အခန်း (၂၀၂-၂၀၄)
Vol. 14 Ch. 202-204
(202)အစည်းဝေးကျင်းပခြင်း
နန်းတက်ပွဲ ပြီးနောက်တစ်နေ့၌ ဂရိတ်နန်းတော်၏အစည်းဝေးခန်းမကား ပြည့်နှက်လျက် ရှိ၏။အကြောင်းကား ဘုရင်သစ်၏လုပ်ငန်းဆောင်တာ တာဝန်များပေးအပ်မည်ဆိုသောကြောင့် ဖြစ်၏။ ဘုရင်သစ်၏မျက်နှာသာပေးမှုရရှိစေရန်သော်လည်း ကြိုးစား ဆောင်ရွက်ပါက ဆုရမည်ဖြစ်သောကြောင့်လည်းကောင်း မှူး ကြီးမတ်ရာဝန်ကြီး အရာရှိများစိတ်လှုပ်ရှားနေကြ၏။ သူတို့၏အာရုံအကြည့်များသည် ဂျိတ်ထံသို့သာရောက်နေ ကြ၏။ဂျိတ်သည် ဘုရင်ဆိုသော်လည်း ဟိတ်ဟန်ထုတ်ခြင်းမ လျဥ်းမရှိ သူ၏ဝတ်စားနေကြဟန်သာဝတ်စားဆင်ယင် ထား၏။ "အရှင်မင်းကြီးရဲ့ ဆံတော်" တစ်ယောက်မှစ၍ သတိပေးလိုက်၏။ "ဟုတ်တယ် ရှည်ရင်နေရခက်လို့ ငါဖြတ်လိုက်တယ်" ဂျိတ်သည် ယခုခေတ်ယောကျာ်းလေးများညပ်သော ဆံတို ကေအနေထားဖြင့်ရှိ၏။ထိုသို့ညပ်ထားခြင်းကပင် ဂျိတ်အား ဆွဲဆောင်မှုတစ်ရပ်ဖြစ်ပေါ်စေသည်ဟုခံစားရ၏။ (မှတ်ချက်....ဂျိတ်ရောက်နေသောစစ်သည်တော်များခေတ် တွင် ယောကျာ်းလေးများ စစ်သည်တော်များသည် ဆံပင်တို ထားခြင်းမရှိ ဆံပင်ရှည်လာလျှင် နဂိုတိုင်း ထား၍သော်လည်းကောင်း စီးထား၍သော်လည်းကောင်း ထားကြ၏။အလွန့်လွန့်ရှည်လာသောအခါမှသာ မလွှဲရှောင် သာ ဖြတ်ကြသည်ဖြစ်၏။) "အစည်းဝေးစလိုက်ကြတာပေါ့" တိုတိုတုတ်တုတ်ဖြင့်အစည်းဝေးစတင်လိုက်၏။ "ကဲ ဒီတိုင်းပြည်ကို ပြောရရင် လုံးဝနောက်ကျနေတယ်ပြောရ မယ် ဒါကြောင့် အစကနေပြန်စဖို့ လုပ်ကြရမှာဖြစ်တယ်" ဂျိတ်၏စကားကို နားမလည်နိုင်ကြ။ကြောင်တောင်တောင် ဖြစ်နေကြ၏။ "ကြည့်ရတာမင်းတို့နားမလည်ဘူးထင်တယ် အခုလိုမင်းတို့ ကောင်းကောင်းမွန်မွန်နေနေရတာက တကယ့်စည်းစိမ်လို့ မထင်နဲ့ ဒါကအနိမ့်စားလေးပဲရှိသေးတယ် တကယ့် တိုင်းပြည်ကို ငါပြသပေးမယ် ဒါမှမင်းတို့အလင်းပွင့်ကုန်မှာ" ပြောနေရင်း ဂျိတ်မှသူ၏လက်အားဝှေ့ယမ်းလိုက်၏။ "ဘုန်း" "ဟ အများကြီးပါလား" ဂျိတ်လက်ဝှေ့ယမ်းလိုက်သည်နဲ့ တောင်ကုန်းငယ်ပမာ စာအုပ် များက အစည်းဝေးကျင်းပရာ ခုံပေါ်ကျရောက်လာ၏။ "ဒါတွေက ဒီတိုင်းပြည်ပြောင်းလဲရင်ဘယ်လိုဖြစ်လာမလဲဆို တာတွေပဲ ငါတာဝန်ခွဲပေးမယ်" စာအုပ်များအား လူတိုင်းထံပေးဝေလိုက်၏။လူတိုင်းဖတ်ကြ ည့်ကြ၏။စာအုပ်၏ခေါင်းစဥ်ကား တိုးတက်သောတိုင်းပြည် ပင် ဖြစ်၏။ "အရှင်မင်းကြီး ဒါတွေက တကယ်ဖြစ်လာမှာပေါ့နော်" အရာရှိတစ်ယောက်မှ စာအုပ်ထဲရှိ စာရွက်တစ်ရွက်အား ထောက်ပြ၏။ "ဒါပေါ့ ခင်ဗျားတို့သာ ပူးပေါင်းဆောင်ရွက်ရင်တကယ်ဖြစ် စေရမယ်ဆို ကျုပ်ကျိန်ဆိုတယ်" "ကျိန်တော့မကျိန်ပါနဲ့လား ကျုပ်ယုံပါတယ် အရှင်မင်းကြီး" အရာရှိမှ ပြာသလဲလဲပြန်ဖြေ၏။သူထောက်သောစာရွက်အား ကျန်သောလူများလိုက်ရှာကြရာ သူတို့ပါရင်သပ်ရှူမောဖြစ်ကြ ရ၏။ ထိုစာရွက်၌ ပါရှိသည်ကား ညအချိန်ဖြစ်သော်လည်း ခမ်းနား လှပသောတိုက်ကြီးများဖြင့် ပြည့်နှက်နေပြီး ညအချိန်မှာပင် လင်းထိန်နေသောကြောင့်ဖြစ်၏။ထိုလိုနေရာအား သူတို့မှာ နတ်ဘုံပင်ထင်မှတ်သွားလေကြတော့၏။ ကျန်သောစာရွက်များရှိပုံများအား ကြည့်လေလေ ပိုပြီး ရင်သပ်ရှုမောရလေသာဖြစ်၏။ "အရှင်မင်းကြီး ဘယ်လိုလုပ်မယ်သာပြောပါ ကျွန်တော်မျိုး တို့နာခံဖို့အသင့်ပါ" အားလုံးတစ်ညီတစ်ညွတ်တည်းဖြေ၏။ဂျိတ်သည်ထိုသို့ညီ ညတ်စေရန် တိုးတက်သောတိုင်းပြည်ပုံစံများပါရှိသော စာအုပ်အားဝေလိုက်ခြင်းဖြစ်၏။သူ၏လက်ခုပ်အတွင်းလူ တိုင်းသက်ဆင်းလာသည်ဖြစ်၏။ "ကောင်းပြီ ဒါတွေကိုအရင် လူတိုင်း ကိုင်ဆောင်ရမယ်" ဂျိတ်လက်ခုပ်တီးလိုက်၏။ထိုအခါ စစ်သည်တော်နှစ်ယောက် သည် သေတ္တာကြီးတစ်လုံးမှလာကာ အစည်းဝေးနေရာသို့ဝင် လာ၏။ထိုသေတ္တာအား ဖွင့်လိုက်ရာ လေးထောင့်ပုံစံရှိ အပြားလေးများအား တွေ့လိုက်ကြရတော့၏။ "ဒါတွေက ဘာလုပ်မလို့လဲအရှင်မင်းကြီး" "ဒါတွေက မင်းတို့တစ်ယောက်တစ်ခုယူလိုက်ကြပြီးရင် သွေး စက်ချလိုက်" လူတိုင်းယူငင်ပြီးသွေးစက်ချလိုက်ကြ၏။ထိုအခါ ကျောက်ပြားလေးသည် လင်းထိန်လာကြောင်း တွေ့ရှိလိုက် ကြ၏။ "ငါပဲ ရှင်းပြပေးမယ် ဒီကျောက်ပြားတွေက တစ်ယောက်တစ် ခုရစေရမယ် တိုင်းပြည်အတွက်အလုပ်လုပ်သူတိုင်းရစေရ မယ် ဒါလေးတွေက ဘယ်လိုဘာအတွက်အသုံးဝင်လဲဆိုရင် ဆက်သွယ်ရေးအတွက် အသုံးဝင်တယ်" ဂျိတ်ရှင်းပြမှုအား နားထောင်နေရင်း ဝန်ကြီးတစ်ယောက်မှ "အရှင်မင်းကြီး ဒါဆိုဒါက ဘယ်လောက်အကွာဝေးအထိရ လဲ" "မင်း ဂရိတ်တိုင်းပြည်ဘယ်နေရာရှိရှိဆက်သွယ်လို့ရတယ်" လူတိုင်းရင်သပ်ရှူ့မောရပြန်သည်။ ("ဒါတွေက နတ်ဘုရားအသုံးဆောင်ပစ္စည်းတွေပဲ") လူတိုင်းမိမိတို့ကိုင်ဆောင်ထားသော ကျောက်ပြားလေးအား အမြတ်တနိုးကိုင်ဆောင်ထားလိုက်ကြ၏။ ဂျိတ်သည် ဆက်လက်ပြီးမည်သို့မည်ပုံကိုင်တယ်သုံးစွဲရမယ် ဆိုသည်ကိုလည်း အချက်လက်နဲ့တကွရှင်းပြပေး၏။ အချက် လက်တကွနဲ့ ထိထိမိမိရှင်းပြပေးရာ လူတိုင်းမည်သို့သုံးစွဲရ မည်ကို သိရှိလိုက်ကြ၏။ ဂျိတ်ထိုသို့ရှင်းလင်းပြသနေရသည့်အကြောင်းရင်းရှိ၏။ တစ်တိုင်းပြည်လုံးအား ဆက်သွယ်ရေးမြန်ဆန်စေရန် စမတ် ဖုန်းကဲ့သို့ ပေးသုံးစေလို၏။သို့သော်ချက်ချင်းပေးကိုင် လိုက်ပါက ခလုတ်အပိတ်အဖွင့်နဲ့ပင် ပြာကုန်ကြမည်ဖြစ်၏။ ထို့ကြောင့် ရိုးရှင်းသော စမတ်ဖုန်းသဏ္ဏာန်ရှိ ကျောက်ပြား များအား စနစ်မှထုတ်လုပ်ပြီးလျှင် ပေးအပ်ထားခြင်းဖြစ်၏။ သတင်းဆက်သွယ်ရေးမြန်ဆန်နေမှသာ ကိစ္စတိုင်း၌လွယ်ကူ အဆင်ပြေချောမွေ့နေမည်ဖြစ်၏။ ကျန်ရှိသောသေတ္တာပုံးမှ ကျောက်ပြားများအားလည်း ပေး ဝေစေရန်စေခိုင်းလိုက်၏။ကျောက်ပြားများအား မသမာ သူများမသုံးစေနိုင်လည်း ပြင်ဆင်ထားပြီးဖြစ်၏။အစော ကတည်းကပင် နန်းတော်၏လူစာရင်းအချက်လက်နဲ့သွေး များအား စနစ်ဖြင့် စုဆောင်းထားစေ၏။ ထို့ကြောင့် ကျောက်ပြားများရရှိသောသူများသည် နန်းတော်မှ အရာရှိ သို့မဟုတ် တိုင်းပြည်ဝန်ထမ်းများမဟုတ်လျှင် ဖွင့်ပြီး အသုံးမပြုနိုင်ပေ။နောက်ပြီး တစ်ယောက်လျှင် ကျောက်ပြား တစ်ပြားသာ သုံးစွဲဆက်သွယ်ခွင့်ရရှိမည်ဖြစ်၏။ သွေးစက်ဖြင့် ကျောက်ပြားအားချလိုက်ခြင်းသည် စစ်ဆေး ခြင်းသာဖြစ်သည်။တစ်နည်းပြောရသော် ဂျိတ်၏ကိုယ်တိုင် ရေးကာ ပရိုဂရမ်ထည့်သွင်းထားသော ကျောက်ပြားသာဖြစ်၏။ ကျောက်ပြားများ ပေးအပ်ပြီးပြီဆိုသည်နဲ့ ဂျိတ်ဆက်လုပ် သည်ကား နန်းတော်ရှိအရာရှိဝန်ကြီးများအား နေရာဌာနဝေခွဲ ပေးခြင်းဖြစ်၏။ထိုဌာနများ၌ တာဝန်ထမ်းဆောင်ရမည် ဖြစ်၏။ နိုင်ငံရေး.၊စီးပွားရေး၊လူမှူရေးဟူ၍အကြမ်းဖျင်းခွဲခြား လိုက်၏။ တိုင်းပြည်၏ကာကွယ်ရေး အား နဂိုမူရင်းစစ်သူကြီးခြောက် ယောက် က ဦးစီးသော်လည်း ယခုအခါ ဂျိ တ်၏လက်အောက်၌ထည့်သွင်းထား၏။စစ်တပ်အား အဆင့် မြင့်ပြီးမှသာ ပြန်လည်ခွဲထုတ်ပေးမည်ဖြစ်၏။ ထိုအချက်အား စစ်သူကြီးခြောက်ဦးလုံးသဘောတူ၏။ဂျိတ် ပြသခဲ့သောအစွမ်းများအား မြင်ပြီးသည်ဖြစ်ရာ သဘောမတူ စရာအကြောင်းရင်းမရှိပေ။ ဆက်လက်ပြီးဂျိတ်မှ တိုင်းပြည်အတွက်လုပ်ဆောင်ရမည့်အ စီစဥ်များအား ဆက်လက်ချမှတ်ရာ ညနေပင်စောင်းလေ တော့၏။ထိုအခါမှ အစည်းဝေးအား ရုတ်သိမ်းလိုက် တော့၏။ ထိုအခါမှလူတိုင်း ညနေစောင်းကြောင်းသိလိုက်ကြရ တော့၏။ဂျိတ်၏ဆန်းကြယ်သော အစီစဥ်များအောက်၌ သူ တို့သည် အချိန်ကုန်လို့ကုန်မှန်းမသိ ကုန်ဆုံးသွားခဲ့ကြ၏။ဂျိ တ်သာသတိပေးရုတ်သိမ်းခြင်းမပြုလျှင် ဆက်ပြီး နားထောင် မည်ဟန်ရှိ၏။ အစည်းဝေးပြီးသောအခါ လူတိုင်း၏ထွက်ပေါ်လာသော စကားကား "မယုံနိုင်စရာတွေပါလား ဒီလိူတွေဖြစ်လာဖို့ငါမစောင့်နိုင် တော့ဘူး.... "
(203)
ဂျိတ်၏အစည်းဝေးပြီးသည့်နောက် မနက်၌ ဂျိတ်၏အစီစဥ် အတိုင်း လိုက်ပါဆောင်ရွက်ရလေတော့၏။ ဂျိတ်သည် ဂရိတ်တိုင်းပြည်အတွက် ဌာနများအား ဖွဲ့စည်း လိုက်၏။ထိုဌာနများသည် တိကျစွာဆိုရသော် 22ခုအထိရှိ မည်ဖြစ်သော်လည်း ဂရိတ်တိုင်းပြည်အနေထားဖြင့် လက်ရှိ အခြေနေ၌ ကိုက်ညီသော ဌာနများအား ဦးစွာဖွဲ့စည်း ပေးလိုက်၏။ ထိပ်ဆုံး၌ကတော့ ဂျိတ်ရှိနေမည်ဖြစ်ပြီး ဂျိ တ်၏လက်အောက်၌ အတိုင်ပင်ခံဖယ်နဲ့ ဘုရင်ဟောင်းတို့ရှိ မည်ဖြစ်သည်။ထိုနှစ်ယောက်သည် တိုင်းပြည်၏အုပ်ချုပ်ရေး လုပ်ငန်းတာဝန်အဝ ဝ ကိုတာဝန်ယူဆောင်ရွက်ရမည်ဖြစ်၏။ ဂျိတ်၏လောလောလတ်လတ်ဖွဲ့စည်းလိုက်သောဌာနများကား ကာကွယ်ရေးဌာန အုပ်ချုပ်ရေး(အတိုင်ပင်ခံဖယ်နဲ့ဘုရင်ဟောင်းမှ ) စီမံကိန်းနဲ့ဘဏ္ဍာရေးဌာန ဖွံ့ဖြိုးရေး ပို့ဆောင်ရေး ဆက်သွယ်ရေး စီးပွားရေး ပညာရေး စိုက်ပျိုးရေးမွေးမြူရေး.. ဆောက်လုပ်ရေး လူမှုကြီးကြပ်ဆိုပြီး 10ဌာနအား ဦးစွာကြိုတင်ဖွဲ့လိုက်၏။ ထိုသို့လုပ်ဆောင်ချက်များကြောင့် တိုင်းပြည်၏တာဝန်များ အား အစုလိုက်အပြုံလိုက်လုပ်ကိုင်နေစရာမလိုတော့ပဲ တစ်ခု ခြင်းစီအား အသေစိတ်အသေချာကိုင်တွယ်ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်းတွေ့ရှိလိုက်ကြရ၏။ဂျိတ်၏လုပ်ဆောင် ချင်ဆောင်ရွက်ချက်တိုင်းက သူတို့အားအတွေးသစ်အမြင် သစ်များကို ဖြစ်ပေါ်လာစေ၏။ သို့သော်ငြားလည်း ထိုဌာနများသည် လတ်တလောအခြေ နေ၌ အမည်ခံသာတည်ရှိနေဦးမည်ဖြစ်ပြီး တဖြေးဖြေး နောက်ပိုင်းမှသာ သက်ဝင်လှုပ်ရှားလာစေမည်ဖြစ်၏။ "ဘဏ္ဍာရေးက သန်းတစ်ထောင်ထုတ်ပြီးစလုပ်တော့ဟေ့" ဌာနခွဲများ ပလန်များချပြီးသည်နဲ့ ဂျိတ်သည်စတင် လုပ်ဆောင်ရန်နိူးဆော်လိုက်၏။ထိုအခါ လူတိုင်းသည် မိမိတို့ ကျရာတာဝန်အား စတင်လုပ်ဆောင်ကြတော့၏။ "အရှင်မင်းကြီးစီစဥ်သလိုဖြစ်ပ မလား" အတိုင်ပင်ခံဖယ်မှပြော၏။ "ဘာကြောင့်တုန်း" "အရှင်မင်းကြီးလုပ်ခိုင်းတာတွေကအရမ်းအဆင့်မြင့်လွန်း နေတော့ ကျုပ်တို့လူတွေလိုက်မမှီမှာစိုးလို့ပါ" "ဒါများမပူနဲ့ ကျုပ်အကူညီတောင်းထားတဲ့လူတွေရောက်နေ ပြီ" ဂျိတ်ပြောသည့်အကူညီတောင်းထားသောလူများဆိုသည် ကတော့ စနစ်အစွမ်းဖြင့်ဆင့်ခေါ်ထားသောလူများဖြစ်ကြ၏။ ထိုလူများသည် သူတို့တတ်မြောက်သောအတတ်ပညာပိုင်း၌ လုံးဝပရော်ဖက်ရှင်နယ် ဆရာကျကျအသေးစိတ် တတ်မြောက်ထားသူများဖြစ်ကြ၏။ထိုသို့သောလူများအား စနစ်မှ အစောကတည်းကပင် ဂျိတ်မှဆင့်ခေါ်ထားပြီးဖြစ်၏။ ထိုသို့သောလူများ မဆင့်ခေါ်ပဲ လုပ်ပါက ဂျိတ် တစ်ယောက်တည်းဖြင့် အလုပ်ကြားထဲနစ်မြောသွားမည်သာ ဖြစ်၏။ ထိုသို့သောလူများအား စနစ်မှခေါ်ယူပြီး ဂရိတိုင်းပြည်မှလူ များအား တဖြေးဖြေးချင်းဆွဲခေါ်သင်ယူတတ်မြောက်စေ မည်ဖြစ်ပြီး နောက်ပိုင်း၌သူတို့ဘာသာလုပ်ကိုင်ကျွမ်းကျင် သည်အထိ ဖြစ်လာမည်ဖြစ်၏။ ဂျိတ်အရင်ဆုံးလုပ်ထားသောအလုပ်ကား ဂရိ တိုင်းပြည်၏နန်းတွင်းလူများ နန်းတော်အတွက်အလုပ်လုပ် ကြသောလူများ ခေတ်စကားဖြင့်ပြောရသော် အစိုးရဝန်ထမ်း အားလုံးအား ဆက်သွယ်ရေးကိရိယာဖြစ်သောကျောက်ပြား လေး အရင်ဆုံးပေးအပ်ထားခြင်းဖြစ်၏။ တစ်ရက်အတွင်းဖြင့် လူတိုင်းလက်ထဲရောက်ရှိအောင် လုပ်ဆောင်စေ၏။အားလုံးရှိပြီဆိုသောအခါမှ အလုပ်အား စတင်လုပ်ဆောင်စေ၏။ ဂျိတ်၏အရင်ဆုံးလုပ်သောအစီစဥ်ကား လမ်းပန်းဆက်သွယ်ရေးပင်ဖြစ်လေတော့၏။ဂရိတ် တိုင်းပြည်တစ်ခုလုံး ကူးသန်းသွားလာမှူအဆင်ပြေစေရန် တစ်နေရာမှတစ်နေရာသို့ သွားလာမှူမြန်ဆန်စေရန် လမ်းများ ဖောက်လုပ်သည့်အစီစဥ်ဖြစ်၏။ ထိုလမ်းပန်းဆက်သွယ်ရေးအတွက် ဦးဆောင်မည့်လူ ကတော့ ဂျိတ်စနစ်မှ ခေါ်ထားသောလူကြီးငါးယောက်ဖြစ်၏။ ထိုလူကြီး ငါးယောက်သည် အသက်ကြီးပိုင်းအရွယ်ရှိပြီး အတွေ့ကြုံများဖြင့် ပြည့်နှက်နေသူများဖြစ်၏။ သူတို့၏ခေါင်းထဲတွင်လည်း လမ်းပန်းဆက်သွယ်ရေး ဆောက်လုပ်ရန်သာရှိ၏။ "မဆိုးဘူး ဒီတိုင်းပြည်ပုံကိုရထားမှတော့ ငါတို့အလုပ်ဖြစ် အောင်လုပ်လို့ရပြီ" ထိုလူကြီး ငါးဦးသည် ဂရိတ်တိုင်းပြည်၏မြေပုံကြီးအား ကြ ည့်ကာပြောနေကြ၏။ထိုလူကြီးငါးယောက်၏ ရှေ့တွင်ရှိ သောစားပွဲခုံ၌လည်း စာရွက်များစွာက ထပ်လျက်ရှိ၏။ထို စာရွက်များအား သေချာကြည့်မယ်ဆိုပါက ဂရိတ်တိုင်းပြည် မြေပုံ၏ဒေသများပုံ မြို့တစ်မြို့၏ပုံကိုသာ တွေ့ကမည်ဖြစ်၏။ ထိုစာရွက်များကိုကြည့်ရှူပြီး မည်သို့ဖောက်လုပ်ရမည်ကို စတင်ရမည်ဖြစ်၏။ ထိုလူကြီးငါးဦးခေါင်းချင်းဆိုင်ဆွေးနွေးပြီးသောအခါ ပထမ ဦးဆုံးစတင်ရမည့်နေရာအားရွေးချယ်လိုက်ကြ၏။ ပထမဆုံးလမ်းဖောက်လုပ်မည့်နေရာကား ဂရိတ်နန်းတော်နဲ့ နီးသောမြူးနစ်ဒေသမှဖြစ်၏။ "ဘာလို့မြူးနစ်ဒေသဖြစ်ရတာလဲ" အရာရှိတစ်ဦးမှ ကန့်ကွက်၏။ "မင်းဘာလို့ငြင်းဆန်နေရတာလဲ" "မင်းဘာသိလို့လဲ မြူးနစ်ဒေသက လမ်းဖောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေရှားပါးတယ်လေကွာ" ကန့်ကွက်သောအရာရှိမှဆို၏။ "မင်းနောက်ကျနေပြီပဲ မနေ့ကတင် ငါတို့သတင်းရပြီးပြီ လမ်းဖောက်ဖို့လိုတဲ့ လမ်းခင်းကျောက်တွေ အဲ့ဒေသမှာ ပေါသောနေတာပဲတဲ့ ကျန်တဲ့ လိုအပ်တဲ့ပစ္စည်းတွေလည်း အဲ့ ဒေသမှာပေါနေတာပဲတဲ့" "ဟုတ်လား " ကန့်ကွက်သော အရာရှိမှ အံအားသင့်နေ၏။ "ဒါကြောင့် မင်းကနောက်ကျနေပြီ သတင်းလည်းစုံစမ်းဦး" ထိုအရာရှိမှ သူကိုင်ထားသောကျောက်ပြားအားတယုတယ ကိုင်ရင်း ပြော ၏။ထိုကျောက်ပြား၏အစွမ်းကြောင့် သတင်း အချက်လက်များသည် ယခင်ကထက်ပိုမိုမြန်ဆန်စွာ ပေးပို့ နိုင်သည်ဖြစ်ရာ မနေ့ကသူ၏အဆက်သွယ်မှ မြူးနစ် ဒေသ၏သတင်းအချက်လက်များပေးပို့ခဲ့လေ၏။ ထိုအချက်လက်များကြောင့် လမ်းဖောက်လုပ်ကန်လိုသော ပစ္စည်းများသော မြူးနစ်ဒေသ၌ပိုမိုများပြားကြောင်းသိရှိခဲ့ရ လေသည်။ထို့ကြောင့်လည်း ယခုချိန်၌ တစ်ခြားသူထက် ခေါင်းတစ်လုံးသာနေခြင်းဖြစ်၏။ "ဟုတ်လား ငါတော့သေချာအောင်သတင်းထောက်လှမ်းရ မယ်ထင်တယ်" ကန့်ကွက်သောအရာရှိမှခေါင်းကုတ်ကာ ငြိမ်သက်သွား၏။ ထိုကန့်ကွက်သောအရာရှိ၏စကားသည် ယခင်ကအတိုင်းဆို လျှင် မှန်သည်ဖြစ်၏။ထိုသို့ဆိုလျှင် အဘယ်ကြောင့် သူ မှားယွင်းသွားရသည်နည်း။ အကြောင်းကား ဂျိတ်ကြောင့်ဟုသာဆိုရပေမည်။တိုင်းပြည် သည် ဂျိတ်၏ဘုရင်အဖြစ်ယူလိုက်သောအခါ များစွာ ပြောင်းလဲသွားခဲ့လေသည်။ဂျိတ်၏ဘုရင်အဖြစ်ရောက်ရှိ ခြင်းက ဂရိတ်တိုင်းပြည်အား သက်ရောက်မှုရှိ၏။ အတိကျဆိုသော် ဂျိတ်ဖြင့်ဆက်သွယ်ထားသော တိုင်းပြည် ကံကြမ္မာသည် အချုပ်နှောင်အောက်မှလွတ်မြောက်ပြီး အားကောင်းလာသောကြောင့်လည်းဖြစ်၏။ တိုင်းပြည်ကံကြမ္မာကံတန်း အားကောင်းလျှင်ဘာဖြစ်မည် နည်း။ထိုကံကြမ္မာကံအားကောင်းသောအခါ ဂရိတ်တိုင်းပြည် သည် မိုးခေါင်ခြင်းရေကြီးခြင်းစသော ကပ်ပျက်ကြီး များ၏ဒဏ်မှလွတ်မြောက်သွားတော့၏။ ထို့ပြင် ရာသီဥတုမှန်ကန်လာခြင်း ထိုတိုင်းပြည်အတွင်းရှိ စိုက်ပျိုးသောအရာမှန်သမျှ လျင်မြန်စွာကြီးထွားပြီး ကောင်းမွန်ခြင်းတို့ကိုပါဖြစ်ပေါ်စေ၏။ နောက်ဆုံး၌ မြူးနစ်ဒေသ၌ လမ်းခင်းရာ၌အသုံးပြုသော ကျောက်တောင်များပေါ်ပေါက်လာခြင်းတို့ပါဖြစ်၏။ထိုသို့ သောကောင်းမွန်သော ဖြစ်ရပ်များသည်ဂျိတ်ဘုရင်အဖြစ်တရားဝင်ရောက်သည့် အချိန်မှစပြီး ဂရိတ်တိုင်းပြည်တစ်ခုလုံး၌ နေရာအနှံအပြား ပေါ်ပေါက်လာသည်ဖြစ်၏။နေရာအနှ့အပြား၌ တစ်ပြိုင်တည်းဖြစ်ပေါ်လာသည်ကိူတော့ ဘယ်သူဘယ်ဝါကမျှ သတိထားမိနေမည်မဟုတ်ပေ။ "ကျနော်တို့ လူအင်အား ဘယ်ကရမှာလဲ" ထိုစီမံကိန်းအား ကိုင်ဆောင်ထားသော အရာရှိမှ ပြော လိုက်၏။ ဟုတ်ပေသည်။တစ်တိုင်းပြည်လုံးလမ်းခင်းရမည်ဖြစ်ရာ လိုအပ်သောလူအင်အား ကို တွက်စရာပင်မလိုချေ။ "မပူပါနဲ့" လမ်းပန်းဆက်သွယ်ရေးလုပ်ဆောင်မည့်လူကြီးငါးဦးမှ တစ် ဦးကဆို၏။ "လူအင်အားကတော့ ကျုပ်အရှင်မင်းကြီးဆီကကြားထား တယ် နန်းတော်ပုန်ကန်မှုဖြစ်လို့ ထောင်ထဲရောက်တဲ့သူတွေ အများကြီးပဲဆို သူတို့ကို ခိုင်းရင် ဘာမှမကုန်ကျဘူးပေါ့" လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။တိုင်းပြည်၏သစ္စာဖောက် များအား သူတို့အနေဖြင့်ဒီအတိုင်း ထောင်ထဲ၌ အငြိမ့်သာနေ ခိုင်းမည်မဟုတ်ပေ။ကြွေးမွေးရသည်နဲ့ တန်အောင်တော့ ခိုင်းရမည်ဖြစ်၏။ "နောက်ထပ် ထပ်လိုတယ်ဆိုရင်တော့ တိုင်းသူပြည်သားတွေ ကို လုပ်အားခပေးပြီး လုပ်ဆောင်ခိုင်းလို့ရတယ်" "ရော့" ထိုလူကြီးမှ ပြောပြောဆိုဆိုဖြင့် လုပ်အားခစာရွက်အား ပြသ လိုက်၏။ လူတစ်ယောက် တစ်နေ့တာလုပ်အားခ ကျား...ငွေနှစ်ပြား မ....ငွေနှစ်ပြား ထိုစာရွက်၌ ထိုသို့ရေးထားကြောင်း တွေ့ရှိရလေ၏။ထိုစာရွ က်ကိုတွေ့သည်နဲ့ ဂျိတ်၏အမြော်မြင်ကြီးမားပုံကို ပိုမို လေးစားမိလာကြ၏။ လမ်းများဆောက်လုပ်နေစဥ်အတွင်း၌ တိုင်းသူပြည်သား များသည် ထိုမျှများပြားသော လုပ်အားခကိုလည်းရရှိကြမည် ဖြစ်၏။လမ်းများဖောက်လုပ်ထားသောအခါတွင်လည်း ထို လမ်းများကြောင့် လွယ်ကူချောမွေ့မြန်ဆန်စွာ သွားလာနိုင် တော့မည်ဖြစ်၏။ "ဟုတ်ပြီ ငါတို့ မြူးနစ်ဒေသကနေစမယ်" "ကောင်းပါပြီ" လမ်းဖောက်လုပ်ခြင်းအစီစဥ်ကား စတင်အကောင်တည်ဖော် လိုက်ကြပြီဖြစ်၏။
(204)
နန်းတော်မှလူတိုင်းအသီးသီးက မိမိတာဝန်ကျရာအတွက် ထမ်းဆောင်ရန်ထွက်သွားကြ၏။ထိုအခါ ကျန်ရှိသောလူဟူ၍ အတိုင်ပင်ခံ ဘုရင်ဟောင်း နဲ့စစ်သူကြီးများ ၊ဂျိတ်တို့သာ ဖြစ်၏။ "ကဲ ဒီလူတွေပဲ ကျန်တော့တာဆိုတော့ အရင်ဆုံးအခန်းထဲ သွားပြီးမှ ဆက်လက်ဆွေးနွေးကြတာပေါ့" ဂျိတ်၏ဦးဆောင်ပြောဆိုမှုကြောင့် ဂျိတ်၏စကားအတိုင်း အခန်းထဲသို့ဝင်သွားကြ၏။ထိုအခန်းသည် အထူးအစည်း ဝေးလုပ်ဆောင်ရာနေရာ တစ်နည်းအားဖြင့် အလွန့်လွန် အရေးကြီးသော အချိန်ခါမှသာ ဝင်ရောက်ဆွေးနွေးကြသော နေရာလည်းဖြစ်၏။ စစ်သူကြီးများအရင်ဆုံးရောက်ရှိသည်နဲ့ ဂျိတ်သည်အရင်ဆုံး သူတို့အတွက် ဂျင်းဆင်းပြုတ်ရည်တိုက်၏။ထိုဂျင်းဆင်းပြုတ် ရည်သည် ကိုယ်ခန္ဓာအတွက်အလွန်ကောင်းမွန်ပြီး စစ်သည် တော်အဆင့်များချိုးဖောက်ရာ၌ လည်းအသုံးဝင်ရာ စစ်သူကြီးများသဘောကျကြ၏။အတိုင်ပင်ခံ ဘုရင်ဟောင်း သည်လည်း နှစ်ခြိုက်စွာသောက်သုံးကြ၏။ ဂျင်းဆင်းပြုတ်ရည်ယူဆောင်လာသော အစေခံများ အထိန်းတော်များအား အခန်းမှထွက်သွားပြီးသောအခါမှသာ အစည်းဝေးကိုစတင်လိုက်၏။ "ကဲ အယ်ဖာ ငါတို့မရှင်းပြရသေးတဲ့အပိုင်းတွေ ကျန်သေး တယ်မလား ရှင်းပြပေးလိုက်ဦး" ထိုအခါမှ အယ်ဖာလည်း ကျန်ရှိနေသေးသောအပိုင်းများ အား ရှင်းပြ၏။ကျန်ရှိနေသောအပိုင်းဆိုသည်မှာ မိမိတို့စစ်သည်များအား အင်ပါယာအဖွဲ့ဝင်ဆိုပြီးအာဏာ အသုံးပြုပြီး ညစ်သောစစ်သည်မှာစ၍ပြောပြရလေ၏။ "ဘာရယ် တကယ်ကြီးလား" စစ်သူကြီးဘီတာ မျက်လုံးဆန်ပြူးဖြစ်နေ၏။ကျန်သော စစ်သူကြီးများကတော့ အင်းမလုပ် အဲလည်း မလုပ်တော့ပဲ တိတ်ဆိတ်စွာငြိမ်သက်နေကြ၏။ သူတို့သည် အယ်ဖာအကြောင်းစုံရှင်းပြသောအခါ အကြောင်းရင်းအလုံးစုံကို သိရှိလိုက်သောကြောင့်ဖြစ်၏။ "ဘယ်လိုဆက်လုပ်ရမလဲ" သူတို့စိတ်အနည်းငယ်ထင့်သွားကြ၏။ဂျိတ်၏စိတ်ဓာတ်ကို လည်း လုံးဝလေးစားကြ၏။မိမိ၏စစ်သည်တော်တစ် ယောက်အား လုံးဝကာကွယ်ပေးသော စိတ်အား လုံးဝ လေးစားသွားကြ၏။စစ်သည်တော်တစ်ယောက်အတွက်နဲ့ နောက်ဆုံးအင်ပါယာစစ်သူကြီးနဲ့ပါ တိုက်ခိုက်ခဲ့ရခါနီးနီးအထိ ဖြစ်ခဲ့ရလေသည်မဟုတ်ပါလား။ စိတ်ထင့်ရသည့်အကြောင်းကား ထိုအဆင့်ခုနှစ်တိုင်းပြည်နှစ် ခုသည် မိမိတို့တိုင်းပြည်အား နှက်ရန်ကြံနေမည်ဖြစ်၏။အဆ င့်ကြီးတိုင်းပြည်ကြီးများ၏အကြောင်းလည်း သူတို့သိရှိထား သောကြောင့်ဖြစ်၏။နောက်ပြီး မ င်သက်သွားစေသည့် အကြောင်းကတော့ ဆုများအား အတင်းယူဆောင်လာခြင်း ဖြစ်၏။ ထိုအကြောင်းရင်းများအား ကျန်သောလူများအား ပြောပြရန် မဖြစ်နိုင်ပေ။မိဖုရားကြိီးလက်ချက်ကြောင့် တိုင်းပြည်သည် ချောက်ထဲကျလုနီးနီးနဲ့ ယခုကြားလိုက်ရသောအမှန်တရား များအား ပြည်သူပြည်သားများသာ သိရှိသွားပါက ချက်ချင်း ပင် တိုင်းပြည်ပျက်သွားမည်မှာ လုံးဝဧကန်မှချပင်ဖြစ်၏။ ထိုကြောင့်လည်း တိုင်းပြည်၏အဓိကအကြီးပိုင်းကိုသာ ဂျိတ် မှအသိပေးထားခြင်းဖြစ်ပြီး ဘယ်သူ့ကိုမှ ပြန်လည်ပြောပြ စေခိုင်းခြင်းမရှိပေ။ထိုစည်းမျဥ်းချိုးဖောက်ပါက ပြင်းထန် သောပြစ်ဒဏ်ကိုခံစားရမည်ဖြစ်၏။ "အဲ့နောက်ပြီး သတင်းကောင်း သတင်းဆိုးရှိသေးတယ်" ဂျိတ်၏စကားကြောင့် "သတင်းဆိုးအရင်ပြောပြပါလား" ဘီတာမှအရင်ဆုံးပြောကြားလိုက်၏။ "အင်း သတင်းဆိုးကတော့ အင်ပါယာကငါတို့တိုင်းပြည်ကို အမြစ်ဖြုတ်ချေမှုန်းဖို့လာနေပြီပဲ အကြောင်းရင်းကတော့ ငါ နန်းတက်တုန်းက အင်ပါယာရဲ့ကံကြမ္မာအမျှင်တန်းကိုပါ ဖြုတ်ချပြတ်တောက်လိုက်လို့ပဲ" "ဖူး" ဘုရင်ဟောင်း ဂျင်းဆင်းပြုတ်ရည်သောက်နေရင်း သီး ကုန်း၏။ဂျိတ်ပြောသောစကားများကြားစဥ်က သူမတုန်လှုပ် သော်လည်း ဒီစကားကြားရတော့ တုန်လှုပ်သွား၏။ အဆင့်ခုနှစ်တိုင်းပြည်များအားထိခိုက်စေခြင်း ဆုများလုယူ ခြင်းအထိအား ကျေစေရန် အင်ပါယာကော အဆင့်ခုနှစ် တိုင်းပြည်ကိုပါ လက်ဆောင်ပစ္စည်းအပြည့်စုံဖြင့် ဆက်သ အသနားခံပါက ပြန်လည်သင့်မြတ်နိုင်သေးသော်လည်း ယခု ကိစ္စကတော့လုံးဝမရတော့ပေ။ အင်ပါယာ၏ကံကြမ္မာအားဖြတ်တောက်လိုက်ခြင်းသည် ။ထို ကိစ္စသည် တစ်ခါတည်း စွန်ရဲအင်ပါယာကိုပါ စစ်ကြေညာ ခြင်းပင်ဖြစ်ပေတော့၏။ဒီလိုကိစ္စမျိုးကိုတော့ စွန်ရဲအင်ပါယာ မှ ဒီအတိုင်းလက်လွတ်ထားမည်မဟုတ်ပေ။ "ဒါဆို သတင်းကောင်းကကော" ဘီတာ တစ်ယောက်မေးလက်စနဲ့သာ မေးလိုက်ရ၏။သတင်း ဆိုးကြားပြီးကတည်းက သတင်းကောင်းကို မေးချင်စိတ် ပင်မရှိတော့ချေ။ "သတင်းကောင်းကတော့ စွန်ရဲအင်ပါယာကကံကြမ္မာမျှင် တန်းကိုဖြုတ်ချလိုက်တဲ့အတွက် ငါတို့တိုင်းပြည်က ထိပ်ဆုံးအ ဆင့်မှာရောက်ရှိဖို့ အချိန်တစ်ခုပဲလိုတော့မယ် ဘာမှရပ်တန့်လို့ ရတော့မှာမဟုတ်ဘူး" ဤကားသတင်းကောင်းပင်ဖြစ်လေ၏။ဂျိတ်မှလိမ်လည်နေ ခြင်းလည်းမဟုတ်သလို အမှန်တိုင်းသာပြောနေခြင်းပင်။ "အင်ပါယာကလာပြီး တိုက်ပွဲဆင်နွှဲရင် ကျနော်တို့တိုင်းပြည် ကမတိုးတက်တော့ပဲ ဆုတ်ယုတ်သွားရင်ကော" "မင်းစိတ်ပူတာငါသိတယ် ဘီတာ ငါ့မှာအစီစဥ်တွေရှိတယ် ငါ့ မှာငှက်ကြီးတစ်ကောင်ရှိတယ် အဲ့ဌက်ကြီးအစွမ်းနဲ့ဆိုရင် ဘယ်ကောင်မှငါတို့တိုင်းပြည်ကိုရန်စကျူးကျော်လို့မရစေရ ဘူး" "ဘာငှက်ကြီးတုန်း " ဂျိတ်၏အာမခံစကားကြောင့် ကျန်သောစစ်သူကြီးများပါ ခေါင်းထောင်လာကြ၏။ဂျိတ်၏ငှက်ကြီးအား အလွန်မင်းပင် သိချင်လာကြ၏။ ဂျိတ်လည်း ပြုံးလိုက်၏။ရန်သူများအား တုန်လှုပ်စေနိုင်သော ငှက်ကြီးအား သူတို့စိတ်ဝင်စားကြကြောင်း သူသိ၏။ "ဒါဆိုလည်း နောက်ကလိုက်ခဲ့ကြ" ဂျိတ်သည် နန်းတော်၏သီးသန့်စစ်ရေးလေ့ကျင့်ရာနေရာသို့ ခေါ်ဆောင်သွား၏။ "မင်းတို့တွေ့ချင်နေတဲ့ဌက်ကြီးက ဒါပဲ" "အမလေးဟ" စစ်သူကြီးတိုင်း လန့်ပြီးယောင်ပြီးအော်မိကြ၏။အယ်ဖာပင် အပါဝင်ဖြစ်၏။သူတို့မျက်လုံးများက မယုံကြည်နိုင်လောက် သောဟန်ဖြင့်တည်ရှိနေကြ၏။ ဟုတ်ပေသည်။သူတို့တွေ့နေရသောအရာကား ယနေ့ကျနော် တို့ခေတ်၌နာမည်ကြီးသော f22ခေါ်တိုက်လေယာဥ်ကြီးပင် ဖြစ်လေသည်။ "ဒါကြီးက ဘယ်လိုပျံတာလဲ" ဂျိတ်မှ ငှက်ကြီးဆိုသောကြောင့်သာ သူတို့ထိုအရာအား သေချာကြည့်မိ၏။လက်ဖြင့်ပင်ခေါက်လိုက်ကြသေး၏။ "ဒေါင်ဒေါင်" သံကိုခေါက်မိသောအသံသာထွက်လာရာ သူတို့အကြည့်များ က ဂျိတ် ထံသို့ပင်ရောက်လာကြသေး၏။လေယာဥ်ကိုယ် တည်အား ခေါက်နေသူကတော့ စစ်သူကြီးမက်စ်ပင်ဖြစ်၏။ ထိုအကြည့်များကိုဂျိတ်လုံးဝနားလည်၏။သူတို့အကြည့် များ၏အဓိပ္ပါယ်ကား ("ဒါကြီးက ငှက်ကြီးလိုပျံနိုင်လို့လား သေချာလားပျံနိုင် တာ....ဒီသံတုံးကြီးက ပျံနိုင်လို့လား တကယ်ကောရန်သူကိုချ နိုင်လို့လား") ပင်ဖြစ်လေတော့၏။ ဂျိတ်လည်း f22၏လက်နက်များမှတစ်ခုအကြောင်းကိုသာ အရင်ဆုံးပြောပြပေးး၏။သူပြောပြသောအရာသည် f22၏စက်သေနတ်မီးရှင်းဂန်းပင်ဖြစ်၏။ (ထိုစက်သေနတ်ကားM61A2ဟုခေါ်ဆိုနိုင်သည်။ အဆက်မပြတ်ပစ်ခတ်ခြင်းဖြင့် ရန်သူအားလုံးဝအထိနာ စေသည်အထိလုပ်ဆောင်နိုင်စွမ်းအားကောင်းသောအရာ လည်းဖြစ်၏။ ထိုလက်ချက်ဖြင့်ပင် စစ်သည်တစ်သိန်း အထိသေအောင်သတ်နိုင်သည်ဟုဆိုလိုက်သောအခါ လေယာ ဥ်ကိုယ်ထည်ကား တဒေါက်ဒေါက်ခေါက်နေသော စစ်သူကြီးမ က်စ်၏လက်ကား တွန့်ကာနောက်၌ပုန်းနေလေတော့၏။ သွားခေါက်မိသည်ကိုပင် နောင်တရမိနေ၏။ထိုသံတုံးကြီး သည် ထိုမျှအစွမ်းထက်မည်ကိုတော့သူတကယ်မသိရိုးအမှန် ပင်ဖြစ်လေ၏။နောက်ထပ် လူတိုင်းအားလုံးလန့်သွား စေသည်ကတော့ အသံထက်မြန်အောင်ပျံသန်းသွားနိုင်ခြင်း ပင်။ ထိုသံတုံးကြီးသည် တကယ်ပင်ထိုမျှအထိမြန်ဆန်နိုင်မည် လားဟု အတွေးများဝင်မိသည်။ထိုအကြောင်းကို သူတို့ထုတ် မဖော်ပြကြပေ။ဂျိတ်သာသိပါက အထုခံရမည်ဖြစ်သောကြော င့်ဖြစ်၏။ ဂျိတ်လည်းM61A2အကြောင်းရှင်းပြပြီးသောအခါမှ ရှင်းပြ ခြင်းရပ်တန့်လိုက်၏။ထိုလေယာဥ်အကြောင်းသာအစဆုံး ရှင်းပြနေခြင်းထကိ သူတို့ဘာသာသိရှိလာမည်ဆိုပါက ပိုမို ကောင်းမွန်လာစေမည်ဖြစ်၏။ ဂျိတ်၏ရှင်းပြမှုကြောင့် သူတို့ရင်ထဲလုံးဝပေါ့ပါးသွားကြ၏။ ထိုငှက်ကြီးအစွမ်းဖြင့်သာ ဆိုပါက စွန်ရဲအင်ပါယာမကလို့ စွန် ရဲဘိုးအေကြီးလာလျှင်သူတို့ကြောက်ရွံတော့မည်မဟုတ်ချေ။ သူတို့အားကိုးရနိုင်သော အရာရှိနေပြီမဟုတ်ပါလား။ ........ "ဟေ့ကောင်တွေ သတင်းကောင်းဟေ့" လူတစ်ယောက်မှ လူအုပ်ကြီးကြားသတင်းယူဆောင်လာ၏။ ထိုလူအုပ်ကြီးများသည် ချမ်းသာကြွယ်ဝနေသောလူများ မဟုတ်ကြ တစ်နေ့ကုန်လုပ်မှတစ်နေ့စာစားရသော သာမန် လူတန်းစားများသာလျှင် ဖြစ်ပေ၏။ မြူးနစ်ဒေသရှိမြို့များ၌ သတင်းများရိုက်ခတ်နေ၏။ထို သတင်းများကတော့ လမ်းဖောက်လုပ်မည့်သတင်းပင်ဖြစ် လေ၏။ "မင်းသတင်းကဘာထူးလို့လဲ" "ထူးတယ်ကွ ငါတို့ဒေသမှာ ဘုရင်အသစ်ကလမ်းဖောက်မယ် ဆိုတဲ့ပြောခဲ့တာသိတယ်မလား" "အေးလေ သိတယ်လေ" သတင်းထူးဟေ့ဆိုသော လူအား ကျန်သောလူစုမှတစ် ယောက်ကပြော၏။ "အေးလေ အဲ့ဒါသတင်းကောင်းပေါ့ကွ လမ်းဖောက်တဲ့နေရာ မှာ ငါတို့အလုပ်ဝင်လုပ်ရင် တစ်နေ့ကိုငွေပြားနှစ်ပြားတဲ့ ရမှာ" "ဘာ" လူစုလူဝေးကြီး လှုပ်ရှားသွားကြ၏။သူတို့သည် တစ်နေ့ကုန် အလုပ်လုပ်မှ ကြေးပြားရှစ်ဆယ်ကိုးဆယ်အပြင်မပိုကြချေ။ ထိုအခိုက်၌ လမ်းဖောက်ရာ၌လုပ်ကိုင်ပါက ငွေပြားနှစ်ပြားဆို ရာ လွန်စွာမှ တန်နေသည်မဟုတ်ပါလား။ "ဟ ဒါဆိုငါတို့နောက်ကျပြီထင်တယ် သူများတွေဦးကုန်ဦး မယ်ဟ" ထိုအလုပ်အားမရမည်စိုးရိမ်ကာ တစ်ယောက်မှထွက်ကာ ပြော၏။ "မပူနေစမ်းပါနဲ့ ငါတို့တစ်တိုင်းပြည်လုံးလမ်းမဖောက်မပြီး သရွေ့ လုပ်လို့ရတယ်ကွ အခုတောင်လမ်းဖောက်ရာမှာကူဖို့ လူအင်အားအများကြီးထပ်လိုနေသေးတယ်လို့ သူတို့ ကြေညာထားတုန်းပဲ" "ဟုတ်လား ဒါဆိုရင် ငါတို့ဘယ်နှေးလို့ဖြစ်ပမလဲ" လမ်းဖောက်ရာ၌ တစ်နေ့ ငွေနှစ်ပြားက သာမန် လက်လုပ်လက်စားများ ဆင်းရဲချို့တဲ့သူများအတွက်တော့ အင်မတန်မက်လောက်စရာကောင်းလှသော အရာပင်ဖြစ် လေ၏။ ထိုအလုပ်ကသူတို့အတွက်တော့ လုံးဝတန်သောအလုပ်ပင် ဖြစ်လေ၏။ဘယ်သူကများ တစ်နေ့ကုန်လုပ်စာအတွက် ငွေ ပြားနှစ်ပြားပေးနေမည်နည်း။ "ဒါဘုရင်မင်းမြတ်အသစ်က သတ်မှတ်လိုက်တဲ့အခြေ ခံလစာ ဆိုပဲ " "ဟုတ်လား ဒါဆိုဘုရင်မင်းမြတ်အသစ်ရဲ့အကျိုးကျေးဇူး တွေပေါ့ဘုရင်မင်းမြတ်ကျန်းမာချမ်းသာပါစေ" ကြီးမားလှသောလူထုအုပ်ကြီးသည် ဘုရင်မင်းမြတ်အား ချီး မွန်းထာပနာပြုလျက် လမ်းဖောက်သည့်နေရာများသို့ ချီတက် သွားကြတော့၏။သူတို့အား ငွေပြားနှစ်ပြားတန်သောအလုပ် က စောင့်ကြိုနေသည်မဟုတ်ပါလား။