့၏။ ထိုသို့မြန်ဆန်ရခြင်းမှာ အယ်ဖာ၏အစီစဥ်နဲ့ ကျန်သော စစ်သူကြီးများ၏လုပ်ဆောင်မှုကြောင့်ဖြစ်၏။မိဖုရား ကြီး၏လက်ထက်၌ သူတို့သည် သံသယဖြစ်ဖွယ်များရိပ်စားမိ သောကြောင့် မိမိပိုင်စားရသော နယ်များသို့သွားရောက်ကာ နေထိုင်ကြ၏။ ထိုသို့သွားရောက်နေထိုင်သောအခါ မိဖုရားကြီးမှ သူတို့အား အမိန့်ပေးအကြောင်းကြားသော်လည်း ဘုရင်ကြီး၏တကယ့် အမိန့်မပါရာ ငြင်းဆန်နိုင်စွမ်းရှိကြ၏။ထိုသို့စစ်သူကြီးများမှ ငြင်းဆန်သောကြောင့် မိဖုရားကြီးသည် ကျယ်ကျယ်ပြန့်ပြန့် အာဏာမပိုင်စိုးခဲ့ရခြင်းလည်းဖြစ်၏။ ထို့အပြင် မိဖုရားကြီး၏ဘုရင့်အာဏာအတင်းကျပ်လုယူ နည်း မှာ ဂျိတ်၏အော်သံတစ်ချက်ကြောင့် စုတ်ပျက်သွားရာ ဇာတ်သိမ်းသွားရတော့၏။ သူတို့သံသယဝင်သည့်အတိုင်း မိဖုရားကြီးမှာ တကယ့်ယုတ် သူဖြစ်ကြောင်း အယ်ဖာပြောသောအခါ အမျက် ချောင်းချောင်းထွက်ကြရ၏။သူတို့သည်လည်း အယ်ဖာ၏အ စီစဥ်အား အပြည့်ဝထောက်ခံကူညီပေးကြ၏။ မိမိ တို့၏လက်အောက်ခံစစ်သည်များကိုပါ ထိုအစီစဥ်ကိုကူညီ ဆောင်ရွက်စေရာ တစ်ပတ်သောအချိန်၌ ဂရိတ်တိုင်းပြည်၌ မိဖုရားကြီး၏ဘက်တော်သားများမှာ ကုန်စင်သွားခဲ့ကြရ၏။ အလုံးစုံကိုဖမ်းမိသည်မဟုတ်သော်ငြားလည်း ကုန်သောလူ များကတော့ တိုင်းပြည်မှထွက်ခွာကုန်သောကြောင့်ဖြစ်၏။ အယ်ဖာမှ အပြစ်သားစာရင်းရှိလူများအား အပြစ်ပေးရှာဖွေ ဖမ်းဆီးနေချိန် ဘုရင်ကြီးသည် လည်း ဂျိတ်ပေး သောစာလိပ်ရှိ လူများအား လိုက်လံရှာဖွေနေ၏။ ထိုလူများသည် မိမိတိုင်းပြည်အတွက်များစွာအကျိုးပြုခဲ့ သော်လည်း အကျိုးမြတ်တစ်ခုမျှပင် ခံစားခွင့်မရလိုက်ကြ သောသူများဖြစ်ကြ၏။ ............. "ယောကျာ်း နားတော့လေ" အသက်ငါးဆယ်ကျော် မိန်းမတစ်ယောက်မှ ခြောက်ဆယ် အရွယ်ရှိလူကြီးအား နားခိုင်းနေ၏။ထိုလူကြီးသည် သူဌေး များ၏မြင်းများအား ကောင်းစွာပြုစုစောင့်ရှောက်ရပေသော မြင်းထိန်းအလုပ်ကို လုပ်ကိုင်နေရသူဖြစ်၏။ယခင်က သူ သည် တိုင်းပြည်အတွက် များစွာတာဝန်ထမ်းဆောင်ခဲ့ပါ သော်လည်း သူအတွက်ခံစားခွင့်တစ်စုံတစ်ရာမျှ မရရှိလိုက် ပေ။ သူသည်ယခင်ကအမတ်ကြီးဖြစ်သော်လည်း ရိုးသားစွာ တာဝန်ထမ်းဆောင်သောကြောင့် လစာမှတစ်ပါးတခြား ဝင်ငွေမရှိခဲ့။ပယ်ထုတ်ခံရသောအခါ အသက်ရွယ်ကြီးနေ သောကြောင့် ရရာအလုပ်ရှာကာ အသက်မွေးနေခြင်းဖြစ်၏။ အဆိုပါလူကြီးနဲ့မိန်းမတို့စကားပြောနေခိုက် ချပ်ဝတ်တန်ဆာ များဝတ်ဆင်ထားသောစစ်သည်နှစ်ယောက်သည် ရောက်ရှိ လာ၏။ သူတို့ရောက်လာသည်နဲ့ အဆိုလင်မယားမှာ အရိုသေပေး၏။ "ဘုရင့်၏အမိန့်တော်" စစ်သည်တော်၏စကားကြောင့် ချက်ချင်းပင် လင်မယားနှစ် ယောက်လုံး ဒူးထောက်ထိုင်လိုက်ကြ၏။ "နိုက် မနက်ဖြန်ကစပြီးသင့်ရဲ့ရာထူးနေရာမှာ ပြန်လည် တာဝန်ထမ်းဆောင်ရန်အမိန့်ချလိုက်သည်" ထိုသို့ဆိုပြီးသည်နဲ့ စစ်သည်တော်နှစ်ယောက်မှာ ပြန်လည်ထွက် ခွာသွား၏။ပြန်ထွက်သွားသောအခါ အဆိုပါ လင်မယား၏မျက်လုံးများ၌ မျက်ရည်များကျဆင်းနေ ကြောင်းတွေ့ရမည်ဖြစ်၏။ထိုမျက်ရည်များသည် ဝမ်းသာ လွန်းသောကြောင့်ကျသောမျက်ရည်များသာဖြစ်ပေသည်။ မိဖုရားလက်ထက်၌ပြုတ်ခဲ့သောရာထူးအားပြန်ရမည်ဟုပင် တစ်ခါမှမတွေးမိသောကြောင့်ဖြစ်၏။ယခုအခါမှာ ပြန်ရပြီ ဖြစ်သောကြောင့် အတိုင်းမသိဝမ်းသာမိ၏.။ ထိုသို့သော ဖြစ်ရပ်မျိုးများကား အဆက်မပြတ်ဆိုသလိုဖြစ် ပျက်လာ၏။ဖယ်ရှားခံရသော လူကောင်းများအား မူလနေရာ ပြန်လည်ရောက်ရှိရေး ထိုက်သင့်သော အခွင့်ရေးရရှိစေရန် ဘုရင်မှ တစ်ယောက်ပင်လစ်ဟင်းစေခြင်းမရှိပဲ အတိကျ လုပ်ဆောင်စေ၏။ ဘုရင်ကြီးအနေနဲ့ ထိုကိစ္စသည် ပင်ပန်းခဲ့ယဥ်းသည်လည်း မဟုတ် လုပ်ဆောင်ရန်အကြောင်းရာအားလုံးသည် ဂျိတ်ပေး ထားသောစာရွက်၌ရှိနေရာ ထိုစာရွက်အတိုင်း. မိမိ လက်အောက်များအား ဆောင်ရွက်စေရုံသာဖြစ်၏။ ဂျိတ်၏စာရွက်၌ ထိုလူသည် မည်မျှအတွက်ကောင်းကျိုးပြုခဲ့ ပြီး မည်သည့်အချိန်၌ သူတစ်ပါးကြောင့် ဆုံးရှုံးနှစ်နာခဲ့ရပြီး မည်မျှအကျိုးခံစားခွင့်ရှိသင့်ကြောင်းအထိပါ တစ်ခါတည်း ရေးသားထားခြင်းဖြစ်၏။ ထို့ကြောင့်လည်း ရှေ့က နိုက်ဟူသောမြင်းထိန်းကြီးသည် သူ၏ယခင်ရာထူးဖြစ်သောအမတ်ကြီးနေရာသို့ပြန်လည် တာဝန်ထမ်းဆောင်ရန် ဂျိတ်၏စာရွက်၌အကြံပြုရေးသား ထားသောကြောင့် ပြန်လည်တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ခြင်း လည်းဖြစ်သည်။ နောက်တစ်ပတ်ခန့်ကြာသောအခါ ဂရိတ်တိုင်းပြည်၏အခြေ နေသည်ကောင်းသောလက္ခဏာဆောင်သောအခြေနေသို့ ရောက်ရှိလာပြီဖြစ်၏။အယ်ဖာ၏လုပ်ဆောင်ချက်ကြောင့် အပြစ်သားများကင်းစင်သွားသလို ဘုရင်ကြီး၏ဆောင်ရွက် ပေးမှုကြောင့် နစ်နာဆုံးရှုံးရသောလူများကလည်း ထိုက်သင့် သောလျှော်ကြေးကိုရရှိလိုက်ကြ၏။ လူကောင်းများသည်လည်း သူ့နေရာနဲ့သူအံဝင်ခွင်ကြဖြစ်လာ ပြီး ရာထူးနဲ့ထိုက်တန်သောသူများကလည်း ထိုက်တန်စွာ ပိုင်ဆိုင်နိုင်ပြီဖြစ်၏။ရာထူးနဲ့ထိုက်တန်မှုရှိသော အရည်ချင်း ရှိသူများ လည်း သူ့အနေရာသူ အနေထားသို့ပြန်လည်ရောက် ရှိလာကြ၏။ ထိုအခါ ဂရိတ်တိုင်းပြည်သည်သာယာလာပြီဖြစ်၏။ သို့သော်လည်း ထိုအခြေနေသည် မည်မျှအချိန် ကြာကြာခံနိုင် မည်ကိုတော့မသိရသေးပေ။ ထိုသို့သောကောင်းမွန်သော ခေတ်ကာလလေးသည် ကပ်ပျက်ကြီးမရောက်ခင်သာယာနေ ကြောင်းသာ ဖြစ်ကြောင်း တိုင်းပြည်အရေးသိသူများ ကတော့ သိရှိနေပြီးဖြစ်၏။ ညပိုင်းအစည်းဝေး. နေရာကား နန်းတော်၏အစည်းဝေးပြုလုပ်ရာ ခန်းမ.... ထိုခန်းမကြီးသည် ဘုရင်ကိုယ်တိုင် ဂျိတ်ကြောင့်လွတ်မြောက် ခဲ့ရသောနေရာလည်းဖြစ်ပြီး ယခုအချိန်၌ ဘုရင်ကိုယ်တိုင် အစည်းဝေးကိုပြုလုပ်နေရ၏။ အစည်းဝေး၌ မိဖုရားကြီးခေါ်စဥ်က ယောင်၍ပင်မလာသော စစ်သူကြီးများနဲ့ အတိုင်ပင်ခံဖယ် မိဖုရားကြီး လက်ထက်၌ဖယ်ရှားခြင်းခံရပြီး ယ ခုချိန်၌ပြန်လည်တာဝန် ထမ်းဆောင်နေသော မူးကြီးမတ်ရာများရှိနေကြ၏။ "ကျုပ်တို့ဘယ်လိုလုပ်ကြမတုန်း." ဘုရင်ကြီးသည် ခေါင်းခဲနေသောအခြေနေ၌ရောက်ရှိနေပြီ ဖြစ်၏။သူရှေ့က စာရင်းစာရွက်များက အင်မတန်ခေါင်းစား အောင်လုပ်ဆောာင်နိုင်ကြောင်း ဝန်ခံရပေမည်။ အားလုံးကလည်း တိတ်ဆိတ်နေကြ၏။မည်သူမျှက ဖြေရှင်း နိုင်ကြောင်း မပြောရဲကြပေ။ အကြောင်းကား.. မိဖုရားကြီးကား ကွပ်မျက်ပြီးသည့်အချိန်မှစ၍ ကျန်သော တိုင်းပြည်များမှ မိမိတိုင်းပြည်နဲ့ကူးသန်းရောင်းဝယ်ရေး ရပ်ဆိုင်းလိုက်ကြရာ တိုင်းပြည်ဝင်ငွေလျော့ကြရ၏။ထို့ပြင် အပြစ်ခံစာရင်း၌ရှိသော လူတစ်ချို့သည်တိုင်းပြည်အပြင် ဘက်သို့ ရရသမျှစည်းစိမ်များပါ သယ်ဆောင်သွားကြသော ကြောင့်ဖြစ်၏။ထို့စည်းစိမ်များသည် တိုင်းပြည်၏ဘဏ္ဏာငွေ များဖြစ်နေသည်ဖြစ်ရာ ပို၍ဆိုးရွားစေသည်။ထိုလူများသည် မိမိတိုင်းပြည်လက်အောက်တွင်မရှိရာ ပို၍ပင်ဖမ်းဆီးရန် ခက်ခဲစေ၏။ နောက်တစ်ချက်ကား အကျိုးမြတ်မရလိုက်ကြသော တိုင်းပြည်အတွက်လုပ်ကြွေးပြုသူများအား ထိုက်သင့်သောဆု လာဒ်ပေးသနားလိုက်ရာ တိုင်းပြည်၏ဘဏ္ဏာရေးသည် ဒီ အတိုင်းသာ ဆက်သွားနေလျှင် အနုတ်အောက်ရောက်၍ ပျက်စီးသွားတော့မည်ဖြစ်၏။ ထိုကိစ္စအားဖြေရှင်းနိုင်ရန် အားလုံးအားစုဝေးအစည်းဝေး ခေါ်လိုက်သည်ဖြစ်ပြီးအကြံညဏ်တောင်းခံလိုက်ခြင်းလည်း ဖြစ်၏။သိူ့သော်လည်း မည်သူကမျှထိုအခြေနေအား ထိထိ ရောက်ရောက်ဖြေရှင်းနိူင်ခြင်းမရှိပေ။ တစ်စွန်းတစ်စထွက်ပေါ်လာသောအကြံများကလည်း ဆင် ပါးစပ်သို့နှမ်းပက်နေသလိုသာဖြစ်ရာ အရာမဝင် မတွင်ကျယ် ပဲ ရှိနေ၏။ "နောက်ဆုံးအကြံဉာဏ်တစ်ခုတော့ရှိတယ်" အတိုင်ပင်ခံဖယ် မှပြောခြင်းဖြစ်၏။ထိုအခက်ခဲမှ လွတ်မြောက်ရန် နည်းတစ်ခုသာရှိကြောင်း ပြောရာ အားလုံး၏မျက်ဝန်းများတောက်ပသွား၏။ "ဒါဆိုပြောပြပါဦး အတိုင်ပင်ခံ" အားလုံးအားကိုးတကြီး စောင့်ဆိုင်းလိုက်ကြ၏။ အတိုင်ပင်ခံ၏ပါးစပ်မှ ထွက်လာသည်ကား "ဂျိတ်...ဆရာဂျိတ် သူပဲကယ်တင်နိုင်မှာ" ထိုစကားကြောင့် အားလုံး စိတ်လျော့လိုက်ကြရပြန်၏။ဂရိတ် တိုင်းပြည်အား အနုတ်ဘက်မှအပေါင်းဆောင်အောင်လုပ်ခဲ့ သောသူ ဂရိတ်တိုင်းပြည်အား ပြိုင်ပွဲ၌ ပထမရရှိစေသောသူ တစ်ချက်တည်းဖြင့် သိန်းရှစ်ရာရှာနိုင်သူ စသည့်အကြောင်း များအား ပြန်လည်တွေးမိလိုက်ကြ၏။ ထိုသို့သော သတင်းများကြောင့် ဂျိတ်သည် မဖြစ်နိုင်သော အရာများကို လုပ်နိုင်သည့်လူဟု အားလုံးယုံကြည်သိရှိပြီး သားဖြစ်၏။ထိုသို့သောလူကသာ တိုင်းပြည်အား ကယ်တင် နိုင်မည်ဖြစ်၏။ "ဒါပေမဲ့ ဖြစ်ပါမလား" ဘုရင်ကြီးမှဆိုလိုက်ခြင်းဖြစ်၏။သူ့အနေဖြင့် အကြွေးပင် တင်ထားသေးသည်ဖြစ်၏။ ဆပ်ပင်မဆပ်ရသေးပဲ နောက်ထပ်အကြွေးထပ်ယူရန်ကမဖြစ်နိုင်သောကိစ္စပင် ဖြစ်၏။ "အဲ့အကြောင်း ကျုပ်သိပါတယ် ဒါပေမဲ့ သူကူညီလာနိုင် အောင် လုပ်တဲ့နည်းတစ်ခုတော့ရှိတယ်" အတိုင်ခံ၏စကားကြောင့် အားလုံးတလေးတစားဖြင့် မျှော် လင့်လိုက်ကြပေ၏။သူတို့တိုင်းပြည်၏ချောက်ထဲမကျရေး သည် ဂျိတ်ဆိုသောလူထံကျရောက်နေပြီဖြစ်၏။