← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

(199)

သာယာလှသောမနက်ခင်း အချိန် ဒီယေဂိုမြို့လေးကား ယခင်အတိုင်းသာယာမြဲဖြစ်၏။ဒီယေဂို မြို့အပြင်စပ်စည်းအနီးရှိ ခြံလေးတစ်ခြံသည်လည်း ယနေ့ကျမှ ပိုမိုလှပနေ၏။ခြံဝတွင်ထားရှိသော ယုန်ရုပ်ကြီး နှစ်ရုပ်ကလည်း ပိုမိုတောက်ပအသက်ဝင်နေ၏။ အကြောင်းကား ခြံပိုင်ရှင်ပြန်ရောက်လာသောကြောင့်ဖြစ်၏။ ခြံပိုင်ရှင်သည် တစ်ခြားသူမဟုတ်ပဲ ဂျိတ်ဖြစ်၏။ "မောင် နဲ့အခုလိုနေရတာ အရမ်းပျော်တာပဲ" ထိုစကားကိုဆိုသောသူကတော့ အယ်လီနာပင်ဖြစ်၏။လက်ရှိ အ​ခြေနေ၌အယ်လီနာသည် ဂျိတ်၏ရင်ခွင်ထဲ၌မှီထားရင်း ပြောခြင်းဖြစ်၏။ သူတို့နှစ်ယောက်သည် ခမ်းနားလှပသောနှစ်ယောက်အိပ်ကု တင်၌ အိပ်စက်နေကြခြင်းဖြစ်၏။မနေ့ညမှ ​ပြန်ရောက်လာ သော ဂျိတ်နဲ့တစ်ညလုံး ချစ်ရည်ဆမ်းပြီး မိုးလင်းခါနီးမှ အိပ်ပျော်သွားကြ ခြင်းဖြစ်၏။ အယ်လီနာမှအရင်စောစွာ အိပ်ရာနိူးလာခြင်းဖြစ်၏။ သူမ၏လက်ရှိပုံစံသည် ညအိပ်ဝတ်စုံအဖြူလေးဖြင့် လှပ နေ၏။ညအိပ်ဝတ်စုံသည် ခမ်းနားပြီးလှပလှ၏။ထိုအဝတ် စားကို အယ်လီနာမှဝတ်ဆင်သောအခါ မြင်သူတိုင်း ရူးသွားနိုင်သည်အထိ အလှကြီးလှပနေ၏။ထို့ကြောင့်လည်း ညကဂျိ တ်စိတ်မထိန်းနိုင်လိုက်ခြင်းဖြစ်၏။ ညက ဂျိတ်၏အကွက်များအောက်၌သူမသာယာနှစ်မြော သွားခဲ့ရသည်ကိုတွေးရင် ရှက်သွေးဖြာမိ၏။(အဟမ်းးးးဟ မ်း) သူမ၏ဘဝ၌ အပျော်ရွှင်ဆုံးအချိန်များကား ဂျိတ်နဲ့စတင် တွေ့ဆုံခဲ့သောအချိန်နဲ့ယခုလိုနေ့ရက်များပင်ဖြစ်၏။ဂျိတ်မှာ ယခင်လိုမဟုတ်ကြောင်း ပိုမိုပြီးသန်မာလာပြီး သူမထင်ပင် အစွမ်းထက်လာကြောင်း ရိပ်စားမိ၏။ထို့ကြောင့်လည်း သူမပိုမိုဝမ်းသာကျေနပ်မိရ၏။ထိုစကားကိုပြောချိန်၌ ဂျိတ် သည်အိပ်မောကျနေ၏။ထို့ကြောင့် တီးတိုးစွာဆိုနေမိ၏။ "မောင်ကို ချစ်တယ်" ရင်ခွင်ထဲမှီနေရင်းမှ ဂျိတ်၏ဝမ်းဗိုက်ကြွက်သားများအား သွယ်လျလှပသောလက်ချောင်းလေးများဖြင့် ကစားနေ၏။ ဂျိတ်၏ကိုယ်ခန္ဧာသည် အလွန်မိုက်နေကြောင်း သူမဝန်ခံရ မည်ဖြစ်၏။ ဂျိတ်နဲ့စတွေ့စဥ်က သူ၏ကိုယ်မှ သာမန်ပင်ဖြစ်သော်လည်း ယခုအခါ၌သူ၏ကိုယ်ခန္ဓာမှ နတ်သားတစ်ပါး၏ကိုယ်ခန္ဓာ အလား ခန့်ညားလှ၏။ ဂျိတ်၏(six path)ဝမ်းဗိုက်ကြွက်သားများသည် ပန်းပုထုသည့်အလား အချိုးစားညီညာစွာတည်ရှိ၏။ သူမယောကျာ်းအား တခြားသောမိန်းမပျိုများမှ လုယူသွား မည်ကိုလည်းစိုးရိမ်မိသေး၏။မပြောနိုင်ပေ သူတို့၏ကမ္ဘာ သည် ခွန်အားကြီးသူ၏ဆုံးဖြတ်ချက်ကသာ အမှန်ဖြစ်သော ကြောင့်ဖြစ်၏။ "မောင်ကိုဘာဖြစ်တယ် မကြားလို့ထပ်ပြောပေးပါဦး" ဂျိတ် အယ်လီနာအားပြော၏။ဂျိတ်အိပ်နေသည်ထင်သော ကြောင့် ပြောမိခြင်းဖြစ်ရာ ဂျိတ်ကြားသွားမည်ဟုမထင်ထား ပေ။ "သွား လူဆိုး " အယ်လီနာ ရှက်ရမ်းရမ်းပြီး သူမ၏လက်သီးဆုပ်လေးဖြင့် ဂျိတ်၏ရင်အုံအား ခပ်ဖွဖွထု၏။ ."အား နာလိုက်တာ မလုပ်ပါနဲ့" ဂျိတ်မှ ပြာသလဲလဲပုံစံဟန်ဆောင်ကာပြော၏။ဟန်ဆောင်နေ မှန်းလည်း အယ်လီနာသိ၏။စစ်သည်တော်တစ်ယောက်အား ထိုထုချက်က ဘယ်လိုမှမနေကြောင်းဘာမှမဖြစ်ကြောင်း သိ၏။ဂျိတ်မှတမင်ဟုတ်လုပ်နေကြောင်း သိ၏။ "ရှင် ဟန်လုပ်နေပြန်ပြီသိလား ရှင်ကအရင်ကထက် ပို လူလည်ကျလာပြီ" အယ်လီနာမှ ဆို၏။ "မဟုတ်ဘူးမိန်းမ မိန်းမက ကိုယ့်ရဲ့ရင်ထဲမှာသိမ်းထားတာ လေ အဲ့တာကို မိန်းမကကိုယ့်ရင်ကိုထုတော့ ကိုယ့်မိန်းမက နာကျင်သွားမှာစိုးရိမ်မှာစိုးလို့ပါ" "ရှင် တော်တော်ဆိုး" အယ်လီနာမှ ရှက်ရမ်းပြီးမျက်နှာများနီရဲလာ၏။သူမသည် ဂျိတ်နဲ့သမီး​လေးပင် ရပြီဖြစ်သော်လည်း ယခုချိန်ထိရှက်နေ ဆဲဖြစ်၏။ "ဘုတ်" သူတို့နှစ်ဦးကြားသို့တစ်စုံတစ်ခုက ခုန်ဝင်လာ၏။ထိုသူကား တစ်ခြားမဟုတ် သူတို့၏သမီးလေးအယ်မလီပင်ဖြစ်၏။ "ဖီဖီတို့နော် မီးကိုလဲခေါ်ဘူး မီးလဲ စကားအတူပြောချင်ပါ တယ်နော်" အယ်မလီလေးမှ စူပုတ်ပုတ်အမူရာဖြင့်ဆိုရာ နှစ်ယောက်သား ရယ်မိကြသေး၏။သူတို့သမီးလေးမှာ အလွန်ပင်ချစ်စရာ ကောင်းသောကြောင့် ဖြစ်၏။ နောက်တစ်ယောက်တိုးလာသောကြောင့် မိမိတို့နှစ်ယောက်အ ရင်လိုကဲချင်တိုင်း ကဲမနေသင့်ကြောင့် နှစ်ယောက်သား ကိုယ့် ကိုကိုယ် သတိပေးလိုက်ကြ၏။ မနက်ခင်းကား သာယာလှပစွာစတင်ခဲ့ပြီဖြစ်၏။ ဂျိတ်လည်း သမီးလေး ဇနီးဖြစ်သူနဲ့အတူ မနက်စာစား သောက်လိုက်ကြ၏။စားသောက်ကြရာတွင်လည်း အယ်မလီ လေးမှ "ရော့ ဖီဖီစား မီမီစား" တစ်လှည့်စီခွံကြွေးနေသေးရာ နှစ်ယောက်သားအတိုင်းမသိ ပျော်ရွှင်မိကြသေး၏။နောက်တော့ ဂျိတ်မှာလည်း သမီးဖြစ် သူအား အားကျမခံ မိမိဖက်မှ တစ်လှည့်စီ ပြန်လည်ခွံ ကြွေး၏။ မိဘများအတွက် သားသမီးဆိုသည်မှာ အိမ်ကိုသာယာပျော် ရွှင်စေသော အိမ်ဆည်းလည်းလေးတစ်ခုဖြစ်ကြောင်း ဂျိတ် ခံစားနားလည်လာ၏။သူလည်းယခင်ဘဝက တစ်ကိုယ်တော် တစ်ကောင်ကြွက်ဖြစ်ပြီး ထိုလိုမိသားစုဘဝမျိုး လိုလားတော င့်တမိသူဖြစ်၏။ယခုမှ ထိုအခွင့်ရေးရရှိလာပြီဖြစ်ရာ အလွန် ပင်ကျေနပ်မိသည်။ထိုအခွင့်ရေးကို ဘယ်တော့မှ အဆုံးရှုံးမ ခံပဲ အမြဲဆုပ်ကိုင်ထားမည်ဟုလည်း ကြုံးဝါးမိ၏။ စားသောက်ပြီးကြသောအချိန်၌ "ဒေါက် ဒေါက်" ခြံရှေ့မှ အသံကြောင့် ဂျိတ်လည်း အထူးဆန်းအနည်းငယ် ဖြစ်သွားရ၏။ဘယ်သူများ ရောက်လာပြန်သနည်း။ အပြင်ထွက်၍ကြည့်လိုက်သောအခါမှ "ဖယ်ရယ် ဘာလို့ရောက်လာရတာလဲ" အသံပေးသူမှာ ဂရိတိုင်းပြည်၏အတိုင်ပင်ခံဖြစ်သလဲ မိမိ၏အင်းပညာအား သင်ယူနေသူဖြစ်တလဲ ဖယ်ပင်ဖြစ်၏။ သူ၏နောက်တွင်ကား အယ်ဖာပါ၏။ ဖယ် ဖြစ်သောကြောင့် ဂျိတ်လည်း တံခါးဖွင့်ပြီး ဝင်စေ၏။ဂျိ တ်၏လက်ထဲ၌လည်း အယ်မလီလေးအား ပွေ့ချီထား၏။ မနက်စာစားသောက်ပြီးချိန်ဖြစ်သောကြောင့် အယ်မလီလေး သည် စတော်ဘယ်ရီချိုချဥ်လေးအား အရသာခံနေ၏။ "အကြောင်းရင်းကတော့ဒီလိုပါ" ဖယ်လည်း မိမိရောက်လာရခြင်းအကြောင်းကိုစတင်ပြော ပြ၏။ "ဒီလိုပါ ဆရာ..ကျနော်တို့ရဲ့တိုင်းပြည်က တကယ်တော့အခြေ နေမကောင်းတော့ပါဘူး ဒါကိုကယ်တင်နိုင်တာ ဆရာပဲရှိပါ တယ် ကျေးဇူးပြုပြီးကယ်တင်ပေးပါ" ဖယ်၏စကားကြောင့် ဂျိတ်လည်းအသာပင်ခေါင်းခါရမ်းကာ "နေပါစေ ကျနော်ဘုရင်ကိုတစ်ခေါက် ကူညီပေးပြီပါပြီ ဒီ လောက်နဲ့ပဲ တော်သင့်ပါပြီ" ကူညီစရာလား တိုင်းပြည်ရေးကိစ္စသည်လွန်စွာပင်ရှုပ်ထွေး လှ၏။သူတွင် ချစ်စရာကောင်းသောသမီးလေးနဲ့ချစ်ရသော မိန်းမချောလေးရှိနေသည်ဖြစ်ရာ အဘယ်ကြောင့် သူတို့အား အဝေးထားပြီး တိုင်းပြည်ရေးလုပ်နေရမည်နည်း။ကိုယ့် မိသားစုအသိုက်မြုံလေးနဲ့အတူသာ ပျော်ပျော်ရွှင်ရွှင်နေသည် ကပင် အကောင်းဆုံးပင်ဖြစ်ပေ၏။ ဖယ်လည်း ဂျိတ်ငြင်းမည်ဖြစ်ကြောင်းသိထားပြီးဖြစ် သော်လည်း လက်တွေ့ရင်ဆိုင်ရသောအခါတွင်တော့ စိုးရိမ် စိတ်ကရှိနေစမြဲဖြစ်၏။ "တကယ်တော့ ဆရာသာကူညီမယ်ဆိုရင် တိုင်းပြည်ရဲ့ဘုရင် နေရာလဲ ပေးပါမယ်လို့ဘုရင်ကြီးက ပြောသွားပါတယ်" နောက်ဆုံးအားကိုးရသောအခွင့်ရေးဖြင့် ဖယ် ကမ်းလှမ်း၏။ "ဘုရင်နေရာလဲ စိတ်မဝင်စားဘူး မကူညီနိုင်ပါဘူး" မည်သို့ပင်ပေးကမ်းနေပါးစေ ဂျိတ်ကတော့ငြင်းဆန်မြဲ ဖြစ်၏။ "ဘိုးဘိုး

ဖီဖီဘုရင်ကြီးဖြစ်ရင် မီးမီးလဲ မင်းသမီးလေး ဖြစ်လာမှာပေါ့နော်" အယ်မလီလေးမှ ကြားဖြတ်ဝင်ပြော၏။ကလေးမ၏စကား ကြောင့် "ဟုတ်တာပေါ့ သမီးလေးရဲ့ သမီးဖေဖေသာဘုရင်ဖြစ်လဲ သမီးလေးလဲ မင်းသမီးလေးဖြစ်ပြီး သမီးမေမေလဲ ဘုရင်မ ကြီးဖြစ်လာမှာပေါ့" အယ်မလီ၏အပြောကြောင့်ဖယ်လည်း ဝမ်းသာအားရ ပြော၏။ဂျိတ်၏အခရာသည် အယ်မလီလေးဖြစ်ကြောင်း လည်း သူကောင်းစွာသိထား၏။ "ဒါဆို ဖီဖီဘုရင်လုပ်လေ မီးမီး မင်းသမီးလေးဖြစ်ချင်တယ်" ချစ်စရာကောင်းသောမျက်လုံးရွဲဲကြီးဖြင့် ဂျိတ်အားပူဆာ လေ၏။သူ၏လက်တွင်လည်း စတော်ဘယ်ရီချိုချဥ်လေးက ကိုင်ထားမြဲဖြစ်၏။ ("အင်း ငလူး ဖယ်") ဂျိတ်သည် ဖယ်မှမိမိအားသမီးလေးဖြင့်တစ်ပတ်ရိုက်သွား ကြောင်း သိ၏။ဖယ်အားမိမိသာငြင်းမည်ဖြစ်သော်လည်း မိမိ သည် အယ်မလီလေး၏ဆန္ဒအားမငြင်းနိုင်ကြောင်း သူသိ ထားသောကြောင့်ဖြစ်၏။ ("စနစ် ဘုရင်လုပ်ရင်ငါဘာရနိုင်လဲ") စိတ်မှစနစ်အား အကြံတောင်း၏။ ("ရနိုင်တဲ့အကျိုးကျေးဇူးကတော့ ......") ရှည်လျားသောစာကြောင်းရှည်ကြီး ဂျိတ်၏စိတ်ထဲရောက်ရှိ လာ၏။စာအကြောင်းရှည်ကြီးမှာ ကောင်းကြောင်းသာပြော နေသည်ဖြစ်ရာ "ကောင်းပြီ ကျုပ်လက်ခံတယ်" ဖယ်လည်း ဂျိတ်၏လက်ခံမှုကြောင်းအလွန်ပင်ပျော်ရွှင် သွား၏။သူတို့၏တိုင်းပြည်သည် ပြန်လည်နာလည်ထူထောင် နိုင်မည်ဖြစ်ကြောင်း သိရှိလိုက်ပြီဖြစ်သည်။အယ်ဖာကတော့ ဝမ်းသာကြောင်း ပါးစပ်မှထုတ်မပြောသော်လည်း သူ၏အပြုံးများကိုကြည့်ကာ သိရှိနိုင်လေသည်.။ အပျော်ဆုံးကတော့ အယ်မလီလေးပင်ဖြစ်၏။ချိုချဥ်စုပ်နေ ရင်းမှ မင်းသမီးလေးဖြစ်တော့ဖြစ်ကြောင်း တွေးရင်းပြော နေခြင်းပင်ဖြစ်၏။သူပျော်နေသည်ကို ကြည့်ရင်းပြုံးနေသူ ကတော့ ဂျိတ်ပင်ဖြစ်လေတော့၏.။

(200)

အတိုင်ပင်ခံတစ်ယောက် ဂျိတ်နဲ့တွေ့ဆုံပြီးနှစ်ရက်မြောက်နေ့ နန်းတော်တစ်နေရာ၏လျှို့ဝှက်သောနေရာတစ်ခု၌ "ကျုပ်တို့တော့ မလက်ခံနိုင်ပါဘူး" စစ်သူကြီးများ၏ခေါင်းဆောင်ဖြစ်သူ ဂေဇာမှငြင်းပယ်လိုက် ခြင်းဖြစ်၏။သူတို့ခြောက်​ယောက်လုံးသည် ဂျိတ်ဘုရင်ဖြစ် ရန်အ​ကြောင်းကို ကြားပြီးနောက် အယ်ဖာမှလွှဲ၍ကျန်သော သူများက ငြင်းဆန်နေကြ၏။ ထိုအခြေနေအား ဘုရင်ကြီးနဲ့အတိုင်ပင်ခံတို့မှ ဘေးမှ နေ၍စောင့်ကြည့်နေကြ၏။တစ်ခွန်းမှ ဝင်ရောက်ဖက်စွက် ခြင်းလည်းမရှိပေ။ ဂရိတ်တိုင်းပြည်၏ဘုရင်ဖြစ် လိုပါက အချက်နှစ်ချက်ပြည့်စုံမှရ၏။ပထမအချက်သည် ယခင်ဘုရင်၏လိုလိုလားလားပေးအပ်မှူကို ရရှိရမည် ဖြစ်သည်။ထို့အချက်ကို ဂျိတ်မှရရှိပြီးထားပြီဖြစ်၏။ နောက်တစ်ချက်ကား ဂရိတ်တိုင်းပြည်၏စစ်သူကြီးများ၏ခွ င့်ပြုချက်လို၏။​ခြောက်ယောက်တွင် တစ်ယောက်၏ခွင့်ပြု ချက်သာရရှိသေးရာ ကျန်သောငါး​ယောက်ကျန်နေသေး၏။ ဂရိတ်တိုင်းပြည်၏စစ်သူကြီးခြောက်ယောက်မှာ အယ်ဖာ ဘီတာ(မင်းသားအိုရစ်အားကုသပေးသူ) ဖွိုင် လက် မက်စ် စစ်သူကြီးချုပ်ဂေဇာ တို့ဖြစ်၏။ "ဒါဆိုနည်းလမ်းဟောင်းကြီးသုံးမယ်" ဂရိတ်ဘုရင်နဲ့အတိုင်ပင်တို့၏မျက်လုံးများတောက်ပသွား၏။ ဂျိတ်၏သိုင်းအဆင့်မှာ မည်မျှရှိပြီးမည်မျှအစွမ်းထက် ကြောင်းသိလိုနေကြ၏။ သူတို့မသိသည်က အနီးကပ်နေခဲ့သောအယ်ဖာပင်မမြင်ဖူး ကြောင်းပင်။နည်းလမ်းဟောင်းကြီးဆို၍ ကျန်သောစစ်သူကြီး များ၏မျက်လုံးများ တောက်ပလာ၏။ နည်းလမ်းဟောင်းကြီးဆိုသည်မှာ စစ်သူကြီး​ခြောက် ယောက်လုံးအား အနိုင်ယူပြီး သူတို့၏လေးစားမှုကိုရယူ ရန်ဖြစ်၏။ဂျိတ်မှ နည်းလမ်းဟောင်းဆိုရာ သူတို့မျက်ဝန်း များတောက်ပလာရခြင်းဖြစ်၏။ ဂရိတ်ဘုရင်လည်းအတော်စိတ်ဝင်စားနေ၏။သူအား ဂျိတ် သည်ရွှေအဆင့်ဖြင့်လက်သီးတစ်ချက်တည်းသုံးကာ ထိခိုက် စေနိုင်ခဲ့၏။ယခုမှာ သူဘယ်အဆင့်ရောက်နေကြောင်း သူ ကိုယ်တိုင်လည်းဂျိတ်အား အာရုံခံမရဖြစ်နေ၏။ ထို့​ကြောင့် ကြည့်ရှုရန်စိတ်အားထက်သန်နေခြင်းဖြစ်၏။ အတိုင်ပင်ခံ(ဖယ်)ကတော့ မည်သူနိုင်မည်ဖြစ်ကြောင်းသိ သော်လည်း သူတစ်ခွန်းမျှဟမည်မဟုတ်ပေ။ "ဒါဆို နည်းလမ်းဟောင်းအတိုင်းလုပ်ကြတာပေါ့ ဘယ်သူ့ကို အရင်စိန်ခေါ်မလဲ" ဂေဇာမှ ပြော၏။ဂျိတ်သည် နည်းလမ်းဟောင်းအတိုင်းသုံး မည်ပြောသောကြောင့် မည်သူအားအရင်ဆုံးစတင်စိန်ခေါ် မည်နည်းဟုမေးခြင်းဖြစ်၏။ "အချိန်ကုန်တယ် ခြောက်ယောက်လုံးလာတစ်ပြိုင်တည်းချ မယ်" "ဟ ဒါတော့လွန်သွားပြီ" ဂျိတ်၏ပြောချက်ကြောင့် အယ်ဖာမှကျန်သူများတစ်ပါးဒေါသ ထွက်သွားကြ၏။ "ကောင်းပြီ ဒါဆိုလည်းချကြတာပေါ့" စစ်သူကြီးများလည်း မိမိတို့၏လက်စွဲတော်လက်နက်များကို ကိုင်ဆောင်လိုက်ကြ၏။သူတို့စိတ်ထဲရှိသည်ကား ဂျိတ်အား မှတ်လောက်သားလောက်အောင်ပညာပေးမည်ဟူ၍ဖြစ်၏။ မိမိတို့တိုင်းပြည်အား ပြိုင်ပွဲ၌ ပထမယူပေးသောကြောင့် ဆို သောအချက်ကြောင့်အနည်းငယ်တော့ပညာပေးရမည်ဟုသူ တို့တွေးထင်ထား၏။ အယ်ဖာသည် ဓား ဘီတာသည် ကြာပွတ် ဂေဇာသည် ဓားကြီး ဖွိုင်သည် ဓားမြောင်(လုပ်ကြံရေးကျွမ်းကျင်သူ) မက်စ်သည် ဓားနဲ့ဒိုင်း လက် သည် လှံ စသည်ဖြင့်အသီးသီး စွဲကိုင်ကာ အသင့်ပြင်အနေထားဖြင့် တိုက်ပွဲစရန် နေလိုက်ကြ၏။သူတို့လည်းပြင်ဆင်မှတော့ ဂျိတ် လည်း တိုက်ကွက်ပြင်လိုက်ရ၏။ သူ၏ပုံစံကား ဂျက်ကီချန်း၏သိုင်းကွက်ခင်းပုံနဲ့ပင်ဆင် သေး၏။ "အယ်ဖာ ငါတို့ကိုသူ့အ​ကြောင်းနည်းနည်းပြောပါလား သိ ထားရင်ပိုကောင်းတာပေါ့" "ဟုတ်တယ်" ဘီတာမှဆိုသော စကားကို ဂေဇာလည်းထောက်ခံ၏။ "ကောင်းပြီ သူ့အဆင့်ကပလက်တီနမ်အဆင့်ငါးရောက်နေ ပြီ..ပြီးတော့" "နေဦး မင်းဘာပြောတာ" ကျန်သောစစ်သူကြီးများ ဆွံအသွား၏။သူတို့ထိုစကား ကြားလိုက်ရချိန်၌ လောကကြီးတစ်ခုလုံး သွက်သွက်ခါသွား သကဲ့သို့ခံစားလိုက်ကြရ၏။ "ဟုတ်တယ် သူကပလက်တီနမ်အဆင့်ငါးလေ ပြီးတော့ စွန်ရဲ အင်ပါယာရဲ့စစ်သူကြီးကိုတောင်ဖြဲလာတာ" ငင့် တိုက်ပွဲဝင်ရန်အသင့်အနေထားဖြင့်ဖြစ်နေသောသူတို့၏ကိုယ် များတောင့်တင်းသွားသလိုခံစားလိုက်ကြရ၏။သူတို့သည် လောကကြီးတစ်ခုလုံးမှားယွင်းနေပါလေစ ဟူသောအတွေး များပင်ဝင်လာကြ၏။ ("အမေ့သားတော့ သွားပြီထင်တယ်") သူတို့ငါးယောက်စိတ်ထဲကြွေးကြော်လိုက်ကြ၏။အယ်ဖာအား အစောကတည်းက မမေးမိသည်ကပင် သူတို့၏အပြစ်ဟုပင် ထင်လာ၏။ အစောပိုင်း၌အယ်ဖာအား မပြောပြလေခြင်းဆို၍အပြစ်တင် ရန်ကြံစည်မိလိုက်သေး၏။သို့သော် အယ်ဖာ၏ပင်ကိုယ် သဘောထားကို သူတို့သိထားပြီးဖြစ်၏။အယ်ဖာသည် သူ့ အားမမေးပါက ပြောပြခြင်းမရှိကြောင်း သူတို့သိရှိထားပြီး ဖြစ်၏။ ဂျိတ်သည် ပလက်တီနမ်အဆင့်ဖြစ်ရုံသာမက စွန်ရဲအင်ပါ ယာ၏စစ်သူကြီးကိုပင် ဖြဲရဲသည်ဆိုပါလား။စွန်ရဲအင်ပါ ယာ၏စစ်သူကြီးကား မည်သူနည်း။ သူသွားရာလမ်းတစ်လျှောက် မသေသောရန်သူမရှိသလို သူ၏လက်၌အမြဲသွေးစွန်းနေတတ်သောကြောင့် သွေးစွန်း စစ်သူကြီးဟုတင်စားခေါ်ဝေါ်ခံထားရသူဖြစ်၏။ သူ၏တိုက်ပွဲများ၌ သူ၏လက်ချက်ကြောင့်ကျဆုံးသွားရ သော ပလက်တီနမ်အဆင့်စစ်သည်ပေါင်းမနည်းကြောင်း လည်း သူတို့သိရှိပြီးသားဖြစ်၏။ထိုလိုစစ်သူကြီးအား ပြန်လည်ဖြဲရဲသော ဂျိတ်အကြောင်းတွေးမိသောအခါ သူတို့ ဇောချွေးများ ကျဆင်းလာကြတော့၏။ "ငါတို့ဘယ်လိုလုပ်ကြမလဲ" ဂေဇာမှ ချာက္က ရာအစွမ်းသုံးကာ ကျန်သောစစ်သူကြီးလေးဦး အား မေးမြန်းလိုက်၏။ချာက္က ရာအစွမ်းသုံးပြီးစကားပြော ခြင်းသည် စိတ်ချင်းစကားပြောသည်နဲ့ ဆင်တူ၏။ "ငါတို့တိုက်မှ မတိုက်ရသေးတာ ငါတို့နားလည်မှုလွှဲတယ်ပြော ပြီးအလျော့ပေးလိုက်လျောလို့ရသေးတာပဲ" "ဟုတ်တယ် ငါတို့ကတိုက်မှမတိုက်ခိုက်ရသေးတာလေ" ဘီတာ၏စကားအား ကျန်သောလေးဦးမှထောက်ခံလိုက် ကြ၏။ ("နေစမ်းတစ်ခုခုမှားနေသေးသလိုပဲ") သူတို့မတိုက်ရန်ဆုံးဖြတ်လိုက်ကြသော်လည်း တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ကြရ၏။တိုက်ပွဲများစွာ ဖြတ်သန်းပြီးနောက် သူတို့အာရုံသည် တိကျမှန်ကန်လာသည် ဖြစ်၏။ထို့ကြောင့် သူတို့ခံစားနေရခြင်းသည် လုံးဝမှားနေ ခြင်းမဖြစ်နိုင်ပေ။ "ဟ မလုပ်နဲ့ဟ" သူတို့မေ့နေသောအချက်ရှိ၏။ဤသည်ကား အယ်ဖာမှ စတင် တိုက်ကွက်ထုတ်နေခြင်းကိုပင်ဖြစ်၏။ထိုအချက်ကိုတော့သူ တို့ သတိမထားမိခြင်းလည်းဖြစ်၏။ သူတို့ငါးယောက်လုံးကြ က်သီးမွှေးညှင်းများထလာ၏။အယ် ဖာမှ စတင်တိုက်ခိုက်လိုက်သောကြောင့်ဖြစ်၏။ "ဝံပုလွေဓားချက်" ("မဟုတ်ဘူး") ငါးယောက်လုံး နောက်ကျသွားပြီဖြစ်၏။ "ဝူးးးးဝူးး" ငွေရောင်တောက်ပသော ဝံပုလွေနှစ်ကောင်သည် အယ် ဖာ၏ဓားချက်မှနေ၍ ဖြာထွက်လာပြီး ဂျိတ်ထံပြေးဝင် သွား၏။သူတို့ပြေးရာလမ်းတစ်လျှောက်၌ ရေခဲမှုန့်များက ကြွင်းကျန်ရစ်၏။ "ဘယ်အဆင့်ထိရောက်သွားတာလဲ" ဂေဇာအံအားသင့်နေ၏။ဝံပုလွေနှစ်ကောင်ပင်မဆိုထားဘိနဲ့ ဝံပုလွေများပြေးရာမှ ကျန်နေသောအအေးဓာတ်ကပင်ရန်သူ အား ကောင်းကောင်းကြီး​ခြိမ်းခြောက်နိုင်စွမ်းရှိ၏။ ထိုအအေးဓာတ်ကြောင့် ရန်သူများသည် အေးခဲသွားပြီး လှုပ်ရှားမှုနှေးလာမည်ဖြစ်သည်။မသေနိုင်စေသော်လည်း တိုက်ပွဲ၌တစ်စက္က န့်ဟူသောအချိန်လေးသည်ပင် အရေးပါလှ သည်မဟုတ်ပါလား။ "ခွမ်း ခရက်" ပြေးလာသောငွေရောင်ဝံပုလွေနှစ်ကောင်သည် ဂျိ တ်၏အနားရောက်သည်နဲ့ ပေါက်ကွဲ၏။ပေါက်ကွဲသည်နဲ့ မြူ ငွေ့များအသွင်ပြောင်းလဲသွား၏။ ထိုမြူငွေ့များသည် ဂျိတ်အားလွှမ်းခြုံထား၏။ "ခဲစမ်း" အယ်ဖာမှဆိုသည်နဲ့ ထိုအငွေ့များသည် ချက်ချင်းရေခဲအသွင် ဆောင်၏။ထိုအခါ မြူကြားရောက်နေသောဂျိတ်သည် အလိုလိုနေရင်း ရေခဲတုံးထဲရောက်ရှိသွားရတော့၏။အငွေ့မှ အစိုင်ခဲဖြစ်တည်သောအခိုက်၌ ဂျိတ်ပါရောသွားခြင်းဖြစ်၏။ "အယ်ဖာ တော်တော်တိုးတက်လာတယ်" ဘုရင်ကြီး လက်ခံလိုက်၏။ထိုဓားကွက်ကြောင့် သူ၏သိုင်း အပေါ်နားလည်မှုက နောက်တစ်ဆင့်သို့တိုးတက်တော့မည် ဖြစ်ကြောင်း ရိပ်စားမိ၏။ယခင်ကလည်း သူသည် ဂျိ တ်၏လက်သီးချက်ကြောင့် နားလည်မှုများမြင့်တက်ခဲ့ရ သေး၏။ ("သူ ငါတို့ကိုကျော်သွားပြီပဲ သုံးလလောက်အချိန်လေးနဲ့") ကျန်သောစစ်သူကြီးများ လည်း လက်ခံလိုက်ကြရ၏။ "မင်းတိုးတက်လာတယ်မဆိုးဘူး" ထိုအသံကိုဆိုသူကား ရေခဲတုံးထဲမှ ဂျိတ်ဖြစ်၏။ "ခရက်....ခွမ်း..." ရေခဲတုံးက ကွဲအက်ပြီးပေါက်ကွဲသွား၏။ဂျိတ်လည်း ရေခဲ တုံးမှ ထွက်ပြီးသည်နဲ့ "ငါလည်း ဘုရင်ဖြစ်ဖို့လိုနေသေးတော့ နည်းနည်းပဲလုပ်မှာ ပါ" ထိုစကား​ကြောင့် စစ်သူကြီးများလည်း သတိပြန်ဝင်လာ၏။ မိမိတို့သည် ထိုလူနဲ့တိုက်ခိုက်ရမည်ကို အယ်ဖာ၏ဓားကွက်ကို မြင်သည့်အခိုက်ကြောင့် မေ့နေခြင်းဖြစ်၏။ (."ငလူး အယ်ဖာလုပ်လို့ငါတို့တော့ခံရပြီဟ") အယ်ဖာမှတိုက်ခိုက်ပြီးပြီ ဖြစ်ရာ နောက်ဆုတ်၍မရတော့ သူ တို့လည်း လက်စွဲတော်လက်နက်များကိုင်ဆောင်ကာ တိုက်ခိုက်လိုက်ကြတော့၏။ မကြာမီ အချိန်တွင်း၌ အော်ဟစ်သံများကား စတင်ပြန့်နှံလာ လေတော့၏။ နောက်နှစ်ရက်မြောက်နေ့ နန်းတော်ကြီးတစ်ခုလုံး ခန့်ညားထည်ဝါနေ၏။အကြောင်း ကား ယနေ့သည် ဘုရင်သစ်၏နန်းတက်ပွဲ ဖြစ်သောကြောင့် ဖြစ်သည်။ထို့ကြောင့် နန်းတော်တစ်ခုလုံးရှိ လူများ ထိုပွဲသို့ အာရုံရောက်ရှိနေကြ၏။ ဘုရင်သစ်ထိုင်ရန်ရာဇပလ္လ င်ကလည်း ဘုရင်သစ်အားစောင့် ဆိုင်းနေသည့်ပမာပင်။ "ဘုရင်ကြွချီလာပြီ" အခမ်းနားမှူးဖြစ်သော အတိုင်ပင်ခံမှကြေညာလိုက်၏။ ထိုအသံကြားလိုက်သည့်လူတိုင်း ချက်ချင်းပင် ဦးညွှတ်ကာ အရိုသေပြုလိုက်ကြသည်။ ဘုရင်သစ်သည် နန်းတော်ဝင်ပေါက်မှနေ၍တဖြေးဖြေးခြင်း ကြွမြန်းလာ၏။ ("တော်တော်ရာဇဟန်ပြည့်စုံပါပေတယ်") ဘုရင်ဟောင်းပင် ဂျိတ်အားကြည့်ရင်းလေးစားမိသည်။ ဂျိတ်သည် ယခုအခါ ရာဇဟန်အပြည့်ရှိ၏။ဘုရင်မင်းမြတ် ချပ်ဝတ်တန်ဆာဆင်ယင်လိုက်သောအခါ အလွန်ခန့်ညား ထည်ဝါလှသောမင်းတစ်ပါးအဖြစ်ပြောင်းလဲသွား၏။ ဂျိတ်တစ်ယောက်တည်း မဟုတ်။ဘေးတွင်လည်း အယ်လီနာ မိန်းမချောလေးသည် ဂျိတ်၏ဘေးတွင်ကပ်လျက်လိုက်ပါ လာ၏။သူမသည် မိဖုရားကြီး၏အဆင်တန်ဆာကိုဆင်မြန်း ထား၏။ နဂိုကတည်းကလှပနေသော သူမသည် ပိုမို၍ပင် လှပသွား တော့၏။မိုးပေါ်မှဆင်းသက်လာသောနတ်မိမယ်တစ်ပါးပင် ဖြစ်ချေတော့၏။သူမ၏အလှကြောင့် နန်းတော်မှအပျိုတော် လေးများပင် အားကျငှေးမောကြရ၏။အယ်လီနာသည် ဂျိ တ်၏လက်မောင်းအား ဆုပ်ကိုင်ကာ လျှောက်လမ်းလာ၏။ သမီးလေးဖြစ်သူလည်း မင်းသမီးဝတ်စုံ​ကြောင့် ပိုမိုချစ်စရာ ကောင်းနေ၏။ကလေးမလေးသည် ဂျိတ်၏လက်မောင်း ထက်မှနေ၍ နန်းတော်ကြီးအားကြည့်ရှူနေ၏။ဟုတ်ပေ သည်။အယ်မလီလေးအား ဂျိတ်မှပွေ့ချီရင်း နန်းတက်လာ ခြင်းဖြစ်၏။ မိသားစုသုံးယောက်စုံလင်စွာနန်းတက်လာသည်ကို မြင်ရ သောအခါ မြင်သူတိုင်းအားကျကြရ၏။ယနေ့သည် ဂရိတ် တိုင်းပြည်၌ သမိုင်းဝင်သောနေ့တစ်နေ့လည်းဖြစ်ခဲ့သည်ကို သူတို့နောက်မှသိကြရတော့မည်ဖြစ်၏။ ဂျိတ်လည်း သုံးယောက်အတူ ရာဇပလ္လ င်ပေါ်သို့တက် လိုက်၏။ထို့နောက် လုပ်ရိုးထုံးစံဖြစ်သည့်အတိုင်း ရာဇပလ္လ င် ပေါ်၌ထိုင်ပြီးလျှင် ဘုရင်အမိန့်တံဆိပ်ပြားပေါ်သို့ သွေးတစ် စက်ချလိုက်၏။ထိုမှသာ ဘုရင်အဖြစ်သို့ရောက်ရှိမည် ဖြစ်သည်။ "ဝေါင်း" တံဆိပ်ပြားပေါ်သို့ သွေးတစ်စက်ကျရောက်သည်နဲ့ ဂရိတ် တိုင်းပြည်တစ်ခုလုံး တုန်ခါ၏။ ထို့နောက် တိုင်းပြည်တစ်ခုလုံး၏ကောင်းကင်ယံ၌ ဂျိတ်၏ပုံ ရိပ်ပေါ်ပေါက်၏။သူသာ် ဘုရင်မင်းမြတ်ပုံစံဖြင့်တည်ရှိ၏။ သူ၏နောက်ကျော၌ လက်သီးပုံကြီး ထင်ရှားလျက်ရှိသည်။ "ဘုရင်မင်းမြတ်သစ် သက်တော်ရှည်ကျန်းမာချမ်းသာပါစေ" ဂရိတ်တိုင်းပြည်၏ရှိရှိသမျှသောနေရာတိုင်းရှိ လူများ အားလုံး မိမိတို့ရောက်ရှိနေသောနေရာမှ နေ၍ ဒူးထောက်ဦး ညွှတ်အရိုသေပြုလိုက်ကြရ၏။ ထိုအခိုက်မှာပင် ကောင်းကင်နဲ့မြေကြီးသည်လည်း ပြောင်းလဲ၏။ကောင်းကင်မှ သက်တန့်ရောင်ဖြာကျလျက် မွှေးရနံများထွက်ပေါ်၏။ငှက်များကလည်း သာယာနာပျော် ဖွယ်သီဆိုကြ၏။ မဟာပထဝီမြေကြီးသည် တုန်ဟီးခြင်းဖြင့်ဂုဏ်ပြု၏။ ထိုဖြစ်စဥ်များကြောင့် ဘုရင်ဟောင်းပင်အံသြတုန်လှုပ်ရလေ တော့၏။ဘုရင်အမိန့်ပြားမှ ကျားပုံစံပျောက်ကာ လက်သီးပုံ ဖြစ်တည်၏။ ကျားသည် ယခင်ဘုရင်မျိုးဆက်များ၏အမှတ်သားဖြစ်ပြီး လက်သီးပုံသည် ဂျိတ်၏အမှတ်သားပင်ဖြစ်၏။ ဂျိတ်သည် ယနေ့တွင်ကား ဂရိတ်တိုင်းပြည်အားအုပ်စိုးသော ဘုရင်မင်းမြတ်အဖြစ်သို့ရောက်ရှိခဲ့ပြီဖြစ်၏။

(201)

"ဘုရင်မင်းမြတ်အသက်ရှည်ဘုန်းကြီးပါစေ " နန်းတွင်းရှိလူတိုင်း အရိုသေပြုကာ ဆု​တေင်းမေတ္တာပို့သ လိုက်ကြ၏။ "ဟင့် ဒါလေးကဘာလေးလဲ" ဂျိတ်သည် သူ၏သွေးစက်အား ဘုရင့်အမိန့်တံဆိပ်ပြားပေါ်ချ ပြီးသည်နဲ့ မိမိနဲ့ဆက်နွယ်လာသော အရာကိုခံစားမိသည်။ ("သခင် ဒါက တိုင်းပြည်အပေါ်လွှမ်းမိုးထားတဲ့တိုင်းပြည်​ ကံကြမ္မာဆိုတဲ့အမျှင်တန်းလေးပါ") စနစ်၏ရှင်းပြချက်ကြောင့် ဂျိတ်နားလည်လိုက်၏။ထိုအဝါ ရောင်အမျှင်တန်းလေးသည် တိုင်းပြည်နဲ့မိမိအား ဆက်နွယ် ထား​ကြောင်းတွေ့ရှိရ၏။အဝါရောင်အမျှင်တန်းလေးမှာ လွန်စွာပင်အရောင်ဖျော့တော့လှ၏။ အရောင်ဖျော့တော့ရခြင်း၏အဓိပ္ပါယ်သည် တိုင်းပြည်အပေါ် ဘုရင်၏သြဇာသက်ရောက်မှူနည်းသလို တိုင်းပြည်သူပြည် သားများ၏ဘုရင့်အပေါ်ချစ်ခင်ယုံကြည်မှုနည်းပါးသည့် အချက်လည်းဖြစ်စေ၏။ ("ထူးခြားမှု စလာပါပြီ...သခင်သည် ဘုရင်ဖြစ်လာပြီးနောက် ထိုတိုင်းပြည်၏ကံကြမ္မာသည် သင်နဲ့သက်ဆိုင်လာသော ကြောင့် တိုင်းပြည်၏ကံကြမ္မာသည် လုံးဝပြောင်းလဲသွားပါ ပြီ") လူတိုင်းသည်ကံဟူသောစက်ဝန်း၏အောက်တွင် ရှင်သန်လုပ် ရှားနေကြရ၏။သူတို့လုပ်သမျှတိုင်းသည် ကံ၏ညွှန်ကြားချက်ဖြစ်၏။ ဂျိတ်သည် ကံကြမ္မာ၏လက်အောက်တွင်မရှိသောသူဖြစ်၏။ ဂျိတ်နဲ့ချိတ်ဆက်မိသောတိုင်းပြည်သည်ပါ ကံဟူသော လက်အောက်မှ ပျောက်ကွယ်ရတော့၏။ဤသို့ဖြင့် ဂရိတ် တိုင်းပြည်အား တိုးတက်မည်ကျဆုံးမည်ကို ဘယ်သူမှ ရှေ့ဖြစ်ဟောကြည့်နိုင်မည်မဟုတ်ပေ။ ဂျိတ်နဲ့ချိတ်ဆက်ပြီးနောက် တိုင်းပြည်ကံကြမ္မာအဝါရောင် တန်းလေးသည် တဖြေးဖြေးအရောင်ဝါတောက်လာကြောင်း တွေ့ရ၏။သူ၏အရောင်တောက်ပမှုသည် တဖြေးဖြေး တိုးတက်လာနေကြောင်း တွေ့ရှိရ၏။ ("အရောင်ဝါတိုးလာရင် ဘာဖြစ်လဲ") ("အရောင်ဝါတိုးလာသည်နဲ့အမျှ တိုင်းပြည်သည်ကောင်း ခြင်းခံစားရမည်ဖြစ်သလို ဘုရင်သည်လည်း အစွမ်းထက်လာ မည်ဖြစ်၏။ဘုရင်သည် တိုင်းပြည်၏စွမ်းအားအား ငှား ယူငင်သုံးစွဲနိုင်၏။) "နေစမ်းပါဦး ဒီစိမ်းရောင်တန်းကဘာပါလိမ့်" မိမိတိုင်းပြည်ကံကြမ္မာ၏အရောင်၌ အစိမ်းရောင်ကရစ်ပတ် ထားကြောင်းတွေ့ရလေ၏။ ("စနစ် အသိပေးချက်... ဤအစိမ်းရောင်တန်းသည်စွန်ရဲအင် ပါယာ၏အရောင်ဖြစ်သည်။ဂရိတိုင်းပြည်သည် စွန်ရဲအင်ပါ ယာ၏လက်အောက်ခံဖြစ်သောကြောင့် တိုင်းပြည်၏ကံကြမ္မာ အား စွန်ရဲအင်ပါယာမှ ရစ်ပတ်ထားခြင်းဖြစ်၏။ထိုအစိမ်း တန်းသည် အရောင်တောက်ပလာသော အဝါရောင်အား အမြဲ တစေစုပ်ယူကာ သူ၏အင်ပါယာတည်တံအောင်လုပ်ဆောင် နေမည်ဖြစ်၏။) "ဒါဆိုဖြုတ်ကွာ" ဂျိတ်အမိန့်ပေးသည်နဲ့ စနစ်မှ ထိုအစိမ်းရောင်တန်းအား ဖြတ် တောက်လိုက်လေ၏။ထိုအခါ ဂရိတ်တိုင်းပြည်၏ကံကြမ္မယ အရောင်ဝါမှ ယခင်ထက်နှစ်ဆနှုန်းဖြင့် ပိုမိုတောက်ပလာ တော့၏။ တိုင်းပြည်ကံကြမ္မာအား စစ်ဆေးပြီးသည်နဲ့ စတင်မိန့်ခွန်း ပြောကြားလိုက်၏။ "ငါ ဘုရင်ဖြစ်လာပြီဆိုတော့ တစ်ခါတည်းပြောမယ် ဒီနေ့ကစ ပြီး မင်းတို့တစ်တွေလည်း အလုပ်များမယ် တိုင်းပြည်ကြီးလဲ တိုးတက်လာတော့မယ် ငါကိုယ်တော်မြတ်ဒီတိုင်းပြည်ကို အုပ်ချုပ်ရာမှာရိုးရိုးလေးပဲကျင့်သုံးမယ် တိုင်းပြည်တိုးတက် အောင်လုပ်ရင် ဆုချီးမြင့်မယ် ဆုတ်ယုတ် အောင်လုပ်ရင် ဒဏ်ပေးမယ်" ဂျိတ်၏စကားအားလိုက်နာကြ၏။ဂျိတ်၏အသံကား သြဇာ တိက္က မပြည့်စုံရာ လူတိုင်းရင်ထဲထိရောက်၏။ "ဥပဒေတွေလဲ ရေးဆွဲမယ် တိုင်းပြည်တစ်ခုလုံးနတ်ဘုံနတ် နန်းအလားလုပ်ပေးမယ် တစ်နှစ်အတွင်းမလုပ်နိုင်ရင် ငါဒိီ နေရာကနေဖယ်ပေးမယ်" ဂျိတ်၏ထိုသို့ကြုံးဝါးသံအား နန်းတွင်းမှာကြားလိုက်ရသော လူများသည် မျက်လုံးဆန်ပြူးကူန်ကြ၏။ဘယ်ဘုရင်ကများ ထိုသို့ရဲရဲတောက်စကားဆိုရဲသနည်း။ သမိုင်းစာအုပ်တွင်ရှာပါစေ မရှိပေ။ထိုအချက်နဲ့ပင် ဂျိတ်အား အကြွင်းမဲ့ရိုသေလေးစားကြ၏။သူတို့ရင်ထဲ လေးစားမှုကား တိုးပြီးရင်းတိုးလာကြ၏။ "လောဆယ် အရင်ဆုံး တိုင်းပြည်ဘဏ္ဏာရေးနည်းနေတယ်ဆို တော့ ငါကိုယ်တော်ပိုင်တဲ့ထဲက​နေ ရွှေသန်းတစ်ထောင် တိုင်းပြည်ဘဏ္ဏာထဲထည့်မယ် တိုင်းပြည်အတွက်လိုတာတွေ လဲ ငါလုပ်ပေးမယ်" "အဟွတ်...ဟွတ်" ဂျိတ်၏စကားကြားရသော ဘုရင်ဟောင်းနဲ့ အတိုင်ပင်ခံ စစ်သူကြီးများ၏ခေါင်းများပုသွားကြ၏။ "ဘုရား ဘုရားကြားလို့မှကောင်းကြသေးရဲ့လား" ဘုရင်ဟောင်း ဇက်ကလေးပု၍ ပုန်းနေ၏။ယခုမှဖြစ်လာ သောဘုရင်တစ်ပါးက အခွင့်ရေးတစ်ခုမှ မယူ သူတွင်ရှိသော ကြွယ်ဝမှူအား ဘုရင်ဖြစ်ဖြစ်ချင်းလှူဒါန်းနေ၏။ထို့အပြင် တိုင်းပြည်အတွက်လိုသောအရာများလည်း လုပ်ပေးမည်တဲ့။ ဘုရင်ဖြစ်လာသူမှ တိုင်းပြည်အားထောက်ပံနေရသည်။ဘုရင် ဖြစ်သူ၏ကြွယ်ဝမှူ ရွှေသန်းတစ်ထောင်ပင်ရှိနေ၏။ "သန်းတစ်...တစ်ထောင်" ကြားသူတိုင်း မျက်လုံးပြူးရာမှ ယခုအခါ ယင်ကောင်ဝင် အောင်း၍ရအောင်ပင် ပါးစပ်များ ကျယ်သွားကြ၏။ "ဘယ်လိုဘုရင်တုန်းဟ" ဂျိတ်သည် ဘုရင်မဖြစ်ခင်ကပင် သူတို့တိုင်းပြည်ထက် ကြွယ်ဝနေကြောင်း သိရှိလိုက်ကြ၏။အစောပိုင်း၌ တိုင်းပြည်၏ကြွယ်ဝမှူအား အပိုင်သိမ်းလို၍ ဘုရင်လာလုပ် ခြင်းဖြစ်သည်ဟုဆို သူများသည် ချက်ချင်းပင် တွင်းတစ် တွင်းတူးကာ ထိုတွင်းထဲသို့သာ ပစ်ဝင်လိုက်ချင်တော့၏။ ထို့နောက် ဂျိတ်သည် ဆက်လုပ်ရမဲ့အရာများအား နောက်မှ သာ အစည်းဝေးခေါ်ယူကာ ဆက်လုပ်မည်ဆိုပြီး အခမ်းနား အား ရုတ်သိမ်းလိုက်၏။ "ရှင့်မှာ ရွှေသန်းတစ်ထောင်တောင်ရှိတယ်ပေါ့" အယ်လီနာပင် ဂျိတ်အား အံသြနေ၏။ "ရှိတာပေါ့ ကိုယ့်ကို အချစ်လေးမှ မမေးတာ" ထိုပမာဏသည် အလွန်များပြားကြောင်း အယ်လီနာဝန်ခံရ ပေမည်ဖြစ်၏။သူ၏လင်ယောကျာ်းနောက်၌ အလွန် ထူးဆန်းသော ဆရာသာမက မျိုးနွယ်စုကြီးတစ်ခုပါရှိနေ ကြောင်း သူမပိုမိုယုံကြည်မိလာတော့၏။ အယ်လီနာထိုသို့ထင်ကြောင်း ဂျိတ်ကသိသော်လည်း ရှင်းပြ မည်မဟုတ်ပေ။သူထံစနစ်ရှိကြောင်း စနစ်မှလိုသမျှရနိုင်​ ကြောင်းကို သူမ မသိထားသေးသည်ကသာ အကောင်းဆုံး ဖြစ်ပေတော့၏။ တိုင်းပြည်အတွက် ရွှေ သန်းတစ်ထောင်လှူသောသတင်း သည်ကား နန်းတော်မှ နေ၍တိုင်းပြည်အနှံပြန့်နှံသွားလေ တော့၏။ ထိုအချိန်တည်းမှာပင်..စွန်ရဲအင်ပါယာ၏နန်းတော်အတွင်း၌ အစွမ်းထက်လှသောလူကြီးတစ်ယောက်သည် စားပွဲပေါ်၌ရှိ သောစာတန်းကိုဖတ်၍နေ၏။ထိုလူ၏ရှေ့၌ လူတစ်ယောက် သည် ရပ်၍နေလေ၏။ ထိုရပ်နေသောလူကြီးသည် စွန်ရဲအင်ပါယာ၏စစ်သူကြီးဖြစ် သလို ထိုင်နေသောလူကြီးသည်လည်း စွန်ရဲအင်ပါ ယာ၏ဧကရာဇ်ပင်ဖြစ်လေတော့၏။ ထိုဧကရာဇ်ရှေ့၌ ကြမ်းလှပါသည်ဟူသောစစ်သူကြီးသည် တစ်ချက်ပင်မလှုပ်ရှားဝံပဲ ငြိမ်သက်နေ၏။ မလှုပ်ရှားခြင်းမဟုတ်ပဲ မလှုပ်ရှားနိုင်သောကြောင့်ဖြစ်၏။ ဧကရာဇ်၏စစ်သည်အဆင့်သည် မြင့်မားသောအဆင့်တစ်ခု ထိရောက်ရှိနေပြီဖြစ်၏။သူ၏သာမန်အပြုမှုဆောင်ရွက်မှုတစ် ခူကပင် စစ်သူကြီးအားအသေ သတ်နိုင်စွမ်းရှိ၏။ သူ၏သာမန်လှုပ်ရှားမှုလေးတစ်ခုပင် အလွန်ပြင်းထန်သော အစွမ်းပါဝင်နေ၏။ "မင်းပြောသလိုဆို အဲ့ကောင်လေးကမဆိုးဘူး" ဧကရာဇ်၏ချီးမွမ်းစကားအား ကြားမိသောအခါ စစ်သူကြီး အားအံအားသင့်၏။သူ၏ဧကရာဇ်ချီးမွန်းသောလူအား အင်မတန်ပင်ရှားပါးလှ၏။ထိုချီးမွန်းခံရသောသူတိုင်း သာမန်မဟုတ်ကြကြောင်းလည်း သူသိထား၏။ဧကရာဇ်ချီး မွန်းသောလူကား ဂျိတ်ပါဆိုလျှင် သုံးဦးသာရှိ၏။ ရှေ့နှစ်ဦးလုံးမှာ ဒိတ်ဒိတ်ကြဲအစွမ်းထက်ကြသောသူများသာ ဖြစ်၏။ဒါဆိုလျှင် ဂျိတ်သည်လည်း "ဘယ်လိုဖြစ်တာလဲ" ဧကရာဇ်မျက်မှောင်ကြုံသွား၏။စစ်သူကြီးလည်း လန့် လာ၏။ဧကရာဇ်မျက်မှောင်ကြုံသည် ဆိုကတည်းက ကိစ္စ ကောင်းတော့မဟုတ်တော့ပေ။ "ငါ့အင်ပါယာစွမ်းအားကံကြမ္မာဖြတ်တောက်ခံလိုက်ရပြီ နေရာက ဂရိတ်တိုင်းပြည်ပဲ တစ်ခါတည်း အဲ့ကိုစစ်ချီ တိုက်ခိုက်ပြီး ဂျိတ်ကိုအရှင်ခေါ်လာခဲ့ငြင်းဆန်ရင်သတ်ပစ်" စစ်သူကြီးမျက်လုံးပြူးရချေပြီ။အင်ပါယာ၏ကံကြမ္မာဖြတ် တောက်ခံရခြင်း တဲ့။ ထိုကိစ္စကလုံးဝအကြီးကြီးဖြစ်၏။ထိုကိစ္စအား​ဖြေရှင်းရန် ကား ဖြတ်တောက်သောသူကိုရှာရန်နဲ့ ထိုဖြတ်တောက်ရာ တိုင်းပြည်အား အမြစ်ဖြတ်ချေမှုန်းရန်ဖြစ်၏။ "ဧကရာဇ်အမိန့်တော်အတိုင်းပါ" စစ်သူကြီးလည်း ချက်ချင်းအရိုသေပြုကာ အမိန့်ကို ဆောင်ရွက်ရန် ထွက်သွားလေ၏။ "အိမ်း လူသားဧကရာဇ်ပေါ်ထွန်းလာပြီပဲ" အခန်းတွင်းကျန်ခဲ့သောဧကရာဇ်ကား တိုးငြင်းစွာဆိုလေ၏။

All Chapters