← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

(205)

လမ်းဖောက်လုပ်သည့်ကိစ္စကတော့ ဂရိတ် တိုင်းပြည်၌တော်တော်လေးကို တွင်ကျယ်နေ၏။ထို လမ်းဖောက်ရာ၌ တိုင်းပြည်မှပေးသောတစ်ရက်တာ အခ ကြွေးငွေကလည်း ငွေနှစ်ပြားပင်မဟုတ်ပါလား။ တိုင်းသူပြည်သားများတို့အတွက် လမ်းဖောက်လျှင် နောက်ဆက်တွဲကောင်းကျိုးထက် လုပ်အားခတန်ဖိုးကိုသည စိတ်ဝင်စားကြ၏။ဒါကလည်း အပြစ်မဆိုနိုင်သာ။ တကယ်တမ်းပြောရလျှင် ထိုလိုအခြေခံအလုပ်များသည် အများအားဖြင့် ငွေပြားတစ်ပြားထက်မကျော်လွန် သောကြောင့်ဖြစ်၏။အလုပ်ကြမ်းမှန်သမျှ ငွေပြားတစ်ပြား အောက်ရောက်နေသည်ကပင် အဆန်းမဟုတ်တော့။ထို အခိုက်၌ ငွေပြားနှစ်ပြားဆိုရာ အဆန်းတော့ဖြစ်လာ၏။ ထိုအခြေခံလုပ်အားခလေးပြောင်းလဲမှုသည် နောင်တွင် တိုးတက်လာသောအကျိုးဆက်၏အစွန်းထွက်သေး ငယ်သောပမာဏာလေးသာရှိသည်ကိုတော့ ဘယ်သူမှသိမည် မဟုတ်ပေ။ "ဒုတ်....ဒုတ်.." "ဒိုင်း" အသံများက ဆူညံပွက်လောရိုက်နေ၏။ဟုတ်ပေသည်။ထို အသံများဆူညံပွက်လောရိုက်နေသောနေရာကား မြူးနစ် ဒေသက လမ်းစတင်ဖောက်လုပ်ရာနေရာပင်ဖြစ်၏။ထိုနေရာ သည် တောင်ကြီး၏မလှမ်းမကမ်းနေရာတွင်တည်ရှိ၏။ လမ်းဖောက်လုပ်လာသည်မှာ ယနေ့ပါရေတွက်ရလျှင် လေး ရက်မြောက်အခြေနေသို့ရောက်ရှိနေပြီဖြစ်၏။လမ်းဖောက် သည်မှာလည်း တဖြေးဖြေးခြင်းသွားနေ၏။အခြေနေကား. ပုံမှန်ပင်ဖြစ်၏။ "လုပ်ထား ကြ" စစ်သည်တော်များ၏အော်ဟစ်သံများကလည်း ပြ ​ န့် လွင့်နေ၏။ထိုအသံအောက်၌ ကြိုးစားပမ်းစားလုပ်ကိုင်နေ သောလူများကလည်းရှိ၏။ ထိုကြိုးစားလုပ်ကိုင်နေသောလူများသည် နှစ်ဖွဲ့ကွဲနေ၏။နှစ် ဖွဲ့သည်လည်း အတူတူလုပ်ကိုင်နေရခြင်းမဟုတ်ပဲ တစ်ဖွဲ့ လျှင် တစ်နေရာစီလုပ်ကိုင်နေကြရ၏။ ထွက်ပေါ်လာသောအသံများသည် သူတို့၏ကျောက်တောင် တူးရာမှ ထွက်ပေါ်လာသောအသံများဖြစ်ကြ၏။ ထိုကျောက်တောင်မှတူးဖြိုရှိသောကျောက်များအား လမ်းခင်းကျောက်အဖြစ်အသုံးချကြမည်ဖြစ်သည်။ တစ်ဖွဲ့သည် တစ်နေ့လျှင် ငွေနှစ်ပြားရရှိသောကြောင့် လာ ရောက်လုပ်ကိုင်နေသူများဖြစ်ကြပြီး တစ်ဖွဲ့ကတော့ ဦးခေါင်း ပြည်ကတုံး ဆံပင်မရှိပဲ အဖြူရောင်ဝတ်စုံကိုသာဝတ်ဆင် ထားကြ၏။ ထိုအဖြူရောင်ဝတ်ဆင်ထားပြီးဆံပင်မရှိသောသူများသည် အပြစ်သားအကျဥ်းသားများဖြစ်ကြလေ၏။တိုင်းပြည်၏ဖွံ ဖြိုးတိုးတက်အောင်လုပ်ဆောင်ရမည့် ကာလ၌တာဝန်ဖြင့် လုပ်ဆောင်စေခိုင်းထားသည်လည်းဖြစ်၏။ "လုပ်ထား ရေသာချိုအချောင်လုပ်မနေနဲ့ အကျိုးဆက်သိ တယ်မလား." ထိုစစ်သည်တော်၏အသံအောက်၌ အပြစ်သားအကျဥ်းသား များ ရေသာအချောင်ခိုရဲခြင်းမရှိတော့ပဲ ကြိုးစားပမ်းစား ကျောက်များတူးနေကြ၏။ သူတို့၏ခြေလက်များ၌ ခြေကျင်းများလက်ကောက်များခတ် သွားခြင်းမရှိသော်လည်း သူတို့မပြေးဝံကြချေ။ ကြိုးစားပမ်းစားသာ ကျောက်တူးနေကြ၏။ မထွက်ပြေးကြဟုလည်း မဆိုနိုင်ထွက်ပြေးသွားသော နှစ် ယောက်ရှိခဲ့ဖူး၏။ထိုနှစ်ယောက်သည် ရွှေအဆင့်နှစ်ထိ ရောက်ရှိထားသောအပြစ်သားများဖြစ်ကြသော်လည်း လွတ်မြောက်နိုင်ခြင်းမရှိပေ။ ဂျိတ်၏စစ်သည်တော်နှစ်ရာမှ လူဆယ်ယောက်သည် တာဝန် ဖြင့် ကျောက်တူးသောအပြစ်သားများအားစောင့်ကြပ်ရသည် ဖြစ်သည်နဲ့ တိုးရာ နှစ်ကောင်လုံး သေနတ်လက်ချက်ကြောင့် သေကြရလေ၏။ထိုဖြစ်ရပ်ကြောင့် ​မည်သူကမျှထပ်မံ ထွက်ပြေးဝံခြင်းမရှိတော့ပေ။ ရွှေအဆင့်ပင် မလွတ်ရာ နိမ့်ကျသောစစ်သည်တော်အဆင့်ရှိ လူများကတော့ ထွက်ပြေးရန်အကြံစည်အားလက်လျော့ လိုက်ကြ၏။ အတင်းအားဓမ္မကြီးသာ စေခိုင်းနေသည်တော့မဟုတ်ပေ။ ကျောက်တူးခြင်းဖြင့် သူတို့ရသင့်ရထိုက်သောအကျိုးမြတ် များလည်း ပေးထား၏။အပြစ်သေးမှုကြောင့် ထောင်ထဲ ရောက်လာသူများအား ကျောက်တူးပါက လျော့ပေါ့ရက်ပေး သလို နှစ်ကြီးသမားများအားလည်း ရသင့်ရထိုက်သောအခွင့် ရေးများပေး၏။ထို့ကြောင့်လည်း ကျောက်တူးပါက မခိုမ ကပ်လုပ်နေကြခြင်းဖြစ်၏။ ကျောက်တူးသည်ဆိုသည်ထပ် ကျောက်တောင်ကို ​ဖြိုကျဖဲ့ ကျသည်ဆိုလျှင် ပိုမိုပြီးမှန်ကန်နေပါလိမ့်မည်။ကျောက် တောင်ရှိကျောက်သားများအား အပြစ်သားများမှ ထုချေခွဲ ချေကြရ၏။ အပြစ်သားများသည် ရွှေအဆင့်ငွေအဆင့်ရှိရာ ထိုကျောက် သားများအား သူတို့အားဖြင့် ထုခွဲစေ၏။သူတို့ခွဲပြီးမှ ရလာ သောကျောက်သားများအား သာမန်ကျောက်တူးသမားလေး များမှ ထပ်မံခွဲခြမ်းကြရသည်ဖြစ်၏။ ရွှေအဆင့်စစ်သည်များ ငွေအဆင့်စစ်သည်များဖြစ်သောအ ကျဥ်းသားများကြောင့် လုပ်ငန်းများပိုမိုတွင်ကျယ်၏။သူ တို့၏ခွန်အားကြောင့် ကျောက်တောင်များမှာ ပြိုပြိုကုန်ကြ ရ၏။ ရရှိလာသောကျောက်ခြမ်းများအား မြင်းလှည်းဖြင့် သော်လည်းကောင်း ရထားလှည်းဖြင့်သော်လည်းကောင်း သယ်စေ၏။ "လမ်းကဘာလို့အဲ့လောက်ကြီးနေရတာလဲ" အရာရှိတစ်ယောက်မှ ကြီးကြပ်သူအားမေး၏။စနစ်မှဆင့် ခေါ်ထားသော လူကြီးငါးယောက်သည် လမ်းဖောက်ရာ၌ အသေချာကြီးကြပ်နေကြသည်ဖြစ်၏။ "ဒါက အသွားသုံးလမ်းအပြန်သုံးလမ်းခြောက်လမ်းစာ ဖောက်နေတာ ပြီးတော့ တစ်ခါတည်းသက်သာသွားအောင် ရထားလမ်းပါဖောက်နေတာ" အရာရှိလည်း လမ်းဖောက်ပြီးပါက ရရှိမည့်ပုံစံကိုမျှော်တွေး ရင်စိတ်လှုပ်ရှားနေမိ၏။ စနစ်မှဆင့်ခေါ်ထားသော ထိုလူကြီးငါးယောက်သည် သူတို့ အား ကြီးကြပ်သူဟုသာခေါ်စေ၏။ ထိုကြီးကြပ်သူငါးယောက်တို့သည် တစ်ယောက်တစ်မျိုး ကျွမ်းကျင်ပိုင်နိုင်ကြ၏။လမ်းဖောက်လုပ်ရင်းနဲ့ ပညာများ အားသင်ကြားပို့ချပေးသွားကြ၏။ထိုအခွင့်ရေးကို တာဝန်ယူ အမှုထမ်းများကလည်း အလွတ်မခံလေ့လာသင်ယူကြ၏။ သင်ပေးသောကြီးကြပ်သူသည်လေးယောက်ဖြစ်ပြီး တစ် ယောက်ကတော့ တစ်ကိုယ်တည်းသာနေ၏။ သင်ပေးသောကြီးကြပ်သူလေးယောက်တို့သည် လမ်းဖောက်ရာ၌လည်းကောင်း မြေပုံကိုကြည့်ရှုကာ မည်သို့မည်ပုံလုပ်ဆောင်ရမည်ကို လည်းကောင်း လမ်းဖောက်ရာ၌ မည်သို့သောကိရိယာပစ္စည်းများအသုံးပြုရ မည်ကိုလည်းကောင်း လမ်းဖောက်လုပ်ပြီးပါက အရည်သွေးစစ်ဆေးနည်းကို လည်းကောင်း သင်ကြားပေးကြ၏။ လမ်းဖောက်လုပ်ရင်း တစ်ခါတည်း သင်ယူတတ်မြောက်သွား စေရန်ဖြစ်၏။ ထိုအလုပ်တွင်သာ မဟုတ် ကျန်ရှိကုန်သော စိုက်ပျ်ိုးရေး ဆောက်လုပ်ရေးစသည့်နေရာများတွင်လည်း စနစ်မှဆင့်ခေါ် ထားသောလူများသည် ဆောက်လုပ်နေရင်းသင်ကြားပေးနေ ကြ၏။ မြူးနစ်ဒေသ၌ လမ်းဖောက်ရင်း သင်ကြားနေသလို သံမဏိ လုပ်ငန်းများမည်သို့လုပ်ဆောင်နည်း သံလုပ်ငန်းများ ထုတ်လုပ်နည်းစသောနည်းပညာများကိုလည်း ပန်းပဲရုံများ၌ သေချာအကျနသင်ယူတတ်မြောက်ကျွမ်းကျင်စေလေသည်။ ထိုပန်းပဲရုံမှ လိုအပ်သောသံမဏိများ သံများရလာပါက ရထားလမ်းဆောက်ရာ၌လည်းအသုံးပြုမည်ဖြစ်သလို သံဖြင့် ဆောက်လုပ်ရသောနေရာတိုင်း၌ အသုံးပြုသွားမည်ဖြစ်၏။ ဂျိတ်၏စီမံချက်အတိုင်း သတ်မှတ်ထားသောစီမံကိန်းများက သူ့အရှိန်နဲ့သူ တစ်ဟုန်တိုးသွားနေလေ၏။ နောက်ဆုံး လတ်တလောအခြေနေအရ ရပ်နားထားရသည် ကတော့ ပညာရေးပိုင်းဖြစ်၏။ပညာရေးသည် အလွန် အရေးကြီးသောကြောင့် ပညာသင်ပေးမည့်ပညာရှင်များ လိုအပ်သလို သင်ယူမည့်လူများလည်းလိုအပ်၏။သင်ယူမည့် သူများနည်းပါးနေခြင်းကြောင့် ထိုစီမံကိန်းအား ခေတ္တ ခဏ ဆိုင်းငံထားလိုက်ကြ၏။ "ဟီး....ဟီး..." မြင်းသံများက ဆူညံပွက်လောရိုက်ခတ်နေ၏။မြင်း များ၏အပေါ်တွင်လည်း စစ်ချပ်ဝတ်တန်ဆာအပြည့်ဖြင့်ရှိ သောလူများသည် တစ်နေရာသို့ဦးတည်ကာ မောင်းနှင် နေ၏။သူတို့၏ဦးတည်ရာနေရာကို ကြည့်မည်ဆိုပါက ဂရိတ် တိုင်းပြည်ဖြစ်ကြောင်း သိရမည်ဖြစ်၏။ထိုတပ်စုကြီးသည် မြန်ဆန်လှသောအရှိန်ဖြင့် ပြေးနှင်နေ၏။ ထိုတပ်စုကြီးအား ဦးဆောင်သူကတော့ စွန်ရဲအင်ပါယာ စစ်သူကြီးသာဖြစ်၏။သူသည် ဂရိတ်တိုင်းပြည်အား မဖျက် စီးလိုသော်လည်း ဧကရာဇ်၏အမိန့်မို့ မငြင်းငယ်ဝံသာတော့။ အမိန့်တော်အတိုင်းသာ ဆောင်ရွက်ရတော့မည်ဖြစ်၏။ သူမသိသည်ကား ဂျိတ်သည်လည်း ထိုသို့လာရောက်ဖျက် စီးသည်ကိုပင် စောင့်နေကြောင်းဆိုသည့်အချက်ကိုပင် ဖြစ်၏။

(206)

ဂျိတ်သည် နေ့လယ်ခင်းအချိန်ရောက်ရှိလာသောကြောင့် ခေတ္တ အနားယူနေ၏။အနားယူချိန်လည်း စနစ်မှအကြောင်း များအားလည်း နားထောင်အာရုံခံနေ၏။ သူ၏သမီးလေးနဲ့ ချစ်ဇနီးတို့ကား နန်းတော်အနှံပတ်နေကြ သောကြောင့် ဂျိတ်လည်း မနှောက်ယှက်ပဲ သူတို့အလိုတိုင်း နေစေ၏။ "တာနာရှာက ဆက်လက်ပြီးကြိုးစားသင်ယူနေဆဲပါ.. ဇိုက်ကတော့ကြေးအဆင့်သုံးရောက်ပါပြီ..." စနစ်၏ဖြေကြားမှုကြောင့် ဂျိတ်လည်းခေါင်းညိတ်၏။ ဇိုက်အနေဖြင့် ကြေးအဆင့်သုံးကမဆိုးပေ။သူ့အနေဖြင့် ထိုသို့ရောက်ရှိလာသည်ကပင် ကြီးစွာသောတိုးတက်မှုဖြစ်၏။ သူသာ သူ၏ကိုယ်တွင်းရှိ မျောက်နဲ့သာ လိုက်လျောညီထွေ ဖြစ်လာပါက အဆင့်များ ခုန်ပေါက်ကာတိုးတက်လာတော့ မည်ဖြစ်၏။ထိုအခါ ကျန်သောသူများ ပါးစပ်အဟောင်းသားဖြင့်ကြည့်နေရမည်ဖြစ်၏။ "ထန်ဟောက်အခြေနေမဆိုးဘူးကောင်းတယ်" ဂျိတ်ပြုံးမိ၏။ဟုတ်ပေသည်။ထန်ဟောက်သည်မိမိ၏ပထမ ဆုံးတပည့်ဖြစ်လာသောကြောင့် လေ့ကျင့်မှုကိုလည်း အသေ ချာပြသထား၏။မည်သို့ပြသထားနည်းဟုမေးလျှင်။ ထန်ဟောက်အား သိုင်းသမားတစ်ယောက်နဲ့အတူ ကမ္ဘာတစ်ခု သို့ပို့ဆောင်ထားလေ၏။ထိုသိုင်းသမားသည်လည်း သာမန် သိုင်းသမားတစ်ယောက်တော့မဟုတ်ပဲ သိုင်းဝိညာဥ်ပညာရှင် တစ်ယောက်ဖြစ်လေ၏။ထိုသိုင်းပညာရှင်သည် ထန်ဟောက် အား အသေချာအကျနသင်ကြားပေးနေ၏။ ထန်ဟောက်အား အခြေနေမကောင်းလျှင် အသက်အန္တရာယ် ရှိလာခဲ့သော်လည်း ဆွဲပြားအားချိူးဖျက်ပစ်ရန် ဂျိတ်မှပေး ထားသေး၏။ထိုဆွဲပြားအား ထန်ဟောက် အခုထိမချိုးသေး သောကြောင့် ထန်ဟောက်အခြေနေကောင်းသည်ဟု ဂျိတ် သည်ရခြင်းဖြစ်၏။ ထန်ဟောက်အား သင်ပေးသောသိုင်းပညာရှင်သည် ဝိညာဥ် စွမ်းရည်နဲ့ပတ်သတ်သော သိုင်းဝိညာဥ်စွမ်းရည်များတော့ သင်ကြားပေးမည်မဟုတ်ပေ။ထိုအစား သာမန်လူတစ် ယောက်အနေဖြင့် တတ်သင့်တတ်မြောက်သော အခြေ ခံ အသက်ရှင်နေထိုင်သန်မာနည်းကိုအရင်ဆုံးသင်ကြား ပေးသည်ဖြစ်၏။ထိုသို့သာအရင်ဆုံးလုပ်ဆောင်စေရခြင်းမှာ ဒါမှပိုမိုသန်မာလာမည်ဖြစ်ပြီး ထန်ဟောက်ထံ၌သိုင်းဝိညာဥ်မ ရှိသေးသောကြောင့်ဖြစ်ပြီး ချိတ်ပိတ်ထားခြင်းခံရသည်က လည်း ဖွင့်၍မရနိုင်သောကြောင့်ဖြစ်၏။ ထို့ကြောင့်အရင်ဆုံးလူတစ်ယောက်၏အာရုံငါးပါးနိူးထ တိုးတက်လာအောင် ဆောင်ရွက်ပေးမည်လည်း ဖြစ်၏။ အာရုံငါးပါးနိူးထမှုဆိုသည်မှာ အဘယ်နည်း။လူတိုင်းအာရုံငါး ပါး ရှိ၏။အမြင်အကြားအထိတွေ့အနံခံစားချက်တို့ပင် ဖြစ်၏။ထိုငါးချက်လုံး နိူးထလာအောင် ဂျိတ်မှ လုပ်ဆောင် စေထားခြင်းဖြစ်၏။ထိုအချက်အောင်မြင်မှသာ ဂျိတ်မှ ထန် ဟောက်အား သိုင်းဝိညာဥ်ပေးမည်ဖြစ်သလို ချိပ်ပိတ်ထား သောအရာအားလည်း ဖြေလျော့ပေးမည်ဖြစ်၏။ "ဒီကောင်တွေလည်း မြန်မြန်လာစောင့်နေပါတယ်ဗျ" ထိုစကားကတော့ ဂျိတ်သည် မိမိတို့တိုင်းပြည်ထံလာသော စွန်ရဲအင်ပါယာမှအဖွဲ့အား ပြောနေခြင်းဖြစ်၏။သူတို့၏ခရီး နှင်ပုံအရဆိုလျှင် နောက်ထပ်ဆယ်ရက်မှ ရောက်မည်ဖြစ်ပြီး ထိုနှုန်းကပင်အတော်မြန်ဆန်သည်ဟုဆိုရပေမည်။ မိမိိတို့ သွားစဥ်က နှစ်လနီးပါးအချိန်ယူခဲ့ရသည်မဟုတ်ပါလား။ သူတို့က တစ်လပင်မကုန်သေးခင် ရောက်လာကြတော့မည် ဖြစ်၏။ထိုကြောင့် သူတို့စီးနှင်းလာသောမြင်းများသည် မည် မျှအစွမ်းထက်ကြောင်းသိသာစေ၏။ "ဘုရင်ကြီး ဝင်ခွင့်ပြုပါ" "ခွင့်ပြုတယ်" ဂျိတ်၏ဝင်စေသောခွင့်ရသည်နဲ့ အတိုင်ပင်ခံဖယ်သည် ဝင် ရောက်လာ၏။လက်ထဲတွင်လည်း စာရွက်များကအထပ် လိုက်ရှိ၏။ "သတင်းလာပေးတာပါအရှင် အရှင်ရဲ့စီမံကိန်းအတိုင်းသာ ဆိုလျှင် အရှင်မင်းကြီး ရဲ့ရွှေသန်းတစ်ထောင်လည်း မ လုံလောက်ပါကြောင်း သတိကြိုပေးပါရစေ" ဟုတ်ပေသည်။တိုင်းပြည်အတွက် လိုအပ်ချက်နေရာက များပြားလွန်းရာ အဘယ်လောက်မည်နည်း။တိုင်းပြည်၌လာ​ ရောက် ကူးသန်းရောင်းဝယ်နေကြ တိုင်းပြည်အများစုက လည်း တစ်စုံတစ်ခု၏တားမြစ်ခြင်းခံထားရမှုကြောင့် တိုင်းပြည်အား မလာရဲကြပေ။ ထို့ကြောင့် တိုင်းပြည်မှာ လတ်တလောဝင်ငွေမရှိပေ။ ဖယ်လည်း တိတ်ဆိတ်၍သာနေလေ၏။ဂျိတ်၏အကျင့်စရိုက် အတိုင်းအရဆိုလျှင် သူသည် တိုင်းသူပြည်သားများထံမှ အခွန်ကောက်ခံအသုံးပြုမည်မဟုတ်ပေ။ထိုအကျင့်မျိုးကား ဂျိတ်မှလည်းပြင်းပြင်းထန်ထန်ငြင်းပယ်မည်ဖြစ်၏။ "ဖယ် ဘယ်နေရာမှာ ရွှေတုံးတွေရောင်းလို့ရလောက်လဲ" "အရင်မင်းကြီးမှာ ရွှေတုံးတွေရှိသေးတယ်ပေါ့ " ဖယ်မှမျက်လုံးပြူးလာ၏။ရွှေသန်းတစ်ထောင်အပြင် ရွှေ တွေရှိနေသေးသည်ဆိုပါလား။ "ရွှေတွေကတော့ ငါ့ဟာတွေမဟုတ်ပါဘူး မနေ့ကငါသတင်းရ ခဲ့တယ် ငါ့တို့တိုင်းပြည်ထဲမှာပဲ ရွှေတောင်ရှိတယ်တဲ့ ဒီ သတင်းကလျှို့ဝှက်သတင်းလုပ်ပြီး ဘယ်သူကိုမှအသိမပေးဖို့ ငါပြောထားလို့" ဂျိတ်၏လုပ်ဆောင်ချက်မှန်ကန်​ကြောင်း ဖယ်ထောက်ခံ၏။ဂျိ တ်နန်းတက်ပြီးကတည်းမှစ၍ တိုင်းပြည်၌ အထူးဆန်း ကောင်းသောအရာများကပေါ်ပေါက်လာလေ၏။ခုလည်း ရွှေတောင်တွေ့သည်ဆိုပါလား။ဂျိတ်၏ကံကြောင့်ပင် ဖြစ်ရ မည်ဟုယုံကြည်မိသည်။ "တစ်နေရာရှိတယ်လို့တော့ ကြားဖူးတယ် ဒါက စွန်ရဲအင်ပါ ယာရဲ့ လျှို့ဝှက်မြို့တော်လို့ကြားပါတယ် အဲ့နေရာမှာ ကြိုက်တဲ့ ပစ္စည်းမဆိုရောင်းဝယ်ဖောက်ကားလို့ရပါတယ် အင်ပါယာရဲ့ ပြည့်ရှင်တောင် မတားရဲပါဘူး" ".အို" ဂျိတ်စိတ်ဝင်စားသွား၏။ထိုလိုမြို့က သူ့အတွက်တော့ စိတ်ဝင်စားဖွယ်ကောင်းသောအရာမဟုတ်ပါလား။ ("စနစ် ရေ သူပြောတာဟုတ်လား") ("ထောက်လှမ်းနေပါသည် ဟုတ်ပါသည်။ လျှိုု့ဝှက်မြို့တော် သည် စွန်ရဲအင်ပါယာ၏နယ်နမိတ်အတွင်း၌ တည်ရှိသည်။ မည်သူမဆို ရောင်းဝယ်ဖောက်ကားနိုင်သောနေရာဖြစ်၏။ တရားဥပဒေလည်း မရှိသလို စိတ်ကြိုက်ဆိုးသွမ်းရာ မြို့လည်း ဖြစ်၏။သို့သော် နာမည်ဝှက်သောအစွမ်းထက် ဆရာကြီး တစ်ပါးနေထိုင်သောကြောင့် မည်သူမျှ မသောင်းကျန်းဝံ ပေ။") နေရာလည်းသိရပြီမို့ ဂျိတ်လည်း ထိုမြိုု့သို့သွားရောက်ရန် ပြင်ဆင်ရတော့၏။မသွားခင်အရင်ဆုံး ရွှေတောင်ဟူသော နေရာအားသွားရန်ပြင်ဆင်လိုက်၏။ ဖယ်လည်း တင်ပြစရာရှိတာတာတင်ပြပြီးသည်နဲ့ ထွက်သွား တေ့ာ၏။ "ဝီး" စနစ်၏တယ်လီပို့အစွမ်းဖြင့် ရွှေတောင်ဟူသောနေရာအား ချက်ချင်းပင်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားလေ၏။ ရွှေတောင်ဟူသောနေရာသည် ဂရိတ်တိုင်းပြည်၌ လူသူမသိ သောနေရာ၌ တည်ရှိနေခြင်းဖြစ်သည်။ထို့ကြောင့် ရွှေတောင် မှ ရွှေများပါသွားမည်ကို စိုးရိမ်ဖွယ်ရာမရှိပေ။ တစ်ချက် စစ်ဆေးကြည့်ရာ ရွှေတင်မကသေး နောက်ထပ် ရတနာတစ်မျိုးပါရှိနေကြောင်းတွေ့ရလေ၏။လောဆယ် တော့ ရွှေကိုသာ ယူဆောင်မည်ဖြစ်၏။ "ဟုတ်ပြီ လာစမ်းဟေ့" ရွှေတောင်ဖြစ်ကြောင်းအတည်ပြုပြီးသည်နဲ့ဂျိတ်လည်း စနစ် မှ မှော်တုတ်တံကို ထုတ်၏။ထုတ်ပြီးသည်နဲ့ မှော်တုတ်တံကို ဂါထာတစ်ပုဒ်ရွတ်ပြီး ဝေ့ယမ်းလိုက်သည်။ ထိုအခါ ရွှေတောင်ဟူသောတောင်သည် တစ်ချက်တုန်ခါ သွား၏။ထို့နောက် ထိုတောင်မှ အရာဝတ္တုများ ပျံသန်းလာ သည်ကို ထိုနေရာ၌ရှိနေပါကတွေ့မြင်ရမည်ဖြစ်၏။ ပျံသန်းလာသောအရာများသည် တခြားမဟုတ် ရွှေများပင် ဖြစ်လေ၏။မှော်တုတ်ဖြင့် လုပ်ဆောင်လိုက်ရာ တောင်ထဲ၌ရှိ ကုန်သော ရွှေများသည်ငြိမ်သက်နေရာမှ ပျံသန်းလာကြခြင်း ဖြစ်၏။ ထိုသို့ပျံသန်းလာရာ၌လည်း လေထဲ၌ပင် တဖြေးဖြေးသန့်စင် သွားပြီး နောက်ဆုံး ရွှေသားချည်းသက်သက် စစ်မှန်သော အခြေနေသို့ရောက်ရှိလာကြ၏။ ရွှေများသည် ပျံသန်းလာပြီး ဂျိတ်ထံသို့ ရောက်ရှိလာ၏။ဂျိတ် သည်လည်း ထိုရွှေများအား သူ၏လက်စွပ်ထဲသို့ထည့်သွင်း သိမ်းထားလိုက်၏။ ပမာဏတော်တော်များများကို သိမ်းယူပြီးသည်နဲ့ ဂျိတ်လည်း မှော်တုတ်တံသည် ပြန်လည်သိမ်းဆည်းလိုက်၏။ထို့နောက် စနစ်အား လျှို့ဝှက်မြို့တော်အား တယ်လီပို့စေရန် ပြော၏။ ထိုအခါ စနစ်၏အစွမ်းကြောင့် ထိုနေရာမှ ထပ်မံပျောက်ကွယ် သွားပြီ လျှို့ဝှက်မြို့တော်၏မထင်မရှားသောနေရာ၌ဂျိတ်တစ် ယောက်ပြန်လည်ပေါ်ပေါက်လာလေတော့၏။ ဂျိတ်သည် ရွှေများအား လဲလှယ်ရန်အတွက် လျှို့ဝှက်မြို့တော် သို့ရောက်ရှိခဲ့ပြီဖြစ်သည်။

(207)

ဂျိတ်တစ်ယောက်တော့ဖယ်ပြောသည့်အတိုင်းမြို့တော်ဆိုသောနေရာသို့ရောက်ရှိလာ၏။ထိုမြို့တော်သည် လူ တော်တော်များများဖြင့်စည်ကားနေကြောင်း ကိုယ်တိုင်တွေ့ ရှိရလေ၏။ ရှားပါသည်ဆိုသောပလက်တီနမ်စစ်သည်များသည် ထိုမြို့ တော်၌ကား လမ်းဘေးရောင်းချသော ဟင်းသီးဟင်းရွက် ကဲ့သို့ပင် ပေါများလှပေ၏။ထိုပလက်တီနမ်အဆင့်ရှိစစ်သည် တော်များသည် ထိုမြို့၌တွင်တွင်ကျယ်ကျယ်သွားလာလှုပ်ရှား လျက်ရှိ၏။ မြို့တော်ထဲ၌ သွားလာသူအများစုသည် မိမိတို့၏စစ်သည် တော်အဆင့်အော်ရာကို ထုတ်ဖော်ပြသထားကြ၏၏ထိုအော် ရာကြောင့် သူတို့ထက်နိမ့်ကျသော စစ်သည်တော်တို့မှာ အလိုက်သင့်ပင်ရှောင်တိမ်းပေးကြရ၏။ "မင်းဘာလို့မရှောင်လည်း" အော်ရာထုတ်လွတ်ထားသော သူသည် ပလက်တီနမ်အဆင့် လေးရှိ၏။ထိုလူသည် မိမိအော်ရာထုတ်လွတ်သည်ကိုပင် ဂျိ တ်မှမရှောင်သောကြောင့် မေး၏။ ထိုအခါ ဂျိတ်လည်းအော်ရာပြန်လည်ထုတ်ပြလိုက်ရင်း "ဒါကြောင့်" "တောင်းပန်ပါတယ် " ဂျိတ် ၏အဆင့်သည် ပလက်တီနမ်အဆင့်ငါးဖြစ်ရာ တောင်းပန်ပြီး ရွှေဒဂ်ါးတစ်သောင်းပေးကာ ထွက်သွား လေ၏။ "ငွေရှာရလွယ်လှပါလား" ဂျိတ်ပင်အံအားသင့်ရ၏။မိမိမှာ ဘာမှမလုပ်ရသေး သော်လည်း တစ်သောင်း ကရှိနေပြီဖြစ်၏။ထိုနေရာ၌ ဂျိ တ်သည် စစ်သည်အဆင့်မမြင့်ပါက ရှိသမျှပါကုန်မည်ကိုတော့ မရိပ်စားမိပေ။ "လက်သီးသိုင်းကျမ်းတွေရမယ်နော် ရွှေအဆင့် နောက်ဆုံး နော်" " နှစ်သုံးရာ သွေးဂျင်စင်းနော် အလဲလှယ်လုပ်ပါမယ်" ရှားပါးလှသည်ဆိုသောအရာများက လမ်းဘေးတွင် ဖြစ် သလိုထုတ်ရောင်းနေသည်ကိုလည်း တွေ့ရှိနိုင်လေ၏။ထို့ ကြောင့် ဂျိတ်လည်း ထိုမြို့တော်အား အနည်းငယ်လည်ပတ် ကြည့်ရှုရန်ဆုံးဖြတ်လိုက်လေ၏။ ဝယ်ယူပြီးပါကလည်း ချက်ချင်းတိုက်ခိုက်မည့်သူများက အပုံကြီးပင်ဖြစ်၏။ထိုနေရာ၌ မည်သူကမျှဝင်ရောက်စွက်ဖွ က်ကူညီနေမည်မဟုတ်ပေ။ လျှို့ဝှက်မြို့တော်ဟုနာမည်ဆန်းသလို မြို့တွင်းရှိအရာများက လည်း ဆန်းကြယ်လှ၏။ထိုမြို့တော်သည် အားနည်းသောလူ များအတွက်တော့ ငရဲသာဖြစ်ပြီး အားကြီးသောသူများ အတွက်တော့ နတ်ဘုံတစ်ခုသာဖြစ်လေ၏။ "လူကြီးမင်း လမ်းညွှန်လိုပါသေးသလား" ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ဦးမှ ဂျိတ်အား မေးမြန်း၏။သူ၏အတွေ့ကြုံအရဆိုလျှင် ဂျိတ်သည် ယခုမှ ပထမဆုံးအကြိမ်မြို့ထဲရောက်ရှိလာသူဖြစ်၏။ မိမိအားမေးသောကောင်လေးကြောင့် ဂျိတ်လည်း စိတ်ဝင်စားသွား၏။ "ဆိုစမ်း မင်းကဘယ်လိုလမ်းညွှန်ပေးနိုင်လဲ" "ကျနော်က ရက်စဲ ဒီမြို့မှာနေလာတာတော်တော်ကြာပြီ ဒါ ကြောင့် ဒီမြို့မှာ ဘယ်နေရာမှာဘာရှိတယ်ဆိုတာကျနော်သိပြီး သာ ကျနော်ကိုသာငှားလိုက် ဘယ်နေရာသွားချင်လဲလို့ပြော တာနဲ့ ရောက်အောင်ညွှန်ပေးမယ် ငှားခကတော့ ရွှေဒဂ်ါးတစ် ရာကျမယ်" ရက်စဲဆိုသောကောင်လေးမှ သူ၏ရင်ဘတ်အား ပုတ်ပြရင်း ဂုဏ်ယူဝင့်ကြွားစွာဆို၏။သူ၏အဆင့်မှာ ရွှေအဆင့်ငါး ဖြစ်ကြောင်း ဂျိတ်မှတွေ့လိုက်ရ၏။သူ့လိုအားနည်းသော ကောင်လေးမှ အဘယ်ကြောင့် ထိုနေရာ၌ရှင်သန်နေနိုင် သနည်း။ထို့ကြောင့်ငှားရန်ဆုံးဖြတ်လိုက်၏။ "ရော့ ရွှေဒဂ်ါးတစ်ရာ " ရွှေဒဂ်ါးတစ်ရာပါသောအထုပ်အား ရက်စဲထံဂျိတ် ပေးလိုက်၏။ ချက်ချင်းထုတ်ပေးသော ဂျိတ်အား ရက်စဲမှ အံအားသင့်စွာ ငှေးကြည့်မိ၏။တစ်ရာဟူသောပမာဏသည် အလွန်များပြား သော်လည်း ဂျိတ်မှ တစ်ချက်တည်းပင် ထုတ်ပေးလိုက်သော ကြောင့်ဖြစ်၏။ "ခင်ဗျားက ချက်ချင်းပေးတယ်နော် ကျနော်လိမ်မှာမ ကြောက်ဘူးလား" ရက်စဲမှ ဂျိတ်ပေးသောအထုပ်လေးကာ ယူရင်းမေး၏။ "မကြောက်ပါဘူး ငါ့ကိုလိမ်တဲ့ကောင်မှန်သမျှ အသက်ရှင်တဲ့ လူမရှိတော့ဘူး" ဂျိတ်၏စကားကြောင့် ရက်စဲအနည်းငယ်တုန်လှုပ်သွား၏။ "ဟီးဟီး ကျနော်ကစတာကို အတည်မှတ်ရဘူးလေ" ခပ်ပြောင်ပြောင်ပြောကာ ဂျိတ်ရောက်ရှိနေသောနေရာမှ စ၍ပြောပြ၏။ "အခု ခင်ဗျားရောက်နေတဲ့နေရာက လျှို့ဝှက်မြို့တော်ရဲ့သာမန် စျေးခင်းလေးပဲ လူတိုင်းစိတ်ကြိုက်ရောင်းဝယ်နိုင်တယ် ရန် ထသတ်တာတို့ဘာတို့လည်းရှိမယ် စစ်သည်အဆင့်သာမမြင့် ရင်တော့ ပြုသမျှနုခံရနိုင်တယ်" ရက်စဲ မှရှင်းပြနေရင်း ဂျိတ်အား "ခင်ဗျားစစ်သည်အဆင့်ဘယ်​လေက်လဲ အော်ရာထုတ်ပြထား ရတယ်ဒီမှာက" "ငါလား ပလက်တီနမ်အဆင့်ငါး " "အဲ့လောက်ဆိုအဆင်ပြေတယ် ပြသနာမရှိဘူး" ရက်စဲမှ ခေါင်းလေးတညိတ်ညိတ်လုပ်ရင်းဆို၏။နောက်မှ စစ်သည်အဆင့်မြင့်ပါက မိမိမှာ လွယ်လွယ်ကူကူလမ်းညွှန် ပြသပေး၍ရကြောင်း စစ်သည်အဆင့်နိမ့်ပါက အင်အားကြီး စစ်သည်တော်များအား ရှောင်သွားရမည်ဖြစ်ကြောင်းရှင်း ပြ၏။ သူတို့၏လမ်းညွှန်ဘဝသည် သူတို့အားလာငှားသော စစ်သည် တော်၏အဆင့်အလိုက် လွယ်ကူစွာ ဒါမှမဟုတ် ခက်ခက်ခဲခဲ လမ်းညွှန်ပြသရလေ၏။ "အလယ်လတ်စျေးဆိုတာရှိသေးတယ် သူ့ကျတော့ ဝင်ကြေး ပေးရတယ် ဝင်ကြေးကရွှေဒဂ်ါးတစ်ရာပဲ အဲ့မှာကျရင်တော့ ရန်ဖြစ်နေလို့မရတော့ဘူး အစောင့်တွေကရန်ဖြစ်ရင်လာပြီး အရေးနိုင်တယ် ငွေများများသာပါရင်တော့ အဆင်ချောတာ ပေါ့အဲ့စျေးမှာ အလွန်ရှားတယ်ဆိုတဲ့ပစ္စည်းတွေလဲရနိုင် တယ် ကံကောင်းရင် ပလက်တီနမ်အဆင့်သိုင်းကျမ်းတွေ ကျ င့်ကြံနည်းတွေပါရနိုင်တယ်" ရက်စဲမှ ဂျိတ်အားရှင်းပြ၏။ပလက်တီနမ်အဆင့်သိုင်းကျမ်း များသည် ထိုစျေး၌ရနိုင်သည်ဆိုကနည်းကပေါ့သေးသေး မဟုတ်တော့ပေ။ အဆင့်ခုနှစ်လိုတိုင်းပြည်၌ပင် အထွတ်မြတ် ပစ္စည်းဟုသတ်မှတ်နိုင်ရာ အလွန်ကြီးကျယ်လှသောစျေးကြီး သာဖြစ်ပေသည်။ "နောက်ထပ်စျေးရှိလား " "နောက်ထပ်စျေးတော့မရှိတော့ဘူး ဒီမြို့တော်ရဲ့လေ လံ စံ အိမ်ပဲကျန်တော့တယ် ညနေဆိုရင်လေ လံစံအိမ်မှာ ပစ္စည်း အသစ်တွေလေ လံဆွဲမယ်ကြားတယ်ဗျ အရှားပါးဆုံးတွေပါ မှာတဲ့ဗျ အဲ့လေ လံအိမ်ကပစ္စည်းတွေက ရှယ်စျေးကြီးတာ တစ်ချို့ဆို တစ်သက်လုံးရှာလာသမျှ လေ လံတစ်ကြိမ်ဝင်ဆွဲ ပြီးတာနဲ့ ကုန်ရောတဲ့ဗျို့" ရက်စဲမှ စိတ်လှုပ်ရှားစွာဖြင့်ဆိုလေ၏။ထိုလေ လံပွဲအား သူ ရောက်လိုကြောင်း သိသာနေ၏။ "ဟေ့ လက်မှတ်ပြစမ်း" ချပ်ဝတ်တန်ဆာဝတ်ထားသောလူကြီးတစ်ယောက်သည် လူ တိုင်းအား အော်ဟစ်နေကြောင်း တွေ့ရ၏။ "သူက ဘာလုပ်တာလဲ" "သူက မြို့ဝင်လက်မှတ်စစ်တာလေ မပါတဲ့သူတွေ့ရင် ရက်ရက်စက်စက်ညင်းပန်းတာဗျ" ရက်စဲမှဆို၏။ "မြို့ဝင်လက်မှတ်ဆိုတာလိုသေးလို့လား" ဂျိတ်မှ မေး၏။ "အန် ခင်ဗျားဒါဆိုမြို့ထဲဘယ်လိုရောက်လာတာလဲ" ရက်စဲ ကြောင်တောင်တောင်ဖြစ်နေ၏။လက်မှတ်မပါ​ပဲ ရောက်လာသောအဆင့်မြင့်စစ်သည်တော်အား ပထမဆုံး အကြိမ်တွေ့ဖူးခြင်းဖြစ်၏။ လျှို့ဝှက်မြို့တော်သို့ဝင်ရောက်ရန် ဝင်ပေါက်မှာတစ်နေရာ တည်းရှိ၏။ထိုဝင်ပေါက်မှ ဝင်လိုပါက ဝင်ခွင့်ကတ်ပြားယူပြီး မှ ဝင်ခွင့်ရရှိမည်ဖြစ်၏။ ဝင်ခွင့်ကတ်သည် ရွှေဒဂ်ါးတစ်သောင်းဖြစ်ရာ ခိုးဝင်ကြသော လူများလည်းရှိစမြဲဖြစ်၏။ထို့အပြင် ထိုမြို့ထဲ၌ တစ်လ တန်သည် နှစ်လတန်သည် ခွင့်ကတ်များလည်းရှိသေး၏။ ထိုနေရာများမှာနေ၌ လျှို့ဝှက်မြို့တော်သည် ဝင်ငွေများများ ရရှိနေခြင်းဖြစ်၏။ "ဒါဆို ကျနော်နောက်လိုက်ခဲ့ပါဗျာ သတိမထားမိခင်" ရက်စဲမှ ဂျိတ်အား ပြောရင်းသူ့နောက်လိုက်ရန်ပြော၏။ "ဟိုကောင်ရက်စဲ ပြေးမနေနဲ့ မင်းလူကိုလည်း ငါစစ်ရမယ်" ထိုလူကား နားပါးလှ၏။သူ၏နား၌ ရက်စဲသည်မငြိမ်မသက် ဖြစ်သောကြောင့် ရပ်တန့်ခိုင်းလိုက်၏။ထိုကောင်လေး အကြောင်း သူသိနေပြီကြာပြိီမဟုတ်ပါလား။ ချပ်ဝတ်တန်ဆာဖြင့်လူကြီးမှ ချက်ချင်းပင် ဂျိတ်၏အနား ရောက်လာ၏။ "မြို့ဝင်လက်မှတ်ပြ" "မရှိဘူး" ဂျိတ်ကလည်း အမှန်တိုင်းသာဖြေ၏။ "ဒါဆိုရင် သေပေတော့" ချပ်ဝတ်တန်ဆာလူကြီး၏နာမည်ပြောင်မှာ လူရမ်းကား ဖြစ်၏။လက်မှတ်မပါပဲ ဝင်လာသောသူများအား အသားကုန် တီးလွတ်သောကြောင့်ဖြစ်၏။ခုလည်း ဂျိတ်အား စတင်ထိုး လိုက်ပြီဖြစ်၏။ သူမသိသည်မှာ ဂျိတ်သည် ဝင်ပေါက်မှာလာခြင်းမဟုတ်ပဲ တယ်လီပို့ဖြင့်ရောက်လာကြောင်းပင်ဖြစ်၏။ လူရမ်းကား၏လက်သီးက ဂျိတ်ထံပြေးဝင်လာသည်နဲ့ လက်ဝါးဖြင့် ပြန်လည်ခုခံလိုက်၏။ "အား" လက်သီး၏အားကို လက်ဝါးဖြင့်ခုခံပြီး လူရမ်းကားထံ ပြန်လည်ပို့လွတ်လိုက်၏။ထိုအခါ လူရမ်းကားမှ လွင့်စင်သွား ရ၏။ "ရက်စဲ ငါ့ကို ပစ္စည်းကိုစျေးမှန်ပေး ဝယ်မဲ့နေရာဆီ ခေါ်သွားပေး" လူရမ်းကားအား တုံပြန်ပြီး ဂျိတ်ပြောသောစကား​ပင်ဖြစ်၏။ "အင်...ဟုတ်ပြီ" လူရမ်းကားအား တစ်ချက်တည်းဖြင့်လွင့်စင်သွားစေသောဂျိ တ်အား သေချာကြည့်မိ၏။ထို့နောက် ဂျိတ်ပြောသောနေရာ သို့ သူခေါ်သွားရန်ဆုံးဖြတ်လိုက်လေ၏။ "ကောင်းပြီ ကျနော်နောက်ကိုလိုက်ခဲ့ပေးပါ"

All Chapters